YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]The.King.2.Hearts.2012.E11.1080p.WEB-DL.mp4

1.28 GB N/A video/mp4 145 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Good Morning, Vietnam
7.3

Good Morning, Vietnam (1987) ~ IMDb - 7.3/10, Rotten Tomatoes - 89% ~ ဒီဇာတ်လမ်းလေးကတော့ အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အေဒရီယန်ခရိုနော်ဆိုတဲ့ ရေဒီယိုဒီဂျေတစ်ယောက်အကြောင်းကို အခြေခံထားတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ ၂ ခြမ်းကွဲနေတဲ့အချိန်ကာလကိုနောက်ခံထားပြီး ရိုက်ကူးထားပါတယ်။ အမေရိကန်က ဗီယက်နမ်မြောက်ပိုင်းဘက်ကနေ မဟာမိတ်အဖြစ် ကြားဝင်ဆောင်ရွက်နေတဲ့ကာလပေါ့။ အေဒရီယန်ခရိုနော်ကတော့ ဗီယက်နမ်မြောက်ပိုင်း ဆိုင်ဂွန်က ပြန်ကြားရေးဌာနကိုတာဝန်နဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။ ဇဝနဉာဏ်ရွှင်လွန်းလို့ စရောက်တဲ့နေ့မှာတင် လက်တန်းပြက်လုံးထုတ်တင်ဆက်ပြီး ပွဲကျစေခဲ့တဲ့သူပါ။ ခရိုနော်ရောက်လာပြီဆိုကတည်းက အထက်လူကြီး ဟော့ခ်နဲ့ ဒစ်ကာဆန်တို့နှစ်ယောက် အငြိမ်မနေရတော့ပါဘူး။ ခရိုနော်က စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တတ်တဲ့သူပါ။ ဘယ်လောက်အမိန့်ပေးပေး အသံလွှင့်ခန်းထဲရောက်ရင် သူလုပ်ချင်ရာလုပ်ပါတယ်။ ဆင်ဆာဖြတ်ထားတဲ့အပိုင်းတွေ အကုန်ထည့်ဖတ်တယ်။ အမေရိကန်စစ်တပ်ကို Troll တယ်။ သမ္မတဟောင်းရဲ့မိန့်ခွန်းလွှင့်နေရင်းတောင် ရုပ်ပြောင်လိုက်ပါသေးတယ်။ အားတဲ့အချိန် မြို့ထဲက ဗီယက်နမ်တွေနဲ့မိတ်ဖွဲ့ပြီး အင်္ဂလိပ်စာလည်းသင်ပေးလိုက်ပါသေးတယ်။ စစ်ရဲ့ အနိဌာရုံတွေကြားက ဒီလူတွေနဲ့ ခရိုနော်ရဲ့ လှပပြီး တိုတောင်းတဲ့ ရေစက်လေးတစ်ခုပေါ့။ ဒီလိုပါပဲ ခရိုနော်နဲ့ ဒီလူကြားက ရေစက်ကလေး တိုတောင်းခဲ့သလို ခရိုနော်နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ ဟာသမင်းသားကြီး Robin Williams နဲ့ ကမ္ဘာတဝှမ်းက ရုပ်ရှင်ပရိသတ်တွေကြားက ရေစက်ဟာလည်း တိုတောင်းလွန်းခဲ့ပါတယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.55GB, 1.3GB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 1Min Genre - Biography, Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama • Thriller
7.3 1987 121 mins
Good Morning, Vietnam
Cristiano Ronaldo interview - Piers Morgan Uncensored

တစ်ကမ္ဘာလုံး ဟိုး​​လေးတ​ကျော်ဖြစ်သွား​စေမယ့် သတင်းတစ်ပုဒ် လိုင်း​ပေါ်တက်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နာမည်​ကြီးတိုက်စစ်ကစားသမားကြီးဖြစ်သလို ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး အားကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုက ဗြိတိန်နာမည်​​ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ပီးယာ့စ်​မော်ဂန်နဲ့အတူအင်တာဗျူးတစ်ခု လုပ်ခဲ့ပြီး မန်ယူနိုက်တက်ရဲ့ လက်ရှိနည်းပြ အဲရစ်တန်ဟက်ဂ်၊ နည်းပြ​ဟောင်းရန်းဂ်နစ်အပါအဝင် တချိန်ကအသင်း​ဖော်​ဟောင်းဝိန်းရွန်းနီကိုပါ ​ဝေဖန်ခဲ့တယ်ဆိုတဲ့ topicက ​ဘောလုံး​​လောကတစ်ခုလုံး ​အုတ်​အော်​သောင်းတင်းဖြစ်သွားပြီး အဆိုပါအင်တာဗျူးက အစစ်အမှန်ပဲလား၊ မန်ယူနဲ့ ​စီရော်နယ်ဒိုခွာပြဲသွားပြီလားစသဖြင့် ​နောက်ဆက်တွဲ​​ မေးခွန်း​​ပေါင်းများစွာထွက်လာခဲ့ပါတယ်။ အခုဆိုရင်​တော့ အဆိုပါအင်တာဗျူးရဲ့ ရုပ်သံဗီဒီယိုအပြည့်အစုံထွက်ရှိလာပါပြီ။ ဒီအင်တာဗျူးမှာ မန်ယူနိုက်တက်နဲ့ပတ်သက်တဲ့ကိစ္စတွေကို စီ​ရော်နယ်ဒိုကိုယ်တိုင်ပဲ ဖောက်သည်ချခဲ့တာလား။ မန်ယူနိုက်တက်ရဲ့အတွင်း​ရေးက တကယ်ပဲရှုပ်​ထွေး​နေတာလား။ မီဒီယာ​တွေကပဲ လိုအပ်တာထက် ချဲ့ကားထားတာလား စသဖြင့် မေးခွန်း​တွေရဲ့အ​ဖြေ​တွေ တစ်ခါတည်းပါလာမှာပါ။ ​ သေချာတာတစ်ခုက ဒီအင်တာဗျူး​ကြောင့် မန်ယူနိုက်တက်နဲ့ စီ​ရော်နယ်ဒိုရဲ့ အနာဂတ် မ​ရေရာ​တော့သလို ​ဘောလုံးပရိသတ်​တွေကြားမှာပါ ဂိုဏ်းဂဏ​​တွေ ကွဲကုန်တဲ့အထိ သက်​ရောက်မှု ကြီးသွားခဲ့ပါပြီ။ အင်တာဗျူးက ၂ ပိုင်းရှိတာဖြစ်ပြီး 2 ပိုင်းလုံးကို တင်ဆက်လိုက်ပါပြီ။ File size…Part-1 & Part-2 Quality….HDRip 1080p and 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thaung Htike Zaw & Min Khant Bo

Crime • Drama • Mystery • Romance • Thriller
null 2022 90 mins
Cristiano Ronaldo interview - Piers Morgan Uncensored
John Carter
6.3

WALL-E , Finding Dory ,Toy Story တို့လို Animation ကောင်းတွေရိုက်ကူးတတ်တဲ့ ဒါရိုက်တာ Andrew Stanton ရဲ့ Live Action ဇာတ်ကားဖြစ်ပါတယ်။ Walt Disney က ထုတ်လုပ်ထားတာဖြစ်ပြီး Action Scene တွေ မိုက်တာကြောင့်ရယ် မားစ်ဂြိုဟ်ပေါ်က ရှုခင်းတွေရယ် ထူးဆန်းတဲ့အကောင်ဗလောင်တွေရယ်ကြာင့် ဒီဇာတ်ကားက ကြည့်ဖူးသူတိုင်း အမှတ်ရမိတတ်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ဂျွန်ကာတာဆိုသူဟာ အမေရိကန်ပြည်တွင်းစစ်တုန်းက ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပေါ့...သူဟာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် အခုချိန်မှာ အပူမရှာဘဲ အေးအေးဆေးဆေး နေချင်တဲ့ သူတစ်ယောက်ပေါ့။ ဒါပေမယ့် အေးဆေးမနေရဘဲ သူ့ကို စစ်မှုပြန်ထမ်းခိုင်းရာကနေစပြီး သူ့ဘဝကိုလုံးဝပြောင်းလဲသွားစေတဲ့ ဖြစ်ရပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ သူဟာ စစ်ပွဲထဲမှာ အင်ဒီးယန်းလူနီတွေရဲ့ လက်ကလွတ်မြောက်ဖို့ ပုန်းအောင်းရာကနေ ဂူတစ်ခုထဲမှာ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့တွေ့ပါတယ် အဲ့လူ ရွတ်ဆိုတဲ့ ဂါထာကို သူပါ ရွတ်ဆိုလိုက်တဲ့အခါမှာ ရုတ်တရက်မေ့မျောသွားပါတော့တယ်။ သူပြန်သတိရတဲ့ အချိန်မှာတော့ သူဟာ ဂြိုဟ်လိုလို နေရာတစ်ခုကိုရောက်နေပြီး အလွန်ထူးဆန်း အံ့အားသင့်စရာတွေနဲ့အတူ ထူးဆန်းတဲ့သတ္တဝါတွေ မျိုးနွယ်စုတွေ နဲ့ အတူ သူဟာ ကမ္ဘာပေါ်မှာ မဟုတ်တော့ဘူးဆိုတာ သိလိုက်ရပါတော့တယ်....။ သူရောက်သွားတာက ကမ္ဘာနဲ့ဘာမှမဆိုင်တဲ့နေရာတစ်ခု..... သူရောက်နေတဲ့နေရာ မျိုးနွယ်စုတွေရဲ့ အရှုပ်အထွေးကြားထဲမှာ ညှပ်ပါရင်း သူတို့ ကြားထဲမှာ လူထူးဆန်းဖြစ်နေတဲ့ ကာတာ တစ်ယောက် ဂြိုဟ်ပေါ်က အရှုပ်အထွေးတွေကို ထိပ်တိုက်ရင်ဆိုင်ရပါတော့မယ်။ အိမ်ကိုချစ်တဲ့ ဂျွန်ကာတာ တစ်ယောက် ရွှေကို ချစ်တဲ့ ဂျွန်ကာတာ တစ်ယောက်အိမ်ရောက်အောင်ဘယ်လိုပြန်မလဲ .....ကမ္ဘာမြေကြီးဆီ ပြန်ရောပြန်ချင်သေးရဲ့လား ဆိုတာတွေကို စိတ်ဝင်စားဖွယ် ရှုခင်းရှုကွက်တွေအပြည့်နဲ့ ကြည့်ရှုခံစားရမှာပါ။ Color Regrade Version နဲ့ ပြန်လည်တင်ဆက်ထားတာမလို့ Action,Adventure ပရိတ်သတ်တွေ လုံးဝလက်လွတ်မခံသင့်ပါကြောင်း။ File size…(3.2 GB)/(1.5 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….02:12:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Adventure • Family • Science Fiction
6.3 2012 132 mins
John Carter
Rev
6

ကျွန်တော့်နာမည်က မိုက်ကီ၊ အထက်တန်းကျောင်းသားဘဝကတည်းက ရဲကားကိုခိုး မောင်းပြီး အဖမ်းခံရဖူးတယ်။ အဲဒါနဲ့ ပြီးသွားရောလားဆိုတော့ မပြီးဘူး ပိုဆိုးလာတယ်ပေါ့။ ဖြစ်ချင်တာက အိုင်တီနည်းပညာရှင်၊ App ကောင်းကောင်းလေး တီထွင်ပြီး အသက် ၂၀ မပြည့်ခင် အနားယူချင်တဲ့ကောင်မျိုး။ ဒါပေမဲ့ ဘဝပေး မကောင်းပါဘူး ကွန်ပြူတာဆိုင်ဝင်လုပ်လည်း အလုပ်ပြုတ်လာပြီး ကျွမ်းကျင်တဲ့ကားသူခိုးအလုပ် ဆက်လုပ်တော့လည်း ရဲက ဖမ်းခံရပြန်တယ်။ ဆရာသမားရဲတွေက အဲဒါကို ထောင်ထဲတန်းမထည့်ပဲ ကျွန်တော်က ကားခိုးတာကျွမ်းကျင်တော့ အပေးအယူလာလုပ်တယ် “မင်း မဟုတ်ရင် တစ်သက်တစ်ကျွန်းလောက် ကျမှာနော်” ဘာညာနဲ့ ဖြဲခြောက်တော့ ကြောက်လန့်ပြီး သူတို့ပြောတာ လက်ခံလိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ ကားသူခိုးဂိုဏ်းထဲကို သူလျှိုအနေနဲ့ ဝင်ရမှာတဲ့၊ ဒါနဲ့ ခေါင်းဆောင်ရဲ့ လမ်ဘော်ဂီနီကားကို ခိုးပြလိုက်တော့ ခေါင်းဆောင်က သဘောကျပြီး ကျွန်တော့်ကို သူ့အဖွဲ့ထဲ ဆွဲခေါ်ခဲ့ရော။ သူ့နာမည်က ချာလီ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တယ် ယုတ်မာတာမျိုးမရှိဘူး ကျွန်တော့်ကိုလည်း ယုံကြည်ပြီး ပစားပေးတယ်။ သူ့တွဲဖက် အာဖရိကကနေ ပြန်လာတဲ့ ဆမ်မီဆိုတဲ့ကောင်ကရော အပေါက်ဆိုးတယ် ယုတ်မာတယ် ကျွန်တော့်ကို စတွေ့တဲ့နေ့ကလည်းက သိပ်ကြည်ဟန်မရှိဘူး။ အဲဒီမှာ မမတစ်ယောက်လည်း ရှိနေပြန်တယ် သူကတော့ ချာလီရဲ့ကောင်မလေး အေဗာတဲ့၊ မစားသင့်တဲ့ အသီးမှန်း သိပေမဲ့လည်း မမရဲ့ ငြို့အားတွေအောက် ကျွန်တော် ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော့်ဘဝဟာ Hot Dog ထဲက ဝက်အူချောင်းလိုပဲ တစ်ဖက်က ရဲတွေတသိုက်က စောင့်ကြည့်နေပြီး တစ်ဖက်ကလည်း ကားသူခိုးဂိုဏ်းလူမိုက်တွေကြား (ပိုဆိုးတာ ခေါင်းဆောင်ကောင်မလေးကို ခိုးစားနေသေးတယ်) ညှပ်နေခဲ့ပြီး ကျွန်တော် ဘာတွေဆက်ဖြစ်မယ် ဘာတွေလုပ်ပြမယ်ဆိုတာတော့ ခင်ဗျားတို့ပဲ ဆက်ကြည့်ပြီး ခံစားလိုက်ကြပါတော့……။

Crime • Drama • Mystery
6 2020 91 mins
Rev
Artemis Fowl
5.6

ဒစ်စနေးရဲ့ ရုပ်ရှင်အသစ်ကို တင်ပေးထားပါတယ်။ ဒါကလည်း fantasy အမျိုးအစားပါပဲ။ အာတီမစ် ဖောင်း ဆိုတဲ့ နာမည်နဲ့ သားအဖေ နှစ်ယောက် ရှိပါတယ်။ အဖေက ရှေးဟောင်း ပစ္စည်းတွေ ရောင်းဝယ်တဲ့သူ။ သားကတော့ ဉာဏ်ကြီးရှင်ပါ။ တစ်နေ့မှာ အာတီမစ်စီနီယာ အဖမ်းခံလိုက်ရပြီး အာတီမစ်ဂျူနီယာဆီကို ဖုန်းဆက်လာပါတယ်။ အဖေကို ပြန်ကယ်ချင်ရင် အောကျူလို့ ဆိုတဲ့ ပစ္စည်းနဲ့ လာရွေးခိုင်းတာပါ။ တကယ်တော့ အောကျူလို့ဆိုတာ နတ်မှင်စာ တွေ၊ လူပုတွေ၊ ဂေါ်ဘလင်တွေရဲ့ ကမ္ဘာက အစွမ်းအထက်ဆုံးလက်နက်ပါပဲ။ ဒီတော့မှ အာတီမစ် ဂျူနီယာဟာ သူ့အဖေပြောခဲ့တဲ့ ပုံပြင်တွေဟာ တကယ်ဆိုတာ သိလာပြီး။ နတ်မှင်စာလက်နက် ကို ရှာဖို့ ကြံစည်ရပါတော့တယ်။ နတ်မှင်စာတွေကလည်း ဒီလက်နက် အခိုးခံထားရပြီး အသည်း အသန် ရှာဖွေရေးလုပ်နေချိန်မှာ တိုက်ပွဲတွေဖြစ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p  WebRip Duration - 1 hr 35 min Subtitle – Myanmar Hardsub Format – Mp4 Genre : Adventure, Fantasy, Family Source : 1080p.WebRip Translator – Littleneo Encoder – San Win Maung

Drama • Mystery
5.6 2020 94 mins
Artemis Fowl
Perfect Sense
7

Perfect sense review ပါရှင့်။ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ 2011တုန်းက ထွက်ရှိခဲ့တဲ့ Perfect sense ဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါ‌တယ်။ ဒီကားလေးက ကမ္ဘာတဝှမ်း ဗိုင်းရပ်စ်ပျံ့နှံတဲ့အကြောင်းကို အခြေခံပြီး ရိုက်ထားပေမယ့်လို့ တခြားဗိုင်းရပ်စ်ကားတွေလို ထိတ်လန့်စရာမကောင်းဘဲ ဒီလိုဒုက္ခဆိုက်ရောက်နေတဲ့အချိန်မှာတောင် လူတွေရဲ့ ကြားမှာရှိတတ်တဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှုတွေနဲ့ ထက်သန်တဲ့ စိတ်ဓာတ်ခွန်အား‌တွေကို ပေါ်လွင်အောင် သဘာဝကျကျဖန်တီးပုံဖော်ထားတဲ့ ကားလေးဖြစ်လို့ ကြည့်ရတာ လုံးဝနောင်တမရမှာသေချာပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ မင်းသမီး Eva Greenက ကူးစက်ရောဂါပိုး‌‌တွေ‌ လေ့လာတဲ့ သိပ္ပံပညာရှင် ဆူဆန်‌ဆိုတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Ewan McGregor က စားသောက်ဆိုင်တစ်ခုရဲ့ ခေါင်းဆောင်စားဖိုမှူးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားရာကနေမှ ချစ်မိသွားကြတယ်၊ ဒါပေမယ့် အဲ့အချိန်မှာ ကူးစက်ရောဂါကလည်း တဖြည်းဖြည်း ပိုပိုဆိုးလာတဲ့အခါ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ‌‌တွေကရော တည်တံ့နိုင်ပါ့တော့မလား… သူတို့ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်ရမလဲ နောက်ဆုံးမှာရော ဒီရောဂါကြီးဟာ ပျောက်ကင်းသွားမှာလား ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ခုပဲခံစားကြည့်ကြည့်လိုက်ရအောင် File size…(1.6 GB)/(813 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, Science Fiction, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

7 2011
Perfect Sense
Digital Village
8.7

Digital Village (2023) IMDB 8.7 “ဒစ်ဂျစ်တယ်ရွာ” ဇာတ်ကားလေးက 2023 August မှာတင် ပူပူနွေးနွေးထွက်ထားတဲ့ IMDB rating 8.7 တောင်ရထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ရွာလေးရဲ့ wedding တစ်ခုကို ဘယ်သူမှန်းမသိတဲ့ မြို့က ရုပ်ရှင်ဒါရိုက်တာ လာပြီး စင်ပေါ်တက် တော်ကီဖုတ်သွားတာကို ရုပ်ရှင်ဇာတ်ညွှန်းအကြောင်းဝါသနာ ပါတဲ့ လူငယ်လေး သုံးယောက်က အဲဒီဒါရိုက်တာဆီ မရရအောင် ချဥ်းကပ်ပါတော့တယ် အကြောင်းက သူတို့ကြံထားတဲ့ မဟာအော်ရဂျင်နယ် မာစတာပိစ် ဇာတ်ညွှန်းကြီးကို ဒါရိုက်တာက ပိတ်ကားပေါ် အသက်သွင်းပေးဖို့ပါပဲ ဒါတွေကလည်း မြက်ရိတ်ရင်း နွားစာကျွေးရင်းရလာတဲ့ အိုင်ဒီယာတွေပါ ..ဆိုတော့သူတို့အကြံအစည် အောင်မြင်သွားမလား ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အင်တာနက်/ရုပ်ရှင် ဗဟုသုတနည်းတဲ့ ရွာငယ်လေးတစ်ရွာကို “ဒစ်ဂျစ်တယ်ရွာ” ဖြစ်အောင် ကောင်လေး သုံးယောက် ဘယ်လို ပြောင်းလဲနိုင်မလဲဆိုတာကို ပေါ့ပေါ့းပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်သူကတော့ KKKZ ဖြစ်ပါတယ်

8.7 2023
Digital Village
Sumpahan Malam Raya
7.2

Sumpahan Malam Raya 2023 IMDb 7.1/10 (Comedy/Horror/Mystery) ရှဝဲလ်ဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်နဲ့ သူ့ကောင်မလေး တာနီယာတို့ ဂန်းစတားတွေရန်ကိုကြောက်လို့ပြေးရမယ့်အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့အဖေရဲ့ သေတမ်းစာရောက်လာပြီး ဘန်ဂလိုတစ်လုံး အမွေရတော့ Motel ဖွင့်စားတာပေါ့ ရှဝဲလ် တစ်ယောက်ငယ်ရည်းစားနဲ့လဲ ပြန်ဆုံ လက်ရှိရည်းစားကိုလဲချစ်နဲ့ ဒုက္ခတွေများနေတဲ့အချိန်မှာ သူ့ Motel ကိုလာတဲ့ ဧည့်သည်တွေ တစ်ယောက်ပြီးတစ်ယောက်သေကုန်ကြတယ် နောက်ထပ်လဲထူးခြားဆန်းပြားတဲ့ကိစ္စတွေကိုထပ်ကြုံလိုက်ရတဲ့အခါမှာတော့… ဇာတ်လမ်းအစကနေအဆုံးထိ ပါးစပ်မပိတ်အောင်ရယ်ရမှာတော့ သေချာပါတယ် Horror/Comedy တွဲထားတာဆိုပေမဲ့ ခပ်ပေါပေါကားတော့မဟုတ်ပါဘူးနော် မင်းသမီးချောလေးတွေလဲ ရှယ်သုံးပေးထားတာဆိုတော့ ကြည့်ရတာ တန်တယ် Rating ကိုလဲရှိုးလိုက် 7.1 ထိရထားတာ ပေါ့ပေါ့ပါးပါးလေး နဲ့ တကယ်ကောင်းတဲ့ကားလေးပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Horror, Mystery Quality…. 1080p | 720p File size… 1.7GB | 945MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thet Oo Encoder ….. Aaron

7.2 2023
Sumpahan Malam Raya
Green Border
6.4

အရှေ့အလယ်ပိုင်းနဲ့အာဖရိကကဒုက္ခသည်တွေဟာ ဥရောပသမဂ္ဂမှာ ခိုလှုံခွင့်ရရှိဖို့ ပိုလန်နဲ့ဘယ်လာရု့စ်ကြားက Green Border လို့ခေါ်တဲ့ ကြမ်းတမ်းပြီးညွန်ပေါတဲ့တောအုပ်တွေကို ခက်ခဲရာခဲဆစ်ဖြတ်သန်း ကြရပါတယ်။ ဒီနေရာမှာ သက်သောင့်သက်သာနေရတဲ့ဘဝကို စွန့်လွှတ်ပြီး ဒုက္ခသည်တွေရဲ့အသက်ကိုကယ်တင်နေတဲ့ဂျူလီအာ၊ ပိုလန်နယ်စပ်အစောင့်တပ်ဖွဲ့ဝင်ဂျန်နဲ့ ဆီးရီးယားမိသားစုတစ်ခုတို့ ပတ်သက်ဆက်နွယ်မိကြပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ Drama အမျိုးအစားဖြစ်ပေမယ့် အလွန်အမင်းစိတ်ဆင်းရဲစရာ ကောင်းတဲ့အနိဌာရုံဖြစ်ရပ်တွေပါဝင်နေပြီး အဖြူအမည်းရုပ်ရှင် ဖြစ်နေတာက ဇာတ်ကိုပိုကြွအောင်ဖော်ကျူးနိုင်တာမြင်တွေ့ ရပါတယ်။ Green Border ဟာ ဖြစ်ရပ်မှန်ပါလို့မပြောထားပေမယ့် ဒါရိုက်တာ Agnieszka Holland နဲ့ ဇာတ်ညွှန်းရေးဆရာနှစ်ယောက်ဟာ ဒုက္ခသည်တွေ၊ နယ်စပ်ကဒေသခံတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ အမည်မဖော်လိုတဲ့ပိုလန်နယ်စပ်အစောင့် တပ်ဖွဲ့ကအရာရှိတွေနဲ့ ကိုယ်တိုင်သွားရောက်တွေ့ဆုံမေးမြန်းပြီး မှတ်တမ်းတွေရယူပြီးမှ ရုပ်ရှင်ကိုရိုက်ကူးခဲ့ကြတာဖြစ်လို့ Agnieszka Holland ကတော့ ဒီရုပ်ရှင်ထဲမှာ လုပ်ကြံဖန်တီးပြီး ထည့်ထားတဲ့ဖြစ်ရပ်တစ်ခုမှမရှိဘူးလို့ ဆိုပါတယ်။ ရုပ်ရှင်ထွက်လာချိန်မှာ ပိုလန်အစိုးရအဖွဲ့ဝင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပေမယ့် ပိုလန်မှာပထမဆုံးရုံတင်တဲ့အားလပ်ရက်မှာပဲ အမိမြေမှာပြသတဲ့ပိုလန်ရုပ်ရှင်တစ်ကားအတွက် ကြည့်ရှုသူအများဆုံး စံချိန်တင်သွားခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုဆန့်ကျင်ချီတက်ဆန္ဒပြတဲ့ အစိုးရထောက်ခံသူတွေရှိခဲ့သလို ရုပ်ရှင်ပါအကြောင်းအရာတွေကိုထောက်ခံသူတွေကလည်း တန်ပြန် ဆန္ဒပြချီတက်ပွဲတွေလုပ်ဆောင်ကြတဲ့အထိဖြစ်ခဲ့ရပါတယ်။ ခရမ်းချဉ်သီးပုပ်ရဲ့ပျမ်းမျှ Rating က 8.3/10 ဖြစ်ပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာရရှိထားပါတယ်။ Green Border မှာ ပိုလန်အစိုးရဟာ ယူကရိန်းအရေးနဲ့မတူဘဲ အရှေ့အလယ်ပိုင်းနဲ့အာဖရိကကဒုက္ခသည်တွေကို လူသားချင်းစာနာ ထောက်ထားမှုကင်းမဲ့စွာနဲ့ ရက်ရက်စက်စက်ဆက်ဆံခဲ့ပုံတွေကို မီးမောင်းထိုးပြသွားခဲ့တာဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ JULY ဖြစ်ပါတယ် ) File size… (2.17GB) Quality… WEB-DL 1080p Format… mp4 Duration….2h 32m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.4 2023 152 mins
Green Border
Audrey
5.9

Audrey (2024) IMDb Rating (5.9) / Rotten Tomatoes (82%) ဒါရိုက်တာ Natalie Bailey ရိုက်ကူးထားတဲ့ ဟာသဇာတ်ကားတစ်ခုဖြစ်ပါတယ် ။ မိသားစုဆက်ဆံရေးကြားမှာ စည်းဖောက်မှုတွေ နှင့် ဆယ်ကျော်သက်လေးတွေရဲ့အိမ်မက်တွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားကြပါတယ်။ Jackie van Beek သရုပ်ဆောင်ထားသော မိခင် Ronnie က မိမိရဲ့မအောင်မြင်ခဲ့သော သရုပ်ဆောင်ဘဝကို သမီး Audrey (Josephine Blazier) အတွက် ပြန်လည်အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း သမီးနှင့် အပြင်းအထန်ပဋိပက္ခများကြုံတွေ့ရပါတယ်။ Audrey သည် မတော်တဆ rooftop မှ ပြုတ်ကျပြီး မေ့မြောတဲ့ အခြေအနေကို ရောက်သွားသောအခါ မိခင် Ronnie က သမီးအဖြစ် ဝင်ရောက်ပြီး မိမိရဲ့အိမ်မက်များကို ပြန်လည်ဖော်ဆောင်ရန် ကြိုးစားပါတော့တယ်။ ဇာတ်လမ်းမှာ Hannah Diviney သရုပ်ဆောင်ထားတဲ့ ညီမ Norah ၏ သရုပ်ဆောင်ချက်က ဟာသအနေနဲ့ ဇာတ်လမ်းကို ပိုပြီးတော့ကြည့်ချင်စိတ်ဖြစ်စေပါတယ်။ ဇာတ်လမ်းတစ်ခုလုံးမှာ ဟာသနှင့် မိသားစုဒရမ်မာတို့ကို ပေါင်းစပ်ထားပြီး Jackie van Beek ၏ သရုပ်ဆောင်ချက်ကလည်း ဟာသနှင့် ဒရာမာတွေကို ပေါင်းစပ်ပြသနိုင်ပါတယ်။ Audrey ရဲ့ အိမ်မက်တွေကို ရှာဖွေရင်း၊ အိမ်မက်တွေကိုအကောင်အထည်ဖော်ခြင်းများ နှင့် အတူ ရယ်မောဖွယ်၊ စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းတစ်ခုပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.3 GB) / (720 MB) Quality….WEB-Rip 1080p / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:36:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Science Fiction • Thriller
5.9 2024 97 mins
Audrey
In the Mood for Love
8.1

Romance/Drama Genre မှာ တကယ်တမ်း ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ပြီးအမြဲတမ်း သတိတရဖြစ်နေစေတဲ့ရုပ်ရှင်က တော်တော်လေးရှားတယ်လို့ ပြောလို့ရပါတယ်။ ဇာတ်သိမ်းမှာ ချစ်တာနဲ့ ကွဲတာနှစ်မျိုးပဲ နှစ်ပင်လိမ်ပြီး ဇာတ်အိမ်တွေ အက်ကြောင်းထပ်နေတဲ့ခေတ်ကာလမှာ Lost in Translation, Eternal Sunshine of the Spotless Mind, In the Mood for Loveလို ဇာတ်ကားမျိုးတွေဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုဆိုတာထက် အများကြီးပိုမိုပြသသွားနိုင်ခဲ့ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့ ဟောင်ကောင်ဒါရိုက်တာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့တင်စားခေါ်ဝေါ်ကြတဲ့ In the Mood for Love ဆိုတဲ့ဇာတ်ကားပါ။ ဝမ်ကာဝေဟာ အရှေ့တိုင်းရုပ်ရှင်လောကရဲ့ဆရာတစ်ဆူဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပါတယ်၊ အဲ့ဒီဇာတ်ကားတွေထဲမှာIn the Mood for Love ကတော့ သူရိုက်ကူးခဲ့တဲ့ တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ မတူပဲ သီးခြားပုံစံတစ်မျိုးအဖြစ်ကွဲထွက်နေခဲ့ပါတယ်။ In the Mood for Love ရဲ့ဇာတ်အိမ်က အရမ်းကိုရိုးရှင်းလွန်းပြီး ဇာတ်လမ်းစကြည့်တာနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာခပ်ရေးရေးလေး တွေးလို့ရလောက်ပါတယ်။ တိုက်ခန်းတစ်ခန်းမှာ ငှားနေကြတဲ့ ဘေးချင်းကပ် အိမ်နီးချင်းလင်မယားစုံတွဲ ၂ တွဲမှာ မစ္စတာချန်နဲ့ မစ္စချောင်တို့က ဖောက်ပြန်နေကြတာကို ဆိုင်ရာလက်တွဲဖော်တွေဖြစ်တဲ့မစ္စချန် နဲ့ မစ္စတာချောင်တို့က သိသွားတဲ့အခါ သူတို့နှစ်ယောက်ကပါ ထပ်ပြီးဖောက်ပြန်တာကို ရိုးရိုးရှင်းရှင်းလေးရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝမ်ကာဝေဟာ ရုပ်ရှင်အတတ်ပညာကို ကောင်းမွန်ပိုင်နိုင်စွာအသုံးချပြီးဒီရုပ်ရှင်ထဲက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ မစ္စတာချောင်နဲ့ မစ္စချန်ရဲ့ စိတ်တွင်းခံစားချက်တွေကို ရုပ်ရှင်ကြည့်ပရိသတ်တွေဆီ ယူဆောင်ပြလာခဲ့ပါတယ်။ သာမန်ရိုက်ချက်တွေနဲ့မတူပဲ သရုပ်ဆောင်တွေကို ဘောင်ကျဉ်းကျဉ်းလေးပဲ ပေးထားတာတွေ၊ ဇာတ်ဝင်ခန်းတွေတိုင်းလိုလိုမှာ အနှောင့်အယှက်ဖြစ်စေမယ့်အရာ တစ်ခုခုထည့်ထားတာတွေကြောင့် ဒီနှစ်ယောက်ကြားက ရှေ့မတိုးသာ၊ နောက်မဆုတ်သာတဲ့အခြေအနေတွေဟာ ပိုပြီးပေါ်လွင်လာခဲ့ပါတယ်။ In the Mood for Love ကို ရွေ့လျားနေတဲ့ကဗျာတစ်ပုဒ်လို့ တင်စားကြပြီး ဒီရုပ်ရှင်ဟာ စကားလုံးတွေထက် ဇာတ်ဆောင်နှစ်ယောက်ရဲ့အကြည့်တွေ၊ ဟန်ပန်အမူအရာတွေနဲ့ ဇာတ်လမ်းကိုတည်ဆောက်သွားခဲ့တာပါ။ သူတို့ရဲ့ လှုပ်ရှားမှုနောက်ကိုလိုက်ကြည့်နေရတာဟာကဗျာရှည်တစ်ပုဒ်ကို ဖတ်ပြီး ခံစားနေရသလိုပါပဲ။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Nostalgia (အတိတ်ကပျော်စရာအခိုက်အတန့်တွေကို အောက်မေ့သတိရခြင်း) ဆိုတဲ့အချက်ကို ကောင်းကောင်းကြီးပုံဖော်သွားနိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပေမယ့် ဝမ်ကာဝေဟာ ရုပ်ရှင်ရဲ့ အရောင်တွေကို ၁၉၆၀ ဝန်းကျင်ကထွက်ရှိတဲ့ရုပ်ရှင်ဆန်ဆန် အရောင်မျိုးအသုံးပြုသွားခဲ့ပြီး ဇာတ်အိမ်ကိုလဲ ၁၉၆၂ ခုနှစ် ဟောင်ကောင်မှာ အခြေတည်ထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ အချစ်ဇာတ်ကားကြည့်ပြီးမျက်ရည်လည်ရွှဲငိုချင်သူတွေ၊ ရိုမန်တစ်ဆန်ချင်သူတွေအတွက်တော့ ကိုက်ညီမယ့်ရုပ်ရှင်မဟုတ်ပေမယ့် တစ်ခါတစ်ခေါက်လောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ အနုပညာလက်ရာမြောက်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကို အနုပညာလက်ရာတစ်ခု၊ ကဗျာစာပေတစ်ခုလို ခံယူထားတဲ့သူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ တွေးလို့ကုန်နိုင်မှာမဟုတ်ပါဘူး။ အဖော်အချွတ်ဇာတ်ဝင်ခန်းမပြောပါနဲ့၊ နမ်းရှုတ်တဲ့အခန်းတောင် တစ်ကွက်မှမပါဝင်ပဲ အချစ်ဇာတ်လမ်းတစ်ခုကို လှလှပပလေးပုံဖော်သွားခဲ့တဲ့ဝမ်ကာဝေရဲ့ လက်ရာကို အခုပဲ ကြည့်ရှူလိုက်ကြပါ။ ဘဝအတွက် တွေးစရာတစ်ခုခုတော့ ကျန်ရစ်စေခဲ့ရမယ်ဆိုတာရဲရဲကြီးအာမခံရဲပါတယ်။ File size… 2 GB / 723 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Arkar Phyo

Action • Crime • Drama
8.1 2000 98 mins
In the Mood for Love
Personal Shopper
6.3

Personal Shopper (2016) IMDb Rating (6.1) / Rotten Tomatoes (81 %) Twilight မင်းသမီး Kristen Stewart တကိုယ်တော်ကြမ်းထားတဲ့ လျှို့ဝှက်ဆန်းကြယ်သည်းထိပ်ရင်ဖိုဒရမ်မာဇာတ်ကားကြီးပါ။ ဇာတ်လမ်းကတော့…. မော်ရင်းဟာဂျာမန်ရုပ်ရှင် စတားကိုင်ရာရဲ့ လက်ထောက် အဖြစ် အလုပ်လုပ်နေတာဖြစ်ပြီး ကိုင်ရာဓာတ်ပုံရိုက်ရာမှာ ရုပ်ရှင်ရိုက်ရာမှ ဝတ်သမျှ အဝတ်အစားတွေကို စီစဉ်ပေးရသလို အဝတ်အစားတွေကို ပြန်အပ်တာတွေလည်း လုပ်ရတာပါ။ တကယ်တမ်းတော့ မော်ရင်းဟာ သူရဲ့အသက်မွေးဝမ်းကျောင်းအလုပ်အပေါ် လုံးဝစိတ်ဝင်စားခြင်းမရှိပေမယ့်လည်း ကိုင်ရာ့ဆီမှာ ဆက်ပြီးလုပ်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ မော်ရင်းဆီကို ထူးဆန်းတဲ့ စာတိုမက်ဆေ့ချ်တွေ ရောက်လာခဲ့ပြီး ပို့တဲ့ သူကလည်း သူနဲ့ပတ်သက်တာမှန်သမျှ အကုန်သိတဲ့သူဖြစ်နိုင်တာမို့ သူအစ်ကိုဆီကလို့ပဲ မော်ရင်းထင်ခဲ့ပါတယ်။ မော်ရင်းမှာ အမြွှာအစ်ကို လူးဝစ္စရှိပြီး မကြာမီလပိုင်းကမှ ကွယ်လွန်သွားခဲ့တာပါ။ မော်ရင်းတို့ အမြွှာမောင်နှမမှာ နှလုံးရောဂါရှိပြီး ဘယ်သူအရင်သေမလဲဆိုတဲ့ အနေအထားပါ။ မော်ရင်းက သူတို့မောင်နှမ အတူနေခဲ့တဲ့ အိမ်ကြီးဆီကို မကြာခဏသွားပြီး တမလွန်က သူ့အစ်ကိုနဲ့ ဆက်သွားနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ လူးဝစ္စက သူအကယ်၍များ မော်ရင်းထက် အရင်သေသွားခဲ့ရင် တမလွန်ကနေ မော်ရင်းကို ဆက်သွယ်မယ်လို့ ပြောထားဖူးတဲ့အတွက် မော်ရင်းက စောင့်မျှော်နေတာပါ။ လူးဝစ္စရဲ့ အိမ်မှာ သွားနေရင်း မော်ရင်းတစ်ယောက်ဘယ်လို အခြောက်အလှန့်တွေ ကြုံရမှာလဲ၊ သူ့အစ်ကိုက တကယ်ပဲ တမလွန်ကနေ ဆက်သွယ်လာမှာလားဆိုတာတော့……။ ဇာတ်ကွက်အချို့က ကြမ်းတမ်းပြီး စကားလုံးအသုံးအနှုန်းအချို့ ရိုင်းစိုင်းတယ်လို့ ဝေဖန်ထားကြတဲ့ ဒီဇာတ်ကားမှာ မော်ရင်းအဖြစ် ခရစ္စတင်စတီးဝပ်၊ အင်ဂိုအဖြစ် လားစ်အီဒင်ဂါ၊ ကိုင် ရာအဖြစ် နိုရာဗွန်ဝဲလ်စတာတန်၊ အာဝင်အဖြစ် အန်ဒါစ်ဒန်နီယယ် ဆန်စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ (ရုပ်ရှင်အညွှန်းကို 7daydaily မှကူးယူဖော်ပြထားပါသည်။)

Drama • Comedy • Romance
6.3 2016 106 mins
Personal Shopper
OK Baytong
6.5

Ok Baytong (2003) ****************** ထန်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ ငယ်ငယ်ကတည်းက သာသနာ့ဘောင်ဝင်ပြီး ‌ဘုန်းကြီးကျောင်းမှာပဲ နေထိုင်ခဲ့ပါတယ်… တစ်နေ့မှာတော့ အစ်မဖြစ်သူရဲ့ သေဆုံးမှုသတင်းကိုကြားပြီး အစ်မဖြစ်သူနေထိုင်တဲ့ ဘေသုန်မြို့ကို လိုက်သွားခဲ့ပါတယ်… ထန်ရဲ့ အစ်မမှာ သမီးလေးတစ်ယောက်ကျန်ခဲ့ပြီး တစ်ဦးတည်းသောတူမလေးကို အုပ်ထိန်းမဲ့သူမရှိတာကြောင့် ထန်တစ်ယောက် ဘုန်းကြီးဘဝကနေ လူဝတ်လဲခဲ့ရပါတယ်…တူမလေးကို စောင့်ရှောက်ရင်းနဲ့ အစ်မဖြစ်သူရဲ့ လုပ်ငန်းတွေကိုပါ ဆက်လက်ထိန်းသိမ်း‌ပေးဖို့ဖြစ်လာခဲ့တယ်…ဒါပေမဲ့ ငယ်စဉ်ကတည်းက သာသနာ့ဘောင်မှာကြီးပြင်းခဲ့တာကြောင့် သာမာန်လူတွေနဲ့ ရင်ဘောင်တန်းရတဲ့ လောကီရေးရာတွေမှာ အခက်အခဲတွေ အများကြီးတွေ့ကြုံတွေ့ခဲ့ရပါတယ်… အစ်မဖြစ်သူရဲ့ သေဆုံးမှုကရော ပုံမှန်ဟုတ်ရဲ့လား… လူတွေရဲ့ စိတ်နေသဘောထားတွေ ယုံကြည်ကိုးကွယ်မှုတွေ အတွေးအမြင်အယူအဆတွေ စသဖြင့်… ရှုပ်ထွေးလှတဲ့ လူ့ဘောင်လောကမှာ ဘုန်းကြီးလူထွက်လေး ထန်တစ်ယောက် ဘယ်လိုနေထိုင်သွားမှာလဲ… ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြပါရှင်… File Size : 3.04GB / 1.05GB Quality : WEB-DL 1080p / 720p Duration: 1 hr. 45 min. Genres: Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Bear Encoded by Heather Oo

Animation • Family • Comedy • Music
6.5 2003 98 mins
OK Baytong
Green Room
7

IMDB… 7/10 Rotten tomatoes… 90% Green Room ကတော့ 2015 တုန်းကဒါရိုက်တာ Jeremy Saulinerကိုယ်တိုင် ရေးသားရိုက်ကူးခဲ့တဲ့Horror, Thriller ရုပ်ရှင်ကားလေးပါ ဇာတ်လမ်းကတော့ သိပ်ပြီး ကြီးကြီးမားမားတော့ မဟုတ်ပါဘူး လူငယ် Punk Rock Band တစ်ဖွဲ့က လူမနီးသူမနီး တောအုပ်တစ်ခုမှာရှိတဲ့ Club တစ်ခုမှာသွားဖျော်ဖြေရင်းနဲ့ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုတဲ့ အတိုင်းစင်အနောက်ဘက်က နားနေခန်း Green Room ထဲမှာ လူသတ်မှုတစ်ခုနဲ့ အမှတ်မထင် ပက်ပင်းသွားတိုးသွားပြီး အသက်အန္တာရာယ်ကြီးမားတဲ့ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ် ဒီကားဟာ 2015 ရဲ့ အကောင်းဆုံး ရုပ်ရှင်တော့ မဟုတ်ပေမယ့် သည်းထိပ်ရင်ဖို ကြိုက်သူတွေ အတွက်တော့ လုံးဝ ပျင်းရမှာ မဟုတ်ပါဘူး သွေးထွက်သံယိုတွေလည်း အတော်ပါပါတယ် တချို့အခန်းတွေဆိုရင် အဲ့လိုမျိုးသွေးထွက်သံယို ကြိုက်တတ်တဲ့ သူတွေအတွက်တောင် အသည်းယားဖို့ကောင်းတာတွေ ပါတယ် တော်တော် ယုတ္တိရှိအောင်လည်းရိုက်ပြထားပါတယ် Punk music တွေ Metal တွေ ကြိုက်တဲ့ သူတွေအတွက်တော့ ကောင်းပါတယ် ဒီကားရဲ့ Poster ကိုတောင် The Clash အဖွဲ့ရဲ့ London Calling Album cover နဲ့တူအောင်လုပ်ထားပါသေးတယ် ဒီကားရဲ့ အဓိက ဘာလဲဆိုတော့ Tension ပါပဲ ဇာတ်လမ်းအစကနေပြီး တစတစ Tension မြင့်လာတာကို သိသိသာသာ ခံစားရမှာဖြစ်ပါတယ် ဒီ Green Room ဟာဆိုရင် တက်သစ်စသရုပ်ဆောင်တွေနဲ့ငွေအကုန်အကျသိပ်မသုံးဘဲရိုက်ထားတဲ့သည်းထိတ်ရင်ဖို ရုပ်ရှင်ကားတစ်ကားပါ ချုံပြောရရင်တော့ ဒီကားက မိုးအေးအေးလေးနဲ့ အပြင်လည်းသွားစရာမရှိရင် အိမ်ထဲမှာ စောင်လေးချုံပြီး ကြည့်သင့်တဲ့ Thriller ကားကောင်းလေးတစ်ခုပါပဲ File size… 2.7 GB / 624 MB / 393 MB Quality… WEB-DL 4K HEVC 1080p / 720p Format… mp4 & mkv Audio … AAC Duration…. 1h 35m Genre ….. Crime, Horror, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by May Phyu Khin

Science Fiction • Action • Adventure
7 2015 95 mins
Green Room