YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) The Aeronauts 2019 (Large Size).mp4

944.68 MB N/A video/mp4 1958 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ

ယဉ်ကျေးမှု ဆိုတာကို " သဘာဝပတ်ဝန်းကျင်မှ လူတိုင်းကိုယ်တိုင်ဖန်တီးယူသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ယဉ်ကျေးမှု ဆိုသည်မှာ လူတစ်မျိုး၏ ဘဝတည်ဆောက် ပျိုးထောင်ပုံ နည်းနာများသာ ဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်းအတွင်း၌ လူတို့ ဆက်ဆံ နေထိုင်စားသောက် လှုပ်ရှားသည့် ပုံစံသည် လူတို့၏ ယဉ်ကျေးမှု စနစ်ဖြစ်သည်"လို့ ဖွင့်ဆိုထားတယ်။ သူ့ဖွင့်ဆိုချက်အတိုင်းပဲ ယဉ်ကျေးမှုဟာ ရွေ့လျောသွားတဲ့နေရာ ရွေ့လျားသွားတဲ့ပတ်ဝန်းကျင်ကိုလိုက်ပြီး မတူညီကြဘူး။ နိုင်ငံကွဲ ဒေသကွဲ အရပ်ကွဲတာတွေထားဦး။ အိမ်တစ်အိမ်ထဲတောင် အဖေနဲ့သားရဲ့ ယဉ်ကျေးမှုခြင်းက မတူနိုင်ဘူး။ ဘယ်တုန်းကမှလည်း လူကြီးတွေရဲ့ ယဉ်ကျေးမှုဟာ လူငယ်တွေရဲ့ ယဉ်ကျေးမှုနဲ့ ထပ်မတူမကျဖူးဘူး။ ဟိုးတုန်းက ဆံပင်အရှည်ထားလို့ လမ်းသရဲလို့သမုတ်ခံရတဲ့ ကျွန်တော်တို့ရှေ့မျိုးဆက်တွေနဲ့ သူတို့ရှေ့မျိုးဆက်တွေရဲ့ ယဉ်ကျေးမှုလည်းမတူသလို ကျွန်တော်တို့နဲ့ ဆံပင်ရှည်ထားတဲ့မျိုးဆက်က ယဉ်ကျေးမှုလည်းမတူဘူး။ တကယ်လို့သာ နိုင်ငံကွဲသားသမီးတစ်ယောက်နဲ့ အဖေတစ်ယောက်ရဲ့ ယဉ်ကျေးမှုဆို ဘယ်လောက်ထိ ကွာခြားသွားနိုင်လဲ။ ဒီရုပ်ရှင်က ဒီအကြောင်းပါပဲ။ ဇာတ်ကားစစအဖွင့်မှာ ကိုရီးယားမျက်နှာနဲ့ ကောင်မလေးတစ်ယောက် တည်းခိုခန်းမှာ အခန်းလာငှားတယ်။ လက်ရှိကိုရီးယားတွေထက်တောင် ကိုရီးယားစစ်တဲ့ ရုပ်ပေါက်နေပေမဲ့ တကယ်က သူက ပြင်သစ်သူ။ သူ့ကိုယ်သူ ကိုရီးယားမိဘတွေရဲ့ သမီးမှန်း မွေးစားခံထားရမှန်း သူသိထားတယ်။ ဒီတော့ ကိုရီးယားကို သူရောက်လာတာက သူ့အဖေနဲ့အမေအရင်းကို ရှာဖို့လို့ ပြောလို့ရတယ်။ ဒီလိုနဲ့ ကိုရီးယားသူငယ်ချင်းတွေနဲ့ ကိုရီးယားယဉ်ကျေးမှုအတိုင်း သူတို့အရက်ဝိုင်းဖွဲ့ကြရာကနေ သူ့မိဘတွေကိုရှာတွေ့မယ့်လမ်းစကို သူရသွားတယ်။ ကိုရီးယားရဲ့နာမည်ကြီး ကလေးမွေးစားရေးစီမံစင်တာပေါ့။ အဲဒီကိုသူသွားတော့ စင်တာရဲ့စနစ်က ထူးထူးခြားခြားပဲ သားသမီးထက် မိဘကို ကာကွယ်ပေးထားတာကိုတွေ့လိုက်ရတယ်။ မွေးစားခံခဲ့ရတဲ့ သားသမီးက မိဘရင်းကို လာစုံစမ်းရင် စင်တာက မိဘရင်းတွေကိုသိခဲ့ရင် အဲဒီမိဘရင်းတွေရဲ့ လိပ်စာကို ၃ခါတိတိ ကြေးနန်းပို့ပေးတယ်။ အကြောင်းပြန်မလာရင် ဥပဒေအရ မိဘတွေအနှောင့်အယှက်ဖြစ်မှာစိုးလို့ ဘာမှမတတ်နိုင်တော့ဘူးပေါ့။ ဘာနေနေ ဆက်သွယ်ကြည့်တော့ သူ့အဖေဘက်က ဆက်သွယ်လာပေမဲ့ သူ့အမေဘက်ကတော့ အကြောင်းပြန်မလာခဲ့ဘူး။ ဒီလိုနဲ့ သူ့အဖေနဲ့ သူ့အဖေဘက်က အမျိုးတွေနဲ့ သွားတွေ့ကြည့်ခဲ့တယ်။ သူ့ကို စကားပြန်လုပ်ပေးတဲ့လူကတော့ သူ့သူငယ်ချင်းပြင်သစ်လိုတတ်တဲ့ကောင်မလေး။ ဒီပြင်သစ်မလေးက မိဘရင်းတွေကို တွေ့လည်းတွေ့ချင်သလို ဒေါသလည်းနည်းနည်းရှိနေတယ်။ သူကိုရီးယားနိုင်ငံရဲ့စီးပွားရေးမပြေလည်တဲ့ကာလတစ်ခုမှာ သူ့သမီးကောင်းစားစေချင်လို့ မွေးစားဖို့ပေးလိုက်မိတဲ့အဖေက နောင်တနဲ့ သမီးကိုပြန်လိုချင်တယ်။ သမီးကလည်း ရိုင်းစိုင်းသလို ( သူ့နိုင်ငံနဲ့ သူ့ယဉ်ကျေးမှုအရတော့ ဒီလောက်ကြီးမရိုင်းဘူး ) အဖေကလည်း သမီးကို အတင်းဆက်သွယ်တာတွေ ဘာညာလုပ်လာတယ်။ ( ဒါကလည်း ကိုရီးယားရဲ့မိဘကို အလေးထားတဲ့ ယဉ်ကျေးမှုအရဆို ဒီလောက်မရိုင်းပေမဲ့ ကောင်မလေးအမြင်ကျ အတင်းကြီးဝင်စွက်ဖက်သလိုဖြစ်ပြီး မတရားရိုင်းသွားတယ်) ထူးတာက ဒီ၂ယောက်ကြားက ပေါင်းကူးဖြစ်တဲ့ စကားပြန်မလေးက သူတို့၂ယောက်စကားတွေကို စကားပြန်ရုံတင်မဟုတ်ဘဲ ယဉ်ကျေးမှုပေါင်းကူးပါလုပ်ပေးပြီး တစ်ယောက်စကားတစ်ယောက်နားမှာ မခါးရအောင် ဆိုသလိုမျိုး ပြန်ပေးသွားတာပဲ။ ဒီဇာတ်မှာတော့ ယဉ်ကျေးမှု ၂ခုကြားမှာ အစကတည်းက ယဉ်ကျေးမှုမတူနိုင်တဲ့ အဖေနဲ့သမီး ဘယ်လိုရှေ့ဆက်ကြမလဲ ကြည့်ကြရမှာပါ။ ဒါရိုက်တာရဲ့သူငယ်ချင်းရဲ့ ဖြစ်ရပ်မှန်ကို ပြင်ဆင်ရိုက်ကူးထားတာမို့ ဒါမျိုးအဖြစ်တွေလည်းလောကမှာ ရှိတတ်ကြောင်းလည်းသိရတာပေါ့။ Return to Seoul ဟာ ကိုရီးယားမှာ ဇာတ်အိမ်တည်ရိုက်ထားတဲ့ ကမ္ဘောဒီးယား ပြင်သစ် ဒါရိုက်တာ Davy Chouရဲ့ ကမ္ဘောဒီယားကားပါပဲ။ ကိန်းမှာ ပွဲဦးထွက်ပြခဲ့ပြီး ကမ္ဘောဒီးယားက အော်စကာ Best International Featureအတွက် သူ့နိုင်ငံကိုယ်စားပြုရွေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.68GB | 680MB | 349MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

null 2022
Return to Seoul
When Harry Met Sally...
7.4

ဆယ်လီနဲ့ဟယ်ရီရဲ့ဇာတ်လမ်းဟာ ၁၉၉၇ မှာ စခဲ့တယ်။ ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ အိပ်မက်မြို့တော်ကြီး နယူးယောက်ကို လာတဲ့လမ်းမှာ သူတို့စတွေ့ခဲ့ကြတယ်။ ဒီနောက် ဘာမှဆက်မဖြစ်ခဲ့ကြဘူး။ ၁၉၈၂ ရောက်တော့ လေဆိပ်မှာ သူတို့ထပ်တွေ့ကြတယ်။ ၂ယောက်စလုံး အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အချင်းချင်းမှတ်မိလိုက်ပြီး စကားတွေပြောဖြစ်ကြပေမဲ့ ဘာမှဆက်မဖြစ်လိုက်ဘူး။ ၁၉၈၇ ကျ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဟယ်ရီနဲ့ ဆယ်လီထပ်တွေ့ခဲ့ကြတယ်။ ဟယ်ရီက အိမ်ထောင်ကျပြီးလို့ သူ့မိန်းမက သူ့ကိုထားခဲ့တာတောင် ခံရပြီးပြီ။ ဆယ်လီကလည်း သူ့ရည်းစား ထားခဲ့တာ ခံခဲ့ရတယ်။ ဒီလိုနဲ့ ဒီတစ်ခေါက် သူတို့ပြန်တွေ့တဲ့အချိန်မှာ အသည်းကွဲနေတဲ့လူ၂ယောက် သူ့ဘဝအကြောင်းတွေ ကိုယ့်ဘဝအကြောင်းတွေပြောရင်း သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီနောက် အဆင့်ထက်တက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိနေတော့ ပြဿနာတွေတက်ပြီး ထပ်ကွဲသွားတယ်။ နောက်ဆုံးအနေနဲ့ ၁၉၈၈ နှစ်သစ်ကူးညမှာ ဟယ်ရီနဲ့ဆယ်လီ ပြန်တွေ့ကြတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်က ဖြစ်ရပ်ပမာဏထက် အချိန်ခြားတဲ့ပမာဏက ပိုများနေတဲ့၊ ကျွန်တော်တို့ကြည့်ဖူးနေကျ အချစ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ အချစ်ဇာတ်လမ်းလို့ပြောလို့ရတယ်။ သူတို့၂ယောက်ရဲ့ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတော့ မဟုတ်ပေမဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘူး။ ဒီဇာတ်ကြောင်းကို ဒါရိုက်တာဟာ အိမ်ထောင်သက်ကြာပြီဖြစ်တဲ့ အတွဲတွေ ဘယ်လိုစတွေ့ကြလဲ အင်တာဗျူးရင်း အဲဒီအင်တာဗျူးတွေကို ပေါင်းစပ်ပြီး ဒီဇာတ်လမ်းကို အသက်သွင်းထားတယ်။ ဇာတ်ရဲ့သက်ဆိုင်ရာ အခန်းမစခင်မှာလည်း အဲဒီအင်တာဗျူးတွေကို အရင်ပြပေးသွားတယ်။ ဆိုတော့ ဒီကားဟာ အဖြစ်မှန်တွေများစွာကို အလှပဆုံးပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောရလိမ့်မယ်။ နောက် ဒါရိုက်တာကိုယ်တိုင်ရဲ့ စိတ်ကူးကနေလာတဲ့ Iconic ဖြစ်တဲ့ ဇာတ်ဝင်ခန်းလှလှလေးတွေလည်း တော်တော်များတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ရှားပါး A+ ကလပ်စစ်ဖလင်စာရင်းထဲ ထည့်ထားကြတယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ Meg Ryan တို့၊ Carrie Fisher တို့လို တစ်ချိန်က သိပ်လှခဲ့တဲ့ မင်းသမီးကြီးတွေ၊ Billy Crystal လို ဝါရင့်သရုပ်ဆောင်တွေကို သုံးထားတယ်။ ဘာမှထူးထူးခြားခြားမဟုတ်ပေမဲ့ လူတစ်ယောက်ရဲ့စွန့်လွှတ်မှုကြောင့် စိတ်ထဲနည်းနည်းတော့ အမြစ်တွယ်နေမိမယ့် ဒီလိုနေ့မျိုးမှာ When Harry Met Sally... ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ When Harry Met Sally... ဟာ ရိုမန့်ကားဖြစ်ပေမဲ့ ကျွန်တော်တို့ဘဝတွေကိုကျော်ပြီး အရမ်းခမ်းနားမနေသလို ကျွန်တော်တို့ ဘဝတွေအောက်လည်း မသိမ်နုပ်တဲ့၊ ကျွန်တော်တို့ဘဝတွေကို ပြန်မြင်နေရမယ့် ရုပ်ရှင်မျိုးပါပဲ။ ဟယ်ရီနဲ့ဆယ်လီဟာ ရိုမီရို ဂျူးလိယက်လိုလည်း အသက်ပေးမချစ်ဘူး။ ငြိမ်းချမ်းစွာနဲ့လည်း မပေါင်းဖက်ကြဘူး။ မတူတဲ့အမြင်တွေ မတူတဲ့အတ္တတွေနဲ့ အမြဲတမ်းပြဿနာတက်နေတဲ့ သာမန်လူတွေသက်သက်ပဲ။ ကျွန်တော်တို့တွေလိုပဲ... ဟယ်ရီက ကမ္ဘာကြီးကို ယောက်ျားလေးအမြင်နဲ့ပဲမြင်သလို ဆယ်လီက ကမ္ဘာကြီးကို မိန်းကလေးအမြင်နဲ့ပဲ မြင်တယ်။ ဒါပေမဲ့လည်း ဘာမဆိုပြောပြလို့မရတဲ့ ကမ္ဘာကြီးမှာ တစ်ယောက်အတွက်တစ်ယောက် ဘာမဆိုပြောပြနိုင်တဲ့တစ်နေရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်က တစ်ယောက်အတွက် လဲပြိုရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်အတွက် တစ်ယောက်က ခြောက်ပြစ်ကင်းနေတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ ခွင့်လွှတ်လို့မရတဲ့အမှားမျိုးကိုလည်း တစ်ယောက်က မမြင်ခဲ့ကြဘူး။ ဟယ်ရီနဲ့ ဆယ်လီမှာ ကျွန်တော်တို့အားလုံးလိုပဲ ပြဿနာတွေရှိတယ်။ ကွာခြားချက်တွေရှိတယ်။ ပြန်ညှိရမယ့်ကာရန်တွေရှိတယ်။ ညှိလို့မရတဲ့ ပုစ္ဆာတွေရှိတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်လမ်းဟာ ကျွန်တော်တို့ အချစ်တွေ ကျွန်တော်တို့ဘဝတွေကို ထောင်ပြထားတဲ့ မှန်တစ်ချပ်လို့ ဆိုလည်းမမှားဘူး။ ကျွန်တော်တို့ အဖြေကိုမတွေ့ခဲ့ကြသလို သူတို့လည်းမတွေ့ခဲ့ကြဘူး။ ဒါမှမဟုတ် အစကတည်းက တွေ့ပြီးသားဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဝူဒီအယ်လန်ပြောသလိုပေါ့... " ကဗျာဆရာတွေ မှန်ကောင်းမှန်ခဲ့ပါလိမ့်မယ်။ အချစ်ဟာ တစ်ခုတည်းသောအဖြေ ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ " သာမန်နေ့တွေမှာတော့ သာမန်အတိုင်းပဲ ကျွန်တော်တို့ရှင်သန်နေရင်း သတိမရမိတဲ့လူတွေ ရှိကောင်းရှိမှာပါပဲ။ နည်းနည်းထူးခြားသွားတဲ့နေ့တွေမှာတော့ သာမန်ပဲလို့ ကိုယ့်ကိုယ်ကိုယ် ပြောနေရင်းတောင် တစ်ကိုယ်ရေတည်းဆို သတိရမိလောက်တဲ့လူတွေ ရှိကောင်းရှိကြမှာပဲ။ ဟယ်ရီဟာ နာတာလူးပွဲတော်နေ့ကို သာမန်နေ့တစ်နေ့လို့ပဲ ကြိုးစားမြင်ရင်း ဆယ်လီ့ကို သတိရလာသလို ချစ်တဲ့လူတွေကို သတိရမိတဲ့ လူတွေ ရှိကောင်းရှိကြမှာပဲ။ ဒီလိုပဲ ဒီမဆန်းပြားနေတဲ့ ရုပ်ရှင်ကိုကြည့်ပြီး ချစ်တဲ့လူတွေကို သတိရမိကောင်း ရမိကြမှာပဲ။ ဒါကြောင့်မို့ပဲ ဒီရုပ်ရှင်ဟာ နှစ်ခြမ်းကွဲနေခဲ့တယ်။ ရုပ်ရှင်ရဲ့ ပထမခြမ်းကတော့ ဒါရိုက်တာနဲ့ အင်တာဗျူးခံရတဲ့ စုံတွဲတွေဆီက လာပြီး ဒုတိယခြမ်းကတော့ ခင်ဗျားဆီကိုယ်တိုင်ဆီက လာပါလိမ့်မယ်။ ရုပ်ရှင်ဆိုတာလည်း အနာအဆာအပြည့်နဲ့ အသည်းတွေကို တစ်စစီခွဲပြီး ပိုချစ်တတ်လာအောင် တစ်စချင်း ပြန်ဆက်ပေးတဲ့အရာမျိုးပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ ဘဝတွေဟာ ရုပ်ရှင်ကို လိုခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 740MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 35Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.4 1989 96 mins
When Harry Met Sally...
The Minute You Wake Up Dead
5.6

"မင်းသေဆုံးပြီး နိုးထလာတဲ့အချိန် ဘယ်နေရာမှာ ရှိနေမလဲ " ဇာတ်ကားထဲက စာသားလိုပဲ တချို့လူတွေ တခါတလေ တွေးမိကြမှာပါ။ ကျွန်တာ်တို့တွေ သေပြီးရင် ဘယ်နေရာကို ရောက်မှာလဲ ပေါ့။ ကောင်းတာလုပ်ရင် ကောင်းတဲ့နေရာ မကောင်းတာလုပ်ရင် မကောင်းတဲ့နေရာ အဲလိုမျိုး ရိုးရိုးရှင်းရှင်းလေးပဲလား။ ဒီသ‌ဘောတရားကို ဒီဇာတ်ကားက ပါးပါးလေးပုတ်ပြသွားပါတယ်။ လူသူမသိ နယ်မြို့လေးတစ်မြိုမှာ လူတစ်စုဟာ Russ ကြောင့် ရင်းနှီးမြှုပ်နှံငွေတွေ ဆုံးရှူံးလိုက်ရလို့ သူ့ကို တော်တော်များများကချဉ်နေကြပါတယ်။ ဒီတော့ Russ ဟာ မျက်စိကို နောက်စေ့မှာကပ်ပြီး နေရတဲ့ အခြေအနေရောက်နေလေရဲ့။ တစ်ညမှာတော့ ရက်စ်ရဲ့ ဘေးအိမ်က Delaine နဲ့ Carl တို့ သားအဖရဲ့အိမ်ကို ဖောက်ထွင်းပြီး အဖိုးကြီး Carl ကို သတ်သွားပါတယ်။ အစောကတည်းက နီးရာဓါးကြောက်နေရတဲ့ Russ တစ်ယောက်ဟာ သူ့ကို ဦးတည်တာလို့ထင်ပြီး အိမ်မှသတ်သွားတာလို့ သောကတွေများပါတော့တယ်။ ဒါပေမယ့် အပ်ချည်မျှင်တစ်စဆွဲထုတ်လိုက်သလိုပဲ နှာခေါင်းပေါက်လောက်မြို့လေးမှာ လူသတ်မှုတွေဟာ မီးခိုးကြွက်လျှောက် လိုက်လာတဲ့အခါမှာတော့...။ မှုခင်းရုပ်ရှင် ကြိုက်တတ်သူတွေအဖို့ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး Morgan Freeman ကလည်း ရဲမှူး Thurmond အနေနဲ့ပါ၀င်ထားတာမို့လို့ ကြည့်ရှုလိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…(1.89GB)  / (924MB) / (445MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:30:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck

Drama
5.6 2022 90 mins
The Minute You Wake Up Dead
AVP: Alien vs. Predator
5.9

Predator ဆိုတဲ့ ရုပ်ဆိုးဆိုး ဂြိုလ်သားတွေကိုတော့ ရင်းနှီးနေမှာပေါ့နော် သူတို့တွေဟာ လူသားတွေထက် ခေတ်လွန်သိပ္ပံနည်းပညာတွေ တတ်မြောက်ထားတဲ့ သတ္တဝါတွေပါ။ သူတို့ အမဲလိုက်တဲ့ ဂြိုလ်သားတွေ ရှိပါသေးတယ် အဲ့ဒီအကောင်တွေကိုတော့ Alien လို့ ခေါ်ပြီး ရိုင်းစိုင်း ဆိုးသွမ်းပြီး အမြဲတမ်း သတ်ချင် ဖြတ်ချင်စိတ်ပဲ ရှိနေတဲ့ ကောင်တွေပါ… ဒီဇာတ်လမ်းမှာတော့ Predator တွေနဲ့ Alien တွေကြား ဝင်ပါရမယ့် လူသားတွေအကြောင်း ကို ကြည့်ရမှာဖြစ်ပါတယ် ဇာတ်လမ်း ပုံစံကတော့ သူဌေးကြီးတစ်ဦးဟာ သူမသေခင် နာမည် တစ်ခု ကျန်ရှိခဲ့ဖို့ အတွက် ကမ္ဘာ့ ပထမဦးဆုံး လူမျိုးတွေ တည်ဆောက်ခဲ့တယ်လို့ယူဆရတဲ့ ပိရမစ် တစ်ခု ကို ရှာဖို့ အတော်ဆုံး လူတွေကို စုစည်းပြီး ရှာဖွေဖို့ ကြိုးပမ်းမှာပါ.. ဒါပေမယ့် အဲ့ဒီ ပိရမစ် ကို ရှာဖွေတွေ့ရှိခဲ့တာ သူတို့ အဖွဲ့ တစ်ခုထဲ မဟုတ်ခဲ့ဖူးဆိုတာကို နောက်ကျမှ သိကြမှာ ဖြစ်ပြီး Predator တွေဟာ ပိရမစ် ထဲက Alien တွေကို ပြန်လည်သုတ်သင်ဖို့ လာနေတာ ဖြစ်ပါတယ်… Predator တွေ Alien တွေ ရဲ့ နှစ်ထောင်ချီသော အမဲလိုက် ခဲ့တဲ့ တိုက်ပွဲတွေ ရန်ငြိုးတွေကြားမှာ လူသားတွေ ဘယ်လို ကြုံတွေ့ရမလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။ File size…(2.2 GB)/(900 MB) Quality…BluRay Unrated 1080p HEVC/720p Format…mkv/mp4 Duration….01:48:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Documentary
5.9 2004 101 mins
AVP: Alien vs. Predator
The Kept Mistress Killer
5.5

The Kept Mistress Killer (2023) The Kept Mistress Killer ကဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇာတ်ကားလား။ ပြောရရင်တော့မဟုတ်ပါဘူးခင်ဗျ။ ‘Next-Door Nightmare,’ ‘Escaping My Stalker,’စတဲ့ မှုခင်းဖြစ်ရပ်ဇာတ်ကားတွေကိုဇာတ်ညွှန်းရေးသားတဲ့ စတီဗင်ရာမန်ရဲ့နောက်ဆုံးထွက်လက်ရာလေးပါ။ ဇာတ်ညွန်းရေးတဲ့သူက တကယ်ဖြစ်ရပ်မှန်မှုခင်းနဲ့တူအောင်၊ မှုခင်းရဲ့သဘောသဘာဝ၊လူတွေရဲ့စိတ်ခံစားချက်ကို ကြည့်ရှုသူရဲ့စိတ်ထဲ ရသမြောက်အောင် ထည့်သွင်းပေးဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒီဇာတ်လမ်းလေးမှာဆိုရင်လည်း ကတ်သရင်းဆိုတဲ့အမျိုးသမီးတစ်ယောက်က ကုမ္ပဏီတစ်ခုမှာအလုပ်လျှောက်တာ၊CEOကသဘောကျပြီးချက်ချင်းတန်းခန့်ပါလေရော။ လုပ်ကလုပ်မယ်တောင်မကြံသေးဘူး သူဌေးအရင်မိန်းမအသတ်ခံရလိုပြဿနာတွေတက်ပါလေရော။ လူတိုင်းကလူသတ်တရားခံဖြစ်နိုင်နေတော့ တရားခံဘယ်သူလဲဟေ့ဆိုပြီး ခေါင်းစားရတဲ့ဇာတ်လမ်းလေးပါပဲဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။

Drama
5.5 2023 90 mins
The Kept Mistress Killer
Stoker
6.8

Stoker (2013) ~ IMDb – 6.8/10, Rotten Tomatoes – 70% ~ ဒီနှစ်မှာ Decision to Leave နဲ့ ပြန်ပေါက်ခဲ့တဲ့ ကိုရီးယားဒါရိုက်တာကြီး ပတ်ချန်းဝုရဲ့ ဟောလိဝုဒ်မှာ ရိုက်ခဲ့တဲ့ကားပါ။ IMDb – 6.8/10 နဲ့ RT – 70% ဆိုတော့ rating တွေကတော့ ကောင်းမြဲပါပဲ။ ဒါပေမဲ့ ပတ်ချန်းဝုလို ဆရာ့ဆရာကြီးအနေနဲ့ဆိုရင်တော့ သိပ်မကောင်းလှဘူးပေါ့။ ဒီလိုအဖြစ်က ဖြစ်နေကျပါပဲ။ အာရှက ဂိဆရာတွေ ဟောလိဝုဒ်တက်ရိုက်လိုက်တိုင်းနီးပါးကို ဖြစ်နေကျ‌ပေါ့။ ဝေါင်ကာဝေးရဲ့ အနုဆုံးကားကလည်း သူဟောလိဝုဒ်တက်ရိုက်လိုက်တဲ့ကားပါပဲ။ ပတ်ချန်းဝုရဲ့ အနုဆုံးဆိုပေမဲ့လည်း ဒီရုပ်ရှင်က သူ့ဟာနဲ့သူတော့ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ Thriller ကားပီသစွာပဲ တစ်စတစ်စချင်း ဆွဲခေါ်သွားပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ ပတ်ချန်းဝုကားပီပီသသ မင်းသား မင်းသမီးတွေရဲ့ သရုပ်ဆောင်စကေးပြခွင့်ရတဲ့ကားဆိုလည်းမမှားပါဘူး။ ဘာလို့ဆို တစ်ကားလုံး လူများများစားစားမပါလှပဲ ဒီ၃ယောက်တည်းကိုပဲ အသည်းယားစရာကောင်းအောင် ရိုက်ပြနေတာမို့ပါ။ မင်းသမီးကတော့ အံ့ဖွယ်ကမ္ဘာထဲက အဲလစ်အဖြစ်နာမည်ကြီးပြီး ဒီနောက်ပိုင်း ကားကောင်းတွေမှာပဲ သရုပ်ဆောင်တော့တဲ့ Mia Wasikowska ရယ်၊ လွတ်လွတ်လပ်လပ် ဒေါက်ဖိနပ်စီးခွင့်ရသွားတဲ့ အန်တီနစ်ကိုးကစ်မင်းရယ်၊ နောက်ဆုံးနဲ့အကောင်းဆုံးကတော့ သူ့ထက် Art ပိုဆန်တဲ့ စူပါဟီးရိုးကား ခုထိမရှိသေးသလို အကောင်းဆုံးစူပါဟီးရိုးကားနည်းနည်းလေးတွေထဲ တစ်ကားဖြစ်တဲ့ Watchmen က Ozymandias အနေနဲ့လူသိများတဲ့ Matthew Goode ပါ။ ဒီသုံးယောက်ရဲ့ သရုပ်ဆောင်အားပြိုင်မှုကိုပဲ ပတ်ချန်းဝုက အသားပေး ရိုက်ကူးထားပါတယ်။ ထူးတာကတော့ ဒီရုပ်ရှင်ကို ထုတ်တဲ့သူက Ridley Scott ပါ ဂန္တဝင်သမိုင်းတွင် Sci-Fi ကားတွေဖြစ်တဲ့ Blade Runnerတို့ Alienတို့ကို ရိုက်ကူးခဲ့တဲ့သူပါ။ Oldboy တို့ The Handmaiden တို့လို ကားတွေကိုရိုက်ခဲ့တဲ့ ပတ်ချန်းဝုကားဖြစ်နေတာနဲ့တင် ဒီရုပ်ရှင်က တော်တော်တန်နေပြီကို ရစ်ဒလေစကော့ကလည်းထုတ်၊ မင်းသားမင်းသမီးတွေလည်း ကြမ်းတာမို့ Thriller ကြိုက်တဲ့သူတွေ၊ ပတ်ချန်းဝုကြိုက်တဲ့သူတွေကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 660MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 39Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Thriller
6.8 2013 99 mins
Stoker
The Replacement Killers

ဇာတ်လမ်းအကျဥ်းလေးကတော့ မူးယစ်မှောင်ခိုဂိုဏ်းခေါင်းဆောင် တာရန့်စ်ဝေရဲ့ သားဖြစ်သူဟာ ရဲတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်။ တာရန့်စ်ဝေက ရဲကို လက်စားချေဖို့အတွက် ဂျွန်လီ့ကို တာဝန်ပေးခဲ့တယ်။ ဂျွန်လီဆိုတာကတော့ တာရန့်စ်ဝေ ခိုင်းတဲ့ မစ်ရှင်၃ခုကို ဆောင်ရွက်ပေးဖို့အကြွေးရှိတဲ့သူပေါ့။ ပထမမစ်ရှင်နှစ်ခုကို အဆင်ပြေပြေလုပ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမစ်ရှင်ကို ဂျွန်လီတစ်ယောက် မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးမစ်ရှင်ဆိုတာကလည်း ရဲရဲ့၇နှစ်အရွယ်သားလေးကို ရဲရဲ့လက်ထဲမှာပဲသတ်ဖို့ပါ။ ဟုတ်ပါတယ် တာရန့်စ်ဝေက အဲလောက်ထိရက်စက်တာပါ။ သားသမီးကို ဆုံးရှုံးရတဲ့နာကျင်မှုကို ရဲကို ထပ်တူနာကျင်စေချင်တာပါ။ ရဲနဲ့ သူ့ရဲ့သားလေးအတူရှိနေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေက သူတို့အတွက် ဘေးကင်းပါတယ်။ မစ်ရှင်မအောင်မြင်တဲ့အချိန်ကနေစပြီး ဂျွန်လီက တာရန့်စ်ဝေရဲ့ပစ်မှတ်ဖြစ်သွားတော့တာပါပဲ။ တာရန့်စ်ဝေက ဂျွန်လီရဲ့မစ်ရှင်ကို အပြီးသတ်ဖို့ အစားထိုးလူသတ်သမားတွေကို ထပ်ဌားခဲ့ပြီး အဲဒီလူသတ်သမားတွေကပဲ ဂျွန်လီ့အပြင် ရဲရဲ့သားလေးကိုသတ်ပေးရမှာပါ။ ဂျွန်လီ့ရဲ့စကေးနဲ့ဆိုရင် အသာလေး လွတ်မြောက်နိုင်ပေမဲ့ မိသားစုကို ကာကွယ်ဖို့နဲ့ ရဲရဲ့သားလေးကို ကာကွယ်ဖို့ဆိုတဲ့ ရွေးချယ်မှုကြုံလာတဲ့အခါ ဂျွန်လီ့အနေနဲ့ မဆိုင်တဲ့သူကို လျစ်လျူရှုထားနိုင်မလား အပြစ်မဲ့တဲ့သူတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီနော်။ File size…(2.4 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre…Drama,Action,Crime,thriller,Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama • Horror • Fantasy • Thriller
0 1998
The Replacement Killers
Good Kids
6.1

Good Kids (2016) သူငယ်ချင်းတွေနဲ့အတူဗရုတ်ကျခဲ့ကြတဲ့ လူငယ်ဘဝအမှတ်တရတွေ လူတိုင်းကိုယ်စီရှိကြမှာပါ။ အဲဒီလိုပဲ ဒီဇာတ်လမ်းကလည်း ကောလိပ်ဝင်တော့မယ့် Teenager Squad တစ်ခုရဲ့ အမှတ်တရနွေရာသီပေါ့။ အန်ဒီ စပိုက်စ် လိုင်းယွန်း နဲ့ နိုရာဆိုပြီး သူငယ်ချင်းလေးယောက်နဲ့ဖွဲ့စည်းထားတဲ့ ဒီ Squad ကတော့ ကောလိပ်ကောင်းကောင်းဝင်နိုင်ဖို့ စာပဲလုပ်ခဲ့တဲ့ ဟိုက်ပါအဖွဲ့ပါ။ အတန်းထဲမှာ ဆရာမအိမ်စာထပ်ခိုင်းဖို့မေ့နေရင် ထသတိပေးလို့ အတန်းဖော်တွေမေတ္တာပို့တာခံရတဲ့အဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက ဘယ်ခေါ်ခေါ်မလိုက်တဲ့သူတို့ အထက်တန်းပြီးတဲ့အထိ ပါတီဆိုတာလည်း ဘာမှန်းမသိပါဘူး။ ဒီလိုနဲ့ လိမ္မာရတာပျင်းလာတဲ့ သူတို့အဖွဲ့က အရင်ကမလုပ်ဖြစ်တာတွေ ဒီနွေရာသီမှာ တစ်ခုချင်းလုပ်ပြီး အပီအပြင်ကဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဟိုက်ပါလေးယောက် ဗရုတ်သုတ်ခတွေလုပ်ရင်း အရှုပ်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးအပန်းဖြေရင်းကြည့်ရှုလိုက်ပါဦး… (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 730MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 26Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Family • Drama
6.1 2016
Good Kids
Somewhere Quiet

Somewhere Quiet (2023) ~ Rotten Tomatoes – 91% ~ ဒီတစ်ခါမှာတော့ ၂၀၂၃ ကမှ ထွက်ထားတဲ့ အမေရိကန် ဆိုက်ကိုသည်းထိတ်ရင်ဖိုကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လိုက်ကတော့ မဂ်လို့ခေါ်တဲ့ ဆွီဒင်နိုင်ငံသူ ကိုရီးယားအမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူဟာ ပြန်ပေးဆွဲနှိပ်စက်ခံခဲ့ရတဲ့အတိတ်ကနေ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့သူပဲ ဖြစ်ပါတယ်။ ပျောက်ဆုံးပြီး ရှာမတွေ့တဲ့ တခြားသော အမျိုးသမီးတွေ အများကြီး ရှိခဲ့ပေမယ့် မဂ်ကတော့ သူ့ကို အားလုံးက သေပြီလို့ ယူဆလိုက်တဲ့အချိန်မှာမှ အသက်ရှင်လျက်ပြန်ပေါ်လာခဲ့တဲ့ တစ်ယောက်တည်းသောသူ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ လွတ်မြောက်ပြီပြောပြော စိတ်ဒဏ်ရာဆိုတာ ကုစားရ အင်မတန်ခက်ပါတယ်။ ကံကောင်းထောက်မတာကတော့ မဂ်မှာ ဘေးကနေ အရိပ်တကြည့်ကြည့် ဖေးမ ကြင်နာတတ်တဲ့ စကော့်ထ်ကို ခင်ပွန်းတော်ထားရတာပါပဲ။ တစ်ရက်တော့ စကော့ထ်ဟာ သူ့ရဲ့ မိသားစုစဉ်ဆက်ပိုင်ဆိုင်လာတဲ့ သီးသန့်ကျွန်းပေါ်က အိမ်ကြီးဆီ မဂ်ကို ခေါ်ခဲ့ပါတယ်။ ရည်ရွယ်ရင်းကတော့ လင်မယား၂ယောက် စိတ်အေးလက်အေး သွားနေကြမယ်ပေါ့။ ဒါပေမဲ့ သည်းထိတ်ရင်ဖိုကားဆိုတော့လည်း ဖြစ်ရပျက်ရမှာတွေက ဒီကစဖြစ်မှာမို့ ဒီကစပြီး ဆက်ပြောလို့မရတော့ပါဘူး။ သိပ်ထူးပြီးကောင်းနေတဲ့ ဇာတ်ကားတော့ မဟုတ်ပေမဲ့ ဦးနှောက်မသုံးရဘဲ ငြိမ့်ငြိမ့်လေး အချိန်ဖြုန်းချင်ရင် ဟန်ကျမယ့် ကားမျိုးပါပဲ။ ဒါမှမဟုတ် အချိန်သိပ်မရပေမဲ့ ရုပ်ရှင်တကားတော့ အမြန်ပြီးအောင်ကြည့်ချင်တယ်ဆိုလည်း ဖြည်းဖြည်းချင်းရစ်ကြည့်လည်း ဇာတ်ရှိန်မပျက်လောက်မယ့် ကားမျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 985MB Quality – 1080p, 720p Format – mp4 Duration – 1H 42Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

0 2023
Somewhere Quiet
Tales from Earthsea
6.3

Earthsea ဆိုတဲ့ ကမ္ဘာကြီးမှာ လောကကြီးရဲ့ ဟန်ချက်ညီမှုတွေ ပျက်စီးပြီး ကပ်ဆိုးတွေအမျိုးမျိုး ဖြစ်ပေါ်လာခဲ့တယ်။ ဒီဖြစ်ရပ်တွေရဲ့ အကြောင်းအရင်းကို စုံစမ်းဖို့ အကြီးမြတ်ဆုံးမှော်ဆရာတစ်ဦးဟာ သူ့ရဲ့ရှည်လျားလှတဲ့ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်မှာ Arren ဆိုတဲ့ ပြည်ပြေးမင်းသားတစ်ပါးနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး အတူတကွခရီးဆက်ခဲ့တယ်။ လမ်းခရီးတစ်လျှောက် လောကကြီးရဲ့ ဟန်ချက်ညီမှုကို ပျက်စီးစေမယ့် ထာဝရရှင်သန်မှုကို ရှာဖွေနေတဲ့ မှော်ဆရာတစ်ဦးနဲ့ ရင်ဆိုင်ရတဲ့အခါ အဲ့ဒီမှော်ဆရာကို သူတို့တွေ ရင်ဆိုင်နိုင်ပါ့မလား၊ လောကကြီးရဲ့ ဟန်ချက်ညီမှုကို ပြန်လည်ထိန်းသိမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုခံစားရမှာပါ File size… 1.5 GB / 679 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Animation/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Tayza

Adventure • Drama • Family
6.3 2006
Tales from Earthsea
The Golden Voice
6.8

The Golden Voice (2025) IMDb Rating (6.8) / Rotten Tomatoes (99%) ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ မဝံ့မရဲဖြစ်နေတဲ့ ဆယ်ကျော်သက်လေးတွေ ရှိကြလား? ဒါဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ်.. ကိုယ့်အိပ်မက်ကို အားမပေးဘဲ သူ့အဖေခြေရာကိုနင်းဖို့ အတင်းတိုက်တွန်းနေတဲ့ အမေဖြစ်သူနဲ့ စကားများပြီး အိမ်က ထွက်ပြေးလာခဲ့တဲ့ ကေဂျေ.. ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားနေချိန်မှာ အိမ်ယာမဲ့အဘိုးကြီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဒုတိယအကြိမ်အခွင့်အရေးရခဲ့တယ်.. နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ အပြည့်နဲ့ ဘဝကို ဖြတ်သန်းနေရတဲ့ အိမ်ယာမဲ့အဘိုးကြီးတစ်ယောက်က သူ့အတွက် ဘယ်လိုမျိုးအိပ်မက်ကို အကောင်ထည်ဖော်ပေးမှာလဲ? ငယ်စဉ်ကတည်းက အဖေကို ဆုံးရှုံးခဲ့ရတဲ့ ကေဂျေနဲ့ သားကိုဆုံးရှုံးခဲ့ရတဲ့ အိမ်ယာမဲ့အဘိုးကြီးတို့ နှစ်ယောက်ကကြားက နွေးထွေးတဲ့ သံယောဇဉ်တွေ၊ မေတ္တာတရားတွေကို လွမ်းမောဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. အမေရိကန်က အိမ်ယာမဲ့တွေရဲ့ ဘဝကို သေချာရိုက်ကူးပြသထားပြီး မေတ္တာတရားကို နက်နက်ရှိုင်းရှိုင်း ခံစားသက်ဝင်မိစေမယ့် ဇာတ်ကားလေးမို့ အသည်းငယ်သူတွေကတော့ မျက်ရည်သုတ်ဖို့ တစ်ရှူးလေးတွေ ဆောင်ထားကြနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.4 GB) / (710 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:26:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

6.8 2025 86 mins
The Golden Voice
A Machu Picchu Proposal
6

ဒီရုပ်ရှင်လေးမှာ ကေတီ (Rhiannon Fish) ဟာ သူ့မောင်ဒန်း၊ ဒန်းရဲ့ချစ်သူလူစီယားနားတို့နဲ့အတူ ပီရူးနိုင်ငံကို ခရီးထွက်လာခဲ့ပါတယ်။ ဒန်းက လူစီယားနားကို မာချူးပီချူးရဲ့အလှဆုံးနေရာမှာ လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားပေမယ့် လူစီယားနားရဲ့သူငယ်ချင်း စားဖိုမှူးကားလို့စ် (Alec Santos) ရောက်လာတဲ့အခါ သူ့ရဲ့အပြုအမူတွေက ဒန်းလက်ထပ်ခွင့်တောင်းဖို့ကြိုးစားတိုင်း လိုက်ဖျက်ဆီးသလိုဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာ ကေတီက အခက်အခဲတွေကြားက ကားလို့စ်ရဲ့အကူအညီနဲ့ပဲ ဒန်းလက်ထပ်ခွင့်တောင်းတာကို အကောင်အထည်ဖော်ဖို့ကြိုးစားပေးရင်း သူတို့နှစ်ယောက်ကြားမှာ ချစ်ခြင်းမေတ္တာပေါ်ပေါက်လာပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်မှာ ပီရူးနိုင်ငံရဲ့ သဘာဝအလှတရားတွေ အထူးသဖြင့် မာချူးပီချူးရဲ့ ရှေးဟောင်းအင်ကာယဉ်ကျေးမှု အမွေအနှစ်တွေကို အလှပဆုံးထည့်သွင်းရိုက်ကူးထားပါတယ် ။ ချစ်ခြင်းမေတ္တာ၊ မိသားစုဆက်ဆံရေးနဲ့စွန့်စားခရီးသွားလာခြင်းတွေပါဝင်ပြီး ပီရူးနိုင်ငံရဲ့ သဘာဝအလှအပတွေနဲ့အတူ ခရီးသွားလာခြင်းရဲ့အရသာကို ခံစားရမှာဖြစ်ပါတယ် ။ File Size… (1.57 GB) / (803 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 24m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6 2025 84 mins
A Machu Picchu Proposal
Nailed
6.5

Nailed (2019) ********************* ဂျယ်ဂူနဲ့ ဆွန်းယောင်းဟာ အမြန်လမ်းမငယ်လေး နံဘေးမှာ ကားဝပ်ရှော့တစ်ခု ဖွင့်စားနေတဲ့ လင်မယားတွေဖြစ်တယ်။ ဖောက်သည်များ တဖြည်းဖြည်း လျော့ပါးလာတာနဲ့အမျှ စားဝတ်နေရေးလည်း ခက်ခဲလာတဲ့ သူတို့ဟာ လူမှုရေးပိုင်းမှာပါ ပြဿနာတွေ ကြုံတွေ့လာရတော့တယ်။ ဒီလိုရုန်းကန်နေရတဲ့ ကာလမှာပဲ ကားဘီးပေါက်တဲ့ ဖောက်သည်များစွာ ရရှိလာတဲ့အခါ ဂျယ်ဂူတို့ လင်မယားဟာ ဘာကြောင့်လည်းဆိုတာကို အဖြေရှာပါတော့တယ်။ အမြန်လမ်းမကနေ ဆောက်လုပ်ရေးဆိုက်ကို သွားနေတဲ့ ထရပ်ကားပေါ်ကနေ သံတိုသံစတွေကြောင့် ကားဘီးပေါက်သူ များလာမှန်း သိရှိလာတဲ့အခါ ဂျယ်ဂူနဲ့ သူ့ဇနီးဟာ ဒီထက်ပိုပြီး ဖောက်သည်တွေများလာဖို့ မသမာနည်းနဲ့ အကြံထုတ်ပါတော့တယ်။ ဒီလုပ်ရပ်ရဲ့ အကျိုးဆက်တွေဟာ အနောက်ကနေ လိုက်လာတဲ့အခါမှတော့….. (ဇာတ်လမ်းအညွှန်းကိုတော့ Esthက ရေးသားထားပါတယ်) File Size – 965 MB/ 429 MB Quality – WEB-DL 1080p/ 720p Duration – 1h 37m Format – mp4 Genre – Comedy, Crime Subtitle – Myanmar Subtitle (Hard Sub) Translated by – Esth Encoded by – Treasure Htet

6.5 2019 96 mins
Nailed