YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) SurrealEstate.S02E04.1080p.mp4

728.14 MB 1080p video/mp4 253 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
2 Guns
6.5

2 Guns (2013) ~ IMDb - 6.7/10, Rotten Tomatoes - 64% ~ 2013 က ထွက်ထားတဲ့ Denzel Washington နဲ့ Mark Wahlberg တို့ရဲ့ အက်ရှင် ဇာတ်ကားလေးပါ။ ဒီမင်းသားနှစ်ယောက်ကို မြင်တာနဲ့ သိပ်ညွှန်းစရာတောင်မလိုလောက်တော့ပါဘူး။ အသွင်ယူပြီး ထောက်လှမ်းနေတဲ့ ရေတပ်က စတစ်ဂ်မန်းရယ်၊ အသွင်ယူပြီးထောက်လှမ်းရေးလုပ်နေတဲ့ မူးယစ်အရာရှိ ဘော်ဘီရယ် နှစ်ယောက်ပေါင်းပြီး ဘဏ်ဓားပြတိုက်တာကနေ ဇာတ်လမ်းစပါတယ်။ နှစ်ယောက်လုံးကလည်း အချင်းချင်း မကောင်းတဲ့ကောင်ပဲထင်နေတာပေါ့။ သူတို့တွယ်ချင်နေတဲ့ ဆေးမှောင်ခိုဂိုဏ်းခေါင်းဆောင် ငွေတွေထားတယ်လို့ ဘဏ်ကို ဝင်တိုက်ကြပါလေရော။ သူတို့ ဓားပြတိုက်တဲ့ ဘဏ်မှာက ဂိုဏ်းခေါင်းဆောင်ရဲ့ငွေတွေတင်မကဘဲ ငွေပမာဏက ဆယ်ဆလောက် ပိုများနေတယ်။ အဲဒီငွေတွေက CIA ရဲ့ တရားမဝင်ရန်ပုံငွေတွေဖြစ်နေပါတယ်။ နောက်တော့ စတစ်ဂ်မန်းက တပ်ပြေးလို့ ထောင်ခြောက်ဆင်ခံရပြီး ဘော်ဘီက အထက်အရာရှိကို သတ်မှုနဲ့ အကွက်ဆင်ခံရပါတယ်။ စတစ်ဂ်မန်းနဲ့ ဘော်ဘီတို့နှစ်ယောက် CIA, ရေတပ်က စတစ်ဂ်မန်းရဲ့ အရာရှိနဲ့ ဆေးမှောင်ခို ဂိုဏ်းသုံးခုကြားမှာ ဒေါ်လာ ၄၃ သန်းနဲ့ တိုင်ပတ်သွားတဲ့ ဇာတ်လမ်းလေးပါ။ ရယ်လည်း ရယ်ရပြီး ကြည့်လည်းကြည့်ပျော်တဲ့အပြင်ကို မင်းသမီးဖြစ်တဲ့ Paula Patton ကလည်း ရှယ်လန်းတဲ့ အက်ရှင်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 810MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 49Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama
6.5 2013 109 mins
2 Guns
Another Public Enemy
7.2

ပြည်သူ့လိုအပ်ချက်ကို အပိုင်နင်း ဖောင်ဒေးရှင်းကို ဗန်းပြပြီး မသမာတဲ့နည်းပေါင်းစုံနဲ့ ပိုက်ဆံ​တွေ အထုပ်လိုက်အထည်လိုက် တရားမဝင် သိမ်းကျုုံးယူ... ပိုက်ဆံကသာ ဒုတိယဘုရားသခင်အဖြစ် သတ်မှတ်ထားတဲ့ ​မြောင်ဆွန်းလုပ်ငန်းစု ဒါရိုက်တာ ဟန်ဆန်းအူ... လောကကြီးမှာ ပိုက်ဆံနဲ့အာဏာက အရေးကြီးဆုံးဆိုတာကို သိအောင် လောကဒဏ်ကနေ သင်ယူခဲ့ရပြီး မတရားမှုတွေကို တိုက်ဖျက်ဖို့ အမှုစစ်ဖြစ်လာခဲ့တဲ့ အမှု​စစ်ဂန်ချောဂျွန်... မိသားစုအ​ခြေအနေရော အကျင့်စရိုက်ပါ မတူညီတဲ့ သူတို့နှစ်ယောက်ဟာ အတန်းဖော်သူငယ်ချင်းတွေဖြစ်ကြသလို ဂန်ချောဂျွန် ဘယ်လောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြိုးစား မိသားစု​နောက်ခံကောင်းတဲ့ ဟန်ဆန်းအူ ဆီမှာပဲ မတရားဖိနှိပ်ခံခဲ့ရပြီး... တနေ့ မျဥ်းပြိုင်နှစ်ခုလို သူတို့နှစ်ယောက် ရာဇဝတ်ကျူးလွန်သူနဲ့ အမှုစစ်အဖြစ် ပြန်တွေ့ကြတဲ့အခါ... နိုင်ငံကြီးနဲ့ပါချီပြီး လုပ်စားကြတဲ့ လူချမ်းသာ နဲ့အာဏာရှင် ဟိုက်ပါ သူခိုးအကြီးစား ရာဇဝတ်သားဆိုတာ နိုင်ငံ့အဆိပ်ပင် ပြည်သူ့ရန်သူ ဖြစ်ပြီး အာဏာနဲ့ပိုက်ဆံရဲ့ အင်အားကြီးမားမှုနဲ့ ဥပဒေကြား အားပြိုင်မှုကို ပုံဖော်ထားတဲ့ နိုင်ငံ​​ရေးမှုခင်းရုပ်ရှင်ကောင်း old but goldလေးကို အခုပဲ ကြည့်ရှုလိုက်ကြပါ ။ File Size__(1.6GB) Quality__720p IMDb Rating__6.0/10 Format__mp4 Duration__02:24:00 Type__Action, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt

Comedy • Crime • Drama • Romance
7.2 2005 148 mins
Another Public Enemy
Machine Gun Kelly's Life In Pink
7.6

Machine Gun Kelly’s Life in Pink (2022) Genre – Documentary, Music IMDB – 6.3/10 Hip-hop တွေကို နားထောင်တဲ့လူဆို Machine Gun Kelly aka MGK ဆို သိကြမယ်နဲ့ တူပါတယ်။ ဒါမှမဟုတ်လည်း ဆရာကြီး Eminem နဲ့ ကွိုင်ကြလို့ တစ်ယောက်သီချင်းတစ်ပုဒ်စီနဲ့ အပြန်အလှန် ဖြုတ်ကျတာကိုလည်း ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒီထက် ပြောရမယ်ဆို ခုလက်ရှိတွဲနေတာက ပုရိသတို့ အသည်းစွဲ နာမည်ကျော် မင်းသမီး Megan Fox ပဲ ဖြစ်တယ်ဗျာ။ Hip hop ဆိုလို့ ခုကျ Rapper ပဲ လုပ်နေတယ်မထင်ပါနဲ့ ဒီဆရာလေးက Hip-hop တွေ ဆိုလာရင်းကနေ ၂၀၂၀ လောက်ကျတော့ ချောတောငေါ့ပြီး Pop Punk တွေ Rock တွေဖက် ဝုန်းဒိုင်းပြီးပြောင်းသွားပြီး အခုတော့ Rapper တစ်ယောက်ကနေ Rock Star ဖြစ်နေပါပြီ။ ဒီ မှတ်တမ်းရုပ်ရှင်တွေထဲမှာတော့ အစုံအလင်ပါပါတယ် သူ ဘာလို့ လိုင်းပြောင်းသွားရတယ်တို့၊ လူတွေက သူ့ဆို အရမ်းမုန်းကြတဲ့အကြောင်း ဥပမာဆို UFC ဖိုက်တာကြီး Conor McGregor က ပွဲထဲ လှမ်းထိုးဖို့ လုပ်တာတို့၊ နာမည်ကျော် Metal အဖွဲ့ Slipknot က Vocal သမား Corey Taylor နဲ့ ညှိကြတာတို့ (ပြဿနာနဲ့ ပွဲတော့ အတော်ရှာတဲ့ကောင်ပါ)။ ပြီးတော့ သူ့ အယ်ဘမ်တွေကို နံပါတ် ၁ ဖြစ်အောင် ကြိုးစားကြတာ Blink-182 က ဒရမ်မာကြီး Travis Baker တို့ ဘယ်လိုတွေ ပံ့ပိုးပေးတာမျိုး သမီးတစ်ယောက်ကိုလည်း နာမည်မကြီးခင်ကတည်းက ရထားပြီး ဖခင်အဖြစ်လည်း နေထိုင်ရပုံတွေ ဘာညာနဲ့ အစုံ ပြထားတာပေါ့လေ။ ဆိုတော့ ဂီတမှတ်တမ်း ရုပ်ရှင်တွေ ထုံးစံအတိုင်း အနိမ့်အမြင့် အတက်အကျ အခက်အခဲ အောင်မြင်မှုတွေ သီချင်း ဖန်တီးကြတာတွေ ပြင်ပ နေထိုင်မှု ဘဝက ပျော်စရာ ဝမ်းနည်းစရာ စသဖြင့် အနုပညာရှင်ဆိုပေမဲ့ လူသားပါဆိုတာမျိုး အမြင်တွေကို ချပြထားတဲ့ ဂီတ မှတ်တမ်းရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ် File size…2.8GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….1h 41mins Subtitle….Myanmar Subtilte(Hard Sub) Encoder….YK Translated by ThuRa Aung

Horror
7.6 2022 102 mins
Machine Gun Kelly's Life In Pink
A Very Long Engagement
7.3

၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။ စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင် သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။ အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော် ဖွင့်ပါတော့တယ်။ မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံး ပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေ အလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့ အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။ အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း အသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား? သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား? အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ် File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... Mystery , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

Comedy • Romance
7.3 2004 133 mins
A Very Long Engagement
Alita: Battle Angel
7.2

နာမည်ကျော် Japan Anime series တို့ကို ရုပ်ရှပ်အဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။ Manga/anime adaptation တွေထဲမှာ ရှားရှားပါးပါး source material အရသာမပျောက်အောင် အကောင်းဆုံးဖန်တီးထားနိုင်တယ်လို့fan တွေကပြောပါတယ်။ Creator ကြီး Yukito Kishiro ကိုယ်တိုင်ကဒီကားကို ၅ ခေါက်တိတိကြည့်ပြီးပြီဖြစ်ပြီးသူ့အတွက်တော့ "Greatest movie in the world" ပါပဲလို့ပြောပါတယ်။ ကျွန်တော် anime/manga တစ်ခုမှမသိပါဘူး။ဆိုတော့ ရုပ်ရှင်တစ်ကားအနေနဲ့ပဲ မြင်သလောက် ပြောကြည့်ပါမယ်။ Avatar ဖန်တီးရှင်ကြီး James Cameron ကိုယ်တိုင်producer အဖြစ်ပါဝင်ပြီး Robert Rodriguez ရိုက်ကူးထားတဲ့ Alita: Battle Angel ရုပ်ရှင်ဟာ တကယ့် visual spectacle ကြီးတစ်ခုပါပဲ။ အရာအားလုံးက ရှင်းလင်း မြင်သာတယ်။ Ready Player One တုန်းကတောင် နည်းနည်းခပ်မှောင်မှောင် ဖြစ်သေးတယ်။ Mo-cap လက်ရာကတော့ အစစ်နဲ့ အတု ခွဲလို့မရလောက်အောင်ကိုလက်ရာမြောက်လွန်းတယ်။ ချကြဗြင်းကြတဲ့အခန်းတွေမှာဆိုလည်း မည်ကဲ့သို့လုပ်လိုက်သည်မသိ ဆိုပြီးဝုန်းဒိုင်းနဲ့ ပြီးမသွားဘူး။ ရှင်းရှင်းလင်းလင်း လှလှပပ အားရပါးရကိုမြင်ရတယ်။Motorball game အခန်းတွေဆို လုံးဝလန်ထွက်။ သတ်တာဖြတ်တာဆိုလည်းတကယ့် brutal ပဲ။ ထင်မထားတာတွေ အကြမ်းကြီးတွေ လုပ်ပြတယ်။Character design တွေလည်း လန်ထွက်။ မြင်ကွင်းပိုင်းမှာ အရောင်အသွေးအကုန် ပြီးပြည့်စုံလှပါတယ်ဆိုပေမဲ့Alita ဟာ ဇာတ်ညွှန်းပိုင်းမှာ နည်းနည်းလေး ပေါ့နေပါတယ်။ ဇာတ်လမ်းက ဒီထက်အများကြီး ချောမွေ့လို့ရပါတယ်။အခုက တချို့နေရာတွေ scene တစ်ခုနဲ့တစ်ခုကူးတာမှာ ထောက်နေတာတွေရှိတယ်။ ဇာတ်လမ်းစကတည်းက ဖြစ်ပျက်နေတာတွေ များလွန်းနေသလိုဖြစ်နေတယ်။ ဒီလိုဖြစ်ပျက်နေတာတွေ များလွန်းလို့ ကြားထဲမှာပျောက်နေခဲ့တာတွေအများကြီးပဲလို့ မြင်မိတယ်။ မိုက်လှပါတယ်ဆိုတဲ့ ဇာတ်ကောင်တွေကိုဒီထက် character ပိုပြနိုင်ရင်လည်းပိုကောင်းပါမယ်။ အခုက character arc လည်းသိပ်မပါခဲ့သလိုတချို့ဇာတ်ကောင်တွေဆို သေသွားလည်း ရင်ထဲဘာမှမဖြစ်သလို ပေါ့ပေါ့ပဲ။ဟိုမိန်းမကြီးကလည်း ဘယ်ကနေ ပေါ်ပေါ်လာမှန်းမသိ။ ဇာတ်လမ်းပိုင်း နည်းနည်းလေး လိုနေတာကလွဲရင် Battle Angel ဟာလုံးဝ ကြည့်ရတန်တဲ့ ကားတစ်ကားပါပဲ။ သေလောက်အောင် လှပ ပြင်းထန်လှတဲ့ မြင်ကွင်းတွေကတစ်ကားလုံး မပျင်းရအောင် လုံးဝဆွဲဆောင်သွားပါလိမ့်မယ်။ (ရုပ်ရှင်အညွှန်းအား DatShin Page မှ ကူးယူဖော်ပြပါသည်) Admin KPK DatShin: 3/5 IMDB: 7.6/10 Tomatometer: 60% ရုပ်ရှင်ကားကိုတော့ Little Neo မှ ဘာသာပြန်ပေးထားပါတယ် File Size : (5.4 GB)/(4.3 GB)/ (950 MB) Quality :OpenMatte 4K HEVC/ BluRay 1080p HEVC/720p Running Time : 2hr 02min Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by THZ,Nyeinsaeya Aung

Comedy • Drama • Family
7.2 2019 122 mins
Alita: Battle Angel
The Theory of Everything
7.9

IMDb - 7.7/10_____Rotten - 80% Won 1 Oscar, 25 wins & 124 nominations. ဇာတ်လမ်းကတော့ ကမ္ဘာကျော် အာကာသသိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်း ရဲ့ အတ္ထုပ္ပတ္တိလေးပါ... သိပ္ပံပညာရှင်လို့ပြောရင်တောင် လုံလောက်မယ်မထင်ပါဘူး..... စာရေးဆရာလည်း ဖြစ်နေပြန်တယ်လေ.... အခုဖက်ခေတ်မှာ ဒုတိယအိုင်းစတိုင်းလို့တောင် တင်စားထားပြီး Black Holes ကနေ ထုတ်လွှတ်နေတဲ့ Radiation တွေကိုလည်း Hawking Radiation လို့နာမည်ပေးထားပါသေးတယ်... သူရခဲ့တဲ့ ဆုတွေက ၂၁ ဆုတောင်ရှိပါတယ်... ဒီလိုဖြစ်ဖို့ သူဟာသာမန်လူကောင်း တစ်ယောက်အနေနဲ့ ကြိုးစားခဲ့ရတာမဟုတ်ပါဘူး... Amyotrophic Lateral Sclerosis (ALS) ဆိုတဲ့ ရောဂါဆိုးကြီး နဲ့ယှဉ်တွဲပြီးတော့ကိုရင်ဆိုင်ခဲ့ရတာပါ ရောင်းအားအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ A Brief History Of Time ဆိုတဲ့ စာအုပ်ကို သူဘယ်လိုရေးခဲ့ရလဲ ? သူ့ရဲ့ခန္ဓာကိုယ်ကြီးက ဝှီးလ်ချဲ ပေါ်မှာပဲ အမြဲတမ်း ကန့်သတ်ခံခဲ့ရပေမယ့် သူ့ရဲ့စိတ်ကူးတွေ အတွေးတွေကတော့ ဟိုးကမ္ဘာ့အပြင်ဘက် စင်္ကဝြဠာ ပေါင်းများစွာထိအောင် ရောက်နေပါတယ်.. ဆရာဝန်တွေက ၂ နှစ်ပဲနေရမယ်လို့ထင်ခဲ့တဲ့ သူဟာ အခုဆို ၇၃ နှစ်တောင်ရှိနေပါပြီ ... ဒါပေမယ့် သူ့ရဲ့အပြုံးတွေ ကြိုးစားမှုတွေကတော့ မှေးမှိန်မသွားသေးပါဘူး... လေ့လာမှုတွေကိုရပ်ဖို့ အစီအစဉ်တောင်မရှိဘူးဆိုပဲ... အရမ်းကို အတုယူဖို့ကောင်းပါတယ်....လေးစားဖို့လည်းကောင်းပါတယ်...။ ကျွန်တော်ဇာတ်လမ်းကို ပိုပြီးသဘောကျတာက မင်းသား Eddie Redmayne သရုပ်ဆောင်ချက်တွေဖြစ်ပြီး... ရုပ်ရည် ကလည်းတူတဲ့အပြင်သရုပ်ဆောင်တာတွေပါ ပီပြင်လွန်းတာကြောင့် တကယ့်ရောဂါသည်ကြီးလားလို့တောင် ထင်ရမိပါတယ်။ ၂၀၁၅ ခုနှစ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့တာ တကယ့်ကိုထိုက်တန်ပါတယ်။ အော်စကာဆုပေးပွဲအပြီးမှာ Stephen Hawking က သူ၏ Facebook စာမျက်နှာတွင် Eddie Redmayne ကိုဂုဏ်ပြုကြောင်းဖော်ပြခဲ့ပါတယ်.... “The Theory of Everything” ဇာတ်ကားမှာ ကျနော့်အနေနဲ့ သရုပ်ဆောင်ပြီး အော်စကာဆုရသွားတဲ့ Eddie Redmayne ကို ဂုဏ်ပြုပါတယ်။ မင်းအကောင်းဆုံး လုပ်ခဲ့ပါတယ် Eddie, ငါမင်းအတွက်ဂုဏ်ယူပါတယ်” ဟု Stephen Hawking ကရေးသားခဲ့ပါတယ်။ *** ဗဟုသုတ အနေနဲ့.... သူ့ရဲ့ ဝှီးချဲမှာ တပ်ထားတဲ့ကွန်ပျူတာအကြောင်းလေးပါဖေါ်ပြပေးလိုက်ပါတယ်။ Tablet ==>> Lenovo ThinkPad X220 Tablet (2 copies) Processor ==>> Intel® Core™ i7-2620M CPU @ 2.7GHz SSD ==>> Intel® 150Gb Solid-State Drive 520 Series Operation System ==>> Windows 7 Speech ==>> Speech Synthesizers (3 copies): Manufacturer ==>> Speech Plus (Incorporated 1988, Mountain View, CA) Model ==>> CallText 5010 IMDb Rating (7.7/10) Rotten Tomatoes (80%) ရရှိထားသလို အိုင်းစတိုင်းပြီးရင် ၂၀ ရာစုရဲ့ အထင်ရှားဆုံး သိပ္ပံပညာရှင်အကြောင်းကို ကြည့်ဖို့ တိုက်တွန်းပါရစေ... ။ (ဒီဇာတ်ကားကို Mĝ Ñŷêiň  မှကိုယ်တိုင်ဘာသာပြန်တင်ဆက်လိုက်တာဖြစ်ပါတယ်။) File size...1.3GB Quality....Blu-ray Rip 720p Format...Avi Duration....02:03:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Mĝ Ñŷêiň

Comedy • Drama • Sci-Fi & Fantasy
7.9 2014 123 mins
The Theory of Everything
Sharper
6.5

Sharper (2023) ဒါရိုက်တာ Benjamin Caron ရိုက်ကူးပြီး Sebastian Stan နဲ့ မင်းသမီးကြီး Julianne Moore ပါဝင် သရုပ်ဆောင်ထားတဲ့ psychological thriller ဇာတ်ကားသစ် ရပါပြီ။ Justice Smith နဲ့ Briana Middleton တို့လည်း ပါပါသေးတယ်။ ဇာတ်လမ်းတင်ဆက်ပုံကတော့ နည်းနည်းထူးခြားပါတယ်။ အစပိုင်းမှာ စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ တွန့်အကြောင်းပြထားပြီး စာအုပ်လာဝယ်တဲ့ ကျောင်းသူလေး ဆန်ဒရာနဲ့ ချစ်သူတွေ ဖြစ်သွားကြပုံကို ရိုက်ပြထားပါတယ်။ တစ်နေ့တော့ ဆန်ဒရာက အစ်ကိုဖြစ်သူရဲ့ အကြွေးတွေကို ဆပ်ပေးဖို့ ပိုက်ဆံလိုနေတဲ့အကြောင်း တွန့်ကို ပြောလာပါတယ်။ တကယ်တော့ ဆန်ဒရာက တွန်ထင်နေသလို စာကြမ်းပိုးလေး မဟုတ်ဘဲ အကြီးစား လူလိမ်တစ်ယောက်ပါ။ နောက်တော့ ဆန်ဒရာ ဘယ်လိုလုပ်ပြီး လူလိမ်ဖြစ်လာလဲဆိုတာနဲ့ သူ့ကို အလိမ်အညာပညာရပ်တွေ သင်ပေးတဲ့ မက်စ်ဆိုတဲ့သူနဲ့ တွေ့ဖြစ်ကြပုံကို ရိုက်ပြထားပါတယ်။ အဲဒီနောက်တော့ မက်စ်အကြောင်း၊ အဲဒီနောက် မက်စ်ရဲ့ဘဝထဲက မက်ဒလင်းအကြောင်းတွေကို တစ်ဆင့်ချင်းစီ ပြသွားပါတယ်။ ပြောရရင် လှေကားထစ်တွေလိုမျိုး တစ်ဆင့်ချင်း တက်သွားတဲ့ ဇာတ်လမ်းပါ။ လှေကားထစ်တွေရဲ့ အဆုံးမှာ ဘာတွေ ရှိမလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ပါဦး။ အညွှန်းကိုတော့ Roman NoX က ရေးထားပေးပြီးတော့ ဘာသာကြန်ထားတာကတော့ Roman NoX နဲ့ Kai Zenn တို့ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 974MB | 515MB | 273MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoXand Kai Zenn Encoder ….. August

6.5 2023 115 mins
Sharper
Invalid
7.7

ပြတိုက်ထဲက သေနတ်ပစ်ခတ်မှုရဲ့ နောက်ကွယ်က ဇာတ်ကြောင်းက ဘာဖြစ်မလဲ… ထူးထူးခြားခြား ဆလိုဗက်ကီးယားကားတစ်ကားဖြစ်တဲ့ Invalid ဆိုတဲ့ကားကတော့ Drama, Comedy အမျိုးအစားကားတစ်ကားပဲ ဖြစ်ပါတယ်။ ဟုန်းဒဲရာ့လာ့စ်ကိုးဆိုတာက စက်တွေပြင်ဆင်တဲ့နေရာမှာ ကျွမ်းကျင်ပညာရှင်ပဲ။ ဒါပေမဲ့ သူက ဒေါသအရမ်းကြီးတဲ့သူ။ သူ့ဒေါသကြောင့်ပဲ သူ့သားကို အိမ်ပေါ်က နှင်ချမိလိုက်သလို သူ့မိန်းမကလဲ အိမ်ပေါ်က ဆင်းသွားခဲ့တယ်။ နောက်တော့ သူ နောင်တရပြီး သူ့သားဖြစ်သူကို ပြန်ချော့ဖို့ ဓာတ်စက်ဝယ်တာကနေ ဇာတ်လမ်းကစတယ်။ ဓာတ်စက်ကြော်ငြာဆီမှာ အလိမ်ခံလိုက်ရတဲ့အပြင် ပိုက်ဆံတွေပါ ဓားပြတိုက်ခံရပြီး ဒုက္ခိတပါ ဖြစ်သွားခဲ့တဲ့ လာ့စ်ကိုးက ဘယ်လိုလက်စားပြန်ချေမလဲ။ လာ့စ်ကိုးကို ကယ်တင်ပေးခဲ့တဲ့ ဂါဘိုရဲ့ မိတ်ဆွေကောင်းပီသမှုတွေကိုလဲ ထင်ထင်ရှားရှားတွေ့မြင်ရမဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi

7.7 2023
Invalid
Anegan
6.7

Anegan (2015) သို့ သံသရာတည်မဲ့ချစ်ခြင်း IMDb — 6.7/10 ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ အတိတ်ဘဝကိုပြန်မှတ်မိနိုင်စွမ်းရှိသူတစ်ယောက်အကြောင်း.. ဒီကားကိုမြန်မာနိုင်ငံမှာပါမက ဗီယက်နမ် ကမ္ဘောဒီးယား မလေးရှားတို့မှာသွားရောက်ရိုက်ကူးထားပြီး ၄ ဘဝဆက်တိုက်ချစ်ကြိုးသွယ်ခဲ့ကြတဲ့ အတွဲလေးရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ရုံတင်ငွေကလည်း ၅၅ကုဋေထိ ပြန်ရခဲ့တဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီး ရုံကားတစ်ကားဆိုလည်းမမှား ဇာတ်လမ်းအစကိုက မြန်မာကစခဲ့ပြီး မြန်မာ့အလှ မြန်မာ့ယဉ်ကျေးမှုတွေ တစ်ပုံတစ်ပင်နဲ့ မြန်မာတို့မြတ်နိုးတန်ဖိုးထားကြတဲ့ ပုဂံ အင်းလေး ဦးပိန်တံတားပေါ်မှာပါ ရိုက်ကူးထားတဲ့ဇာတ်ဝင်ခန်းတွေဆိုရင်လည်း ကြည်နူးစရာအပြည့်ပါပဲ မာဒူလို့ခေါ်တဲ့ ဂိမ်းကုမ္ပဏီမှာလုပ်တဲ့ ကောင်မလေးဟာ သူ့ရဲ့ အရင်အတိတ်ဘဝတွေကို ပြန်မြင်လေ့ရှိတဲ့အတွက်ကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ သေချာပြကြည့်ပေမဲ့ ဆရာဝန်ကတော့ သူ့အလုပ်ရဲ့ လွှမ်းမိုးမှုဒဏ်ကြောင့် အမြင်အာရုံတွေ မှားပြီးဖြစ်တာလို့ပဲ ထင်နေပါတယ်။ ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက မာဒူလေး သူ့ရဲ့ အတိတ်ဘဝတွေထဲမှာ တွေ့ခဲ့ရတဲ့သူတွေအကုန်လုံးကို အခုလက်ရှိဘဝမှာပါ ပြန်ပြီး တွေ့ဆုံနေရလို့ပါပဲ။ အတိတ်ဘဝတွေမှာ ချစ်သူတော်စပ်ဖူးခဲ့တဲ့ကောင်လေးနဲ့ ပြန်လည်တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ မာဒူလေးက မှတ်မိနေပေမဲ့ ကောင်လေးကမမှတ်မိတဲ့အခါမှာ မာဒူလေးက ကောင်လေးအနားကို ချဉ်းကပ်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးမလဲ……. မာဒူလေးက အခုလိုမျိုး ဘာလို့ အတိတ်ဘဝအကြောင်းတွေကို မှတ်မိနေရတာလဲ ….. မာဒူလေးမှတ်မိနေတဲ့အတိတ်ဘဝအကြောင်းတွေကရော အစစ်အမှန်ပဲလား ထင်ယောင်ထင်မှားဖြစ်တာလား…… ဆိုတာတွေကို ကုလားကားပရိသတ်များအကြိုက် ဘဝပေါင်းများစွာနဲ့အတူ ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Yunni ကရေးသားပြီး CM Bollywood Team က ဘာသာပြန်ဆိုထားတာပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Horror
6.7 2015 154 mins
Anegan
Let Me Eat Your Pancreas
7.4

Let Me Eat Your Pancreas (2017) IMDb – 7.1/10 My Drama List – 8.2 “ငါတို့ရွေးချယ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေက ငါတို့နှစ်ယောက်ကို ဆုံစေခဲ့တာပဲ” အတန်းထဲမှာ တစ်ယောက်တည်း သီးသန့်နေတတ်တဲ့ ရှင်းဂဟာရုကိတစ်ယောက် ဆေးရုံမှာ အူအတက်ခွဲရင်း အတန်းထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ ရာမာအူချီဆာကူရာရဲ့ ဒိုင်ယာရီစာအုပ်ကို မတော်တဆဖတ်မိပြီး ဆာကူရာ့ရဲ့ လျှို့ဝှက်ချက်သိသွားပါတယ်။ ဆာကူရာက ရှင်းဂတစ်ယောက် သူ့လျှို့ဝှက်ချက်ကိုအသုံးချပြီး အာရုံအစိုက်ခံရအောင်လုပ်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်း ရှင်းဂကဘာမှမလုပ်လို့ စိတ်ဝင်စားပြီး ရင်းရင်းနှီးနှီးနေဖို့လုပ်လာပါတယ်။ တကယ်တော့ ဆာကူရာက ပန်ကရိယရောဂါနဲ့ တစ်နှစ်အတွင်း သေရတော့မယ့်လူပါ၊ အဲဒါကို မိဘကလွဲပြီး ဘယ်သူမှမသိပေမယ့် ရှင်းဂသိသွားပြီး အဲဒါကိုအသုံးမချတဲ့အတွက် သူ့ရဲ့လက်ကျန်အချိန်တွေကို ရှင်းဂနဲ့အတူ ပျော်ပျော်ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်နှစ်အတွင်း ဘာတွေကြုံရမလဲ ရှင်းဂတစ်ယောက်ကရော ပြောင်းလဲလာမလား… Let Me Eat Your Pancreas ဇာတ်လမ်းကို 2014 ခုနှစ်မှာ manga အနေနဲ့ထွက်ရှိခဲ့ပြီး 2017 ခုနှစ်မှာ live-action ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားကို 2018 ခုနှစ်မှာ animeအဖြစ် ထပ်မံအသက်သွင်းခဲ့ပါတယ်။ မင်းသား Takumi Kitamura မင်းသမီး Minami Hamabe တို့ သရုပ်ဆောင်ထားပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် File size… 1.3 GB / 600 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Benni

7.4 2017 115 mins
Let Me Eat Your Pancreas
Amityville Frankenstein

Friendish Thieves ဆိုတဲ့ Video Game တစ်ခုကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သူခိုးနှစ်ယောက်က ထူးဆန်း‌ ခြောက်ခြားဖွယ် ကောင်းတဲ့ အိမ်တစ်အိမ်ကို နာရီတစ်လုံးခိုးဖို့သွားရင်း ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ ကြုံလာရမဲ့ အဖြစ်အပျက်တွေကတော့ အဆင်ပြေမှုတွေလား အဆင်မပြေမှုတွေလား သူ့ဘာသာသူကြောက်စရာကောင်းနေပြီးသား အိမ်ကြီးကနေ ဘာကြောက်စရာတွေထပ်ကြုံရဦးမှာလဲ ဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး….. File size…(480 Mb) Quality….Webrip 720p Format… mp4 Duration…. 01:02:00 Genre… Comedy, Family, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Luca

0 2023 62 mins
Amityville Frankenstein
[18+] Pwede G, Pwede B
4.5

ဘာဆီဟာ အသက် ၃၀ ဝန်းကျင်လူပျိုလူလွတ်တစ်ယောက်ဖြစ်ပြီး မိန်းမကိစ္စ ဝါသနာထုံပါတယ်။ မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်ကို စားပြီးနားမလည်လုပ်ခဲ့ရာကနေ လီလီဆိုတဲ့ ကောင်မလေးနဲ့အလှည့်မှာတော့ စိတ်အနာကြီးနာသွားတဲ့ လီလီရဲ့ကျိန်စာတိုက်မှုကို သူခံခဲ့ရပါတယ်။ အဲ့ဒီကျိန်စာကတော့ မိန်းကလေးတွေကိုလှည့်စားခဲ့တဲ့အတိုင်း သူ့အပေါ်မေတ္တာမတုန့်ပြန်ပဲ အပျော်ကြံမယ့်ယောက်ျားတစ်ယောက်ကို ချစ်မိသွားပါစေဆိုတာပါပဲ။ အဲ့ဒီညမှာပဲ အသည်းကွဲလာတဲ့ အတူနေအခန်းဖော် သူငယ်ချင်း သီယိုနဲ့အမှတ်မထင်အချစ်နယ်ကျွံမိခဲ့ကြပြီး တစ်ဖြည်းဖြည်းနဲ့ သီယို့အပေါ်သူ့ခံစားချက်တွေပြောင်းလဲလာနေပြီဆိုတာ အလန့်တကြားသိလိုက်ရချိန်မှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(810 MB) / (360 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….00:51:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.5 2024
[18+] Pwede G, Pwede B
Dharmaveer 2
7.1

Dharmaveer 2: Mukkam Post Thane (2024)”စံပြ ၂” ======================================== အိန္ဒိယနိုင်ငံရေးမှာ လွှမ်းမိုးမှုကြီးခဲ့တဲ့ နိုင်ငံရေးသမားကြီး အာနန်ဒီဂေရဲ့ ဘဝဇာတ်ကြောင်း အပိုင်းနှစ်ကို စီအမ်ကနေ ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဓမ္မဝီရလို့ နာမည်ရခဲ့တဲ့ အာနန်ဒီဂေဟာ အိန္ဒိယနိုင်ငံရေးလောကမှာ အင်မတန်လေးစားခံရတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး အိန္ဒိယရဲ့ လက်ရှိ မျက်မှောက်ခေတ်ရွေးကောက်ပွဲတွေအထိ သူ့ရဲ့ လွှမ်းမိုးမှုတွေ ကျန်ရှိနေဆဲပါပဲ။ ဒီ ဓမ္မဝီရ အပိုင်းနှစ်မှာလည်း ပထမပိုင်းတုန်းကလိုပဲ အာနန်ဒီဂေရဲ့ နိုင်ငံရေးအတွေးအခေါ်တွေ၊ ဘာသာရေးအယူအဆတွေ၊ လွှမ်းမိုးမှုကြီးပုံတွေကို ထပ်မြင်ရမှာဖြစ်ပြီး ရုပ်ရှင်တစ်ခုတည်းနဲ့ အလုံးစုံအောင်မပြနိုင်ခဲ့တဲ့ ဓမ္မဝီရခေါ် အာနန်ဒီဂေရဲ့ ဘဝဇာတ်ကြောင်းကို ဆက်လက်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Zwe Yan ~ Linn Lunn ~ ToMo ~ Yunni ~ KKKZ တို့ပဲဖြစ်ပါတယ်။)

7.1 2024 157 mins
Dharmaveer 2
The Killer Is Calling
5.5

ရုပ်ရှင်ချစ်ပရိသတ်ကြီးကို ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Mystery/ Thriller/ Crime အမျိုးအစားဖြစ်ပါတယ်… ဒီကားလေးမှာဆိုရင် ရဲဌာနရဲ့ ရုံးခန်းအတွင်းကနေပြီး ဖုန်းလက်ခံဖြေဆိုရတဲ့ အရာရှိကို ဇာတ်အိမ် အခြေပြုကာ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ပဟေဠိဆန်ဆန် လူသတ်မှုကို ဖော်ထုတ်ပုံ ကာကွယ်ပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်.. ဖေးဟာ ၉၁၁ အရေးပေါ်ဖုန်းများကို လက်ခံဖြေဆိုပေးရတဲ့ ကျွန်းတစ်ကျွန်းပေါ်က အရာရှိတစ်ယောက်ဖြစ်ပါတယ်.. တာဝန်ထမ်းဆောင်သည့် သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ဖေးဟာ ‌ဖြစ်ပေါ်လာသမျှ အရေးပေါ်ကိစ္စအဝဝကို စိတ် တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းရင်း အောင်မြင်တဲ့ ဖုန်းလက်ခံ ဖြေဆိုသူတစ်ယောက်လည်း ဖြစ်ပါတယ်.. တစ်ညမှာတော့ ရဲဌာနမှာ မမျှော်လင့်ထားတဲ့ အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး တာဝန်ချိန်မဟုတ်တဲ့အတွက် အိမ်ပြန်ရောက်နေတဲ့ ဖေးဟာ ရဲဌာနဆီ ညတွင်းချင်းပြန်ခဲ့ရာ လူသတ်မှုတစ်ခုမှ ဖုန်းတစ်လုံး ဝင်လာခဲ့ပါတယ်. အိမ်ထဲကို လူသတ်သမားတစ်ယောက် ဝင်ရောက်လာပြီး ယောက်ျား ဖြစ်သူကို သတ်တဲ့အတွကိကြောင့် အကူအညီတောင်းခံတဲ့ ဇနီးသည်ရဲ့ ဖုန်းဖြစ်ပြီး ရဲတပ်ဖွဲ့ကို စေလွှတ်ခဲ့သော်လည်း အသက်ဆုံးရှုံးပြီးသား ကိုယ်ခန္ဓာကိုသာ တွေ့ရှိခဲ့ရပါတယ်.. သို့သော်လည်း ခေါ်ဆိုထားတဲ့ဖုန်းဟာ ဖုန်းချသွားခြင်းမရှိဘဲ ထူးဆန်းစွာပဲ ယောက်ျားကြီးတစ်ယောက်ရဲ့အသံ ပေါ်ထွက် လာပါတော့တယ်.. ထိုယောက်ျားကြီးဟာ ဖေးနဲ့ ဖေးရဲ့မိသားစုကိုပါ သတ်ဖြတ်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုပြီး သတ်ဖြတ်မှုကို တားဆီးစေချင်က ဘာကြောင့်အခုလိုသတ်ဖြတ်နေရသလဲဆိုတဲ့မေးခွန်းရဲ့ အဖြေကို သိအောင်လုပ်ဖို့ လူအများရဲ့အသက်နဲ့ လောင်းကြေးထပ်ရတဲ့ တာဝန်ကို ဖေးပုခုံးပေါ် တင်ပေးလိုက်တဲ့အခါမှာတော့ ဖေး တစ်ယောက် အကျပ်ရိုက်ရပါတော့တယ် ဘယ်သူဘယ်ဝှာမှန်း မသိတဲ့သူတစ်ယောက်က မေးခွန်းထုတ်လာတဲ့ ဘာမှန်းမသိတဲ့ အကြောင်းပြချက်ကို ဖေးတစ်ယောက် ရှာတွေ့နိုင်မလား…. ရှာမတွေ့ခဲ့ရင်ရော ဖေးနဲ့မိသားစုတွေ သေကြေကြမလား…. ရှာတွ့ရင်ရော လူဘယ်နှယောက်ကို ကယ်တင်နိုင်မှာလဲ…. ယောက်ျားကြီးကရော ဘာအတွက်များ အငြိုးတကြီးနဲ့ စိန်ခေါ်ပြီးသတ်ဖြတ်နေရပါသလဲ… စတဲ့မေးခွန်းတွေနဲ့ ပဟေဠိဆန်တဲ့ ရုပ်ရှင်လေးဟာ Mystery အမျိုးအစား ကြိုက်နှစ်သက်သူများအတွက် စိတ်ကျေနပ်နိုင်ဖွယ်ရာဖြစ်ပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာကိုမှ သဘောကျသူ Thriller ပရိသတ်များအတွက်လည်း အာသာပြေ စေမယ့် ရုပ်ရှင်ကားလေးဖြစ်တာကြောင့် ကြည့်ရှုခံစားနိုင်ရန် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ……………………….. File size… (1.24GB) / (624MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Drama • Comedy • Family
5.5 2025 88 mins
The Killer Is Calling