YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) The Escort Wife (2022) 720p.mp4

614.48 MB N/A video/mp4 10636 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Double
5.8

Hachi A dog's tale, Unfaithful, Pretty Woman Runaway Brideစသဖြင့်ကားတွေအပြင် 90s born တို့ရဲ့အသည်းစွဲဖြစ်တဲ့ မင်းသားကြီး Richard Gereရဲ့action ဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ပေါလ် ရှာပတ်ဆန်ဆိုတာကတော့ CIAကအငြိမ်းစား ယူထားတဲ့အေးဂျင့်တယောက်ပါ။ အမေရိကန်နဲ့ရုရှားတို့ အကြားဆက်ဆံရေးတင်းမာလာချိန်မှာပဲ ရုရှားနဲ့မကင်းတဲ့ အမေရိကန်လွှတ်တော်အမတ်တစ်ယောက်ကို ရုရှားလုပ်ကြံ သတ်ဖြတ်ရေးသမားကသတ်ဖြတ်တာကိုခံခဲ့ရပါတယ်။ ဒီလုပ်ကြံသတ်ဖြတ်မှုက ပေါလ် လွန်ခဲ့တဲ့နှစ်၂၀ကဖမ်းဆီးလို့ မရနိုင်ခဲ့တဲ့ဆိုဗီယက် လူသတ်သမား ကက်ရှီးယပ်စ်ဆိုသူရဲ့ လက်ချက်နဲ့ဆင်တူနေတဲ့အတွက် ကက်ရှီးယပ်စ်အမှုကိုအထူး လေ့လာသူဖြစ်တဲ့ FBIအေးဂျင့် ဘန် ဂီရီနဲ့လက်တွဲပြီးအဖြေ ရှာဖို့ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူတို့ဒီလိုရှာဖွေနေရင်းမှာပဲ တွေ့ရှိလာရတဲ့လျှို့ဝှက်ချက်တွေက တယောက်နဲ့တယောက် သံသဃတွေ၀င်လာစေခဲ့ပါတယ်။ ပေါလ်ရဲ့ကက်ရှီးယပ်စ်နဲ့ အတိတ်နောက်ကြောင်းတွေကဘာတွေလဲ။ ဘန်ကလည်း ဘာ့ကြောင့် ကက်ရှီးယပ်စ်အကြောင်းကို ဒီလောက်စွဲလမ်းနေရတာလဲ။ သူတို့နှစ်‌ယောက်စလုံးရဲ့ လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲ။ အဆုံးမှာတရားခံအစစ်ကဘယ်သူဖြစ်မလဲဆိုတာကို The Double ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦးခင်ဗျ။ File size…2.11GB / 712MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Action • Thriller
5.8 2011 98 mins
The Double
The Colors of Fire
7.2

ဒီဇာတ်ကားထဲမှာ ဘဏ်လုပ်ငန်းရှင်သူဌေးကြီးမာဆယ်ပယ်ရီကော့ရဲ့စျာပနနဲ့ ဇာတ်လမ်းကိုစတင်ခဲ့တယ်။ သူဌေးသမီး မယ်ဒလင်းက ဖခင်မရှိတော့တဲ့နောက်မှာ အားကိုးရာမဲ့သွားရာကနေ စီးပွားရေးမှာ မိတ်ဆွေရင်းတွေဆီက သစ္စာဖောက်မှုကိုခံခဲ့ရပြီး ဖခင်ဆီကရရှိခဲ့တဲ့အမွေအားလုံးဆုံးရှုံးသွားတော့တယ်။ သစ္စာဖောက်တဲ့သူတွေကလည်း မယ်ဒလင်းယုံကြည်ခဲ့ရတဲ့အနီးဆုံးလူတွေပဲဖြစ်နေခဲ့တယ်။ ဒီဖြစ်ရပ်ဆိုးတွေမဖြစ်ခင် သူဌေးကြီးပယ်ရီကော့ရဲ့စျာပနမှာကတည်းက မယ်ဒလင်းရဲ့ ၁၁နှစ်အရွယ်သားဖြစ်သူပေါလ်က အဖိုးရဲ့အခေါင်းအပေါ်ကိုခုန်ချခဲ့တယ်။ ဒီလုပ်ရပ်ကရော ဘာအတွက်ကြောင့်ဖြစ်မလဲ? ဖြစ်ရပ်ဆိုးတွေအပြီးမှာ မယ်ဒလင်းဟာ သားဖြစ်သူနဲ့အတူ သာမန်လူတန်းစားဘဝမှာ ၅နှစ်ကြာဖြတ်သန်းရင်း သူမကိုသစ္စာဖောက်ခဲ့တဲ့သူတွေရဲ့သတင်းကိုပဲ တစ်ချိန်လုံးလိုက်နေခဲ့တယ်။ နောက်ဆုံးမှာ သူမရဲ့လက်စားချေပွဲက အရာထင်မလားဆိုတာ...။ လက်စားချေဇာတ်လမ်းမျိုးဆိုပေမဲ့ tensionမများပဲ ငြိမ့်ငြိမ့်ညောင်းညောင်းပုံစံမျိုးနဲ့ တင်ဆက်ရိုက်ကူးထားတဲ့ကားမျိုးပါပဲ။ ဇာတ်လမ်းထဲမှာ မတူတဲ့ရှုထောင့်အမျိုးမျိုးနဲ့ကြည့်လို့ရတဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ ဇာတ်လမ်းတစ်ပုဒ်လည်းပါပါတယ်။ ဇာတ်ကားတစ်ကားလုံးခြုံပြောရရင် စိတ်ကူးယဥ်ဆန်တဲ့ဇာတ်လမ်းမျိုးတော့မဟုတ်ပဲ လူ့ဘဝထဲက လက်တွေ့ဖြစ်ပျက်တတ်တဲ့အကြောင်းအရာတွေကိုမှ ကဗျာဆန်ဆန် တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size…(2.3 GB)/(900 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:15:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Action • Thriller
7.2 2022 135 mins
The Colors of Fire
Last Action Hero
6.4

IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ရုပ်ရှင်ထဲက ဇာတ်ကောင်က အပြင်လောကထဲ ထွက်လာချိန်မှာ ရုပ်ရှင်ထဲကလိုပဲ ဘယ်လိုသတ်သတ်မသေဘူးဆိုတဲ့ သဘောတရားက ဆက်ပြီးတည်ရှိနေနိုင်ပါဦးမလား.. ဆိုတာကိုတော့ အာနိုးမင်းသားကြီးရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ဟာသဆန်ဆန် ဇာတ်ကွက်တွေကို ရုပ်ရှင်ထဲက ရုပ်ရှင်ကားအဖြစ် ရှုစားကြည့်ကြပါဦးလို့.. (ဇာတ်လမ်းတွေကြည့်ရင်းနဲ့ တစ်ခါတလေကျ သရုပ်ဆောင်တွေရဲ့ အပြင်လောကကနာမည်ကို မမှတ်မိဘဲ သူတို့သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်နာမည်ကိုသာ မှတ်မိတာမို့ သူကတော့ဟိုကားက ဟိုလူနေရာမှာ သရုပ်ဆောင်တာ၊ ဒီလိုမျိုးမှတ်မိတတ်ကြတယ်မလား.. ဒီကားထဲက မက်ဒီဂန်လေးကလည်း ရုပ်ရှင်ထဲကိုရောက်သွားတော့ သရုပ်ဆောင်တွေကို တွေ့ပြီး သူကတော့ ဟိုကားထဲမှာ ဘယ်သူအဖြစ်နဲ့သရုပ်ဆောင်တာ၊ ဟိုလူကတော့ ဟိုကားထဲမှာ ဘယ်သူ့ကိုသတ်လိုက်တာဆိုတာမျိုးက ဟာသဇာတ်ကွက်ပေမယ့် လက်တွေ့ဆန်တာမို့ တချို့အခန်းတွေကျ ကိုယ်ကိုယ်တိုင် ဇာတ်ကောင်နေရာရောက်သွားသလို ခံစားရပြီး ပြုံးမိစေပါတယ်..) File size…(2.3 GB)/(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:11:00 Genre...Adventure, Fantasty, Action, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Comedy • Romance
6.4 1993 131 mins
Last Action Hero
After the Storm
7.2

Even After the Worst Storms , The Sun Will Shine Again. Koreedaကားတွေထဲ အကြိုက်ဆုံး၂ကားကို ရွေးထုတ်ရမယ်ဆိုရင် Still Walking နဲ့ After the Storm ကို ရွေးထုတ်ရမှာပဲ။ ဒီ၂ကားထဲက တစ်ကားပြန်ရွေးဖို့ဆိုရင်ကျ နည်းနည်းတော့ပြဿနာရှိတယ်။ အတတ်ပညာပိုင်းအရဆိုရင်တော့ ပုဂ္ဂလိကအမြင်အရ After The Stormဟာ Still Walking ထက် နည်းနည်းလေးလျော့နေတယ်လို့ ပြောရမှာပဲ။ ဒါပေမဲ့ After The Storm ကတော့ ရင်ထဲပိုရောက်တယ်။ ပြောသာပြောရတာ ဒီ၂ကားက တစ်ဆက်တည်းပါပဲ။ တူလားဆိုရင်တော့ မတူဘူး။ ဒါပေမဲ့ တစ်ဆက်တည်းပဲ။ ၂ကားလုံးက Koreeda သူ့အမေအိမ်ကို သွားလည်ပြီးတဲ့နောက် အိုင်ဒီယာပေါ်လာတဲ့ကားတွေပဲ။ သူ့ဘဝသူ အခြေတည်ပြီး ရိုက်ထားတဲ့ကားတွေပဲ။ ၂ကားလုံး မင်းသားလည်းတူတယ်။ မင်းသားအမေလည်းတူတယ်။ အစ်မရှိတာလည်းတူတယ်။ မတူတာက Still Walking မှာ သူက အဓိကဇာတ်ကောင်ရဲ့ အဖေကို အေးဆေးပြီး အမြော်အမြင်ရှိတဲ့ ဆရာဝန်အိုကြီးအနေနဲ့ ပြထားတယ်။ အဆုံး Narrative မှာ သူ့အဖေဆုံးသွားတဲ့အကြောင်းလည်း ထည့်ပြောထားတယ်။ After The Storm မှာကျ သူ့အဖေက ဆုံးသွားပြီ။ သူ့အမေတစ်ကိုယ်တည်းနေရတဲ့ဘဝကို သေချာပြထားတယ်။ မတူတော့တာက အဓိကဇာတ်ကောင်ရဲ့အဖေက ပထမကားထဲကလို ဂုဏ်သရေရှိဆရာဝန်လည်းမဟုတ်တော့ဘူး။ အမြော်အမြင်ရှိတဲ့လူလည်း မဟုတ်တော့ဘူး။ မိန်းမကို အမြဲဒုက္ခပေးနေတဲ့ လောင်းကစားသမားအဖေဖြစ်သွားတယ်။ ဒါပေမဲ့ ဒီကာရိုက်တာက ဒီကားထဲ လုံးဝပါမလာဘူး။ အဖေနဲ့တူတဲ့ မင်းသားရဲ့အမူအကျင့်တွေကိုပြရင်းတစ်ဖုံ , မရှိတော့တဲ့လူတစ်ယောက်အကြောင်းပြောရင်းတစ်မျိုး လူတောင်မပါတဲ့ ဒီကာရိုက်တာကို ကောင်းကောင်းကြီးတော့ အသက်သွင်းသွားတယ်။ မိန်းကာရိုက်တာဖြစ်တဲ့ Hiroshi Abeနဲ့ သူ့အမေနေရာက သရုပ်ဆောင်တဲ့ Kirin Kikiရဲ့ Chemistryကလည်း ဒီကားကိုရော ပိုအသက်ဝင်စေတဲ့ အချက်ဆိုတာကို ဖယ်ထားလို့မရဘူး။ Still Walking မှာကျ ဇာတ်က တစ်ရက်တည်းပဲတည်ထားပြီး မိဘအိမ်ကို အလည်သွားကြတဲ့ သားသမီးတွေအကြောင်းနဲ့ နာမည်နဲ့လိုက်အောင် အငြိမ်ပဲ ရိုက်ပြသွားပေမဲ့ After The Storm မှာကျ နာမည်နဲ့လိုက်အောင်ပဲ ဘဝထဲဖြတ်တိုက်လာတဲ့ မုန်တိုင်းတွေအကြောင်းကို ရိုက်ပြသွားတယ်။ မိန်းကာရိုက်တာက ငယ်ငယ်ကတည်းက စာရေးကောင်းတယ်။ စာရေးဆရာအလုပ်နဲ့ပဲ အသက်မွေးချင်တဲ့လူ။ သူတို့မိသားစုကို အခြေခံပြီး တစ်အုပ်ရေးပြီး စာပေဆုတစ်ခုတောင် ရလိုက်သေးတယ်။ ပြဿနာက သူနောက်တစ်အုပ်ထပ်ရေးဖို့ ကြိုးစားတာ အတော်ကြာပေမဲ့ မရတော့တာပဲ။ ဒီတော့ ဝင်ငွေနည်းတယ်။ ဒီကြားထဲကမှ လောင်းကစားလည်း ဝါသနာပါသေးတယ်။ ဒါကိုမှ အချိုအချောင်ငွေရမယ့် စာလေးကျတော့လည်း မရေးချင်ဘဲ မာနကြီးပြန်တယ်။ ဒီတော့ အိမ်ထောင်ရေးမပြေလည်ဖြစ်ပြီး မိန်းမနဲ့ကွဲသွားပေမဲ့ လောင်းကစားဝါသနာပါလွန်းလို့ အချိန်ပိုင်းလုပ်တဲ့ စုံထောက်အလုပ်ကနေ ငွေတွေမြိုးမြိုးမြက်မြက်ရပေမဲ့ ကလေးစရိတ်မပေးနိုင်ပြန်ဘူး။ ဒါပေမဲ့ သူက သူ့သားနဲ့ မိန်းမကို ချစ်တယ်။ သူ့သားကို တစ်လတစ်ခါတွေ့ခွင့်ရဖို့ ကလေးစရိတ်ကို အကြောင်းမျိုးစုံပြပြီး တွေ့တယ်။ ကလေးစရိတ်မပေးနိုင်လို့ သူ့မိန်းမကတော့ သူ့ကိုသိပ်မကြည်ဖြူတော့ဘူး။‌ ပြောရရင် ဒီကာလက သူ့ဘဝရဲ့ မုန်တိုင်းထန်နေတဲ့ အချိန်ပေါ့။ တစ်ရက်ကျ သူ့ကလေးကိုခေါ်ထားရင်း ကလေးစရိတ်ပေးဖို့ သူ့အမေအိမ်က ပိုက်ဆံခိုးဖို့ သူ့ကလေးကို သူ့အမေအိမ်ခေါ်သွားတယ်။ သူ့မိန်းမက သူ့ကလေးကို လာကြိုတော့ မုန်တိုင်းတိုက်နေတဲ့အချိန်မို့ အိမ်မပြန်ဖြစ်ဘဲ သူ့အမေအိမ် သူတို့မိသားစု တစ်ညတာနေဖြစ်သွားတယ်။ အဲဒီညရဲ့ မုန်တိုင်းပြီးသွားတဲ့အခါ နေပြန်သာတတ်တယ်ဆိုပေမဲ့ သူ့ဘဝရဲ့မုန်တိုင်းက ပြီးသွားလား နေရောပြန်သာလား တငွေ့ငွေ့နဲ့ ပြသွားတဲ့ ရုပ်ရှင်ပေါ့။ Koreeda ကားပီပီသသပဲ ဇာတ်အိမ်ကတော့ ရိုးရိုးလေးပဲ။ Still Walking မှာ Koreedaဟာ ကျွန်တော်တို့ကို အိမ်ပြန်ရောက်သွားအောင် လုပ်နိုင်ခဲ့သလို After The Storm မှာလည်း Koreedaဟာ ကျွန်တော်တို့ဘဝက အဆုံးအရှုံးတွေဆီ ကျွန်တော်တို့ကို ပြန်ခေါ်သွားပြီး အဆုံးအရှုံးတွေဆီကနေ ပစ္စုပ္ပန်ကို ပြန်ခေါ်လာနိုင်ခဲ့တယ်။ ဘယ်လိုမှော်အစွမ်းနဲ့များ လုပ်လိုက်သလဲမသိပေမဲ့ ဟိုတစ်စ ဒီတစ်စ ဇာတ်ကွက်ကလေးတွေကို ဒီတိုင်းကြည့်နေရင်းနဲ့ကို ဇာတ်ကားအဆုံးသီချင်းအလာမှာ လူက ငိုချင်စိတ်ပေါက်လာတယ်။ ငိုလို့မရဘဲ ငိုချင်စိတ်ပေါက်နေတဲ့ တော်တော်ဆိုးဆိုးခံစားချက်ကြီးရလိုက်တယ်ပေါ့ဗျာ။ ခဏလေးပေါပြီး ပျောက်သွားတဲ့ ခံစားချက်မဟုတ်ဘဲ ၂နာရီဆက်တိုက်လောက်ကို အဲဒီလိုကြီးဖြစ်နေတုန်းပဲ။ အာရုံသာတခြားစီမပြောင်းပစ်ရင် ဒီထက်လည်းပိုကြာနိုင်တာပဲ။ မုန်တိုင်းက ပြီးသွားတယ်။ ရုပ်ရှင်လည်းပြီးသွားတယ်။ နေတော့ ပြန်သာပါလိမ့်မယ်။ အပျက်အစီးတွေကတော့ ကျန်နေတုန်းပဲ။ ပြန်တည်ဆောက်ရမှာပေါ့လို့ ဝိုင်းပြောကြလည်း တစ်ချို့အပျက်အစီးတွေက ဟေရာကလိုက်စ်တပ်ရဲ့ မြစ်ရေပဲ။ After The Stormဟာ နေသာမယ့်ရက်တစ်နေ့ဆီ ဆက်လျှောက်နေကြသူတွေရဲ့ အပျက်အစီးတွေ ပွေ့ပိုက်ရင်း ရှင်သန်ခြင်းအကြောင်းပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.6GB | 819MB | 414MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

Action • Comedy • Drama
7.2 2016 117 mins
After the Storm
Army Soul of Han Dynasty

ရှေးသမိုင်းတွေစိတ်ဝင်စားတဲ့သူတွေအကြိုက်တွေ့စေမယ့် ဟန်ခေတ်ကနယ်စပ်မြို့လေးမှာအခြေတည်ပြီး ရိုက်ထားတဲ့စစ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဘီစီ၃၀၀ခုနှစ်လောက်မှာ အရှေ့ဥပရောပမှာနေထိုင်တဲ့ရှုံနူလူမျိုးတွေရှိခဲ့ပါတယ်။ သူတို့ဟာရေကြည်ရာမြက်နုရာလှည့်လည်ကျက်စားတတ်ပြီး တရုတ်ပြည်မြောက်ပိုင်းကိုအကြိမ်ကြိမ်ကျူးကျော်ဖို့ကြိုးစားခဲ့သူတွေလဲဖြစ်တယ်။ ဒီဇာတ်ကားလေးမှာတော့ ဟန်တိုင်းပြည်နယ်စပ်မြို့လေးဖြစ်တဲ့ စူးလော့မြို့လေးကိုစစ်သည်အင်အား၃၀၀နဲ့စစ်သူကြီးတစ်ယောက်ဟာ ရှုံနူတွေရဲ့ရန်ကနေပြီး ဘယ်လိုခုခံကာကွယ်မလဲ..... မြို့လေးကိုသေသည်အထိကာကွယ်မယ်ဆိုပြီးသစ္စာဆိုခဲ့တဲ့ဟန်စစ်သားတွေဟာ သူတို့ရဲ့တာဝန်ကိုဘယ်လိုစိတ်ဓာတ်အားမာန်တွေနဲ့ ဘယ်လိုကျေပွန်အောင်ထမ်းဆောင်ခဲ့လဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action ,War Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
0 2022 102 mins
Army Soul of Han Dynasty
Superheroes
6.7

ဒီဇာတ်ကားလေးရဲ့နာမည်က‌တော့ Superheroesတဲ့။ ဒါပေမယ့်စူပါဟီးရိုးတွေအကြောင်းတော့မဟုတ်ဘူး။ မာကိုဆိုတဲ့ ရူပဗေဒဆရာတယောက်နဲ့အန်နာဆိုတဲ့ ပန်းချီဆရာမလေးတို့အတွဲရဲ့အချစ်ဆိုတဲ့အရာတခုကို အချိန်တွေကြာလာတာနဲ့အမျှ အန်နာရဲ့ Superheroes ဆိုတဲ့ သူတို့အကြောင်းရုပ်ပြစာအုပ်လေးအတိုင်း အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြတဲ့ပုံပေါ့။ သူတို့နှစ်ယောက်စတွေ့ခဲ့ကြတာက တံခါး၀လေးတခုအောက်မှာ မိုးခိုနေရင်းနဲ့။ မာကိုကတော့ စိတ်မြန်လက်မြန်လုပ်တတ်ပြီး သူ့အတွက် အချိန်ဆိုတာ အပြင်မှာတကယ်မရှိတဲ့အရာလို့ လက်ခံထားတဲ့သူ။ အန်နာကတော့ပျော်ပျော်နေသေခဲ ယောကျာ်းတယောက်ကို တညထက်ပိုမတွဲသလို realtionship တခုမှာ တသက်လုံးချစ်ရမှာကို အရမ်းကြောက်တဲ့ကောင်မလေး။ ဒီလိုသူတို့နှစ်ယောက်ရဲ့စတွေ့ကြတဲ့အချိန်ကနေ ဆယ်နှစ်ကြာပြီးတဲ့ မျက်မှောက်အချိန်အထိ သူတို့ရဲ့အချစ်ခရီးလမ်းမှာ ချစ်လိုက်ကြ ပြတ်လိုက်ကြအခိုက်အတန့်လေးတွေ သူတို့ရဲ့ခံစားချက်လေးတွေ လျှို့ဝှက်ချက်လေးတွေ ဘ၀အနိမ့်အမြင့်တွေကို ဒီဇာတ်ကားမှာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ CMပရိတ်သတ်ကြီးကိုမေးခွန်းလေးတခုပဲ မေးစရာရှိတာကတော့ လူတယောက်ကိုတသက်လုံး သစ္စာရှိရှိနဲ့ ချစ်နိုင်ဖို့အတွက်က ဘယ်လိုစူပါပါဝါမျိုးတွေ လိုအပ်မှာပါလဲ။ File size…1.97GB / 756MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 2m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama • Crime
6.7 2021
Superheroes
Dinosaurs
8.7

Dinosaurs (2023) ================ IMDb 8.7/10 အသစ်ထွက်ထားတဲ့ Kollywood ဂိုဏ်းစတားအက်ရှင်ရုပ်ရှင် ခပ်မိုက်မိုက်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ Dinosaurs ဆိုတာကတော့ Die no sirs ဆိုတဲ့ စကားလုံးကို သံတူကြောင်းကွဲ ပြန်ရေးထားတာပါ။ ဇာတ်လမ်းကတော့ ဒန်နာဆိုတဲ့ အပ်ချုပ်သမားဟာ ဂိုဏ်းစတားတစ်ယောက်ဆီမှာအလုပ်လုပ်နေတဲ့ သူငယ်ချင်းဖြစ်သူ ဒူရူနာအတွက် ဒူရူနာရဲ့ မိသားစုကိုငဲ့ပြီး ထောင်ထဲကို ကိုယ်စားဝင်ဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။ ဒန်နာရဲ့ ညီဖြစ်သူ ဇာတ်လိုက် မန်နူးကတော့ ပေါ့ပေါ့နေပေါ့ပေါ့စား လူ့ဘော်ကြော့ဘဝကနေ အစ်ကိုဖြစ်သူ ဟီးရိုးဝင်လုပ်တဲ့ကိစ္စကို ဖြေရှင်းဖို့ကြိုးစားရင်း ဂိုဏ်းစတားကြီးနဲ့ ထိပ်တိုက်တွေ့ကာ ဂိုဏ်းစတားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပါ…။ ( ဒီရုပ်ရှင်ကိုတော့ CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ )

8.7 2023
Dinosaurs
Death on the Border
4.2

Death on the Border (2023) ==================== အမေရိကန်နဲ့ မက္ကစီကို နယ်စပ်ဟာ တရားမဝင်တဲ့ အလုပ်တွေ အရမ်းပေါတဲ့အရပ်ဒေသတစ်ခုလို့ နာမည်ကြီးပါတယ်။ ဒီဇာတ် လမ်းကလည်း ဒီနယ်စပ်က လူကုန်ကူးမှုတစ်ခု အကြောင်းပါ။ လူကုန်ကူးတဲ့ အဖွဲ့တစ်ဖွဲ့ဟာ အမေရိကန်ဘက်က မိန်းမငယ်လေး တွေကို အတင်းအဓမ္မခေါ်ဆောင်ပြီး နယ်စပ်လမ်းတစ်လျှောက် ကနေ လူကုန်ကူးပါတယ်။ အမေရိကန်ဘက်က ရဲစုံထောက်တစ် ယောက်ဟာလည်း လောင်းကစားကြွေးကြောင့် ဒီအလုပ်မှာ လာ ငြိစွန်းတော့ လူကုန်ကူးအဖွဲ့အတွက် ကိစ္စတွေက အဆင်ချောလို့ နေပါတယ်။ ဒီလို ဥပဒေဘက်တော်သားတွေ ပါဝင်ပတ်သတ်နေတဲ့ ဒီလုပ်ရပ်ကို သိတဲ့ ရဲမေနှစ်ယောက်ဟာ သူတို့ကိုယ်သူတို့ ဝရမ်းပြေးအဖြစ်ခံပြီး အမေရိကန်-မက္ကစီကို နယ်စပ်တစ်လျှောက်က လူကုန်ကူးမှုတွေကို တားဆီးဖို့ ကြိုးစားကြမဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(1.79 GB) / (683 MB) Quality…………WEB-DL 1080p / 720p Duration………2Hr 13Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Mystery Translator…….Act Molemy Encoder……….SWM

4.2 2023 95 mins
Death on the Border
The Curse of the Totem
5

Curse Of The Totem 2023 အညွှန်း ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိထားတဲ့ Horror ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်အိမ်ကတော့ ဘော်နီယိုကျွန်းမှာ ၁၃ ရာစုလောက်က စစ်မှန်ပြီး ရှေးကျတဲ့ ယဇ်ပူဇော်တဲ့ ဓလေ့ထုံးတမ်းများကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဒေါက်တာဆာနီနဲ့ သူတို့အဖွဲ့ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဂျေရုနိုင်း (သင်္ချိုင်းဝင်ရိုးစွန်း) ကို လေ့လာဖို့ စူးစမ်းလေ့လာရေးခရီးထွက်သွားရင်း တောထဲမှာ ပျောက်ဆုံးသွားတဲ့ ဒေါက်တာဆာနီရဲ့ဇနီးဖြစ်သူကို ရှာဖွေဖို့ ဒီတောကြီးထဲကိုရောက်လာခဲ့ကြပါတယ်။ တဖြည်းဖြည်းခရီးဆက်ခဲ့ကြရင်းဒေါက်တာဆာနီတို့အဖွဲ့က အဖွဲ့ဝင်တစ်ဦးချင်းစီဟာ ထင်ယောင်ထင်မှားတွေ စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့ ကြုံလာရပြီး ထူးဆန်းတဲ့ နေရာတွေဆီကို အပို့ခံရတာမျိုးတွေလည်းရှိလာပါတော့တယ်။ သူတို့ထဲက တစ်ယောက်က်ို အညှိုးကြီးတဲ့ ဝိဥာဉ်တစ်ကောင်က ဝင်ပူးပြီး ထိန်းချုပ်လိုက်တဲ့အခါမှာတော့ အဆိုးဝါးဆုံး အခြေအနေတွေက သူတို့ဆီကိုဆိုက်ရောက်လာပါတော့တယ်။ ကျိန်စာသင့်နေတဲ့ ဒီနေရာကြီးကနေ ဒေါက်တာဆာနီနဲ့ သူ့အဖွဲ့သားတွေ ပြန်လည်လွတ်မြောက်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်းကိုတော့ Cali က ရေးသားပေးပြီးတော့ ဘာသာြပန်ထားတာကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 2.5GB |887MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator …..Shin and Cali Encoder ….. Aaron

5 2023
The Curse of the Totem
Alvin and the Chipmunks

ငယ်ဘဝတုန်းက တိရစ္ဆာန်​လေး​တွေနဲ့ လူ​တွေ တွဲဖက်ရိုက်ခဲ့ကြတဲ့ ရုပ်ရှင်​တွေ အများကြီးကြည့်ဖူးခဲ့မှာပါ။ အဲဒီတုန်းက​ 3D effectဘာညာလည်း မသိနားမလည်​သေးတဲ့ အရွယ်ဆို​တော့ တိရစ္ဆာန် အစစ်​လေး​​တွေကို သေချာသင်​ပေးပြီး ရိုက်ထားသလို ထင်ခဲ့ရတဲ့ အကြိမ်​ရေလည်း မနည်းပါဘူး။ ဒီလိုဇာတ်ကား​​တွေထဲမှာ Alvinတို့ ရှဉ့်​လေးသုံး​ကောင်ရဲ့ ဇာတ်ကား​တွေလည်း အပါအဝင်ပါပဲ။ သူတို့ရဲ့ င​မွှေထိုးလုပ်ပုံ​၊ ဗရုတ်ကျပုံ​တွေ၊ သူတို့အသံနဲ့ ဆိုထားတဲ့ သီချင်း​တွေက ငယ်ဘဝရဲ့အမှတ်တရ ဖြစ်ခဲ့သလို ​နောက်ပိုင်းမှာ နာမည်ကြီးသီချင်းအ​များစုကို Chipmunks versionလို့ ပြန်ပြီး ဖန်တီးလာတဲ့အထိ ဒီရှဉ့်​လေး​တွေရဲ့ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံး အတိုင်းအတာထိ ရှိခဲ့တာပါ။ ဒီဇာတ်ကားက Alvin, Simonနဲ့ Theodoreဆိုတဲ့ chipmunk ရှဉ့်​လေးသုံး​ကောင်ကို စတင်မိတ်ဆက်​ပေးခဲ့တဲ့ ဇာတ်ကားပါ။ မ​အောင်မြင်တဲ့ ​တေး​ရေးဆရာ ​​ဒေးဗစ်ဆီဗီးလ်ဆီကို ဒီရှဉ့်​လေး သုံး​​ကောင်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပါ။ ဖိအားများ​နေတဲ့ ​ဒေ့ဗ်တစ်​ယောက် ရှဉ့်​လေး​တွေနဲ့ စ​တွေ့ချိန် သူတို့ရဲ့ ​သောင်းကျန်းမှုကို မခံနိုင်လို့ ​မောင်းထုတ်ခဲ့​ပေမဲ့ မထင်မှတ်ဘဲ သူတို့ရဲ့ talentဖြစ်တဲ့ သီချင်းဆိုတာကို ကြားလိုက်ရပြီး​နောက် Chipmunkတွေအတွက် ပင်တိုင်သီချင်း​ရေး​​ပေးသူ ဖြစ်လာပြီး ​အောင်မြင်မှု​တွေ ရလာခဲ့ပါတယ်။ ဒါကိုမနာလိုတဲ့ ​တေးသံသွင်းပိုင်ရှင်က ​ဒေ့ဗ်ဆီက​နေ ရှဉ့်​တွေကို လုယူဖို့ အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပြီး သူ့​ရဲ့ကိုယ်ကျိုးအတွက်ပဲ ကြည့်ကာ ရှဉ့်​လေး​တွေကို အသုံးချဖို့ ကြိုးစားခဲ့ပါတယ်။ သူနဲ့ရှဉ့်​လေး​တွေကြားက အထင်လွဲမှု​​တွေကို ​ဖြေရှင်းဖို့ကြိုးစားရင်း ​​ဒေ့ဗ်အ​နေနဲ့ လောဘအိုး producerရဲ့လက်​က​နေ ရှဉ့်​လေး​တွေ လွတ်​မြောက်နိုင်​အောင် ဘယ်လိုကယ်တင်မလဲဆိုတာ သီချင်း မြူးမြူး​လေး​တွေ၊ chipmunk​​လေးတွေရဲ့ချစ်စရာ​ကောင်းတဲ့ သီဆိုပုံ​တွေနဲ့အတူ ခံစားရမှာပါ။ File size… 2.2 GB / 629 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Action • Drama • Thriller • Science Fiction
0 2007
Alvin and the Chipmunks
[18+] Dayo
5.2

============= အယ်လ်ဆာကမိဘမဲ့ ကလပ်မယ်လေးတစ်ယောက်ဖြစ်ပြီး အဒေါ်မိသားစုနဲ့အတူနေထိုင်ပါတယ်။ ငယ်ဘ၀က ကျေးဇူးတွေကြောင့် သူကခန္ဓာကိုယ်ကိုရင်းပြီးလုပ်ကျွေးနေပေမယ့် သူ့ကိုထိကပါးရိကပါးလုပ်လွန်းတတ်တဲ့အဒေါ် ယောက်ျား၊ ယောက်ျားဘက်ကပဲ ပါတတ်တဲ့အဒေါ်တို့ကိုစိတ်ပျက်လာပြီး ဘ၀သစ်ထူထောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လက်ရှိဘ၀ကိုစွန့်လွှတ်ပြီး အချစ်ဆုံးသူငယ်ချင်းရဲ့ခေါ်ဆောင်ရာ ကမ်းခြေမြို့လေးတစ်မြို့ကိုထွက်လာခဲ့ပါတယ်။ အဲ့ဒီမြို့လေးမှာ တွေ့ကြုံရမယ့် သူ့ဘ၀သစ်ထဲကိုရောက်ရှိလာမယ့် လူအသစ်တွေ၊အဖြစ်အပျက်အသစ်တွေနဲ့ သူ့ရည်မှန်းချက်အတိုင်းရှာဖွေနေတဲ့ဘ၀အဓိပ္ပါယ်တွေကို တွေ့ရှိနိုင်မလား? ဘယ်လိုသင်ခန်းစာအသစ်တွေ ရလာမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ နောက်ပေါက်မင်းသမီးတွေထဲက အချိန်တိုအတွင်းရှေ့ရောက်လာတဲ့ Rica Gonzales နဲ့ PantaXa: Laiya ပြိုင်ပွဲဝင်ဟောင်း Audrey Avila တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:58:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Romance • Comedy • Drama
5.2 2024 112 mins
[18+] Dayo
Runt
7

ခုတခေါက်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားလေးကတော့ IMDB Rating 7 ထိ ရထားတဲ့ Family/Adventure အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်… ကြည်နူးစရာ ကြေကွဲစရာ ဝမ်းသာစရာ ဝမ်းနည်းစရာတွေကို ပေါင်းစပ်ရိုက်ကူးထားတဲ့ ရသစုံကားလေးဖြစ်လို့ ရုပ်ရှင်ချစ် ပရိသတ်တွေ သဘောကျနှစ်ခြိုက်မယ့်ကားလေးဖြစ်ပြီး ချစ်စရာ အာဝုလေးတွေလည်းပါလို့ အာဝုချစ်သူပရိသတ်များလည်း လက်လွှတ်ဖို့မသင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်… ဩစတေးလျနိုင်ငံ Upson Downs မြို့ငယ်လေးက Shearers မိသားစုဟာ အခြားမြို့ခံများနည်းတူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြသူတွေဖြစ်ပါတယ်… ရေရှားပါးသဖြင့် ချောင်းရေကိုသာ အဓိကအားကိုးနေရတဲ့ မြို့ကလေးဟာ ဓနရှင်သူဌေးကြီး Earl ရဲ့ ကုပ်သွေးစုပ်မယ့်အကြံနဲ့ တည်ဆောက်ခဲ့တဲ့ ရေကာတာကြောင့် ရှားရှားပါးပါးမိုးရေကိုသာ မျှော်ကိုးရပါတော့တယ်… ထို့နောက်မှာတော့ ရေရှားပါးကာ စိုက်ပျိုးရေးမဖြစ်ထွန်းဘဲ တိရစ္ဆာန်များစားကျက်ရှားပါးလာမှုကြောင့် စားဝတ်နေရေးကျပ်တည်း လာတဲ့ Upson Downs အရပ်က Shearers မိသားစုအပါအဝင် ဒေသခံလယ်သမားမိသားစုများဟာ သူဌေးကြီး Earl အဖို့ ၎င်းတို့ရဲ့ လယ်မြေတွေကိုဈေးချိုချိုနဲ့ ဝယ်ယူပြီး ချမ်းသာသည်ထက် ချမ်းသာအောင် အမြတ်ထုတ်စရာ သားကောင်များဖြစ်လာပါတော့တယ်… တချိန်တည်းမှာပဲ စီးပွားရေးကျဆင်းကာ ဘဏ်ကြွေးတွေဆင့်ဆင့် လာတဲ့ မိသားစုအကျပ်အတည်းကို သိပြီး ကူညီချင်စိတ်အပြည့် ရှိနေတဲ့ Shearers မိသားစုရဲ့ သမီးငယ်လေး Annie ဟာ အခက်အခဲကို ဖြေရှင်းဖို့ နည်းလမ်းတွေစဉ်းစားနေခဲ့ပါတယ်… Woolarama ပွဲတော်ရက်မှာတော့ Annie နဲ့ သူ့ခွေးလေး Runt တို့ဟာ အစီအစဉ်မရှိဘဲ ခွေးပြိုင်ပွဲဝင်ဖြစ်သွားရာမှ Runt ရဲ့အစွမ်းအစနဲ့ မိသားစုအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ လမ်းစမြင်သွားတဲ့ Annie ဟာ… Shearers မိသားစုကို သူဌေးကြီး Earl လက်ကကယ်တင်နိုင်ကြမလား Shearers မိသားစုတို့ ဘယ်လိုဖြစ်သွားမလဲ…… Upson Downs မြို့ကလေးက လယ်မြေတွေရော သူဌေးကြီး Earl လက်ထဲပဲ အကုန်ရောက်သွားမလားဆိုတာ ကိုတော့ Runt ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ……. File size… (1.62GB) / (892MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre …..Animal Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Romance • Comedy
7 2024 91 mins
Runt
Boonie Bears: Future Reborn
6

ဒီတစ်ခေါက်မှာတော့ တရုတ်ရဲ့ ပြည်တွင်း နာမည်ကြီး ကာတွန်းစီးရီးတွေထဲက တစ်ခုဖြစ်တဲ့ ဝက်ဝံညီအစ်ကိုနဲ့ သစ်ခုတ်သမားကြီး ဖိုးကတုံး (ကွမ်းထို့ချန်) တို့ရဲ့ ၁၁ ခုမြောက်ရုပ်ရှင်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ရုံတင်သွားခဲ့တဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးထဲမှာ အရင်လိုပဲ မတည့်အတူနေ ဝက်ဝံကြီးနဲ့ ဝက်ဝံလေးတို့က ကွမ်းထို့ချန် နဲ့ မိတ်ဆွေတွေပါပဲ… မတူတော့တာကတော့ နောက် အနှစ် ၁၀၀ မှာ ဒီလောကကြီးက မတူတော့တာပါပဲ… အသားစားတဲ့ အပင်တွေက နေရာယူပြီး… ယခင်ကတည်ရှိနေတဲ့ သက်ရှိအားလုံးကတော့ မျိုးတုံး ပျက်စီးကုန်တာပါပဲ… ဒါတွေအားလုံးက တရားခံကတော့ ကွမ်းထို့ချန်ပါပဲ… ဟုတ်ပါတယ်… ဇာတ်လမ်းလေးအစကို ပြောရမယ်ဆိုရင်… ဒီရုပ်ရှင်ထဲမှာ ကွမ်းထို့ချန် က သစ်မခုတ်တော့ဘဲ ခရီးသွားလမ်းညွှန်အလုပ်ကို ပြောင်းလုပ်နေတာပါ… ဒါပေမယ့် ခရီးသည်တွေကို မထိန်းနိုင်တဲ့လမ်းညွှန်ပေါ့… ဒီလိုနဲ့ ခရီးသည်တွေရဲ့ ကွန်ပလိန့်(မကျေနပ်ချက်)တွေကို ဖြေရှင်းရင်း… သူက ခရီးသွားလို့ကောင်းမယ့် နေရာသစ်ကို ရှာတွေ့ပြီး… ဒီဒေသအသစ်ရဲ့ သီးသန့်ကိုယ်စားလှယ်အဖြစ် ရာထူးတိုးခံရတော့မယ့်အချိန်မှာပဲ… အနာဂတ်က ရှောင်လျန်ဆိုတဲ့ ကောင်လေးတစ်ယောက်က အချိန်ခရီးသွားပြီးတော့ ကွမ်းထို့ချန်ကို လူဆိုးကြီးဆိုပြီး အပြစ်တင်ရင်း… အလုအယက်ဖြစ်ရင်း အနာဂတ်ကိုရောက်သွားရော… ဝက်ဝံ့ညီနောင်လည်း ပါတာပေါ့… ဒီတော့ သူတို့နဲ့ စိမ်းနေတဲ့ အနာဂတ်ဝန်းကျင်မှာ နေနိုင်ပါ့မလား… ရှောင်လျန်နဲ့ပေါင်းပြီးပဲ အနာဂတ်ကို ကယ်တင်နိုင်မလား… သူတို့ရဲ့ မူလဘဝကိုပဲ ပြန်သွားနိုင်ပါ့မလားဆိုတာကိုတော့… ဇာတ်လမ်းလေးကြည့်လိုက်ကြတာပေါ့နော်

6 2025
Boonie Bears: Future Reborn