YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM)Special.Commando.E21.mp4

500.45 MB N/A video/mp4 163 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Midnight in the Garden of Good and Evil
6.3

နာမည်ကျော်မင်းသားကြီး Kelvin Spacey ပါဝင်ထားတဲ့ Crime/Drama အမျိုးအစားဖြစ်ပါတယ်။ Kelvin Spacey ကားဆိုရင် အညွှန်းမဖတ်ဘဲကြည့်သင့်တဲ့အထဲမှာပါတယ်ဆိုတာ သူကားတွေအတော်များများကြည့်ဖူးရင်သိကြပါတယ်.. ဒါ့ကြောင့်အညွှန်းတွေ ရှည်ရှည်ဝေးဝေးရေးမနေတော့ဘူး.. နယူးယောက်မြို့ကနေ ပါတီပွဲတစ်ခုအကြောင်း သတင်းယူဖို့ စေလွှတ်ခဲ့လိုက်ရတဲ့ ဂျွန်ကယ်ဆိုတစ်ယောက် ဆာဗန်းနားမြို့ကို မအူမလည်နဲ့ရောက်ချလာပါတယ်။ အဲဒီပါတီပွဲကိုတာဝန်ယူကျင်းပမယ့်သူက ရှေးဟောင်းဂန္တဝင်ပစ္စည်းတွေကို စုဆောင်းလေ့ရှိတဲ့ သူဌေးကြီး ဂျင်မ်ဝီလီယံစ်ဖြစ်ပြီး သူတို့နှစ်ဦး ခင်မင်သွားရာမှ တစ်မနက်မှာတော့ ဂျင်မ်တို့အိမ်ကြီးမှာ လူသတ်မှုတစ်ခုဖြစ်သွားကြောင်း သိလိုက်ရပါတယ်။ ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့… File Size :(3.2GB) (1.4 GB) and (467 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:35:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Encoded by Phyo Pyae

Drama
6.3 1997 155 mins
Midnight in the Garden of Good and Evil
The Assassination of Nie Yinniang
2

သိုင်းလောကကိုကြိုက်နှစ်တဲ့သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အခုဒီကားလေးကတော့ သိုင်းပညာရုပ်ရှင်ကားတွေ မြွေဖြူမြွေစိမ်း(Green Sanke)နဲ့ ၂၀၂၀တုန်းက ထွက်ခဲ့တဲ့ဝူခုန်းကား(Great God Monkey)စတဲ့ နာမည်ကြီးကားတွေပါဝင်သရုပ်ဆောင်ခဲ့တဲ့ NanSheng(Royi)လေးရဲ့ကားဖြစ်ပါတယ် ထန်မင်းဆက် အန်းရှီအရှုပ်တော်ပုံပြီးသွားတဲ့နောက် ကျန်ရစ်ခဲ့တဲ့အန်းရှီမျိုးနွယ်တွေက လမ်းစဉ်အသစ်ဖန်တီးမယ်ဆိုပြီး ပုန်ကန်မှုတွေ တိုက်ခိုက်မှုတွေဖြစ်အောင် ပြန်ပြီးပြဿနာရှာနိုင်အောင်လို့ ဖေးယိဂိုဏ်းကိုထူထောင်ခဲ့တယ် လောကကြီးအေးချမ်းသာယာအောင် မကောင်းဖေးယိဂိုဏ်းကို နန်းတွင်းကသုတ်သင်ဖြေရှင်းဖို့ ချန်ရွှိန်ဂိုဏ်းဆိုပြီးထူထောင်ခဲ့တယ် Yinniangကလည်း ချန်ရွှိန့်ဂိုဏ်းရဲ့တပည့်ပီပီ ဝေ့ပေါ်ကစစ်သူကြီးဆီမှာ သူ့သမီးယောင်ဆောင်ပြီးတော့ ဖေးယိဂိုဏ်းခေါင်းဆောင်ကိုသတ်ဖို့လုပ်နေခဲ့တယ် ညီအစ်မလိုနေနေတဲ့ဆရာတူအစ်မက အလေးပေးခြင်းမခံရတဲ့အခါမှာဂိုဏ်းကိုစိတ်တိုပြီး စိတ်လိုက်မာန်ပါလုပ်ရင်းဘာတွေဆက်ဖြစ်မလဲ? တကယ်ပဲအစ်မဖြစ်သူကဂိုဏ်းကိုသစ္စာဖောက်မှာလား Yunniangက နောက်ဆုံးမှာ ဂိုဏ်းရဲ့လျှိုဝှက်သိုင်းကို ကျင့်ကြံနိုင်ပြီး ဖေးယိခေါင်းဆောင်ကို သတ်နိုင်မလား ဂိုဏ်းနှစ်ဂိုဏ်းရဲ့လှပတဲ့သိုင်းကွက်တွေနဲ့ ဆန်းကြယ်လှတဲ့ဉာဏ်ဆင်အကွက်တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုလို့ရမဲ့ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Crime • Drama • Mystery • Thriller
2 2022 85 mins
The Assassination of Nie Yinniang
Bachelor Party
6.3

ဦးTom Hanksကြီးဟာ အခုမှသာ ဒရာမာကားတွေ လူတွေငို​စေတဲ့ကားတွေ ရိုက်နေတာ သူ ငယ်စဉ်အချိန်တွေတုန်းကတော့ လူငယ်ဆန်ဆန်ကားလေးတွေနဲ့ပဲ စခဲ့ရတာဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်ကထွက်ခဲ့တဲ့ ဒီကားလေးဟာ 80s အ​နောက်ပိုင်းသား ဗရုတ်များရဲ့ ​နေထိုင်​ပြောဆိုပုံ​တွေကို ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားပါတယ်... ရစ်ခ်ဟာ ​ကျောင်းကားလေးကို အငှား​မောင်းသူတစ်​ယောက်ဖြစ်ပြီး ဘဝကို ​ပေါ့​ပေါ့တန်တန် ဖြတ်သန်းသူပါ ဒါ​ပေမဲ့ သူ့ချစ်သူက​တော့ ဂုဏ်သ​ရေရှိ သူ​ဌေးသမီး တစ်​ယောက်ဖြစ်တဲ့ အ​လျောက် ​ယောက္ခထီးက သ​ဘောမတူသလို သူ့ထက်အရာရာသာတဲ့ ​ကောင်မ​လေးရဲ့ ရည်းစား​ဟောင်းကလည်း ပြိုင်ဘက် အဖြစ် ရှိ​နေပါတယ် သူတို့ ၂ဦး လက်ထပ်တော့မယ့်အ​ကြောင်း ရစ်ခ် တစ်‌ယောက် ချစ်ရတဲ့သူငယ်ချင်း​တွေကို ​ပြောပြလိုက်တဲ့အခါ သူတို့က ရစ်ခ်အတွက် လူပျိုညပါတီကို စီစဉ်​ပေးကြပါ​တော့တယ်... မိုင်ကုန်ကဲကြမယ်​ပေါ့ ကဲကြတယ်ဆိုတဲ့အတိုင်း မိန်းမ မရခင် သောက်ကြ၊ စားကြ၊ ​ဆေးချကြ၊ မိန်းမပျက်တွေနဲ့ ပျော်ပါးကြ​ပေါ့။ အ​နောက်တိုင်းသားများအတွက်တော့ လူပျိုည ပါတီမှာ ညဥ့်ငှက်​လေး​တွေနဲ့ ​ပျော်ပါးတာဟာ ထုံးစံတစ်ခုလိုကို ဖြစ်​နေတတ်ပါတယ် သူငယ်ချင်း​တွေရဲ့ တိုက်တွန်းမှုနဲ့ ရစ်ခ်ခမျာ အားနာနာနဲ့ပဲ လက်မထပ်ခင် တခြားမိန်းမနဲ့ အိပ်တဲ့ဓ​​လေ့ကို ဆင်နွှဲလိုက်​လေမလား ဆိုတာကို အခုလို ဆောင်းရာသီလေးမှာ ခေတ်ဟောင်းကားလေးတစ်ကားကို ခပ်မြူးမြူးလေးကြည့်ချင်တယ်ဆိုရင်တော့ Bachelor Party ကိုညွှန်းပါရစေ။ File size…(2.2 GB)/(970 MB) Quality….BluRay HEVC 1080p / 720p Format…mkv/mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya

Drama • Thriller
6.3 1984 105 mins
Bachelor Party
Ice Cream Man
4.7

ရေခဲမုန့်အရမ်းကြိုက်တဲ့ကောင်လေးက ငယ်ငယ်က သူဝယ်စားနေကျရေခဲမုန့်သည်ကြီး သူ့ရှေ့မှာအသတ်ခံလိုက်ရတာကိုမြင်ပြီး Traumaရသွားတယ်..။ အဲဒီနောက် သူကြီးလာတော့ ကိုယ်တိုင်ရေခဲမုန့်သည်ဖြစ်လာတယ်။ ကလေးတွေအရမ်းကြိုက်ကြတဲ့ ရေခဲမုန့်ပေါ့။ ဒါပေမဲ့ ရေခဲမုန့်ထဲမှာ ဘာတွေထည့်ထားလဲဆိုတာကိုသိရင်တော့ စားချင်ကြတော့မှာမဟုတ်ပါဘူး။ ကလေးပျောက်မှုတွေ လူသတ်မှုတွေက ရေခဲမုန့်သည်ရဲ့လက်ချက်ဆိုတာကို ဂျွန်နီ၊ ဟယ်သာ၊ တူနာတို့ကလွဲရင် တစ်ရပ်ကွက်လုံးမသိကြသလို ကလေးတွေက ခဏခဏတိုင်ကြားပေမဲ့ သက်သေလည်းမရှိတော့ ရဲတွေလည်း ဘာမှလုပ်လို့မရပါဘူး။ ဒီတော့ ဂျွန်နီတို့ဖွဲ့ထားတဲ့ ဒုံးပျံအဖွဲ့သားတွေကရော ရေခဲမုန့်သည်ကို အနိုင်ယူနိုင်ပါ့မလား၊ စိတ္တဇလူသတ်သမားရေခဲမုန့်သည်ကရော ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာကို Ice Cream Manဇာတ်ကားထဲမှာ ကြည့်ရှုအဖြေရှာလို့ရပါပြီ။ လူသားပေါက်စီလို ခပ်ဆင်ဆင်ကားမျိုးမို့ အသည်းငယ်သူတွေ မကြည့်သင့်ပါဘူး။ File size…(1.7GB)/(832.51MB)/(536.77MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by….Su Eaindra

4.7 1995 84 mins
Ice Cream Man
Mindwash

ယခုတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းကတော့ စိတ်ဓာတ်မြင့်တင်ရေးဟောပြောသူ ဘီလီဆဲလ်ဒန် ဆိုတဲ့လူတစ်ဦးအကြောင်းပါ။ သူဟာ “ကိုယ့်အတွက်ကိုယ်တွေးပါ” ဆိုတဲ့ လက်ကိုင်စကားနဲ့အတူ နာမည်ကြီးလာခဲ့ပါတယ်။ သူရဲ့အောင်မြင်မှုဟာအထွတ်အထိပ်ကိုရောက်ရှိလာပြီး မျိုးစက်သစ်အတွက် စံပြလို့ပြောရလောက်အောင် ဖြစ်လာပါတယ်။ ဒါပေမဲ့ သူဟာ လက်ရှိအမှန်တရားနဲ့၊ မီဒီယာရဲ့လွှမ်းမိုးမှုကို ခံလာရတဲ့အခါမှာ ပျက်စီးမှုဖက်ကိုဦးတည်လာပါတော့တယ်။ တချိန်ထဲမှာပဲ သူ့ရဲ့ရည်းစားဖြစ်သူ “နာတလီ” နဲ့လည်းအဆင်မပြေဖြစ်လာပါတယ်။ အဲ့ဒီနောက် ဘီလီ ဘာဆက်ဖြစ်မလဲဆိုတာကိုဆက်လက်ရှုစားကြပါခင်ဗျာ။ File size…(1.2 GB)/(531 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

0 2024 86 mins
Mindwash
The Lord of the Monsters
5.8

ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမှာကတော့ မကောင်းဆိုးဝါးနဲ့အမတမျိုးနွယ်ကြားက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းရတဲ့ အမတဂိုဏ်းက ထက်မြတ်တဲ့ တပည့် မုချင်းတစ်ယောက် ဆရာအတူ တစ်ဖန်ပြန်ပေါ်ထွက်လာတော့မယ့် မ‌ကောင်းဆိုးဝါးဘုရင်ပိုင်ကျယ်ကို ချိတ်ပိတ်ဖို့ ချင်းလွမ်မှန်အပိုင်းအစကိုလိုက်ရှာဖို့ တာဝန်ပေးခံခဲ့ရတဲ့ မုချင်းတစ်ယောက် မကောင်းဆိုးဝါး နယ်မြေဖြစ်တဲ့ ပန့်ပုသောကို ရောက်ရှိလာခဲ့ပါတယ် တကယ့်ကိုမှ ပြင်းထန်ပြီးစိတ်လှုပ်ရှားဖွယ် အချစ်တစ်ခုနဲ့ထိတွေ့ချင်နေတဲ့ စိတ်ကောင်းရှိတဲ့ ကြောင်မကောင်းဆိုးဝါးမလေးကျောင်းယန်ကတော့ ပန့်ပုသောရဲ့တန်ကျင်တောင်မှာ နေထိုင်လာတာ နှစ်ရာချီနေခဲ့ပါပြီ မကောင်းဆိုးဝါးမှန်သမျှဟာ လူ့လောကကို တစ်ချိန်ချိန်မှာဒုက္ခပေးမယ်ဆိုတဲ့ အသိကိုရိုက်သွင်းခံထားရတဲ့ မုချင်းတစ်ယောက် စိတ်ကောင်းရှိပြီး ကူညီပေးတတ်တဲ့ မကောင်းဆိုးဝါးမလေးကျောင်းယန်နဲ့ဆုံတွေ့ပြီးနောက်မှာတော့ အမတမျိုးနွယ်နဲ့ မကောင်းဆိုးဝါးမလေးတို့ကြားမှာ အချစ်စစ်တစ်ခု ပေါက်ဖွားလာခဲ့ပါတယ် အမတမျိုးနွယ်နဲ့မကောင်းဆိုးဝါးမျိုးနွယ်ဆိုတာ သူသေကိုယ်သေတိုက်ပွဲဖြစ်ဖို့ပဲ အလားအလာရှိနေတာဆိုတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းဘယ်လိုတွေဖြစ်လာမှာလဲ လောကမှာ ကောင်းတဲ့သူနဲ့မကောင်းတဲ့သူပဲရှိတာမို့လို့ ဒီလိုတစ်ယူသန်အတွေးတွေကြောင့် ဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်ရမှာလဲဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော်

Drama • Romance
5.8 2024
The Lord of the Monsters
Godzilla Against MechaGodzilla
6.6

Godzilla Against MechaGodzilla (2002) ============================= IMDb Rating – 6.6/10 Japan တွေရဲ့ Godzilla franchise ထဲကမှ လက်ရှိခေတ်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ Millennium era ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီကားဟာလည်းထုံးစံအတိုင်း Godzilla film series တွေထဲကဇာတ်ကားတိုင်းကိုပယ်ဖျက်ထားပြီး 1954 Godzilla တစ်ကားကိုပဲ နောက်ကြောင်းခံထားတာပါ။ direct sequel ဖြစ်တဲ့ Godzilla: Tokyo S.O.S လည်းမကြာခင်လာ ပါ့မယ်။ မူလဂေါ်ဇီလာတိုက်ခိုက်မှုအပြီး ၄၅ ခုနှစ်အကြာ ၁၉၉၉ ခုနှစ်မှာ ‌ ပြန်ပေါ်လာတဲ့ ဂေါ်ဇီလာရဲ့တိုက်ခိုက်မှုတွေကြောင့် ဂျပန်အစိုးရဟာ အခက်တွေ့နေရပါတယ်။ မူလဂေါ်ဇီလာကိုတိုက်ခိုက်ချေမှုန်းနိုင်ခဲ့ တဲ့လက်နက်ကလည်း ကမ္ဘာဖျက်လက်နက်ဖြစ်လာမှာစိုးရိမ်လို့ လျှို့ဝှက်ချက်တွေကိုသေသည့်အထိ ဖုံးကွယ်သွားခဲ့တဲ့ သိပ္ပံပညာ ရှင်နဲ့အတူပျောက်ဆုံးသွားခဲ့ပြီဖြစ်တဲ့အတွက် ဂေါ်ဇီလာကိုရင်ဆိုင် ဖို့အတွက် မူလဂေါ်ဇီလာရဲ့အရိုးတွေကိုအသုံးပြုပြီး ရိုဘော့ဂေါ် ဇီလာတစ်ခု ဖန်တီးပြီး ဂေါ်ဇီလာကိုရင်ဆိုင်ကြပုံကိုရှုစားကြရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.79 GB) / (1.06 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Sci-Fi, Thriller Translator…….Alias Encoder……….SWM

Documentary • Music
6.6 2002
Godzilla Against MechaGodzilla
Something Good Coming
6.8

Something Good Coming (2023) IMDb Rating (6.8) မတူညီတဲ့ပြဿနာတွေကိုယ်စီရှိနေကြတဲ့ စတိုးဆိုင်ဝန်ထမ်းနှစ်ဦး မတော်တဆဆုံတွေ့ခဲ့ကြပြီး ချစ်ကြိုက်ခဲ့တဲ့ အကြောင်းအရာလေးကို ရိုက်ကူးထားတဲ့ ရိုးရှင်းတဲ့ Comedy, Drama, Romance ကားလေးပါ။ ပုံမှန်အချစ်ကားတွေနဲ့ မတူညီတဲ့အချက်က ရိုးရှင်းတဲ့ပုံစံလေးဖြစ်ပေမဲ့ ပုရိတ်သတ်ရဲ့ ရင်ကို ထိစေတဲ့ တစ်ကယ့်ကိုလေးနက်တဲ့ စိတ်ခံစားချက်တွေ ရရှိသွားစေနိုင်တဲ့ အကြောင်းအရာလေးတွေ ပါဝင်နေတယ်။ နှစ်ဦးကြားနွေးထွေးမှုလေးတွေ ကို့ရို့ကားယားဆက်နွယ်မှုလေးတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းလေးတွေနဲ့ ကြည့်ရှုသူ ပရိတ်သတ်ရင်ထိစေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ လက်မလွှတ်တမ်းကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.7 GB) / (830 MB) Quality….WEB-Rip 1080p HEVC /0720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….01:40:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Drama
6.8 2023
Something Good Coming
Dick Dynamite: (2023)
5

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Dick Dynamite 1944 လို့ အမည်ရတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ Action/Comedy ကားလေးပဲဖြစ်ပါတယ်… အမေရိကန်ပြည်ထောင်စုအပေါ် နာဇီတို့ရဲ့ လူသားစား Zombie အဖြစ်ပြောင်းလဲနိုင်တဲ့ ဇီဝဓာတုဗုံးကြဲမည့် စီမံကိန်းကို တားဆီးဖို့ Dick Dynamite နဲ့ သူ့ရဲ့လက်မရွံ့အဖွဲ့တို့ အသက်စွန့်ကြိုးပမ်းကြပုံကို ဇာတ်ကောင်များများနဲ့ ဟာသနှောကာ မြူးမြူးကြွကြွတင်ဆက် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… သွေးသံတရဲရဲနဲ့ကိုယ်လက်အင်္ဂါအပြတ်အတောက်တွေ စကားလုံး ညစ်ညစ်ညမ်းညမ်းတွေ တင်းကြမ်းပါဝင်ပြီး ဇာတ်ကောင်တွေရဲ့ အရွှန်းဖောက်မှုနဲ့ ပေါ့ပေါ့ပါးပါးရယ်ရယ်မောမော ကြည့်ရှုရမယ့် ဒီဇာတ်ကားလေးဟာ အဓိပ္ပါယ်နက်နက်နဲနဲတွေမပါဘဲ စိတ်အပန်းပြေရုံ ကြည့်ရှုခံစားလိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်များအတွက် သင့်တော်တဲ့ရုပ်ရှင် ကားလေးဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်…….. File size… (2.45GB) / (1.25GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre …..Action , Comedy , Horror , Sci-Fi , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5 1944 87 mins
Dick Dynamite: (2023)
Test
5

Test (2025) “ဘ၀လက်ရည်စမ်းပွဲ” ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် တမီလ်စကားပြော အားကစား-ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 3 Idiots ဇာတ်လမ်းထဲမှာဖာဟန်အဖြစ်ပါ၀င်ခဲ့ဖူးတဲ့ မင်းသားကြီး R. Madhavan ခေါင်းဆောင်ပါ၀င်ထားပါတယ်။ ခရစ်ကတ်အားကစားကိုနောက်ခံထားပြီး မတူညီတဲ့ဘ၀နဲ့ လူသုံးယောက်ရဲ့ဘ၀အခက်အခဲတွေကို ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အာဂျွန်ဆိုတာ တစ်ချိန်ကအရမ်းလက်စွမ်းထက်ခဲ့တဲ့ နိုင်ငံ့လက်ရွေးစင် နာမည်ကြီးခရစ်ကတ်ကစားသမားတစ်ယောက်ပါ။ လက်ရှိမှာ‌တော့ အရွယ်တစ်ခုရောက်ပြီး ငွေကြေးပြည့်စုံပေမဲ့ အကျဘက်ရောက်လာတဲ့ သူ့ရဲ့အားကစားသမားဘ၀ကို ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရသူပေါ့…။ ‌‌ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။ ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။ နောက်တစ်နောက်ကတော့ ဆာရာရဲ့မိန်းမဖြစ်သူ ကျောင်းဆရာမလေးကူမူဒါပါ။ ကူမူဒါဟာ မိန်းကလေးဖြစ်ပေမဲ့ ခရစ်ကတ်အားကစားကိုရူးသွပ်သူဖြစ်ပြီး သူ့ဖခင်ကလည်း ခရစ်ကတ်နည်းပြဟောင်းကြီး ဖြစ်ပါတယ်။ သူဟာ အာဂျွန်ရဲ့အမာခံပရိသတ်ဖြစ်သလို့ အာဂျွန့်သားဖြစ်သူရဲ့ ကျောင်းဆရာမလည်း ဖြစ်နေပြန်ပါတယ်။ သူကတော့ ကလေးအရမ်းလိုချင်သူဖြစ်ပြီး ကလေးရဖို့ နည်းမျိုးစုံကြိုးစားနေသူပါ။ ဒီလိုနဲ့ သူ့နည်းသူ့ဟန်နဲ့ ဘ၀ကိုကြိုးစားရုန်းကန်နေကြတဲ့ သူတို့သုံးဦးရဲ့ကံကြမ္မာဟာ ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်၀င်စားစရာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~ZweYan~Yunni ပါ။)

Thriller • Drama
5 2025 146 mins
Test
Ice Road: Vengeance
5.2

Ice Road: Vengeance (2025) IMDb Rating (5.2) The Ice Road (2021) ရဲ့ အဆက် Ice Road: Vengeance (2025) ထွက်ရှိလို့လာပြီဘဲဖြစ်ပါတယ်။ နီပေါရဲ့ ဧဝရတ်တောင်တန်းတွေမှာသွားရိုက်ထားတာဖြစ်တဲ့အတွက် ရိုက်ချက်အပြင်အဆင်တွေက အတော်လေး ကြည့်လှပါတယ်။ အီရတ်မှာတာဝန်ထမ်းဆောင်ရင်း တိုက်ပွဲကျသွားတဲ့ ညီဖြစ်သူရဲ့ နောက်ဆုံးဆန္ဒအရ သူ့ရဲ့အရိုးပြာကို ဧဝရတ်တောင်တန်းတွေမှာ ကျဲပေးဖို့ဆိုပြီး နီပေါကို မိုက်မက်ကယ်ဆိုတဲ့ အစ်ကိုဖြစ်သူဟာ တစ်ကိုယ်ထဲ့ပူဆွေးရင်းခရီးနှင်လာခဲ့ပါတယ်။ ဒါပေမဲ့ သူရောက်လာတဲ့ ဧဝရတ်တောင်ခြေစခန်းကတောင်ပေါ်ရွာလေးမှာ ဒေသခံမြေတွေကိုအပိုင်သိမ်းပြီး ဆည်ကြီးဆောက်ဖို့ တာဆူနေတဲ့ လူမိုက်ဂိုဏ်းတစ်ခုရဲ့ ရန်စွယ်နဲ့တွေ့ပြီးဒေသခံတိုးဂိုက်အဖွဲ့နဲ့ရွာသူ/သားတွေကို ကူညီပေးဖို့ မိုက်ခ်တစ်ယောက်ကြုံရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Cyberboy ဖြစ်ပါတယ်။) File size…(6.3 GB) / (3.1 GB) / (1.4 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Drama,Thriller Duration….01:53:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Cyberboy

Documentary
5.2 2025 113 mins
Ice Road: Vengeance