YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) The Redeemers (2022) 720p.mp4

628.44 MB N/A video/mp4 57 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Edge of Her Mind Anthology
7.5

အမျိုးသမီးတွေရိုက်ထားတဲ့ အမျိုးသမီးတို့အကြောင်း... အမျိုးသမီးတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ပြဿနာတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်အတိုလေးတွေ စုစည်းထားတာဖြစ်ပါတယ်။ Xin (Heart), Café Abundance, Fragile Storm, Utopia, Over The Moon, Count Back From Ten, Uncertainship နဲ့ Mermaid လို့ခေါ်တဲ့ သူမစိတ်ရဲ့ အစွန်အဖျားလေး ၈ခုပါ,ပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တာမို့ စိတ်အနှောင့်အယှက်ဖြစ်စရာအခန်းတွေလည်းပါတဲ့အပြင် အခုလိုမျိုး ကားတိုလေးတွေဆိုတော့ တစ်ကားစီ နား,နားပြီး ကြည့်လို့ရပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ချင်းစီက ကိုယ်တိုင်ကိုယ်ကျနဲ့ ဆက်စပ်ကြည့်လို့ရပြီး တမူထူးခြားပါတယ်။ အကြိုက်မိဆုံးကတော့ Fragile Storm ပါ။ ဒါဟာ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပဲဆိုပေမယ့် အမျိုးသားတွေလည်း ကြည့်ရှုနိုင်ပါတယ်။ ဘာလို့ဆို ကျားကျားမမ ကိုယ်ပိုင်အတွေ့အကြုံတွေဟာ ယှဉ်တွဲနေကြတာဖြစ်ပြီး တကယ်တမ်းဆို အဲဒီလောက်ထိ မခြားနားဘူးဆိုတာ တွေ့မြင်နိုင်မှာပါ။ ထုတ်မပြောတဲ့အတွေးတွေအတွက် မျက်စိကိုဖွင့်ပေးမယ့် ဇာတ်ကားတိုလေးတွေပါ။ စိတ်ကျန်းမာရေးကို အခြေခံရိုက်ထားပေမယ့် Dark-Comedy, Horror, Slice of Life, Romance… ပြောရရင် အမျိုးအစား စုံပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 695MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 26Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
7.5 2022 86 mins
The Edge of Her Mind Anthology
The Wonder
6.7

IMDb Rating - 6.7/10 ဒီတစ်ခါမှာတော့ Little Women ထဲကမင်းသမီး Florence Pugh ပါဝင်ထားတဲ့ The Wonder ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အချိန်ကတော့ ၁၈၆၂ခုနှစ်ကာလကို အခြေတည်ထားပါတယ်။ မစ္စစ်ရွိုက် ဆိုတဲ့ အင်္ဂလန်က ကျွမ်းကျင်သူနာပြုတစ်ယောက်ဟာ အိုင်ယာလန်ရွာငယ် လေးတစ်ရွာကို အလုပ်ကိစ္စနဲ့လာခဲ့ပါတယ်။ ဟ...သူနာပြုပဲ အလုပ်ကိစ္စပါဆိုနေမှ ဆေးကုဖို့ပေါ့လို့ထင်ရင်တော့ နည်းနည်းလွဲပါတယ်။ တကယ်က ကောင်မလေးတစ်ယောက်ကို စောင့်ကြည့် ပေးဖို့ ရွာကကော်မတီဝင်‌တွေက ခေါ်တာပါ။  အဲ့ကောင်မလေးက အစာမစားဘဲ အသက်ရှင်နေနိုင်ပါတယ်။ ဆိုတော့ ရွာမှာ သူ့ကိုလာကြည့်တဲ့လူတွေကြောင့် ရွာလူကြီးတွေက စိတ်ရှုပ်ရလို့ ကျွမ်းကျင်သူနာပြုဖြစ်တဲ့ မစ္စစ်ရွိုက်ရယ်နဲ့ ဝါရင့် သီလရှင်တစ်ပါးရယ်ကိုခေါပြီး ကောင်မလေးကို စောင့်ကြည့်ခိုင်းတာပါ။ စောင့်ကြည့်ကာလကတော့ နှစ်ပတ်ပါ။ မစ္စစ်ရွိုက်တစ်ယောက် နှစ်ပတ်အတွင်း ကောင်မလေးကိုစောင့်ကြည့်ရင်း ဘာတွေကြုံတွေ့ရမလဲ။ ကောင်မလေးကရော တကယ်အစာမစားတာ ဟုတ်ရဲ့ လား။ တကယ်မစားဘူးဆိုရင် သူဘယ်လိုအသက်ရှင်နေနိုင်တာလဲ။ နောက်ဆုံး ရွာကော်မတီဝင်တွေက ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(1.95 GB) / (842 MB) / (467 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 48mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Mystery, Thriller Translator.......CM Team Encoder..........SWM

Drama • Romance
6.7 2022 108 mins
The Wonder
13: The Musical
6.2

Musical ဆိုတဲ့အ‌တိုင်း သီချင်းသံ မြူးမြူးကြွကြွတွေနဲ့ ကြည့်ရမယ့်ကားပါဗျ။ ဆယ်ကျော်သက်ဖြစ်ကာစ လူငယ်ပေါက်စလေးတွေရဲ့ အလွဲတွေလည်း ပါသပေါ့ဗျာ ဇာတ်လမ်းအညွှန်းကတော့ ... အယ်ဗန်ဂိုးမန်းဆိုတဲ့ကောင်လေးက နယူးယောက်မြို့သားလေး ဂျူးလူမျိုးမလို့ တစ်ဆယ့်သုံးနှစ်မှာ ကျင်းပရမယ့် Bar Mitzvah ပွဲအတွက် အမျှော်လင့်ကြီး မျှော်လင့်နေသူပေါ့။ ဒါပေမယ့်လည်း အဖေဖြစ်သူရဲ့ ပြဿနာတွေကြောင့် မိသားစုကွာရှင်းလိုက်ရပြီး အင်ဒီယာနာက ပုံတုံးလှတဲ့ နယ်မြို့လေးကို ပြောင်းရွှေ့လိုက်ရတဲ့အခါ ... တောမြို့လေးဆိုပေမယ့် ကျောင်းအသစ်မှာလည်း ဆယ်ကျော်သက်ပေါက်စတွေရဲ့ အတတ်ဆန်းချင်တဲ့ ကိစ္စဝိစ္စလေးတွေ ရှိနေပါသေးတယ်။ Bar Mitzvah ပွဲကို အကြီးကျယ်ဆုံးဖြစ်ချင်တဲ့ မြို့သားလေး တောမြို့လေးမှာ ဘယ်လိုဂြိုဟ်မွှေခြင်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုကြရမှာပါ။ 13 နှစ်ကလေးတွေရဲ့ teenage ကားမလို့ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်မယ်ဆိုရင် ရွေးသင့်တဲ့ကားလေးပါ။ Musical မို့ သီချင်းသံတွေတော့ တော်တော်မြိုင်ဆိုင်ပါလိမ့်မယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။) File Size : 2.2GB, 1GB, 517MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 31mins Genre : Drama, Comedy, Family, Musical Translated by Chevy Encoded by Kinnov

Thriller
6.2 2022 94 mins
13: The Musical
Son of Satyamurthy
6.7

ဖခင်ဆိုတဲ့ ကြီးမားလှတဲ့အရိပ်ကို ခိုလှုံရင်း ဘဝကို ခပ်အေးအေးနေခဲ့တဲ့ လူငယ်တစ်ယောက်... အက်ဆီးဒင့်ကြောင့် ဖခင်ဖြစ်သူ သေဆုံးပြီးနောက်ပိုင်း ဖခင်အရိုက်အရာကိုလက်ခံကာ... ကြုံလာသမျှအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်သလဲဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတကယ်ကောင်းသလို ၊ ရိုက်ချက်တွေလည်းကောင်းတယ်။ Stylish Star အာလူအာဂျွန်းရဲ့ ထုံးစံအတိုင်း ခပ်မြူးမြူးလေးဆိုတော့ ကြည့်ဖူးသူလည်း မူရင်းတီလူဂူးအသံနဲ့ ထပ်ကြည့်လို့ရတာပေါ့ ခင်ဗျာ။ အိုဗာအက်ရှင်ပါတာလေးတွေတော့ သည်းခံကြည့်ရမယ်။ File size…4.64Gb / 2.4Gb / 1.2GB Quality…1080p Blu Ray AAC 5.1Ch / 1080p AAC 2.0 / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myint Thu

Crime • Drama
6.7 2015 162 mins
Son of Satyamurthy
Parasite
8.5

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Bong Joon-Ho ရဲ့ နောက်ထပ် ပြောင်မြောက်တဲ့လက်ရာတစ်ခုပါပဲ။ ဒီဒါရိုက်တာကို မသိရင်တောင် သူရိုက်ခဲ့တဲ့ Mother တို့ Memories of murder တို့ကို သိကြမှာပါ။ အခုလည်း ဒီရုပ်ရှင်ဟာ 2019 Cannes ရုပ်ရှင်ပွဲတော်ရဲ့ The Palme d'Or ဆုကို ဆွတ်ခူးသွားပြီး ကမ္ဘာကျော်သွားခဲ့ပြန်ပါတယ်။ ဒီကားကို ရုံမှာကြည့်ခဲ့တဲ့ သူတိုင်းလည်း ရင်သပ်ရှုမောနဲ့ အကြိုက်တွေ့ခဲ့ရတာချည်းပါပဲ။ အခုတင်ပေးထားတဲ့အထဲမှာတော့ ရုံမှာမပါလိုက်တဲ့ အခန်းတစ်ခု အပိုပါပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လိုညွှန်းရမှန်းကိုမသိပါဘူး။ ဇာတ်လမ်းကတော့ ဆင်းရဲသားမိသားစု တစ်စုဟာ လူချမ်းသာမိသားစုတစ်ခုဆီက လှည့်စားအမြတ်ထုတ်နေရင်း မထင်မှတ်တာတွေ အများကြီးဖြစ်လာတာဆိုပါတော့။ ဒီရုပ်ရှင်မှာ ချဲ့တွေးရင်တွေးနိုင်သလောက် သဘောတရားတွေ အများကြီးပြထားပါတယ်။ ရိုက်ချက်တွေ ဒါရိုက်တာပြထားတာတွေကလည်း ခံစားရင်ခံစားနိုင်သလောက် သဘောကျစရာတွေ ပြည့်နေတာပါ။ ဒီတော့ အရမ်းကောင်းတယ် ကြည့်ကိုကြည့်သင့်တယ်လို့ပဲ ညွှန်းချင်ပါတော့တယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်... File Size : (950 MB) Quality : Blu-Ray (,720p,) Running Time : 2hr 12min Format : Mp4 Genre : Comedy, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DTS-FGT Translated by Littleneo Encoded by Thanhtike Zaw

Comedy
8.5 2019 133 mins
Parasite
Spies in Disguise
7.6

ကာတွန်းကား ကောင်းကောင်းကြည့်ချင်တဲ့ သူတွေအတွက် လာပါပြီ။ ရယ်လည်းရယ်ရတယ် ဇာတ်လမ်းလည်းမိုက်တယ်။ အသံသရုပ်ဆောင်ထားသူတွေကတော့ မပြောရင်တောင် အသံကြားတာနဲ့ သိမယ့် ၂ ယောက်ပါပဲ။ ဝယ်လ် စမစ်သ် ရယ် တွမ် ဟော်လန် ရယ်ပါ။ တကယ်လိုက်ဖက်တဲ့ သူတွေပါပဲ။ ဝယ်လ်စမစ်သ်က လန့်စ်စတာလင်ဆိုတဲ့ အရမ်းတော်တဲ့ စပိုင်တစ်ယောက်။ သူက အရမ်းတော်ပေမယ့် တစ်ကိုယ်တော်ပဲ လှုပ်ရှားတတ်တဲ့သူ။ တွမ်ဟော်လန်ကတော့ ဝေါ်တာ ဘက်ကက် ဆိုတဲ့ ဉာဏ်ကြီးရှင်တီထွင်သူ အူကြောင်ကြောင် ကောင်လေး အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ ဝေါ်တာရဲ့ တီထွင်ချက်တွေကို အေဂျင်စီမှာ ဘယ်သူမှ အထင်မကြီးတဲ့အပြင် လန့်စ်ကိုပါ ပြဿနာ သွားလုပ်မိလို့ အလုပ်ဖြုတ်ခံလိုက်ရတော့တယ်။ ဒါပေမယ့် လန့်စ်နဲ့ မျက်နှာတူ လူဆိုးတစ်ယောက်ကြောင့် လန့်စ် တစ်ယောက် အထင်လွဲခံရပြီး ထွက်ပြေးရတဲ့အခါမှာ မလွှဲမရှောင်သာ ဝေါ်တာနဲ့ပူးပေါင်းပြီး အလွဲလွဲအချော်ချော်နဲ့ လူဆိုးကို အမိဖမ်းဖို့ ကြိုးစားရပါတော့တယ်။ File Size : ( 948 MB , 345 MB ) Quality : BluRay 720p Running Time : 1 hr 42 min Format : Mp4 Genre : Animation , Action , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Crime • Drama
7.6 2019 102 mins
Spies in Disguise
The Unseen
6.7

The Unseen (2023) အခု မိတ်ဆက်ပေးမှာကတော့ Horror နဲ့ Thriller ဖန်တွေအကြိုက်ဇာတ်ကားပဲဖြစ်ပါတယ်။ တွမ်မီဆိုတဲ့ကောင်လေးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ တွမ်မီရဲ့ အဖေက သူတို့မြို့နာမည်ကြီး ရှေ့နေတစ်ယောက်ပေါ့။ သူ့အဖေလောင်းရိပ်ကမိနေတဲ့ တွမ်မီဟာ ငယ်စဉ်ကတည်းကနေ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်တဲ့အထိ ဖိအားတွေအများကြီးခံစားနေရတာပေါ့။ အဲဒါအပြင် သူဟာ ငယ်ငယ်ကလည်း Trauma ရထားဖူးတဲ့အတွက် တစ်ချက်တစ်ချက် Trauma ပြန်ထလာပြီး Delusional ဖြစ်ဖြစ်လာတတ်တဲ့အကျင့်ရှိပါတယ်။ ဖြစ်ချင်တော့ တွမ်မီရဲ့ မြို့မှာ လူသတ်ကွင်းဆက်ကြီးဖြစ်နေပါတယ်။ တစ်ရက်ပြီး တစ်ရက် လူတစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သေသလိုဖြစ်လာပါတယ်။ တွမ်မီဟာ သူ့ရှေ့နေကျောင်းပြီးသွားပြီး အလုပ်ရသွားတဲ့အချိန် အမှုလိုက်ရတော့ မြို့ထဲက လူတွေသေဆုံးမှုနဲ့ ပတ်သက်မှုရှိနေတာကိုသတိထားမိသွားတယ်။ အဲ့တော့ သူဟာအဖြေတွေလိုက်ရှာရင်း ဘယ်လိုအဖြစ်ဆိုးတွေနဲ့ တွေ့သွားမလဲ... သူငယ်ငယ်ကရောဖြစ်ခဲ့တဲ့ Trauma နဲ့လည်း အခုဖြစ်နေတဲ့ လူသတ်မှုတွေက ဘယ်လိုပတ်သက်မှုရှိနေတာလဲ... အဲဒါအပြင် သူမထင်မှတ်ထားတဲ့သူတွေကပါ ဘယ်လိုတွေပါဝင်ပတ်သက်နေလဲ... ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးနီးပါးကို ပြန်အကျဉ်းချုပ်ရမယ်ဆိုရင်တော့ တွမ်မီနေရာအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား RJ Mitte ကနေ ရုပ်ရှင်တစ်ကားလုံးကို Carry သွားတယ်လို့ပြောလို့ရပါတယ်။ သူ့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ရုပ်ရှင်ရဲ့ Plot တစ်ခုလုံး အရမ်းကြီး ရုပ်မပေါက်သွားသလို အရမ်းလည်း Over မဖြစ်သွားပါဘူး။ ဒါ့အပြင်နာမည်ကြီး ဒါရိုက်တာတွေနဲ့ အလုပ်တွဲလုပ်၊ ပညာတွေသင်ယူခဲ့ပြီး ကိုယ်တိုင် ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်လာတဲ့ Vincent Shade ကရိုက်ကူးထားတာဖြစ်လို့ ကြည့်ရမဆိုးလှတဲ့ ဇာတ်ကားကောင်းတစ်ကောင်းလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 795MB Quality - 1080p, 720p Format - mp4 Duration - 1H 40Min Genre - Drama, Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Adventure • Family
6.7 2023 100 mins
The Unseen
Di Renjie and the Flying Demon Head
6

စုံထောက်သိုင်းကားတွေကို နှစ်သက်တဲ့ သူတွေအတွက် effect လှလှလေးတွေနဲ့ သဲထိတ်ရင်ဖိုဖြစ်စေမဲ့ စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆုတောင်းပွဲတော်လုပ်နေစဉ်အချိန်တွင်းမှာ ကောင်းကင်ပေါ်မှ ခေါင်းပျံကြီးတစ်ခု ထွက်လာကာ နန်းတွင်းတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ချက်ချင်းပဲ တစ်မြို့လုံးမှာ မိစ္ဆာတံခါးပွင့်ပြီဆိုပြီး သတင်းပြန့်သွားပါတော့တယ်။ ဒီးရန်ကျယ်နဲ့ ဟဲ့လျန်ထူရှိုးတို့ ပူးပေါင်းပြီး အမှုလိုက်ရာမှာ အခက်အခဲအများအပြားနဲ့ တွေ့ခဲ့ရပါတယ်။ ဒီးရန်ကျယ်တို့အဖွဲ့ဟာ လျှို့ဝှက်တဲ့ ပေမင်တစ္ဆေမြို့ကိုရောက်လာပြီး ပုန်းခိုတိုက်ခိုက်ခံရသဖြင့် အသက်ပေးရမလို ဖြစ်ခဲ့ပါသေးတယ်။ လော့ယန်ကို ပြန်ရောက်ပြီးနောက် ကောင်းကင်ပေါ်မှာ မိစ္ဆာနိမိတ်ဆိုးတွေ ပြနေပြီး အန္တရာယ်အပြည့် ဖြစ်နေပါတယ်။ နောက် ၅ ရက်အကြာမှာ ကျောင်း ၇ ကျောင်းပွဲတော်ကို ပြုလုပ်တော့မှာဖြစ်လို့ အမှုကို ဖြေရှင်းနိုင်ဖို့ အလျင်လိုနေပါတယ်။ ဒီးရန်ကျယ်တစ်ယောက် အမှုကို အချိန်မီ ဖြေရှင်းနိုင်ဖို့ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီး ဖြေရှင်းမလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ပါနော်။

Comedy
6 2020
Di Renjie and the Flying Demon Head
Head to Head
6.7

လတ်တလောကမှ Netflix ကနေထွက်ရှိလာတဲ့ ဆော်ဒီဟာသဇာတ်ကား ကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း ဒါရဝစ်ချ်ဆိုတဲ့သူဟာ ကုမ္ပဏီတစ်ခုမှာ ဒရိုင်ဘာအနေနဲ့အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်။ ဖာယက်ဆိုတဲ့သူကတော့ ဒါရဝစ်ချ်နဲ့ ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်နေတဲ့ ကားပြင်ဆရာဖြစ်ပါတယ်။ ကားပြင်တယ်ဆိုပြီး ကုမ္ပဏီကကားတွေရဲ့အင်ဂျင်တွေကို ထုတ်ရောင်းစားပြီး ပျက်နေတဲ့အဟောင်းတွေကိုထည့်ထားတတ်ပါတယ်။ အဲဒါကိုကုမ္ပဏီကမိထားလို့ အလုပ်ပြုတ်ခံရလုနီးပါးဖြစ်နေတာပါ။ ဖြစ်ချင်တော့ သူတို့ကုမ္ပဏီရဲ့စီအီးအိုရဲ့သားက သူ့အဖေမရှိတုန်း ကုမ္ပဏီရဲ့ရှယ်ယာတွေကို ရောင်းစားဖို့လုပ်နေပါတယ်။ ဖာယက်ကို သူ့ဘက်ပါလာအောင် CEO ရာထူးကိုပေး သလိုလုပ်ပြီးတော့ သူ့ဆီလာနေတဲ့ သူ့အဖေကိုလေဆိပ်ကသွားခေါ်ပြီး စာချုပ်မှာ လက်မှတ်ထိုးဖို့ကူညီပေးရင် သန်း ၄၀ တန်တဲ့ ရှယ်ယာတွေကိုပေးမယ်လို့ပြောခဲ့ပါတယ်။ ပိုက်ဆံမက်တဲ့ဖာယက်ကလည်း သဘောတူပြီး ဒါရဝစ်ချ်ကို လေဆိပ်ကနေ စီအီးအိုဟောင်း ဖြစ်သူကိုကြိုခိုင်းတဲ့အခါ ဖာယက်ကလူမှားပြီးတော့ အမှောင်လောကရဲ့ဘုရင်ဖြစ်တဲ့ စိန်များဘုရင်ဆိုတဲ့အဖိုးကြီးကို ကားပေါ်ခေါ်တင်လာပါတော့တယ်။ စိန်များဘုရင်က အရင်ကလူတိုင်းကြောက်ရတဲ့သူပေမဲ့ အခုကတော့ ရုရှားတွေဆီမှာ အဖမ်းခံရပြီးတော့ သေမလိုဖြစ်နေရာက အခုမှဆောဒီကိုပြန်ရောက်လာတာဖြစ်ပါတယ်။ အဲဒါကလည်း သူ့သားက ရုရှားမာဖီယားတွေနဲ့ အပေးအယူလုပ်ပြီး ဆောဒီကိုပြန်ခေါ်လာတာပါ။ အဲဒီကနေ ပြဿနာတွေတက်ပြီးတော့ မှားသွားတဲ့လူအချင်းချင်းလဲဖို့ ဘသီယခါဆိုတဲ့ နေရာကိုသူတို့နှစ်ယောက်သွားခဲ့ကြပါတယ်။ အဲဒီနေရာက လုံးဝကိုမကောင်းတဲ့လူမိုက်တွေ၊ လူသတ်သမားတွေ ကျက်စားတဲ့နေရာဖြစ်နေတဲ့အပြင် စိန်များဘုရင်က ရုတ်တရက် သေသွားတဲ့အခါ အဲဒီအလောင်းကြီးနဲ့ သူတို့နှစ်ယောက် လူမိုက်တွေဆီကနေအသတ်မခံ ရဖို့ရှောင်ပြေးကြတာကို အခွီတစ်လိုင်းနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဒါရဝစ်ချ်နဲ့ ဖာယက်နှစ်ယောက်သားရဲ့ မတည့်အတူနေ ဆက်ဆံရေးကို ဟာသ‌ဇာတ်ကွက်တွေနဲ့ ရိုက်ကူးတင်ဆက်ထားပြီးတော့ မူးယစ်ဆေးလောကတွေ၊ လူသတ်တာတွေ စတဲ့ အမှောင်လောကအကြောင်းကိုလည်း လှည့်ကွက်တွေအများကြီးနဲ့ ပီပြင်အောင်သရုပ်ဖော်ရိုက်ကူးထားတာမလို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.29GB / 549MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 35m Genre ….. Comedy, Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

6.7 2023 94 mins
Head to Head
A Safari Romance
6.6

ဒီဇာတ်ကားကတော့ Family movieမျိုးပါပဲ 2023ထွက်ကားဆိုပေမဲ့ ဇာတ်အိမ်နဲ့ ဒိုင်ယာလော့ခ်တွေက သိပ်ပြီးဆန်းတာမပါတော့ ကားဟောင်းတစ်ကားကိုပြန်ကြည့်ရသလိုမျိုးပဲ ဇာတ်လမ်းက ရိုးရှင်းပါတယ်။အပန်းဖြေကွင်းဒီဇိုင်နာ တင်မ်နဲ့ သုတေသနပညာရှင်လည်းဖြစ် တောထိန်းတစ်ဦးလည်းဖြစ်တဲ့ မက်ဂန်တို့ ဆာဖာရီဥယျာဥ်ထဲဆုံကြရင်း ရင်းနှီးသွားကြတယ်။ ဒီလိုနဲ့ ဆာဖာရီဥယျာဥ်ဆီကို တင်မ်ရဲ့ရည်းစားဟောင်းအေမီထပ်ရောက်လာတယ် ။ တင်မ်ရော ဆမ်ရောက ကိုယ့်အလုပ်ကိုယ်မြတ်နိုးတဲ့သူတွေ၊ အေမီက exဆိုတော့ဇာတ်ညွှန်းအရ ဗီလိန်နေရာမှာပဲပေါ့။ ဇာတ်ညွှန်းအစအဆုံးက သမားရိုးကျဇာတ်လမ်းမျိုးပါပဲ။ဆာဖာရီရဲ့ရိုးရာဓလေ့တွေတော့ ပါသင့်သလောက်ပါတယ် Actingအဆင်ပြေတယ်။ တစ်ကားလုံးနီးပါး settingကို ဆာဖာရီကိုအခြေခံထားပေမဲ့ တိရစ္ဆာန်အခန်းတွေအရမ်းမများဘူး အဝေးရိုက်ချက်တွေလောက်ပဲပါတယ်။ ဇာတ်လမ်းက Comedyမပါဘူး။ Romance/ Friendship/Drama သီးသန့်ပဲ။ ဇာတ်ကားကိုကြည့်သင့်တဲ့အချက်ကတော့ lightဖြစ်တဲ့ကားမျိုးကို ပိတ်ရက်မှာ အေးအေးချမ်းချမ်းကြည့်ချင်တဲ့ရက်မျိုးတွေဆို သင့်တော်ပါတယ်။File size…(1.85 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

6.6 2023 84 mins
A Safari Romance
The Boys in the Boat
7.1

The Boys in the Boat (2023) ~ IMDb – 7.1/10, Rotten Tomatoes – 57% ~ George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက အဖွဲ့ကြီးမဟုတ်ဘူး။ နယ်ဘက်လို ဘက်က ဝါရှင်တန်တက္ကသိုလ်ရဲ့ လှေလှော်အသင်းက ဂျူနီယာကောင်လေးတွေအကြောင်း။ ဝါရှင်တန်တက္ကသိုလ်ရဲ့ လှေလှော်အသင်းက လူသစ်စုဖို့ လူရွေးပွဲလုပ်တယ်။ လာတဲ့လူတွေတော့ အများကြီးပဲ။ အဲဒီထဲကနေမှ သူတို့က ၈ယောက်လှေလှော်အသင်းအတွက်လိုတဲ့ ရှစ်ယောက်ကိုပဲရွေးမှာ။ သူတို့ထဲက တချို့ဆို ပိုက်ဆံပေး နေစရာပေးတယ်ဆိုလို့ အဲဒါကိုမက်ပြီး ရောက်လာကြတာ။ လှေလှော်တဲ့အားကစားကို ချစ်ဖို့မပြောနဲ့ သေချာတောင်သိကြသေးတာမဟုတ်ဘူး။ ဆိုတော့ လှေလှော်အားကစားအကြောင်း နကန်းတစ်လုံးမှ မသိသေးတဲ့ဇာတ်ကောင်တွေနဲ့အတူတူ လှေလှော်တဲ့အားကစားအကြောင်းကြည့်ရင်း သူတို့ဒီအားကစားကိုချစ်လာပုံကို ကြည့်ရမှာဆိုတော့လည်း အားကစားဒရာမာတစ်ကားအနေနဲ့ ကြည့်ရတာ တော်တော်တော့ အဆင်ပြေတယ်။ ဆိုခဲ့သလို လှေခတ်တဲ့အကြောင်း ဘာမှတောင်မသိခဲ့တဲ့ကောင်လေးတွေကို လှေလှော်အသင်းနည်းပြက သေချာသင်ပေးရင်း ဒီအားကစားကို ချစ်တတ်လာအောင်ပါ သင်ပေးတာကို မြင်ရလိမ့်မယ်။ ရှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် တစ်ချက်တောင် ရစ်သမ်မလွတ်သွားဘဲ တစ်သားတည်းဖြစ်အောင်လှေခတ်နိုင်တဲ့အခါကျ လှေခတ်တာက အားကစားတစ်ခုဆိုတာထက် ကဗျာတစ်ပုဒ်သီရသလိုဖြစ်သွားလိမ့်မယ်တဲ့။ လူ၈ယောက် တစ်ယောက်နဲ့တစ်ယောက် မတိမ်းမစောင်း ဟန်ချက်ညီနေဖို့က တော်တော်ခက်လိမ့်မယ်။ ဒါကြောင့် နည်းပြက ၈ယောက်လှေလှော်တာက ကမ္ဘာ့အခက်ဆုံးအားကစားလို့ဆိုခဲ့တယ်။ ဒီလိုခက်ခဲတဲ့အားကစားနဲ့ ဘာမှမသိတဲ့ကလေးတွေကို 1936 Summer Olympics ကို ဝင်ပြိုင်နိုင်အောင် နည်းပြတစ်ယောက်ရဲ့ အားထုတ်မှုတွေကိုလည်း မြင်ရလိမ့်မယ်။ နောက်ထပ်တော့ အားကစားကားဆိုတဲ့အတိုင်း အားကစားစိတ်ဓာတ်အကြောင်း အားကစားသမားတွေရဲ့ စိတ်ဓာတ်အကြောင်းတွေကိုလည်း ပါးပါးလေးပြတယ်။ သရုပ်ဆောင်တွေကတော့ လောက်လောက်လားလားဆိုလို့ Joel Edgerton နဲ့ Callum Turner တို့ပဲပါမယ်။ သူတို့လည်းထူးထူးခြားခြားတော့ ကောင်းတယ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ရှာရှားပါးပါး လှေလှော်အသင်းတွေ တက္ကသိုလ်တွေနဲ့ လှေလှော်အားကစားအကြောင်းကို ကြည့်ရမှာဖြစ်ပြီး အိုလံပစ်အထိပါ သမိုင်းဝင်ခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ရိုက်ပြထားတာဆိုတော့လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခုဖြစ်နေတယ်။ ဂျော့ကလူးနေးရဲ့ ဒါရိုက်တင်းစကေးကတော့ ထူးပြီးလည်းကောင်းမနေသလို ထူးပြီးလည်းညံ့မနေတော့ ကြည့်ကောင်းတဲ့ကားတစ်ကားအဖြစ်တော့ ရှိနေတယ်။ အမှန်ဆို ဒီရုပ်ရှင်ကို ၂၀၁၁ကတည်းက ဝင်းစတိန်းကုမ္ပဏီက ရိုက်ဖို့ကြံခဲ့ဖူးတယ်။ စာရေးဆရာဆီက ရိုက်ခွင့်လည်း ဝယ်ထားခဲ့တယ်။ စာအုပ်က ၂၀၁၃မှ ထွက်တာဆိုတော့ မရေးခင်ကတည်းက ရိုက်ခွင့်ကြိုဝယ်ထားသလား မထုတ်ခင်ဝယ်ထားသလားတော့ မသိပါဘူး။ စစတော့ Kenneth Branagh ကို ဒါရိုက်တာလုပ်ခိုင်းဖို့လုပ်ခဲ့တယ်။ အကြောင်းကြောင်းနဲ့ မရိုက်ဖြစ်ရင်း မတ်လ ၂၀၂၀မှာတော့ ဂျော့ကလူးနေးရိုက်ဖို့ ကြေညာခဲ့ပြီး ၂၀၂၄ ဇန်နဝါရီမှာ ဒစ်ဂျစ်တယ်အနေနဲ့ထွက်လာခဲ့ပါတယ်။ သေချာတာကတော့ Kenneth ဗားရှင်းဆို ပိုကောင်းမှာဖြစ်လို့ နှမြောတော့ နှမြောစရာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.4GB, 2.3GB, 1.2GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 2H 3Min Genre – Biography, Drama, Sport Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 2023 124 mins
The Boys in the Boat
The Marine 2

အခုတစ်ခေါက်မှာတော့ IMDb 4.9 / 10ရှိတဲ့ Action/Thriller အမျိုးအစား movie တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဂျိုးဆိုတဲ့ အထူးတပ်သားတစ်ယောက်မှာ အရမ်းချစ်ရတဲ့ ဇနီးသည်တစ်ဦးရှိပါတယ်အားလပ်ရက်တစ်နေ့မှာတော့ ဂျိုးဟာ ချစ်ဇနီးသည်လေးနဲ့တွေ့ဖို့အတွက် သူမ အလုပ်လုပ်တဲ့နေရာကို သွားခဲ့ပေမဲ့ သူ့ရဲ့ဇနီးသည်ဟာဓားစာခံတစ်ဦးအဖြစ် ပြန်ပေးဆွဲခံလိုက်ရတာကို သိသွားပါတော့တယ်ဂျိုးတစ်ယောက် သူရဲ့ဇနီးသည်ကို ကယ်တင်ဖို့အတွက်စွန့်စားခန်းဖွင့်ပုံတွေကို ဒီ movie လေးထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်File size… 1.2 GB / 843 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by SO Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

0 2009 95 mins
The Marine 2
Garuda Purana
7

Garuda Purana (2023) “လွန်လေပြီးသောအခါ…” လတ်တလောမှာ ဆက်တိုက်ဆိုသလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကန်နာဒါအိန္ဒိယမှုခင်းရုပ်ရှင်တွေထွက်ရှိလာတာမို့ ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို ကန်နာဒါလူငယ်ဒါရိုက်တာ Manjunath B Nagbaကိုယ်တိုင် ရေးသားရိုက်ကူးခဲ့ပြီး ကိုယ်တိုင်ပဲ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ မိန်းမငယ်လေးတွေ လိင်ပိုင်းဆိုင်ရာစော်ကားသတ်ဖြတ်ခံရပြီး အလောင်းတွေကို လူသူမနီးတဲ့ဆီမှာ အိတ်တစ်လုံးနဲ့ ပစ်ထားခဲ့ခြင်းခံရပါတယ်။ ရဲတပ်ဖွဲ့က ကွင်းဆက်လူသတ်မှုလို့ကောက်ချက်ချပြီး တရားခံကိုဖမ်းဖို့ကြိုးစားပေမဲ့လည်း ကောက်ရိုးပုံမှာအပ်ရှာနေရသလို ဘာသဲလွန်စမှမရသေးဖြစ်နေခဲ့။ တစ်ဖက်မှာတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ယောကျ်ားလေးသူငယ်ချင်းသုံးယောက်က မိန်းကလေးတစ်ယောက်နဲ့ခင်မင်ရင်းနှီးပြီးမှ အဲဒီမိန်းကလေးကလည်း ကွင်းဆက်လူသတ်မှုတွေမှာ သေဆုံးခဲ့ရတဲ့ မိန်းကလေးတွေလို သေဆုံးသွားခဲ့ချိန်မှာတော့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Drama
7 2023 139 mins
Garuda Purana
Bhoothaddam Bhaskar Narayana
6.4

Bhoothaddam Bhaskar Narayana 2024 (နတ်ဆိုး) Imdb 6.4 မျက်နှာဖုံးလူသတ်မှု : ဒီလူသတ်မှုက ကာနာတာကာနားက ချင်ချိုလီတောအုပ်မှာဖြစ်ပွားခဲ့တာပါ သေဆုံးသူအရေအတွက်က ၁၅ဦးထိရှိလာပြီးတော့ နစ်နာသူတွေက မသေခင်မှာအတော်လေးနှိပ်စက်ခံခဲ့ရတဲ့ အနေအထားမျိုးနဲ့တွေ့ခဲ့ရတယ် ဦးခေါင်းမပါတဲ့အမျိုးသမီးတွေကိုပါတွေ့ခဲ့ရတော့ ဒီဒေသခံတွေက ကျီးလန့်စာစားဖြစ်ကုန်ကြပြီး ရဲတွေလည်းကြံရာမရဖြစ်လာကြရတယ်။။။ ဘူသာဒမ် ဒီလူကတော့ အတော်ဆုံးရှေ့နေလို့ပြောရမလားပဲ သူမရှင်းနိုင်တဲ့အမှုမရှိလို့ နာမည်ကြီးလူသိများတယ်ပေါ့ ငယ်စဉ်က အစ်ကိုဖြစ်သူကို လူသတ်သမားလို့စွပ်စွဲပြီး ထောင်သွင်းလို့ အစ်ကိုကရှက်စိတ်ကြောင့်သတ်သေသွားခဲ့တယ် ဒီတော့ မွေးရာပါပါရမီပါလာတဲ့ဒီကလေးက စုံထောက်ကားတွေကြည့်ပြီး ဘယ်လိုသင်ယူရမယ်ဆိုတာလေ့လာခဲ့ပြီး အခင်းနေရာသွား သဲလွန်စတွေစုလာခဲ့တယ် သူယူလာတဲ့သဲလွန်စက တစ်မှုလုံးအတွက် အဓိကဖြစ်နေပေမဲ့လည်း ကလေးတစ်ယောက်ရဲ့စကားကို ဘယ်ရဲမှမယုံကြည်ပေးကြလို့ အစ်ကိုကသေဆုံးခဲ့တာတောင် လူသတ်သမားဘဝနဲ့နေသွားခဲ့ရရှာတယ် ဒီလိုထရော်မာတွေကြောင့် ရဲလုပ်မယ်ဆိုပြီးလျှောက်တော့ မျက်စိမှုန်တာကြောင့် မရခဲ့ဘူးပေါ့ ကျန်တဲ့လူတွေ သူ့အစ်ကိုလိုဖြစ်မှာစိုးလို့ အမှုတွေကို ထောင့်စေ့အောင်စုံစမ်းဖော်ထုတ်ရင်း အတော်ဆုံးဖြစ်လာခဲ့တာပါ မျက်နှာဖုံးအမှုမတိုင်ခင် သူရဲ့အမှုကိုင်တွယ်ဖြေရှင်းပုံတွေနဲ့ မျက်နှာဖုံးအမှုကိုရင်ဆိုင်ရပုံတွေကို ကြည့်ရှုလိုက်ကြပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ KKKZ ~ Alice Wai တို့ပဲဖြစ်ပါတယ် )

6.4 2024
Bhoothaddam Bhaskar Narayana
Klaantha

klaantha (2024) “ထိတ်လန့်သည်းဖို” ပိတ်ရက်ရှည်မှာ အပျင်းတော်ပြေစေဖို့ ကန်နာဒါစကားပြော အိန္ဒိယသည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ပရိုဂရမ်တစ်ခုအတွက် သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ရဖို့ အပြင်းအထန်ရှာနေရတဲ့အမျိုးသမီးတစ်ယောက်။ ဘယ်မှာမှရှာမရတဲ့အဆုံး စာကြည့်တိုက်ကိုသွားတော့ စာကြည့်တိုက်မှူးက စာအုပ်တစ်အုပ်ထုတ်ပြပါလေရော။ အသည်းတထိတ်ထိတ်ရင်တဖိုဖိုတင်မက အသည်းတွေပြုတ်ကျပြီး ရင်တွေနာရမဲ့ဇာတ်လမ်းတဲ့။ စာအုပ်ကိုစဖွင့်လိုက်တော့တွေ့ရတာ အဖေရယ် အမေရယ်က လင်ကောင်းသားကောင်းရဖို့ အသည်းအသန်ကြိုးစားခြင်းခံနေရတဲ့ ကောင်မလေးတစ်ယောက်။ အမေတစ်ခုသားတစ်ခုရယ်နဲ့ အမေ့လောင်းရိပ်ကမလွတ်ဘဲ မိန်းမကောင်းလေးနဲ့ရဖို့ နားပူနားဆာလုပ်ခံနေရတဲ့ အမေချစ်သားလေးတစ်ယောက်။ ဒီနှစ်ယောက်က ချစ်သူတွေဖြစ်ပြီး မိဘတွေမသိအောင် ခရီးအတူထွက်ဖို့ကြိုးစားကြတဲ့အခါ။ ခရီးမှာ မထင်မှတ်ထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာအဖြစ်အပျက်တွေကို ရင်ဆိုင်ရတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

0 2024
Klaantha