YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) The Offer.S01E03.Fade.In.720p.mp4

354.33 MB N/A video/mp4 455 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Clue
7.2

Clue (1985) ~ IMDb – 7.2/10, Rotten Tomatoes – 68% ~ Clue ဟာ board game ကို Inspiration ယူပြီး ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ နည်းနည်းတော့ ဆန်းတယ်မလား။ ပုံမှန်ဆို ရုပ်ရှင်ကိုမှ board game ပြန်လုပ်ကြတာမလား။ ဒီရုပ်ရှင်ဟာ တကယ့် ကလပ်စစ်ဂကြောင် ရုပ်ရှင်ပါ။ ဘာလို့ဆို သူဆန်းတာက ဒီလောက်တင်မဟုတ်ဘဲ စုံထောက်ကားကိုမှ ဟာသကားဖြစ်အောင်ရိုက်ထားတာလည်း ပါတာကိုး။ တကယ့် ကကြိုးကကြောင်ဇာတ်ဝင်ခန်းတွေနဲ့ ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းစစဖွင့်ချင်းမှာ အိမ်တစ်အိမ်ကို လူ့နယ်ပယ်နဲ့ သူ နာမည်ကြီးတဲ့ နာမည်ကျော်လူတွေကို ဖိတ်ခေါ်လိုက်တယ်။ နာမည်ပျက်ခံလို့မရတဲ့သူတွေချည်းပေါ့။ သူတို့အားလုံးမှာ တူညီတာက ငွေညှစ်ခံနေရတဲ့တစ်ချက်ပဲ။ အဲဒီငွေညှစ်ခံရတာကို ဖိတ်ခေါ်တဲ့သူက ဘယ်လိုသိလဲ ဘာလဲညာလဲ အဖြေရှာရင်း လူသတ်မှုတွေဖြစ်လာတယ်။ အဲဒီလူသတ်မှုကို သူတို့ ကြားထဲပဲ ပြန်အဖြေရှာတယ်။ ဒါပါပဲ။ ဘုတ်ဂိမ်းကို ပြန်ရိုက်ထားတာဆိုတော့ ဘုတ်ဂိမ်းဆန်ဆန် ဇာတ်လိုက်လည်းမပါသလို ကစားသမားတိုင်းက အဓိကပါပဲ။ ဘုတ်ဂိမ်းကစားသလိုကို ကစားသမားတွေရဲ့ စောက်တလွဲတွေ ဖြစ်ချင်သလိုဖြစ်နေတာတွေနဲ့ ခွီရမယ့် လူသတ်မှုအဖြေရှာတဲ့ စောက်တလွဲဇာတ်လမ်းပါပဲ။ သေချာတာကတော့ ဘာပဲဖြစ်ဖြစ် ခင်ဗျား ပထမ၁၅မိနစ်လောက်ကို ကြည့်ကြည့်ပါ။ ခင်ဗျားစိတ်က ဒီဇာတ်လမ်းပြင်ပကို ဘယ်လိုမှမထွက်နိုင်တော့ဘူး ဖြစ်သွားပါလိမ့်မယ်။ ဒီလိုဆွဲဆောင်မှုရှိတဲ့ ဂကြောင်ဇာတ်လမ်းပါ။ သူ့ဆန်းပုံက ဒါတင်ပဲမဟုတ်သေးဘူးရယ်။ ပါရာမောင့်ရဲ့ စောက်စားအကွက်ကြီးလည်း ဒီရုပ်ရှင်ရဲ့ကြောင်နိုင်အားကို ပိုဆန်းသစ်စေခဲ့ပါတယ်။ ဒီရုပ်ရှင်ရုံတင်တုန်းက ပါရာမောင့်က တစ်ချို့ရုံတွေက ဇာတ်သိမ်းတစ်မျိုး တစ်ချို့ရုံတွေတစ်မျိုးနဲ့ ဇာတ်သိမ်း၃ခု သုံးခဲ့ပါတယ်။ ဇာတ်သိမ်းသုံးခုလုံးကို သိချင်ရင် လက်မှတ်၃ခါပြန်ဝယ်ပြီး ရုံတွေလိုက်ပတ်ကြည့်ရအောင်လုပ်ထားတဲ့ ပါရာမောင့်ရဲ့ မဟာစီးပွားရေးအကွက်မြင်မှုကြီးပေါ့။ ဒီလိုနဲ့ ဒီရုပ်ရှင်ဟာ သမိုင်းတွင်တဲ့ ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ ကလပ်စစ် ဂကြောင်ကားကြီးပေါ့။ ဒီမှာတောာ့ ဇာတ်သိမ်းသုံးခုလုံးကို ပြထားသလို ကိုယ့်စိတ်ကြိုက်ဇာတ်သိမ်းကိုလည်း ရွေးလို့ရပါတယ်။ ကျွန်တော်ကတော့ ပထမဇာတ်သိမ်းကို အကြိုက်ဆုံးပါပဲ၊ ဆက်စီကျပြီး လန်းလို့ပါ။ ရော်ဂျာအတ်ဘတ်ကတော့ ၃ခုလုံးကြည့်ရအောင်တန်တဲ့ကားမဟုတ်ဘူးပြောပေမဲ့ ကျွန်တော်သာ အဲဒီခေတ်မှာ ပတ်ကြည့်မှ ၃ခုလုံးကြည့်ရမယ်ဆို ကြည့်မိမှာတော့ အမှန်ပါပဲ။ ဟာသဖြစ်အောင်ရိုက်ထားလို့ ကြောင်သလို ပဟေဌိလည်းဆန်တဲ့ တကယ့်စုံထောက်ဇာတ်ကောင်းလည်းဟုတ်ပါတယ်။ သရုပ်ဆောင်တွေ ပြောင်မြောက်တာကလည်း တစ်ပိုင်းပေါ့။ ဆက်စီကျတဲ့ သရုပ်ဆောင်ကလည်းကျတယ်။ စောက်တလွဲတွေချည်းအကုန်ပတ်လုပ်ကြတာတွေကလည်း တကယ်အသက်ဝင်ပါတယ်။ ဒီဗရုတ်သုတ်ခတွေကိုက ဒီဇာတ်လမ်းရဲ့ အားသာချက်ပဲလို့ ဆိုရပါမယ်။ နာမည်ကျော်ဘုတ်ဂိမ်းကြီးကို သရုပ်ဆောင်တွေက အသက်ဝင်အောင်လုပ်ပေးခဲ့တဲ့ ကလပ်စစ် ဂကြောင်ကားအဆန်းကြီးကို ကြည့်ချင်ရင်တော့ ထူးထူးခြားခြား ဒီ Clue ဆိုတဲ့ကားကို ကြည့်ကြည့်ကြပါ။ အင်တာတိန်းလည်း တော်တော်ဖြစ်သလို အချိန်လည်းသိပ်မပေးရတဲ့အပြင် ကလပ်စစ်အရသာကိုပါ ခံစားနိုင်မယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 704MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 34Min Genre – Comedy, Crime, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Crime • Drama • Thriller
7.2 1985 94 mins
Clue
Butterfly in Grey
4.8

ဒေါင်ဝ် အဖြစ် SuangSuda Lawanprasert အီယတ် အဖြစ် Pitchanart မာလီ အဖြစ် Patharawarin Timkul ဇာတ်လမ်းအကျဥ်း ဒေါင်ဝ်ဆိုတဲ့ မိန်းကလေးက ချမ်းသာတဲ့အပြင် အေးချမ်းစွာနေတတ်တဲ့ ဘွဲ့ရပညာတတ်သမီးလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ် တစ်ရက် ဖခင်ဖြစ်သူ သတိပေးတဲ့ကြားက ရဲအရာရှိတစ်ဦးနဲ့ချစ်သူဖြစ်ခဲ့ပြီး ချစ်သူဖြစ်သူနဲ့တခြားမိန်းကလေး အိပ်ရာထက် ဖောက်ပြန်နေတာကြောင့် သေနတ်နဲ့အဆုံးစီရင်ခဲ့လို့ ထောင်၁၀နှစ်ကျခဲ့ရတယ် ထောင်ကလွတ်လာတဲ့အခါ ပြည့်တန်ဆာခေါင်းဖြစ်တဲ့ မာလီအိမ်မှာ နေရင်း ​ပြည့်တန်ဆာတွေရဲ့အတွေးအမြင်တွေ ၊သူတို့ရဲ့စိတ်ခံစားချက်တွေ၊ တစ်ဦးချင်းစီရဲ့ဘဝတွေနဲ့ ထောင်ထဲကအတွေ့အကြုံတွေကို ဒေါင်ဝ်က ဝတ္ထုရေးခဲ့ပါတယ် ဒီဇာတ်လမ်းမှာတော့ လူတွေသဘောမကျ ရှောင်ဖယ်ကြတဲ့ ပြည့်တန်ဆာတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဘဝအတွက်ရွေးချယ်ရပုံတွေကို မြင်ရမှာပဲဖြစ်ပါတယ် File Size__(2.7GB) / (1GB) Quality__1080p, 720p IMDb Rating__5.8/10 Format__mp4 Duration__01:45:00 Type__Adult ,Crime Subtitle__Myanmar Subtitle (Hardsub) Translated by Butterfly Encoded by Dark Devil

Action • Crime
4.8 2002 104 mins
Butterfly in Grey
Hot Tub Time Machine
6.4

လတ်တလောလေးကတင် ကောင်မလေးထားသွားတာကို ခံထားရတဲ့ အဒမ်၊ ဝင်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်နေရပြီး မိန်းမကလည်းဖောက်ပြန်နေတဲ့ နစ်ခ်နဲ့ အရက်ဂျိုး လုဆိုတဲ့ အရှုံးသမားသူငယ်ချင်းသုံးယောက်ရှိပါတယ်။ တစ်‌နေ့မှာ လုက သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်ရင်းနဲ့ ဆေးရုံရောက်သွားပြီး မိသားစုမရှိတဲ့ လုအတွက်တော့ သူ့ကိုစောင့်ကြည့်ပေးဖို့က တခြားသူငယ်ချင်းနှစ်ယောက်ရဲ့ တာဝန်ဖြစ်သွားခဲ့ပါတယ်။ လု အတွက်ပိတ်ရက်ခရီးထွက်ပေးဖို့ စီစဉ်ကြရင်း သူတို့လူငယ်ဘဝက ကဲခဲ့ကြတဲ့ ကိုဒီအက် ဗယ်လီ နှင်းလျောစီးစခန်းကို သူတို့သူငယ်ချင်း သုံးယောက်နဲ့အတူ အဒမ်ရဲ့တူလေးဖြစ်သူ ဂိမ်းဂျပိုး ဂျေကော့ပါလိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟိုတယ်မှာသောက်ကြရင်းနဲ့ သူတို့စိမ်နေကြတဲ့ ရေပူကန်ရဲ့ ခလုတ်ခုံပေါ်ကို အချိုရည်ဖိတ်ချသွားတာ‌ေကြာင့် အချိန်ခရီးသွားနိုင်တဲ့ ကန်ဖြစ်သွားခဲ့ပြီး အတိတ်ကိုပြန်ရောက်သွားကြပါတယ်။ ဖြစ်ချင်တော့ သူတို့ကံဆိုးခဲ့ကြတဲ့ 1986 ခုနှစ် ဆောင်းရာသီပွဲတော်ကိုရောက်သွားခဲ့ကြပါ။ အဒမ်တို့သာ အတိတ်မှာလုပ်ခဲ့သလိုမျိုးအတိအကျမလုပ်ရင် အနာဂတ်ကအရာတွေလည်း ဗြောင်းဆန်အောင် ပြောင်းလဲသွားနိုင်ချေရှိတာမလို့ အတိတ်ကအတိုင်းဖြစ်အောင်လုပ်ပြီး ဂျေကော့မွေးလာတာသေချာအောင် လုပ်ကြရင်း အနာဂတ်ကိုပြန်ဖို့လုပ်တဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာမလဲ၊ အတိတ်ဆိုတာပြင်ချင်တိုင်းရောပြင်လို့ရရဲ့လား၊ သူတို့ရော ပစ္စပ္ပုန်ကာလကို ပြန်သွားနိုင်မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုကြရမှာပါ။ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေနဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူးဗျ။ File size…(2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Science Fiction, Comedy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

6.4 2010
Hot Tub Time Machine
Glisten and the Merry Mission

Glisten and the Merry Mission (2023) ============================ IMDb Rating – 6.5/10 CM ပရိသတ်ကြီးအတွက် Christmas ရာသီရဲ့ latest animation ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ခံယူချက်တွေ၊ ယုံကြည်သက်ဝင်မှုတွေကပဲ အဖြေရှာပေးသွားပြီး ဘဝအမောတွေကို ပြေစေမဲ့ ဇာတ်လမ်းကောင်းလေးပေါ့။ ကဲ ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ခရစ်စမတ်နေ့မှာ ဆန်တာကြီးကနေ ကလေးတွေကို လက်ဆောင်ပေး နိုင်ဖို့အတွက် အရုပ်လေးတွေကို ဖန်တီးပေးရတဲ့ နတ်သူငယ်လေးတွေ နေထိုင်တဲ့ ရွာလေးတစ်ရွာရှိပါတယ်။ မာဇီပန်ကတော့ အဲဒီရွာမှာ နေထိုင် တဲ့ နတ်သူငယ်မလေးတစ်ယောက်ပါ။ မာဇီပန်ရဲ့ အမေဖြစ်သူကတော့ အရုပ်ထုပ်လုပ်ရေးအလုပ်ရုံရဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဖြစ်ပြီး သမားရိုးကျအတိုင်း သွားနေတဲ့ အလုပ်ရုံကြောင့် အရုပ်တွေ လုံ‌လုံလောက် လောက် မထုတ်နိုင်မှာကို အမြဲစိုးရိမ်နေတတ်ပါတယ်။ တစ်ရက်မှာတော့ စက်ချို့ယွင်းမှုကြောင့် အရုပ်စာရင်းတွေ အဆမတန် တက်လာခဲ့ပြီး မာဇီပန့်အမေပြောခဲ့တဲ့အတိုင်း နတ်သူငယ်တို့ ဒုက္ခလှလှနဲ့ တွေ့လာကြတာပေါ့။ ဆိုတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သူတို့တွေ စစ်ဆင်ရေးတစ်ခုကို ဆွဲလိုက်ကြပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ နာမည်ကတော့ “Merry Mission” ပါတဲ့။ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ပွဲထွက်လာတာမို့ ကလေးလူကြီးမရွေး နှစ်သက်ကြမဲ့ ဇာတ်လမ်းလေး ဖြစ်လာဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.5 GB) / (500 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….May Thet Khine Soe Encoder……….SWM

0 2023 78 mins
Glisten and the Merry Mission
Insurgent
6.2

ဒီကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပြီး ယခင် Divergent ရဲ့ sequel ဇာတ်လမ်း ဖြစ်ပါတယ်။ ဒါရိုက်တာ Robert Schwentke က ရိုက်ကူးထားပြီး ယခင်ကားထဲက သရုပ်ဆောင်တွေပဲ ပြန်လည်ပါဝင် သရုပ်ဆောင်ထားပါတယ်။ IMDb 6.1 ထိလည်း ရရှိထားပါတယ်။ ယခင်ကားမှာ ဒေါင့်လက်စ်တွေက အပ်နီဂေးရှင်းကို ဝင်စီးရင်း တိုက်ခိုက်ကြတာကနေ ထရစ်နဲ့ ဖိုးရ်တို့အပြင် ဒေါင့်လက်စ် လူသစ်အတော်များများ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ ထရစ်တို့ မောင်နှမနဲ့ ဖိုးရ်တို့က အမ်မတီတွေရဲ့ လယ်ကွင်းတွေထဲမှာ ခြေရာဖျောက်နေရင်း လွတ်မြောက်သွားတဲ့ ဒေါင့်လက်စ်တွေကို စုံစမ်းနေကြတယ်။ ဒီအချိန်မှာ ဂျနီးန်က မြို့တည်သူတွေ ချန်ထားခဲ့တဲ့ သတင်းစကားပါတဲ့ သေတ္တာကို ရသွားပြီး ဒီသေတ္တာကို ဖွင့်နိုင်ဖို့ ဒိုင်ဗားဂျန့်တွေကို အစွမ်းကုန် လိုက်ရှာပါတော့တယ်… File size… 5 GB / 2 GB / 1 GB Quality… BluRay 4K HDR / 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Action/Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by EM

Documentary
6.2 2015 119 mins
Insurgent
Primal

သြစတြေးလျနိုင်ငံလို့ပြောလိုက်တာနဲ့ သ ားပိုက်ကောင်တွေနဲ့ တစ်ခြားသော တစ်မူထူးခြားတဲ့ တိရစ္ဆာန်လေးတွေ ကျယ်ကျယ်ပြန့်ပြန့်ကျက်စားတဲ့နိုင်ငံလို့လည်း လူသိများကြပါတယ်။ အခုတင်ဆက်ပေးမယ့် ဇာတ်ကားမှာလည်း သြစေတြးလျက သူငယ်ချင်း လူငယ်လေးတစ်စု (မဲလ်, အန်ယာ, ခရစ်စ်, ဝေါရန်, ဒေ့စ်, ချက်ဒ်) ဟာ အန်ယာ့ရဲ့ ဘိုးဘေးဦးလေးဖြစ်သူရေးဆွဲခဲ့တဲ့ ကျောက်တုံးနံရံဆေးရေးပန်းချီကို ရှာဖွေဖို့ ထွက်လာကြပါတယ်။ သူတို့မသိတာက တောနက်ထဲမှာ သူတို့ကိုစောင့်ကြိုနေတဲ့ ခြောက်ခြားထိတ်လန့်ဖွယ် သဘာဝလွန်ဖြစ်ရပ်တွေ ရှိနေတယ်ဆိုတာပါ။ ဇာတ်လမ်းလေးဟာ နောက်ဘာဆက်ဖြစ်မလဲ ရင်တမမနဲ့ ကြည့်ရှူရမှာဖြစ်ပြီး survival ဇာတ်လမ်းတွေ ကြည့်ရှူရတဲ့ လူတွေအတွက် ဖြစ်နိုင်ပါတယ်။ File size… 1.6 GB / 944 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Horror / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Ko Wunna

0 2010 80 mins
Primal
Trapped Balloon
7.4

Trapped Balloon (2023) မိခင်မရှိတော့တဲ့နောက် တစ်ကိုယ်တည်းနေနေတဲ့ ဖခင်ဖြစ်သူနဲ့တွေ့ဖို့ ဟီရိုရှီးမားက တဲရှိမ ဆိုတဲ့ ကျွန်းလေးဆီ ရောက်လာခဲ့တဲ့ ရင်ကိုဆိုတဲ့ ကောင်မလေးတစ်ယောက်… ရင်ကို ဒီလိုပြန်လာတာကလည်း နာမကျန်းဖြစ်နေတဲ့ အဖေ့ကို ပြုစုဖို့၊ ဆုံးသွားတဲ့ အမေ့ကို သတိရလို့ဆိုတာတွေအပြင် အလုပ်လုပ်တိုင်း အဆင်မပြေမှုတွေ ကြုံရပေါင်းများလို့ စိတ်ဓာတ်ကျနေတာလည်း ပါပါတယ်။ ဒီလိုမျိုးအကြောင်းပြချက်တွေနဲ့ တဲရှိမကျွန်းဆီ ရောက်လာတဲ့ ရင်ကိုရဲ့ဘဝထဲ ဝင်ရောက်လာသူကတော့ ကန်းဂျိဆိုတဲ့ ထူးဆန်းတဲ့သူတစ်ယောက်ပါပဲ။ ကန်းဂျိဆိုတာက နှုတ်နည်းပြီး တစ်နေ့တစ်နေ့ ငါးထောင်ဖမ်းလိုက်၊ အိမ်ပြန်လာလိုက်၊ လတ်ဆတ်တဲ့ငါးတွေရရင် ရင်ကိုတို့အိမ်ကိုပေးလိုက်၊ ရင်ကိုနဲ့ သူ့အဖေတို့ အကူအညီလိုရင် လာကူညီလိုက်နဲ့ ဘဝကို တည်ငြိမ်အေးဆေးစွာ ကျော်ဖြတ်နေသူပါ။ ရင်ကိုအတွက် ထူးဆန်းနေတာကတော့ ရင်ကိုတို့အိမ်ကို ကန်းဂျိတစ်ယောက် တံခါးမရှိ ဓားမရှိဝင်ထွက်နေတာရယ်၊ ကန်းဂျိအိမ်မှာ အမြဲချည်ထားတဲ့ ပူဖောင်းရယ်ပါပဲ။ ရင်ကိုတစ်ယောက် ကန်းဂျိကို ကြောက်နေရာကနေ တစ်နေ့မှာတော့ ပျောက်နေတဲ့ မူလတန်းကျောင်းသူလေးကို သွားကယ်လာတဲ့ ကန်းဂျိဖြစ်သူကြောင့် နှုတ်နည်းလွန်းတဲ့ ကန်းဂျိအကြောင်းကို ပိုလို့တောင် သိချင်သွားပါတော့တယ်။ ကန်းဂျိဆိုတဲ့သူဟာ ဒီလောက်စိတ်သဘောထားကောင်းပါရက်နဲ့ ဘာလို့ အပြုံးအရယ်နည်းနေခဲ့ပါသလဲ? ချည်နှောင်ထားတဲ့ ပူဖောင်းလေးတွေက “စောင့်နေမယ်”ဆိုတဲ့ သင်္ကေတပါတဲ့။ မပြီးပြတ်နိုင်သေးတဲ့ သံယောဇဉ်အမျှင်တန်းတွေဟာလည်း ဇာတ်ကားနာမည်လိုမျိုး လေနှင်ရာ လွတ်လွတ်လပ်လပ် မလွင့်နိုင်တဲ့ ပူဖောင်းလေးအတိုင်းပါပဲ။ ရင်ကိုနဲ့ ကန်းဂျိတို့နှစ်ယောက် သောကဗျာပါဒတွေကို အချင်းချင်း ဘယ်လိုကုစားကြမလဲဆိုတာကိုတော့ ဟီရိုရှီးမားဒေသကို နောက်ခံထားရိုက်ကူးပြီး ဆုတွေအများကြီးရထားတဲ့ ဂျပန် Drama ရုပ်ရှင်မှာ ဆက်လက်ခံစားကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Egg ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 806MB 420MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Egg Encoder ….. Aaron

7.4 2023
Trapped Balloon
[18+] Maharot
5

တန်တန်ကအထက်တန်းကျောင်းတက်နေဆဲ နယ်မြို့သေးသေးလေးက လူငယ်လေးတစ်ယောက်ပါ။ တစ်နေ့တော့ သူတို့အိမ်ကိုဂျိုနီဆိုတဲ့မိန်းမငယ်တစ်ယောက်လာငှားနေပါတယ်။ စူးစူးရဲရဲလှသလို အိမ်ကိုလည်းယောက်ျားတွေတရစပ်ဝင်ထွက်နေတတ်တဲ့သူ့အနေအထိုင်ဟာ ပတ်ဝန်းကျင်ကလူတွေ စကားတင်းဆိုစရာဖြစ်သလို သူတို့သားတွေကိုလည်း ဒီမိန်းမနဲ့မရောနှောဖို့ဆုံးမကျရင်းက တန်တန်ကတော့ ဒီမမကိုမှ အစွဲကြီးစွဲလန်းမိပါတော့တယ်။ လူပျိုပေါက်ကလေးရဲ့စိတ်ကူးယဉ်အိမ်မက်တွေတကယ်ဖြစ်လာမလား၊ စိတ်ကူးယဉ်မှန်းဆရတဲ့ဘ၀ကလွတ်နိုင်မလားဆိုတာကို ဆက်ပြီးရှုစားကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(630MB)/( 300MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:47:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024 46 mins
[18+] Maharot
Enemy at the Gates
7.5

Enemy at the Gates ( 2001 ) ဒီဇာတ်လမ်းက ဒုတိယဇာတ်ကမ္ဘာစစ်ကို အဆုံးအဖြတ်‌ပေးခဲ့တဲ့ တိုက်ပွဲတစ်ခုအကြောင်းလို့ ပြောရင်လည်းပြောလို့ရတယ်။ ဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက တိုက်ပွဲပေါ့။ ဒီတိုက်ပွဲမှာ ဆိုဗီယက်တပ်နီတော်ကနေ ဂျာမန်တပ်တွေကို လုံးလုံးအနိုင်ယူနိုင်ခဲ့တယ်။ ဒီစစ်ပွဲမှာ စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ ဂျာမနီတွေလည်း၉သိန်းကျော်၁၀သိန်းနီးပါးရှိခဲ့တယ်။ ဒီစစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တွေကြား အင်အားက တော်တော်လေးကွာခြားခဲ့တယ်။ ဆိုဗီယက်တွေဘက်က ရိုင်ဖယ်တစ်လက်ကို နှစ်ယောက်ခွဲသုံးကြရတဲ့အထိကို လက်နက်အင်အားနည်းပါးခဲ့သလို ပြည်သူ့စစ်ကိုထည့်သုံးရတဲ့အထိကို အင်အားနည်းပါးခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေးခိုင်မာခဲ့တယ်။ ဆိုပေမဲ့ ဒီရုပ်ရှင်တော့ အဲဒီလိုစိတ်ဓာတ်ခိုင်မာလာဖို့ လုပ်ရတဲ့ ဝါဒါဖြန့်စစ်ပွဲတွေ အတင်းအကျပ်ရဲ့အပိုင်းတွေကို ဒီရုပ်ရှင်မှာ ပါးပါးလေးပြသွားခဲ့သလို သူ့ဘာသာသူကို စိတ်ဓာတ်ခိုင်မာနေတဲ့အပိုင်းကိုလည်း ပြသွားခဲ့တယ်။ သမိုင်းကြီးတဲ့ ဒီစစ်ပွဲက ဒီရုပ်ရှင်ရဲ့နောက်ခံပေမဲ့ ဒီရုပ်ရှင်က မီးမောင်းထိုးပြထားတာက ဒီစစ်ပွဲအကြောင်းကိုတော့ မဟုတ်ခဲ့ဘူး။ Enemy at the Gates ဟာ ဒီစစ်ပွဲရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာပါခဲ့တဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်အကြောင်းကို မီးမောင်းထိုးပြသွားတယ်။ Enemy at the Gatesမှာ စစ်ပြတဲ့အခြေအနေက ဆိုဗီယက်တွေက ဂျာမနီရဲ့တိုက်ခိုက်မှုကို တင်းခံနေရပေမဲ့ တပ်ဆုတ်ရင်ပစ်သတ်ဆိုပြီး အမိန့်ပေးထားရတဲ့အထိ စိတ်ဓာတ်ရေးရာက ပျက်ပြားနေခဲ့တယ်။ ဒီတော့ ပစ်မလွဲဖြစ်နေတဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်ရဲ့ အောင်ပွဲတွေကို သူရဲကောင်းဆန်ဆန် ရေးသားပြီး ပြည်သူတွေအားလုံး စိတ်ဓာတ်တက်ကြွလာအောင် ဝါဒဖြန့်ခဲ့တယ်။ အဲဒီလက်ဖြောင့်တပ်သားက ဒီတိုက်ပွဲရဲ့အရေးအပါဆုံး နာမည်အကျော်ဆုံး တပ်သားတစ်ယောက်ဖြစ်ခဲ့သလို တစ်ချိန်တည်းမှာပဲ ဒီတိုက်ပွဲရဲ့ အလေးဆုံးဝန်ကို ထမ်းထားရတဲ့ စစ်သားလည်းဟုတ်ခဲ့တယ်။ သူ့အလေးဆုံးဝန်က တကယ်တမ်း ရာထူးတွေ တာဝန်တွေထက် အားလုံးအချစ်ခံနေရ ချီးကျူးခံနေရတာဖြစ်ခဲ့တယ်။ တလောက ဇာတ်လမ်းတွဲတစ်ခုထဲက မှတ်မှတ်ရရရှိလိုက်တဲ့ ဒိုင်ယာယော့လိုတစ်ခုအတိုင်းပါပဲ။ ချီးကျူးခံရတာက ချီးကျူးခံရတဲ့သူဘက်ကပဲ ဝန်လေးတာဖြစ်ပြီး ချီးကျူးလိုက်ရတဲ့သူဘက်က ဘာမှ မဆုံးရှုံးသွားဘူးတဲ့။ ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုတွေကြားမှာ အဲဒီလက်ဖြောင့်တပ်သားက ကျရှုံးလို့မဖြစ်တဲ့ သူရဲကောင်းတစ်ယောက်အဖြစ်နေနေရမယ့် ဝန်ကြီးကို ထမ်းထားရတယ်။ ပြောရရင် ဒီရုပ်ရှင်ဟာ စစ်ပွဲတစ်ပွဲအကြောင်းဆိုတာထက် အလေးဆုံးဝန်ကို ထမ်းထားရတဲ့တပ်သားတစ်ယောက်အကြောင်းပဲ။ သာမန်စစ်သားတစ်ယောက်လို ရဲရဲတိုက် ရဲရဲသေလိုက်တာကမှ သူ့အတွက်ပိုလွယ်နေသေးပေမဲ့ သူကျရှုံးသွားရင် အားလုံးစိတ်ဓာတ်ပျက်ပြားသွားနိုင်တယ်ဆိုတဲ့အချက်ကြောင့် သူက ဒီဝန်ကြီးကို သူထမ်းနေရတယ်။ ဒီလိုနဲ့ သူ့ဂုဏ်သတင်းကြောင့် ပျက်ပြားလာတဲ့ ဂျာမန်စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ပြန်အဖတ်ဆည်ဖို့ ဂျာမန်ဘက်ကလည်း သူတို့ရဲ့ နာမည်ကျော်စနိုက်ပါသမားကို လွှတ်လိုက်တယ်။ သူ့ထက်ပညာအရာမှာသာနေတဲ့ ဂျာမန်စနိုက်ပါသမားကို ရုရှစနိုက်ပါသမားလေးက ရှုံးလို့မဖြစ်တဲ့ဝန်ကြီးကို သယ်ပြီး ရင်ဆိုင်ခဲ့ရတယ်။ Enemy at the Gates ( 2001 )ဟာ စစ်ပွဲတစ်ပွဲမှာ ဝါဒဖြန့်ချီရေး စိတ်ဓာတ်စစ်ဆင်ရေးက အရေးအပါဆုံးဖြစ်ကြောင်း တင်ပြထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ စစ်ကားတစ်ကားဆိုတာထက် လူ့စရိုက်တွေ လူတန်းစားကွာဟမှုတွေကို ပေါ်လွင်အောင် တင်ပြထားတဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Enemy at the Gatesရဲ့ ဒါရိုက်တာ Jean-Jacques Annaudဟာ The Lover (1992)တို့ Seven Years in Tibet (1997)တို့လို ဒီမှာလူသိများတဲ့ ကားတွေအပြင် တခြားကားကောင်းတွေကိုလည်း ရိုက်ခဲ့သလို ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် စနိုက်ပါသမား၂ယောက်နေရာမှာ Ed Harrisနဲ့ Jude Lawတို့လို သရုပ်ဆောင်ကောင်းတွေကိုသုံးထားပေးတယ်။ ဘာမှတော့မဟုတ်ပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အတွက် သိပ်လှတဲ့အခန်းက ဘွဲ့ရပညာတတ်ပေမဲ့ ရှေ့တန်းမှာပဲ မရမကတိုက်ချင်နေတဲ့ ကောင်မလေးကို လက်ဖြောင့်တပ်သားလေးက တစ်ဖက်လှည့်နဲ့ သူ့နေရာသူပြန်သွားဖို့ နားချတဲ့အခန်းပဲ။ ” တောထဲမှာ ဝံပုလွေတွေက သုံးနှစ်ပဲ အသက်ရှင်နိုင်ပေမဲ့ မြည်းတွေကတော့ ကိုးနှစ်ရှင်နိုင်တယ်။ မြည်းတွေက ပိုအသုံးဝင်လို့ ကြာကြာရှင်ရတယ်”လို့ လက်ဖြောင့်တပ်သားလေးကပြောတော့ ကောင်မလေးက ” အဓိပ္ပာယ်မရှိတာကြီး တောထဲမှာ မြည်းမရှိဘူးလေ”လို့ ပြန်ပြောလိုက်တယ်။ ခဏတော့တွေသွားပြီးမှ ကောင်မလေးထပ်ပြောခဲ့တဲ့စကားက “ရှင်က ကျွန်မကို မြည်းလို့ပြောချင်တာလား”တဲ့။ File size… 8.9 GB / 2.6 GB / 895 MB Quality… BluRay HEVC 4K / 1080p / 720p Format… mp4 Duration…. 2h 11m Genre ….. Drama/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

Horror • Thriller
7.5 2001
Enemy at the Gates
Pyaar Diwana Hota Hai
5

Pyaar Diwana Hota Hai (2002) – ထူးဆန်းသောချစ်ခြင်းတရား သီတင်းကျွတ်အခါသမယလေးမှာ အိမ်တွင်းအောင်းကြမယ့် ပရိသတ်တွေအတွက် ဘောလီးဝုဒ်အချစ်ဟာသကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ (၂၀၀၂) ကထွက်ထားတာဆိုတော့ ကားဟောင်းလေးဆိုပေမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ နယူးဒေလီလို မြို့ကြီးမှာ အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့ မြို့ပေါ်တက်လာတဲ့ ကျေးလက်ဒေသရွာလေးတစ်ရွာက ဆွန်ဒါ…အနုပညာမှာထူးချွန်သလို ရုပ်ရည်ကလည်းသန့်ပြန်ချောမောပေမယ့် ဂေါ်မစွံသေးတဲ့လူပျိုကြီးဆွန်ဒါ… မြို့ပေါ်က လူလည်ကြီးသားသမီး သူငယ်ချင်းတွေက ဗျူဟာတွေခင်းပေးပေမယ့် ဂေါ်မစွံဖြစ်နေရှာတဲ့ ဆွန်ဒါတစ်ယောက် ပါယယ်ခူရာနာဆိုတဲ့ မိန်းမချောလေးတစ်ယောက်နဲ့ အမှတ်မတင်ဆုံစည်းခဲ့မိပြီး မိန်းမချောလေးရဲ့အချစ်ကိုရဖို့ ဟန်ဆောင်လိမ်ညာခဲ့ရင်းကနေအစပြုပြီးတော့…… ဇာတ်လမ်းလေးအဆုံးမှာ ဂေါ်မစွံလူပျိုကြီးတစ်ယောက် မိန်းမချောလေးနဲ့ပေါင်းဖက်ခွင့်ရမလားဆိုတာကို ကြည့်ရှုခံစားရင်း သီတင်းကျွတ်အခါသမယကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးလိုက်ကြရအောင်လား။ (အညွန်းနဲ့ဘာသာပြန်ကိုတော့ Bollywood Team မှ ရေးသားပေးထားတာဖြစ်ပါတယ်)

5 2002
Pyaar Diwana Hota Hai
Balestra
5

ပါရမီရှက်လို့ အများကသက်မှတ်ထားတဲ့ ဓားရေးကစားသမား ဂျိုအန်နာဟာ ပြိုင်ပွဲတွေမှခေတ္တအနားယူပြီးနောက် ပဲရစ်အိုလံပစ်တွင် ဝင်ပြိုင်ခွင့်ရရှိရန် ကြိုးပမ်းပါတော့တယ်။ ပဲရစ်အိုလံပစ်တွင် ပြိုင်ခွင့်ရရန်အတွက် အမှတ်တက်အောင် တခြားပြိုင်ပွဲမျိုးစုံကို ဝင်ပြိုင်သော်လည်း ထင်သလိုရလဒ်များမထွက်လာသောအခါ ခေတ်မီနည်းပညာတမျိုးကို စမ်းသပ်ပြီး အိမ်မက်ထဲမှာပါ လေ့ကျင့်ခွင့်ရအောင်ကြိုးစားပါတော့တယ်။ အဲဒီစက်ကို ဆက်တိုက်အသုံးပြုလာရင်းနှင့် ဂျိုအန်နာတစ်ယောက် အိမ်မက်တွေကိုစွဲလမ်းလာသောအခါ အစစ်အမှန်လောကနှင့် တဖြည်းဖြည်းကင်းကွာလာသောအခါ သူ၏ခင်ပွန်း နည်းပြဖြစ်သူက စက်ကိုအသုံးပြုခြင်းကို ရပ်တန့်ရန်ကြိုးစားပါတော့တယ်။ ဂျိုအန်နာတစ်ယောက် အိမ်မက်တွေကိုစွဲလမ်းခြင်းကို ရပ်တန့်နိုင်မလား မျှော်မှန်းထားသလို ရွှေတံဆိပ်ဆုရယူနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(750 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:25:00 Genre… Drama, Fantasy, Sci-Fi, Sport, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

5 2024 145 mins
Balestra
Mirg

Mirg ( 2024 ) မုဆိုးနဲ့သားကောင် ဒီတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက် အက်ရှင်ဟာသကားအမျိုးအစားဖြစ်ပါတယ်။ Mirg ဆိုတဲ့ ကျားသစ်ဟာ တွေ့မြင်ရခဲတဲ့ ဒဏ္ဍာရီလာကျားသစ်ဖြစ်ပြီး ဟိမချပ်ပြည်နယ်ရဲ့ အနိမ့်ပိုင်းဒေသတွေမှာ ကျက်စားလေ့ရှိပါတယ်။ ဇာတ်ကားအကျဉ်းကတော့- ဒီကားထဲမှာတော့ အနဲလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ တရားမဝင်အလုပ်တွေခိုင်းတတ်တဲ့ ခေါင်းဆောင်လက်အောက်မှာ အမိန့်တွေကို နာခံတတ်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူနဲ့တွဲဖက် ရစ်ထုပ်ကြီးရာဗီနဲ့ကြားမှာ အမှတ်မထင် သဘောထားကွဲလွဲမှုလေးတွေဖြစ်ပြီးတဲ့နောက် ဘဝအပေါ်အမြင်တွေလည်း ပြောင်းလဲသွားခဲ့ပါတယ်။ သူက ဘာလို့ ဒီအမိန့်တွေကို မျက်စိမှိတ်နားပိတ်ပြီး လိုက်နာနေရသလဲ? မတရားမှန်းသိပေမယ့်လည်း ဘာကြောင့် ဘယ်သူကမှ မတော်လှန်ရဲကြတာလဲ? အာဏာရှိသူတွေက တကယ်ပဲ ဒဏ္ဍာရီတွေထဲကပြောသလို နည်းနည်းမှ သွားထိလို့မရတဲ့သူတွေဟုတ်ရဲ့လား? ဒါမှမဟုတ် သူတို့အပေါ်ကြောက်ရွံမှုတွေပိုများလာစေဖို့ ဝါဒဖြန့်ခြင်းသက်သက်ပဲလား? မုဆိုး(hunter)နဲ့ သားကောင်(hunted)ကြားမှာ စာလုံးလေးတစ်လုံးပဲကွာခြားတယ်။ Dထည့်လိုက်တာနဲ့ သားကောင်ဖြစ်ပြီး R ထည့်ရင် မုဆိုးဖြစ်သွားတယ်။ ဒီထက်မပိုသလို ဒီထက်လည်းမနည်းဘူး။ အနဲကိုယ်တိုင်ရော မုဆိုးဖြစ်မလား သားကောင်ဖြစ်မလားဆိုတာ… ( ဘာသာပြန်နဲ့အညွှန်းက CM Bollywood Team မှဖြစ်ပါတယ် )

0 2024 83 mins
Mirg
Runaway God Of Wealth 6
5.6

CMက‌နေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့နတ်မင်းတွေ အကြောင်းရိုက်ကူးထားတဲ့ ဟာသကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် လူတွေရဲ့သဘောသဘာဝအရ ချမ်းသာကြွယ်ဝချင်ကြတာကြောင့် စည်းစိမ်ဥစ္စာနတ်မင်းဆီမှာ ဆုတောင်းကြတာပေါ့ အဲ့တော့ သူတို့နတ်မင်း ဌာနက အရမ်းကို အလုပ်ရှုပ်တာပေါ့ အဲ့လိုနဲ့ တစ်နေ့မှာ နတ်မင်းတွေရဲ့ ခေါင်းဆောင်ဖြစ်သူက ကံကောင်းခြင်းနတ်မင်းငါးပါးရဲ့ဌာနကနေ လူလျှော့ရမယ်ဆိုပြီး အထက်အမိန့်ကျလာတာပေါ့နော် အဲ့တော့ ဘယ်ဌာနကို လျှော့ရမလဲဆိုတာ ခေါင်းစားစရာတစ်ခုဖြစ်လာရော အားလုံးကလည်း စည်းစိမ်ဥစ္စာနတ်မင်းရဲ့ ဌာနက လူများတာကြောင့်သူ့ဌာနက လျှော့ဖို့ ထောက်ခံကြရော အဲ့အချိန်မှာ စည်းစိမ်နတ်မင်းက သူ့ဆီက လူမလျှော့ဖို့အရေး ကောင်းကင်ဘုံကနေ ပျောက်ဆုံးသွားတဲ့ အံ့ဖွယ်ကျောက်ကို တစ်လအတွင်း ပြန်ရှာပေးမယ်ဆိုပြီးကတိတစ်ခုပြုလုပ်လိုက်ပါတယ် အဲ့တော့ သူ့လူတွေကို သဲလွန်စအတိုင်း လိုက်ရှာခိုင်းတဲ့ အချိန်မှာတော့ အံ့ဖွယ်ကျောက်ရဲ့ တည်နေရာကို ညွှန်ပြပေးနိုင်မယ့် ကြေးပြားမှန်ချပ်က လူ့ပြည်က ပဲပေါက်စီဆိုင်ပိုင်ရှင် ဝမ်ရှောင်ဟွားဆီမှာရှိနေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့

Drama • Music
5.6 2025
Runaway God Of Wealth 6
: A Space Travesty (2000)

ဒီ ဇာတ်ကားကတော့ လကမ္ဘာပေါ်မှာ အခြေစိုက်ထားတဲ့ Vegan ဂြိုလ်ပေါ်မှာ သမ္မတ အစစ်ကို ဖမ်းဆီးထားပြီး ဂြိုလ်သားတွေ ဖန်တီးထားတဲ့ ကိုယ်ပွားအတုက ကမ္ဘာပေါ်မှာ ရှိနေကြောင်း သိရှိသွားတဲ့ Marshal Dix ဆိုတဲ့ လူတစ်ယောက်ဟာ Vegan ဂြိုလ်ပေါ်ကို သွားရောက်ပြီး သမ္မတ အစစ်ကို ကယ်တင်ပြီး ဂြိုလ်သားတွေ ကျူးကျော်လာမှုကို တားဆီးနိုင်မလားဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ကြည့်ရှု့သူ ပရိသတ်တွေ မပျင်းရိစေရအောင် ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ် File size…(2.1 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Science Fiction, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ko Dee

0 2001
: A Space Travesty (2000)
Mukadderat
6.8

Mukadderat (2024) / Fate (2024) ******************************** ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ တူရကီနိုင်ငံက ရိုက်ကူးတဲ့ Mukadderat ဆိုတဲ့ Drama ဇာတ်ကားလေးဖြစ်ပါတယ်။ အိမ်ရှင်မအဖြစ် သမရိုးကျ နေလာတဲ့ ဆုလ်တန်ရဲ့ ဘဝက ယောက်ျားဖြစ်သူ ဆုံးပါးပြီး အသက် ၆၅ နှစ်မှ ဘဝအချိုးအကွေ့ဖြစ်ခဲ့ရပုံကို ရိုက်ကူးတင်ဆင်ပြထားပါတယ်။ ဒီဇာတ်ကားလေးက အမျိုးသမီးများ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ့်အစွမ်းအစလက္ခဏာနဲ့ အမျိုးသမီးအခန်းက္ဍကို ပေါ်လွင်စေတဲ့ ဇာတ်ကားကောင်းဖြစ်တဲ့အတွက်ကြည့်ရှုသူပရိသတ်များ စိတ်ခွန်အားရစေမယ့် ဇာတ်ကားဖြစ်မှာအသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်း ************** အိမ်ထောင်သည် သားနဲ့ သမီး ရှိတဲ့ သာမန် အိမ်ရှင်မ ဆုလ်တန် ဆိုသူဟာ .. နေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲနေတဲ့ ခင်ပွန်းဖြစ်သူကို ပြုစုရင်းနေလာခဲ့ပါတယ်။ ၂ နှစ်အကြာမှာ ခင်ပွန်းသည်က ကွယ်လွန်အနိစ္စရောက်သွားခဲ့ရာ သား သမီး မြေးတွေပါနာရေးကို လာရောက်လုပ်ကိုင်ပေးခဲ့ကြပါတယ်။ ခင်ပွန်းသည် သေဆုံးပြီး ၂ ရက်အကြာမှာ ဆုလ်တန်က ယောက်ျားယူချင်ကြောင်း၊ အထီးကျန်ပြီး တစ်ယောက်တည်း မသေသွားလိုကြောင်းပြောပြီး ကိုယ်တိုင်ကလည်း ငယ်စဉ်က သူ့ကိုချစ်ခဲ့သူ မုဆိုးဖို ရူစ်တမ်ဆီကို သွားပြီး သူနဲ့လက်ထပ်ချင်လား မေးခဲ့ရာ အငြင်းခံလိုက်ရပါတယ်။ ဒီအချိန်မှာ ကွယ်လွန်သူ ခင်ပွန်းရဲ့ သေတမ်းစာအတွက် သားနဲ့သမီးက ရှေ့နေဆီမှာ သွားဖတ်ကြတဲ့အခါ ဆုလ်တန်ကို နောက်‌အိမ်ထောင်ပြုရင် အမွေမပေးလိုကြောင်း သိသွားခဲ့ပါတယ်။ အမွေပေးတာ မမျှတတဲ့အတွက် စကားများနေတဲ့ သားနဲ့သမီး၊ ရူစ်တမ်ဆီက အငြင်းခံလိုက်ရတဲ့အပြင် သေသွားတဲ့ခင်ပွန်းဖြစ်သူကပါ သူ့ကို အမွေမပေးလိုတဲ့အတွက် သူ့အပေါ် မတရားလုပ်သလို ခံစားလာရတဲ့ ဆုလ်တန် သူ့ဘဝ ကျန်နေသေးတဲ့ နေ့ရက်များစွာအတွက် ဘယ်လိုတွေ စီမံလုပ်ဆောင်သွားမလဲဆိုတာ ရှုစားကြည့်လိုက်ကြရအောင်ပါ… (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.63GB / 715MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 30m Genre ….. Family, Comedy, Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ, Char Ou & Dao Phyo Encoded by AHtet

Drama • History • War
6.8 2014 90 mins
Mukadderat