The Color Purple (2023) ~ IMDb – 6.9/10, RT – 82%, Meta – 72% ~ ကျွန်တော်တို့ရဲ့ ဂန္ထဝင်ကြီး စတီဗင်စပီးဘာ့ဂ်ဟာ ၁၉၈၅မှာ The Color Purple ကို ရိုက်ခဲ့ဖူးတယ်။ ဒီကားက အဲဒီကားနဲ့ ဇာတ်လမ်းအတူတူပဲ။ ဒါပေမဲ့ Remake ရိုက်တယ်ဆိုတာထက် Musical ဗားရှင်းအဖြစ်နဲ့ ပြန်အသက်သွင်းတယ်လို့ပဲ သုံးချင်တယ်။ မူရင်းကတော့ Alice Walker ရဲ့ ပူလစ်ဇာဆုရထားတဲ့ ဝတ္ထု။ မြူဇစ်ကယ်အနေနဲ့အသက်သွင်းထားတယ်ဆိုတော့လည်း စပီးဘာ့ဂ်ဗားရှင်းနဲ့ မတူဘဲ ပြုတ်ကျန်ခဲ့တဲ့နားတွေလည်းရှိတယ်။ ဒါပေမဲ့ ပိုခမ်းနားသွားတာလည်းရှိတယ်။ ဒါတော့ ခေတ်အရရော မြူဇစ်ကယ်အနေနဲ့ရောဖြစ်နေလို့ နည်းနည်းပိုလှပစေချင်လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ လူမဲအမျိုးသမီးတွေရဲ့ အဖိနှိပ်ခံဘဝအကြောင်းကို အဓိကထားပြတဲ့ရုပ်ရှင်ဆိုတော့ စပီးဘာ့ဂ်ဗားရှင်းက ပိုပြီးပနံသင့်မယ်လို့တော့ မြင်တယ်။ ဘယ်ဒါရိုက်တာတွေ ဘယ်လိုပဲကောင်းကောင်း ကျွန်တော်တို့အချစ်ကို မပေးပစ်နိုင်စေတဲ့ ဟိုးဟောလိဝုဒ်ရွှေခေတ်မကုန်ခင်ကတည်းက ဒါရိုက်တာကြီးတွေထဲကတစ်ယောက်ဖြစ်တဲ့ စပီးဘာ့ဂ်ရဲ့ဗားရှင်းနဲ့တော့ ယှဉ်ထိုးဖို့လည်း မအပ်စပ်ပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်ကိုအရင်ကြည့်ဖြစ်ဖို့ ကြိုက်ခဲ့ရင်တော့ စပီးဘာ့ဂ်ရဲ့ The Color Purple ကိုလည်း ကြည့်စေချင်တယ်။ ဇာတ်ကအတူတူချင်းဆိုပေမဲ့ မတူညီတဲ့အရသာတချို့ကျန်နေသေးလို့ပါပဲ။ ဒါပေမဲ့ တစ်ခုရှိတာက မူရင်းကတော့ အော်စကာတွေ ၁၀ခုတိတိ ဆန်ခါတင်ဝင်ခဲ့ပေမဲ့ ဒီဗားရှင်းကတော့ Best Supporting Actress နဲ့ပဲ ဆန်ခါတင်ဝင်ခဲ့ပါတယ်။ မူရင်းမှာတော့ အိုပရာဝင်းဖရေးလို လူမဲ Iconic Person ပါ ပါတယ်။ ဒီမှာတော့ Halle Bailey တို့ ဒီနှစ်မှာပဲ Rustin နဲ့ မင်းသားဆုဆန်ခါဝင်ဝင်ခဲ့တဲ့ Colman Domingo တို့ပါထားတယ်။ ဒီကားကိုလည်း မူရင်းကားထဲက ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ စပီးဘာ့ဂ်နဲ့ အိုပရာဝင်းဖရေးတို့အပြင် မူရင်းပရိုဂျူဆာ Quincy Jones ကပါ ပရိုဂျူဆာလုပ်ပေးထားတယ်။ The Color Purple ဟာ ဖိနှိပ်ခံရမှုနဲ့ မျှော်လင့်ချက် ယုံကြည်ချက်တို့အကြောင်းဆိုပြီး ကျွန်တော်တို့ ရိုးရိုးလေး ပြောလို့လည်းရတယ်။ လူမဲသီးသန့်ကားပေမဲ့ လူမဲဖိနှိပ်ခံရမှုအကြောင်းကို သိပ်တော့မပြထားဘူး။ လူမဲအမျိုသမီးတွေကို လူမဲအမျိုးသားတွေက ပြန်ဖိနှိပ်တဲ့အကြောင်းဘက်ကိုပဲ ပိုသွားတယ်။ လူမဲဖိနှိပ်ခံရမှုနဲ့ပတ်သက်ရင်တော့ စပီးဘာ့ဂ်ဗားရှင်းက နည်းနည်းပိုတာသွားလိမ့်မယ်။ ဒီမှာတော့ ထပ်မလိုတော့ဘူးထင်လို့လားမသိ အဲဒီအကြောင်းအရာက တဖြတ်လောက်ပဲပါလိမ့်မယ်။ ဒါပေမဲ့ တကယ်လည်း ထပ်မလိုလှတော့ဘူးလို့ ထင်ရတာပါပဲ။ လူမဲတွေကိုယ်တိုင်တောင် ထပ်မလိုတော့ကြောင်းကို ဒီနှစ် American Fiction ဆိုတဲ့ ရုပ်ရှင်မှာတင်ပြသွားပြီး ဇာတ်ညွှန်းဆုအော်စကာရသွားခဲ့ပြီးပါပြီ။ ဒီတော့ The Color Purple မှာ လူမဲအမျိုးသမီးတွေ ဖိနှိပ်ခံရမှုသက်သက်ကိုပဲ ပြန်တင်ပြထားတယ်လို့ ဆိုလို့ရပါတယ်။ ဘယ်လောက်ထိဆိုးလဲဆို ညီအစ်မနှစ်ယောက်ရှိတယ်။ သူတို့အဖေက အစ်မဖြစ်သူနဲ့ ကလေးနှစ်ယောက်မွေးပြီး ကလေးတွေကို ရောင်းစားပစ်တာလား သတ်ပစ်တာလားတစ်ခုခုလုပ်ပစ်တယ်။ သူတို့ကိုလည်း ကျွန်ဘဝနဲ့ မသေရုံတမယ်ထားထားတယ်။ တစ်နေ့ လူတစ်ယောက်က သူ့ညီမကို လက်ထပ်ခွင့်လာတောင်းတော့ သူတို့အဖေက သူ့အစ်မကို ပေးလိုက်တယ်။ ပေးလိုက်တယ်ဆိုတာ စကားလှအောင် သုံးနှုန်းလိုက်တာပါ။ တကယ်က ရောင်းစားပစ်တာပါပဲ။ သူ့ညီမကိုတော့ အဲဒီညမှာ သူကြံတယ်။ အထမမြောက်ဘဲ ထွက်ပြေးလာတဲ့ သူ့ညီမက သူ့အစ်မနေတဲ့ဆီရောက်လာတယ်။ နေခွင့်တောင်းတော့ ပေးနေပေမဲ့ အဲဒီညမှာ သူ့အစ်မယောက်ျားက သူ့ကို ကြံပြန်တော့ သူလည်းထပ်ထွက်ပြေးခဲ့ရတယ်။ ဒီတော့ သူတို့အတွက် သူတို့ပဲရှိတဲ့ သိပ်ချစ်ကြတဲ့ ညီအစ်မနှစ်ယောက် ဝေးသွားကြတယ်။ စာပို့လာရင်လည်း သူ့ယောက်ျားက ဖျက်ဆီးပစ်တော့ သူတို့ကြား လုံးဝအဆက်အသွယ်ပျက်သွားတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာအောင် နှိပ်စက်ခံရင်း မျှော်လင့်ချက်နဲ့ စောင့်လာခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲဒီအမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 8.05GB, 3.1GB, 1.65GB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 2H 21Min Genre – Drama, Musical Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y
6.9
2023
141 mins