YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) The Amazing Spider-Man (2012) BluRay DS4K 1080p SDR 10bit HEVC AC3 5.1 Audio.mkv

2.24 GB 1080p video/x-matroska 7328 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
One Million Yen Girl
7.2

ဒီယန်းတစ်သန်းမိန်းကလေးက ၂၀၀၈အနေနဲ့ဆို ဂျပန်ကား တွေမှာ အမျိုးသမီးတစ်ယောက်တည်းကို အဓိကဦးတည် ဇာတ်အိမ်ဖွဲ့ထားတာ ရှားပါးတဲ့သေးတဲ့အချိန်မှာ ဒါရိုက်တာ အသစ်က အမျိုးသမီးတစ်ယောက်တည်းကို အဓိကထား ဇာတ်အိမ်တည်ပြီးရိုက်ထားတာ။ ဒီကားကိုရိုက်တဲ့အမျိုးသမီး ဒါရိုက်တာ Yuki Tanadaက သူတို့လောကမှာ မင်းသမီးတွေ နေရာပိုရအောင် လုပ်ဖို့ကြိုးစားခဲ့တဲ့ ပထမဆုံးမှတ်တိုင်တစ်ခုလို့ ပြောရင်လည်းမမှားဘူး။ Yu Aoi ရဲ့ ပထဆုံး အဓိကဇာတ်ကောင် စစ်စစ် နေရာကို ရခဲ့တဲ့ကားလည်းဟုတ်တယ်။ ဒီကားရဲ့ မင်းသမီး Yu Aoi က လက်ရှိ ဂျပန် Film Industry မှာတော့ ညှို့ဓာတ်အပြင်းဆုံး အလှဆုံးမင်းသမီးလို့ပြောလို့ရတယ်။ Aoiဟာ ဒါတင်မကဘဲ ချစ်ဖို့တော်တော်ကောင်းတဲ့ မင်းသမီးဆိုလည်း မမှားဘူး။ သူရိုက်ခဲ့တဲ့ သက်တမ်းတစ်လျှောက်က ရုပ်ရှင်တွေက နာမည်ကြီးဒါရိုက်တာတွေနဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ကားတွေ တော်တော်များတယ်။ ဂျပန်ရုပ်ရှင်လောကရဲ့ ရုပ်ရှင်ကဝေတစ်ပါး ဖြစ်တဲ့ Shunji Iwaiရဲ့ မာစတာပိစ်ကားဖြစ်ခဲ့တဲ့ All About Lily Chou-Chouမှာလည်း သရုပ်ဆောင်ဖူးသလို Iwaiရဲ့ အစောပိုင်း ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Hana and Aliceမှာလည်း ပေါက်စနလေး ဘဝနဲ့ သရုပ်ဆောင်ဖူးတယ်။ ဒီ One Million Yen Girlကိုရိုက်တဲ့အထိလည်း သူ့ရုပ်က တော်တော်ချစ်ဖို့ကောင်းနေ တုန်းပဲ။ ဒီကားကိုကြည့်ကြည့်ရင်တော့ ကောင်းကောင်းသိနိုင်တယ်။ နောက် 2013 မှာ တိုကျိုစတိုရီကို ပြန်ရိုက်တဲ့ Tokyo Familyမှာလည်း သရုပ်ဆောင်ဖူးတယ်။ နောက်ကျ Rurouni Kenshinကားလေးကားမှာ takani megumi နေရာက သရုပ်ဆောင်ခဲ့တယ်။ နောက်တော့ Birds Without Namesလို ဆုရကားတွေ Wife of a Spyလို ဂျပန် Thriller ဘိုးအေကြီး Kiyoshi Kurosawaရဲ့ ကားတွေမှာသရုပ်ဆောင်ခဲ့တယ်။ ပါရာဆိုက် ဒါရိုက်တာ ဘွန်းဟွန်းဂျိုရိုက်တဲ့"Shaking Tokyo"မှာလည်း သရုပ်ဆာင်ခဲ့သလို ၂၀၂၀မှာတော့ One Million Yen Girlရဲ့ ဒါရိုက်တာ နဲ့ပဲ Romance Dollဆိုတဲ့ကားကို သရုပ်ဆောင်ခဲ့တယ်။ လက်ရှိတော့ မနှစ်က အေဂျင်စီကနေထွက်ပြီး ကိုယ်ပိုင်အေဂျင်စီထောင်တယ်ကြား ရတာအပြင် ဘာရုပ်ရှင်မှထွက်မလာသေးဘူး။ ဒီကားက မိသားစုဒရာမာကားလို့ ပြောရင်လည်းမမှားဘူး။ ဒါပေမဲ့ ကြည် နူးစရာအတိတော့မဟုတ်ဘူး။ Aoiရဲ့ဇာတ်ကောင်ဖြစ်တဲ့ ဆုဇုခိုဟာ အိမ် ကနေထွက်ပြီး အပြင်မှာသွားနေရာက သူ့ကြောင်လေးကို လွင့်ပစ်လိုက်တဲ့ အခန်းဖော်ရဲ့ ပစ္စည်းတွေအကုန် လွှင့်ပစ်မိရာက ထောင်ကျသွားတယ်။ ထောင်ကျတာက သိပ်မကြာလိုက်ပေမဲ့ နာမည်ပျက်ပြီး ပတ်ဝန်းကျင်က မကောင်းပြောကြရော။ ဒီတော့ သူက ယန်းတစ်သန်းစုတယ် ပြည့်ရင် တခြားတစ်နယ်မှာ သွားနေဖို့လုပ်တယ်။ နေရာအသစ်ကိုရောက်လိုက် လူအသစ်တွေနဲ့စစချင်းအဆင်ပြေလိုက် နောက်ပိုင်းအဆင်မပြေလိုက် ယန်းတစ်သန်းစုလိုက် ပြောင်းလိုက်နဲ့ သူက ဒီလိုပဲ ခြေဦးတည့်ရာ သွား ရင်းနေလာခဲ့တယ်။ လူတွေဆီက ထွက်ပြေးဖို့ ကြိုးစားတဲ့ကောင်မလေးရဲ့ ခရီးက ဘယ်မှာဆုံးမလဲ လောကကိုရင်မဆိုင်ရတဲ့ကောင်မလေးတစ်ယောက် လောကကို ဘယ်လိုရင်ဆိုင်ရမလဲ ကျွန်တော်တို့ ယန်းတစ်သန်းမိန်းကလေး ကားမှာ မြင်ရလိမ့်မယ်။ ဇာတ်အိမ်လည်းကောင်းသလို ယု အအိုအိနဲ့တင် တန်နေတဲ့ ရုပ်ရှင်မို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.34 GB) / (892 MB) / (517 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......WiRa Aung Encoder..........Zin Phyo Aung

Crime • Drama • Mystery
7.2 2008 121 mins
One Million Yen Girl
Bank of Dave
7.4

ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ Daveအနေနဲ့ James Bondရုပ်ရှင်တွေဖြစ်တဲ့ No time to die , Skyfall , Being James Bondတို့အပြင် The imitation game၊ Peterloတို့လို ဇာတ်ကားကောင်းတွေအပြင် တခြားသောရုပ်ရှင်တွေ၊ စီးရီးတွေထဲမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ Rory Kinnearကြီးက ဒီဇာတ်ကားကိုဦးဆောင်သရုပ်ဆောင်ထားပါတယ်။ ထို့အပြင် Game of Thrones၊ Cruella၊ Paddington 2၊ A boy called Christmasအစရှိတဲ့ ဇာတ်လမ်းကောင်းတဲ့ရုပ်ရှင်တွေထဲမှာ ပါဝင်သရုပ်ခဲ့ဖူးတဲ့ Joel Fryကလည်း Daveရဲ့ရှေ့နေ ဟူ့စတော့ဝဲလ်အနေနဲ့သရုပ်ထားပြီး Bridgertonထဲက မင်းသမီးချောလေး Phoebe Dynevorလည်းDaveရဲ့တူမအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သင်ဟာဘောလုံးပရိသတ်တွေဆိုရင် သိမှာသေချာတဲ့ ဘန်လေမြို့လေးက ဒေ့ဖစ်ဝစ်ဆိုတဲ့ အသေးစားသူဌေးတစ်ယောက်က ဘန်လေမြို့က လူတွေ စီးပွားရေးတွေအတွက် ထောက်ပံ့ဆောင်ရွက်ကူညီပေးနေသူဖြစ်ပါတယ်။ သူက တစ်နေ့မှာ ဒေ့ရဲ့ဘဏ်လို့ခေါ်တဲ့ဘဏ်အသေးစားလေးတစ်ခုကိုဖွင့်လှစ်ချင်လာပါတယ်။ ဒါပေမဲ့ UKနိုင်ငံရဲ့ ဘဏ္ဍာရေးစည်းမျဉ်းများဘုတ်အဖွဲ့ဟာ ဘဏ်လောကကို လက်ဝါးကြီးအုပ်ထားပြီး ဘဏ်အသစ်တွေကိုတည်ထောင်ခွင့်မပေးတော့တာနှစ်၁၅၀ရှိပါပြီ။ ထိုသူတွေက လူတွေကိုကူညီပေးမယ့် ဒေ့ရဲ့ဘဏ်တည်ထောင်ရေးကို အမဲလိုက်ဖျက်ပါတော့။ ထိုသူတွေယုတ်မာတာကို ဒေ့တစ်ယောက် ကျော်ဖြတ်သွားနိုင်ပါ့မလား၊ UKလိုချမ်းသာတဲ့နိုင်ငံမှာ ဘန်လေမြို့လေးဆင်းရဲတွင်းကနေ လွတ်မြောက်သွားမလားဆိုတာ ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေးကနေကြည့်ရှုကြလိုက်ပါအုန်းခင်ဗျ။ ဒီကားလေးကိုကြည့်လိုက်ရင် လုပ်ငန်းသစ်စချင်တဲ့လူတွေ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ချင်နေသူတွေစသဖြင့် Motivationဖြစ်စေမှာဖြစ်ပါတယ်။ ၄ရက်လောက်အချိန်ယူ ဘာသာပြန်ပေးထားလို့ ကြည့်ရှူပေးကြဖို့ တိုက်တွန်းပါတယ်။ File size…(1.41GB)  / (799MB) /387MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:19:00 Genre... Biography / Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Min Khant Kyi Win

Drama
7.4 2023 107 mins
Bank of Dave
Ju-on: The Grudge
6.7

ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၂ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင်ပါပဲ။ နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ သေဆုံးကုန်ပါတယ်။ အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှကို ကျိန်စာတိုက်ခဲ့ပါတယ်။ ကျိန်စာမိသွားတဲ့သူတစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ကျိန်စာကူးပြောင်းကာ ထူးဆန်းစွာနဲ့ ထပ်မံသေဆုံးရပါတယ်။ ဒီအိမ်မှာ လက်ရှိနေထိုင်နေတဲ့ နခဂဝါမိသားစုဝင်တွေရော ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံရပြီး ကျိန်စာသင့်ကြဦးမှာပါလဲ။ သရဲ တစ္ဆေနဲ့ ကျိန်စာဇာတ်လမ်းတွေနှစ်သက်တဲ့ သူတွေအတွက် ကားကောင်းတစ်ကားဖြစ်မှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.6GB) / (750MB) Quality__BluRay_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:32:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Action • Comedy • Crime
6.7 2002 92 mins
Ju-on: The Grudge
Glass
6.7

ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ သူ့ေ့ရှကထွက်နှင့်ထားပြီးသားဖြစ်တဲ့ The Unbreakable (2000) နဲ့ Split (2016) တို့ကိုအရင်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားသုံးကားဟာ ချိတ်ဆက်နေတယကြောင့်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ေ့ရှနှစ်ကားမှာဇာတ်ကောင်တွေရဲ့စရိုက်သဘာဝတွေကိုရိုက်ကူးထားတာဆိုတော့ အဲ့ကားတွေအရင်ကြည့်ပြီးရင် ဒီကားဟာအချိတ်အဆက်ရှိရှိကြည့်လို့ကောင်းမယ့်ကားပဲဖြစ်ပါတယ်။ Thriller/Si-Fi ဇာတ်ကားအမျိုးအစားဖြစ်ပြီးတော့ Cast တွေဟာလည်း သဘာရင့်မင်းသားကြီးတွေဖြစ်တဲ့ ေ့ရှကားတွေမှာလည်းပါဝင်ပြီးသားဖြစ်တဲ့ Bruce Willis, Samuel L.Jackson နဲ့ James McAvoy တို့ပဲဖြစ်ပါတယ်။ ဉာဏ်ကြီးရှင်ဖြစ်သူ Mr.Glass ခေါ် Elijah ၊ စိတ်စရိုက်ပေါင်း ၂၄မျိုးနဲ့ Keven ၊ သူမတူတဲ့ခွန်အားတွေရှိတဲ့ David တို့သုံးယောက်ကို ချုပ်နှောင်ထားပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ရာကစပါတယ်။ သူတို့ကိုယ်သူတို့ သဘာဝလွန်စွမ်းအားတယ်ရှိတယ်ဆိုတာကို မဟုတ်ကြောင်း၊ စိတ်ရောဂါတစ်ခုသာဖြစ်ကြောင်းဖြေရှင်းဖို့စမ်းသပ်နေကြတာပာ။ အစကတော့သီးခြားစီခွဲခြားပြီးလုပ်နေကြပေမဲ့ သုံးယောက်သားပူးပေါင်းမိမှာတော့ ရှုပ်ထွေးမှုတွေစပါတော့တယ်။ အထူးသဖြင့် Mr.Glass ၂၄မျိုးဘွဲ့ရှင် Keven တို့ပဲဖြစ်ပါတယ်။ တစ်ယောက်လည်း အင်မတန်ထူးဆန်းတဲ့ဦးနှောက်၊ နောက်တစ်ယောက်က ရှင်းပြရခက်တဲ့အမူအကျင့်တွေနဲ့ ပေါင်းမိတာအပြင် အဲ့ဒီစမ်းသပ်ခန်းကပါလွတ်ထွက်သွားလိုက်တော့ လိုက်ဖြေရှင်းရတာပါပဲ။ ဒါပေမဲ့ Mr. Glass ဟာလည်းသူ့ရဲ့ရည်ရွယ်ချက်အစစ်ကဘာလဲ။ Keven ဟာလည်းသူ့ရဲ့နောက်ဆုံးစရိုက်ဖြစ်တဲ့ The Beast ကအဓိကလွှမ်းမိုးနေတော့ သောင်းကျန်း၊ အထူးသဖြင့်သူနဲ့ယှဉ်နိုင်တဲ့ David နဲ့ထိပ်တိုက်တွေ့ချင်နေတာပါပဲ။ အဲဒီနောက် ပွဲစီစဉ်သူကြီး Mr.Glass ရဲ့ကောင်းမှုနဲ့ Demon စရိုက်ရှိတဲ့Keven နဲ့ ပင်ကိုယ်စိတ်ရင်းကောင်းတဲ့ David တို့ဘယ်လိုထိပ်တိုက်တွေ့ကြမယ်ဆိုတယ စောင့်ကြည့်စေချင်ပါတယ်။ ေ့ရှကားတွေနဲ့အတူအဆက်အစပ်ရှိရှိကြည့်မယ်ဆိုရင် တော်တော်စိတ်ဝင်စားစရာကောင်းပြီး ဝါရင့်မင်းသားကြီးတွေရဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ရသအမျိုးမျိုးခံစားနိုင်ကြမှာလည်းဖြစ်ပါတယ်။

Comedy • Romance • TV Movie
6.7 2019 129 mins
Glass
Stand Up Rahul
5.1

Stand Up Rahul (2022) IMDb-5.1/10 ချစ်သူတွေကြားမှာ အချစ်ဆိုတာထက်ပိုအရေးကြီးတာတွေရှိတတ်ကြတာပဲလေ။ ဒါကိုနားမလည်နိုင်ဘဲဘာနေနေ မချစ်လို့ဖြစ်တာ၊အဲလိုလုပ်မှာပေါ့ ငါ့ကိုမှမချစ်တော့တာဆိုရင် အဲဒီလိုမျိုး Relationshipတခုဟာ ရေရှည်တည်မြဲနေနိုင်ပေမယ့် ပျော်ရွှင်စရာဆိုတဲ့အရာတော့ တဖြည်းဖြည်းဆိတ်သုန်းလာမှာပဲ။ ရာဟူးလ်က ချစ်တတ်ပြီး ချစ်သူကိုအနွံတာခံပေမယ့် အိမ်ထောင်မှုဆိုတာကို မယုံကြည်တဲ့သူ၊အိမ်ထောင်သည်ဘ၀ဆိုတာ သူ့အဖေနဲ့အမေလို ရန်တကျက်ကျက်ဖြစ်ရင်းနဲ့ သူလို ငတိတကောင်ကိုမွေးထုတ်ပေးရုံသက်သက်ကိစ္စတခုလိုတွေးမြင်ထားတာ၊ လမ်းပျောက်နေပြီး မိသားစုတွေမိတ်ဆွေတွေရဲ့ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားဆိုတာတွေကိုလည်း နားမဝင်တဲ့သူ၊စင်ပေါ်ကနေ ဟာသတွေပြောရတဲ့အလုပ်ကို ဝါသနာပါတဲ့သူ၊သူ့ချစ်သူကောင်မလေးကကျ ချစ်သူတွေရဲ့နောက်တဆင့်က ပျော်ရွှင်စွာအတူလက်ထပ်နေထိုင် ပေါင်းသင်းသွားကြလေသတည်းဆိုတာမျိုးကို စိတ်ကူးယဉ်တဲ့သူဖြစ်ပေမယ့် ချစ်သူစိတ်ချမ်းသာရင်ပြီးတာပဲ ဆိုတဲ့စိတ်နဲ့ ဒီတိုင်းLiving Togetherပဲနေကြတယ်။ သူ့မိဘတွေက ရာဟူးလ်နဲ့လက်မထပ်ဘဲအတူနေမှန်းမသိကြ။သူတို့နှစ်ယောက်နေတဲ့အိမ်ရောက်လာပြီး တခြားတယောက်နဲ့ လက်ထပ်ဖို့စီစဉ်ပေးပါရော။အိမ်ထောင်ရေးကိုမယုံကြည်တဲ့ ရာဟူးလ်တယောက် မင်္ဂလာဆောင်ရတော့မယ့်ချစ်သူကို ချစ်သူအလိုကျ အိမ်ထောင်မှုတခုတည်ဆောက်လိုက်နိုင်မလား၊သူဝါသနာပါတဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်မလားဆိုတာကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ရိုမန့်စ်ဟာသအချစ်ဇာတ်ကားလေးပါ။ (အညွှန်းကို Yunniမှရေးထားပြီး Yunni,BpL,V,Sai,ThaikSanတို့ဘာသာပြန်ထားပါတယ်)

5.1 2023 130 mins
Stand Up Rahul
Tale of the Night
5.6

အခုတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ပေးမဲ့ရုပ်ရှင်ကတော့ တရုတ်နိုင်ငံက ချန်ရှားဆိုတဲ့ မြို့ကြီးတစ်မြို့ရဲ့ ညအချိန် စည်ကားသိုက်မြိုက်မှုတွေကို ပုံဖော်ထားတဲ့ Tale of The Night ဆိုတဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချန်ရှားရဲ့ ထူးခြားလှတဲ့ ညတစ်ညမှာ ညဇီးကွက် ကျင်ဝေဝေက စာအုပ်ဆိုင်မှာ နောက်နေ့မနက်မှာ ဇာတိက ထွက်ခွါသွားတော့မဲ့ ဟယ်ရှီးရှီးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက် အတူတကွ ချန်ရှားညကို အလည်သွားဖို့ သဘောတူခဲ့ကြတယ်။ တစ်ဖက်က ချန်ရှင်းကျစ်၊ လျန်ပေါင်ချီ၊ လောင်ရှဲ့တို့တစ်တွေဟာ ကစားကွင်းမှ ဝန်ထမ်းများဖြစ်ကြပါတယ်။ သူတို့က ညရှုခင်းကို ရှုစားရင်း အလုပ်လုပ်ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်နေကြတယ်။ ညလယ်စာအဓိကရောင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင် အစ်မလိအတွက် ဒီညဟာ သူမရဲ့ နောက်ဆုံးအကြိမ် ခေါက်ဆွဲချက်ခြင်းဖြစ်ပါတယ်။ သူမက သူမတပည့်ကို စားသောက်ဆိုင်ကို ဆက်ခံခိုင်းဖို့ ဆုံးဖြတ်ထားခဲ့တယ်။ Talk show ဖျော်ဖြေသူ ဟယ်အန့်ရဲ့ ဒီနေ့ည ဖျော်ဖြေပွဲမှ ာ အဖေဖြစ်သူက လာရောက် ကြည့်ရှုခဲ့တယ်။ သူ့ရဲ့ အလုပ်ကို မိသားစုက မထောက်ခံတဲ့အတွက် အမြဲတမ်းရန်ဖြစ်နေရတယ်။ ဒါပေမဲ့ မိဘရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာနဲ့ သူ့ကို အမြဲတမ်း ခွင့်လွှတ်ပေးခဲ့ကြတယ်။ ညအချိန်လည်း ကုန်ဆုံးတော့မယ် လူအများက စားသောက်ဆိုင်မှာ ခေါက်ဆွဲစားနေကြတယ်။ တွေ့ဆုံခြင်း၊ နှစ်သက်ခြင်း၊ နေခဲ့ခြင်း၊ ထွက်ခွါခြင်း၊ နားလည်မှုရခြင်း၊ ပြန်လည်ဆုံတွေ့ခြင်း တွေဟာ ဒီမြို့ထဲမှာပဲ ဖြစ်ပျက်နေပြီး လူတိုင်းက ဒီမြို့ကို နှစ်သက်ဖို့ အကြောင်းပြချက် ကိုယ်စီ ရှိနေကြပါတယ်။

5.6 2023
Tale of the Night
Dust To Dust
6.1

တရားခံကိုဖမ်းနိုင်ဖို့ (၂၁)နှစ်ကြာခဲ့တဲ့ (၁၉၉၅)ခုနှစ်မှာဖြစ်ခဲ့တဲ့ ဘဏ်ဓားပြမှုကိုအခြေခံပြီးရိုက်ထားတဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါ။ (၁၉၉၅)ခုနှစ် ကွမ်းတုံရဲ့ ငွေစုဘဏ်လေးတစ်ခုမှာ လူနှစ်ယောက်သေနတ်နဲ့ဝင်ပြီးဓားပြတိုက်တဲ့အမှုဖြစ်ခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ဘဏ်ရဲ့ငွေသယ်ယာဉ်ကိုဓားပြတိုက်မှုဖြစ်သွားပါတယ်။ တစ်ခါမှာတော့ ဘဏ်ဝန်ထမ်း(၃)ယောက်သေခဲ့ပြီး ငွေပမာဏဟာလဲအဲဒီအချိန်မှာ အများဆုံးအဖြစ်စံချိန်တင်သွားပါတယ်။ နယ်မြေ(၃)ခုကရဲတွေဟာပူးပေါင်းပြီးစုံစမ်းခဲ့လို့ တရားခံ(၅)ယောက်ကို အမြန်ဖမ်းနိုင်ခဲ့ပေမယ့် ကျန်တဲ့နှစ်ယောက်ကတော့ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ (၂၁)နှစ်ကြာပြီးမှ တရားခံတစ်ယောက်ကို နယ်စပ်မြို့တစ်မြို့မှာ ပြန်တွေ့လိုက်ရတဲ့အခါ အမှုကပြန်ပြီးအသက်ဝင်လာပါတော့တယ်။ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းတစ်ခုလုံးကိုကစိတ်ဝင်စားဖို့ကောင်းပြီး ဒါရိုက်တာကလဲ ကောင်းကောင်းတင်ဆက်ပေးနိုင်တဲ့အတွက် မှုခင်းဇာတ်ကားကောင်းလေးတွေကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ပါတယ်။

Fantasy • Drama • Romance
6.1 2023
Dust To Dust
Letters to Santa
5.9

Letters to Santa (2023) ================= IMDb Rating – 5.9/10 ခရစ္စမတ်ကာလမှာ မိသားစုနဲ့အတူကြည့်ရှုလို့ကောင်းမယ့် ဇာတ်ကားလေးကို တင်ဆက်ပေး လိုက်ပါတယ်။ အန်းနရစ်တို့ဇနီးမောင်နှံက အကြောင်းကိစ္စတစ်ခု ကြောင့် စိတ်အလိုမကျဖြစ်ပြီး သီးခြားစီ အိမ်ခွဲနေကြတာပါ။ သူတို့မှာ ဆမ်နဲ့ အစ်ဇီဆိုတဲ့ကလေးနှစ်ယောက်ရှိတယ်။ ခရစ္စမတ်ပိတ်ရက်မှာ ကလေးတွေကို စာအုပ်ဆိုင်လိုက်ပို့ရင်းနဲ့ ကလေးတွေက ဆန်တာဖိုးဖိုးနဲ့ဓာတ်ပုံရိုက်ကြတာပေါ့။ အဲဒီမှာ ကလေးတွေကို ဘာလိုချင်လဲမေး‌တော့ အငယ်လေးအစ်ဇီက မရေမရာ ဖြစ်နေတာနဲ့ ဆန်တာဖိုးဖိုးက မှော်ဘောပင်လေးတစ်ခုလက်ဆောင်ပေးလိုက် တယ်။ မှော်ဘောပင်နဲ့ ဆန်တာဖိုးဖိုးဆီစာရေးလိုက်ရင် ဆန္ဒတွေ တကယ်ဖြစ် လာမယ်ပေါ့။ ဒါပေမဲ့ ဒီမှော်ဘောပင်က အရာရာကိုမပေးနိုင်ဘူး။ ကိုယ့်ကျိုးအတွက်မဟုတ်ဘဲ တဖက်သားကိုအကျိုးရှိစေမယ့်ဆန္ဒမျိုးမှ ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆန်တာဖိုးဖိုး က မှာလိုက်တယ်။ ဒီလိုနဲ့အစ်ဇီက ညရောက်တာနဲ့ခွေးလေးလိုချင်တယ်ဆိုပြီး ဆန် တာ့ဆီကို စာရေးပို့လိုက်တဲ့အခါ…တကယ်ရော ခွေးလေးက ရောက်လာမှာလား။ တခြားဘာတွေများ ထပ်ပြီးတောင်းဆိုကြမလဲဆိုတာသိချင်ရင် ဒီဇာတ်ကားလေးကို ကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။ စိတ်ပင်ပန်းနေတဲ့သူတွေအတွက် အချိန်ပေးရကျိုး နပ်စေမယ့် ပေါ့ပေါ့ပါးပါးစီးမြောရမယ့် ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.55 GB) / (674 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….ZWT Encoder……….SWM

5.9 2023 84 mins
Letters to Santa
The EGGsplosive Easter
7.2

မင်္ဂလာပါရုပ်ရှင်ချစ်သူတို့ရေ ၊ဒီနေ့မှာတော့Eggsplosive Easterဆိုနဲ့Ukrainရဲ့2024 ရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာကတော့ Ukrainစစ်ပွဲတွင်းမှာ Ivan Zabiyakaဆိုတဲ့ရထားလမ်းအလုပ်သမားအဘိုးအိုကြီးကဖောက်ခွဲမှုလုပ်လို့အဖမ်းခံလိုက်ရပါတယ်။Zabiakမိသားစုဟာတစ်ဦးနဲ့တစ်ဦးမတွေ့ကြတာကြာပါပြီ။ဖခင်ဖြစ်သူ Ivan အဖမ်းခံရပြီးနောက်နေ့မှာပဲသူ့ရဲ့သားသမီးတွေက အီစတာပွဲကျင်းပဖို့သူတို့အဖေဆီလာခဲ့ကြပါတယ်။ အဲ့မှာပဲ သူတို့အဖေကိုအဖမ်းခံရတဲ့အဖြစ်ထပ်မဖြစ်စေဖို့Mikhailo Pulianskyiဆိုတဲ့မြေးဖြစ်သူကိုအဘိုးကိုလိုက်လံစောင့်ကြည့်ဖို့ခိုင်းလိုက်ပါတယ်။Ivanကရုရှားကိုကိုယ်တိုင်တိုက်ဖို့ဒုံးပျံဆောက်နေမှန်းသိတဲ့အခါမှာ မြေးအဖိုးပေါင်းဒုံးပျံဆောက်ဖို့ကြံကြပါတယ်။သူတို့လုပ်တဲ့အကြံအစည်အောင်မြင်ရဲ့လားဆိုတာကိုတော့ဇာတ်လမ်းလေးကြည့်ပြီးရှုစားပေးပါဦး။ File size…(1.7 GB)/(950 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Ye Htut

7.2 2024
The EGGsplosive Easter
Witness
7.4

ဒီရုပ်ရှင်ကတော့ စိတ်လှုပ်ရှားစရာ၊ လွမ်းမောစရာတွေနဲ့ ပြည့်နေတဲ့ သည်းထိတ်ရင်ဖိုအချစ်ဇာတ်လမ်းလေးလို့ ပြောရမှာပဲ ရိုက်ထားတာ ၁၉၈၅ ခုနှစ်တုန်းကတည်းကဆိုပေမယ့် အခုအချိန်အထိ တော်တော်လေး ကြည့်လို့ကောင်းတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားထဲမှာပါပါတယ် ဒီရုပ်ရှင်က ဒါရိုက်တာပီတာရေးရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ခုဆိုလည်း မမှားဘူး အကယ်ဒမီဇကာတင်စာရင်းမှာတောင် စာရင်းသွင်းတာခံထားရတဲ့ ကားတစ်ကားပါ ဇာတ်ကားထဲမှာ အားမစ်ရှ်လို့ခေါ်တဲ့ မိမိမှာရှိတာလေးနဲ့ တင်းတိမ်ရောင့်ရဲပြီး နေတတ်ကြတဲ့ လူ့အဖွဲ့အစည်းတစ်ခုနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ခေတ်ပေါ်နည်းပညာတွေအပေါ် အရမ်း မှီခိုနေကြတဲ့ အမေရိကန်တွေအကြောင်း ယှဉ်တွဲပြထားတယ် အားမစ်ရှ်တွေဟာ သူတို့အသိုင်းအဝိုင်းရဲ့ပြင်ပက လူတွေကို သံသယမျက်လုံးနဲ့ကြည့်လေ့ရှိပြီး သူတို့ပတ်ဝန်းကျင်မှာ ဘယ်လောက်ပဲတိုးတက်နေနေ သူတို့ကတော့ မြင်းတွေ ရထားတွေနဲ့ သွားလာကြတုန်း လျှပ်စစ်မီးအစား မီးအိမ်တွေ သုံးကြတုန်းပါပဲ ဇာတ်လမ်းအစမှာ အဓိကဇာတ်ကောင်မင်းသမီးရဲ့ ယောကျာ်း အားမစ်ရှ်တစ်ယောက်သေသွားတယ် မင်းသမီးနဲ့ သူ့သားငယ်လေးတို့က ရထားနဲ့ သူ့ညီမဆီကို ခရီးထွက်လာကြတယ် ရထားဘူတာရုံမှာ ကလေးလေးက လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်သွားတယ် ဒီမှာ အားလုံးသိကြတဲ့ မင်းသား ဟယ်ရီဆင်ဖို့ဒ်က ဒီအမှုကို ကိုင်တွယ်ရတဲ့ ရဲအရာရှိပေါ့ ဒါပေမယ့် ရိုးရိုးသာမန် လူသတ်မှုတစ်ခုကနေ ရဲဌာနက အကြီးအကဲပါ ပါဝင်ပတ်သက်နေတဲ့ အမှုတစ်ခုဖြစ်လာတဲ့အခါမှာတော့ မင်းသားအတွက်ရော မင်းသမီးအတွက်ရော အဓိကမျက်မြင်သက်သေဖြစ်နေတဲ့ ကလေးလေးအတွက်ပါ အရမ်းအန္တရာယ်ရှိလာပါတော့တယ် ဇာတ်ကားလေးမှာ ထူးခြားတဲ့ အချက်က ပုံမှန်သည်းထိတ်ရင်ဖိုရုပ်ရှင်တွေမှာ မြင်နေကျလိုမျိုး မင်းသားနဲ့မင်းသမီး ချစ်သွားကြလေသတည်းဆိုတာမျိုး လုံးဝမဟုတ်ပဲ ကိုယ့်စံနှုန်းတွေနဲ့ကိုယ် နေထိုင်ခဲ့ကြတဲ့ မတူညီတဲ့ ကမ္ဘာက လူနှစ်ယောက်၊ အန္တရာယ်တောကြီးကို အတူကျော်ဖြတ်ကြရင်း တစ်ယောက်အပေါ် တစ်ယောက်ခံစားချက်တွေရှိလာတဲ့ အကြောင်းလေးပါ ကဲ ကြည့်ရှုခံစားကြည့်လိုက်ပါဦး File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:52:00 Genre… Drama, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Bunny

7.4 1985
Witness
Detective K: Secret of Virtuous Widow
6.5

Detective K: Secret of Virtuous Widow (2011) ************************************************** Comedy, Mystery ဇာတ်လမ်းအမျိုးအစား ဖြစ်တဲ့ ဂျိုဆွန်းခေတ်ရဲ့ စုံထောက်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးက 2011,2015,2018 ဆိုပြီး 3ကားထွက်ရှိထားပြီး တစ်ကားချင်းစီမှာ မတူညီတဲ့ အမှုတွေကို စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်ကြီးကတော့ Your Honor ဇာတ်လမ်းတွဲထဲက မင်းသားကြီး Kim Myung Min နဲ့အတူ Oh Dal Soo၊ Han Ji Min တို့အပြင် နာမည်ကျော် ဇာတ်ပို့ဇာတ်ရန်များစွာ ပါရှိထားပါတယ်။ -ဇာတ်လမ်းအကျဥ်း- ဂျိုဆွန်းခေတ် ဂျောင်ဂျိုဘုရင်လက်ထက်မှာ အစိုးရ အမှုထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ အတူ နောက်ဆက်တွဲ လူသတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဂျောင်ဂျိုဘုရင် ခန့်အပ်ထားတဲ့ လျှို့ဝက်အထောက်တော်ကြီး ဂင်မင်းဟာ ဒီလူသတ်မှုကို စုံစမ်းရင်းကနေ ကံဆိုးစွာနဲ့ပဲ တရားခံအဖြစ် အထင်လွဲခံရပြီး အကျဉ်းချခံလိုက်ရပါတယ်။ ဒါပေမဲ့ အထော်တော်ကြီးဟာ အကျည်းထောင်ကို ဖောက်ပြေးခဲ့တာကြောင့် ဘုရင်က နယ်နှင်ဒဏ်ပေးလိုက်ပြီး မုဆိုးမ အမှုတစ်ခုကို စုံစမ်းစေခဲ့ပါတယ်။ အဲဒီလိုနဲ့ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ အထောက်တော်ကြီးဟာ မထင်မှတ်ဘဲ သိကျွမ်းခဲ့ရတဲ့ သူ့ရဲ့ မိတ်ဆွေကြီး ဟန်ဆောဖီးနဲ့ အတူ ဂျော့ဆောင်းဆိုတဲ့ နယ်ဘက်ကို ရောက်ရှိလာပြီး ပေးအပ်ထားတဲ့ တာဝန်အတိုင်း အမှုကို စုံစမ်းဖော်ထုတ်သွားမှာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဂျိုဆွန်းခေတ် စုံထောက်ကြီးရဲ့ အမှုလိုက် ခရီးစဉ်ကို ဟာသနှောပြီး ရိုက်ကူးထားတာမို့လို့ အပန်းပြေစေမဲ့ ဇာတ်ကားလေး ဖြစ်စေမှာ အမှန်ပါပဲ။ (ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။) File size…3.50GB / 1.26GB Quality… Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration….1h 57m Genre ….. Adventure, Historical, Mystery, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Treasure Htet, Stary & Hnin Wai Oo

Comedy
6.5 2011 115 mins
Detective K: Secret of Virtuous Widow
Scooby-Doo and the Ghoul School
6.8

ဒီဇာတ်လမ်းလေးမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော် ရှက်ဂီနဲ့ စကူဘီတို့ကို ကျောင်းတစ်ခုမှာ စာသင်ပေးဖို့ ဆရာအဖြစ်ဖိတ်ခေါ်ခံရပါတယ် ဒီလိုနဲ့ အဲဒီကျောင်းလေးကို ရောက်သွားချိန်မှာတော့ ဒီကျောင်းဟာ သာမန်ကျောင်းတစ်ခုမဟုတ်ဘဲ မကောင်းဆိုးဝါးတွေကို သင်ပေးရတဲ့ ကျောင်းတစ်ကျောင်းဖြစ်နေတာကို သိလိုက်ရပါတယ် ဒီလိုနဲ့ သာမန်မဟုတ်တဲ့ကျောင်းတစ်ခုမှာ ရှက်ဂီတို့တွေ သာမန်လူသား‌ကျောင်းသားတွေနဲ့ မတူဘဲ အစွမ်းရှိတဲ့ ကျောင်းသားတွေကို စာသင်ဖို့ လုံးပန်းနေရင်း ကျောင်းကို အန္တရာယ်ပေးမယ့် သူရှိနေတာကို သိလိုက်ရတဲ့ အခါ စကူဘီတို့တွေ ဒီထူးဆန်းမှုတွေကို ဖော်ထုတ်ရပါတော့တယ် File Size : 2.2 GB, 1.1 GB Quality : WEB-DL 1080p / 720p Running Time : 1hr 32min Format : Mp4 Genre : Adventure, Comedy, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Jia Encode by : Thit San Khant

Comedy • Romance
6.8 1988 93 mins
Scooby-Doo and the Ghoul School
Screw Mickiewicz Piep*zyc Mickiewicza
4.7

Screw Mickiewicz (2024) IMDb Rating (4.7) ဒီကားလေးမှာ တစ်ကျောင်းလုံးရဲ့ အဆိုးဆုံးကျောင်းသားတွေရှိတဲ့ Bခန်းကို ကိုင်တွယ်ဖို့ဖြစ်လာတဲ့ ဆရာသစ်ဖြစ်သူ Jan Sienkiewicz ရဲ့ ကိုင်တွယ်ပုံအဆန်းတွေကို ရယ်မောရင်း စိတ်ဝင်တစားကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ဒီလိုခပ်ဆိုးဆိုးကျောင်းသားတွေကို ကိုင်တွယ်ရတဲ့ ဆရာတွေရဲ့ ဇာတ်ကားတွေ အများကြီးရှိပေမယ့် ဒီကားလေးကတော့ တမူထူးခြားပါတယ်။ စာလုပ်ဖို့ထက် မူးရူးသောင်းကျန်းဖို့ပဲ ပိုစိတ်ဝင်စားတဲ့ ကျောင်းသားတွေကို ပိုလန်စာဆိုတော်ကြီးတစ်ယောက်ရဲ့ စာစီစာကုံး ရေးခိုင်းတဲ့အခါမှာ သူတို့ ဘယ်လိုတုံ့ပြန်ကြမလဲ။ ဆန္ဒပြကြမှာလား။ ဒါမှမဟုတ် တခြားဘယ်လို ပြုမူကြမလဲ။ ဆရာက သူတို့ကို ထုံးစံအတိုင်း သင်မှာမဟုတ်ဘူးဆိုရင် စာပေကို ဘယ်လို သင်ပေးမလဲ။ သူတို့ကရော ဘယ်လို တုံ့ပြန်ကြမလဲ။ ဒါမှမဟုတ် သူတို့ရဲ့ ပုန်ကန်တဲ့စိတ်ကို ပိုပြီး လှုံ့ဆော်ပေးသလို ဖြစ်သွားမှာလား။ ဆရာက သည်းခံမှုရှိရှိ သင်ပေးနိုင်ပါ့မလား။ ဒီဇာတ်လမ်းက သင်ယူမှုနဲ့ ပတ်သက်ပြီး ဘယ်လို အမြင်သစ်တွေ ပေးမလဲ။ ဆရာနဲ့ ကျောင်းသားတွေရဲ့ ဆက်ဆံရေးက ဘယ်လို ပြောင်းလဲသွားမလဲ။ ဒီဇာတ်လမ်းက လူငယ်တွေကို ပညာရေးစနစ်ကို ပြန်လည်သုံးသပ်စေနိုင်မှာလား။ ဒါမှမဟုတ် ဆရာက သူတို့ကို ပြင်းပြင်းထန်ထန်ပဲ ဆုံးမမှာလား.. စသဖြင့် ဇာတ်ကားကြည့်ရင်း ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းလေးတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mahaw ဖြစ်ပါတယ်။) File size…(2.5 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:41:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mahaw

Drama • Romance • Comedy
4.7 2024 98 mins
Screw Mickiewicz Piep*zyc Mickiewicza