YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) The Fable 2019 WEB-DL 720p.mp4

1.13 GB N/A video/mp4 1056 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Aristocats
7.3

~ IMDb - 7.1/10, Rotten Tomatoes - 63% ~ Disney ရဲ့ တွဲဖက်တည်ထောင်သူ Roy O. Disney မသေဆုံးခင် နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ Animated Movie လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Disney ရဲ့ ကား 20 မြောက်ပေါ့။ ကာတွန်းကားတစ်ခုကို ပေးတဲ့ Rating ကတော့ ဒီဇာတ်ကားမှာ တအံ့တဩဖြစ်ရတယ်ဗျို့။ ဇာတ်လမ်းသွားကတော့ အဟုတ်ကြီး မဖြစ်လှပေမဲ့ Animation လက်ရာကတော့ တော်တော်လက်ရာမြောက်တယ်ဗျ။ ဇာတ်ကားနာမည်လိုပဲ ဇာတ်ကောင်ကြောင်လေးတွေရဲ့ အမူအရာဟာ သိပ်အထက်တန်းဆန်တာပဲ။ သိမ်မွေ့လှသလို မာန်ကြီးတဲ့၊ အတင်းလုပ်ယူထားရတဲ့ ယဉ်ကျေးတဲ့ဟန်အမူအရာ စကားလုံး၊ အထက်တန်းစားဖြစ်ဖို့ အထက်တန်းလွှာဟန်တွေနဲ့ အထက်တန်းစကားလုံးတွေနဲ့ အထက်တန်းစားကြောင်တွေပေါ့ဗျာ။ လမ်းဘေးကြောင်ကြီးကိုလည်း တိတိပပ ဖန်တီးထားပြန်ရောဗျို့။ ဒီဘက်ခေတ် Animated Movie တွေလို အရောင်စိုစို ပန်းချီလှလှတွေနဲ့ အဓိကဖမ်းစားတာမျိုးမဟုတ်ဘူး။ သပ်ရပ် တိကျ ဇာတ်ကောင်သရုပ်ပေါ်တဲ့ အရုပ်ရေးနည်းတွေ။ ပန်းချီကို နကန်းတစ်လုံးမှ နားမလည်တဲ့ ကျွန်တော်တောင် ဒီဘက်ခေတ်ရဲ့ ဇွတ်လှထားတဲ့ ကာတွန်းဇာတ်ကောင်တွေကြား ဒီကားထဲက သရုပ်ဖော်ပန်းချီဟာ အဆင့်မြင့်မှန်း သိနေတယ်။ အဘွားကြီးတစ်ယောက်၊ အဖော်ဆိုလို့ ကြောင်တွေပဲရှိတဲ့သူဟာ သေတမ်းစာ ချန်ခဲ့မလို့ ရှေ့နေခေါ်ပါသတဲ့။ သေတမ်းစာမှာ အမွေအားလုံးကို ကြောင်တွေအတွက် ထားခဲ့ပြီး ကြောင်တွေသေရင် လူယုံအိမ်ထိန်းကြီးဆီ ရောက်မယ်ပေါ့‌ဗျာ။ သေတမ်းစာကို အမှတ်မထင်သိလိုက်တဲ့ အိမ်တော်ထိန်းက ကြောင်တွေကိုအိပ်ဆေးခပ်၊ ပဲရစ်မြို့အပြင်ဘက် ဝေးဝေးလံလံလယ်ကွင်းတစ်ခုထဲ ပစ်ထားခဲ့သတဲ့။ အထက်တန်းစားနေခဲ့ရတဲ့ ကြောင်မလေး ဒါးချစ် နဲ့ သူ့သားသမီးသုံးကောင်တို့ ပဲရစ်မြို့ကိုဦးတည်တဲ့ အိမ်အပြန်ခရီးကြမ်းကို လမ်းဘေးကြောင်ကြီးအကူအညီနဲ့ ပြန်ကြတဲ့ဇာတ်လမ်း။ ဂီတအသားပေးရုပ်ရှင်ဖြစ်လို့ ဂီတကို အရိုးသားဆုံး ကြားရမယ်ဗျ။ ဒီဘက်ခေတ်ကားတွေလို ဘယ်သူပဲဆိုဆို အသံက နတ်စောင်းတမျှ သောက်ရမ်းကောင်းနေတဲ့ ဇွတ်ကောင်းဂီတတွေမဟုတ်ဘူး။ ကြောင်ပေါက်စတစ်ကောင် သီချင်းဆိုရင် ကြောင်ပေါက်စဆိုသလောက်ပဲ ကောင်းနိုင်မယ့် ဂီတရဲ့ရိုးသားမှု၊ လမ်းဘေးကြောင်တွေရဲ့တီးဝိုင်းက လမ်းဘေးတီးဝိုင်းလောက်ပဲ စည်းဝါးညီမယ်ဆိုတဲ့ တိပမှုကို ခံစားကြည့်ပါ လူကြီးမင်းတို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 675MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 18Min Genre - Animation, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Adventure • Comedy • Family • Fantasy
7.3 1970 78 mins
The Aristocats
Days of Heaven
7.5

Days of Heavenဟာ Terrence Malickရဲ့ ဒုတိယကားပါ။ Terrence Malickပီသစွာပဲ အစက ကားတွေမှာတောင် narrative တွေ ရင်သပ်ရှုမောလောက်အောင် လှတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ ပုံဖော်ထားတဲ့ ကားပါပဲ။ ဒါပေမဲ့ narrativeတွေဟာ သူ့နှောင်းပိုင်းကားတွေ အရမ်းကြီးတော့ fragmentation မဆန်သေးပါဘူး။ ဒီရုပ်ရှင်ရဲ့အခန်းအများစုကို Golden hour လို့ခေါ်တဲ့ စီနီမာတိုဂရပ်ဖာတွေက "magic hour " လို့ ခေါ်ကြတဲ့ အချိန်တွေမှာ ရိုက်ကူးခဲ့တာပါ။ အကျဉ်းဖြဉ်းအားဖြင့်တော့ နေထွက်ပြီးစနဲ့ နေမဝင်ခင် ကောင်းကင်နီဆွေးလှပနေတဲ့ အချိန်တွေကိုခေါ်တာပါ။ Days of Heavenဟာ အော်စကာဆုပေးပွဲမှာ Academy Award for Best Cinematography ဆုရခဲ့ပြီး 1979 Cannes Film Festival မှာ Best Director ဆုလည်းရရှိခဲ့ပါတယ်။ ရစ်ချက်ဂီရိလို တစ်ချိန်က နာမည်ကျော်မင်းသားကြီးကို သုံးထားပြီး ဒီထဲမှာ သူတော်တော်နုသေးတာကြောင့် တစ်ချိန်က လူကြိုုက်များ ခဲ့တဲ့ သူ့ရုပ်သွင်ကိုလည်း မြင်ရမှာပါ။ Terrence Malickရဲ့ ရုပ်ရှင်တွေဟာ ဇာတ် အိမ်တွေ ဒိုင်ယာလော့တွေထက် ကြည့်ရှုသူကို နိဗ္ဗာန်ကို အလည်တစ်ခေါက် ရောက်သွားသလို မျက်စိအာရုံဖမ်းစားနိုင်တဲ့အလှအပတွေနဲ့ ပိုဆွဲဆောင်တတ်တဲ့ ရုပ်ရှင်တွေဖြစ်ပြီး။ ရုပ်ရှင်ဆိုတာ ဘာမက်ဆေ့မှ ယူဖို့မဟုတ်ဘဲ ဒီတိုင်း ကြည့်ကောင်း လို့ ထိုင်ကြည့်ချင်သူတွေ အကြိုက်တွေ့မယ် ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ရဲ့နာမည် Days of Heavenနဲ့ ရုပ်ရှင်ရဲ့ဇာတ်အိမ်က ဆန့်ကျင်ဘက်ဖြစ်နေပေမဲ့လည်း အပြတွေကတော့ Days of Heavenဆီ ခင်ဗျားကို တကယ်ခေါ်ဆောင်သွားနိုင်မှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.71 GB) / (1.07 GB) / (624 MB) Quality............BluRay 1080p, 720p, 480p Duration.........1h 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......WiRa Aung Encoder..........SWM

Horror • Thriller
7.5 1978 94 mins
Days of Heaven
Only
5.5

ကျွန်တော်တို့ ကိုဗစ်ကာလကို ပြန်တွေးကြည့်ကြရအောင် တစ်နေရာရာကို သွားမယ်ဆို Mask တွေတပ်ကြ၊ တစ်ခုခုကိုင်ပြီးရင် လက်ကို HandGel နဲ့ အရေလန်မတတ်ပွတ်ကြ၊ ပြင်ပက ပစ္စည်းတစ်ခုခု ရောက်လာရင် ပိုးသတ်ဆေးနဲ့ တရှူးရှူး ဖြန်းကြနဲ့။ တစ်နေ့တစ်နေ့ တဝီဝီမြည်နေတဲ့ ဆေးရုံကားသံတွေ၊ ဘယ်သူတော့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကြားထဲမှာ အိမ်မှာ ကိုယ့်ဟာကိုယ် ပြန်အကျဉ်းချထားရတာလည်း အသက်ရှင်မဝစရာ၊ ရူးချင်စရာပေါ့၊၊ ဒီကားထဲက ဗိုင်းရပ်(စ်)ကတော့ အဲ့ထက်ဆိုးတယ်၊၊ အဲ့ထက်လည်း ရက်စက်ပြင်းထန်တယ်၊၊ ကမ္ဘာပေါ်ကို ကြယ်တံခွန်တစ်ခုဖြတ်သန်းအပြီးမှာ ဘ ာမှန်းမသိတဲ့ မြူမှုံတွေဟာ ကမ္ဘာ့လေထုကိုဖုန်းလွှမ်းသွားတယ်၊၊ အဲ့ဒီ မြူမှုံတွေထဲမှာ HNV 21 လို့ခေါ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါပြီး အဲ့ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသမီးတွေကို ဦးတည်ထိခိုက်စေတယ်၊၊ ဘယ်လောက်ပြင်းထန်လဲဆို ပိုးကူးခံရတဲ့ အမျိုးသမီးဟာ (၄)ရက်အထိ အသက်ရှင်နိုင်ရင် ကံကောင်းတယ်လို့ ဆိုရတဲ့အထိပဲ၊၊ ဒါပေမယ့် ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသားတွေကိုတော့ ကြီးမားတဲ့ အန္တရာယ်မပေးနိုင်ဘူး၊၊ ဒီလိုနဲ့ ဗိုင်းရပ်(စ်)လက်ချက်နဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေ နေ့စဉ် သန်းနဲ့ချီသေဆုံးပြီး မျိုးသုဉ်း လုဖြစ်ကုန်တယ်၊၊ မိန်းမဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရတဲ့အထိ ဖြစ်ကုန်တယ်၊၊ အစိုးရတွေအနေနဲ့လူဦးရေပြန်လည်တိုးပွါးရေးအတွက် အမျိုးသမီးတွေကို ဖမ်းပြီး စမ်းသပ်ရတဲ့အထိ ဖြစ်လာတယ်၊၊ အမျိုးသမီးတစ်ဦးကို ဖမ်းမိရင် ဒေါ်လာနှစ်သန်းအထိ ထုတ်ထားတာကြောင့် အမျိုးသမီးတွေကို အသဲအသန်လိုက်ရှာကြတဲ့ အမျိုးသမီးမုဆိုးတွေလည်း ပေါ်လာကြတယ်၊၊ အဲ့ဒီရိုက်ခတ်မှုတွေကို တစ်ကမ္ဘာလုံးက စုံတွဲတွေနည်းတူ ဝီ(လ်)နဲ့ အေဗာဆိုတဲ့ စုံတွဲလေးတစ်တွဲကလည်း ခံရတယ်၊၊ ကမ္ဘာပျက်ကိန်းစကတည်းက သတိကြီးတဲ့ ဝီ(လ်)ဟာ အေဗာကို ရောဂါပိုး အန္တရာယ်၊အစိုးရရဲ့ စမ်းသပ်မှုတွေ အန္တရာယ်၊ လူသားမုဆိုးတွေအန္တရာယ်ကနေ ဖွက်ထားပြီး ကာကွယ်ပေးခဲ့တယ်၊၊ ဒါပေမယ့် နှစ်တွေချီကြာလာတဲ့ အခါမှာ အေဗာတစ်ယောက် မွန်းကြပ်လာတယ်၊၊ ဝီ(လ်)အနေနဲ့လည်း ရောဂါပိုး carrier ဖြစ်နေတာကြောင့် အေဗာနဲ့ ဝီ(လ်)ဟာ တစ်အိမ်ထဲ နေရပေမယ့် စည်းတွေခြားနေကြတယ်၊၊ ဒီစုံတွဲလေး ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့လား၊သူတို့ ဆက်ဆံရေးဟာ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲစတာတွေကို ဒီဇာတ်ကားမှာ past apocalyptic romance အနေနဲ့ ခံစားတွေ့ရှိရမှာဖြစ်ပါတယ်၊၊

Comedy • Drama
5.5 2020 98 mins
Only
Can You Ever Forgive Me?
6.8

Rating 7.2 ရရှိထားတဲ့ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... လူဆိုတာတစ်နေ့ကျရင် အသက်ကြီး အိုမင်းရမှာပါပဲ အသက်ကြီးလာတဲ့အခါ စုထား ဆောင်းတာတွေမရှိရင် စားဝတ်နေရေး အတော်ခက်ခဲရနိုင်ပါတယ် အဲဒီလိုဖြစ်တတ်တဲ့အခြေအနေတွေ အကြောင်းကို ရိုက်ကူးတင်ဆင်ထားတဲ့ ကားလေးပဲဖြစ်ပါတယ် လီအစ္စရယ်ဟာ အရောင်းရဆုံးစာရင်းဝင်ဖူးတဲ့ ဖန်နီဘရိုက်အတ္ထုပတ္ထိကို ရေးခဲ့တဲ့ စာရေးဆရာမပဲ ဖြစ်ပါတယ်။ သူ့စာအုပ်တွေဟာ တချိန်တုန်းက လူကြိုက်များခဲ့ပေမယ့် နောက်ပိုင်း စိတ်မဝင်စားကြတော့တဲ့အခါ ထုတ်လုပ်သူကလည်း မထုတ်ပေးတော့ပါဘူး။ စားဝတ်နေရေး ကြပ်တည်းလာလို့ ရရာအလုပ်ဝင်လုပ်ပေမယ့်လည်း သူ့အပြုအမူတွေကြောင့် ဘယ်အလုပ်မှ တာရှည်မခံခဲ့ပါဘူး နောက်ဆုံးကြံရာမရဖြစ်လာတဲ့အခါမှာ တခြားနာမည်ကြီး စာရေးဆရာတစ်ယောက် သူ့ကိုပေးဖူးတဲ့ လက်ရေးမူကို ရောင်းချခဲ့ပါတယ်.. မထင်မှတ်ပဲ ငွေအများကြီးရလိုက်တဲ့အခါမှာ သူက ငွေကိုယစ်မူးပြီးတော့ စာရွက်တွေအတုလုပ် ရောင်းချတဲ့အထိ ဖြစ်လာပါတော့တယ်။ သူကိုယ်တိုင်မသိလိုက်ပဲနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေမိနေလျက်သား ဖြစ်နေပါတော့တယ်… နောက်ဆုံးလူတွေသိသွားတဲ့အခါ ရဲတွေသိသွားတဲ့အခါမှာ သူ့အနေနဲ့ရှေ့ဆက်တိုးစရာလမ်းလည်း မရှိတော့ပါဘူး အမြဲသူ့ဘေးမှာနေခဲ့တဲ့သူငယ်ချင်းကလည်း သူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် သူ့ကိုစွန့်ခွာသွားခဲ့ပါသေးတယ်.. ဒီလိုအကျပ်အတည်းတွေကို သူဘယ်လိုရင်ဆိုင်မလဲ.. ပျက်စီးသွားတဲ့ယုံကြည်မှုတွေ ပြိုကွဲသွားတဲ့ ချစ်ခြင်းမေတ္တာတရားတွေကို သူပြန်လည် တည်ဆောက်နိုင်ပါ့မလား…. ဒီကားက ရိုးရိုးစင်းစင်း ဇာတ်ကားတစ်ကားဖြစ်ပေမယ့် သူငယ်ချင်းတွေကြားက ချစ်ခြင်းမေတ္တာတွေ၊ အိုမင်းလာတဲ့အခါ ကြုံရမယ့်ဒုက္ခတွေ၊ ကိုယ့်အပြုအမှုတွေကြောင့်ခံစားရတဲ့ ပတ်ဝန်းကျင်ရဲ့လျစ်လျူရှုမှုတွေ၊ နောင်တတရားရတဲ့အချိန်မှာ လူ့အသိုင်းအဝိုင်းရဲ့ ဖေးမကယ်တင်မှုတွေကို ခံစားရမှာပဲဖြစ်ပါတယ်။ File Size : ( 996 MB) & ( 274 MB) Quality : WEB DL 720p Running Time :1hr 46 min Format : Mp4 Genre : Biography , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by  Neve  Encoded by May Pyae Sone Oo

Mystery • Sci-Fi & Fantasy
6.8 2018 107 mins
Can You Ever Forgive Me?
The Silence
6

နှစ်ကထွက်ရှိခဲ့တဲ့ Quiet Place လို Horror ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေ အရှာဖွေကောင်းမှုနဲ့ နှစ်ပေါင်းများစွာပိတ်မိနေတဲ့ အသားစားသတ္တဝါမျိုးစိတ်တစ်ခုကို လူ့လောကထဲဝင်ခွင့်ပေးမိသွားပါတယ်။ အစပိုင်းဘာမှန်းသေချာမသိသေးပေမဲ့ တမြို့ပြီးတစ်မြို့လူတွေပိုးစိုးပက်စက်သေဆုံးကာ မြို့ပျက်တွေဖြစ်လာတော့ ဒီသတ္တဝါတွေရဲ့အကြောင်း သဘာဝကိုသိလာကြပါတယ်။ ဒီကောင်တွေကအမြင်အာရုံမရှိဘဲ အကြားအာရုံနဲ့လှုပ်ရှားပြီး အသံလေးနည်းနည်းကြားလိုက်တာနဲ့ အာ့မှာရှိတဲ့ဘယ်လိုသတ္တဝါမဆို အရိုးပဲကျန်တဲ့အထိအမဲဖျက်ကြတော့တာပါပဲ။ ရိုက်ကူးချက်တွေကြည့်ကောင်းပြီး horror ကားပီသစွာခံစားရမှာပါ အဓိကဇာတ်ဆောင်မိသားစုဟာ ဒီလိုကပ်ဘေးဆိုးကြီးကနေအသက်ရှင်ကျန်နိုင်မလား။ အဖြေရှင်းစရာနည်းလမ်းရောရှိရဲ့လားဆိုတာ ဆက်ကြည့်လိုက်ပါဦး။ Quiet Place လိုHorror ကားလေးတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (1.40 GB) , (700 MB) and (350 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : 1hr 30min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEBRip.DDP5.1.x264-NTG Translated by Thura Zarni Aung Encode by Thanhtike Zaw

Drama
6 2019 90 mins
The Silence
Revanche
7.5

IMDb 7.5 , RT – 96 % ရသပေါင်းစုံ ပေးစွမ်းနိုင်မယ့် ဇာတ်အိမ်ကောင်းကောင်းနဲ့ ဂျာမနီ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ သင့်မှာ သိပ်ချစ်ရတဲ့ လူ တစ်ယောက်ရှိလား။ အဲဒီလူရဲ့ ဖြစ်တည်မှု၊ အပြုမူ၊ ကာရိုက်တာ၊ အလုပ်၊ အကုန်လုံးကို အရာရာ နားလည်ပေးနိုင်တဲ့အထိ ချစ်ပေးရတဲ့ Favourite person မျိုး ရှိပြီလား။ ယောင်္ကျားလေးတွေက ကိုယ်သိပ်ချစ်ရတဲ့ ကောင်မလေးကိုဆိုရင် အသက်ပါပေးပြီး ကာကွယ်ပေးချင်ကြတာက သဘာဝပါပဲ။ အကယ်၍ ကိုယ် နှစ်နှစ်ကာကာ ချစ်ရတဲ့ ကောင်မလေးကို လက်လွတ်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော ….. ရင်ကွဲမတတ် ခံစားရမှာက မလွဲဧကန်ပါပဲ။ တာမာရာနဲ့ အဲလက်စ်က သိပ်ကို ချစ်ကြတဲ့ရည်းစားတွေပါ။ ဒါပေမယ့် ကံတရားက မျက်နှာသာ မပေးတော့ ၂ယောက်လုံး ဆင်းဆင်းရဲရဲနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားရှာဖွေနေကြရပါတယ်။ ဒါပေမယ့် လောကကြီးရဲ့ Matrix အတိုင်း ဆင်းရဲလေ ပိုပြီးဆင်းရဲလေ ဆိုတော့ ကြံမိကြံရာတွေ ကြံရပါတော့တယ်။ အဲလက်စ်တစ်ယောက် မရတဲ့အဆုံး ဘဏ်ဓားပြတိုက်ပါတော့တယ်။ ဒါပေမယ့် ဘဏ်ဓားပြတိုက်မှုအတွင်း အဲလက်စ်ရဲ့ကောင်မလေး တာမာရာက ရဲပစ်လိုက်တဲ့ ကျည်ဆံကြောင့် သေဆုံးသွားရပါတော့တယ်။ အဲလက်စ် တစ်ယောက် သူသိပ်ချစ်ရတဲ့ကောင်မလေးကို ဆုံးရှုံးလိုက်ရတော့ သူ့ကောင်မလေးကို သတ်သွားတဲ့ ရဲကို ရှာပြီး လက်စားချေဖို့လုပ်ပါတော့တယ်။ အဲလက်စ် တစ်ယောက် ဘယ်လို လက်စားချေမလဲ ….. အဲလက်စ်ဘက်ကအမြင် ….. ရဲရဲ့အမြင် ….. မိသားစုဝင်တွေဘက်ကအမြင် ….. လူပေါင်းမျိုးစုံ ဘက်ပေါင်းမျိုးစုံရဲ့အမြင်ဘက်ကနေ စုံလင်စွာနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ကိုရီးယား/ဂျပန် ရုပ်ရှင်တွေ Dramaကောင်းမှန်း သိပေမယ့် ဂျာမနီ Drama ဘယ်လောက်ကောင်းကြောင်းကို ယခုရုပ်ရှင်မှာ မျက်မြင်တွေ့ရှိရမှာပါ။ ဇာတ်လမ်းက အနိမ့်ကနေ အမြင့်ထိကို ဆွဲခေါ်သွားနိုင်ပြီး ရုပ်ရှင်ရဲ့ run time ၂နာရီက ကုန်သွားလို့ကုန်သွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ပါဘူး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre…Drama, Crime, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant kyi win

7.5 2008
Revanche
Next Day Air

ဒီတစ်ခါမှာတော့ Next Day Air ဆိုတဲ့ အက်ရှင်ဟာသကားလေယကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ဂွတ်ချ်ရယ် ဘရိုဒီရယ် ဟက်စီဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ဒုစရိုက်မှုတွေလုပ်ကြပါတယ် ဒါပေမဲ့ သူတို့ဟာ ဒုစရိုက်မှုတွေလုပ်တယ်ဆိုပေမဲ့ ပေါက်ကရလုပ်တတ်တဲ့ တလွဲဥာဏ်ကြီးရှင်ဒုစရိုက်သမားတွေပါ လီယိုဆိုတဲ့ကောင်လေးကတော့ ဆေးခြောက်သုံး ပစ္စည်းလိုက်ပို့ပေးရတဲ့ကောင်လေးပါ တနေ့မှာ လီယိုတစ်ယောက်ဆေးကွဲနေတုန်း အရေးကြီးတဲ့ ကိုကိန်းတွေပါတဲ့ ပစ္စည်းပုံးကို အခန်းမှားပို့မိပါတော့တယ် မှားပြီးပို့မိတဲ့အခန်းကလည်း ဂွတ်ချ်နဲ့ဘရိုဒီတို့ရှိနေတဲ့အခန်းဆိုတော့ သူတို့အတွက် ရွှေထုပ်ကြီးပြုတ်ကျလာသလိုပဲပေါ့ သူတို့ဟာ အဲ့ဒီကိုကိန်းအထုပ်တွေကိုရောင်းဖို့ ကြိုးစားပါတော့တယ် တစ်ဖက်မှာလည်း အဲ့ကိုကိန်းထုပ်တွေကိုပို့တဲ့သူဟာ အကြီးစားမူးယစ်ဆေးရောင်းချသူ လူမိုက်ကြီး ဘွန်ဒေဂါ ဖြစ်နေတာကြောင့် သူ့ရဲ့ပစ္စည်းကိုပြန်လိုက်ရှာပါတယ် အဲ့တော့ ပေါက်ကရတွေ တလွဲတွေလုပ်တတ်တဲ့ ဂွတ်ချ်နဲ့ဘရိုဒီတို့နှစ်ယောက်က အဲ့ကိုကိန်းထုပ်တွေကိုရောင်းချနိုင်မလား ဘွန်ဒေဂါတို့အုပ်စုကပဲ ပြန်ပြီး ရယူနိုင်မလား ဒါမှမဟုတ် သူတို့ ဒုစရိုက်အဖွဲ့နှစ်ဖွဲ့ကြားမှာ ပစ္စည်းပို့တဲ့ကောင်လေးလီယိုကပဲ ကြားညပ်သွားမလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာ အက်ရှင်ကားဆိုပေမဲ့ ဟာသနှောပြီးရိုက်ထားတာဖြစ်တဲ့အတွက် အရမ်းအပျင်းပြေစေပါတယ် File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2009
Next Day Air
Summer Love Love
5.2

ဒီတစ်ခါတေ့ာ တရုတ်ဇာတ်မြူး ကားလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ လူကြီးရုပ်ရှင် မဟုတ်ပေမယ့် ခပ်လန်းလန်း ကောင်မလေးတွေ ကို အားပါးတရ ငမ်း လို့ လည်း ရမှာ ဖြစ်တာကြောင့် ရုပ်ရှင်လည်း ကြည့်ရင်း စကီလည်းရှိုးရင်း ဆိုသလို ကိုကိုပုရိသတို့ အကြိုက်တွေ့စေမယ် ဆိုတာ တော့ အာမခံ ပါရစေ။ ဇာတ်လမ်း အကျဉ်းချုံး ကတော… Fong Ryan နဲ့ Fattyတို့ သုံးယောက်ဟာ ဟိုင်နန် ကို အပန်းဖြေ ခရီး ထွက် လာရင်းနဲ့ ဒုက္ခ ရောက်ရပုံ နဲ့ တည် ထား ပါတယ်။ ပစ္စည်းတွေ အလစ်သုတ် ခံရပြီး ကမ်းခြေ တစ်ခု မှာ သုံးယောက်သား ယောင်လည်လည် ဖြစ်နေကြတာပါ။ အဲ့ဒီ အချိန်မှာပဲ ထိုနေရာမှာ လူထူးဆန်း တစ်ယောက်က သူ့ဘဝလက်တွဲဖော် ရှာဖို့ ပြိုင်ပွဲ စီစဉ်နေတာပါ။ ပြိုင်ပွဲ နာမည်က “သန်းကြွယ်လေးနဲ့ ဘယ်သူ လက်ထပ် ချင်လဲ” ဆိုတာပါ။ စကီလေးတော်တော် များများကလည်း စိတ်ဝင်စားကြပြီး ထိုလူရဲ့ စိတ်ဝင်စား မှု ရအောင် ကြံဖန် ကြပါတော့တယ်။ အဲ့ စကီလေးတွေ ထဲက တချို့ကို သကောင့်သား ငနဲသုံးကောင်က စိတ်ဝင်စား မိပြီး ချဉ်းကပ် ကြပုံ ကို တင်ဆက် ထားတာပါ။ ဇာတ်လမ်းကို ပေါ့သွားမှာ စိုးလို့ အစအဆုံးပြောမနေတော့ပါဘူး။ သူတို့ သုံးယောက်ဟာ သူတို့ လိုချင်တဲ့ အဖြေ ကို ကောင်မလေးတွေဆီက ရနိုင်ပါ့မလား။ ဘယ်လိုပုံ ဘယ်လိုနည်း နဲ့ ချဉ်းကပ်ကြမယ် ဆိုတာကတော့ ပရိသတ်ကြီးတို့ပဲ ရှူစားကြပါလို့ ပြောပါရစေ။ ဒီဇာတ်ကားလေးကလည်း ပရိသတ်တွေရဲ့ ဘဝအမော ကို ဖြေဖျောက်ပေးနိုင်မှာ တေ့ာ သေချာ ပါကြောင်း File size… 3.3 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

5.2 2011
Summer Love Love
Lavaste
5.3

La Vaste (2023) “ပိုင်ရှင်မဲ့သူများ” IMDb 6.1 ရထားတဲ့ စိတ်ဝင်စားဖို့ကောင်းမယ့် အိန္ဒိယ ဟာသ/ပညာပေးကားလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဆပ်သ်ယာရှ်က B.Tech ဘွဲ့ရထားပေမယ့် အလုပ်မရှိသေးဘဲ အဖေဖြစ်သူကလည်း အရက်စွဲနေတာဆိုတော့ မိသားစုတာဝန်ကို ပခုံးပြောင်းထမ်းရတော့မယ့် အချိန်ပေါ့ ဦးလေးဖြစ်သူက အလုပ်အတွက် သူ့ဆီလွှတ်လိုက်ဖို့ ပြောတဲ့အတွက် ဆူညံသံတွေ ပြည့်နှက်ပြီး လူပေါင်းစုံ ပျားပန်းခပ်လွန်းတဲ့ အိပ်မက်မြို့တော် မွန်ဘိုင်းကို ရောက်လာတယ် ဒီလိုနဲ့ ရလာတဲ့အလုပ်ကနေလည်း အထုတ်ခံရ၊ အိမ်က အမေတို့ကလည်း ကြွေးရှင်တွေ နှိပ်စက်တာကြောင့် ထူးဆန်းတဲ့ အလုပ်တစ်ခုကို လုပ်ရဖို့ဖြစ်လာပါတယ် အဲဒါကတော့ ပိုင်ရှင်မဲ့အလောင်းတွေကို မီးသင်္ဂြိုဟ်ပေးရမယ့် အလုပ်ပါပဲ ဒီလိုကနေ ပိုင်ရှင်မဲ့အလောင်းတွေရဲ့ လူတွေမသိကြတဲ့ နောက်ကွယ်က ရင်နင့်စရာ ဝမ်းနည်းစရာ အမှန်တရားတွေကို မြင်တွေ့လာရတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲ ပရိသတ်ကြီး အားပေးလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

5.3 2023
Lavaste
Oru Nodi
7

Oru Nodi 2024 မီးခိုးကြွက်လျှောက် မှုခင်းထဲမှာမှ အမှုကို တစ်စစ အသေးစိတ်ဖော်ထုတ်ပြတဲ့ investigative crime ရုပ်ရှင်တွေကို နှစ်သက်သူတွေအကြိုက်တွေ့မယ့် တမီလ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါပြီ။ မထင်ထားတဲ့plot twistတွေနဲ့အတူ ဉာဏ်ကစားလိုသူတွေ အတူလိုက်စဉ်းစားရင်းနဲ့ ဇာတ်လမ်းလေးကို ဆက်လိုက်ရအောင်ပါ။ ဇာတ်လမ်းကိုတော့ လူပျောက်လာတိုင်တဲ့ရှာကူဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ အစပျိုးထားပြီး ပျောက်ဆုံးနေသူကတော့ သူ့ရဲ့ခင်ပွန်းဖြစ်သူပါ။ ရှာကူတို့လင်မယားနှစ်ယောက်က သမီးလေးကိုတင့်တောင့်တင့်တယ် လက်ထပ်ပေးနိုင်ဖို့ စီရီကန်နူဆိုတဲ့လူဆီက ငွေချေးခဲ့ပေမဲ့ ကိုဗစ်ဖြစ်တာနဲ့ဘာနဲ့ အချိန်မီအပြည့်ပြန်မဆပ်နိုင်ပါဘူး။ ဒီလိုနဲ့ အကြွေးလာတောင်းတော့မှပဲ သူတို့ငွေချေးမိတာ မြေကွက်ကို မတရားသိမ်းတဲ့နေရာမှာနာမည်ကြီးတဲ့ သယာဂူဖြစ်နေမှန်း သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ မြေကွက်ကိုပါထပ်အပေါင်ထားပြီး အချိန် ၆ လထပ်တိုးတောင်းလို့ အကြွေးဆပ်ရမယ့်နေ့မှာ ငွေသွားထုတ်တဲ့ရှာကူယောက်ျားဆဲကရန်တစ်ယောက် အစအနရှာမရအောင် ပျောက်သွားတဲ့အခါ…. သယာဂူမကောင်းမှန်း မာဒူရိုင်တစ်ခုလုံးသတင်းလှိုင်နေပေမဲ့ နိုင်ငံရေးနောက်ခံတောင့်တဲ့သယာဂူကို ဘယ်သူမှမထိပါးရဲကြပါဘူး။ ဒီလိုနဲ့ ရှာကူတိုင်ချက်ဖွင့်တာကို စခန်းက အင်စပက်တာက ကြားပြီး အမှုကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့…. ဆဲကရန်ကရော ဘယ်ရောက်သွားတာလဲ။ ဆဲကရန်ကိုအကြောင်းပြုပြီးဖြစ်လာတဲ့ အင်စပက်တာနဲ့သယာဂူတို့ရဲ့ အားပြိုင်မှုကရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

7 2024
Oru Nodi
Blood and Chocolate
5.3

Blood and Chocolate (2007) သမန်းဝံပုလွေအမဖြစ်တဲ့ Vivian က သူတိုဝံပုလွေရိုးရာအရ မကြာခင်မှာ ဝံပုလွေခေါင်းဆောင်ရဲ့ ဇနီးအသစ်အဖြစ် အရွေးခံရမဲ့ ဆယ်ကျော်သက်ကောင်မလေးဖြစ်တယ်။ ဒါပေမဲ့ တစ်နေ့မှာ ဒဏ္ဍာရီဝတ္ထုတွေကိုရေးတဲ့ ခပ်ချောချော ပန်းချီဆရာ လူသားကောင်လေး Aiden နဲ့ ဘုရားကျောင်းမှာ ဆုံတွေ့ခဲ့တယ်။ ဝံပုလွေဒဏ္ဍာရီတွေကို စိတ်ဝင်စားတဲ့ Aiden က ဝံပုလွေတွေအကြောင်း ကျွမ်းကျွမ်းကျင်ကျင်သိနေတဲ့ Vivian ကို ​သာမန်လူလိုပဲထင်ပြီး ချစ်မိသွားချိန်မှာတော့ Vivian တစ်ယောက် အချစ်နဲ့ သူ့မိသားစုကိုကာကွယ်ဖိုကြား ဘယ်လိုအခက်အခဲတွေကြုံရမလဲ ၊ Aiden နဲ့ Vivian တိုရဲ့ မဖြစ်နိုင်တဲ့အချစ်ခရီးလမ်းကြောင်းက ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမဲ့ လူသားနဲ့ ဝံပုလွေကောင်မလေးတိုရဲ့ Romance ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1.6GB)/(730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

5.3 2007 98 mins
Blood and Chocolate
Two Days, One Night Deux jours, une nuit
7.3

Two Days, One Night (Aka) Deux jours, une nuit (2014) IMDb Rating (7.3) Allied , Inception, Taxi စတဲ့ရုပ်ရှင်တွေနဲ့နာမည်ကြီးတဲ့ ပြင်သစ်မင်းသမီး Marion Cotillard ရဲ့ Rating မြင့်တဲ့ ဒရမ်မာရုပ်ရှင်ကားပါ။ ဇာတ်လမ်းကတော့… ဆန်ဒရာဆိုတဲ့ အမျိုးသမီးဟာ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီကနေ အလုပ်ပြုတ်တော့မယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒါဟာလဲ စိတ်ဓာတ်မကောင်းတဲ့ အလုပ်သမားခေါင်းဆောင်ရဲ့ လုပ်ကြံမှုကြောင့်တစ်စိတ်တစ်ပိုင်းပါနေပါတယ်။ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲမပေးရင် သူတို့အလုပ်ထွက်ရမယ်ဆိုပြီး ကျန်တဲ့အလုပ်သမားတွေကို ခြိမ်းခြောက်ခဲ့တဲ့အတွက် အားလုံးဟာ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲပေးခဲ့ခြင်းပါ။ ကံကောင်းစွာနဲ့ ဆန်ဒရာဟာ သူတို့ရဲ့ သူဌေးရဲ့ ခွင့်ပြုချက်နဲ့ လျှို့ဝှက်မဲပေးစနစ်ကို နောက်တစ်ကြိမ်ထပ်လုပ်ဖို့အခွင့်အရေးရခဲ့ပါတယ်။ သူ့အလုပ်မထွက်ရစေဖို့ သူ့ဘက်ကမဲမေးဖို့ ကျန်တဲ့သူ တွေကို သူလိုက်ပြီး အကူအညီတောင်းရပါတော့တယ်။ အလုပ်သမားအများစုက သူ့အတွက် မဲပေးခဲ့ရင် ဆန်ဒရာဟာ အလုပ်ထွက်စရာမလိုတော့ပါဘူး။ သို့ပေမယ့် ဒီအတွက် အကူညီလိုက်တောင်းဖို့ရာ ဆန်ဒရာမှာ နှစ်ရက်နဲ့တစ်ညသာ အချိန်ရှိပါတော့တယ် …… နှစ်ရက်နဲ့တစ်ညအတွင်းမှာ လုံလောက်တဲ့မဲအရေအတွက်ရဖို့ သူစည်းရုံးနိုင်ပါ့မလားဆိုတာ…။

Comedy • Action • Fantasy
7.3 2014 95 mins
Two Days, One Night Deux jours, une nuit
Big Trouble in Little China
7.2

မင်းသားကြီး Kurt Russell ရဲ့ 1986 ခုနှစ်ထွက် သဘာဝလွန် ဟာသအက်ရှင်ရုပ်ရှင်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ခ်ဘာတန် (Kurt Russell) ဟာ ထရပ်ကားဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး အချိန်ပြည့်လမ်းပေါ်မှာအချိန်ကုန်နေတဲ့လူစားမျိုးပါ။ တစ်ညမှာတော့ ဆန်ဖရန်စစ္စကိုက ဝာရုတ်တန်းမှာ သူ့မိတ်ဆွေဝမ်ချီဆီရောက်ဖြစ်ရင်းနဲ့ လေဆိပ်မှာ ဝမ်ချီရဲ့ ဇနီးလောင်းကိုသွားကြိုဖို့ လမ်းကြုံလိုက်ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့အဆင်ပြေမသွားဘဲ ဝမ်ရဲ့ ဇနီးလောင်းကို သေခြင်းသခင်ဆိုတဲ့ ဝာရုတ်လူမိုက်ဂိုဏ်းက ဝင်ဖမ်းသွားတဲ့အတွက် မိတ်ဆွေအတွက်ဆို ဘာမဆိုစွန့်စားရဲတဲ့ ဂျက်ခ်တစ်ယောက် လိုက်ကူညီပေးရင်း သေခြင်းသခင်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ လိုပန်ဆိုတဲ့ အောက်လမ်းနတ်ဆရာ ရဲ့ အောက်လမ်းမှော်အတတ်တွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ ဝမ်ကိုလိုက်ကူညီရင်း ဂျက်ခ်ရဲ့ ထရပ်ကားပါအခိုးခံလိုက်ရတာဖြစ်လို့ ဝမ်ရဲ့ဇနီးလောင်းနဲ့ သူ့ရဲ့ထရပ်ကားကို ပြန်ရနိုင်မလား ဂျက်ခ်နဲ့ ဝမ်တို့ ဘာတွေကို ရင်ဆိုင်ဖြတ်ကျော်ကြရမလည်းဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size : 1.8 GB, 883 MB Quality : WEB-DL 1080p / 720p Running Time : 1hr 39min Format : Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

7.2 1986
Big Trouble in Little China