YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Ted Lasso.S01E10.The.Hope.That.Kills.You.1080p.mp4

557.41 MB 1080p video/mp4 321 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mickey's Tale of Two Witches
7.1

Mickey's Tale of Two Witches (2021) ========================== ဒီတစ်ခါတော့ CM က Friend zone မဟုတ်တဲ့ Kid zone လေးဖန်တီးပေးလိုက်ပြီနော်။ ငယ်ဘဝကို Nostalgic ဖြစ် စေမယ့် Mickey Mouse movie လေးဆိုပေမယ့် 2021 ထွက်ဖြစ်ပြီး အရင်အဟောင်းလေးတွေလောက် ကလေး တအားမဆန်တဲ့ ဇာတ်အိမ်လေးကြောင့် ငယ်မူပြန်ချင်တဲ့ CM fan တွေအတွက် Recommend ပေးပါတယ်။ Hall- oween story ဖြစ်ပြီး Minnie နဲ့ Daisy အပေါ် အဓိက ထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ စုန်းဖြစ်ဖို့ အတူတူ ကြိုးစားနေကြတဲ့ Minnie နဲ့ Daisy တို့သူငယ်ချင်းနှစ်ယောက် ရဲ့ Halloween စွန့်စားခန်းတွေကို ပုံပြင်လေးတစ်ပုဒ်အနေနဲ့ တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size..........(930 MB) / (500 MB) Quality............WEB-DL 1080p / 720p Duration.........47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Adventure Translator.......Hnin Wut Yi Encoder..........Zin Phyo Aung

Crime • Drama
7.1 2021 46 mins
Mickey's Tale of Two Witches
Clock
5.8

ရုပ်ရှင်နာမည် Clockဆိုတဲ့အတိုင်း ကျွန်တော်တို့လူသားခန္ဓာကိုယ်မှ ာ သူ့အချိန်နဲ့သူဖြစ်ပျက်နေတဲ့ ဇီဝနာရီတွေရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာတော့ အမျိုးသားတွေထက် ကိုယ်ဝန်ဆောင်ချိန်ဆိုတဲ့ နာရီတစ်ခုပိုများပါတယ်။ ဒီဇာတ်ကားဟာ ကိုယ်ဝန်ဆောင်ရမှာကို ထိတ်လန့်တတ်တဲ့အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားတာပါ။ အိမ်ထောင်သက် ၁၀နှစ်ကြာလာပြီး အသက် ၃၈နှစ်ရှိလာတာတောင် ကလေးယူဖို့မရဲသေး၊ ယူချင်စိတ်မရှိသေးဖြစ်နေသူပါ။ သူ့ရဲ ဇီဝနာရီဟာ တစ်နည်းနည်းနဲ့ချို့ယွင်းနေရသူပေါ့။ ပစ္စည်းတွေဟာ ပျက်ရင်ပြင်ရတဲ့အတိုင်း ဒီအမျိုးသမီးကလည်း သူ့ရဲ့ ကလေးမယူချင်တဲ့စိတ်၊ သူ့ရဲ ဇီဝနာရီကိုပြုပြင်ဖို့ကြိုးစားတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို horror  ကားမို့ ထိတ်လန့်ဖွယ်အခန်းများပါဝင်ပါတယ်.. File Size :(3.5GB)(1.3GB) and (391MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:31:00 Genre :  Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Drama
5.8 2023 92 mins
Clock
My Chilling Roommate
4.3

အခုမှအသစ်ထွက်ရှိိထားတဲ့ "My Chilling Roommate" ဆိုတဲ့ဇာတ်ကားလေးကတော့ Horror,Romantic-Comedy အမျိုးအစားပဲ ဖြစ်ပါတယ်။ iKON ထဲက Chang Woo နဲ့ Gfriend ထဲက Sowon တို့ ခေါင်းဆေယင်အနေနဲ့ ပါဝင်ထားကြတာပဲ ဖြစ်ပါတယ်။ ကလေးဘဝတုန်းက သရဲမြင်ခဲ့ဖူးတဲ့အတွေ့အကြုံကနေစပြီး ဆက်တိုက် သရဲတွေကိုမြင်နေရတဲ့ ကောင်မလေး ဂျောင်ဆယ်ရီဟာ သရဲတွေနဲ့ပတ်သက်လို့ကောင်းကောင်းသိနေတဲ့သူလည်းဖြစ်ပြီး သူငယ်ချင်းရဲ့ကဖေးဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေတဲ့သူလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ ကားမ‌တော်တဆမှုတစ်ခုဖြစ်ပွားပြီးမှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့၊ ထူးဆန်းတဲ့ဝိဉာဉ်ကောင်လေး ဆုန်းဂျီချန်းက သူ့ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး တစ်ဦးတည်းသောသူ့ကိုမြင်ရတဲ့ဆယ်ရီ့‌နောက်ကိုတကောက်ကောက်လိုက်ရင်း ၊ အိမ်အထိပါလိုက်လာတဲ့အခါ..။ သူတို့နှစ်ယောက်ကြားမှာဘာတွေဆက်ဖြစ်ကြမလဲ၊ သူတို့မသိသေးတဲ့အကြောင်းအရာတွေကရောဘာလဲ ၊ ဆုန်းဂျီချန်းကရောမှတ်ဉာဏ်တွေကိုပြန်ရှာတွေ့သွားမှာလားဆိုတာကို horror အငွေ့အသက်လေးနဲ့အတူ rom-com ဇာတ်လမ်းပုံစံလေးကို မြင်တွေ့ရမှာမို့ အခုပဲကြည့်လိုက်ကြရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Cali ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Horror, Romance Quality…. 1080p | 720p | 480p File size… 1GB | 480MB | 229MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Cali Encoder ..... August

Drama • Music
4.3 2022 112 mins
My Chilling Roommate
Silip Sa Apoy
6.1

အိမ်ထောင်ရေးတခုတည်ထောင်ဖို့ဆိုတာ လွယ်ပေမယ့် အဲ့ဒီအိမ်ထောင်ရေးပျော်ရွှင်သာယာပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန်ကောင်းဖို့ဆိုတာ ခက်ခဲလှပါတယ်.... ဒီကားလေးက ပညာပေးကားဆိုလဲ မမှားသလို အမ်မာဆိုတဲ့ကောင်မလေးရဲ့အလှတရားကိုလဲ ခံစားဖို့ လှစ်ဟပြသထားတဲ့ကားဆိုလဲ မမှားပါဘူး အမ်မာက ဘားမှာလုပ်ရတဲ့ ဘားမယ်လေး ငယ်ငယ်တည်းက ဆင်းရဲတယ် မပြည့်စုံရှာသူလေး ဒါပေမယ့် အလှသွေးကတော့ကြွယ်တယ် နှာတံပေါ်ပေါ် ခန္ဓာကိုယ်ကောက်ကြောင်းကလဲ သေးသေးကျစ်ကျစ်နဲ့ ဖျစ်ညှစ်ချင်စရာလေးပေါ့....ဒီလိုနဲ့ သူကဘန်ဆိုတဲ့ ယောကျာ်းတစ်ယောက်နဲ့ အကြောင်းပါပါလေရော... ဘန်က အလုပ်ကြိုးစားတယ် ငွေတိုးပေးတယ် သူကိုယ်တိုင်လဲအလုပ်လုပ်တယ်.... ဒါပေမယ့် ဘန်ကညဆိုပုံမှန်သောက်တယ် ပြီးရင်လဲ အမ်မာဆန္ဒဆိုတာထက် သူ့ဆန္ဒကိုသာ ဦးစားပေးတဲ့ လူစားပေါ့... အလုပ်မှာအဆင်မပြေရင်လဲ အမ်မာကို ထိုးနှက်ပြီးပြဿနာရှာတက်ပါသေးတယ် ဒီလိုနဲ့ အမ်မာတစ်ယောက် အဲ့ဒီဒဏ်ရာတွေကိုကြိတ်မှိတ်ခဲံစားရင် အိမ်နီးချင်းကောင်လေးတစ်ယောက်နဲ့ မထင်မှတ်ပဲ တွေ့ဆုံမိတဲ့အခါမှာတော့.................... File size…1.79GB / 929MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47min Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by  X Cross

Action • Mystery • Science Fiction • Thriller
6.1 2022 107 mins
Silip Sa Apoy
Raging Flower

အခုလိုကာလလေးမှာ အက်ရှင် ဟာသကားလေးကြည့်ရတာက စိတ်ကို အနည်းငယ်သက်သာရာရစေမှာအမှန်ပါပဲ။ နာမည်ကြီး အက်ရှင်ဟာသကားတွေကြားက Raging Flowers ဆိုတဲ့ တရုတ် အက်ရှင် ဟာသကားလေးကို ညွှန်းချင်ပါတယ်။ ကူ​လေ နဲ့ ပိုင်ရိုနန် တို့ ကျောင်းသူ၂​ယောက်ဟာ ကျောင်းကလွှတ်တဲ့ Camp အတွက် ထိုင်းနိုင်ငံအသွား အပျော်ကနေ အပျက်ဖြစ်လာတဲ့ ဇာတ်လမ်းလေးကို ဟာသနှောပြီးကြည့်ရမှာပါ။ ထိုင်းနိုင်ငံရောက် တရုတ်တွေဖြစ်တော့ ပေါက်ကရတွေဖြစ်၊ ကြောင်တောင်တောင်တွေနိုင်တဲ့အပြင် သူတို့ရဲ့ ဆရာမကိုလည်း ရာဇဝတ်ဂိုဏ်းတစ်ခုက ပြန်ပေးဆွဲသွားတဲ့အခါမှာတော့ "အမလေး ငါသွေးတက်" ဖြစ်သွားတော့တာပါပဲ။ ဆရာမကို ကယ်ဖို့ ဇာတ်လမ်းတွေလုပ်ရင် ပလန်တွေဆွဲရင် အသေတီးကြတာကိုလည်း ကြည့်ရမှာဖြစ်တော့ Raging Flower (ဒေါသပုန်ထသော ပန်းကလေး) ဆိုတဲ့အတိုင်း မင်းသမီးချောချောလေးတွေကို ဟာသနှောပြီး ငမ်းရမှာအသေအချာပဲဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။ ဒီကားရဲ့အဆက် Raging Flower 2 (2021) ကို ဒီမှာ https://channelmyanmar.org/raging-flower-2021/ ကြည့်ပါ။ File size…(1.2 GB)/(700 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mugiwara Ya & Omi

Adventure • Comedy • Science Fiction
0 2018
Raging Flower
Poupelle of Chimney Town
6.4

Poupelle of Chimney Town (2020) ========================= IMDb Rating – 6.4/10 Chimney Town (မီးခိုးခေါင်းတိုင်မြို့) ဆိုတဲ့ မီးခိုးတွေနဲ့အမြဲပိတ်နေပြီး အပြင်လောကကြီးနဲ့ လုံးဝအဆက်အသွယ်ပြတ်နေတဲ့မြို့လေးက လုဘိချိ ဆိုတဲ့‌ကောင်လေး နဲ့ အမှိုက်လူသား ဖြစ်တဲ့ ပိုပဲ့လုတို့ရဲ့ စွန့်စားခန်းကို ငိုလိုက် ရယ်မောလိုက်နဲ့ ရသစုံလင်စွာ ကြည့်ရမှာဖြစ်တယ်။ လုဘိချိရဲ့ အဖေဖြစ်သူ ဘရူနို က ကောင်းကင်မှာကြယ်တွေရှိကြောင်း လူတွေကြားထဲမှာပြောလေ့ရှိတယ်။ အဲ့မြို့ကလူတွေက‌တော့ “ဟာ ဒီကောင် င‌ပေါကြီး” ဘာညာနဲ့ သူပြောကိုမယုံကြဘူး မြို့တစ်ခုလုံးက မီးခိုးခေါင်းတိုင်တွေကထွက်တဲ့ မီးခိုးတွေနဲ့ပိတ်နေတာကိုး ဒါပေမယ့် သူ့သားကတော့ ကြယ်တွေကို အရမ်းကြည့်ဖူးချင်နေတာ အဲတာနဲ့ တစ်နှစ်လောက် ကြာသွားပြီး ဟောလိုးဝင်းနေ့မှာ တစ်ကိုယ်လုံးအမှိုက်တွေနဲ့ဖွဲ့စည်းထားတဲ့ အမှိုက် လူသား တစ်ယောက် မြို့ထဲကိုရောက်လာခဲ့တယ်။ အဲ့နေ့ကလည်း ဟောလိုးဝင်းဆိုတော့ အားလုံးက သူ့ကို လူလို့ပဲထင်ပြီး ဝတ်စုံဘယ်လောက်မိုက်ကြောင်း ချီးကျူးကြတာပေါ့ နောက်မှ လူမဟုတ်မှန်းသိသွားကြတော့ သက်ဆိုင်ရာတွေက လိုက်ဖမ်းလို့ ထွက်ပြေးရင်း လုဘိချိ နဲ့တွေ့ပြီး သူတို့ရဲ့စွန့်စားခန်းလေး စတင်လာခဲ့ပါတယ်။ ဒီ ဇာတ်ကားလေးက နာမည်ကြီးရုပ်ပြကာတွန်းစာအုပ်ဖြစ်တဲ့ “Poupelle of Chimney Town” ကို anime အဖြစ် ပုံဖော်ထားတဲ့ကားလေးဖြစ်ပြီး ဇာတ်လမ်းရော animation ကရော ကောင်းတဲ့ထဲပါတာမို့လို့ ကြည့်ရှူဖို့အတွက် recommend ပေးပါတယ်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.6 GB) / (850 MB) / (550 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 40mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Family, Fantasy Translator…….Khant Sett Naing Encoder……….SWM

Comedy • Drama • Western
6.4 2021
Poupelle of Chimney Town
Confess, Fletch
6.5

Confess, Fletch (2022) ================= IMDb Rating – 6.5/10 ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ ဇာတ်လမ်းကောင်းပြီး ရယ်ရတဲ့ ဟာသဇာတ်ကား ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.5, Rotten Tomatoes 85% ရရှိထားပြီးတော့ ဇာတ်အိမ် ခိုင်မာသလို ဟာသများကလည်း ကလိထိုးရယ်စရာမလိုတဲ့ ဟာသတွေပါ။ ဖလက်ချ်ဟာ သတင်းထောက်အလုပ်ကနေ အနားယူရင်း ဥရောပမှာ ခရီးသွားနေတဲ့သူပါ။ အီတလီနိုင်ငံ ရောမမြို့က မြို့စား ကြီးတစ်ယောက်ဟာ သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ ပန်းချီကားတွေကို ပြန်လည်ရှာဖွေဖို့ ဖလက်ချ်ကို အလုပ်အပ်လာပါတော့တယ်။ မြို့စားကြီးရဲ့ သမီးဖြစ်သူ အန်ဂျလာနဲ့လည်း ချစ်ကြိုက်မိသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ မြို့စားကြီး ပြန်ပေးဆွဲခံလိုက်ရပြီး ပြန်ပေးသမားများက ပြန်ရွေးငွေအဖြစ် ပီကာဆိုရဲ့ ပန်းချီကား တစ်ချပ်ကို တောင်း ဆိုလာပါတယ်။ ထိုအခါမှာ ဖလက်ချ်လည်း ပန်းချီကားများကို မဖြစ်မနေ ပြန်လည်ရှာဖို့ ဖြစ်လာပါတော့တယ်။ ဖလက်ချ်ဟာ ပန်းချီကားတွေကို ခြေရာခံလိုက်ရင်း ဘော်စတွန်မြို့ကို ရောက်ရှိပါတယ်။ သူ့ရည်းစား စီစဉ်ပေးတဲ့ အိမ်တစ်အိမ်မှာနေဖို့ ရောက်လာတဲ့အခါမှာ ထိုအိမ်တွင် သေဆုံးနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ရဲတွေကလည်း ဖလက်ချ်ကို သံသယဝင်သော်လည်း ဖမ်းစရာသက်သေမရလို့ မဖမ်းနိုင်ဘဲ ဖြစ်နေပါတယ်။ သတင်းထောက်ဗီဇပါတဲ့ ဖလက်ချ်လည်း လူသတ်မှုကိုရော ပန်းချီကားပျောက်မှုကိုရော လိုက်လံစုံစမ်းပါတော့တယ်။ ထိုသို့ စုံစမ်းရင် ကြုံတွေ့ရတဲ့ အရာများကို ဟာသလေးတွေနဲ့ ကြည့်ရှု့ရမှာမို့ လက်မလွတ်စတမ်း ကြည့်သင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)

Action • Thriller
6.5 2022
Confess, Fletch
Samsara
7.7

Samsara (2001) ~ IMDb – 7.7/10, Rotten Tomatoes – 100% ~ Directed By ” Pan Nalin ” ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ ” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “ ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက ” ယသောဓရာ ” တဲ့။ ” ရှင် အဲဒီနာမည်ကို ကြားဖူးလား ” တဲ့။ ” သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော ” ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ ” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “ ” ပင်လယ်ထဲ ပစ်ချလိုက်ရမယ် “ ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.23GB, 1.01GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 2H 18Min Genre – Adventure, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.7 2001
Samsara
Girl in Room 13
5.4

(၂၀၂၂) ထွက် Girl in Room 13 အမည်ရ Crime drama ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး မူးယစ်ဆေးသုံးစွဲမှုတွေ၊ လူကုန်ကူးမှုတွေ ပါဝင်ပတ်သက်နေသလို မိခင်မေတ္တာကို အလေးပေးပြသထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဂရေ့စ်က မူးယစ်ဆေးဖြတ်ဖို့ ပြန်လည်ထူထောင်ရေးဌာနမှာ နှစ်ကြိမ်တိတိ ဆေးတက်ဖြတ်တဲ့ရတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ့ဘဝသူပြန်လည်ထူထောင်ဖို့ စိတ်ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ပါ။ သူ့ကိုယ်သူတောင် မယုံကြည်ခဲ့တဲ့အချိန်တွေမှာ သူ့ကိုယုံကြည်ပေးခဲ့တဲ့ အမေတစ်ယောက်ရှိနေတာကြောင့်လည်း သူ့ဆုံးဖြတ်ချက်တွေက ပိုခိုင်မာခဲ့တာပေါ့။ ဒါပေမဲ့ ကံကြမ္မာကဂရေ့စ်ကို မျက်နှာသာမပေးခဲ့ပါဘူး။ ဘဝကိုတစ်ကပြန်စဖို့ ကြိုးစားနေခဲ့တဲ့ဂရေ့စ်ကို ဆေးစွဲနေတဲ့ရည်းစားဟောင်းက ပြန်ပေးဆွဲပိတ်လှောင်ထားခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ လိင်ကျွန်အဖြစ်ရောင်းစားဖို့ပါ ကြံစည်ခဲ့ပါတယ်။ ဂရေ့စ်ဆေးပြန်စွဲပြီး ထွက်ပြေးသွားတယ်လို့ အားလုံးကထင်နေကြပေမဲ့ ဂရေ့စ်အမေကတော့ ဂရေ့စ်အပေါ်ယုံကြည်ပြီး အရာအားလုံးနဲ့တိုက်ခိုက်ပြီး သမီးဖြစ်သူကိုလိုက်ရှာဖို့ ရေကုန်ရေခမ်းကြိုးစားခဲ့ပါတယ်။ ရာဇဝတ်မှုတွေ၊ မှုခင်းတွေပါဝင်တဲ့ ဇာတ်ကားတစ်ကားဖြစ်တာမို့ အတက်အကျတွေများပြီး သည်းထိတ်ရင်ဖိုဆန်ဆန် ကြည့်ရှုရမဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

Crime
5.4 2022
Girl in Room 13
The Admirer
4.9

The Admirer (2023) =============== ဒီ Thriller အမျိုးအစားဇာတ်ကားလေးကတော့ အမျိုးသမီးတစ်ယောက် ကိုလိုက်ပြီးခြောက်လှန့်နေတဲ့ လူသတ်သမားကဘယ်သူဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ ‌ ဇာတ်လမ်းလေးရဲ့အစမှာတော့ နန်စီ ဆိုတဲ့အမျိုးသမီးဟာ သူနဲ့လက်ထပ် တော့မယ့်ကောင်လေးကို လက်မထပ်ခင်ညမှာတင် ဆုံးရှုံးလိုက်ရပါတယ်။ video call ပြောနေရင်း တစ်ယောက်ယောက်ကတိုက်ပေါ်ကနေတွန်းချသွား တာမလို့ သူ့မျက်စိရှေ့မှာတင်ဖြစ်ပျက်ခဲ့တာပါ။ အဲဒီကိစ္စဖြစ်ပြီးနောက်ပိုင်း မှာလည်း နန်စီ အတွက် ထူးထူးဆန်းဆန်းကိစ္စတွေ၊ လူသတ်သမားက သူ့ကောင် လေးဖုန်းက‌နေတစ်ဆင့် မက်ဆေ့တွေပို့ပြီး ခြိမ်းခြောက်နေတာတွေ၊ အလုပ်မှာ ပါချောက်တွန်းခံရတာတွေကြောင့်မလို့ နန်စီ လည်းလူသတ်သမားကိုလိုက်ရှာ ပါတော့တယ်။ လူသတ်သမားကဘယ်သူလဲ၊ နန်စီ အနီးနားကလူတွေပဲလား၊ နန်စီ တစ်ယောက် လူသတ်သမားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ရင်ခုန်စိတ်၀င်စားဖွယ်ကြည့် ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size……….(1.78 GB) / (600 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Theo Kat Encoder……….SWM

4.9 2023
The Admirer
Rustin
6.6

Rustin (2023) ~ IMDb – 6.6/10, Rotten Tomatoes – 85% ~ Bayard Rustin… အမေရိကန်လူ့အခွင့်အရေးလှုပ်ရှားမှုကြီးရဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တယောက်… Martin Luther King Jr. ရဲ့ အကြံပေးပုဂ္ဂိုလ်… သမိုင်းဝင် ဝါရှင်တန်ချီတက်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင်… အမေရိကန်သမိုင်းတလျှောက် လူ့အခွင့်အရေးလှုပ်ရှားသူတွေအများကြီးထွက်ပေါ်ခဲ့တယ်။ သက်ရောက်မှုအကြီးဆုံးဖြစ်ခဲ့တာကတော့ ပြီးပြည့်စုံတဲ့ ဆန့်ကျင်ဘက်လို့ဆိုကြတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်သမား Martin Luther King နဲ့ တိုက်ယူမယ်ဆိုတဲ့ Malcolm X တို့ပေါ့။ သူတို့ ၂ ယောက်ကလည်းခေတ်ပြိုင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့နောက်ကွယ်က ပံ့ပိုးခဲ့တဲ့လူတွေကတော့ သိပ်ပြီးနာမည်ထွက်လေ့မရှိဘူး။ အဲဒီလိုလူတွေထဲ မာတင် လူသာကင်းရဲ့ မိတ်ဆွေ၊ အကြံပေး၊ ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့ Bayard Rustin လည်းပါဝင်တယ်။ Rustin ဘဝကတော့ အတော်ကို ခက်ခဲကြမ်းတမ်းတယ်။ Quaker (ကွိတ်ကာ) ဆိုတာကတော့ သူ့ကိုပျိုးထောင်ခဲ့တဲ့ ဘာသာရေးအဖွဲ့ပေါ့။ ရိုးရိုးပြောရရင် “မိတ်ဆွေများအသင်း” လို့အဓိပ္ပာယ်ရတယ်။ ပရိုတက်တင့် ခရစ်ယာန်လိုင်းခွဲတစ်ခုပေါ့။ အဲဒီလိုနေရာကနေ ကြီးပြင်းလာတဲ့ လူမည်းတယောက်အနေနဲ့ လူမျိုးရေးခွဲခြားမှုပေါင်းမနည်း ခံစားခဲ့ရတယ်။ အဲဒီအချိန်ကစလို့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မယ်လို့ သူဆုံးဖြတ်ခဲ့တယ်။ သူက လူမျိုးရေးခွဲခြားကြတဲ့ခေတ်မှာ လူမည်းဖြစ်ရုံတင်မကဘဲ လိင်ခွဲခြားမှုများနေတဲ့အချိန်မှာ ဂေးနေတဲ့အပြင် စစ်အေးကာလမှာလည်း ကွန်မြူနစ်ဟောင်းဆိုတဲ့နာမည်ရှိနေပြန်တယ်။ သူ့အတွက် လုပ်ရကိုင်ရတာ သိပ်ကျပ်စေမယ့်အခြေအနေတွေ စုပြုံခဲ့တာပဲ။ ဒါပေမဲ့ သူနောက်ဆုတ်သလား၊ နောက်မဆုတ်ခဲ့ဘူး။ လူသားအားလုံးအတွက် တန်းတူတရားမျှတမှုအတွက် ကြုံလာသမျှရင်ဆိုင်ခဲ့တယ်။ သူ့ကို အပုပ်ချတာတွေ၊ နှိပ်ကွပ်တာတွေ ခွဲခြားတာတွေ အများကြီးရှိခဲ့တယ်။ သူ့ရဲ့ဖြစ်တည်မှုက လှုပ်ရှားမှုကြီးမှာ အနှောက်အယှက်ဖြစ်မှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တော်ရုံကိစ္စတွေမှာတောင် သူ ‌လူရှေ့မထွက်ခဲ့ဘူး။ တနည်းအားဖြင့် နာမည်ဝင်ယူတဲ့အလုပ်မျိုး မလုပ်ခဲ့ဘူးပေါ့။ ဝါရှင်တန်ချီတက်ပွဲကြီးအပြီးမှာလည်း လိင်တန်းတူညီမျှရေးအတွက် ဆက်ပြီးတိုက်ပွဲဝင်ခဲ့တယ်။ သူက ဂန္ဓီရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း သက်ဝင်ယုံကြည်တဲ့လူတယောက်။ “ဂန္ဓီကြီးက အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ အင်ပါယာကြီးကို ဒူးထောက်စေခဲ့တယ်” လို့သူမကြာခဏပြောလေ့ရှိတယ်။ မာတင်လူသာကင်းရဲ့ ငြိမ်းချမ်းရေးဝါဒဟာလည်း သူ့ဆီကနေ တစိတ်တပိုင်း‌မြစ်ဖျားခံခဲ့တယ်။ မာတင်လူသာကင်းရဲ့ “ကျုပ်မှာ အိပ်မက်တစ်ခုရှိတယ်” ဆိုတဲ့ သမိုင်းဝင်မိန့်ခွန်းကြီးကလည်း Rustin ကြောင့်သာမဟုတ်ရင် ရှိလာမှာမဟုတ်ဘူးလို့ မာတင်လူသာကင်းက ပြောခဲ့တယ်။ ဒီလိုလူတယောက်အနေနဲ့ အမေရိကန်သမိုင်းမှာ အချိုးအကွေ့ကြီးတခုဖြစ်စေမယ့် ဝါရှင်တန်ချီတက်ပွဲကြီးကို ပဲ့ကိုင်ခဲ့တယ်။ ဒီချီတက်ပွဲအပြီးမှာ သမ္မတကနေဒီရဲ့ လူ့အခွင့်အရေးမူကြမ်းကို တင်သွင်းနိုင်ခဲ့ပြီး လူမျိုးရေးတန်းတူညီမျှမှုတိုက်ပွဲမှာ ခြေလှမ်းကျယ်ကျယ်လှမ်းနိုင်ခဲ့တယ်။ ဒီရုပ်ရှင်ကတော့ Rustin လို့ပေးထားပေမဲ့ သူ့ရဲ့ ဘဝတလျှောက်လုံးကို ချပြထားတာမဟုတ်ဘဲ ဝါရှင်တန်ချီတက်ပွဲကို ကြိုးစားကြတဲ့ ဘဝတစိတ်တပိုင်းကို ချပြထားတယ်။ အခက်အခဲပေါင်းစုံကြုံရတဲ့အပြင် စိတ်သဘောထားမတိုက်ဆိုင်မှုပေါင်းစုံနဲ့ အောင်မြင်ပါ့မလားမသေချာတဲ့ ပွဲကြီးကို မျှော်လင့်ချက်တခုတည်းကိုင်ပြီး အကောင်အထည်ဖော်ခဲ့ကြပုံကို ရိုက်ကူးထားတာပါ။ Cast တွေအနေနဲ့ Rustin နေရာက Coleman Domingo နဲ့ NAACP ရဲ့ ဥက္ကဋ္ဌ Roy Wilson နေရာမှာ Chris Rock အပြင် တခြား Cast တွေကလည်း လက်တွေ့ဘဝကလူတွေနဲ့ အနီးစပ်ဆုံးတူညီအောင် ရှာသုံးထားတာတွေ့ရတယ်။ Coleman Domingo ကတော့ မျှော်လင့်ထားသလိုပါပဲ၊ သူ့ရဲ့အကောင်းဆုံးမဟုတ်ရင်တောင် ဒီရုပ်ရှင်ကို အတော်လေး ဆွဲခေါ်သွားနိုင်တာတွေ့ရတယ်။ Chris Rock ကိုတော့ ဘုကလန့်လုပ်တဲ့ ဘိုးတော်ကြီးအနေနဲ့ မြင်ရတာ ရယ်ချင်သလိုလိုဖြစ်နေတာတော့ရှိတာပေါ့လေ။ ခြုံပြောရရင်တော့ Cast တွေရွေးထားတာ အတော်အဆင်ပြေပါတယ်။ ဒီထဲမှာ အရေးပါတဲ့အဖွဲ့အစည်းတွေအနေနဲ့ NAACP ဆိုတာကတော့ လူမည်းအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတစ်ခု၊ ဩဇာအကြီးဆုံးဆိုရင်လည်းမှန်တယ်။ SNCC ကတော့ ကျောင်းသားများ အကြမ်းမဖက် ညှိနှိုင်းရေးအဖွဲ့ဖြစ်ပြီး ၂၀ ရာစုအလယ်ပိုင်းက လူ့အခွင့်အရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ်။ UAW ကတော့ ကားလုပ်သားများ ယူနီယံပါ။ ဝါရှင်တန်ချီတက်ပွဲမပြောပါနဲ့၊ အဲဒီခေတ်တုန်းကဖြစ်သမျှ လူ့အခွင့်အရေးလှုပ်ရှားမှုအားလုံးလိုလိုမှာ သူတို့တက်တက်ကြွကြွပါဝင်ခဲ့တယ်။ ဒီရုပ်ရှင်က မပျင်းရဘဲဆွဲခေါ်သွားနိုင်တဲ့အပြင် တကယ်ပြောခဲ့တဲ့ စကားတွေကိုပါ ထည့်သုံးထားတယ်ဆိုတော့ ကြည့်လို့လည်းကောင်း ဗဟုသုတလည်းရ ဆိုတဲ့ သမိုင်းရုပ်ရှင်မျိုးပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 575MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 46Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Horror • Fantasy • Mystery
6.6 2023
Rustin
Escape And Trace
5.8

လုချန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွာတဲ့ယာဉ်မတော်တဆမှုကိုစုံစမ်းစစ်ဆေးရာက ကွင်းဆက်အမှုတွဲအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတစ်ခုပါ ပါလာခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးဂိုဏ်းရဲ့ ခေါင်းဆောင်က လွန်ခဲ့တဲ့ ၅ နှစ်က လုချန်ယာဥ်ထိန်းရဲဌာနက ဒုအဖွဲ့မှူးလီယုံဖုန်းရဲ့ ဆရာကို သတ်သွားခဲ့တဲ့သူဖြစ်နေခဲပါတယ် လီယုံဖုန်းတစ်ယောက် ယာဥ်မတော်တဆမှုရဲ့ တရားခံကို စုံစမ်းရင်း တစ်ဖက်မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးဂိုဏ်းရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေချိန်မှာ သူ့သမီးရှင်းရှင်းပါ ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုအားပေးကြပါဦး

Horror • Mystery
5.8 2024
Escape And Trace
Six Pack
6

ပြိုင်ကားသမားဟောင်း ဘရူးဘိတ်ကာဟာ တက္ကဆက်ပြည်နယ်က မြို့လေးတစ်ခုမှ ဆီထည့်ရင်း သူ၏ပြိုင်ကားအစိတ်ပိုင်းတွေ ဖြုတ်အခိုးခံလိုက်ရပါတော့တယ်။ ခိုးသွားတဲ့တရားခံကို လိုက်ရှာရင်း တရားခံတွေက ကလေးတစ်သိုက်ဖြစ်နေသောအခါ ဘရူးတစ်ယောက် လုပ်ရကိုင်ရကြပ်သွားပါတော့တယ်။ ကလေးတွေမှာ သာမန်ထက်ပိုတဲ့ကားပြင်တဲ့အရည်အချင်းတွေ ရှိနေတာကို သတိထားမိသွားတဲ့အခါမှာတော့ ဘရူးဘိတ်ကာဟာ သူ့ရဲ့ပြိုင်ပွဲတွေကို ကလေးတွေကို စတင်ပြီးခေါ်သွားပါတော့တယ်။ ကလေးတွေနဲ့ ပြိုင်ကားသမားကြီး တဖြည်းဖြည်းသံယောဇဉ်ဖြစ်လာပုံ ကားပြိုင်ကွင်းထဲမှာ ပြိုင်ကားတွေ ပြိုင်ဆိုင်မှုပြင်းထန်ပုံတို့ကို မပျင်းရအောင် ကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:48:00 Genre… Motorsport, Comedy, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

Action
6 1982
Six Pack