YoteShin Drive is below this article. Scroll down to view.
The iPhone 14 Pro is the most popular iPhone 14 Proxide
Author: Anonymous Published on: 12 Aug 2022
Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA
YoteShin Drive
Sign in using google and save to your drive
(CM) The Innocent (2022) 1080p.mp4
1.76 GB N/A video/mp4 50 downloads
Save this file to your google drive account to download
Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cinderella
7
ဒီနေ့မှာတော့ CM က Disney ဖန်တွေအတွက် Old but Gold ဆိုတဲ့အတိုင်း ဟောင်းပေမဲ့လည်း ဘယ်အချိန် ကြည့်ကြည့်မရိုးပဲ ကောင်းနေဆဲဆိုတဲ့ ကာတွန်းကားလေး တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ အဲ့တာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ 97% ရထားတဲ့ ကိုယ်တွေငယ်ဘဝရဲ့ အသည်းစွဲ Cinderella (I) 1950 လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မသိတဲ့သူမရှိသလောက်ပါပဲ။ မိထွေးနဲ့ မိထွေးရဲ့သမီး၂ယောက်ဆီမှာ အစေခံတစ်ယောက်လို အလုပ်လုပ်ပေးရပြီး အနိုင်ကျင့်ခံရတဲ့ စင်ဒရဲလားလေးရဲ့ သနားစရာ ဘဝဇာတ်ကြောင်းလေးပါပဲ။ ဟိုးအဝေးဆီက နန်းတော်ကြီးဆီ လှမ်းမျှော်ကြည့်ပြီး စင်ဒရဲလားလေးဟာ တော်ဝင်ကပွဲကိုတက်ခွင့် ရဖို့စိတ်ကူးယဥ်နေပါသတဲ့။ အဲ့လို စင်ဒရဲလား လေးရဲ့ စိတ်ကူးတွေကို အကောင်အထည်ပေါ်အောင် သူရဲ့သူငယ်ချင်း ကြွက်ကလေးတွေက ဘယ်လိုကူညီကြမလဲ၊ စိတ်ထားမကောင်းတဲ့မိထွေးဆိုးကြီးက ဘယ်လိုယုတ်မာပြမလဲ၊ သူတော်ကောင်းနတ်ကောင်းမ ဆိုတဲ့ စကားအတိုင်း အစောင့်အရှောက်နတ်သမီးဖွားဖွားက ဘယ်လိုတွေ ကူညီပေးမလဲ ဆိုတာကို ငယ်ဘဝကခံစားချက်တွေ နဲ့ ရသစုံလင်စွာ ပျော်ပျော်ရွှင်ရွှင်ခံစားကြည့်ရှုနိုင်ဖို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ သီချင်းလေးတွေကအစ သေချာလေးခံစားဘာသာပြန်ပေးထားတာမို့ CM လက်ရာ ကောင်းကောင်းလေးနဲ့ တစ်ဖန်ပြန်လည်ခံစားကြည့်ရှူ ချင်ကြတဲ့ ပရိတ်သတ်ကြီးတို့အတွက် down ရကျိုးနပ်စေမယ့် ကားကောင်းလေးတစ်ကားဖြစ်စေရဖို့ အာမခံပါတယ်လို့ပြောရင်း ... Let's Enjoy Guys ! ! File size…1.05GB / 718MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 14m Genre ..... Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin
Crime • Drama • Mystery • Sci-Fi & Fantasy
7 1950 74 mins
Cinderella
Terrifier 2
6.9
~ IMDb - 6.7/10, RT - 89%, Meta - 66% ~ (သွေးသံရဲရဲ သတ်ခန်းဖြတ်ခန်းတွေက အတော်ကြမ်းလို့ အသည်းငယ်တတ်သူတွေ မကြည့်ကြဖို့ သတိပေးချင်ပါတယ်) တကယ်တမ်း ဒီနှစ်ရဲ့ နှစ်လယ်ဟာ Horror ဇာတ်ကားကောင်းတွေချည်းဆက်တိုက်ထွက်ပြီး Box Office မှာ မင်းမူခဲ့တဲ့ကာလပါပဲ။ A24 ဆိုလည်း X ဟာ အကြီးအကျယ် ချီးကျူးခံခဲ့ရပြီး နောက်ပိုင်းထွက် Men တို့၊ Bodies Bodies Bodies တို့လည်း နာမည်ရခဲ့ပါတယ်။ အရင်လကုန်မှ ရုံတင်ခဲ့တဲ့ Smile ဆိုလည်း ပရိုမိုးရှင်းအလန်းတွေလုပ်ခဲ့တာနဲ့လည်း တန်အောင် BO Results တွေလည်း ကောင်းနေတယ်။ ဒီကြားထဲမှာလည်း Men, Bodies Bodies Bodies, Pearl, Nope, Fresh, Barbarian စတဲ့ Standalone ကားတွေ၊ ဂိဆရာတွေရဲ့ Crimes of The Future လို Body Horror ကား အပြင် နာမည်ကြီး Franchise တွေရဲ့ အဆက် Reboot အဆုံးသတ်‌တွေ အနေနဲ့ထွက်လာတဲ့ Texas Chainsaw Massacre, Orphan: First Kill, Hellraiser, Scream, Halloween Ends စတဲ့ စတဲ့ ‌ဟော်ရာကားတွေကလည်း သူ့ဟာနဲ့သူ အောင်မြင်ခဲ့ကြပါတယ်။ ဒီကြားထဲ ရုပ်ရှင်ရုံမှာ ကြည့်နေရင်း လူတွေ အန်ကုန်ကြတာတို့၊ မူးလဲကုန်ကြတာတို့ ဖြစ်‌ရလောက်တဲ့ထိ ကြမ်းသွားလို့ ဒါရိုက်တာကတောင် ပြန်တောင်းပန်ရတယ်ဆိုတဲ့ Horror ကားလည်း ရှိခဲ့ပါတယ်။ ခု Terrifier 2 ပါပဲ။ ဒီကားက ရှားရှားပါးပါး နောက်ဆက်တွဲကားက ပထမကားထက် Rotten Tomatoes, Meta, IMDb စတဲ့ရိတ်တင်တွေ အပုံကြီးကောင်းနေတဲ့ Horror ကားပါ။ ပထမကားက Art the Clown ပြန်ပေါ်လာခဲ့သလို Victoria လည်း ပထမကားရဲ့ တစ်ဦးတည်းသောအသက်ရှင်ကျန်သူအနေနဲ့ ပြန်ပါလာပါတယ်။ ဒီကားက တကယ့် အစွန်း၂ဖက်ကကားပါပဲ။ တစ်ဖက်ကကြည့်တော့လည်း မင်းသမီးလေးက ချစ်စရာကောင်းသလို ဆက်စီကျတာတွေအထိ မျက်စိပဒသာဖြစ်အောင် ပြထားသလို တစ်ဖက်ကကြည့်တော့လည်း Art က မျက်နှာကိုဟက်တက်ခွဲတာတွေ အက်ဆစ်နဲ့ပက်တာတွေ ရက်ရက်စက်စက်သတ်ဖြတ်တာတွေကို ပြထားတာက ရုံမှာ လူတွေ အန်ကြတဲ့အထိကို အော်ဂလီဆန်စရာကောင်းခဲ့တဲ့ အကြောင်းအရင်းပါပဲ။ တစ်ကားလုံး ရက်ရက်စက်စက်သတ်တဲ့ အခန်းတွေမနည်းသလို ပက်ပက်စက်စက်လှတဲ့ ကောင်မလေး၂ယောက်ရဲ့ အခန်းတွေလည်း မနည်းပါဘူး။ မှော်အစွမ်းလိုလိုဟာတွေလည်း ပါပါသေးတယ်။ Art နဲ့ ဗစ်ကီကို လူသတ်သမားနဲ့ ခံရသူအဖြစ်ကနေ ချစ်သူလိုလို အဖြစ်ကိုလည်း ပုံဖော်ထားသေးပါတယ်။ ရိုးရိုး Horrorမဟုတ်ဘဲ အသားကုန်ရက်ရက်စက်စက်သတ်ပြနေတဲ့ Horror/Splatter ကားအနေနဲ့ တော်တော်လေးကို ဝေဖန်ရေးသမားတွေ ချီးကျူးတာခံထားရပြီး Runtime ကလည်း သတ်ခန်းဖြတ်ခန်းတွေ အ၀ကြည့်ရအောင်၂နာရီကျော်တောင်မို့ အားရပါးရ ကြည့်နိုင်မယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.33GB, 1.22GB, 583MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 2H 18Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y
Action • Drama • Fantasy
6.9 2022 138 mins
Terrifier 2
Mission: Impossible - Rogue Nation
7.2
IMDb Rating 7.4/10 ဒီကားကတော့ အားလုံးသိတဲ့အတိုင်း မင်းသားချော Tom Cruise ရဲ့ Mission Impossible ဇာတ်လမ်းတွဲ ထဲက ငါးကားမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအကြောင်းမပြောခင် MI ဇာတ်ကားတွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ ဇာတ်ကားတစ်ကားပြောင်းတိုင်း ဒါရိုက်တာ အသစ်ပြောင်းသွားပြီး ဒါရိုက်တာအားလုံးကလည်း အသစ်တွေဖြစ်ကြပါတယ်။ Mission Impossible ကိုမရိုက်ကူးခင်မှာ အဲ့ဒီဒါရိုက်တာတွေ က ဇာတ်ကားကြီးတွေမရိုက်ဖူးထားပါဘူး။ Brian De Palma က ပထမဆုံးကား၊ John Woo က ဒုတိယကား၊ J.J. Abram က တတိယကားနဲ့ နောက်ဆုံး Brad Bird က Ghost Protocol ကိုရိုက်ကူးထားကြပါတယ်။ အခု Rogue Nation ကိုတော့ Christopher McQuarrie (Edge of Tomorrow) ကရိုက်ကူးထားပါတယ်။ ဇာတ်ကားအားလုံးကို Tom Cruise က တည်းဖြတ်ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာတွေကိုလည်း သူကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Mission Impossible က ပထမသုံးကားက ဆင်တူ ယိုးမှားဇာတ်လမ်းတွေပဲဖြစ်ပြီး၊ စတုတ္ထကား Ghost Protocol ကနေစပြီး Spy Action ကားကောင်း တစ်ကား အသွင်ဖြစ်လာပါတယ်။ ပထမသုံးကားက တစ်ကားနဲ့ တစ်ကား အဆက်အစပ်မရှိသလို သုံးကားလုံးမှာ Luther နဲ့ Hunt ကလွဲရင် ပါတဲ့ သရုပ်ဆောင်တွေ လည်း မတူပါဘူး။ ဒါပေမယ့်ဒီကားမှာ တော့ အရင် တုန်းကနဲ့ မတူပဲ Ghost Protocol အဆုံးကနေ ပြန်ဆက်ထားပါတယ်။ Ghost Protocol အဆုံးသတ်မှာ Ethan Hunt က The Syndicate ဆိုတဲ့အဖွဲ့အစည်းကို ခြေရာခံဖို့ တာဝန်ပေးခံရပါတယ်။ ဒီဇာတ်ကားအစမှာ Ethan Hunt က Nerve Gas တွေကို အကြမ်းဖက်သမားတွေ လက်ထဲမရောက်အောင် လုပ်ရင်းက The Syndicate ဆိုတဲ့အဖွဲ့အစည်း အကြောင်းကို စုံစမ်းဖို့ လုပ်ပါတယ်။ ဒီအချိန်မှာပဲ London မှာ သူ့ရဲ့ နောက်ထပ် Mission အကြောင်းအရာကို နားထောင်နေတုန်းမှာပဲ Syndicate ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ တစ်ဖက်မှာလည်း IMF အဖွဲကို ဖျက်သိမ်းလိုက်ပြီး CIA ရဲ့ လက်အောက်ကို ပေါင်းထည့်လိုက်ပါတယ်။ IMF Chief Analyst ဖြစ်တဲ့ William Brandt (Jeremy Renner) က လည်း CIA အရာရှိ Alan Hunley (Alec Baldwin) လက်အောက်ကို ရောက်သွားပါတယ်။ ဒါကြောင့် Hunt ကိုလည်းမကူညီနိုင်တော့သလို သူတို့ IMF အဖွဲ့လည်း ပျက်သွားပြီဖြစ်လို့ ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။ Hunt က Syndicate ရဲ့ လက်ထဲကနေ MI6 (British Intelligence) Secret Agent မလေး ရဲ့ အကူအညီနဲ့ လွတ်မြောက်လာခဲ့ပြီးနောက် Syndicate ရဲ့ အဓိက ခေါင်းဆောင် Solomon Lane ကို ရအောင် ရှာဖွေပြီး သူရဲ့ အကြံအစည်တွေ အထမမြောက်အောင် တားဆီးရမှာဖြစ်ပါတယ်။ The Syndicate ဆိုတာ British တွေ ရဲ့ Black Ops အဖွဲ့အစည်းဖြစ်ပြီး သူတို့ရဲ့ အစီအစဉ်က အခြား နိုင်ငံတွေက Spy တွေကို Recruit လုပ်ပြီး Black Ops Mission တွေလုပ်ခိုင်းမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Prime Minister က အတည်မပြုပေမယ့် သူတို့ က တရားမဝင်လုပ်နေရင်းက Solomon Lane က သစ္စာဖောက်ပြီး သူ့ပါသူ ခွဲထွက်သွားတာဖြစ်ပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး James Bond ဇာတ်ကားတွေ ကြည့်ရသလိုပဲ Spy ကားဆန်ဆန် ရိုက်ကူးထားပါတယ်။ ဒါပေမယ့် James Bond ဇာတ်ကားတော်တော်များများထက်ကောင်းပြီး အက်ရှင် ကောင်းကောင်းတွေလည်းပါပါတယ်။ MI6 Agent အဖြစ် သရုပ်ဆောင်ထားတဲ့ Rebecca Ferguson က သရုပ်ဆောင်ကောင်းပြီး အက်ရှင် စတားတစ်ဦးအဖြစ်လည်း ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်တာ တွေ့ရပါတယ်။ Tom Cruise နဲ့ အတူ Jeremy Renner, Simon Pegg နဲ့ Ving Rhames (Luther Stickell) တို့ကလည်း ပြန်လည်ပါဝင်ထားကြပါတယ်။ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Spy ကားကောင်း တစ်ကား ဖြစ်တာနဲ့အညီ ဇာတ်လမ်းကလည်း ပရိတ်သတ်ကို လှည့်စား ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသမီး Rebbeca ကို ရေကူးဝတ်စုံနဲ့ တစ်ခန်းတွေ့ရပေမယ့် No Sex, No Nudity ဖြစ်လို့ မိသားစု တူတူကြည့်နိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Movies For Myanmar မှ တင်ဆက်ထားပါတယ်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(10 GB)/(1.5 GB)/(1.1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:11:33 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by Ye Kyaw Htet
Action • Drama
7.2 2015 131 mins
Mission: Impossible - Rogue Nation
Peppermint
6.7
6.7 2018 102 mins
Peppermint
[18+] Lover
5.8
Lover (2005) မင်းသမီးက ကင်ကီဒွပ်ရဲ့ The Net တို့ Hong Sang-soo ရဲ့ Woman Is the Future of Man တို့ထဲ သရုပ်ဆောင်ဖူးတဲ့လူပါ။ Lee Sun-kyunလို နာမည်ရမင်းသားနဲ့တွဲပြီး မင်းသမီးနေရာကလည်း ရိုက်ဖူးပါသေးတယ်။ ဒီကားထဲမှာတော့ ကင်မင်ဟီးလိုလို ရုပ်လေးနဲ့ဆိုတော့ ကြည့်ရတော်တော်တန်ပါတယ်။ မင်းသားကလည်း Bad Guys ဇာတ်လမ်းတွဲ ၂ခုလုံးရော မူဗီမှာပါ ပါဖူးတဲ့သူဆိုတော့ ၁၈အပေါင်းကားပေမဲ့ cast တွေတော့ ကြမ်းပါတယ်။ ဇာတ်လမ်းကတော့ ကုမ္ပဏီဒေဝါလီခံပြီး အာဖရိကကိုသွားတော့မယ့်လူတစ်ယောက်ဟာ ကိုရီးယားမှာနေတဲ့ နောက်ဆုံးနေ့မှာ မိန်းကလေးတစ်ယောက်နဲ့တွေ့ခဲ့တဲ့အကြောင်းပါပဲ။ အဲဒီမိန်းကလေးနဲ့ အဲဒီတစ်ရက်တာကို အတူကုန်ဆုံးပြီး ၂ယောက်အတူ ပျော်စရာဘဝလေးတစ်ခုကိုဖြတ်သန်းကြပါတယ်။ ဇာတ်လမ်းနဲ့ကားမို့ ၃ခန်းပဲပါပေမဲ့ မင်းသမီးလှလို့ ကြည့်ရတန်သလို ဇာတ်လမ်းကလည်း ရိုမန့်တစ်ဆန်ဆန်နဲ့ ကြည့်ရတန်တာမို့ ရိုမန့်တစ်အချစ်ညပြာပြာလေးကို ဖြတ်သန်းချင်တာပဲဖြစ်ဖြစ် ဒီတိုင်းဆွေးရင်းတစ်ကိုယ်တော်မှုပြုချင်တာပဲဖြစ်ဖြစ် ကြည့်ကောင်းမယ့်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 880MB Quality – 1080p, 720p Format – mp4 Duration – 1H 38Min Genre – Adult, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB
Action • Thriller
5.8 2005 98 mins
[18+] Lover
The Tailor of Panama
The Tailor of Panama(2001) ************************** James Bond မင်းသားကြီး Pierce Brosnan အပြင် Geoffrey Rush,Jamie Curtis တို့လိုနာမည်ကြီး သရုပ်ဆောင်များနဲ့ ဟယ်ရီပေါ်တာမင်းသားလေး Daniel Radcliffe ကကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံရေးလှည့်ကွက်တွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ အပျော်မယားနဲ့ကိစ္စတွေရှုပ်ခဲ့လို့ ပန်နမာကိုစေလွှတ်ခံရတဲ့ စစ်တပ်သတင်းဌာနက အန်ဒီအော့စ်နာဟာ ပန်နမာမှာဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ မကောင်းမှုဒုစရိုက်တွေကိုစုံစမ်းဖို့ ပုံပြောကောင်းတဲ့ အပ်ချုပ်သမား ဟယ်ရီပန်ဒယ်ကိုအကြပ်ကိုင်ခိုင်းစေပါတယ်။ ဟယ်ရီအနေနဲ့ သူ့ရဲ့အတိတ်ကအကြောင်းတွေကို မပေါ်စေချင်တဲ့အတွက်ကြောင့်ပဲ အန်ဒီခိုင်းသမျှကိုလိုက်လုပ်ပေးရာကနေ ဘယ်လောက်အထိဆိုးဝါးသွားမလဲ… သူ့ရဲ့ပုံပြောကောင်းတဲ့အရည်အချင်းနဲ့ ဘယ်လိုဇာတ်လမ်းတွေဖန်တီးခဲ့တာလဲဆိုတာကို လှည့်ကွက်ပေါင်းများစွာနဲ့ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်….. File Size :(3.4GB) (0.9GB) and (472MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:49:00 Genre : Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
Drama
0 2001
The Tailor of Panama
Friday Night Plan
6.6
Friday Night Plan (2023) IMDb 6.5 Netflix ကထုတ်လွှင့်တဲ့ ကျောင်းတွင်းအချစ်ကားဖြစ်ပြီး အရင်အချိန်‌က ဇာတ်လမ်းတွေကိုပြန်သတိရရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ ဇာတ်ကားကောင်းပဲဖြစ်ပါတယ် ‘Friday Night Plan ‘ ဒီဝေါဟာရဖြစ်တည်လာပုံကတော့ တနင်္လာကနေ သောကြာအထိ စာပြီးစာပဲဖြစ်နေကြတဲ့ ကျောင်းသားတွေအတွက် သောကြာနေ့ညကစပြီး Non-Stop Party နဲ့ အပီကဲကြမဲ့ ကျောင်းတွင်းရိုးရာတစ်ခုပေါ့ ကျောင်းရဲ့တင်းကျပ်တဲ့စည်းကမ်းတွေကြားမှာ ကလေးတွေပျော်ရွှင်ရတဲ့ FNP.. ကျောင်းပိတ်ခါနီးလို့ ‌တစ်ကျောင်းနဲ့တစ်ကျောင်း ဘောလုံးပြိုင်ပွဲတွေကြား နာမည်ကောက်ကြီးသွားတာက‌ ဆစ်ဒ် .. သူ့အကြောင်းပြောရရင် အမေဖြစ်သူက နိုင်ငံခြားအစည်းအဝေးပွဲသွားလို့ ညီဖြစ်သူနဲ့ နှစ်ပါးသွားနေသူပေါ့ သူသဘောကျတဲ့ကောင်မလေးက လူမိုက်တစ်ယောက်ကို နယ်မြေ၁၁ခုကရဲတွေ ဝိုင်းလိုက်သလို ကျောင်းတစ်ဝက်ကျော်ကျော်ကလူတွေ ပိုးပန်းတာခံနေရတဲ့ နာတာရှာပါ တစ်ကျောင်းလုံးရဲ့ အချောအလှလေးနဲ့ ကျောင်းကပွဲကိုအတူသွားချင်တာကတော့ သူ့အိပ်မက်တစ်ခုပေါ့ ဆိုတော့ ကျောင်းသားတို့ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးဖြစ်နေမှာဖြစ်ပြီး သူ့အိပ်မက်ကိုဘယ်လိုအကောင်အထည်ဖော်သွားမယ်ဆိုတာကတော့… (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~YH~V~Zwe Yan တို့ပဲဖြစ်ပါတယ်)
Action • Thriller
6.6 2023
Friday Night Plan
Silent Duel
5.9
ဒီတစ်ခေါက်တော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ… မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့ဝင် ချန်ကျယ်က မူးယစ်ဆေးရောင်းဝယ်သူတွေကို လိုက်လံ ဖမ်းဆီးချိန်မှာ HIV ပိုးရှိတယ်လို့ ထင်ရတဲ့ လောင်မောင်းဆိုသူရဲ့ ကိုက်တာကိုခံခဲ့ရပါတယ်… သို့ပေမယ့် သူရဲ့ ဆေးစစ်မှုရလာဒ်ထွက်မလာခင် စောင့်ဆိုင်းရက် သုံးလအတွင်းမှာ သူ့ရဲ့ မူလရည်ရွယ်ချက်အတိုင်း သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ မူးယစ်ဆေး ရောင်းဝယ်သူတွေ ကြိုးစားဖမ်းဆီးခဲ့ပါတယ်.. တစ်ဖက်မှာလည်း စိတ်ဓာတ်ကျမသွားအောင်မိသားစုဝင် ချစ်သူ လုပ်ဖော်ကိုင်ဘက်တွေရဲ့ ဖေးမမှုတွေကို မြင်တွေ့ရမယ့်အပြင်… HIV သံသယရှိသူ ဖြစ်ခဲ့သော်လည်း စိတ်ဓာတ်မကျဘဲ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေသူတွေကို အဆုံးထိ ဘယ်လိုနှိမ်နှင်းသွားခဲ့လဲ…. သူ့ရဲ့ နောက်ဆုံး ဆေးစစ်ချက်ရလာဒ်ကရောဘယ်လိုမျိုး အဖြေထွက်လာခဲ့လဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြပါဦးနော်…
5.9 2023
Silent Duel
Sophie’s Rules
7.1
ကတ်သီဟာ သူမရဲ့ တစ်ဦးတည်းသော သားဟာ ရေတပ်တွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတာကြောင့် ထိုအဖြစ်အပျက်ကို လက်သင့်မခံနိုင်ဘဲ စိတ်သောက ရောက်နေရပါတယ်။ တနေ့မှာတော့ တောလမ်းလေးအတိုင်း လမ်းလျှောက်လာရင်း ချော်လဲပြီး ဒဏ်ရာ ရသွားတာကြောင့် အနီးအနားအိမ်မှ မိန်းကလေး တစ်ဦးက ပြုစု စောင့်ရှောက်ပေးပါတယ်။ တကယ်တော့ အဲဒီအိမ်ဟာ ဆိုဖီ ဆိုသော အမျိုးသမီး ပိုင်သော အိမ်ဖြစ်ကာ ကတ်သီကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် လမ်းပျောက်နေတဲ့ လူတွေအတွက် ယာယီ ခိုလှုံရာလေး ဖြစ်နေပါတယ်။ ထိုအခါ ကတ်သီ ဟာလည်း ထိုဂေဟာလေးမှာ တည်းခိုနေရင်း သူမရဲ့ စိတ်တွေ ပြန်လည် တည်ငြိမ်သွားမလား ဒါမှမဟုတ် သူမရဲ့သားဟာ သူမ လက်ကိုင်ထားသလို အသက်ရှိနေသေးသလား ဆိုတာကို ဤဇာတ်ကားလေးထဲမှာ ဆက်လက် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vio La
Adventure • Action • Thriller • Science Fiction
7.1 2023
Sophie’s Rules
Hot Blooded Angel
5.8
ကိုယ့်ရဲ့ယုံကြည်ရာ နားခိုရာတစ်ခုကိုကာကွယ်ဖို့ကြိုးစားတဲ့ မိန်းကလေးတစ်ယောက်အကြောင်း အက်ရှင်ကားလေးဖြစ်ပါတယ်။ တရုတ်တန်းဆိုတာ အနယ်နယ်အရပ်ရပ်ကတရုတ်တွေအတွက် နွေးထွေးတဲ့နားခိုရာတစ်ခု အားကိုးရာတစ်ခုပဲဖြစ်တယ်။ အပေါ်ယံမှာအိမ်ခြံမြေစီမံကိန်းလုပ်ငန်းရှင်လိုလိုနဲ့ မကောင်းမှုတွေ ပြစ်မှုပေါင်းများစွာကျူးလွန်နေတဲ့ သူဌေးကြီးတစ်ယောက်ဟာ တရုတ်တန်းရှိတဲ့နေရာကို မျက်စိကျလိုချင်တဲ့အတွက် နည်းအမျိုးမျိုးနဲ့ဒုက္ခပေးပါတော့တယ်။ အာဏာပိုင်တွေနဲ့ပေါင်းကြံတဲ့ မသမာတဲ့လူမိုက်ဂိုဏ်းသားတွေကို ဒီနတ်သမီးလို့တင်စားခံရတဲ့ကောင်မလေးဟာ ဘယ်လိုရင်ဆိုင်မလဲ….. ရန်ငြိုးတွေကိုအသစ်ရောအဟောင်းပါရောပြီးရှင်းတဲ့အကြောင်းကို မမလှလှတွေရဲ့အက်ရှင်ခန်းများများနဲ့ကြည့်ရမှာဖြစ်ပါတယ်။
Action • Animation • Science Fiction
5.8 2024
Hot Blooded Angel
The Rundown
6.7
2003 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating 6.7 ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ 2002 ခုနှစ်က The Scorpion King ဇာတ်ကားနဲ့အောင်မြင်ခဲ့တဲ့ Dwayne (The Rock) Johnson အတွက်တော့ လူပိုသိလာတဲ့ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်မှာ စားဖိုမှူးအဖြစ်အသက်မွေးချင်တဲ့ ဘက်ခ်ဟာ သူ့သူဌေးအတွက် အကြွေးလိုက်တောင်းပေးရတဲ့ လူမိုက်တစ်ဦးပဲဖြစ်ပါတယ်။ ဒါပေမယ့် သူက သေနတ်မသုံးသလို မလိုအပ်ပဲထိခိုက်အောင်မလုပ်ပဲ စည်းစနစ်ကြီးတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲက ပြန်ခေါ်ပေးနိုင်ရင် သူလိုချင်တဲ့စားသောက်ဆိုင်ရမှာဖြစ်ပြီး လူမိုက်ဘဝကကျွတ်မှာဖြစ်တဲ့အတွက် ဘက်ခ်က လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ရှေးဟောင်းရတနာကို လိုက်ရှာနေတဲ့ သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲမှာ ဘုရင်တစ်ပါးလို မင်းမူနေတဲ့ ဟတ်ချာဆိုတဲ့ရွှေတွင်းပိုင်ရှင်က ပြန်မလွှတ်ချင်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ …….သူ့သူဌေးရဲ့သားကရော ရှေးဟောင်းရတနာကို ဟတ်ချာမသိခင် ရှာတွေ့နိုင်မလား…….ဘားဆိုင်ထဲက ကောင်မလေးကရော ဘာတွေလျှို့ဝှက် ထားသလဲဆိုတာကို ဆက်လက်ရှု့စားကြပါ။ အက်ရှင်ဇာတ်ကားဆိုပေမယ့် The Rock နဲ့ Seann William Scott တို့ရဲ့ သရုပ်ဆောင်မှုတွေက ဟာသရသကိုလည်း တပြိုင်နက်ခံစားရစေမှာပါ။ အက်ရှင်ဇာတ်ကားကောင်းနဲ့ The Rock ပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ မြန်မာစာတန်းထိုးဘာသာပြန်ကတော့ ကိုညီညီကျော်မြင့်မှ ရေးသားတင်ဆက် ထားပါတယ်။)
6.7 2003 104 mins
The Rundown
In the Summers
6.7
DC ရဲ့ Supergirl အဖြစ်လူသိများတဲ့ Sasha Calleပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက် ချင်ပါတယ်။ ရိုးရိုးအေးအေး Family/ Dramaဇာတ်ကား ဖြစ်ပေမဲ့ ခရမ်းချဉ်သီးပုပ်မှာတော့ 92%အထိရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဗီအိုလက်တာနဲ့ သူ့ညီမ အဲဗာတို့ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ New Mexico ,Las Cruces မှာနေတဲ့ သူတို့အဖေဆီ အလည်သွားကြပုံကိုရိုက်ကူးပြထားတာပါ။ နှစ်တွေတဖြည်းဖြည်းကြာ နွေရာသီတွေ တစ်ခုပြီး တစ်ခု ပြောင်းလာတာနဲ့အမျှ မတူညီတော့တဲ့ သားသမီးနဲ့ဖခင်ကြားက ဆက်ဆံရေးကို သဘာဝကျကျရိုက်ကူး‌တင်ဆက်ပေးထား ပါတယ်။ Broken family တစ်ခုရဲ့ သားသမီးတွေနဲ့ အနေဝေးတဲ့ မိဘတွေရဲ့ကြားမှာ တွေ့ရတတ်တဲ့ Awkwardness တွေ၊ စိမ်းကားမှုတွေ၊ မရခဲ့တဲ့မေတ္တာကို မခံစားတတ်မှုတွေ နဲ့ ဖခင်ဘက်က ရသလောက်ဖြည့်တင်းပေးချင်မှုတွေကို ကောင်းကောင်းကြီးတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ရင်ဘတ်တစ်နေရာမှာ ဘယ်လိုမှ ဖြည့်လို့မပြည့်နိုင်တဲ့ ဟောင်းလောင်းပေါက်တစ်ခုရှိနေတဲ့ ညီအစ်မနှစ်ယောက် ဘယ်လိုကြီးပြင်းလာကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.21GB /646MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
6.7 2024 98 mins
In the Summers
Jarhead
7
Jarhead (2005) *************** IMDB….7.0 ဒီစစ်ကားက တခြားစစ်ကားတွေနဲ့ မတူတဲ့ ထူးခြားချက်က ရဲဘော်တစ်ယောက် စစ်ထဲစဝင်တဲ့ အခန်းကနေ စပြထားတယ် .. စစ်မြေပြင်အတွက် သင်တန်းတွေ ရဲဘော်သစ်ကို ကြိုဆိုပုံတွေ အထက်အောက်ဆက်ဆံပုံတွေကို အသေးစိတ်ရိုက်ပြထားပြီးမှ တဖြည်းဖြည်း စစ်မြေပြင်ကိုခေါ်ဆောင်သွားတယ် .. သရုပ်ဆောင်တွေကလည်း နာမည်ကြီးမင်းသား Jake Gyllenhaal, Jamie Foxx, Peter Sarsgaard, Lucas Black စတဲ့သူတွေမို့ ဝေဖန်ရေးဆရာတွေကတောင် တာဝန်ကျစစ်သည်နေရာမှာ သရုပ်ဆောင်တာ ဇာတ်ရုပ်ပီပြင်လွန်းတယ်လို့ ချီးကျူးခံထားရတယ်… စာရေးဆရာကြီးဖေမြင့်ကပြောဖူးတယ် အားလုံးကိုလက်တွေ့သိဖို့မဖြစ်နိုင်ပေမဲ့ ကျွန်တော်တို့မယ် လေ့လာပြီး သိနားလည်ပေးလို့ရတယ်တဲ့ .. စာအုပ်တွေ ရုပ်ရှင်တွေက အဓိကပေါင်းကူး တံတားတွေအဖြစ်တည်ရှိနေသတဲ့ .. ဒီကားက စစ်သားတွေရဲ့ နေပုံထိုင်ပုံ ကြမ်းတမ်းပုံ အရေးကြုံလာရင် အချင်းချင်းစည်းလုံးပြီး အခက်အခဲတွေ ရန်သူတွေကိုရင်ဆိုင်ကျော်ဖြတ်ခြင်းတွေကို လှလှပပလေးရိုက်ပြသွားတယ် ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ .. File Size… 2.57 GB, 1.2 GB Quality…BluRay 1080p, 720p Format…mp4 Duration…02:05:00 Subtitle…Myanmar Subtitle(Hardsub) Translated by Zuel Khant Thwin Encoded by AHtet
Animation • Adventure • Comedy • Family • Fantasy
7 2005 123 mins
Jarhead
Hi,Mon
7
IMDb 7.0 အထိ ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါဒီကားလေးကတော့ ဟာသကားလေးပေါ့ ဒါပေမဲ့ ခံစားတတ်တဲ့နှလုံးသားရှိရင်မျက်ရည်တွေနဲ့ ရယ်ကြရမယ့်ကားလေးပါ ဒီကားလေးက ဖြစ်ရပ်မှန်ကိုအခြေခံတာထက်ပိုတယ်ဘာလို့လဲဆိုတော့ ဒီကားလေးက​ေဒါရိုက်တာရဲ့ မပြီးမြောက်ခဲ့တဲ့ ဆန္ဒကိုမှန်းဆပုံဖော်ရိုက်ကူးတဲ့ကားမလို့ပါ… ဒီကားလေးထဲ သေသွားခဲ့တဲ့ သူချစ်ရတဲ့ခွေးလေး…အမေ့ကိုပြောချင်ခဲ့တဲ့စကားတွေနဲ့ နောက်ဆုံး မပေးဖြစ်ခဲ့တဲ့ အနွေးထည်လေးကိုပါထည့်ပြီး ရိုက်ကူးခဲ့တာပါ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်…ငယ်ငယ်တုန်းက ကျောင်းမှာ ချီးပါချလို့ အမေ့မှာအရှက်ကွဲရစာမတော် အမှတ်မကောင်းလို့ ကိုယ်နဲ့အတူ ဆရာမဆူတာခံရတဲ့အမေသူ့မိတ်ဆွေ အသိုင်းအဝိုင်းတွေကြား သားသမီးချင်းဂုဏ်ပြိုင်ရင်မျက်နှာငယ်ရတဲ့အမေဒီလိုအမေနဲ့ အတူစက်ဘီးစီးရင်း မတော်တဆဖြစ်တာတောင်အမေကဆေးရုံပေါ်မှာနောက်ဆုံးအချိန်ကိုစောင့်နေရချိန် ကိုယ်ကဘာမှမလုပ်ပေးနိုင်ဘဲ သေမှာကိုထိုင်ကြည့်နေရတဲ့ ကောင်မလေးတစ်ယောက်… ဆေးရုံမှာလူနာစောင့်ရင်း တီဗီကကြေညာသံတွေနောက်လိုက်ရင်း ၁၉၈၁ ခုနှစ် အမေအပျိုအချိန်ကို ရောက်သွားခဲ့တယ်… အဖက်ဖက်က ကြိုးစားရင်း အမေ့ဘဝကိုပိုကောင်းအောင် ကြိုးစားပေး…. အမေ့ပျော်အောင် ကြိုးစားပေးရင်း…နောက်ဆုံး အမေမွေးတာ ငါမဟုတ်ရင် အမေ့ဘဝပိုသာယာမလားလို့ တွေးမိပြီးတခြားသူနဲ့အောင်သွယ်ပေးတဲ့အထိ ကြိုးစားနေတဲ့ ရှောင်လင်… အတိတ်ကိုပြင်ဖို့ကြိုးစားတာ အောင်မြင်မလားကြားထဲ ဘာတွေဖြစ်မလဲ နောက်ပြီး သူမသိတဲ့တခြားဘာကိစ္စတွေရှိဦးမှာလဲဆိုတာဇာတ်လမ်းလေးကိုကြည့်ရင်း ခံစားကြည့်လိုက်ပါ
Action • Crime • Thriller • Drama
7 2021 128 mins
Hi,Mon
Cells at Work!
6.8
Cells at Work! (2024) ********************** လူတွေက မိခင်ရဲ့ ဝမ်း‌ဗိုက်ထဲကစလို့ ဆုံးပါးသည်အချိန်ထိ ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အစဉ်မပြတ် ဆောင်ရွက်နေရတာပါ။ နေ့စဉ်နဲ့အမျှ အသက်ရှူသွင်းတယ်၊ ရှူထုတ်တယ်၊ အစာစားတယ်၊ ဝမ်းသွားတယ်။ ဒါတွေက သတ္တဝါတိုင်း လုပ်တဲ့ အခြေခံဖြစ်စဉ်တွေပါ။ ဗုဒ္ဓဘုရားဟောကြားခဲ့သလို ခန္ဓာကိုယ်ကြီးကို ကလပ်စည်းပေါင်း အသင်္ချေနဲ့ ဖွဲ့စည်းသလို၊ သိပ္ပံရှုထောင့်က ကြည့်မယ်ဆိုလည်း မိုက်ခရိုစကုပ်နဲ့မှ မြင်နိုင်မယ့် ဆဲလ်ပေါင်း ၃၇ထရီလီယံခန့်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ဒီဇာတ်ကားလေးထဲမှာတော့ ခန္ဓာကိုယ်ထဲက သွေးနီဥဆဲလ်နဲ့ သွေးဖြူဥဆဲလ်ကို အဓိက ဇာတ်ကောင်အနေနဲ့တွေ့ရမှာဖြစ်ပြီး… ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်အမျိုးအစားပေါင်းများစွာနေရာမှာ လူတွေအဖြစ် စိတ်ကူးယဉ် ရိုက်ကူးထားပြီးတော့ … ဗဟုသုတနဲ့ ရိုမန်တစ်အနည်းငယ် ပေါင်းစည်းထားတဲ့ ထူးခြားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်… သွေးနီဥဆဲလ်နဲ့ သွေးဖြူဥဆဲလ်တို့ရဲ့ နေ့စဉ်လုပ်ငန်း‌တွေအပေါ်အခြေခံပြီး ကိုယ်ခန္ဓာထဲကို ဝင်ရောက်လာတဲ့ ဘက်တီးရီးယား‌တွေ၊ ဗိုင်းရပ်စ်တွေကို ဘယ်လိုတိုက်ဖျက်သလဲဆိုတာ… ဆဲလ်တွေရဲ့ စစ်ဆင်ရေးတွေကို ဟာသနှောပြီး စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်… ဒဏ်ရာတစ်ခုခု ရတဲ့အချိန် သွေးခဲစေတဲ့ ဆဲလ်လေးတွေထွက်လာတဲ့နေရာမှာ ကလေးငယ်လေးတွေအဖြစ် ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူတွေအတွက် ချစ်စရာကောင်းတဲ့အပြင် ပညာရသများစွာရရှိစေနိုင်တယ်။ စားသောက်လိုက်တဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေ… သောက်လိုက်တဲ့ အရက်တွေ… ဒါတွေ အားလုံးက ခန္ဓာကိုယ်ပိုင်ရှင်အနေနဲ့ အစပိုင်းမှာ ထိခိုက်မှုမရှိပေမဲ့… အတွင်းပိုင်းအင်္ဂါနဲ့ ဆဲလ်လေးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ…. ကွက်ကွက်ကွင်းကွင်းမြင်ရမှာမို့လို့ ကိုယ့်ခန္ဓာကိုယ်ထဲကို ထည့်သွင်းတဲ့အရာမှန်သမျှကို ထိန်းချုပ်ရမယ်ဆိုတာ သံဝေဂရစေမှာပါ။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.59GB / 847MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Action, Adventure, Fantasy, Comedy Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy & Mary Christ Encoded by AHtet
Drama
6.8 2024 110 mins
Cells at Work!