YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]The.Day.2011.720p.BrRip.mp4

676.96 MB N/A video/mp4 625 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dobaaraa
5.5

အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ အားလုံးရဲ့အချစ်တော် တာ့ပ်ဆီးပန်းနုရဲ့ ဇာတ်ကားသစ်လေးပဲ ဖြစ်ပါတယ် ဇာတ်ကားလေးက အပြိုင်ကမ္ဘာပုံစံမျိုး ဆန်းဆန်းပြားပြားလေး ရိုက်ကူးထားတာပဲဖြစ်ပါတယ် အန်တာရာ (တာ့ပ်ဆီး) က လက်ရှိအချိန်ကာလမှာနေပြီး အတိတ်က အာနေးဆိုတဲ့ကောင်လေးနဲ့ တီဗွီထဲကနေတစ်ဆင့် ဆက်သွယ်မိသွားပါတယ် အတိတ်က အာနေးဆိုတဲ့ကောင်လေးဟာ ဘေးအိမ်က လင်မယားနှစ်ယောက်ရန်ဖြစ်နေတဲ့နေရာဆီ သွားရင်း ကားတိုက်ခံရပြီး သေဆုံးသွားတာဖြစ်ပါတယ် အဲဒီကောင်လေး အာနေး နေခဲ့တဲ့အိမ်မှာပဲ အန်တာရာတို့ မိသားစုက ပြောင်းလာတာဖြစ်ပြီး အာနေးဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အားလုံးကို အန်တာရာက သိထားတာမို့လို့ အာနေးမသေအောင် အနာဂတ်ကနေ ကူညီပါတော့တယ် အဲဒီလိုနဲ့ သူ အာနေးကို ကူညီနိုင်ပါ့မလား အနာဂတ်ကနေ အတိတ်ကို ဘယ်လိုအကူအညီပေးမှာလဲ ကံကြမ္မာကိုပြောင်းလဲအောင်လုပ်လိုက်ရင် သူတို့ကရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ တာ့ပ်ဆီးရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် File size…1.34Gb / 630MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & BpL & Thet Ko & OeliuJ

Comedy • Family • Romance
5.5 2022 135 mins
Dobaaraa
The Witch: Part 1. The Subversion
7.8

ဒီဇာတ်ကားက ကျွန်တော်တို့ထင်မထားလောက်အောင် ကြမ်းပြီးကောင်းတဲ့ ကားထဲမှာပါတယ်...BOX OFFICE လည်းဝင်ခဲ့သလို ဆန်းပြားတဲ့ဇာတ်အိမ်နဲ့ အက်ရှင်ခန်းအမိုက်စားတွေကြောင့် ကျားပရိတ်သတ်ရော မပရိတ်သတ်ပါ အတော်လေးနှစ်ခြိုက်ခဲ့ကြပြီး Part 2 ကို မျှော်နေကြသလို များမကြမှီလည်း ရုံတင်တော့မှာပါ... ဒါ့ကြောင့် Part 2 လေးမထွက်ခင် BLU-RAY1080P5.1CH လေးနဲ့ ပြန်လည် တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ စမ်းသပ်မှုတစ်ခုကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို ကလေးဆုံးရှုံးထားတဲ့ လင်မယားက ခေါ်ယူမွေးစားလိုက်ပါတယ်။ ကောင်မလေးကလည်း အတိတ်မေ့နေတဲ့အတွက် အရင်က အကြောင်းတွေမမှတ်မိပါဘူး။ ကောင်မလေး အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ စီးပွားရေးအဆင်မပြေတဲ့အတွက် ဆုကြေးငွေ အများကြီးရနိုင်တဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ထူးခြားချက်တစ်ခုကိုပြရာမှာ အများအံ့အားသင့်စရာဖြစ်လာပါတယ်။ အဲဒါနဲ့ သူ့ရဲ့ အကြောင်းကိုလူတွေသိသွားပြီး အတိတ်က အရိပ်ဆိုးက ပြန်လိုက်လာတဲ့အခါမှာ.... File Size : (1.7GB)(721 MB)&( Quality :BLU-RAY1080P5.1CH,720p Format…mp4 Duration…02:06:00 Genre :Crime, Sci-Fi & Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae

Action • Drama • Thriller
7.8 2018 125 mins
The Witch: Part 1. The Subversion
The Replacement
6.4

IMDb Rating - 6.2/10 1982 ခုနှစ် စပိန်-ဂျာမနီ စစ်ပွဲကာလတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းတစ်ခုအကြောင်း အခြေခံရိုက်ကူးထားတဲ့ စပိန်နောက်ခံစကားပြော ဇာတ်ကားလေး တစ်ကားပါ။ အဲဒီကာလ မက်ဒရစ်မြို့ရဲ့ အတော်ဆုံး စပိန်လူမျိုး စုံစမ်းရေးမှူး တစ်ယောက်ဖြစ်တဲ့ အန်ဒရက်စ်က ပင်လယ်ဆိပ်ကမ်းမြို့လေးက ဘိုအာဒါဆိုတဲ့ ရဲတစ်ယောက်ရဲ့နေရာမှာ လူစားထိုးပြောင်းရွှေ့လာခဲ့တယ်။ ကိုလမ်ဘို ဆိုတဲ့ တွဲဖက်တစ်ယောက် ရလာခဲ့ပြီး အဲဒီမြို့က ဂျာမန်တွေရဲ့ လာဘ်ထိုးမှုတွေနဲ့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲဖို့ ဖန်လာခဲ့တာပေါ့။ အဲဒီအချိန်မှာပဲ နာဇီတွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ မူးယစ်ဆေးမှုတွေအပြင် သူအစားဝင်ခဲ့တဲ့ ဘိုအာဒါရဲ့ သေဆုံးမှုကပါ သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ထူးဆန်းနေကြောင်း သတိထားမိလာပြီး အမှုကို ပြန်လည်စစ်ဆေးဖို့ ကြိုးစား ပါတော့တယ်။ ဒါ့အပြင် 1980 အစောပိုင်းကာလ နာဇီဂျာမန်တွေရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေ၊ အကြမ်းဖက်ဒုစရိုက်မှုတွေကို ရိုက်ကူး ပုံဖော်ထားတဲ့အပြင် စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းခဲ့ရတဲ့ ကာလတွေအကြောင်း မြင်တွေ့ရမှာမို့ နိုင်ငံရေးသမိုင်းကြောင်း စိတ်ဝင်စားတဲ့လူတွေအတွက် အကြိုက်တွေ့စေမှာ အသေချာပါပဲ။ IMDb 6.2 ရရှိထားပြီး Ricardo Gómez, Vicky Luengo, Pere Ponce တို့က အဓိက ဇာတ်ကောင်များအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.68 GB) / (844 MB) / (517 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 57mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Crime Translator.......May Thet Khine Soe Encoder..........SWM

Action • Thriller
6.4 2021 118 mins
The Replacement
Happy Phirr Bhag Jayegi
6.9

ဒီကားက ၂၀၁၆ တုန်းကထွက်ထားတာ Happy Bhag Jayegi ရဲ့နောက်ဆက်တွဲကားပါ။ ပထမကားတုန်းက ပါကစ္စတန်မှာလွဲကြပြီးတော့ ဒီကားမှာတော့ တရုတ်ပြည်မှာ သွားလွဲကြမှာပါ။ အခုလို စိတ်ညစ်စရာကောင်းတဲ့အချိန်မှာ ရယ်ရယ်မောမောနဲ့ ကြည့်လို့ကောင်းမဲ့ ဟာသကားလေးတစ်ကားဆိုလည်း မှားမယ်မထင်ဘူး။ ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေး နည်းနည်းပြောပြမယ်။ ဇာတ်ကားထဲမှာ ဟတ်ပီးဆိုတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ်ဗျာ။ လူဆိုးဂိုဏ်းက အလိုရှိနေတဲ့ ဟတ်ပီးနဲ့ ရုက္ခဗေဒပညာရှင်ပရော်ဖက်ဆာ ဟတ်ပီးတို့ပေါ့။ အဲ့ဒီမှာ တရုတ်လူဆိုးဂိုဏ်းက လေဆိပ်မှာ ပရော်ဖက်ဆာဟတ်ပီးကို မှားပြီးဖမ်းသွားမိရာကနေဇာတ်လမ်းကစတယ်။ ပရော်ဖက်ဆာဟတ်ပီးက သူ့ကိုလိုက်ဖမ်းတဲ့လူတွေလက်ထဲက အသက်လုပြီးပြေးနေရတဲ့အချိန်မှာ တဖက်မှာလည်း ဟိုဟတ်ပီးက ဘုမသိဘမသိနဲ့ မိန့်ခွန်းတွေပြောလို့ပြောပေါ့။ ဒီဟတ်ပီးနှစ်ယောက်လွဲသွားတဲ့အမှားနဲ့မပြီးသေးဘူး။ သူတို့ကနေ ဆက်မှားလိုက်တဲ့ မီးခိုးကြွက်လျှောက်အမှားတွေက ဇာတ်လမ်းရဲ့ရယ်ရတဲ့အသက်ပဲ။ ဒီတော့ ဘယ်လိုအလွဲတွေလွဲပြီး အူတယားယားနဲ့ ရယ်ရမလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ပြီးရှုစားကြပါဦးဗျာ။ ပထမဇာတ်ကားကိုမကြည့်ရသေးရင် ဒီမှာ https://channelmyanmar.org/?s=Happy+Bhag+Jayegi ကြည့်ပါ။ အညွှန်းနဲ့ ဘာသာပြန် ကတော့ Johnနဲ့ Intelligenceဖြစ်ပါတယ်။ File size…(2.8 GB)/(1.1 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:14:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by John & Intelligence

Drama
6.9 2018 136 mins
Happy Phirr Bhag Jayegi
Thousand and One Lies
8

1001 Nunakal (2022) IMDb-8.0/10 ဇာတ်လမ်းတင်ဆက်ပုံခပ်ဆန်းဆန်းလေးနဲ့ အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အသိလေးတခုပေးနိုင်တဲ့ အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းနာမည်က မုသားစကား ၁၀၀၁တဲ့။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တွေကို မျက်နှာသစ်သရုပ်ဆောင်တွေ သုံးထားပေမယ့် ကျရာဇာတ်ရုပ်နဲ့လိုက်ဖက်အောင် ပါဝင်နိုင်ကြတာကို စိတ်ဝင်တစားနဲ့ကြည့်ကြရမှာပါ။ နေရာတခုတည်းမှာပဲ အဓိကတည်ပြီး ရိုက်ထားတဲ့ဇာတ်လမ်းတွေကိုကြည့်လိုက်ရင် စိတ်ဝင်စားစရာကောင်းရင်ကောင်း မဟုတ်ရင် ပျင်းစရာကောင်းလာရော။ကျွန်တော့်အမြင်အရကတော့ ဒီဇာတ်လမ်းကစိတ်ဝင်စားစရာပဲ။ဘာလဲဆိုတော့ ကြုံဖူးသိဖူးနေကြအကြောင်းရာတွေပါသလို ဘာတွေဖြစ်လာဦးမလဲ ဘာတွေပေါ်လာဦးမလဲဆိုတာမျိုးကို သိချင်စိတ်ဖြစ်အောင် ရိုက်ထားနိုင်လို့။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် အဆောက်အဦးကြီးတခုမီးလောင်တယ်။အဲဒီမှာနေတဲ့ တိုက်ခန်းတွေက မိသားစုနှစ်ခုက သူတို့သူငယ်ချင်းအရင်းကြီးတယောက်အိမ်မှာ ခဏလာတည်းတယ်။ညစာစားကြရင်း နောက်ရက်မှာ အိမ်ရှင်လင်မယားရဲ့ ဆယ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ရောက်မယ်ဆိုတာသိတော့ ပြန်မယ့်ဟာ မပြန်ကြသေးဘဲ ပွဲလေးကျင်းပကြတာပေါ့။တကယ်ခင်မင်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲစုပြီးပွဲလေးလုပ်ရော။ အဲဒီမှာ သူငယ်ချင်းတွေဝိုင်းထိုင်ကြရင်း သူတို့တွေပြောကြတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေက ဇာတ်လမ်းကိုဆွဲခေါ်သွားတာပဲ။ကွဲပြားတဲ့အမြင်တွေ အယူအဆမတူညီကြတာတွေကနေ သူတို့ရဲ့ဘ၀တွေကို စကားတွေကနေတဆင့် တင်ဆက်ပြသသွားတာကို ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ဖြစ်ပါတယ်) File size…1.37GB  /  613MB  Quality…1080p WEB DL  / 720p Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~BpL~Zwe~Yunni

Drama • Mystery
8 2022 104 mins
Thousand and One Lies
Nosferatu the Vampyre
7.4

Nosferatu the Vampyre (1979) ~ IMDb – 7.4/10, RT – 95%, Meta – 79% ~ မြို့ကြီးပြကြီးက အိမ်ခြံမြေအကျိုးဆောင် ဂျိုနသန်ဟာကာတစ်ယောက် ထရန်ဆဲလ်ဗေးနီးယားဒေသအထိ ခရီးဝေးထွက်ပြီး ငွေကြေးရှင်တောသူဌေးတစ်ယောက်ကို အိမ်ရောင်းရင်း အကျိုးဆောင်ခ မြက်မြက်လေးရဖို့ ကြိုးစားရာကနေ မရဏတိမ်တိုက်တစ်ခုကို သူ့ဘဝတင်မကဘဲ သူနေထိုင်ရာမြို့ဆီပါ ခေါ်ဆောင်လာမိသလို ဖြစ်သွားရတဲ့ ဒီ ဒရက်ကူလာဇာတ်လမ်းကိုတော့ ကလေးရော၊ ခွေးရော၊ ကလေးရဲ့ဘွားတော်ကြီးပါ ကြားဖူးကြပါလိမ့်မယ်။ ပုံနှိပ်စာရွက်တွေကနေ ဖန်သားပြင်ရော ပိတ်ကားပေါ်ပါ အကြိမ်ကြိမ်အထပ်ထပ် ပြန်တင်ခြင်းခံထားရပြီးဖြစ်တဲ့ ဒီဇာတ်ကြောင်းက ခုကားမှာ ဘာထူးခြားနေလဲဆိုရင်တော့ ဒရက်ကူလာရဲ့ ပထမဆုံးရုပ်ရှင်ဗားရှင်း ဖြစ်ပေမဲ့ ဝတ္ထုမူပိုင်ခွင့်မရလို့ နာမည်ပြောင်းရိုက်ခဲ့ရတဲ့တိုင် သူကိုယ်တိုင်က ရုပ်ရှင်သမိုင်းအပေါ် လွှမ်းမိုးမှုကြီးသွားခဲ့တဲ့ ၁၉၂၂ ခုနှစ်ထွက် ဂျာမန်ရုပ်ရှင် Nosferatu ဇာတ်လမ်းကိုရော၊ Bram Stoker ရဲ့ မူရင်းဝတ္ထုကိုပါ အခြေခံထားတာပါပဲ။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Werner Herzog က New German Cinema က ပိုင်အိုးနီးယားတစ်ယောက်ပါ။ ပိုင်အိုးနီးယားပီပီ သူများနဲ့မတူတဲ့ ရိုက်ကူးတင်ဆက်ပုံ ဟန်ပန်တွေကြောင့်လည်း နာမည်ကြီးပါတယ်။ သူကိုယ်တိုင် ဇာတ်ညွှန်းပါ ရေးသားထားတာပါ။ Herzog ဟာ ဒီဇာတ်လမ်းကို တင်ပြရာမှာ ခြောက်ဖို့လှန့်ဖို့ထက် ဒရက်ကူလာကို လူ့သွေးအပြင် အချစ်မေတ္တာပါ ငတ်နေသလို နည်းနည်းလူသားဆန်အောင် ဖန်တီးပြထားတာမို့ မျောပြီး လိုက်မဖီးလ်ဖြစ်ရင်တောင်မှ မင်းသမီးက တော်တော်လှတာဆိုတော့ Vlad ကြီးကို ကိုယ်ချင်းကတော့ စာမိပါလိမ့်မယ်။ Nosferatu ကို 1922 မှာ ပထမဆုံးအကြိမ်ရိုက်ခဲ့ပြီး ကလပ်စစ်ရုပ်ရှင်အဖြစ် တော်တော်အောင်မြင်ခဲ့သလို Herzog ရဲ့ အခုဗားရှင်းကလည်း သူ့ဟာနဲ့သူ ပြိုင်ဘက်ကင်းပါပဲ။ ဒီဘက်ခေတ်မှာကတော့ The VVitch, The Lighthouse, The Northman စတဲ့ကားတွေနဲ့ လူသိများခဲ့တဲ့ ဒါရိုက်တာ Robert Eggers ကလည်း ပြန်ရိုက်ဖို့ ရှိပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 760MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 47Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Drama • History
7.4 1979 107 mins
Nosferatu the Vampyre
Alex/October
7.2

Alex/October (2022) ~ IMDb rating – 7.2/10 ~ ဒီဇာတ်လမ်းဟာ ကြေကွဲနေတဲ့ လူကြီးတစ်ယောက်နဲ့ လောကကြီးကို ငြီးငွေ့စိတ်ကုန်နေတဲ့ ကောင်မလေးတစ်ယောက်ကြားက ဇာတ်လမ်း။ အဲလက်စ်ဆိုတာကတော့ အသက် ၄၀ ကျော်အရွယ် အရက်ဖြတ်ထားရသူ တစ်ဦး။ ငြီးငွေ့ဖွယ်အလုပ်တစ်ခု၊ ဖြေမဆည်နိုင်စရာအတိတ်တစ်ခု၊ ကွာရှင်းထားတဲ့ အိမ်ထောင်တစ်ခု… အဲ့ဒါတွေအားလုံးထက်ပိုပြီး ခုထိ မအောင်မြင်သေးတဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းတစ်ခုနဲ့ ဘဝရဲ့ အဆုံးစွန်ကိုရောက်နေတဲ့ သက်လတ်ပိုင်းအကျပ်အတည်းထဲက လူ။ အောက်တိုဘာကတော့ ၂၀ ကျော်ကျော် အနုပညာကျောင်း နှစ်ဝက်နဲ့ နားထားတဲ့သူ။ အပေါင်းအသင်းတွေနဲ့ ဆိုးသွမ်းလိုက်၊ ကလပ်လေးတက်လိုက်၊ အလုပ်လေးထွက်လိုက်နဲ့ ဒါပေမဲ့ ဘဝမှာ နေထိုင်ရမယ့်အကြောင်းအရင်း တစ်နည်းပြောရရင် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးရင်း အနာဂတ်ကို ရှာမတွေ့သူလေး။ အဲလက်စ်က တစ်ရက်မှာ သူ့ကို သတ်ပေးဖို့ လူငှားတဲ့ ပို့စ်တစ်ခု လိုင်းပေါ်တင်ခဲ့ပြီး အောက်တိုဘာလေးက စူးစမ်းလိုစိတ်နဲ့ အလုပ်လက်ခံခဲ့တဲ့အခါမှာတော့ သူတို့ ကိုယ်ပိုင်ဘဝတွေမှာ အံဝင်ခွင်ကျမှုကို ရှာမတွေ့နိုင်ကြတဲ့ စိတ်ပျက်အားလျော့နေတဲ့ လူ၂ဦးကြား ခံစားမှုတွေထိခတ်မိရင်း မီးပွင့်လေးတွေ ထွက်လာပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 780MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7.2 2022 84 mins
Alex/October
D@bbe: The Possession
6.8

ခရစ်ယာန်သရဲကို ဗမာဘုန်းကြီး နိုင်ပါ့မလားဆိုပြီး ဟီးဟီးဟားဟားနဲ့ ဟာသ ပြောဖူးကြတယ်မို့လား။ ဒီကားထဲက သရဲက အဲ့လို သရဲ။ဘယ်ဘုရားပြေးကပ်ရမှန်း မသိအောင်ကို ကြမ်းတာ။သူတို့ အခေါ်အရတော့ ဂျင်(မကောင်းဆိုးဝါး)ပေါ့။ အဲ့တာကလည်း အကြောင်းရှိတယ်။ ဒီဇာတ်ကား ဇာတ်အိမ်တည်ရာ တူရကီက ဟိုးနှစ်ပေါင်းထောင်ချီ ကတည်းက Abrahamic Religions လို့ခေါ်တဲ့ ဂျူး၊ခရစ်ယာန် နဲ့ အစ္စလာမ်ဘာသာတွေ ထွန်းကားခဲ့တဲ့ နေရာ။ဆိုတော့ သရဲကလည်း ကြမ်းပြီပေါ့။ဘာသာ(၃)ခုလုံးက ဘုရားတွေကို ဆင်းကယ်ကြပါဆို သလိုမျိုးပဲ။အလာရှင်မြတ်ကို တိုင်တည်ပါ၏ ဖြစ်လိုက် ၊သခင်ယေရှု၏ နာမတော်တွင် ဖြစ်လိုက်ရယ်။ဆိုတော့ ဇာတ်ကားအကြောင်း ဆက်ကြရအောင်။ ဒီကားကတော့ Dabbe series တွေထဲမှာ (၄)ကား မြောက်ပေါ့။ ပြီးတော့ အကြမ်းဆုံး ကြောက်စရာအကောင်းဆုံး ကားလို့လည်း ညွှန်းကြတယ်။ ဇာတ်လမ်းအစမှာ ဖရော့အာကတ်လို့ခေါ်တဲ့ ဟောဂျာ(ပရောဂဆရာ) တစ်ယောက်က အက်ဘရူလို့ ခေါ်တဲ့ စိတ်ရောဂါကုဆရာဝန်မ တစ်ယောက်ကို ဖိတ်ပြီး ဂျင်အပူးခံထားရတဲ့ လူနာတစ်ယောက်ကို ပရောဂ နှင်ပြတယ်။စဉ်းစားကြည့်ဗျာ။ပရောဂဆရာက လူနာကို မှော်တို့ ဓာတ်တို့ နတ်တို့နဲ့ ကုတယ်။ဆရာဝန်မက ဆေးတို့ ဘာတို့နဲ့ သိပ္ပံနည်းကျ ကုတယ်။ပရောဂဆရာအမြင်မှာ သရဲပူးတယ်ဆိုပေမယ့် ဆရာဝန်မအမြင် မှာတော့ စိတ်ကစဉ့်ကလျားဖြစ်တယ်။လူတစ်ကိုယ် စိတ်အမျိုးမျိုးဖြစ် တယ်ပေါ့။အဲ့မှာ ပရောဂဆရာ သူ့ကို ဖိတ်ပြီး ကုပြတဲ့ လူနာက ပျောက်သွားရော။ဆရာဝန်မကတော့ လုပ်ဇာတ်ကြီး မယုံဘူးပေါ့။ပြီးတော့ ရှင်ဟာ လူလိမ်မဟုတ်ဘူးဆိုရင် သူခေါ်လာပေးမယ့် လူနာကို ကုပြပါဆိုပြီး စိမ်ခေါ်တယ်။ အဲ့လူနာက သူနဲ့ တူမလိုရင်းနှီးတဲ့ ကလေးမလေး။မင်္ဂလာဆောင်တဲ့နေ့မှာ အကောင်းကြီးကနေ ထဖောက်ပြီး လူရာချီရှေ့မှာ သတို့သားကို ဓားနဲ့ ထိုးသတ်ပလိုက်တာ။ အဲ့နောက်တော့ အရူးထောင်ရောက်သွားရော။အဲ့မှာလည်း ဘယ်ဆရာဝန်မှ ကုလို့မရတဲ့သူ။ ဒါနဲ့ ပယောဂဆရာကလည်း စိမ်လိုက်ပေါ့။နှစ်ယောက်သား ကင်မရာတွေ မှတ်တမ်းတင်ပစ္စည်းတွေနဲ့ အဲ့ကောင်မလေးဆီ ချီတက်ကြရရော။ အဲ့ဒီမှာပဲ ငါးပါးရော သံဃာစင်ရော မှောက်တာပဲ။ ဘာဖြစ်မလဲ သိချင်တော့ ကိုယ့်ဟာကိုယ် ဆက်ကြည့်ကြပါ :3 IMDB လည်း 6.8 ရထားပြီး ဘာသာပြန်တဲ့ ကျွန်တော်လည်း ညဘက်မပြန်ရဲလို့ နေ့ခင်းဘက် ပြန်ထားတဲ့ ကားဆိုတော့ သရဲကားကြိုက်တဲ့သူတွေ သေချာပေါက် အကြိုက်တွေ့ပါလိမ့်မယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…1.26GB / 472MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 14m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

Drama
6.8 2013
D@bbe: The Possession
Nam Naani Madve Prasanga

Nam Naani Maduve Prasanga (2023) =================================== ကန်နာဒါစကားပြော ဟာသကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ အိန္ဒိယမှာ လယ်စိုက်တဲ့ တောင်သူအမျိုးသားတွေဟာ ကြင်ဖက်ရှာဖို့ အင်မတန့်အင်မတန် ခက်ခဲနေလျက်ရှိပါတယ်။ ဒီရုပ်ရှင်ထဲက ဇာတ်လိုက် နာနီဟာလည်း အသက် ၃၇ ရောက်တဲ့ထိ ဘိုထီးသီချင်းထဲကလို တစ်ကောင်တည်းမျက်စိလည်နေဆဲဖြစ်တဲ့ တောင်သူလူပျိုကြီးဖြစ်ပါတယ်။ အသက် ၃၇ ရောက်တဲ့ထိ အဖြစ်မရှိသေးတဲ့ လူပျိုကြီးနာနီ့ကို မိသားစု၊ အပေါင်းအသင်းတွေက သတို့သမီးရှာပေးဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်တာကို လယ်သမားအမျိုးသားတွေ အိမ်ထောင်ဖက်ရှာဖို့ခက်ခဲနေတာကို မီးမောင်းထိုးပြထားတဲ့ ဒီရုပ်ရှင်ထဲမှာ ဟာသစွက်ပြီး မြင်ရမှာပဲဖြစ်ပါတယ်…။ ( ဒီရုပ်ရှင်ကိုတော့ စီအမ်ရဲ့ ဘောလိဝုဒ်အဖွဲ့က ဘာသာပြန် အညွှန်းရေးသားထားပါတယ်။ ) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

0 2023
Nam Naani Madve Prasanga
The Gentlemen
7.8

The Gentlemen (2019) IMDb – (7.8)/ Rotten Tomatoes (75%) သူ့နာမည်က မစ်ကီပီရာဆန်…..ဥာဏ်ကောင်းပြီးအောက်စဖိုဒ့်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သူက ဆင်းရဲတယ်…သူဟာ ထက်မြက်တဲ့သူတစ်ယောက်ဆိုပေမယ့် ကျောင်းမပြီးဘူး…ဘာလို့ဆို မူးယစ်ဂိုဏ်းက လူတစ်ချို့နဲ့အဆက်အသွယ်ရပြီး အချိန်တိုအတွင်း ငွေတွေမျိုးမျိုးမျက်မျက်ဝင်တဲ့ ဒီလောကကို သူသဘောကျသွားတယ်… လူတစ်ယောက်ရဲ့ လည်ပင်းကိုလှီးပြီး သွေးစင်တာတောင် မျက်တောင်ခတ်ဖို့ သတိမရတတ်တဲ့ဒီပတ်ဝန်းကျင်မှာ ဟိုနေရာဆေးလေးပို့ ဒီနေရာဆေးလေးပို့ ငွေလေးယူလိုက် အမြတ်ငွေလေးအိပ်ထဲထည့်လိုက်ရုံနဲ့မပြီးဘူးဆိုတာသိတဲ့နောက်မှာတော့ မစ်ကီတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီလောကရဲ့ အများသူငါမော်မကြည့်ရဲတဲ့ ဘုရင်တစ်ပါးအဖြစ်ပုံပြောင်းပါတော့တယ်…. ဒီဇာတ်ကားက ဂန်းစတားတွေအကြောင်းရိုက်ထားတာပါ…ဒုစရိုက်သမားတွေရဲ့ ကတုံးပေါ်ထိပ်ကွက်တွေ… လည်သူစားစတမ်းတွေ….လက်မရွှံတွေကြား မျက်ခုံးမွေးပေါ်စင်္ကြန်လျှောက်တဲ့သူတွေနဲ့ ဒီကားကတော်တော်မိုက်ပါတယ်… The Irishman (2019) တို့လို့ ခပ်အေးအေးနဲ့ ဇာတ်လမ်းကို ဆွဲခေါ်တတ်တဲ့အမျိုးအစားမဟုတ်ပါဘူး..သူက ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် လည်းပါမှာပေါ့လေ…The Gentlemen (2019) ကတော့ ခပ်သွက်သွက်နဲ့ကိုဇာတ်လမ်းစထားပါတယ်…အဓိက သရုပ်ဆောင်ဖြစ်တဲ့ Matthew McConaughey ကိုတော့ အားလုံးသိကြမှာပါ…အခြားဝါရင့်ဟာသသရုပ်ဆောင်တွေ အက်ရှင်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ လူငယ်အနေနဲ့လည်း crazy rich Asian တို့ last Christmas တို့ရဲ့ မင်းသား ဟင်နရီ ဂိုးဒင်းတို့လည်း ပါဝင်ထားပါသေးတယ်။ www.cmapp.tv မှာ member ဝင်ပြီး CM App ကနေလဲ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။

7.8 2019 113 mins
The Gentlemen
Triple Troubles
5.3

Triple Trouble (2015) အားလပ်ရက်တွေမှာ ပေါ့ပေါ့ပါးပါးပဲကြည့်ပြီး အပန်းဖြေချင်တဲ့ ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ဗီယက်နမ်ဟာသကားတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဗီဆိုတဲ့ ကောင်မလေးက အရမ်းရှက်တတ်ပြီး အလုပ်လုပ်ရင် အလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့ အလုပ်သင်သတင်းထောက်မလေးပါ။ ဗီ့ကို ဗီ့သူဌေးက စိတ်ဆိုးပြီး ပုစွန်ငပိကျွန်းဆီ သတင်းဆောင်းပါးရေးဖို့ သွားခိုင်းတဲ့အခါ ခေတ်ဆန်ပြီး ဟော့ဟော့ရမ်းရမ်းနေတတ်တဲ့ မေဆိုတဲ့ ကောင်မလေးရယ်၊ ယောက်ျားနဲ့ ယောက္ခမစကား မြေဝယ်မကျနားထောင်ပြီး အိမ်အလုပ်ကို အိမ်ဖော်လိုလုပ်နေရတဲ့ ယွန်းဆိုတဲ့ အိမ်ရှင်မလေးရယ်နဲ့ တွေ့ဆုံခဲ့ပြီး သုံးယောက်သားအဖွဲ့ကျသွားပါတော့တယ်။ ဒီသုံးယောက်ပေါင်းလောင်းကျော်တို့ အဖွဲ့ကျပြီး တစ်ညလုံး ဆန်အရက်တွေ မူးအောင်သောက်မိတဲ့နောက် နောက်နေ့မနက်မှာ လူသူမဲ့တဲ့နေရာမှာ ရုပ်ဆိုးပန်းဆိုးတွေဖြစ်ပြီး နိုးလာကြတော့တာပါပဲ။ ဒီထက်ပိုဆိုးတာက မေ့ဖုန်းကို အမည်မသိဖုန်းတစ်လုံးဝင်လာပြီး သူ့ဆီကနေ အဖိုးတန်ပစ္စည်းတစ်ခု ခိုးသွားကြောင်း၊ ဒီနေ့မှ ပြန်မပေးရင် ကမ္ဘာအဆုံးထိ လိုက်မှာဖြစ်ကြောင်း ခြိမ်းခြောက်သံကြီး ကြားလိုက်ရတဲ့အခါ… ဗီ မေ ယွန်းတို့ သုံးယောက်ပေါင်းလောင်းကျော်တို့ သူတို့ဘေးမှာ အတူတူမေ့လဲနေခဲ့တဲ့ တွမ်ဆိုတဲ့ လူချောလေး‌ရယ်ပေါင်းပြီး အဖိုးတန်ပစ္စည်းကို ဘယ်လိုလိုက်ရှာကြမလဲ? အဖိုးတန်ပစ္စည်းဆိုတာကရော ဘာကြီးလဲ? လူချောလေး တွမ်ကရော ဘာလို့ သူတို့နဲ့အတူရှိနေတာလဲ? ပုစွန်ငပိကျွန်းမှာ ဘယ်လို ထူးဆန်းအံ့ဩဖွယ်ရာတွေရှိနေမလဲ? ဆိုတာကိုတော့ ဒီသုံးယောက်ပေါင်းလောင်းကျော် ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးဖို့ ပြောပါရစေနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Egg ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 2.5GB | 1.2GB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator …..Egg Encoder ….. Aaron

5.3 2015
Triple Troubles
The Shakedown
5.5

ဂျက်စတင်ဒိုင်းမွန်းက Cape Town မြို့ရဲ့ နာမည်ကြီး လူချမ်းသာတစ်ယောက်ဖြစ်ပြီး ကျန်းမာရေး ကုမ္ပဏီတစ်ခုကို ဦးစီးနေတယ်။ ဂျက်စတင်က သူ့ရဲ့ ဝန်ထမ်း မာရီကာ နဲ့ ဖောက်ပြန်မိပြီးတော့ မာရီကာ က ဗီဒီယိုခိုးရိုက်ပြီး ခြိမ်းခြောက်လာတဲ့အခါ ပြဿနာတက်ပါတော့တယ်။ မာရီကာ ကို တားဖို့အတွက် အစ်ကိုဖြစ်သူ လူမိုက်ဂိုဏ်း ခေါင်းဆောင် ဒိုဗီဒိုင်းမွန်းနဲ့ ပေါင်းမိသွားတဲ့အခါမှာ မြေအောက်ဂိုဏ်းလောက နဲ့ ပတ်သတ်မိပြီး အရှုပ်ထုပ်တွေ ထဲရောက်သွားပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာတော့ မိသားစုတွင်းဆက်ဆံရေး၊ ညီအစ်ကိုဆက်ဆံရေးတွေနဲ့ ဒီပြဿနာကြီးကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်ရှုကြရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ File size…1.54GB / 807MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama • Romance
5.5 2024 102 mins
The Shakedown
Oh My Ghost : The Finale The Final Oh My Ghost

Oh My Ghost : The Finale (2024) The Final Oh My Ghost Oh My Ghost သရဲဟာသကားတွေရဲ့ နောက်ဆုံးအပိုင်းကို ရောက်ရှိလာပါပြီ။ ဒီကားထဲမှာတော့ Oh My Ghost ပင်တိုင်သရုပ်ဆောင်ဖြစ်တဲ့ Pancake နဲ့ Taew, Pancake, Panda နဲ့ Kouy တို့တသိုက် สัปะหยด (SaPaYod) ဆိုတဲ့ ထူးဆန်းတဲ့ရွာကိုခရီးထွက်ကြရင်းနဲ့ ဘယ်လိုအလွဲတွေဖြစ်ကြမလဲဆိုတာ ထိုင်ခွီရမှာပါ။ SaPaYod ရွာကြီးဟာ ခြောက်ခြားဖွယ်ရာ ထူးဆန်းတဲ့ရွာကြီးတစ်ရွာဖြစ်ပြီးတော့ ဒီရွာမှာ ဘာတွေဖြစ်ပျက်နေလဲ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေလဲ ဘာအခက်အခဲတွေရှိနေလဲဆိုတာ လူတွေက မသိကြပါဘူး… အဲ့လိုထူးဆန်းတဲ့ရွာကြီးနဲ့ ရိုးသားပွင့်လင်းတဲ့ ပန်ကိတ်တို့တသိုက် ထိပ်တိုက်တွေ့ကြပုံတွေကို ထိုင်းသရဲဟာသကားတွေ ပုံစံအတိုင်း ရိုက်ကူးထားပါတယ်။ ကံ ကံ၏အကျိုးနဲ့ တစ်‌ယောက်ကိုတစ်ယောက် အပြစ်မမြင်ကြဘဲ သည်းခံခွင့်လွှတ်ခြင်းဖြင့် ငြိမ်းချမ်းရာ၏ဆိုတဲ့ ဘာသာတရားရဲ့အဆုံးအမတွေကိုပါ တင်ပြထားပြီး ရိုးသားတဲ့ပန်ကိတ်တို့တသိုက် သူတိုကြုံတွေ့လာတဲ့အခက်အခဲတွေကို ဘယ်လို ဖြေရှင်းပြီး ဘယ်လိုရယ်ရမလဲဆိုတာ ရုပ်ရှင်ရုံမှာမကြည့်လိုက်ရသူတွေကြည့်ရှုလို့ရပါပြီနော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Khint Htet Htet Zaw နဲ့ Lei Wutyi Tun မှ တင်ဆက်ထားပါတယ်။)

0 2024
Oh My Ghost : The Finale The Final Oh My Ghost
Miki
6.9

သမိုင်းနောက်ခံလည်းဖြစ် .. ဖြစ်ရပ်မှန် ဇာတ်ကားလည်းဖြစ်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက ၂၀၂၄ မှာ ထွက်ထားတဲ့ မာဖီးယား ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++ ၁၉၉၀ ခုနှစ်ပိုင်း ကွန်မြူနစ်ခေတ်ကုန်ကာလ .. ဆလိုဗက်ကီးယားနိုင်ငံမှာ အကြောက်ရဆုံးဖြစ်တဲ့ မာဖီးယားခေါင်း‌ဆောင်တစ်ဦး ပေါ်ပေါက်ခဲ့ပါတယ်။ သူ့နာမည်က Miki။ Miki ဟာ အရင်က သစ်တောထဲမှာ အလုပ်လုပ်တဲ့ အလုပ်သမား တစ်ယောက်ပါ။ အရမ်းချမ်းသာချင်တဲ့ Miki ဟာ အဲဒီဘဝကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း လောဘတက်ပီး အာဏာတွေ .. သစ္စာရှိ အရိုသေခံမှုတွေကို ရှာဖွေရင်း မာဖီးယားလောကထဲကို ရောက်သွားပါတယ်။ သူလုပ်နေတဲ့ မာဖီးယား အလုပ်တွေကို သူ့မိန်းမနဲ့ သူ့အမေ မသိအောင် ဘယ်လို ကျူးလွန်ခဲ့သလဲဆိုတာ ရင်တမောမောနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါလို့ ပြောရင်း .. ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှု ခံစားလိုက်ပါတော့။ ( ဘာသာပြန်နဲ့ အညွန်းကတော့ BZW ဖြစ်ပါတယ် ) File size… (1.26GB) / (773MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.9 2024 106 mins
Miki
Replicator
3.8

Replicator (2025) IMDb Rating (3.8) Replicator ကတော့ Sci-fi Horror ဇာတ်လမ်းအမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒါဘီဟာ သူမအဖေဖြစ်သူကင်ဆာရောဂါ ခံစားနေရမှန်းသိလိုက်ပြီးနောက် အဖေ့ကိုသူမနဲ့တူတူလာနေဖို့ ခေါ်လိုက်ရင်း သူမအဖေဟာ ရုတ်တရက်ကြီးထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ဆုံးပါးသွားပါတော့တယ်။ ဒီအဖြစ်အပျက်ကိုစုံစမ်းရှာဖွေနေရင်း ပိုပြီးဆန်းကျယ်တဲ့အရာတွေကိုကြုံတွေ့ရတဲ့အခါ ဒါဘီနဲ့ သူမဘေးကလူတွေဘယ်လိုအန္တရာယ်မျိုးတွေကြုံတွေ့လာရမလဲ သူမအဖေရဲ့အသက်ကိုနုတ်ယူသွားတဲ့အရာက ဘာဖြစ်နိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ သဲထိတ်ရင်ဖို ရှူစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size…(940 MB) / (470 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Science Fiction Duration….01:15:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Senju

Documentary
3.8 2025 75 mins
Replicator