YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

[CM]The.Beast.2021.NF.WEB-DL-480P.mp4

403.79 MB N/A video/mp4 186 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ripper Untold
6.2

ဘယ်သူမှမလုံခြုံပါဘူးတဲ့။ ဟုတ်ပါတယ်... သေခြင်းဆိုတာ အချိန်မရွေး၊ နေရာမရွေး ဖိတ်မခေါ်ဘဲ ရောက်လာတတ်တာမျိုးပါ။ ဒါပေမဲ့ ဒီကားထဲကလို ဝွိုက်ချက်ပယ်လ်က မိန်းကလေးတချို့ ကြုံခဲ့ရတဲ့သေခြင်းမျိုးကတော့ ဆိုးရွားလွန်းပါတယ်။ ရက်ရက်စက်စက် လည်လှီးအသတ်ခံရတဲ့မိန်းကလေးတွေ၊ နေ့စဉ်ရက်ဆက် ရင်ခွဲစစ်ဆေးခန်းဆီ၀င်လာတဲ့ အလောင်းတွေ၊ အဲဒီမိန်းကလေးအလောင်းတွေကို စစ်ဆေးအစီရင်ခံရတဲ့ ရဲမှုခင်းဆေးဘက်ဆိုင်ရာစစ်ဆေးရေးမှူး သောမတ်စ်၊ အမှုလိုက်နေရတဲ့ အင်စပက်တာရီးစ်၊ နည်းမျိုးစုံနဲ့သတင်းရအောင်ယူတဲ့ သတင်း ထောက်တစ်ယောက်၊ ဒေသခံလူမှုအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင် ဒေါက်တာ လောင်ရီ၊ ပြည့်တန်ဆာအိမ်က မစ္စလဗီးန်၊ သောမတ်စ်ရဲ့ အထီးကျန်ဇနီးသည် အဲလိဇဘတ်.... သူတို့တွေဟာ ဝွိုက်ချက်ပယ်လ်မှာဖြစ်ပျက်နေတဲ့ သန်းခေါင်ယံလူသတ်မှုတွေနဲ့ ဘယ်လိုပတ်သက်နေမလဲ၊ အသတ်ခံရသူတွေဟာ ညဉ့်ငှက်မလေးတွေချည်း ဘာလို့ဖြစ်နေရသလဲ၊ တရားခံဘယ်သူဖြစ်မလဲဆိုတာ တကယ်ကို သည်းထိတ် ရင်ဖိုကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ လူ့စိတ်ဟာဖောက်ပြန်လာရင် ဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတာ ဒီကားထဲမှာ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။ မှုခင်း/စုံထောက်ဇာတ်လမ်း ကြိုက်သူတွေရော သည်းထိတ်ရင်ဖိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက်ပါ ဒီဇာတ်လမ်းကို ညွှန်းပေးလိုက်ပါတယ်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.0 GB) / (400 MB) / (220 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 25mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......C'mon Encoder..........SWM

Action • Adventure • Fantasy • Horror • Thriller
6.2 2021 85 mins
Ripper Untold
Call Me by Your Name
8.2

IMDb Rating - 7.8/10 ၁၉၈၃ ခုနှစ်ရဲ့ အီတလီနွေရာသီမှာ ကားလေးတစ်စီးနဲ့ အိမ်ကို စရောက်လာတဲ့ ခင်ဗျားဟာ ကျွန်တော့်ရဲ့ အိပ်ခန်းကို ဦးစွာ သိမ်းပိုက်ခဲ့တယ်။ အရပ်အမောင်း ကောင်းကောင်းနဲ့ သိပ်ကို ဆွဲဆောင်မှု ရှိတဲ့ ခင်ဗျားဟာ ကျွန်တော်နဲ့ ၇နှစ်တောင် အသက်ကွာခြားသတဲ့။ အချင်းချင်း နှုတ်ဆက်ခါနီးကို သူများနဲ့မတူ တမူထူးခြားစွာ " နောက်မှပဲ " " နောက်မှပဲ" လို့ ပြောတတ်တဲ့ခင်ဗျားကို ကျွန်တော် အမြင်တော့ကပ်မိသား။ ဒီလို တုံးတိဆန်တဲ့ စကားက ကျွန်တော့်အတွက်တော့ ရိုင်းပြမောက်မာတဲ့ အပြုအမူလို့ ထင်မိတယ်လေ။ ဟော တွေ့လား ဒီလိုနဲ့ ခင်ဗျားက ကျွန်တော့်ရဲ့ အတွေးနယ်ကို နယ်ချဲ့သိမ်းပိုက်လိုက်ပြန်ပြီ။ အိမ်ကို လာတဲ့ ဧည့်သည်ကို အိမ်ရှင် ဖြစ်တဲ့ ကျွန်တော်က မြို့တစ်ဝိုက်ကို လမ်းပြရင်း အချိန်ကုန်ဆုံးပေးခဲ့ရပြန်တယ်။ ကျွန်တော့်ဘက်က ဧည်၀တ်ကျေရဲ့လား သေချာမသိပေမယ့် သေချာတာတစ်ခုက ကျွန်တော့်အချိန်တွေကို ခင်ဗျား သိမ်းပိုက်သွားပြန်ပြီ။ အချိန်ကြာလာတော့ "နောက်မှပဲ" ဆိုတဲ့ ကျွန်တော်ကိုယ်တိုင် အရိုင်းဆန်တယ် ပြောခဲ့တဲ့ စကားလေးကိုမှ ကျွန်တော် စွဲလမ်းလာတယ်။ ကျွန်တော့်ရဲ့ အိပ်ခန်း၊ စိတ်နဲ့ အချိန်တွေကို သိမ်းပိုက်ခဲ့တာ ခင်ဗျား ဆိုပေမယ့် နှလုံးသားနဲ့ အသွေးအသားကို အသိမ်းပိုက်ခံချင်သူက ကျွန်တော် ဖြစ်လာ တယ်။ နှစ်ယောက်တည်းသိတဲ့ အခေါ်အဝေါ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ရည်ညွှန်းတဲ့အခါ လောကကို မေ့ပြီး အပျော်ကြီး ပျော်တတ်ခဲ့ပြီ။ သို့ပေမဲ့ အတားအဆီး ချုပ်ချယ်မှုတွေ များတဲ့ ဒီလောကမှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပတ်သတ်မှုဟာ ယိုယွင်းသွားနိုင်တာကိုတော့ ခင်ဗျားက အစောကြီးကတည်းက ပိုနားလည်ခဲ့ပုံပါပဲ။ ကျွန်တော်ဆိုတဲ့ကောင်က ဘာဆိုဘာမှ မသိခဲ့တဲ့ ၁၇ သာသာ ကောင်လေးတစ်ယောက်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ အိုလီဗာ ... ခင်ဗျား ထွက်သွားတော့မယ်ဆိုရင် အနားမှာ ဘယ်သူမှ မရှိတော့ချိန် ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်သွားချိန်မှာ ကျွန်တော့် ဘက်ကို တစ်ချက် မျက်နှာမူပြီး ခင်ဗျားရဲ့ နာမည်လေးနဲ့ ကျွန်တော့်ကို ခေါ်လို့နှုတ်ဆက်ခဲ့ပါ ...... /အယ်လီယို (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoon Sandi Aung ဖြစ်ပါတယ်) File Size..........(2 GB) / (1 GB) / (650 MB) Quality............WebRip 1080p / 720p / 480p Duration.........2Hr 12mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Yoon Sandi Aung Encoder..........SWM

Drama
8.2 2017 132 mins
Call Me by Your Name
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

7.5 2020 138 mins
Pacto de Fuga
The Flower and the Empress

ဒီကားလေးကတော့ ဘုရင်မအုပ်ချုပ်ချိန် မ ဝါဒကြီးစိုးချိန်ကာလကို နောက်ခံထားရိုက်ကူးပြထားတာပါ... ဒီကားလေးမှာ ဘုရင်မကြီးရဲ့ အချစ်ရဆုံးနဲ့ အားအထားရဆုံး တတိယမင်းသမီးလေး လန်ရှီဟာ ဒေသခံတစ်ခုကို စုန်းမနက်ဂိုဏ်းက ကယ်တင်ပေးရာကနေ... ဒေသခံ ဇာတ်နိမ့်အမျိုးသားတစ်ဦးကို သတိထားမိခဲ့ရာကနေ စစ်သူကြီးဆိုတဲ့ရာထူးကို အမျိုးသမီးမဟုတ်ဘဲ အမျိုးသားတစ်ယောက်သာ တာဝန်ထမ်းဆောင်ရင် ဘယ်လိုဖြစ်မလဲလို့ စတင်တွေးမိခဲ့တယ်... တစ်ဖက်မှာလဲ မြင်မြင်ချင်းအချစ်လို့ဆိုရမလား. ဒုက္ခရောက်နေချိန်မြင်လိုက်ရတဲ့ ကောက်ရိုးမျှင်လေးကြောင့်လို့ပဲဆိုရမလား... တတိယမင်းသမီးကယ်တင်ခံခဲ့ရတဲ့ ချောင်ရှန်းတစ်ယောက်ဟာ တတိယမင်းသမီးရှိတာ မြို့တော်ကို ချက်ချင်းဆိုလို တတိယမင်းသမီးရဲ့မြင်းနောက်က တောက်လျှောက်လိုက်သွားခဲ့သလို... လေ့ကျင့်ရေးကျောင်းက ရွေးချယ်ခံရတဲ့ အမျိုးသားတွေက မင်းမျိုးနွယ်တွေကို ခစားခွင့်ရှိမယ်ဆိုတာကို သိထားတာကြောင့် ဒီကျောင်းဝင်ခွင့်ရဖို့ပါကြိုးစားခဲ့ပြီး တင်းယွမ်ဆိုတဲ့ ပထမတန်းစား ခစားသူအဖြစ် အရွေးခံရပြီးနောက် ချောင်ရှန်းတစ်ယောက် သူ့နှလုံးသားထဲကတတိယမင်းသမီးလေးကို ဆုံဖို့ နန်းတော်ကို ခစားဝင်ခွင့်ရခဲ့တယ်... ကဲ သူတို့ တကယ်ဆုံမှာလား... ဆုံပြီးရင်ရော ဒီလို ဝါဒကြီးစိုးနေတဲ့လောကကြီးမှာ သူတို့အချစ်ဇာတ်လမ်းရော ဖြောင့်ဖြူးပါ့မလားဆိုတာ ဒီဇာတ်လမ်းလေးဒေါင်းကြည့်လိုက်နော်~ Qualty : WEB-DL 1080p , 480p Format : mp4 Genres : Action , Romance Runtime : 1h 18min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Nu Mon , Shwe Zin Oo Encoded by LK

Action • Adventure • Comedy
0 2019 78 mins
The Flower and the Empress
The Glass House
5.9

Channel Myanmar ရဲ့ပရိတ်သတ်တွေအတွက် ဟောင်းပေမယ့် ကောင်းဆဲဆိုတဲ့ ဒီလိုရုပ်ရှင်မျိုးတွေကို တစ်ဖန်ပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ရုံတင်ငွေ 23.6 သန်းအထိရထားတဲ့ ဒါရိုက်တာ Daniel Sackheim ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ Daniel Sackheim ဆိုရင် Game of thrones , The Walking Dead ဒီလို ဝက်ဝက်ကွဲအောင်မြင်တဲ့ရုပ်ရှင်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တဲ့ နာမည်ကြီးဒါရိုက်တာတစ်ယောက်ပါ။ ဒီတော့ The Glass House မှာလည်း ဘယ်လိုလက်စွမ်းပြထားမလဲဆိုတာ ခံစားကြည့်လိုက်ပါဦးဗျာ။ ဆယ်ကျော်သက်တို့ထုံးစံအတိုင်း ရူဘီဟာ သောက်စား ပျော်ပါး ဘဝကိုပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ တစ်ရက်တော့ ဘဝဟာ ကံဆိုးမိုးမှောင်ကျပြီး မိဘနှစ်ပါးလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီနောက်​တော့ ရူဘီနဲ့ သူ့မောင်လေး ရက်တ်ဟာ သူတို့ရဲ့ အိမ်နီးချင်းဟောင်း ဂလပ်စ်တို့ လင်မယားဆီမှာ မွေးစားခံလိုက်ရပါတယ်။ ပြီးတော့ ဂလပ်စ်တို့လင်မယားရဲ့ မယ်လ်ဘူက အိမ်ကိုပြောင်းရွေ့ခဲ့ကြတာပေါ့။ ဂလပ်စ်တို့မိသားစုက ကြင်နာတတ်ပြီး ငွေကြေးဥစ္စာလည်း ကြွယ်ဝကြပါတယ်။ ခိုးကိုးရာမဲ့နေတဲ့ မောင်နှမတွေအတွက်တော့ သူတို့က ဘုရားသခင်လိုပဲပေါ့။ ဒါပေမယ့် ဘဝနဲ့လူတွေက ခန့်မှန်းလို့မရနိုင်တာ အားလုံးအသိပဲ မဟုတ်လားဗျာ။ ဒီလင်မယားရဲ့ ချိုသာပြီး နွေးထွေးတဲ့မျက်နှာဖုံးရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ ဂလပ်စ်တို့ရဲ့ ဖန်သားအတိကာထားတဲ့ အိမ်ကြီးမှာ ရူဘီကြုံတွေ့လာရမယ့် အရာတွေကဘာလဲ။ ရူဘီ သူလွတ်မြောက်နိုင်ပါ့မလား။ ဒါတွေကို ရင်တထိတ်ထိတ်နဲ့ ဒီရုပ်ရှင်မှာပဲ အပြည့်အဝ ခံစားကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ File size…2GB / 1GB Quality…1080p BluRay H.264 AAC 5.1CH / 720p Format…mp4 Duration….1h 46min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM & Go-O

Drama
5.9 2001 107 mins
The Glass House
The Exit Row
2

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို သဘောကျတတ်တဲ့ Thriller ပရိသတ်ကြီးအတွက် (၂၀၂၃) ထွက် The Exist Row ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် ဆာရှာဒေ့ဒ်က ခင်ပွန်းသည်ရယ် သားတစ်ယောက်ရယ်နဲ့အတူ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး စီးပွားရေးလောကမှာလည်း အောင်မြင်တဲ့ ကြော်ငြာလုပ်ငန်းရှင်တစ်ယောက် ဖြစ်ပါတယ်။ ကလင့်ထ်မိုင်ရာကတော့ နာမည်ကြီးအိမ်ခြံမြေအကျိုးတော်ဆောင်တစ်ယောက်ဖြစ်ပြီး ဘဝကိုအေးအေးဆေးဆေး တစ်ယောက်တည်းဖြတ်သန်းနေသူဖြစ်ပါတယ်။ သီးခြားစီဖြစ်တည်နေတဲ့ သူတို့နှစ်ယောက်ရဲ့ကမ္ဘာနှစ်ခုဟာ လေယာဉ်ခရီးစဥ်တစ်ခုမှာ ဝင်ရောက်တိုက်မိခဲ့ပြီး ကလင့်ထ်က ဆာရှာ့ကို ရူးရူးမူးမူးစွဲလမ်းသွားခဲ့ပါတယ်။ ဆာရှာကတော့ အဆင်မချောခဲ့တဲ့ ဒီလေယာဉ်ခရီးစဉ်အပြီးမှာ စိတ်ဒဏ်ရာရသွားခဲ့ပြီး စိတ်ဖိစီးမှုလျော့ကျဆေးတွေ သောက်ရတဲ့အပြင် သူ့နောက်ကိုလူတစ်ယောက်က လိုက်နေပါတယ်ဆိုတဲ့ ခြောက်ခြားစရာစကားတွေကိုလည်း ပြောလာခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေမှုတွေလည်း ဖြစ်လာခဲ့ပြီး အရာရာအဆင်ပြေနေခဲ့တဲ့သူ့ဘဝလေးက ကမောက်ကမဖြစ်လာပါတော့တယ်။ ဆာရှာကြုံနေရတဲ့ ခြောက်ခြားစရာဖြစ်ရပ်တွေက ကလင့်ထ်ရဲ့စွဲလမ်းမှုနဲ့ ဘယ်လိုသက်ဆိုင်နေမလဲ။ ဆာရှာကပဲ စိတ်ကယောင်ခြောက်ချားဖြစ်နေခဲ့တာလား။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားပေးပါဦးခင်ဗျာ။

Comedy • Drama • Sci-Fi & Fantasy
2 2023 91 mins
The Exit Row
The Perfection
6.5

The Perfection (2018) ဒီဇာတ်လမ်းကို ညွှန်းရင် ဘယ်လိုညွှန်းရမလဲ စဉ်းစားရပါတယ်။ ဘာလို့လဲဆိုတော့ Plot Twist တွေက ပါပြီးရင်း ပါနေတာဆိုတော့ ပြောလိုက်ရင်လည်း Spoil ဖြစ်မှာ စိုးပါတယ်။ Plot Twist များများနဲ့ ရင်တထိတ်ထိတ် ခုန်နေရမယ့် ကားမျိုးကြည့်ချင်ရင်တော့ ဒီဇာတ်လမ်းကိုသာ ကြည့်လိုက်ပါဗျာ။ တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲ။ အသည်းတယားယား ရင်တဖိုဖိုနဲ့ ဘာပြီးရင် ဘာဖြစ်မယ်ဆိုတာကို မှန်းလို့မရတဲ့ ဇာတ်လမ်းမျိုးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ချယ်လိုပညာရှင်နှစ်ဦးရဲ့ဇာတ်လမ်းပါပဲ။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အမေက လေဖြတ်သွားလို့ အိမ်ပြန်ခဲ့ရတဲ့ ချယ်လိုပညာရှင် နဲ့ ယခုလက်ရှိ ဂီတလောကမှာ အောင်မြင်နေတဲ့ လူငယ်ချယ်လိုပညာရှင်တို့ နှစ်ယောက်ကြားက ဇာတ်လမ်းလေးပါ။ သူတို့နှစ်ယောက် ဆုံတွေ့မှုကနေ စခဲ့တဲ့ ဇာတ်လမ်းလေးပါ။ နောက်ဆက်တွဲတွေက ဘာဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ခုန်ပြီး ကြည့်မှ အရသာရှိမှာပါ။ ပြောပြရင် ဇာတ်က ပေါ့သွားမှာ စိုးတဲ့အတွက် ဒီလောက်ပဲ ပြောပြပါရစေ။ ကြည့်မိလို့ နောင်တမရစေရပါဘူး။ သတိပေးချင်တာလေးတွေကတော့..... သွေးထွက်သံယို အခန်းတွေ ပါပါတယ်။ ကလေးတွေ မကြည့်သင့်တဲ့အခန်းတွေ ပါပါတယ်။ နည်းနည်းလေးတော့ လန့်စရာကောင်းပါတယ်။ သရဲကား၊ လူသတ်ကား မဟုတ်ပေမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားပါ။ IMDb Rating က 6.2 ပါ။ Rotten Tomatoes ကတော့ 85% ပေးထားပါတယ်။ ဒီလောက်ဆိုရင်တော့ ဒီဇာတ်လမ်းအခြေအနေကို ခန့်မှန်းမိလောက်ပါပြီး ဘာသာပြန်နဲ့ အညွှန်းကတော့ August ပါ။

Action & Adventure • Drama • Sci-Fi & Fantasy
6.5 2018 90 mins
The Perfection
Thoroughbreds
6.4

ဒီကားလေးကတော့ ၂၀၁၇ခုနှစ်ထွက် Drama/Thiller ဇာတ်ကားလေးဖြစ်ပါတယ်။ Rating 7.2 အထိရရှိထားတဲ့ဇာတ်ကားဖြစ်ပြီး Thiller ဆိုတဲ့အတိုင်းလူတစ်ကာကရင်ထိတ်အောင်ရိုက်ပြနေတဲ့ခေတ်မှာ အရမ်းရင်ထိတ်အောင်ရိုက်ပြထားတာ မဟုတ်ဘဲဇာတ်ကွက်အလှည့်အပြောင်း၊ မြုပ်ကွက်တွေနဲ့ တင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီး တင်ဆက်ပုံကွဲထွက်လာမှုနဲ့အတူ ဝေဖန်မှုကောင်းကောင်းရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ငယ်ငယ်ကရင်းရင်းနှီးနှီးမရှိခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်၊ ပြဿနာကိုယ်စီနဲ့အတူတူတွဲလာမိကြပါတယ်။ အထက်တန်းလွှာကဆင်းသက်ပေါက်ဖွားလာသူတွေအဖြစ်သရုပ်ဖော်ထားပြီး၊ အဓိကဇာတ်ကောင်နှစ်ခုရဲ့သရုပ်ကို သေချာသရုပ်ဆောင်ပြထားပါတယ်။ ဘာကိုစိတ်ခံစားချက်မရှိဘဲ ထုံပေပေမျက်နှာပေးမျိုးနဲ့ ကြည့်ရင်းကျောချမ်းလာစေတဲ့ အမန်ဒါ၊ ပထွေးရဲ့ဆိုးဝါးတဲ့အမူအကျင့်တွေကြောင့် စိတ်သောကရောက်နေရပြီး အမြဲအပူရုပ်ကိုဟန်လုပ်ပြနေရတဲ့ လီလီ။ သူတို့နှစ်ယောက်ရဲ့ပြဿနာကိုယ်စီဟာ ဘာတွေလဲ။ ဆယ်ကျော်သက်မိန်းကလေး၂ယောက် ဘယ်လိုဖြေရှင်းကြမှာလဲ။ သူတို့ဘဝဟာဘယ်လိုဖြစ်နေလို့လဲဆိုတာတွေကို Dialogue တွေအများကြီးမထည့်ပဲ သရုပ်ဆောင်တင်ဆက်သွားတာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ။ ဇာတ်ရှိန်အေးအေးနဲ့စိတ်ဝင်တစားအေးဆေးကြည့်ချင်တဲ့သူတွေအတွက် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (750 MB) and (320 MB) Quality : WEB-DL 720p Running Time : 1hr 32min Format : Mp4 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-CMRG Translated by Thura Zarni Aung Encoded by Thanhtike Zaw

Comedy • Drama
6.4 2018 92 mins
Thoroughbreds
Mickey’s Tale of Two Witches
6.1

Mickey’s Tale of Two Witches (2021) ========================== ဒီတစ်ခါတော့ CM က Friend zone မဟုတ်တဲ့ Kid zone လေးဖန်တီးပေးလိုက်ပြီနော်။ ငယ်ဘဝကို Nostalgic ဖြစ် စေမယ့် Mickey Mouse movie လေးဆိုပေမယ့် 2021 ထွက်ဖြစ်ပြီး အရင်အဟောင်းလေးတွေလောက် ကလေး တအားမဆန်တဲ့ ဇာတ်အိမ်လေးကြောင့် ငယ်မူပြန်ချင်တဲ့ CM fan တွေအတွက် Recommend ပေးပါတယ်။ Hall- oween story ဖြစ်ပြီး Minnie နဲ့ Daisy အပေါ် အဓိက ထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ စုန်းဖြစ်ဖို့ အတူတူ ကြိုးစားနေကြတဲ့ Minnie နဲ့ Daisy တို့သူငယ်ချင်းနှစ်ယောက် ရဲ့ Halloween စွန့်စားခန်းတွေကို ပုံပြင်လေးတစ်ပုဒ်အနေနဲ့ တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(930 MB) / (500 MB) Quality…………WEB-DL 1080p / 720p Duration………47Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator…….Hnin Wut Yi Encoder……….Zin Phyo Aung

6.1 2021 46 mins
Mickey’s Tale of Two Witches
Dragon Gate Posthouse: Howling Moon
5.9

Dragon Gate Posthouseရဲ့စတုတ္ထကားလေးပါ ဇာတ်ကားအားလုံးကိုတော့အောက်ကလင့်လေးမှာ တစုတစည်းထဲရှာလို့ရပါတယ် ဒီမှာရှာပါ ဒီကားလေးမှာတော့ မာတာဖုန်းက လုံမိန်ရပ်နားစခန်းရဲ့ ကံခေတဲ့ချစ်သူနှစ်ယောက်ရဲ့အကြောင်းကိုပြောပြနေတာပဲဖြစ်ပါတယ်။ ကျန်းယွင်ယန်းဟာ အရာရှိသမီးဖြစ်ပြီး စိတ်ထားမြင့်မြတ်တဲ့မမလေးတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ပွင့်လင်းတဲ့စရိုက်ကြောင့် လုံမိန်ပိုင်ရှင် စစ်ညန်နဲ့အဖွဲ့ကျပြီး ညီအစ်မတွေဖြစ်သွားခဲ့တယ်။ တစ်နေ့မှာတော့ စစ်ညန်ဆီကိုအရေးပေါ် စာတစ်စောင်ရောက်လာလို့ စစ်ညန်ကယွင်ယန်းကိုသွားရှာတဲ့အချိန်မှာ ယွင်ယန်းဟာအနာကြီးရောဂါနဲ့ အသက်ငွေ့ငွေ့သာကျန်ပါတော့တယ်။ ဘယ်လိုကြောင့်များ ယွင်ယန်းဟာဒီရောဂါကြီးစွဲကပ်သွားရတာလဲ…… စစ်ညန်နဲ့ မာတာ့ဖုန်းတို့ဟာ ယွင်ယန်းကိုကုသပေးဖို့ ကြိုးစားရင် ရောဂါရဲ့အရင်းအမြစ်ကိုရှာတော့ ဝမ်းနည်းစရာဖြစ်ရပ်ကိုသိလိုက်ပါတယ်…… အဆုံးသတ်ကတော့ အချစ်ဆိုတာအပေးအယူမှမဟုတ်ပဲ…… ကိုယ်ပေးဆပ်သလောက်ပြန်ရဖို့မမျှော်လင့်ကြပါနဲ့တဲ့…… တော်ရုံသာချစ်ကြပါမိတ်ဆွေတို့ရေ……

Drama • History
5.9 2018
Dragon Gate Posthouse: Howling Moon
Cold Meat
5.5

ဒီတစ်ခါတော့ mystery and thriller ပရိတ်သတ်တွေအတွက်ပါ.. David ဆိုတဲ့လူတစ်ယောက်ဟာ စားသောက်ဆိုင်တစ်ခုမှာ လမ်းကြုံကော်ဖီဝင်သောက်ရင်း အဲ့ဒီက စားပွဲထိုးမိန်းမ Ana နဲ့ သူ့ယောကျာ်း Vincent တို့ရန်ဖြစ်နေတာကိုတွေ့လို့ ဝင်ကူညီခဲ့ရာမှ ယောကျာ်းဖြစ်သူ vincentနဲ့အချေအတင်တွေဖြစ်ပါတော့တယ်… ဒီကိစ္စက စားသောက်ဆိုင်မှာတင်ပြီးမသွားဘဲ Vincent က David ကားနောက်ထပ်ကြပ်မကွာလိုက်ပါတော့တယ်… အဲ့ဒီအချိန် နှင်းမုန်တိုင်းလည်းရှိနေတာကြောင့် David တစ်ယောက် ယောကျာ်းဖြစ်သူလက်မှလွတ်မြောက်မလား.. ဆိုင်က စားပွဲထိုးမိန်းမ Anaကရော ဘာတွေဘယ်လိုပါဝင် ပတ်သက်မလဲဆိုတာကို ကြည့်ရှုရမှာပါ… Vincent နောက်ကလိုက်လာတာရယ် နှင်းမုန်တိုင်းရယ်ထက် ဆိုးတာကရော ဘာများရှိဦးမလဲ…… File size…1.36GB / 550MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

5.5 2023
Cold Meat
One on One
6

One on One (2014) ************************* IMDb… 6 ဒီနေ့မှာတော့ Ma Dong Seok, Kim Young Min, Lee Yi Kyung, Teo Yoo, Park So Dam နဲ့ တခြားသော အနုပညာရှင်တွေပါဝင်ထားတဲ့ mystery, thriller ရုပ်ရှင်ကားဟောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက တောင်ကိုရီးယား ဒါရိုက်တာ Kim Ki Duk က ရိုက်ကူးထားပြီး ၇၁ ကြိမ်မြောက် Venice Internationl Film Festival မှာ အဖွင့်အနေနဲ့ ပြသခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ နှစ်တစ်နှစ်ရဲ့ မေလ ၉ ရက်နေ့မှာ အိုမင်ဂျူလို့ခေါ်တဲ့ ကျောင်းသူလေးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ ဘာအကြောင်းအရင်းကြောင့်မှန်းမသိ ကြံရာပါ အရွယ်ရောက်လူကြီး ၇ ယောက်က ဒီကောင်မလေးကို သတ်ခဲ့ကြတာပါ။ ခိုင်းတဲ့လူကလည်း ခိုင်းတယ်..။ အမိန့်ကိုမလွန်ဆန်နိုင်လို့ မတတ်သာဘဲ ကျူးလွန်ခဲ့ရတဲ့သူကလည်း ကျူးလွန်ခဲ့ပြီးဖြစ်လို့ လူ့အသက်တစ်ချောင်း ဆုံးရှုံးခဲ့ပြီးဖြစ်ပေမဲ့ ဒီအရေးကိုမျက်ကွယ်မပြုနိုင်တဲ့ အရိပ် ၇ ယောက်ကလည်း ရှိနေပြန်ပါသေးတယ်။ ဒီလိုနဲ့ အမှန်တရားကို ဖော်ထုတ်ဖို့လုပ်နေကြတဲ့ အရိပ် ၇ ယောက်ဟာ ကျူးလွန်သူ ၇ ယောက်ကို တစ်ယောက်ချင်းစီ ပြန်ပေးဆွဲ ရက်ရက်စက်စက် ညှဥ်းပန်းနှိပ်စက်ပြီး တကယ့်နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ကြတဲ့အခါမှာ အဖြေက ဘာဖြစ်နေမှာလဲ ..။ ဒီကားလေးမှာ ဒါရိုက်တာ Kim Ki Duk က ကွာဟလွန်းလှတဲ့ လူ့အဆင့်အတန်း၊ ကြွယ်ဝချမ်းသာမှု၊ အာဏာ စတာတွေကို အဓိက ယှဥ်ပြထားတာပဲ ဖြစ်ပါတယ်။ ခေါက်ဆွဲပြုတ်ကို လူတန်းစားတစ်ရပ်က အသက်ရှင်ဖို့ အဓိကစားကုန်အနေနဲ့ စားနေရပေမဲ့ တချို့သော လူတန်းစားတွေကတော့ အပျင်းပြေ သရေစာအနေနဲ့ စားကြတာမျိုး ချမ်းသာတဲ့လူက ချမ်းသာပြီးရင်း ချမ်းသာနေကြသလောက် ဆင်းရဲတဲ့လူကလည်း ဆင်းရဲသထက် ဆင်းရဲနေကြတာမျိုး အထက်က ခိုင်းတယ်ဆိုတာနဲ့ အကြောင်းအရင်းက ဘာမှန်းမသိ မှားမှားမှန်မှန် ကိုယ့်တစ်ကိုယ်စာ အနေချောင်ဖို့အရေး လုပ်လိုက်ရတာမျိုး စတဲ့ လူ့အသိုင်းအဝိုင်းက အထက်အောက် ကွာခြားချက်တွေကို အဓိကပြထားတာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Lai Laii မှ ရေးသားပေးထားပါတယ်။) File size… 2.42GB / 850MB Quality… BluRay 1080p / 720p Format…mp4 Duration….2h 02m Genre ….. Thriller, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Lai Laii

6 2014 122 mins
One on One
One Win
6.5

One Win (2024) ***************** IMDb… 6.5 Rebound , Amazon Bullseye တို့လို အားကစားရုပ်ရှင်တွေကို အထူးနှစ်ခြိုက်ခဲ့သူများအတွက် ဒီတစ်ခေါက်မှာတော့ ဘော်လီဘောအားကစားအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Main Cast များအနေနဲ့ ရုပ်ရှင်ချစ်သူများနဲ့ မစိမ်းတဲ့ Parasite , A Taxi Driver မှ Song Kang-Ho နဲ့ Uprising ဇာတ်ကားတို့မှ Park Jeong-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂင်အူဂျင် (Song Kang-Ho) ဟာ ဘော်လီဘောကစားသ‌မားဟောင်းဖြစ်ပြီး လက်ရှိမှာတော့ ကလေးသူငယ် ဘော်လီဘောသင်တန်းကျောင်းကို ဖွင့်ထားပေမဲ့ အရှုံးပေါ်ပြီး သင်တန်းကို ပိတ်ပစ်လိုက်ရတဲ့ အခြေအနေမှာပါ။ အဲဒီအချိန်မှာပဲ တိုက်တိုင်ဆိုင်ဆိုင် ပရိုအသင်း Pink Storm ကနေ နည်းပြလုပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ ဖြစ်ချင်တော့ Pink Storm ကလည်း အဓိက ပွဲထွက်ကစားသမားတွေလည်း အသင်းပြောင်းကုန်ပြီး အရန်ကစားသမားတွေပဲ ကျန်ရှိတော့တာမို့ ဖျက်သိမ်းရတော့မယ်လို့ သတင်းထွက်နေတဲ့ အသင်းဖြစ်နေတာပါပဲ။ အဲဒီလို ဖျက်သိမ်းရခါနီးဆဲဆဲ Pink Storm အသင်းကို ပြန်လည်ဝယ်ယူထားတဲ့ အသင်းပိုင်ရှင်သစ်ကတော့ ဂန်ဂျောင်ဝန်း (Park Jeong-Min) ပါ။ သူ့ရည်ရွယ်ချက်ကတော့ အသင်းကို တစ်ပွဲအနိုင်ရတဲ့အသင်းဖြစ်အောင် လုပ်ပြီး ပြန်ရောင်းထုတ်ဖို့ပါပဲ။ ဒရမ်မာဆန်ဆန် ဇာတ်လမ်းတွေကိုမှ သဘောကျတဲ့ အသင်းပိုင်ရှင်ဂျောင်ဝန်းလည်း Pink Storm သာ တစ်ပွဲနိုင်ခဲ့မယ်ဆိုရင် လက်မှတ်ဝယ်ယူသူများထဲမှ အယောက် ၁၀၀ ရွေးပြီး ပိုက်ဆံ ၂ ဘီလီယံဆုချမယ်လို့ ကတိပြုကြေညာလိုက်တဲ့အခါမှာတော့..။ ဘဝတစ်လျှောက်လုံး ရှုံးနိမ့်ခြင်းနဲ့ပဲ အသားကျနေခဲ့တဲ့ နာမည်မဲ့နည်းပြ ဂင်အူဂျင်နဲ့ Pink Storm အသင်းသားများ ပူးပေါင်းကြိုးစားပြီး တစ်ပွဲအနိုင်ရရှိသွားမလား… ဘော်လီဘောအကြောင်း ဘာတစ်ခုမှမသိဘဲ အသင်းပိုင်ရှင်ဖြစ်လာတဲ့ မရင့်မကျက်သူဌေးသားလေး ဂန်ဂျောင်ဝန်းကရော အသင်းအပေါ်ထားတဲ့ သဘောထားတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File Size : 1.58GB/ 810MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Comedy, Drama, Sports Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo, Miri & Treasure Htet Encoded by Tiff

6.5 2024 107 mins
One Win
The Bear Lake Murders
5.1

The Bear Lake Murders (2025) IMDb Rating (5.1) Mercedes de la Zerda, Tom Stevens, Blake Williams နဲ့ Magalie တို့က ဦးဆောင်ပါဝင်ထားပါတယ်။ Director ကတော့ Danny J.Boyle ဖြစ်ပါတယ်။ ဘာသာပြန်ရင်း သတိရမိတာကတော့ တရုတ်ပြည်မကြီးတံခါးဖွင့်ဝါဒ စကျင့်သုံးတော့ တိန့်ရှောက်ဖိန် ပြောတဲ့စကားပါ။ “အိမ်ပြတင်းပေါက်ကို ဖွင့်လိုက်ရင် လေကောင်းလေသန့်တွေရသလို ခြင်၊ ယင်၊ အမှိုက်တွေလည်း ဝင်လာနိုင်တယ်” ဆိုတာပါ။ ခရီးသွားဧည့်သည်ဆိုတာလည်း ကျနော့်အမြင်အရ မရှိလည်းကောင်း၊ ရှိလည်းကောင်း ပါပဲ။ ဇာတ်လမ်းအကျဉ်း ကွင်းဆက်လူသတ်သမားတစ်ယောက်ကို တပင်တပန်းလိုက်ဖမ်းခဲ့ရလို့ ခြေကုန်လက်ပမ်းကျနေတဲ့ စုံထောက် အယ်လီ ဟာ အနားယူအားပြန်ဖြည့်ဖို့ ဇာတိမြို့လေးကို မပြန်ချင်ပေမယ့် ပြန်လာခဲ့ပါတယ်။ မပြန်ချင်ရတာကတော့ ဇာတ်လမ်းဟောင်းတွေရှိခဲ့တဲ့ လက်ရှိရဲမှူးကြီး ရွိုင်း၊ စစ်မှုထမ်းဟောင်း မိုင်းလ်စ်တို့နဲ့ မတွေ့ချင်တာကြောင့်ဖြစ်ပါတယ်။ သူ့ရဲ့ဇာတိမြို့လေး “ဝက်ဝံကြီးရေကန်”ကလည်း အပန်းဖြေစခန်းအဖြစ် နာမည်ကျော်လာစဖြစ်လို့ ခရီးသွားတွေ၊ ဘလော့ဂါတွေ ခြေချင်းလိမ်နေပါပြီ။ အယ်လီရောက်ပြီး မကြာခင်မှာပဲ သူမ တပင်တပန်းလိုက်ဖမ်းခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားက ထောင်ပြောင်းရင်း ကားမတော်တဆဖြစ်ကာ သူမရဲ့ဇာတိမြို့နားမှာပဲ ပျောက်ဆုံးသွားကြောင်း ကြားရပါတယ်။ မကြာမီမှာပဲ မတော်တဆလိုပုံစံမျိုးတွေနဲ့ လူသတ်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာတော့ အတိတ်ကို အတိတ်မှာထားခဲ့ပြီး စုံထောက် အယ်လီ နဲ့ ရဲမှူး ရွိုင်းတို့ အတူစုံစမ်းကြရာမှ မထင်မှတ်ထားတာတွေ ဖြစ်လာသောအခါ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.3 GB) / (660 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:29:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

Thriller • Crime
5.1 2025 88 mins
The Bear Lake Murders