YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) The Parent Trap (1998) 720p.mp4

1.21 GB N/A video/mp4 991 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Edge of Her Mind Anthology
7.5

အမျိုးသမီးတွေရိုက်ထားတဲ့ အမျိုးသမီးတို့အကြောင်း... အမျိုးသမီးတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ပြဿနာတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်အတိုလေးတွေ စုစည်းထားတာဖြစ်ပါတယ်။ Xin (Heart), Café Abundance, Fragile Storm, Utopia, Over The Moon, Count Back From Ten, Uncertainship နဲ့ Mermaid လို့ခေါ်တဲ့ သူမစိတ်ရဲ့ အစွန်အဖျားလေး ၈ခုပါ,ပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တာမို့ စိတ်အနှောင့်အယှက်ဖြစ်စရာအခန်းတွေလည်းပါတဲ့အပြင် အခုလိုမျိုး ကားတိုလေးတွေဆိုတော့ တစ်ကားစီ နား,နားပြီး ကြည့်လို့ရပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ချင်းစီက ကိုယ်တိုင်ကိုယ်ကျနဲ့ ဆက်စပ်ကြည့်လို့ရပြီး တမူထူးခြားပါတယ်။ အကြိုက်မိဆုံးကတော့ Fragile Storm ပါ။ ဒါဟာ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပဲဆိုပေမယ့် အမျိုးသားတွေလည်း ကြည့်ရှုနိုင်ပါတယ်။ ဘာလို့ဆို ကျားကျားမမ ကိုယ်ပိုင်အတွေ့အကြုံတွေဟာ ယှဉ်တွဲနေကြတာဖြစ်ပြီး တကယ်တမ်းဆို အဲဒီလောက်ထိ မခြားနားဘူးဆိုတာ တွေ့မြင်နိုင်မှာပါ။ ထုတ်မပြောတဲ့အတွေးတွေအတွက် မျက်စိကိုဖွင့်ပေးမယ့် ဇာတ်ကားတိုလေးတွေပါ။ စိတ်ကျန်းမာရေးကို အခြေခံရိုက်ထားပေမယ့် Dark-Comedy, Horror, Slice of Life, Romance… ပြောရရင် အမျိုးအစား စုံပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 695MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 26Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
7.5 2022 86 mins
The Edge of Her Mind Anthology
Super Salaryman
6.6

ပန့် အဖြစ် Jesadaporn Pholdee နွတ် အဖြစ် Jirapha Wongkosawan ဂျီ အဖြစ် Setthapong Piangpor ဝိုင် အဖြစ် Natchalai Sukamongkol ဇာတ်လမ်းအကျဉ်း ကုန်စျေးနှုန်းတွေမြင့်တက်နေတဲ့ ခေတ်ကြီးမှာ လူတွေက စားဝတ်နေရေးအတွက် အလုပ်ကို ပိတ်ရက်ဆိုတာမရှိသလောက် ကြိုးစားရင်း ရုန်းကန်လှုပ်ရှားနေခဲ့ရတယ် ရှာဖွေသမျှ မလောက်နေတဲ့သူတို့အတွက် မျှော်မှန်းနေခဲ့ရတာက နှစ်ကုန်bonus ပါပဲ ပန့်တို့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကလည်း နှစ်ကုန်ချိန်ကို စောင့်မျှော်နေပေမယ့် ကိုရီးယားကုမ္ပဏီဘက်က အချိန်ခဏအတွင်း ထုတ်ကုန်အသစ်ထုတ်ခိုင်းလာခဲ့ပါတယ် အချိန်မမီခဲ့ရင် နှစ်ကုန်bonus မရနိုင်ပါလို့ ပြောလာခဲ့ချိန်မှာတော့ ပန့် ၊ နွတ် ၊ ဂျီ ၊ ဝိုင်တို့ ထုတ်ကုန်အသစ်စျေးကွက်ကို ဘယ်လိုထိုးဖောက်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ကြည့်ရှုရမှာဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Butterfly ပါ ) File Size__(2.1GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:59:00 Type__Comedy , Drama Subtitle__Myanmar Subtitle (Hardsub) Translated by Butterfly Encoded by Naing Aung Latt

Drama • Romance
6.6 2012 111 mins
Super Salaryman
The Aura
7

The Aura ဆိုတဲ့ psychologic ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ လက်တင်စကားနဲ့ ကားမလို့ ကြည့်နေကျ English ကားတွေနဲ့တော့ တူမှာမဟုတ်ပါ ဘူး။ ဒါပေမဲ့ အာဂျင်တီးနားမှာတော့ ဆုတွေတသီကြီး ရထားတဲ့ ကားကောင်းတစ်ကား ပါလို့ ပြောပါရစေ။ အာဂျင်တီးနားရဲ့ နာမည်ကြီး ဒါရိုက်တာဖြစ်တဲ့ Fabian Bielinsky ကိုယ်တိုင် ဇာတ်ညွန်းရေး ကိုယ်တိုင်ရိုက်ကူးထားပြီး၊ Main Character အနေနဲ့ အာဂျင်တီးနား ရုပ်ရင်လောကရဲ့ GOAT တစ်ယောက်လို့ တင်စားရတဲ့ Ricardo Darin ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ ဒါရိုက်တာ Fabian မကွယ် လွန်ခင် ဖန်တီးခဲ့တဲ့ နောက်ဆုံးသော အနုပညာလက်ရာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ Darin ဟာ မွေးရာပါဝက်ရူးပြန်ရောဂါ ခံစားနေရသူ တစ်ဦးဖြစ်ပြီး ထုံးစံအတိုင်း Psycho လည်းရှိတဲ့သူပေါ့။ ဒါပေမဲ့ သူ့မှာ တစ်ခုခုကိုတစ်ခါ မြင်လိုက်ရုံနဲ့ မှတ်မိနိုင်တဲ့ မှတ်ဉာဏ်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားသူပါ။ တစ်ရက်သား စိတ်အပန်းဖြေရအောင် သူငယ်ချင်းဖြစ်သူနဲ့ အမဲလိုက်ထွက်ဖို့လိုက်သွားရင်း သူငယ်ချင်း နဲ့ စကားများပြီး တစ်ယောက်တည်းတောလည်ဖို့ဖြစ်လာတဲ့နောက်မှာ ရောဂါထဖောက်ပြီး သမင်ကိုပစ်မယ့်အစား တောထဲကတခြားမုဆိုးကိုမတော်တဆပစ်မိပြီး လူသတ်မှုဖြစ်သွား ပါတော့တယ်။ အဲတော့ သူသတ်လိုက်မိတဲ့သူကရောဘယ်သူဖြစ်မလဲ Darin တစ်ယောက် ဘာတွေဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size..........(968 MB) Quality............WEB-RIP 720p Duration.........2Hr 14Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Thriller Translator......Thetti Tun Encoder..........SWM

Action • Drama • Thriller
7 2005 134 mins
The Aura
Rose Island
7

Netflix ကအသစ်ထွက်လာတဲ့ adventure/ comedy/ drama အမျိုးအစား အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားပြီး တော်တော်လေးကို ကြည့်လို့ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော်ဂျီရို ရိုဆာက အီတလီလူမျိုး အင်ဂျင်နီယာတစ်ယောက်ပေါ့... သူက အားအားရှိ ပစ္စည်းပေါင်းစုံ လျှောက်ထွင်ပြီးတစ်ချိန်လုံး အဖမ်းခံနေရတဲ့သူပါ... ဂတ်ဘရီအယ်လာက သူ့ရည်းစားဟောင်း ရှေ့နေမလေးပေါ့ တော်တယ် ထက်မြက်တယ်... ရိုဆာကို ချစ်ပေမယ့် လက်တွေ့ဆန်တဲ့ ဂတ်ဘီက ရိုဆာနဲ့တွဲရတာ စွန့်စားလွန်းရာကျတယ်ဆိုပြီး ပြတ်ခဲ့ကြတာပေါ့။ တစ်ရက် သူတို့ပြန်ဆုံပြီး ကမောက်ကမတွေဖြစ်ကုန်တော့ ဂတ်ဘီက စိတ်ဆိုးပြီး ရိုဆာ့ကိုပြောတယ် သီးသန့်ကိုယ်ပိုင် ကမ္ဘာဆိုတာ မရှိကြောင်း လိုက်လျောညီထွေနေတတ်ဖို့လိုကြောင်းတွေပေါ့။ အဲဒီမှာ ရိုဆာက လက်မခံပဲ သီးသန့် ကိုယ်ပိုင်ကမ္ဘာ ဖန်တီးပြမယ်ဆိုပြီး သူငယ်ချင်းဖြစ်သူ မော်ရီဇီရိုနဲ့အီတလီရေပိုင်နက်အပြင်မှာ နှင်းဆီကျွန်းလို့ အမည်ရတဲ့ လူလုပ်ကျွန်းတစ်ခု ဆောက်ပြီး လွတ်လပ်တဲ့ပြည်ထောင်စုအဖြစ်ကြေငြာပစ်လိုက်တော့တယ်။ အဲဒီကျွန်းကို အီတလီ အစိုးရက မျက်စိစပါးမွှေးစူးလာချိန်မှာတော့... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဆက်လက်ရှုစားကြပါနော်... ဒီဇာတ်လမ်းလေးမှာ တီထွင်မှုတွေ . ထိုးဖောက်တွေနဲ့ရူးသွပ်တဲ့ Life Style ကိုတွေ့မြင်ရမယ် . Comedy လေးတွေချိုးသွား တာကလည်း ထိုင်ပြောင်ပြတာမျိုးတစ်ခန်းမှမပါဘဲကို ပြုံးရယ်သွားစေချင်တာမျိုးမို့ အတော်လေးကို ကြည့်လို့ကောင်း ပါတယ်။ နောက်တစ်ခုပြောပြချင်တာက တကယ့်အပြင်မှာ ရိုဆာနဲ့ ဂတ်ဘီက သေတဖန် သက်တဆုံး ပေါင်းဖက်သွားကြပါသတဲ့ ? (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CH Duration - 1h 57min Subtitle – Myanmar Hardsub Format – Mp4 Genre : Adventure, Comedy, Drama Source : 1080p.WebRip Translator – May Myat Thu Encoder – SWM

7 2020 120 mins
Rose Island
The Addams Family
6.6

တလောက ရုံတင်သွားခဲ့တဲ့ အဒမ်စ်မိသားစု ကာတွန်းလေး လာပါပြီ။ ဇာတ်လမ်းကတော့ ဟိုတယ်ထရန်ဆဗေးနီးယား နဲ့ နည်းနည်းဆင်ပါတယ်။ အဒမ်မိသားစုဟာ သီးခြားဆန်စွာ ထူးထူးဆန်းဆန်းနေတတ်တဲ့ မိသားစုတွေပါ။ အပြင်လောကကို စိတ်ကုန်ပြီးရှောင်ပုန်းနေသူတွေဆိုလည်းဟုတ်ပါတယ်။ တစ်နေ့မှာတော့ သူတို့အိမ်ရှိနေတဲ့ တောင်ကုန်းရဲ့အောက်မှာ အိမ်အလှဆင်လုပ်ငန်းရှင် မာဂေါ့ နိဒလာက မြို့အိမ်ယာအသစ်လာတည်ထောင်ပြီး လူတွေကို ကြော်ငြာပြ ရောင်းချဖို့ စီစဉ်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ အိမ်ယာရှုခင်းမှာ အရုပ်ဆိုးနေတဲ့ အဒမ်စ်စံအိမ်ကြီးက ဖျက်နေတော့ မာဂေ့ါနဲ့ အဒမ်စ်မိသားစု ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတော့တယ်။ ဒီကာတွန်းလေးကတော့ သရော်ကာတွန်းအမျိုးအစားပါပဲ။ အချို့သောလူတွေရဲ့အူကြောင်ကြောင်စိတ်ကူးတွေ၊ ဆိုရှယ်မီဒီယာ အယုံလွယ်တာတွေ စတာမျိုးတွေကို အတည်ပေါက်နဲ့ ထိထိမိမိလေးလှောင်ထား တွယ်ထားပါတယ်။ ရယ်လည်းရယ်ရသလို ဆွဲဆောင်မှုလည်းရှိပါတယ်....Animation ကားကြိုက်သူတွေအတွက် လွန်စွာစိတ်ကျေနပ်စေမယ့် ကားလည်းဖြစ်ပါတယ်..

Comedy • Drama
6.6 2019 86 mins
The Addams Family
Teenage Mutant Ninja Turtles: Out of the Shadows
6

Teenage Mutant Ninja Turtles မြန်မာစာတန်းထိုးနဲ့ အကြည်ရပါပြီ။ ဒီ နံပါတ်၂ လိပ်နင်ဂျာကားမှာတော့ နံပါတ်၁ မှာ သူတို့ဖမ်းပေးလိုက်တဲ့ ဗီလိန်ကြီး ရှရက်ဒါ ပြန်လွှတ်လာပြီး အခြားကမ္ဘာတစ်ခုက ဂြိုလ်သားနဲ့ ပူးပေါင်းပြီး ကမ္ဘာကိုသိမ်းပိုက်မယ့် အန္တရာယ်ကို ညီအစ်ကို ၄ ယောက်တွန်းလှန်ကြတာပါပဲ။ ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်ကေစီဂျုန်းအဖြစ် အဲရိုးမင်းသား စတက်ဖန် အမ်းမဲလ် သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကားကောင်းတစ်ကားအဖြစ် ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားသလို လုံးဝစရိုက်မတူညီတဲ့ ညီအစ်ကိုတွေ ဘယ်လိုနားလည်မှုနဲ့ အဖွဲ့တစ်ခုအဖြစ်လှုပ်ရှားနိုင်ခဲ့လည်း ဆိုတာကိုလဲ သရုပ်ဖော်ပြထားပါတယ်။ တခါတလေ ခက်ခဲတဲ့ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လောက်စေတနာပါပါ အမြဲမမှန်နိုင်တာမို့ အဖွဲတစ်ခုရဲ့ စဉ်းစားဉာဏ်နဲ့ အင်အားဆိုတာ အမြဲထည့်တွက်ရမယ့်အရာဆိုတာ လိပ်ညီအစ်ကိုတွေကနေ သင်ခန်းစာယူရင်း ဟာသနဲ့အက်ရှင်ကောင်းတွေ ခံစားနိုင်ကြပါစေ။ (ဇာတ်လမ်း အညွန်းနဲ. ဘာသာပြန်သူကတော. Moe Myint Lwin ပဲဖြစ်ပါတယ်) File size…(982 MB) Quality… WEB.DL 720p Format…mp4 Duration….01:52:00 Subtitle….Myanmar Subtitle (Hardsub) Translator....Moe Myint Lwin Encoder…Thanhtike Zaw

Action • Adventure • Science Fiction
6 2016 112 mins
Teenage Mutant Ninja Turtles: Out of the Shadows
Flame & Citron
7.2

Flame & Citron (2008) ဒုတိယကမ္ဘာစစ်ကိုနောက်ခံထားပြီးတော့ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားပါ။ ဗင့်နဲ့ ဂျော်ဂျန်က ဒတ်ချ်တော်လှန်ရေးအတွက် နာဇီပူးပေါင်းဆောင်ရွက်သူတွေကို ရှင်းပစ်ရတဲ့အလုပ်ကို တာဝန်ယူရတဲ့သူတွေပါ။ သူတို့ရှင်းပစ်ရမယ့်သားကောင်တွေကို အက်ဆယ် ဝင်သာဆိုတဲ့မဟာမိတ်ခေါင်းဆောင်က သတ်မှတ်ပေးတာပါ။ ဒါပေမဲ့ အချို့အကြောင်းအရင်းတွေကြောင့် ဝင်သာကို သူတို့သံသယရှိလာကြတဲ့အခါ အကြောင်းအရာတွေက ပိုရှုပ်ထွေးလာပါတယ်။ ဒါ့အပြင် ဗင့်က ကတ်တီဆယ်မာဆိုတဲ့မိန်းကလေးတစ်ယောက်ကို သဘောကျမိသွားပေမဲ့ ကတ်တီကလည်းနိုင်ငံရေးအရှုပ်အရှင်းတွေမှာပါဝင်ပတ်သက်နေတဲ့သူဖြစ်နေပါတယ်။ ဒီရှုပ်ထွေးမှုတွေအကုန်လုံးကို ဗင့်နဲ့ဂျော်ဂျန်တို့နှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရှုရမယ့်ဇာတ်ကားပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။) File Size : 2GB, 767MB, 429MB Quality : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format : mp4 Duration : 2hr 10mins Genre : Action, Drama, History Translated by Yee Wai Encoded by Kinnov

Drama • Romance
7.2 2008
Flame & Citron
Huang Miao Village’s Tales of Mystery
5.9

နေရာအနှံ့ ခရီးလျှောက်သွားနေတဲ့ တာအိုဆရာ ဦးလေးကျိုနဲ့ တပည့်ဖြစ်သူ ချန်ကန်းနဲ့ ချိုးရွှေတို့ဟာ ဟွမ်မြောင်ရွာကို ရောက်သွားရာမှ သတို့သမီးဖုတ်ကောင်နဲ့ ကြုံတွေ့ခဲ့ရပါတယ် အဲဒီနောက်မှာတော့ သတို့သမီးဖုတ်ကောင်ဟာ ဟွမ်အိမ်တော်က သခင်မမှန်းသိလိုက်ရတဲ့အခါမှာ ဟွမ်သခင်ကြီးရဲ့ ဖိတ်ခေါ်မှုကြောင့် ဟွမ်အိမ်တော်ကို ဖုတ်ကောင်ကိစ္စဖြေရှင်းဖို့ ရောက်သွားခဲ့ကြပါတယ် ဒီလိုနဲ့ ဖုတ်ကောင်ကိစ္စအပြင် ရွာထဲမှာ အဆိပ်ပိုးကောင်ကိစ္စတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဖုတ်ကောင်ကိစ္စဟာ မရိုးရှင်းတော့ဘဲ ဦးလေးကျိုနဲ့သူတပည့်တွေအတွက် ခေါင်းစားစရာ ဖြစ်လာပါတော့တယ် တဖြည်းဖြည်းနဲ့ သေတဲ့သူကသေ ရူးတဲ့သူကရူး ဖြစ်လာတဲ့အခါမှာ ဦးလေးကျိုတို့ ဆရာတပည့်တွေ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ အားပေးကြပါဦး

Horror • Comedy
5.9 2023
Huang Miao Village’s Tales of Mystery
Bedurulanka (2023)
6.3

Bedurulanka 2012 (2023) IMDB 6.2/10 ရထားတဲ့ အိန္ဒိယ Telugu ဘာသာစကားပြော ဟာသ/ဒရာမာ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ် Telugu မင်းသား Kartikeya Gummakonda သရုပ်ဆောင်ထားပါတယ် 2012 ဆိုတာ တစ်ချိန်က နာမည်ပေါက်သွားခဲ့တဲ့ Hollywood ကမ္ဘာပျက်ဇာတ်လမ်းပါ ဒီကားလေးကလည်း အဲဒီ 2012 ဒီဇင်ဘာ 21ရက်နေ့အကြောင်းကိုသတင်းမီဒီယာတွေ တကြော်ကြော်ပြောနေတာတွေနဲ့ စတင်ထားပါတယ် Bedurulanka ဆိုတဲ့ ရွာလေးက ပညာတတ်နည်းပါးပြီး အုပ်ချုပ်ရေးမှူးကအစ တကယ့်သောက်တလွဲပါ ထိုအချိန်မှာ မီဒီယာရဲ့စကားတွေကို ထပ်ဆင့်ခုတုံးလုပ်ပြီး စီးပွားရှာချင်တဲ့ လူတစ်စုကလည်း ရှိနေပြန်ပါတယ် ရှီဗာဆိုသူက ရွာမွေးခြံပေါက်ဆိုပေမဲ့ မြို့မှာ ရုပ်ရှင်ဇာတ်ကားတွေအတွက် CGI effect တွေပြုလုပ်တဲ့ artist တစ်ယောက်ဖြစ်ပါတယ် ရွာမှာတော့ သူချစ်ရတဲ့ မိန်းကလေးကျန်နေခဲ့ပါတယ် တစ်နေ့ လက်ပေါက်ကပ်တဲ့ စီးပွားရှင် နဲ့ အနုပညာသမား ရှီဗာနဲ့ စကားအဝေ မတည့် ဖြစ်ပြီး ရှီဗာတစ်ယောက် အလုပ်ကထွက်လို့ ရွာပြန်လာပါတော့တယ် “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ အတိုင်း ဘေးဒုက္ခရောက်မယ်ဆိုကာမှ | အသွင်ပေါ်လာတဲ့လူတွေရဲ့ ကိုယ်ကျင့်တရားကို ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးပဲ အပန်းပြေအောင်ရိုက်ကူးထားပါတယ် အညွှန်းကို KKKZ မှရေးသားထားပြီး ဘာသာပြန်သူတွေကတော့ KKKZ ~ ToMo ~ Alex ~ Dee တို့ပဲဖြစ်ပါတယ်

6.3 2012
Bedurulanka (2023)
The Innocent
6.7

The Innocent (2022) ~ IMDb – 6.7/10, Rotten Tomatoes – 98% ~ Little Women (2019) ထဲက မမ Saoirse Ronan ရဲ့ဇာတ်ကောင်အတွက် နောက်ဆုံးမှာပေါ်လာတဲ့ ဖူးစာရှင်ဖြစ်သူ ခန့်ခန့်ညားညား တောင့်တောင့်ဖြောင့်ဖြောင့်ကြီးကို မှတ်မိကြမလား မသိဘူး။ အဲဒီသရုပ်ဆောင်မင်းသား Louis Garrel ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားတဲ့ ပြင်သစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမေတစ်ခု သားတစ်ခုနေလာတဲ့ အာဘဲလ်တစ်ယောက် အမေဖြစ်သူ နောက်အိမ်ထောင် ထူတော့မယ်ဆိုတဲ့အခါ စိတ်ခုစရာကြုံလာပါတယ်။ ပြဿနာကတော့ အမေ့ချစ်သူက လက်ရှိအချိန်မှာ ထောင်၅နှစ်ကျနေတဲ့သူပဲဖြစ်ပါတယ်။ တားမရတဲ့အဆုံး တရားခံဘဝနဲ့ထောင်ထဲရှိနေတုန်းပဲ လက်ထပ်ပွဲကျင်းပလိုက်ကြပေမဲ့ ပထွေးအဖြစ် ထောင်ကလွတ်လာတဲ့နောက်ပိုင်း အာဘဲလ်ရဲ့ အမြင်မကြည်မှုတွေ သံသယတွေနဲ့က သူ့အမေရဲ့ အိမ်ထောင်ရေးမှာ သာယာစေပါ့မလား။ အာဘဲလ်ဟာ အမေ့ကို ကာကွယ်ဖို့အသင့်ဖြစ်နေတဲ့ သားတစ်ယောက်ပေမဲ့ ပြစ်မှုကျူးလွန်ဖူးသူတစ်ယောက်ကရော တစ်ခါ အပြစ်သားဖြစ်ရင် တစ်သက်လုံး အပြစ်သားဆိုတဲ့ အမြင်အောက်မှာ ရှိနေဖို့လိုသလား။ ကိုယ်တိုင်ကိုယ်၌ကြားက အမေ့အပေါ်စိတ်ပူမှုနဲ့ လူသားဆန်ဆန်သဘောထားကြီးမှုကြား လွန်ဆွဲနေတဲ့ အာဘဲလ်ရဲ့ ပထွေးပေါ် ချဉ်းကပ်မှုခရီးစဉ်ပေါ့။ သိမ်မွေ့မှုနဲ့ ရာဇဝတ်မှု၊ ရယ်မောစရာနဲ့ ရင်မောစရာ မဆိုစလောက်စီမျှပါဝင်တာမို့ ဖျော်ဖြေရေးရုပ်ရှင်ကောင်းတစ်ခုလို့ပြောရင် မမှားနိုင်ပါဘူး။ ဒီ့ပြင်ကိုမှ ဒီထဲက မင်းသမီးကလည်း Portrait of a Lady on Fire ထဲက Noémie Merlant ဆိုတော့ ဘာများတွေဝေနေဖို့လိုဦးမလဲနော့်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 765MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 39Min Genre – Comedy, Crime, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.7 2022 99 mins
The Innocent
Jack Strong
7

ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာ အရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။ သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့ စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့ သူ့မိသားစုရဲ့လုံခြုံရေးအတွက် “Jack Strong” ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီး အမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာ တရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာ ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။ စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့ သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 2.1 GB / 895 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre ….. Thriller , Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

7 2014 123 mins
Jack Strong
Neru
7.8

Neru (2023) “အမှန်တရား” IMDb – 7.8/10 (function(f,b,n,j,x,e){})(); လေးတန်းတောင်မအောင်ဘဲ မိသားစုကိုစော်ကားဖို့ကြံတဲ့သူရဲ့အလောင်းကို ဖျောက်ပြခဲ့တဲ့ မူရင်းမလေယာလမ်းရုပ်ရှင်ထဲက မင်းသားကြီး Mohanlal Viswanathanရဲ့ ရုံတင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို အမေရိကန်ဒေါ်လာ တစ်သန်းကျော်အသုံးပြုရိုက်ကူးခဲ့ပြီး ဆယ်ဆကျော် ပြန်လည်ရရှိခဲ့တာပါ။ Jawan (2023)ရုပ်ရှင်ထဲမှာပါခဲ့တဲ့ မင်းသမီးချောလေး ပါရီယာမာနီလည်း ပါဝင်ထားပါသေးတယ်။ ပန်းပုပညာရှင် မျက်မမြင်အမျိုးသမီးလေးရဲ့ ပုံဖော်မှုကြောင့် မုဒိမ်းသမားကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ သက်သေမခိုင်လုံတာကြောင့် မုဒိမ်းကောင်က အာမခံနဲ့ လွတ်သွားခဲ့ပါတယ်။ မုဒိမ်းကောင်မိသားစုက အင်မတန်ချမ်းသာတဲ့မိသားစု ဖြစ်တာရော သူတို့အမှုကို လိုက်ပေးတဲ့ရှေ့နေရဲ့ ဂုဏ်သတင်းကျော်ဇောမှု ဩဇာညောင်းမှုတွေကြောင့်ရောနဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်ဘက်ကနေ လိုက်ပေးမဲ့ ရှေ့နေကို ရှာဖို့ရာမလွယ်ကူခဲ့။ ဒီမှာပဲ ကျွန်တော်တို့ရဲ့ လေးတန်းမအောင်တဲ့ဇာတ်လိုက်ကျော်ကြီးက အဓိကနေရာကိုရောက်လာပါတော့တယ်။ တရားကိုစောင့်ပါတယ်ဆိုတဲ့ နတ်က တကယ်ပဲရှိတာလားဆိုတာ ကြည့်ရှုသူအပေါင်းတို့ကပဲ ဝေဖန်သုံးသပ်ကြပါဦးတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.8 2023
Neru
Humane
5.5

Humane ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်မှာ အသစ်ထွက်ရှိထားတဲ့ Horror, Thriller ရုပ်ရှင် အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Caitlin Cronenberg က ရိုက်ကူးပေးထားပြီး Jay Baruchel ၊ Emily Hampshire နဲ့ Sebastian Chacon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်လမ်းကိုမှ မိသားစု Drama အမျိုးအစားပါ ပေါင်းစပ်ပါဝင်နေပြီး ဇာတ်ကောင်တွေဟာ ကိုယ်တိုင်အသက် ရှင်ခွင့်ရဖို့အတွက် တစ်ကိုယ်ကောင်းဆန်ပြီးသတ်ဖြတ်ကြပုံတွေကို ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ကမ္ဘာကြီးက ဂေဟဗေဒဆိုင်ရာပျက်ကပ်နဲ့ကြုံတွေ့လာရတာကြောင့် ကမ္ဘာခေါင်းဆောင်တွေဟာ ကမ္ဘာမြေရဲ့လူဦးရေကိုလျှော့ချဖို့ သဘောတူညီချက်တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ ဒီသဘောတူညီချက်အရ နိုင်ငံတိုင်းဟာ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့လူဦးရေလျှော့ချမှုကို ပြည့်မီအောင်လုပ်ဆောင်ကြရမှာပါ။ ဒီအတွက် နိုင်ငံသားတွေက မိမိတို့ဆန္ဒအလျောက်ဇီဝိန်ခြွေခံဖို့ လာရောက် စာရင်းပေးကြရမှာဖြစ်ပြီး စာရင်းပေးသူတိုင်းကိုလည်း ဆုငွေပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားပြီး ချမ်းသာကြွယ်ဝတဲ့ယော့ခ်မိသားစုဝင်တွေဟာ စာရင်းပေးတာက သူတို့နဲ့မသက်ဆိုင်တဲ့အရာတစ်ခုလိုခံယူထားခဲ့ပေမယ့် အငြိမ်းစားသတင်းတင်ဆက်သူဖြစ်တဲ့ ဖခင်ကြီးမစ္စတာယော့ခ်က ရုတ်တရက်စာရင်းပေးခဲ့ပါတယ်။ သားသမီးတွေကိုကြိုတင်မပြောဘဲ ဇီဝိန်ခြွေမယ့်ဝန်ထမ်းတွေရောက်လာမယ့်အချိန်မှာမှ သားသမီးတွေကိုနောက်ဆုံးညစာအတူစားဖို့ဖိတ်ရင်းပြောပြခဲ့ပြီးတဲ့နောက် မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်။ File size…1.15GB / 507MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024
Humane
Red Eye
6.5

Red Eye (2005) ============= IMDb Rating – 6.5/10 Mean Girls နဲ့ The Notebook ဇာတ်ကားတွေထဲက ဇာတ်ဆောင် မင်းသမီး ရေချယ်မက်အက်ဒမ်စ်နဲ့ ကျွန်တော်တို့ရဲ့ တွမ်မီရှယ်ဘီကြီး တစ်ဖြစ်ရော၊ အော့ပန်ဟိုင်းမားဇာတ်ရုပ်တွေမှာပါ လူကြိုက်များခဲ့ ကြတဲ့ ‌ခီလီယန်မာဖီတို့နှစ်ယောက်ရဲ့ သည်းထိတ်ရင်ဖိုဆန်ဆန်ဇာတ် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဟိုတယ်မန်နေဂျာမလေး လီဆာက အဘွားဖြစ်သူရဲ့ဈာပနာကိုသွားပြီး အိမ်အပြန်လမ်းခရီးမှာ သူတစ်သက်မေ့မှာမဟုတ်တဲ့အရာကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့လိုက်ရပါတော့တယ်။ လီဆာက မိုင်ယာမီကိုပြန်ဖို့ ဒဲလ်လက်စ် လေဆိပ်မှာစောင့်နေရင်း ဂျက်ဆန်ဆိုတဲ့အမျိုးသားတစ်ယောက်နဲ့ဆုံတွေ့ ခဲ့တယ်။ ဂျက်ဆန်က ကူညီရိုင်းပင်းတတ်ပြီးရည်မွန်တဲ့လူတစ်ယောက် ဖြစ်တယ်။ တိုက်ဆိုင်ချင်တော့ သူတို့နှစ်ယောက်စလုံး ထိုင်ခုံအတူတူထိုင် ရတယ်ပေါ့လေ။ တကယ်တော့ ဒါတွေဟာတိုက်ဆိုင်မှုတွေ မဟုတ်ခဲ့ပါဘူး အရာအားလုံးဟာ စနစ်တကျကြိုတင်စီမံထားတဲ့ အရာတွေပါပဲ။ လေယာဉ်ပေါ်မှာ စကားတွေ ပြောရင်းပြောရင်းနဲ့ ဂျက်ဆန်ကလီဆာ့ကိုတဖြည်းဖြည်းနဲ့ခြိမ်းခြောက်လာ ပါတော့တယ်။ ဂျက်ဆန်က တကယ်တော့ အကြမ်းဖက်သမားဖြစ်ပြီး ဘယ် လိုတွေ ခြိမ်းခြောက်သွားလဲဆိုတာကတော့ ဇာတ်ကားထဲမှာ စိတ်ဝင်တစား ရင်တမမနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ထုံးစံအတိုင်း ခီလီယန်မာဖီကတော့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ် ဆောင်ဖြစ်သလို . ရေချယ်ရဲ့ လီဆာနေရာမှာ သရုပ်ဆောင်မှုကလည်း လုံးဝ ကိုကောင်းမွန်ပြည့်စုံလွန်းလှပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.35 GB) / (670 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Khant Sett Naing Encoder……….SWM

6.5 2005
Red Eye
Ghost Trail Les fantômes
6.7

Ghost Trail (2024) IMDb Rating (6.7) / Rotten Tomatoes (100%) ထုံးစံအတိုင်း ပြင်သစ်ကို ပြည်ပြေးလာခဲ့တဲ့ ကမ္ဘာအရပ်ရပ်က မငြိမ်မသက်နိုင်ငံတွေကလာခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ရိုက်တဲ့ သူတို့နိုင်ငံမငြိမ်သက်မှုတွေ ကြောင့် သူတို့ဖြတ်သန်းခဲ့ရတဲ့ ကမ္ဘာပျက်တွေအကြောင်းပါပဲ။ ဆီးရီးယားရဲ့ သားသတ်အိမ်လို့ခေါ်တဲ့ Sednaya ထောင်ကနေ လွတ်လာခဲ့တဲ့ ပြည်ပြေးတွေက တိုင်းတစ်ပါးမှာ ခိုလှုံရင်း မလွတ်လာခဲ့သူတွေ သေသွားတဲ့သူတို့မိသားစု တွေအတွက် မကျက်သေးတဲ့အနာတွေကို ကုစားနေရပုံကို တင်ပြထားတယ်။ အစိုးရဘက်ကနေ သူတို့ကို ဒီထောင်ထဲ နှိပ်စက်ခဲ့ သူတို့အသိတွေကိုသတ်ခဲ့တဲ့ ပြည်ပြေးစစ်သားဟောင်းတွေကိုလည်း ရောက်တဲ့အရပ် ရောက်တဲ့နိုင်ငံမှာ လူမသိသူ မသိ အဖွဲ့သေးသေးလေးတွေဖွဲ့ပြီး လိုက်ရှာပြီး တရားခွင်တင်ဖို့ ကလဲ့စားချေဖို့ကြိုးစားခဲ့ကြတယ်။ ဒီရုပ်ရှင်မှာ ဆီးရီးယားကနေ ပြေးလာခဲ့တဲ့ ပြည်ပြေးတွေရဲ့ ဝေဒနာပေါင်းစုံကို မြင်ရပါလိမ့်မယ်။ Rotten Tomatoesတော့ ၁၀၀ရာခိုင်နှုန်းရထားပါတယ်။ ဒါမျိုးကားတွေက အော်စကာရဲ့နိုင်ငံခြားရုပ်ရှင်ဆန်ခါတင်စာရင်းမှာ အမြဲပါနေကျဆိုတော့ ပါကောင်းပါလာနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.9 GB) / (0.9 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery Duration….01:47:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Comedy
6.7 2024
Ghost Trail Les fantômes