YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) The Novelist's Film (2022) 720p.mp4

1.13 GB N/A video/mp4 403 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Act of Valor
6.5

ကော်စတာရီကာရဲ့ဟိုတယ်တစ်ခုမှာCIA အေးဂျင့်၂ယောက်တည်းခိုနေတယ်... ဒီသတင်းကိုဘယ်ကဘယ်လိုရတယ်မသိ..အကြမ်းဖက်သမားများရောက်ရှိလာပြီးအမျိုးသားအေးဂျင့်ကိုတော့နဖူးကိုကျည်တစ်တောင့်ပစ်ကျွေးပြီးအမျိုးသမီးအေးဂျင့်ဖြစ်သူကိုတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်.... ဒီနောက်မှာတော့အမျိုးသမီးအေးဂျင့်ကိုပြန်လည်ခေါ်ယူဖို့ မရိန်းစစ်သားတွေကိုအမေရိကန်တို့စုစည်းခဲ့တယ်... အေးဂျင့်အမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်သူဟာ တကယ့်ထိပ်သီးဒုစရိုက်ခေါင်းဆောင်ဖြစ်နေတဲ့အပြင် ခေတ်မှီလက်နက်ကြေးစားလက်နက်ကိုင်စစ်သည်တို့အပြည့်နဲ့ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်... ဒီအမှုမှာမူးယစ်ရာဇာတွေအကြမ်းဖက်သမားတွေနဲ့တကယ့်ကိုကြောက်စရာအရှုတ်အထွေးကြီးပါပဲ... ဒါပေမယ့် ကယ်ထုတ်တဲ့စစ်ဆင်ရေးဟာ ထင်သလောက် မလွယ်ကူတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဟာ အမေရိကန်နိုင်ငံအတွက် စက်တင်ဘာ-၁၁ရက် အရေးအခင်း ထက်ပိုဆိုးတာတွေ ကြုံလာနိုင်ကြောင်း သိရှိလာရတဲ့အခါမှာတော့…..။ ကိုင်းမရိန်းတပ်သားတွေဘယ်လိုအစီအစဉ်တွေဆွဲကြလဲ....သူတို့အကုန်လုံးအသက်ပျောက်သွားနိုင်လား... အောင်မြင်ကြပါ့မလား...CIA အေးဂျင့်အမျိုးသမီးကိုရောကယ်တင်နိုင်ပါ့မလား.... ထင်ထားတာထက်တိုက်ပွဲတွေကြမ်းနေမလား... ခံစားကြည့်လိုက်ပါဦးဗျို့... စစ်ကားကြိုက်သူတို့အဖို့နင်းကန်ကြည့်သင့်ပါကြောင်း....... File Size :(2.5GB) (1.1 GB) and (327 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:41:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

Action • Horror • Science Fiction
6.5 2012 110 mins
Act of Valor
Captain

ဒီတစ်ခေါက်မှာတော့ ထူးခြားတဲ့ဇာတ်အိမ်နဲ့ တောင်ပိုင်းစစ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ကပ္ပတိန် ဗက်ထရီဆယ်လ်ဗန်ဟာ ငယ်ရွယ်စဉ်ကတည်းက တပ်မတော်သင်တန်းကျောင်းတစ်ခုမှာ မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရသူပါ။ အိန္ဒိယတပ်မတော်ရဲ့အားကိုးရတဲ့စစ်သားတစ်ဦးဖြစ်ပြီးတော့ အဖွဲ့သားတွေကိုလည်း မိသားစုလိုသံယောဇဉ်ရှိသူဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူတို့အဖွဲ့သားတွေဟာ Section 42လို့ ခေါ်တဲ့နေရာတစ်ခုမှာတာ၀န်ထမ်းဆောင်ဖို့ စေလွှတ်ခံရပါတော့တယ်။ Section 42 ဆိုတာကတော့ နှစ်ပေါင်းငါးဆယ်လောက် လူသူမနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ထူးဆန်းတာကတော့ သူတို့ထက်အရင်စေလွှတ်ခံခဲ့ရတဲ့အဖွဲ့ဟာ section 42အရောက်မှာ အချင်းချင်းပစ်ခတ်ပြီး သေဆုံးကုန်ကြတာပါပဲ။ ဗက်ထရီတို့အဖွဲ့သားတွေဟာလဲ အဆိုပါနေရာအရောက်မှာ အလားတူဆိုးရွားတဲ့ကံကြမ္မာမျိုးကြုံခဲ့ရပါတော့တယ်။ တပ်သားတွေဟာ အဲ့ဒီနေရာကိုရောက်ရင် ဘာလို့အချင်းချင်းပစ်ခတ်ကုန်ကြတာလဲ.... နောက်ကွယ်မှာ ဘယ်လိုထူးဆန်းတဲ့အရာမျိုးရှိနေတာလဲ... ကပ္ပတိန်ဗတ်ထရီတို့အဖွဲ့သားတွေ ဘယ်လိုထူးခြားဆန်းပြားတဲ့ရန်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာကတော့... ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ File size…1.8GB / 883MB Quality…1080p WEB DL /  720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Poe & ThetKo & Shwe Pyae Reviewed by OeliuJ

Comedy • Drama • Music
null 2022 120 mins
Captain
Kumanthong
5.1

သစ်ပင်တစ်ပင်အောက်မှာ ကောင်လေးရယ် သူ့အမေရယ် ရပ်နေကြတယ်။ မြွေတစ်ကောင်က အဲဒီနားရောက်လာပြီး ကောင်လေးအမေကိုပေါက်ဖို့လုပ်တဲ့အချိန်မှာ ကောင်လေးက အစားအပေါက်ခံလိုက်တယ်။ ကောင်လေးသေသွားပေမဲ့ နတ်ဆရာအဖြစ်ရွေးချယ်ခံရပြီး အသက်ပြန်ဝင်လာခဲ့တယ်။ ဒါပေမဲ့ သူ့အမေကတော့ သူ့သားအတွက် ဖြေမဆည်နိုင်ဖြစ်ပြီး သတ်သေသွားခဲ့တယ်။ သူ့အမေကို ပြန်ရဖို့ ကောင်လေးဟာ နတ်နဲ့အပေးအယူလုပ်ပြီး ... ရှားရှားပါးပါးကြည့်ရခဲတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ။ Genreကလည်း Horror / Thrillerပါ။ ဗီယက်နမ်ရဲ့ ပထမဆုံးကွင်းဆက်လူသတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ဒါရိုက်တာ ဉာဏ်ကွန့်မြူးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ရှေးနတ်အယူအဆတွေ ယာဇ်ပူဇော်တာတွေနဲ့ ကွင်းဆက်လူသတ်တာကို ချိတ်ဆက်ပြီး ပုံဖော်သွားပြီး ဇာတ်အိမ်ကိုလည်း စိတ်ဝင်စားစရာကောင်းအောင် ပြထားပါတယ်။ နတ်ဆရာတွေ ဆေးကုပုံဘာညာကလည်း တွတ်ပီစာအုပ်တွေ ထဲက အတိုင်းပါပဲ။ ဗီယက်နမ်ဟန်ကို မြင်ရမှာပါ။ စုန်းလည်းဆန်သလိုလိုဖြစ်ပေမဲ့ နတ်ကားပါပဲ။ စပွိုင်လာဖြစ်မှာစိုးလို့ ဇာတ်လမ်းတော့ အများကြီးမပြောတော့ပါဘူး။ ဇာတ်လမ်းသက်သက်ချည်းလည်း ကြည့်ကောင်းသလို Thriller အငွေ့ လွှမ်းထားတဲ့ ဇာတ်ဝင်ခန်းတွေလည်း မိုက်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.8GB) / (900MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:43:00 Type__Horror, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Mystery • Thriller
5.1 2019 100 mins
Kumanthong
Bāhubali 2: The Conclusion
7.4

IMDb Rating (8.2) / Rotten Tomatoes (86%) ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ် ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။ အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ဒရာဟာ သာမန်လူတစ်ဦးပုံစံနဲ့ ချဉ်းကပ်ကာ မင်းသမီးရဲ့နိုင်ငံကို ကက်တာပါးနဲ့အတူ လိုက်သွားခဲ့ ပါတယ်။ တစ်ဖက်မှာလည်း ဘုရင်မ ကြီး ဆီဗာဂါမိဟာ ရန်သူနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ တူတော် ဘာလာကို နှစ်နိုင်ငံငြိမ်းချမ်းရေး အတွက် လက်ဆက်ဖို့ ကမ်းလှမ်း စာပို့ခဲ့ပါတယ်။ မင်းသမီးက ငြင်း ဆန်ခဲ့တဲ့အတွက် ဘုရင်မကြီး အမျက်ထွက်ပြီး ကန်တာလာကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတော့ တယ်။ မင်းသမီး ဒီဗာဆီနာတို့ နိုင်ငံကို ရန်သူတွေကျူးကျော်ဝင် လာတဲ့အခါမှာ အမန်ဒရာက ကူညီတိုက်ခိုက်ပေးခဲ့ပြီး သူ့ရဲ့ အံ့မခန်းစွမ်းအားတွေကြောင့် မင်းသမီးရော၊ ဟန်တာလာဘုရင်ကြီး ရော အံ့အားသင့်ခဲ့ကြပါတယ်။ ထူးခြားအစွမ်းတွေကြောင့် သာမန်လူ မဟုတ်တန်ရာတဲ့အ တွက် မေးမြန်းရင်း ဘုရင်မကြီးရဲ့ သားတော်ဆိုတာ သိသွားခဲ့ကြပြီး အမန်ဒရာက မင်းသမီးကို သ ဘောကျကြောင်း ဖွင့်ပြောခဲ့သလို ဘုရင်မကြီးကလည်း လက်ထပ်ဖို့ ကမ်းလှမ်းထားတာလည်း ရှိတဲ့အ တွက် မင်းသမီးကို တစ်ပါတည်း ခေါ်သွားခဲ့ပါတယ်။ ဟိုဘက်နိုင်ငံရောက်တဲ့အ ခါမှာ မင်းသမီးဒီဗာဆီနာကို ဘာ လာနဲ့ပေးစားဖို့ ကမ်းလှမ်းတာဖြစ် နေတဲ့အတွက် ဘုရင်မကြီး၊ အမန်ဒရာနဲ့ မင်းသမီးတို့ အချေအတင် တွေဖြစ်ကာ အမန်ဒရာက သူ့ မယ်တော်ကို ဆန့်ကျင်ပြီး သူ့ လမ်းသူလျှောက်ခဲ့တဲ့အတွက် ရာထူးအသိမ်းခံခဲ့ရပါတယ်။ ဘာလာက ရှင်ဘုရင်ဖြစ် သွားခဲ့ပေမယ့် လူထုကတော့ စစ်သူကြီးဖြစ်သွားတဲ့ အမန်ဒရာဘက်ကသာ ရပ်တည်ပြီး ထောက်ခံအားပေးခဲ့ကြပါတယ်။ အဲဒီအခါမှာ အမန်ဒရာအပေါ် မရှုဆိတ်တဲ့ဘာလာဟာအမျိုးမျိုးဒုက္ခတွေပေးခဲ့သလို ပြဿနာတွေဖြေရှင်းမှုမှာ လည်း ထိပ်တိုက်တွေ့ပြီး အသက်အန္တရာယ်အထိပါ ဒုက္ခပေးဖို့လုပ်ခဲ့ပါတော့တယ်။ ပြည်သူတွေဘက်က ရပ်တည်တဲ့ အမန်ဒရာနဲ့ မဟုတ်မခံမင်းသမီး ဒီဗာဆီနာတို့ ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင် ရမှာလဲ၊ ဘုရင်မကြီးနဲ့ ဘာလာက တစ်ဖက်၊ အမန်ဒရာတို့ က တစ်ဖက်ဖြစ်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမှာလဲ၊ အမန်ဒရာရဲ့ ဖြစ်ကြောင်းကုန်စင်ကိုသိသွားတဲ့ သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီတစ်ယောက် ဘယ်လိုလက်တုံ့ပြန် မှာလဲဆိုတာ ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ အမန်ဒရာ ဘာဟုဘာလီ၊ မဟင်ဒရာ ဘာဟု ဘာလီအဖြစ် ပရာဘက်စ်၊ ဘာလာအဖြစ် ရာနာ ဒက်ဂူဘာတီ၊ ဒီဗာဆီနာအဖြစ် အနွတ်ရှ်ကာ ရှက်တီ၊ ဘုရင်မကြီး ဆီဗာဂါမိ အဖြစ် ရမ်ရာခရစ်ရှ်နာ၊ ကက်တာပါးအဖြစ် ဆက်သ်ရာရာ့ဂျ်တို့ သရုပ်ဆောင်ထားပါတယ်။ (ရုပ်ရှင်အညွှန်းကိုတော့ 7Daydaily မှကူးယူဖော်ပြထားတာဖြစ်ပါတယ်။) File size…(4.2 GB ) / (3.1 GB) / (1.6 GB) Quality…BluRay 4K HEVC / 1080p / 720p Telugu Audio Format…mkv Duration….02:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tariq L Walker

Crime • Drama • TV Movie • Thriller
7.4 2017 168 mins
Bāhubali 2: The Conclusion
That Peter Crouch Film
6.9

That Peter Crouch Film (2023) ~ IMDb - 7.2/10, Rotten Tomatoes - 89% ~ ရပ်ကွက်အခေါ် "ပီတာခရော့" ပြောင်ပြီးခေါ်တာ "ပီတာငပျော့" ချစ်လို့ခေါ်ရင် "ပီတာငကျော့" ပီတာခရောက်ခ်ျဆိုတဲ့နာမည်က ဘောလုံးပရိသတ်တွေနဲ့ စိမ်းတဲ့နာမည်တော့မဟုတ်ပါဘူး။ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ လီဗာပူး၊ စပါး၊ စတုတ်စီးတီးနဲ့ အင်္ဂလန်ရဲ့ ရွှေရောင်မျိုးဆက်မှာ ပါဝင်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်အဖြစ် မှတ်မိနေကြမှာပါ။ အရပ်မြင့်မြင့် ခြေတံလက်တံရှည်ရှည်နဲ့ ဂိုးသွင်းပြီး စက်ရုပ်အက ကတယ်ဆိုတာ ဘုရားသခင်သွန်းလုပ်တဲ့ ဒီပုံမကျပန်းမကျကစားသမားနဲ့ ခွဲထုတ်လို့မရတဲ့အရာတွေပေါ့။ ဒီစက်ရုပ်ကြီးက ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၁၀၀ သွင်းခဲ့ပြီး ခေါင်းတိုက်ဂိုးအများဆုံးဆိုတဲ့ စံချိန်ကိုတင်ထားပါတယ်။ ပီတာခရောက်ခ်ျဟာ ပရီးမီးယားလိဂ်မှာဆိုရင် တော်တော်ကို Underrated ဖြစ်တဲ့ ကစားသမားလို့ ကျွန်တော်ပြောရင် ငြင်းချင်တဲ့လူတွေရှိလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြောပါရစေဦး။ ပီတာ‌ခရောက်ခ်ျလို အရပ်အမောင်းနဲ့ ရှေ့တန်းတိုက်စစ်မှူးဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သူ့လို ဂိုးတွေသွင်း ဖလားတွေယူဖို့ဆိုရင် ပိုတောင်ခက်ဦးမှာပါ။ သူ့ရဲ့ ကစားပေါက်ကိုကြည့်မယ်ဆိုရင် အရပ်အမောင်းမြင့်တာအပြင် သူ့မှာ နည်းစနစ်ကြွယ်ဝမှုတစ်ခုရှိနေတယ်ဆိုတာလည်း မြင်ရပါလိမ့်မယ်။ ဂိုးတွေ တဒိုင်းဒိုင်းလှိမ့်သွင်းတဲ့ကစားသမားမျိုးမဟုတ်ပေမဲ့ လွှတ်ထားလို့ရတဲ့ကစားသမားမျိုးလည်းမဟုတ်ပြန်ဘူး။ သူကန်တာက အချိုးမကျဖြစ်နေပေမဲ့ ခေါက်ရိုးမညီမှုကြားမှာ အနုပညာချည်မျှင်ပါးပါးလေးတစ်ချောင်းရှိတယ်။ အဲဒီချည်မျှင်လေးကပဲ ကျွန်တော်တို့ကို သူ့ကစားဟန်‌‌ကနေ ရုန်းမရအောင် ချည်ထားခဲ့တာဖြစ်မှာပါ။ ပီတာခရောက်ခ်ျ ဒိုင်ယာရီတွေက ကျွန်တော်တို့သတိမထားမိခင် ကျွန်တော်တို့ရင်ထဲ ကြိုထွင်းထုပြီးသားဖြစ်နှင့်နေတယ်။ စက်ရုပ်အက ကတဲ့ဘဲကြီး... ကလန်ကလား ဘဲကြီး... ခေါင်းတိုက်ဂိုးတစ်ပေါက်တော့ နောက်လို့မရဘူးဆိုတဲ့ဘဲကြီး... အစရှိသဖြင့်ပေါ့။ လက်ဖက်ရည်ဆိုင်ခေတ်မှာ ကျွန်တော်ဘောလုံးပွဲစကြည့်ဖြစ်တော့ ပီတာငကျော့ဟေ့လို့ တစ်ယောက်အော်လိုက်တာနဲ့ ကျွန်တော်တို့မှာ ပြူးတူးပြဲတဲ ကလန်ကလားနဲ့ ဘဲကြီးကို ရယ်ချင်သလိုလို ထူးဆန်းသလိုလို မျက်လုံးမျိုးတွေနဲ့ ငေးခဲ့ရဖူးတယ်။ သူ့မျက်နှာမှာ အပြုံးတစ်ပွင့်ပန်ပြီး က,လိုက်တဲ့ စက်ရုပ်အကမှာ သူ့လက်တစ်ချက်လှုပ်တိုင်း ကျွန်တော်တို့ အပျော်တွေ တစ်စက်ချင်း သွေးကြောထဲစိမ့်ဝင်ခဲ့ရတာပေါ့။ အောင်မြင်မှုအရ ခြေစွမ်းအရ ဆိုရင် သူ့ထက်သာတဲ့ကစားသမားတွေ မရေမတွက်နိုင်အောင်ရှိလိမ့်မယ်။ ဒါပေမဲ့ ပရိသတ်အချစ်ကိုရတဲ့နေရာမှာတော့ သူ့ထက်သာတဲ့လူ လက်‌နှစ်ဖက်ပြည့်မယ်မထင်ပါဘူး။ ကလန်ကလား၊ ဂိုးမသွင်းတတ်‌တဲ့ကောင်၊ အင်္ဂလန်လက်ရွေးစင်နဲ့ မတန်ဘူး ဘာညာဆိုတဲ့ ဝေဖန်သံတွေ၊ အမုန်းစကားတွေကြားထဲက ပီတာခရောက်ခ်ျတစ်ယောက်ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ပြီး အိမ်ပြင်မထွက်ရဲတဲ့ထိဖြစ်ရာကနေ ပရိသတ်အချစ်တော် ကစားသမား‌တစ်ယောက် ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာကို ဒီမှတ်တမ်းရုပ်ရှင်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘောလုံးဆိုတာ အသင်းနှစ်သင်း အလုံးတစ်လုံးကို ဝိုင်းလုကြတာထက်ပိုပါတယ်။ ဘောလုံးခေတ်တစ်ခု၊ ကစားသမားတစ်ယောက်၊ ပွဲတစ်ပွဲ ကိုကြည့်လိုက်ရင် အဲဒါနဲ့ ပတ်သက်တဲ့ တစ်ချိန်က အမှတ်တရတွေဟာ အတွေးပိတ်ကားပေါ် ‌မှတ်ဉာဏ်ဆေးစက်တွေမှောက်ချလိုက်တဲ့အတိုင်း အလိုလို ပြန်မြင်ယောင်လာတတ်ကြတာပါပဲ။ ဒီမှတ်တမ်းရုပ်ရှင်‌လေးကြည့်ပြီး တစ်ချိန်က ကျွန်တော်တို့သဘောကျခဲ့ဖူးတဲ့ စက်ရုပ်ကြီးပီတာခရောက်ခ်ျနဲ့ပတ်သက်လို့ အမှတ်တရတချို့ အရိပ်ထင်လာခဲ့တာမျိုးရှိရင်လည်း ပြန်လည်မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 800MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 25Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Crime • Drama
6.9 2023 85 mins
That Peter Crouch Film
Kanmani Pappa

Kanmani Pappa(2022) ==================== ကာသစ်လို့ခေါ်တဲ့အစိုးရစီမံကိန်းလေးတွေကို ရင်းနှီးမြှုပ်နှံလေ့ရှိတဲ့ Contractor တစ်ယောက်ရှိပါတယ် သူ့မှာကန်မနီလို့ခေါ်တဲ့အရမ်းလည်တဲ့သမီးလေးတစ်ယောက်ရှိပြီး အရမ်းနားလည်ပေးပြီး supportiveဖြစ်တဲ့ ကန်နာမာဆိုတဲ့ ဇနီးချောလေးတစ်ယောက်ရှိပါတယ် ဒီလိုနဲ့ငွေရေးကြေးရေးအပူတွေနဲ့ပတ်လည်ဝိုင်းနေတဲ့အချိန်မှာ ကာသစ်‌တစ်ယောက် ‌ဇနီးချောလေးရဲ့ emotional supportတွေကြောင့် ကာသစ်တစ်ယောက်စိတ်သက်သာရာရပြီး ကံကောင်းထောက်မစွာနဲ့ ချေးထားတဲ့ငွေတွေပြန်ရကာ ပြေလည်သွားပါတော့တယ် အဲ့ဒီလိုနဲ့ကာသစ်တို့မိသားစုအိပ်မက်အိမ်ကြီးကိုဝယ်ဖို့အတွက် မက်ဒူရိုင်းကနေ ကိုဒိုင်ကန်နယ်ကိုလာကြည့်ပါတော့တယ် အဲ့ဒီအိမ်ကြီးက သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးတာကြောင့် ပွဲစားတွေတောင်အနားမကပ်ရဲတဲ့အိမ်ပါ ဒါပေမဲ့ ပွဲစားတစ်ယောက်ကဂျင်းထည့်ရောင်းတာကြောင့် ကာသစ်တို့မိသားစု အဲ့ဒီအိမ်ကြီးကို လာရောက်ချိန်မှာတော့ သူတို့သမီးလေးပျောက်ပျောက်သွားတာကစပြီး သူတို့ကြားမှာထူးဆန်းလွန်းတဲ့ငဘာဝလွန်ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပါတော့တယ် ဒီလိုနဲ့အဲ့ဒီအိမ်ကြီးကရော လူအများပြောကြသလို သရဲခြောက်တာရောတကယ်ဟုတ်ရဲ့လား အဲ့ဒီအိမ်ကြီးရြဲအရင်ပိုင်ရှင်တွေကရော ဘယ်သူတွေလဲ ဘယ်လိုရာဇဝင်အတိတ်တွေရှိခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ရင်တမမနဲ့ကြည့်ရှုရမှာပါ….။ ။….

Drama • History • Romance
0 2022
Kanmani Pappa
I Now Pronounce You Chuck & Larry
5.9

I Now Pronounce You Chuck & Larry (2007) ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ… ဘယ်လို​တွေလွဲကုန်မလဲ… ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ အချိန်ကာလကိုအခြေတည်ထားတာ​ကြောင့် အဲဒီအချိန်က ​​​​ဂေး​တွေရဲ့ ဖိနှိပ်ခံရမှု၊ ​စော်ကားခံရမှု​တွေကိုပါ ထည့်သွင်း​ရိုက်ပြထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 930MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 55Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Family • Animation
5.9 2007 115 mins
I Now Pronounce You Chuck & Larry
Kick-Ass
7.6

Kick-Ass (2010) IMDb Rating (7.6) / Rotten Tomatoes (77%) ကျွန်တော် အမြဲလိုလို မေးခဲ့တဲ့ မေးခွန်းတစ်ခုကို သူမေးခဲ့တယ်။ Superheroes ရုပ်ရှင်ကားတွေ စာအုပ်တွေထဲက သူရဲကောင်း စူပါဟီးရိုးဆိုသူတွေ တစ်ကယ့်လက်တွေ့ဘဝမှာ ဘာလို့မရှိကြရတာလဲ။ လူတစ်ယောက်က ဦးဆောင်ပြီး ဘာလို့စ မလုပ်ကြတာလဲ။ ဦးဆောင်သူတစ်ယောက်ကို လူသားတွေက စောင့်နေကြတာလား။ ဒါမှမဟုတ် စိတ်ကူးတွေထဲမှာပဲ Batman တို့ Iron Man တို့ကို အားကျပြီး လက်တွေ့ဘဝမှာတော့ မိမိတို့ရဲ့ရိုးရှင်းလှတဲ့ ဘဝမှာပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတာလား။ Kick-Ass ကတော့ လူသားတွေ Superheroes ဇာတ်ကားတွေ အားပေးကြည့်ရှုကြပြီး တစ်ကယ့်အပြင် လက်တွေ့ဘဝမှာတော့ ဘာကြောင့် တစ်ယောက်တစ်လေမှ ဝတ်စုံဝတ် မျက်နှာဖုံးလေးတပ် ကျရာလက်နက်လေးတစ်ခု ဆွဲကိုင်ပြီး လောကကြီးကို မထွက်လာကြတာလဲဆိုတဲ့မေးခွန်းထုတ်ပြီး ဇာတ်လမ်းစခဲ့ပါတယ်။ ကျွန်တော်တို့တွေ Superheroes ရုပ်ရှင်တွေ ကြည့်ကြတယ်။ ဆွေးနွေးကြတယ်။ ရင်ခုန်ကြတယ်။ နှစ်သက်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ဘယ်သူမှ ဒီလို လုပ်ရပ်မျိုးတွေ မလုပ်ကိုင်ကြဘူးလေ။ ဒီလိုသူရဲကောင်းအလုပ်တွေကို ဘယ်သူကစမလဲ….. ဒါတွေကို သူမေးခဲ့ပြီး သူကိုယ်တိုင် လုပ်ရပ်တွေနဲ့ပြန်ဖြေခဲ့တယ်။ သူဟာလဲ သာမာန်လူငယ်တစ်ယောက်ပါပဲ။ Spiderman လို ပင့်ကူအကိုက်ခံရလို့ မဟုတ်ဘူး။ ဒါပေမဲ့ လူ့လောကရဲ့ မတရားခြင်းတွေရဲ့အကိုက်ခံခဲ့ရတယ်။ ကြီးနိုင်ငယ်ညှင်းတွေ နေရာတိုင်းမှာ ရှိတယ်။ မြို့ထဲက လမ်းကြားတွေမှာ ဒုစရိုက်သမားတွေဟာ ရိုးအတဲ့ လူတစ်ချို့ဆီက ပိုက်ဆံတွေ မတရားတောင်းမယ်။ သတ်ဖြတ်ခြင်းတွေ ရှိမယ်။ အမျိုးသမီးတွေကို လှောင်ပြောင်ရာကစလို့ ကိုယ်ထိလက်ရောက်စော်ကားခြင်းတွေထိ ရှိမယ်။ ဒါတွေကို ရဲဆိုသူတွေက အကုန်လုံးကို မသုတ်သင်နိုင်ကြဘူး။ တစ်ချို့ကို လျစ်လျှူရှုထားတတ်ကြတယ်။ ဒါဆို ဒီအားနည်းတဲ့သူတွေကို ဘယ်သူတွေက ကယ်တင်မှာလဲ။ ဒီလိုနဲ့ Kick Ass ဆိုတဲ့ လူတစ်ယောက် မြို့ထဲကို မသိမသာ ရောက်ရှိလာတော့တယ်။ ဝတ်စုံကို online ကဝယ်တယ်။ လက်နက်ဆိုယုံ တုတ်လေး 2 ချောင်းကို ကျောမှာ သယ်ပြီး ညဘက်ဆို လမ်းမတွေပေါ်မှာ လျှောက်သွားပြီး ကူညီရမယ့်သူတွေကိုတွေ့ရင် ကြောင်ကို လိုက်ရှာပေးရတာကအစ လုပ်ပေးတဲ့ သူမျိုး။ မတရားမှုတွေနဲ့ပြည့်ကျပ်နေတဲ့ လောကကြီးကို မိမိတတ်စွမ်းသလောက် ကယ်တင် ကူညီချင်တဲ့ စိတ်ပေါ့။ လူပုံစံကကြည့်တော့ ငပိန်ငကြောက်လေး ဘာစွမ်းအားမှမရှိတဲ့ hero ဖြစ်နေပေမယ့် လက်မရွံ့လူသတ်သမားတွေကို သူ့ဝတ်စုံလေးဝတ်လိုက်တာနဲ့ မနိုင်မှန်းသိနေတာတောင်အသေခံချတဲ့ လူစားမျိုး ဒဏ်ရာတွေကြောင့် ဆေးရုံမှာအကြာကြီးသတိလစ် ဒဏ်ရာတွေသေလောက်အောင် အမြဲရနေလည်း သူ့ဝတ်စုံလေးဝတ်လိုက်တာနဲ့ အားတွေပြန်ပြည့်လာတာမျိုး Super hero တစ်ယောက်ဖြစ်ဖို့ ပင့်ကူကိုက်စရာ လက်နက်ပစ္စည်းအထောက်အပံ့တွေယူစရာ စွမ်းအားတွေရှိစရာမလိုပါဘူး…. ဝတ်စုံလေးတစ်ခုရယ် လက်နက်တစ်ခုရယ်နဲ့ ကူညီချင်တဲ့စိတ်တစ်ခုရယ်နဲ့ အဲ့ဒီဟီးရိုးကတော့ Kick Ass။ (ရုပ်ရှင်အညွှန်းကို Moe Myint Lwin မှ တင်ဆက်ထားပါတယ်။) 4K Quality ကိုတော့ ကာလာပိုလှတဲ့ HDR Version နဲ့ တင်ဆက်ထားတာမလို့ 4K ဖိုင်ကို HDR Play နိုင်တဲ့ ခေတ်ပေါ် Device များသာကြည့်ရှုလို့ရမှာဖြစ်ပြီး 1080p နဲ့ 720p ဖိုင်တွေကိုတော့ ပုံမှန်အတိုင်း ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။

7.6 2010
Kick-Ass
No Way Up

No Way Up (2024) လတ်တလောထွက်ရှိထားတဲ့ Thriller/Actionဇာတ်လမ်းကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ မတူညီတဲ့ နောက်ကြောင်းကိုယ်စီနဲ့ ခရီးသည်တွေပါတဲ့ ကာဘိုကိုသွားမဲ့ မနက်အစောကြီးလေယာဉ်တစ်စင်း။ မနက်အစောလေယာဉ်ဖြစ်တာမို့ ခရီးသည် များများစားစားမပါပေမဲ့ ကံဆိုးချင်တော့ သမုဒ္ဒရာထဲကို ပျက်ကျပါတယ်။ ဒီမှာပဲ တဖြည်းဖြည်း သမုဒ္ဒရာကြမ်းပြင်ဆီ မြုပ်နေတဲ့လေယာဉ်ထဲက ခရီးသည်တွေ အောက်စီဂျင်မရှိတော့မယ့် ဒုက္ခနဲ့ ငါးမန်းတွေဝိုင်းနေတဲ့ အန္တရာယ်ကိုရင်ဆိုင်ရပါတော့တယ်။ သူတို့တွေ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်ဖို့ကြိုးစားကြတာကို အသဲတလှပ်လှပ်နဲ့ ခံစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Action, Horror, Thriller Quality…. 1080p | 720p File size… 1.3GB | 631MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

0 2024
No Way Up
Fuchsia Libre
5.5

Fusha Libre ဟာ အက်ရှင်၊ ဟာသအမျိုးအစားဖိလစ်ပိုင် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ မိခင်ဆုံးပါးပြီးတဲ့နောက် တစ်ဦးကိုတစ်ဦးမှီခိုနေထိုင်လာကြတဲ့ဒန်နီနဲ့အိုလီဗာတို့ဟာ သိပ်ချစ်ကြတဲ့သားအဖတွေဖြစ်ပါတယ်။ ငယ်ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်ဂေးမှန်းသိနေခဲ့တဲ့ အိုလီဗာဟာ ယောကျ်ားပီသစေချင်တဲ့ဖခင်ရဲ့ဆန္ဒကြောင့် သူ့ပုံစံမှန်ကိုမျိုသိပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။ လူပျိုအရွယ်ရောက်လာတဲ့အခါမှာတော့ အိုလီဗာက ယောကျ်ားလေးချင်းရည်းစားထားနေတာကိုသိသွားတဲ့ဒန်နီက အိုလီဗာကိုစိတ်ဆိုးပြီး သားအဖဆက်ဆံရေးကိုလည်းဖြတ်ပစ် ခဲ့ပါတယ်။ အိုလီဗာက ဘဝကိုကြိုးစားရုန်းကန်ရင်း သူတည်ထောင်ထားတဲ့ အားကစားခန်းမလေးကိုကယ်တင်နိုင်ဖို့ ကြေးကြီးတဲ့ မြေအောက် လက်ဝှေ့ကြိုးဝိုင်းတစ်ခုမှာ ဝင်ထိုးဖို့ဖြစ်လာခဲ့ပါတယ်။ အိုလီဗာထင်မထားခဲ့တာက သူ့အဖေဒန်နီဟာ လက်ဝှေ့ပွဲကျင်းပ သူတွေထဲကတစ်ယောက်ဖြစ်နေတဲ့အပြင် သူပတ်သက်ခဲ့မိတာက သာမန်တရားမဝင်လက်ဝှေ့ကြိုးဝိုင်းလေးတစ်ခုမဟုတ်ဘဲ ရက်စက်တဲ့ လူသတ်မှုတွေ၊ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ဂိုဏ်းကြီးတစ်ခု ဖြစ်နေပါတော့တယ်။ File size…2.41GB / 1.16GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Comedy , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Mystery • Drama • TV Movie
5.5 2024 113 mins
Fuchsia Libre
Iron Monkey Siu nin Wong Fei Hung chi: Tit ma lau
7.5

Iron Monkey (1993) IMDb Rating (7.5) / Rotten Tomatoes (91%) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ တရုတ်သိုင်းကားလေးပဲဖြစ်ပါတယ်။ နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်တဲ့ Donnie Yan , Rongguang Yu, Jean Wang တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDB rating 7.5 ရရှိထားပြီး ဆန်ခါတင်စားရင်နှစ်ခါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ရောဘင်ဟုဒ်လိုစတိုင်မျိုးပါ။ ပြည်သူတွေသဘာဝဘေးအန္တရာယ်တွေ ရောဂါဆိုးတွေ ဆင်းရဲမွဲတေမှုတွေခံစားနေရပေမဲ့ အကျင့်ပျက်ခြစားတဲ့အရာရှိကဘာမှမလုပ်ပေးတဲ့အတွက် သိုင်းပညာလည်းတတ်ကျွမ်းတဲ့ ဆရာဝန်ဖြစ်သူဒေါက်တာယန်ဟာ သံမဏိမျောက်ဆိုတဲ့နာမည်ကိုသုံးပြီးတော့ အကျင့်ပျက်အရာရှိတွေဆီကနေ ရွှေငွေရတနာတွေပြန်ခိုးပြီး ပြည်သူတွေကိုဝေပေးနေခဲ့ပါတယ်။ အရာရှိကသံမဏိမျောက်ကိုဖမ်းမမိတဲ့အခါ ခရီးသွားရင်းရောက်လာတဲ့ ဝမ်ကျိယင်နဲ့ဝမ်ဖေးဟုန်တို့သားအဖကို သံမဏိမျောက်ကိုဖမ်းခိုင်းပါတော့တယ်။ နဂိုအရာရှိကအသုံးမကျတဲ့အတွက် သူတို့မြို့ကို စစ်ဆေးရေးမှူးအနေနဲ့ရောက်ရှိလာတဲ့ ဘုန်းကြီးဟင်ဟုန်ရောက်ရှိလာပါတယ်။ ဘုန်းကြီးဟင်ဟုန်က ဝမ်ကျိယင်နဲ့ရှောင်လင်ကျောင်းတော်မှာအတူနေထိုင်ခဲ့သူဖြစ်ပြီး ရှောင်လင်ကျောင်းတော်ကိုသစ္စာဖောက်ပြီးမီးရှို့ခဲ့တဲ့သူပါ။ ထိုအခါဝမ်ကျိယင်နဲ့သံမဏိမျောက်ကပူးပေါင်းပြီး ဘုန်းကြီးဟင်ဟုန်နဲ့ရင်ဆိုင်တိုက်ခိုက်ကြပါတော့တယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size…(10 GB) / (2.5 GB) / (1.4 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama Duration…..01:32:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by AKM

7.5 1993 90 mins
Iron Monkey Siu nin Wong Fei Hung chi: Tit ma lau
Life

ဒီ ဇာတ်ကားလေးကတော့ Old but Gold ဆိုတဲ့ အရင်တုန်းက ဟာသ ဇာတ်ကား လေးတစ်ကားဖြစ်ပါတယ် 2000 ခုနှစ် အော်စကာပေးပွဲမှာ အကောင်းဆုံးမိတ်ကပ်ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ် နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ Eddie Murphy နဲ့ Martin Lawrence တို့က ပါဝင် သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ Ray Gibson နဲ့ Claude Banks လို့ ခေါ်တဲ့ လူနှစ်ယောက်ဟာ မထင်မှတ်ပဲ တွေ့ဆုံပြီးတော့ အလုပ်တစ်ခုကို အတူတွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ် အဲ့ဒီ့အချိန်မှာပဲ လူသတ်မှု တစ်ခုကြားမှာ ပါဝင် ပတ်သက်မိပြီး ချောက်ချခံရပြီး မှားယွင်းစွပ်စွဲခံရပြီးတော့ နှစ်ယောက်လုံး ထောင်ဒဏ် တစ်သက် တစ်ကျွန်းကျသွားပါတော့တယ် ‌ ထောင်ထဲမှာ ဘယ်လိုလူမျိုးတွေနဲ့ တွေ့မလဲ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြံစည်သွားမလဲဆိုတာကို အလွဲများစွာနဲ့ တွေ့ရမှာပဲ ဖြစ်ပါတယ် ထောင်ကနေ လွတ်မြောက်နိုင်ပါ့မလား ဒါမှမဟုတ် အရိုးဆွေးအောင် ထောင်ထဲမှာပဲ နေသွားရမလားဆိုတာကတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါခင်ဗျာ File size…(2.4 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ko Dee

Documentary • Crime • Drama
0 1999
Life
Scarecrow
7.2

လမ်းမှာ မထင်မှတ်ဘဲ ကြုံတွေ့ရတဲ့ လူနှစ်ယောက်အကြောင်းပါ။ မက်စ်က ထောင်က ထွက်လာတာဖြစ်ပြီး ခြင်္သေ့က သင်္ဘောသားဟောင်း လေလွင့်နေသူပါ။ ကားကြုံအတူ စီးမိရင်း ရေဆေးခုံအတူဖွင့်ဖို့အထိ ဖြစ်လာကြပါတယ်။ စုငွေက ပစ်စဘာ့ဂ်က ဘဏ်မှာဆိုတော့ မက်စ်က သူ့ညီမအိမ်အရင်ဝင်ပြီး နောက်တစ်မြို့ဖြစ်တဲ့ ဒီထရွိုက်မှာ ခြင်္သေ့ရဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ မိန်းမနဲ့ မမြင်ဖူးသေးတဲ့ ကလေးကို ဝင်တွေ့ကြဖို့ပါ။ သူတို့ ခရီးလမ်းအဆင်ပြေမှာလား။ ဘာအခက်အခဲတွေ ဘာအပြောင်းအလဲတွေနဲ့ ကြုံရမလဲဆိုတာကို ကြည့်လိုက်ပါဦး။ ဒီကားမှာ အော်စကာ ၂ဆုရှင် The French Connection, Unforgiven, Behind Enemy Lines တို့နဲ့ ရင်းနှီးပြီးသား Gene Hackman ရယ် အော်စကာ ၁ဆုရှင် God Fatherရဲ့ မိုက်ကယ်ဖြစ်တဲ့ Al Pacinoရယ်တို့ပါဝင်ထားလို့ ဇာတ်ကားကောင်းဆိုတာတော့ မကြည့်ခင်ကတည်းက သိကြမှာပါ။ မင်းသားကြီး Gene Hackman ကတော့ ၂၀၂၅ ခုနှစ် အသက် ၉၅နှစ်အရွယ်မှာ ကွယ်လွန်သွားပြီပဲ ဖြစ်ပါတယ်။ RIP ပါ Gene Hackman File size…(1.8 GB)/(714 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:52:00 Genre… Road Trip, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer

Drama • Romance
7.2 1973 112 mins
Scarecrow
Le Horla
5.1

Le Horla (2024) ဇာတ်လိုက်ဖြစ်သူ Damien က သူ့မိသားစုနဲ့အတူ အဆောက်အဦးတစ်ခုရဲ့ ၁၅ ထပ်ကို ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ဇနီးဖြစ်သူက အလုပ်သွားပြီး သမီးလေးက ကျောင်းတက်နေချိန် တိုက်ခန်းမှာ Damien တစ်ယောက်တည်း အလုပ်လုပ်ဖို စီစဉ်ထားခဲ့တယ်။ ဒါပေမဲ့ Damien ထူးဆန်းတဲ့အရာတွေ ကြုံလာရပြီး သူများတွေမကြားနိုင်တဲ့ ဆူညံသံတွေ ကြားလာချိန်မှာတော့ သူ့မိသားစုနဲ့ မိတ်ဆွေတွေက သူ့ကို စိတ်‌ဖိစီးလိုဖြစ်တာ၊ စိတ်အခြေအနေတစ်ခုခုပါလိုပဲ ထင်နေကြတယ်။ Damien တကယ်ပဲ စိတ်ချောက်ချားပြီး စိတ်ရောဂါဖြစ်နေတာလား၊ သူယုံကြည်နေတဲ့ သူ့ကိုခြောက်လှန့်နေတဲ့ အရာတစ်ခုခုဆိုတာ တကယ်ရှိနေတာလားဆိုတာကိုတော့ ဒီ psychosocial horror ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှု လို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… ( 1 GB) / (510 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Horror, Mystery Duration…. 01:31:54 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

5.1 2024
Le Horla