YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) The Bourne Identity (2002) BluRay 1080p x264-Naung.mp4

1.84 GB N/A video/mp4 1494 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Last Kind Words
4.7

Last Kind Words (2012) ================= Horror, mystery စိတ်ဝင်စားစရာ အပြည့်နဲ့ Horror ကားဟောင်းလေးဖြစ်ပါတယ်။ အီလိုင်ဆိုတဲ့ ကောင်လေးတို့ မိသားစုဟာ ကန်တက်ကီနယ်မြေက မြို့ငယ်လေးကိုပြောင်းလာ ခဲ့ပါတယ်။ သူတို့ပြောင်းလာတဲ့အိမ်က အမေရိကန်ပြည်တွင်းစစ်ပွဲကြီးဖြစ်ခဲ့ပြီး လူမည်းကျွန်များစွာကို ကြိုးပေးခဲ့တဲ့ခြံကြီးပါ။ အီလိုင်က အထီးကျန်တိုင်းတော ထဲကို သွားလေ့ရှိတယ်။ သူ့နားမှာလည်း အမန်ဒါဆိုတဲ့ မိန်းကလေးတစ်ယောက်က အမြဲရှိနေတဲ့အတွက် အမန်ဒါနဲ့ခင်သွားပါတယ်။ တကယ်တော့ အမန်ဒါက လွန်ခဲ့တဲ့နှစ်(၅၀)လောက်က သူတို့ခြံထဲမှာပဲ ကြိုးပေး ခံခဲ့ရတဲ့ ကောင်မလေးဖြစ်ပြီး အီလိုင်ရဲ့အဖေနဲ့ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ မကျွတ် လွတ်သေးတဲ့ အမန်ဒါနဲ့ သူ့ရဲ့လူ့ဘဝက ဇာတ်လမ်းကို အီလိုင်သိသွားတဲ့အခါ ဘ တွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(1.3 GB) / (550 MB) / (344 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Thiha Yan Naing Encoder..........SWM

Crime • Drama • Mystery • Romance • Thriller
4.7 2012 85 mins
Last Kind Words
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
Attack of the Hollywood Clichés!
6.2

လူတိုင်းလိုလို ရုပ်ရှင်တွေကြည့်နေရင်းက "ဒီကောင်မလေးက အနောက်က လိုက်ဖမ်းတာခံနေရတာကို ဘာလို့ဒေါက်မြင့်ဖိနပ်ကြီးနဲ့ပြေးနေရတာတုန်း ချွတ်ပြေးပါလား" တို့၊ "မင်းသားကို လူဆိုးတွေက တပြိုင်တည်းဘာလို့ မချ ဘဲနဲ့ တစ်ယောက်ချင်းစီအလှည့်ကျချနေကြရတာတုန်း" တို့ "အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ဖုန်းကဘာလို့ဘက်ထရီထထကုန်ရတာလဲ" တို့ဆိုပြီး မေးခွန်းပေါင်းသောင်းခြောက်ထောင်မေးဖူးကြမှာပါ။ ပြီးတော့ အချစ်ကား‌‌တွေမှာ‌ဆိုရင် မင်းသား၊ မင်းသမီးတွေ တစ်ယောက်ဆီကို တစ်ယောက်‌ပြေးလိုက်သွားကြတဲ့အခန်းတို့ ၊ အက်ရှင်ကားဆိုလည်း ကားတွေ နဲ့ လိုက်ဖမ်းရတဲ့အခန်းတို့ ဘာတို့ကို ကားတိုင်းနီးပါးလိုလိုမှာထည့်ထားတတ် ကြတာ သတိထားမိမှာပါ။ အဲ့လိုမျိုးတွေကများများလာတော့ ကိုယ်တွေဆို တစ်ခါတစ်လေ ဘော်ဒါတွေအချင်းချင်းပြန်အာလူးဖုတ်ပြောတတ်ကြတယ် မလား။ မပူပါနဲ့ ကိုယ်တွေတင်မကဘူး ရုပ်ရှင်လောကသားတွေကိုယ်တိုင်ပါ ပြောတတ်ကြပါတယ်။ ဒီတော့ ဒီအစီအစဉ်မှာ အဲ့လိုဖန်တစ်ရာတေနေတဲ့အကြောင်းတွေကို ရုပ်ရှင် အနုပညာရှင်တွေ၊ ဝေဖန်ရေးဆရာတွေစသဖြင့်ပုဂ္ဂိုလ်အစုံကနေပြီးတော့ နာမည်ကျော်ရုပ်ရှင်ကားနမူနာအခန်းတွေပြန်ကြည့်ပြန်ပြပြီး‌တော့ ဆွေးနွေး ဝေဖန်အာလူးဖုတ်ကြတာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်း၊ ရယ်ဖို့ကောင်းတာတွေလည်းပါတယ်ဆိုတော့ ဒီ "Attack of the Hollywood Clichés!" လေးကြည့်ရင်း အတူလိုက်ပါ‌အာလူးဖုတ်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size..........(1.3 GB) / (470 MB) / (271 MB) Quality............WEB-DL 1080p / 720p / 480P Duration.........58Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary, Comedy Translator.......Fiona Gillen Encoder..........SWM

Horror • Mystery • Thriller
6.2 2021 59 mins
Attack of the Hollywood Clichés!
The Invitation
6.5

အမျိုးသမီးဒါရိုက်တာ Karyn Kusama ရိုက်ကူးထားပြီး သရုပ်ဆောင် Logan Marshall-Green, Michiel Huisman, Tammy Blanchard နဲ့ Emayatzy Corinealdi တို့အပြင် အခြားသရုပ်ဆောင်များစွာပါဝင်တဲ့ လျှို့ဝှက်သည်းဖိုစရာဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဝဲယ်လ်(Logam Marshall-Green)နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ကီရာတို့နှစ်ယောက်ဟာ ဝယ်လ်ရဲ့ ဇနီးဟောင်းဖြစ်တဲ့ အီဒန် နဲ့ သူ့ရဲ့ခင်ပွန်း ဒေးဗစ် တို့ရဲ့ ညစားစားပွဲကိုသွားကြပါတယ်။ ဒါပေမယ့် ဝယ်လ်က အဲ့ဒီအိမ်မှာရှိခဲ့တဲ့ အတိတ်ကအဖြစ်အပျက်တွေကို မမေ့နိုင်သေးတဲ့အပြင် အီဒန်နဲ့ ဒေးဗစ်တို့ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကိုလည်း သံသယဝင်လာပါတော့တယ်။ဝယ်လ် သံသယဝင်နေသလိုပဲ သူတို့မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ သူတို့ရဲ့အတိတ်မှာရော ဘယ်လိုအဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ရတာလဲဆိုတာကို လှည့်ကွက်များစွာနဲ့ ရင်တဖိုဖိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ လျှို့ဝှက်သည်းဖို့ကြိုက်တတ်တဲ့ပရိတ်သတ်တစ်ယောက်ဆိုရင်တော့ ဒီဇာတ်ကားကိုကြိုက်မယ်လို့ မျှော်လင့်ပါတယ်။ သွေးထွက်သံယိုနဲ့ ညစ်ညမ်းစကားလုံးများ ပါဝင်တာကြောင့် ငယ်လွန်းသူများကြည့်ဖို့ မသင့်လျော်ပါဘူးခင်ဗျာ။ File Size :(1.1GB) and (458MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:40:00 Genre : Horror,Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Drama • Romance
6.5 2015 100 mins
The Invitation
The Warrior From Sky
8.7

CMပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ နတ်တွေထဲမှာအစွမ်းအရမ်းကြီးတဲ့ စစ်နတ်ဘုရားတစ်ယောက်ဖြစ်တဲ့ Chen Nanရဲ့ဇာတ်လမ်းလေးပဲဖြစ်တဲ့ The Warrior from Sky ဆိုတဲ့ Fantasy ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်...... ကောင်းကင်ဘုံတိုက်ပွဲမှာ နတ်နဲ့မိစ္ဆာကိုဦးဆောင်ခဲ့တဲ့ ရှေးစစ်နတ်ဘုရား Chen Nan ဟာနှစ်တစ်သောင်း အိပ်စက်ပြီးနောက် နှင်းတွေလွှမ်းတဲ့တောင်ထိပ်ပေါ်က သင်္ချိုင်းမြေမှာ နိုးထလာခဲ့တယ်။ နိုးထလာတဲ့ Chen Nan ဟာအတိတ်မေ့နေပြီးတော့ နတ်စွမ်းအင်တွေလဲချိတ်ပိတ်ခံထားရပါတယ်။ ချောက်ထဲကိုတွန်းချခံရတဲ့သူဟာ ချူတိုင်းပြည်ထဲ မျက်စိလည်လမ်းမှားပြီးရောက်သွားခဲ့တယ်။ Chen Nanကသူဘယ်သူလဲဆိုတာကို စူးစမ်းရှာဖွေရင်း သူ့ရဲ့နတ်စွမ်းအားတွေကိုပြန်ဖွင့်ဖို့ကြိုးစားရင် နောက်ဆုံးမှာကမ္ဘာကြီးကို ကယ်တင်ဖို့ဖြစ်လာပါတော့တယ်။ ပီပြင်တဲ့စီဂျီအိုင်အဖက်တွေ ကောင်းမွန်တဲ့အက်ရှင်တွေ သရုပ်ဆောင်တွေနဲ့ဖန်တက်စီကားချစ်သူတွေ အကြိုက်တွေ့စေမယ့်ကားလေးပဲဖြစ်ပါတယ်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Adventure • Animation • Comedy • Family • Western
8.7 2021 74 mins
The Warrior From Sky
The Beanie Bubble
7

Apple TV+ က ထုတ်လွှင့်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက် ပေးလိုက်ပါတယ်။ IMDb မating 6.3, Rotten Tomatoes 47% ရရှိထား ပါတယ်။ The Great Beanie Baby Bubble: Mass Delusion and the Dark Side of Cute ဆိုတဲ့ စာရေးဆရာ Zac Bissonnette ရဲ့ ၂၀၁၅ ခုနှစ် ထုတ်စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အဲစာအုပ်ဟာဆိုရင်လည်း အပြင်မှာ တကယ်ဖြစ်ခဲ့တာကိုရေးသားထားတာပါ။ ဒီဇာတ်ကားဟာဆိုရင် Comedy, Drama အမျိုးအစားပါ။ ဒီဇာတ်ကားဟာဆိုရင် Beanie Babies တွေကို ထုတ်လုပ်ခဲ့တဲ့ Ty Inc. ရဲ့ တည်ထောင်သူဖြစ်တဲ့ တိုင်ဝါနာရဲ့ ဘဝ စတင်ဖြစ်တည်လာတာကနေ ကျရှုံးတဲ့အချိန်အထိကို ရော်ဘီ, ရှီလာနဲ့ မာယာ ဆိုတဲ့ အမျိုးသမီးသုံးယောက်ရဲ့ အမြင်ကနေ တင်ဆက်ထားတာပါ။ ပထမဆုံးအမျိုးသမီး ရော်ဘီဟာဆိုရင် တိုင် ကို Ty Inc. ထူထောင်ဖို့ အတူတူ လက်တွဲလုပ်ခဲ့တဲ့သူ တစ်ယောက်ပါ။ ဒုတိယအမျိုးသမီး ရှီလာ ကတော့ တိုင်ကို Beanie Babies ဆိုတဲ့ အရုပ်တွေ ထုတ်လုပ်ဖို့ စိတ်ကူးရစေခဲ့သူ ဖြစ်ပါတယ်။ တတိယအမျိုးသမီး မာယာ ဆိုတာကတော့ ၁၇ နှစ်ကတည်းက Ty Inc. မှာ ဧည့်ကြိုအဖြစ်အလုပ်ဝင်ခဲ့ပြီး Ty Inc. ကို ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး အရုပ် ကုမ္ပဏီဖြစ်အောင် ကူညီပေးခဲ့တဲ့သူပါ။ ဒီလိုအမျိုးသမီး သုံးယောက်နဲ့ တိုင် ကြား မှာ ဘာတွေဖြစ်ခဲ့တယ် ဘာပြဿနာတွေ ကြုံရတယ်ဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.6 GB) / (660 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator......Leonard Lin Encoder..........SWM

Drama • Romance
7 2023 110 mins
The Beanie Bubble
The Bourne Legacy
6.2

IMDb - 6.7/10 ဒီဇာတ်ကားဖြန့်ချိရေးကို ကမ္ဘာကျော်ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီကြီး Universal Pictures က တာဝန်ယူထားသည်။ ကျော်ကြားသော အမေရိကန်စပိုင်ရုပ်ရှင် The Bourne ဇာတ်ကားများ၏ အဆက်ဖြစ်ပြီး ယခုဇာတ်ကားသည် ၄ ကားမြောက်အဖြစ် အသစ်ထွက်ရှိသည်။ ဇာတ်ညွှန်းကို တိုနီဂေးရွိုင်းနှင့် ညီဖြစ်သူ ဒန်ဂေးရွိုင်းနှင့် ပူးတွဲရေးသားပြီး သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခြယ်မှုန်းပေးထားသည်။ ဇာတ်ကားထုတ်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာသန်း ၉၀ ရှိပြီး ယခင်ဇာတ်ကားများနည်းတူ အက်ရှင်ဇာတ်ဝင်ခန်းများနှင့် ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းမွန်သည်။ ထူးခြားမှုတစ်ခုမှာ ယခင်ဇာတ်ကားများတုန်းက သရုပ်ဆောင်ခဲ့သည့် မင်းသားမက်ဒေါမွန်ကို ပြန်လည်သုံးစွဲခြင်း မပြုတော့ဘဲ မင်းသားသစ် ဂျယ်ရီရမီးရန်နာကို အဓိက ခေါင်းဆောင်မင်းသားအဖြစ် ယခုဇာတ်ကားမှ ပွဲထုတ်ထားခြင်း ဖြစ်သည်။ စာရေးဆရာ အဲရစ်ဗန်လက်စဗန်ဒါ၏ The Bourne Legacy ဝတ္ထုအား ရုပ်ရှင်အဖြစ် အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ဇာတ်လမ်းအကျဉ်း The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က Operation Outcome ၏ အေးဂျင့်တစ်ဦး ဖြစ်သောကြောင့် လုပ်ကြံသူများလက်ကနေ လွတ်မြောက်အောင် ကိုယ်လွတ်ရုန်းပြေးရတော့သည်။ ပြေးရင်းလွှားရင်း သူနှင့်ဘဝတူအဖြစ် ဆုံစည်းလာသူက ဒေါက်တာစတီဗင်စနိုက်ဒါ (မင်းသမီးချော ရေချယ်ဝိုက်စ်) ဖြစ်သည်။ ဒေါက်တာစတီဗင်သည် Outcome အေးဂျင့်များကို ဖန်တီးပုံဖော်ရာတွင် အဓိက အကူအညီပေးခဲ့သည့် ဆရာဝန်တစ်ဦးဖြစ်တာကြောင့် သူလည်းလုပ်ကြံသူများ လက်ကနေ လွတ်မြောက်အောင် မနည်းကြိုးစားရရှာသည်။ သူတို့ကို နောက်ကနေ အသေအလဲ လိုက်လံလုပ်ကြံနေသူက ဇာတ်ကားအစမှာကတည်းက ရန်သူတော်တစ်ဦး ဖြစ်သည့် စီအိုင်အေအေးဂျင့်ဗျာ (အင်ဒ်ဝပ်နော်တန်) ဖြစ်သည်။ သူက အေးရွန်ခရော့စ်နှင့် ဒေါက်တာစတီဗင်တို့အား အငြိုးကြီးကြီးဖြင့် သတ်ဖြတ်ဖို့ ကြိုးစားသည်။ အေရွန်ခရော့စ်တို့ စုံတွဲကလည်း ပြေးရင်းလွှားရင်းနှင့်ပင် အမှန်တရားကို ဖော်ထုတ်ကာ သူတို့၏ လွတ်မြောက်ရာလမ်းကို ရှာဖွေကြမည်။ ဇာတ်ကားတစ်ကားလုံး ပြေးလွှားပစ်ခတ်ကြသည်များကို အသည်းတယားယား၊ ရင်တဖိုဖို ကြည့်ကြရမည်။ CIA က Operation Outcome အဖွဲ့ကို မြေမြှပ်ဖို့ ဆုံးဖြတ်ချက်ချပြီး အမိန့်ထုတ်ပြန်လိုက်ကတည်းက The was never justone တစ်ယောက်မှ မကျန်စေနဲ့ဆိုတဲ့ ကြောက်စရာစကားလုံးကြီး အောက်ကနေ အေရွခရော့စ်တို့ ဘယ်လိုရုန်းထွက်ပြီး လွတ်မြောက်အောင် ပြေးကြမလဲဆိုတာကတော့ စိတ်ဝင်တစားကြည့်ရမှာ ဖြစ်ပါတယ်

Horror • Thriller
6.2 2012 135 mins
The Bourne Legacy
A Waltons Thanksgiving
6

A Waltons Thanksgiving(2022) ဒီကားလေးကတော့ အခုလို ခရစ်ယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်ကာလ ရိုးရာလို ခရစ်တော်ကို ကျေးဇူးတင်ကြောင်းသက်သေခံတဲ့ ကျေးဇူးတော်နေ့လေးအကြောင်းကိုဖော်ကျူးထားတဲ့ကားလေးပဲဖြစ်ပါတယ် Jesus ရဲ့ ဖန်ဆင်းမှု ကောင်းခြင်းပေးမှုဆိုတာ ခရစ်ယာန်တွေရဲ့သက်ဝင်ယုံကြည်မှုတစ်ခုပါ ဒါကြောင့်လဲ ကောင်းတဲ့ကိစ္စတစ်ခုခုဖြစ်လာတိုင်း အရှင်ယေရှုကိုကျေးဇူးတင်ပါတယ်ဆိုပီး သူတို့ရဲ့သက်ဝင်ယုံကြည်မှုကိုပြသတတ်ကြပါတယ် ဒီကားမှာတော့ ဝေါ်တွန်ဆိုတဲ့မိသားစုလေးရဲ့ ဘုရားသခင်ပေါ်သက်ဝင်ယုံကြည်မှုကိုမြင်ရမှာပါ ဝေါ်တွန်တို့မိသားစုဟာ ကလေးတွေအများကြီးရှိတဲ့ မြင်သူတိုင်းအားကျရတဲ့ပျော်စရာမိသားစုလေးတစ်ခုပေါ့ ကလေးတွေများတော့ထုံးစံအတိုင်း ပြဿနာတွေလဲများခဲ့တာပေါ့ အဲ့တော့ အိမ်ထောင်ဦးစီးဖြစ်တဲ့ဂျွန်နဲ့ သူ့ဇနီးလစ်ဗီတို့ဟာ အတော်လေးထိန်းသိမ်းရရှာပါတယ် တောင်ယာလုပ်တဲ့မိသားစုလေးတွေပဲများတဲ့ American ရဲ့ county တစ်ခုဖြစ်တဲ့အားလျော်စွာ တစ်ရာသီပြီးလို့ ကောက်ရိတ်သိမ်းစရာတွေ ရိတ်သိမ်းပြီးတာနဲ့ ကောက်သစ်စားပွဲတော်ဆိုပီးကျင်းပလေ့ရှိကြပါတယ် ကောက်သစ်စားပွဲနဲ့အတူ ခရစ်ယာန်တွေရဲ့ ရိုးရာဖြစ်တဲ့ အဖဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းတဲ့ ကျေးဇူးတော်နေ့လေးကလဲကပ်ပါလာတာပေါ့ ကလေးတွအများကြီးရှိတဲ့ မိသားစုကြီးတစ်စုအနေနဲ့ ကောက်သစ်စားပွဲမှာ အဖဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းဖို့ ဘယ်လိုကျေးဇူးတင်စရာကိစ္စလေးတွေ သူတို့မိသားစုပေါ် ကောင်းချီးပေးမလဲဆိုတာတော့ ကြည်နူးရသလေးခံစားပြီး ကြည့်ကြည့်ကြပါဦး ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1GB) Quality__720p IMDb Rating__6.0/10 Format__mp4 Duration__01:22:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Action • Adventure • Fantasy
6 2022
A Waltons Thanksgiving
[21+] Sexually Bugged!
4

လူတွေက အောင်မြင်ကျော်ကြားမှု ငွေ စတာတွေကိုမြင်ရင် ပိုင်ဆိုင်ရမယ်ဆိုရင် ဘာမဆိုပေးဆပ်မယ်လို့တွေးထားတဲ့သူတွေက များသားရယ် အခုလည်းကြည့်လေ ဒေါက်တာက မျိုးစိတ်တစ်ခုကို ဖန်တီးထားတယ် အဲဒီအကောင်က လူထဲမှာနေရတာပျော်တယ် ပြီးတော့လူကိုကောင်းကျိုးပြုတယ် ဘယ်လိုကောင်းကျိုးပြုတာလဲဆိုရင် သူဝင်ထားတဲ့လူကို လိင်ကိစ္စကို သူမတူ ခံစားလို့ကောင်းစေတယ် လိင်စိတ်နိုးကြွစေတယ် အဲဒီအချက်လက်တွေကို အတည်ပြုပြီး ဈေးကွက်ကို ချပြီး ပိုက်ဆံရှာချင်နေတဲ့ လူတယောက်နဲ့ အားပြိုင်လာချိန်မှာတော့ ကျော်ကြားမှု ကိုလိုချင်နေတဲ့ ဒေါက်တာရယ် ငွေကိုငမ်းငမ်းတက်လိုချင်နေတဲ့ လောဘသားရယ် နှစ်ယောက်ပြိုင်ဆိုင်လာတဲ့အခါမှာတော့ DS fans တွေအကြိုက်အခန်းတွေများတာမို့ တင်ဆက်ပေးလိုက်ပါတယ်။

4 2014 75 mins
[21+] Sexually Bugged!
Trauma Therapy: Psychosis
4

Trauma Therapy: Psychosis (2023) ========================= တိုဘင်ဗန့်စ်ဟာ “အကယ်၍ သင့်ကလေးသေလုဆဲဆဲဖြစ်နေချိန်မှာ ကယ်လို့ ရတဲ့နည်းရှိတယ်ဆိုရင် အဲဒီနည်းကို ဂရုစိုက်ပါဦးမလား၊ ကယ်လို့ရမရဆိုတဲ့ ရလဒ်ကိုပဲ ဂရုစိုက်မှာပေါ့”ဆိုတဲ့ စကားကိုလက်စွဲသုံးပြီး ‘ရလဒ်’တွေကိုပဲ အာ ရုံစိုက်တဲ့လူတစ်ယောက်။ သူ့ရဲ့တရားမဝင် ကုသရေးစင်တာမှာ စိတ်ရောဂါ အမျိုးမျိုးခံစား‌နေရတဲ့ လူတွေကို ကြမ်းတမ်းရက်စက်တဲ့နည်းတွေနဲ့ ကုပေး တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတယ်။ တိုဘင်ဗန့်စ်ကို ပရိတ်သတ်နည်းနည်းပဲ ရှိတဲ့စင်ပေါ်တင်ပေးလိုက်ရင်တောင် တခဏအတွင်း တပ်တစ်တပ်လုံးစာပရိတ်သတ်တွေကို သိမ်းသွင်းနိုင်တယ်လို့ တင်စားကြတယ်။ အဲလိုအပြောအဟောကောင်းလို့လည်း သူ့ကု‌သရေးစင်တာ က တရားမဝင်ခိုးကြောင်ခိုးဝှက်ဖြစ်နေတာတောင် ယုံကြည်သူတွေရှိနေဆဲ။ ဒီဇာတ်ကားထဲမှာတော့ သူ့ကုသရေးစင်တာကိုရောက်လာကြတဲ့ လူတစ်စုကို အခြေတည်ပြီး သူ့နည်းလမ်းတွေက ဘယ်လောက်ရက်စက်ပြီးကြမ်းတမ်းကြောင်း ကိုယ်တိုင်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1 GB) / (359 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator……Ngwe Zin Encoder……….SWM

Crime • Drama • Mystery • Thriller
4 2023 82 mins
Trauma Therapy: Psychosis
They Live
7.2

They Live (1988) ============= IMDb Rating – 7.2/10 နာဒါဆိုတဲ့ အိမ်ခြေရာမဲ့ဟာ အလုပ်ရှာဖို့ လော့စ်အိန်ဂျလိစ်ကို ထွက်လာခဲ့ ပါတယ်။ အလုပ်သမားရုံးကိုသွားပေမယ့် အလုပ်ရှာမပေးနိုင်ကြပါဘူး။ ဒါနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဝင်လုပ်ခဲ့ရင်း ကံကောင်းစွာနဲ့ ဖရန့်ခ်နဲ့ ဆုံတယ်။ သူက စားစရာ အိပ်စရာ နေရာတစ်ခုကို ခေါ်သွားပေးတယ်။ သူတို့ လိုပဲ အိမ်ခြေရာမဲ့ ယခုခေတ်အခေါ် ကျူးရပ်ကွက်လိုမျိုးပေါ့ ဘေးကပ်ရပ်က ချာ့ခ်ျကျောင်းကို မသင်္ကာလို့ စပ်စုမိရင်း ဓမ္မတေးကို သီဆိုနေကြတာမဟုတ်ဘဲ ကတ်ဆက်နဲ့ဖွင့်ထားတာကို တွေ့လိုက်ရတယ် အထဲမှာလည်း ဓာတ်ခွဲခန်းလိုမျိုး အခင်းအကျင်းတွေနဲ့ပေါ့။ တစ်ညမှာ ထိုကျူးရပ်ကွက်နဲ့ ချာ့ခ်ျကျောင်းကို ရဲတွေအလုံးအရင်းနဲ့ ဝင်လာပြီး စီးနင်းကြပါတော့တယ်။ အကြောင်းပြချက်ကိုတော့ ဘယ်သူမှမသိကြပါဘူး။ နောက်နေ့မှာတော့ နာဒါဟာ ဘုရားကျောင်းထဲ ဝင်နှောင့်ရင်း ထူးဆန်းတဲ့ကတ္ထူ ပုံးကို မ’လာပါတော့တယ်။ အထဲမှာတော့ နေကာမျက်မှန်တွေချည်းနဲ့ ပြည့်လို့နေ တယ်။ မျက်မှန် တစ်လက်ကိုယူပြီး တပ်ကြည့်လိုက်တဲ့အခါမှာတော့ ကမ္ဘာကြီးက သူထင်ထားသလိုမဟုတ်တာကို တွေ့လိုက်ရချိန်မှာတော့… ချာ့ခ်ျကျောင်းကို ဘာကြောင့် ဝင်စီးတာလဲ… ကျောင်းကရော ဘာတွေ လုပ်နေတာလဲ… နေကာမျက်မှန်ကနေတစ်ဆင့် ဘာတွေမြင်လိုက်လဲဆိုတာတော့ ကိုယ်တိုင်သာ ခံစားကြည့်ရှုပါတော့။ သူ့ခေတ်အခါမှာ Rating 7.2 ရရှိထားတဲ့အပြင် Top 1 အဖြစ် ၂ပတ်ဆက်တိုက် ရှိနေခဲ့တဲ့ ဇာတ်ကားဖြစ်တာကြောင့် မကောင်းမှာတော့ ပူစရာမလိုပါဘူး… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(1.5 GB) / (608 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 34Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Horror, Sci-Fi Translator……Mugiwara Ya Encoder……….SWM

7.2 1988 93 mins
They Live
Terminator Salvation
6.5

Terminator ဇာတ်ကားတွေထဲက key word တွေ ရှာကြည့်ရမယ်ဆိုရင်တော့ သတ်ဖြတ်ရေးမုဆိုး၊ တီ ၁၀၀၀၊ ဘာညာ အဲဒါတွေ ကြားထဲကမှ အခုပြောမယ့် key word ကတော့ စိမ့်ဝင်ပူးတွဲနေထိုင်ခြင်းတဲ့။ ဟုတ်ပါတယ်။ စက်တွေက လူသားနဲ့ သိပ်ကိုနီးနီးစပ်စပ်တူတဲ့ စက်ရုပ်တွေကို လူတွေထဲစိမ့်ဝင်၊ အလစ်အငိုက်ဖမ်းပြီး သတ်ဖြတ်တတ်ကြတယ်။ ဒါပေမဲ့ လူတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ အဲဒီစက်ရုပ်တွေကို ခွဲခြားနိုင်ခဲ့ပါတယ်။ ဒီတော့ စကိုင်းနက်ရဲ့ စိမ့်ဝင်ရောနှောလုပ်ကြံရေး လုပ်ဆောင်မှုတွေအားလုံး မအောင်မမြင် ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ စကိုင်းနက်က သူမတူအောင် ထူးချွန်ပြီး လူသားတွေ လုံးဝမရိပ်မိနိုင်တဲ့၊ အစွမ်းအထက်ဆုံး စိမ့်ဝင်ရောနှောရေးစက်ရုပ်တစ်ရုပ်ကို လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ ဂျွန် ကော်နာ ဆိုတာ ဖြစ်မလာရေးအတွက် သူ့ရဲ့ဖခင် ကိုင်းလ် ရိစ် ကို လုပ်ကြံရေးပါပဲ။ အသိဉာဏ် သိပ်ကိုထက်မြက်နေပြီး လူသားစိတ်ပညာကို ကျွမ်းကျင်တဲ့ စကိုင်းနက်က လူသားတွေအပေါ် mind game ကစားလို့ တော်လှန်ရေးအဖွဲ့တစ်ခုလုံး မျိုးပြုတ်စေရေး အစီအစဉ်ဆွဲလာတယ်။ လူသားတွေဘက်ကလည်း စကိုင်းနက်ပြုတ်ကျစေရေး အကောင်းဆုံးလက်နက်ကို ရှာဖွေတွေ့ရှိလို့ အပြီးတိုင် ချုပ်ငြိမ်းစေရေး ချီတက်လာကြတယ်။ ဒီလိုနဲ့ ဂျွန် ကော်နာ နဲ့ ကိုင်းလ် ရိစ် ရဲ့ကြားမှာ မထင်မရှား သေဒဏ်ကျ အကျဉ်းသားတစ်ယောက် အမှတ်မထင် ပါဝင်လာရတဲ့အခါမှာ ဖြစ်ပုံပျက်ပုံအစုံစုံကို ရှုစားကြရပါမယ်။ မင်းသားကြီး အာနိုး မပါတော့ပေမယ့် Terminator ဇာတ်ကားအရသာတော့ မပျက်သေးတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ File size…(2.3 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:55:00 Genre…Action, Adventure, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Arr Khun Winchester

6.5 2009
Terminator Salvation
Marnie
7.1

၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marnie ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် မင်းသမီးကြီး ‘Tippi’ Hedren နဲ့ မင်းသားကြီး Sean Connery တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မာနီက ဆွဲဆောင်မှုရှိတဲ့အပြင်ငယ်ရွယ်တဲ့အမျိုးသမီးလေးဖြစ်ပြီး နာမည်တုတွေအများကြီးနဲ့ ကုမ္ပဏီကြီးတွေမှာ အချိန်တစ်ခုလောက်အထိ အလုပ်လုပ်ကာ အဲ့ဒီအလုပ်မှာရှိတဲ့ ပိုက်ဆံတွေကို ခိုးယူတတ်တဲ့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့ သူမအလုပ်သွားလျှောက်တဲ့ ရတ်ထ်လန်ကုမ္ပဏီရဲ့ သူဋ္ဌေး မက်ခ်ရတ်ထ်လန်က သူမကို မျက်စိကျပြီး အလုပ်ခန့်လိုက်ပြီးနောက် သူမရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး သူမကို အကြပ်ကိုင်ကာ သူ့ကို အတင်းအဓမ္မ လက်ထပ်စေပါတော့တယ်။ လက်ထပ်ပြီးသွားမှ သိလိုက်ရတာကတော့ မာနီက သူမကို ဘယ်ယောက်ျားသားကမှ ထိတွေ့တာကို မနှစ်သက်ပါဘူး။ မုန်တိုင်းတွေထန်တဲ့ညတွေမှာဆိုရင်လည်း အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးနေတတ်ပါသေးတယ်။ ညဖက်တိုင်းလိုလို အိပ်မက်ဆိုးတွေ မက်နေတတ်တဲ့ မာနီ၊ မက်ခ်ကို သဘောကျပေမယ့် မက်ခ်ရဲ့ အထိအတွေ့ကို မနှစ်သက်တဲ့ မာနီ သူမဘာကြောင့် ဒီလိုတွေဖြစ်နေရတာလဲ။ မာနီကို ချစ်လွန်းလို့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်မှန်း သိလျက်နဲ့ လက်ထပ်ယူထားတဲ့ မက်ခ်ကရော သူမကို ကူညီပေးနိုင်ပါ့မလား စတာတွေကို ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Psychological thriller အမျိုးအစားဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(3.4 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre… Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Romance • Comedy • Science Fiction
7.1 1964 130 mins
Marnie
Back to Black

Amy Winehouse ကိုတော့ လူတော်တော်များများသိကြမယ်ထင်ပါတယ် မသိရင်တောင် သူ့သီချင်းတွေတော့ တစ်နေရာရာမှာကြားဖူးနေပါလိမ့်မယ် 2008 မှာ Grammy 5 ဆုဆွတ်ခူးနိုင်ခဲ့ပြီး 2006-2008 ဝန်းကျင်မှာ US ထိထိုးဖောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ် စိတ်မကောင်းစွာနဲ့ဘဲ 2011 Amy အသက် 27 မှာတော့ alcohol အဆိပ်သင့်ပြီး နေအိမ်မှာပဲသေဆုံးခဲ့ပါတယ် ဇာတ်ကား နာမည် Back To Black ဆိုတာကတော့ သူ့ချစ်သူနဲ့ လမ်းခွဲထားချိန် ထွက်ရှိခဲ့တဲ့သီချင်း အမည်ဖြစ်ပြီး သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေဆီ ရောက်ရှိခဲ့တဲ့အကြောင်းပါ၊ ဒီဇာတ်ကားက 2024 မှာထွက်ရှိထားပြီး သူ့ရဲ့ biography ကို Musical/Biography အနေနဲ့ ပြန်ရိုက်ထားတာပါ ဒီဇာတ်ကားမှာ Amy ရဲ့ စတင်အောင်မြင်လာတဲ့အချိန် ဖြတ်ကျော်ရတဲ့အခက်အခဲတွေ မူးယစ်ဆေးနဲ့ alcohol စွဲသွားတာတွေ Relationship ပြဿနာတွေအကြောင်း သေချာမီးမောင်းထိုးပြထားပါတယ် Marisa Abela က Amy Winehouse အဖြစ်သရုပ်ဆောင်ထားပါတယ် ။ File size…(1.8 GB)/(888 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… History, Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by P Andrew

0 2024
Back to Black
Dawn’s Dream
55

အခု ဘတ်ဂျက်နည်းနည်းနဲ့ နှလုံးသားကို ခိုးဖို့ကြိုးစားထားတဲ့ မိသားစုကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးမှာတော့ ဘားတစ်ခုမှာ မူးချင်တိုင်းမူး… ငွေရှိတယ်ဆိုပြီးတော့ မောက်မာချင်တိုင်းမောက်မာပြီး… လူတိုင်းအပေါ် ရိုင်းချင်တိုင်းရိုင်းနေတဲ့… သူဌေးသမီးလေး ချန်ရှီးအကြောင်းကို ပုံဖော်ထားတာပါ… အများအမြင်မှာတော့ မိဘကအရမ်းချစ်ပြီး အမွေတွေ အများကြီးရခဲ့တဲ့ အချစ်ခံ ရွှေမင်းသမီးလေးဆိုပေမယ့်… တကယ်တော့ ဒီလိုသူ့ကိုချစ်ပေးတဲ့ မိဘက မွေးစားမိဘတဲ့… သူ့အဖေအရင်းက အလုပ်မလုပ်ဘဲ အပျော်မက် လောင်းကစားမက်နေတဲ့ ဆန်ကုန်မြေလေးတစ်ယောက်တဲ့… သူ့အမေကလည်း သူ့ကိုမွေးပြီးတာနဲ့ သူ့အဖေနဲ့မပေါင်းနိုင်တော့ဘူးဆိုပြီး နောက်ယောက်ျားနောက်လိုက်ပြေးသွားတာတဲ့… သူကတော့ အဖိုးအဖွားတို့လက်ထဲမှာ ကြီးပြင်းခဲ့တာပေါ့… ငွေမရှိပေမယ့် မေတ္တာအပြည့်ပေးနိုင်တဲ့ အဖိုးအဖွားကြောင့် သူ့ငယ်ဘဝလေးက ပျော်ဖို့ကောင်းခဲ့ပါတယ်… ဒါပေမယ့်…သူဘာလို့ မွေးစားမိဘတွေလက်ထဲရောက်သွားတာလဲ… သူဘာလို့ အခုလိုတွေ ဘာတွေ့တွေ့ စိတ်အလိုမကျဖြစ်နေတာလဲ… သူဘာလို့ အဖေရင်း အမေရင်းကို မုန်းနေတာလဲ.. ဒီမေးခွန်းတွေရဲ့ အဖြေကို ဇာတ်လမ်းလေးက ပုံဖော်ပြီး ပြောပြထားတာမို့ ကြည့်ကြည့်လိုက်ကြပါဦးနော်….

Comedy • Crime
55 2025
Dawn’s Dream