YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

[CM]Sketch.2018.E06.1080p.WEB-DL.mp4

1.2 GB N/A video/mp4 145 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Peter Pan
7.2

Peter Pan (1953) ============= အနောက်နိုင်ငံကလေးတွေရဲ့ ပါးစပ်ဖျားမှာ​​ရေပန်းစားတဲ့ ပီတာပန်ဆိုတာကို အားလုံးပဲ ကြားဖူးနားဝရှိကြမယ်ထင် ပါတယ်။ ကလေးတွေဟာ ညအိပ်ရာဝင်တိုင်း ပီတာပန် လာနိုးလာနိုးနဲ့ စောင့်နေတတ်တာကြောင့် တချို့မိဘတွေ ကတော့ ဒီလိုအယူသည်းတာမျိုးကို အားမပေးတတ်ကြ ပါဘူး။ ဝမ်ဒီတို့မောင်နှမ ၃ယောက်ကတော့ ပီတာပန်ကို ယုံကြည် ရုံတင်မကဘဲ ပီတာပန်ရဲ့စွန့်စားခန်းတွေမှာပါ ဝင်ရောက် ပါရမီဖြည့်ချင်နေကြတာပါ။ တစ်ညမှာ ..... ပီတာပန်တစ် ယောက် လူကြီးတွေမသိအောင် ဝမ်ဒီတို့အခန်းဆီ ထပ် လာဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပီတာပန်ဟာ ဝမ်ဒီ တို့မောင်နှမ ၃ယောက်ကို ရင့်ကျက်ခြင်းကင်းတဲ့ Never Land မှာလိုက်နေဖို့ ခေါ်တဲ့အခါ . . . လူသားကလေး (၃) ယောက်အနေနဲ့ နတ်သူငယ်တို့ရဲ့မြေမှာ ကြုံရဆုံရမယ့် စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ 1953 ကာလကို အခြေပြုတဲ့ဇာတ်လမ်းလေးဖြစ်တဲ့အပြင် Tinker Bell - Pirate Fairy နဲ့ပါ အချိတ်အဆက်ရှိနေတာ မို့လို့ Disney Fan တွေအတွက် Nostalgia ဖြစ်စေမယ့် Animation ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့ Hnin Wut Yi ဖြစ်ပါတယ်) File Size..........(1.62 GB) / (759 MB) / (501 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 17Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Hnin Wut Yi Encoder..........Zin Phyo Aung

Drama
7.2 1953 77 mins
Peter Pan
Champions
6.9

IMDb Rating - 6.7/10 Comedey, Drama, Sport ဒီဇာတ်လမ်းလေးကတော့ Basketball ကိုကျောရိုးယူထားပြီး ကြည့်နေတဲ့သူတွေကိုပါ ဟာသဆန်ဆန်နဲ့ စိတ်ကြည်နူးမှုလေး ကို ခံစားစေနိုင်တဲ့ Sportဇာတ်လမ်းလေးကောင်းတစ်ခုပါ။ ဒီဇာတ်ကားမှာတော့ Now You See Me, Vernon, The Hunger Games စတဲ့ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Woody Harrelson က နည်းပြ Marcus Marakovich အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့.. Marcus Marakovich ဟာကစားသမားတွေကို လက်ရွေးစင် အသင်းအထိရောက်အောင် လေ့ကျင့်ပေးနိုင်တဲ့ အရည်အချင်း ရှိတဲ့နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ကစားပွဲတွေအတွက် ကစား နည်းပုံစံတွေကိုသာ အာရုံစိုက်လေ့ရှိပြီး အသင်းသားတွေကိုတော့ စိတ်ထဲတောင်မထားတဲ့သူပေါ့။ ဒီလိုလူကတစ်နေ့မှာတော့ အရက် မူးမူးနဲ့ကားမောင်းရင်း ရဲကားတစ်စီးကိုတိုက်မိသွားပါတယ်။ တရားရုံးကသူ့ကို ဉာဏချို့တဲ့နေတဲ့ အသင်းသားတွေကို ရက် ၉၀ ကြာ နည်းပြအဖြစ်လေ့ကျင့်ပေးဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အသင်းသားတွေကို ဂရုမစိုက်တတ်တဲ့ Marcus တစ်ယောက်က တော့ သေချာဂရုစိုက်ပြီး လေ့ကျင့်သင်ကြားပေးဖို့လိုအပ်တဲ့ အသင်း သားတွေနဲ့ စိတ်ပျက်နေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်ထက်တစ်ရက် သူ့အသင်းသားတွေက ထင်ထား တာထက် ပိုပြီးလုပ်နိုင်စွမ်းရှိတာကို သူသတိထားမိလာပါတယ်။ နည်းပြနဲ့အသင်းသားတွေကြားက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုယူတဲ့ပုံစံတွေ ..သူတို့တွေ ဘယ်လိုမျိုးကြိုးစား လေ့ကျင့် ယှဉ်ပြိုင်ပြီးအောင်မြင်မှုတွေကို ဘယ်လောက်ထိ ဆွတ်ခူးသွားမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို June မှရေးသားပေးပြီး၊ ဘာသာပြန်ရေး သားပေးသူများကတော့ June, EL တို့ဖြစ်ပါတယ်) File Size..........(2.13 GB) / (917 MB) / (527 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hr 04Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......June, EL Encoder..........Zin Phyo Aung

Action • Crime • Thriller
6.9 2023 124 mins
Champions
Crying Fist
7.2

မင်းသားကြီး Choi Min-sik အဓိက ပါဝင်ထားသလို Rating တွေရောကောင်းတဲ့အပြင် BO မှာလည်း ဝင်ငွေအတော်ကောင်းခဲ့တဲ့ အက်ရှင် ကားဖြစ်ပါတယ်... ဂန်ထယ်ရှစ်ဆိုတဲ့ ၁၉၉၀ ခုနှစ် အာဆီယံအားကစားပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့တဲ့ လက်ဝှေ့ကစားသမား ဆုရှင်တစ်ယောက် လက်ရှိမှာတော့ ရင်းနှီးတဲ့သူဆီက သစ္စာဖောက်မှုတွေ အကြွေးရှင်တွေပတ်လည်ဝိုင်းနေမှုတွေနဲ့ ကြံရာမရဖြစ်ပြီး ဆိုးလ်မြို့လယ်ခေါင်မှာ ဖြတ်သွားဖြတ်လာတွေဆီက ငွေသားလက်ခံပြီး သူတို့ဒေါသဖြေဖို့အတွက် စိတ်ကြိုက်အထိုးခံရင်းနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။ မိန်းမဖြစ်သူထံကပါ မကြာခဏ ကွာရှင်းဖို့စကားစခံရပြီး အကြွေးရှင်တွေလက်က ပြေးနေရသူအဖို့ လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်တင်ချင်ခဲ့ပါတယ်။ ယူဆန်းဟွမ်ဆိုတဲ့ လူငယ်လေးကတော့ အချုပ်ကလွတ်လာတာမှမကြာသေး နောက်ထပ် ရပ်ကွက်ထဲက အဘိုးကြီးဆီကနေ လုယက်မှုနဲ့ ထောင်ထဲကို ဝင်လိုက်ရပါတော့တယ်။ မိသားစုဆိုလို့ အမေဆိုတာ ဘယ်နေမှန်းမသိ အဘွားနဲ့အဖေပဲ ရှိတဲ့သူ့ဘဝမှာမှ အဖေဖြစ်သူက မတော်တဆမှုနဲ့ ဆုံးသွားတော့ လေဖြတ်ပြီးကျန်ခဲ့တဲ့အဘွားရဲ့ မျှော်ကိုးရာအဖြစ် ဂုဏ်ယူရမဲ့သူဖြစ်ဖို့အရေး ထောင်ထဲမှာ လက်ဝှေ့လေ့ကျင့်ပြီး လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ခဲ့ပါတော့တယ်။ ဒီလိုဘဝရဲ့နောက်ဆုံးအနေနဲ့ မျှော်လင့်ချက်တစ်ခုစီ ဆုပ်ကိုင်ရင်း လက်ဝှေ့ကွင်းထဲကို ဝင်လာ၊ ဆုံတွေ့ကြတဲ့သူနှစ်ယောက်မှာ ဘယ်သူက အနိုင်ရသူဖြစ်သွားမလဲဆိုတာကိုတော့ ဆက်ပြီးကြည့်ရှုခံစားကြည့်ကြပါဦးဗျ။ File Size :(3.6GB)(1.2GB) and (462 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:14:00 Genre : Action,Sport , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by Phyo Pyae

Comedy • Drama • Romance
7.2 2005 121 mins
Crying Fist
The Rental
5.5

ဒီတစ်​​ခေါက်မိတ်ဆက်​ပေးချင်တာက​တော့ ညဘက်မှာ ​ကျောခြမ်းစရာ Thriller ​လေး​တွေမှ ကြည့်ချင်တယ်ဆိုတဲ့ ​လူ​တွေအတွက် အကြိုက်ဖြစ်ပါလိမ့်မယ် ။ ခရီး​တွေသွားတဲ့အခါ ငှားလို့ရတဲ့ လုံးချင်းအိမ်​လေး​တွေကို သိကြမယ်မလား ။ အခုဇာတ်အိမ်ကလည်း အဲ့လိုအိမ်​လေးအ​ပေါ် အ​ခြေခံထားခဲ့တာပါ ။ ချာလီနဲ့ ​ဂျော့ရှ်က ညီအစ်ကို နှစ်ဦးဖြစ်ပြီး သူတို့ရဲ့ ချစ်သူ​တွေဖြစ်တဲ့ မီရှယ် ၊ မီနာ တို့နဲ့အတူ ပိတ်ရက်မှာ ကမ်း​ခြေကို ခရီးထွက်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ် ။ ငှားထားတဲ့ အိမ်ကို ​ရောက်လာတဲ့အခါမှာ​တော့ အိမ်ပိုင်ရှင်က နည်းနည်း ထူးဆန်းပြီး ​လူမျိုး​ရေးခွဲခြားတတ်တဲ့ သူတစ်​ယောက်လည်း ဖြစ်​နေပြန်တာမလို့ မီနာက သ​ဘောမကျခဲ့ပါဘူး ။ ဒီလိုနဲ့ပဲ ညဘက်​​ရောက်တဲ့အခါမှ ​သောက်စားမူးယစ်ရင်း မီနာက သူ့ရည်းစားရဲ့ ညီဖြစ်သူ ချာလီနဲ့ မှားယွင်းမိပြီး နောက်တစ်​နေ့မှာ​တော့ သူတို့ရဲ့ ​ရေချိုးခန်း​တွေထဲမှာ ကင်မရာ ဆင်ခံထားရတာကို သိလိုက်ရပါ​တော့တယ် ။ ဒါတင်မက တခြားရှုပ်​ထွေးတဲ့ကိစ္စကပါ ထပ်ပြီး ထွက်​ပေါ်လာတဲ့အချိန်မှာ​တော့ သူတို့​လေး​ယောက်က ဒါ​တွေက ဘယ်လိုမျိုး ​ဖြေရှင်းကြမလဲ ဆိုတာကို ဇာတ်ကွက်အလှည့်အ​ပြောင်းကြမ်းကြမ်း ၊ အသည်းတယားယားနဲ့ ကြည့်ရမှာ ဖြစ်သလို ချစ်သူ​တွေကြားက က​တောက်ကဆကိုပါ မြင်သာ​အောင် ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ကား​ကောင်း တစ်ခုလည်း ဖြစ်ပါတယ် ။ File Size - 954 mb Quality - web-dl 1080p Subtitle -  burmese Translator - Floria Encoder - Thit San Khant

Drama
5.5 2020 88 mins
The Rental
Baywatch
6.1

နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အပြိုင်အဆိုင်ကြဲထားတဲ့ ဟာသအက်ရှင်ဇာတ်ကားပါ... Dwayne Johnson,Zac Efron တို့လိုမင်းသားတွေအပြင် ညှို့ဓာတ်ပြင်းမင်းသမီးတွေဖြစ်တဲ့ Alexandra Daddario,Kelly Rohrbach နဲ့ အိန္ဒိယမင်းသမီး Priyanka Chopra တို့ပါဝင်ထားပါတယ်။ (အခန်းအချို့နှင့် စကားလုံးများ ကြမ်းတမ်းခြင်းကြောင့် မိသားစုနှင့်အတူ ကြည့်ရင် မသင့်တော်ပါ) ဇာတ်လမ်းကတော့... ကမ်းခြေမှ အသက်ကယ်သမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဟာ အလုပ်ကိုအင်မတန်ကြိုးစားပြီး လူတိုင်းက ချစ်ခင်ခံရတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တပ်ဖွဲ့အတွက် နှစ်တိုင်းလူရွေးပွဲ ပြုလုပ်လေ့ရှိပါတယ်။ သူ့လက်အောက်မှာ ကောင်မလေး အလန်းလေး ၂ ယောက်ကတော့ အလုပ်ဝင်နေပြီးသားပါ။ ဒီနှစ်အတွက် နောက်ထပ် လူသစ် ၃ ယောက်ရွေးချယ်ရမှာ သူနဲ့လုံးဝမတည့်မယ့် ဘရိုဒီဆိုတဲ့ လူငယ်တစ်ယောက် ပါလာပါတော့တယ်။ အဲဒီလူငယ်က ရေကူးချန်ပီယံ ရွှေတံဆိပ်၂ခုရှင်ဖြစ်ပြီး ဂျစ်ကန်ကန်နဲ့ အပျော်မက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့စကားကို နားမထောင်ချင်တာပါ။ သူတို့အဖွဲ့စဖွဲ့ချင်းမှာပဲ ကမ်းခြေမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ မတော်တဆမှုလို့ထင်အောင် လုပ်ထားတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ မစ်ချ်က အဲဒီအမှုတွေအကုန်ဖော်ထုတ်ဖို့ တာဝန်ရှိတယ်လို့ ထင်ပေမယ့် ဘရိုဒီကတော့ မဆိုင်တာတွေ မလုပ်ချင်ဘူးဆိုပြီး ငြင်းခုံနေကြတာပါ။ မစ်ချ်တစ်ယောက် ဒီပြဿနာတွေကို ဖြေရှင်းနိုင်မလား၊ သူတို့အဖွဲ့ ဘယ်သူတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စောင့်ကြည့်ရုံပါပဲ။ File size…(5.6 GB)/(1.9 GB)/(800 MB) Quality….BluRay Unrated 4K HEVC/1080p/720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….THZ,Nyeinsaeya Aung Translated by Littleneo

Drama • Sci-Fi & Fantasy • War & Politics
6.1 2017 116 mins
Baywatch
The Immaculate Room
4.5

The Immaculate Room (2022) ======================= ကိတ် နဲ့ မိုက်ကီ တို့စုံတွဲနှစ်ယောက် The Immaculate Room ဆိုတဲ့ ဘာမှမရှိ တစ်ခန်းလုံးအဖြူရောင်ချည်းပဲဖြစ်နေတဲ့ အခန်းထဲကို ဆုငွေ ‌ ဒေါ်လာ ၅ သန်းရဖို့အတွက် ရက်ပေါင်း ၅၀ နေဖို့ရောက်လာကြတယ်။ သူတို့လုပ်ရမှာတွေကတော့ ခပ်ရှင်းရှင်းလေးတွေပါပဲ။ သူတို့ကျွေးတဲ့ အရသာအရည်တစ်မျိုးကို တစ်နေ့သုံးနပ် သုံးဆောင်ရမယ်။ ပြိုင်ပွဲဝင် နှစ်ယောက်ထဲကတစ်ယောက်ထွက်တာနဲ့ ဆုကြေးငွေကို ဒေါ်လာ (၁) သန်းအထိလျှော့ချလိုက်မှာဖြစ်တယ်။ ပြီးတော့ သူတို့စည်းကမ်းချိုး ဖောက်ဖို့လုပ်တာနဲ့ သတိလှမ်းပေးတဲ့ အချက်ပြစနစ်တွေလည်းတပ်ထားတယ် ဆိုတော့ကား survival ကားတွေရဲ့ ထုံးစံအတိုင်း ပထမတစ်ရက်နှစ်ရက်‌‌ လောက်က စကားပြောလိုက် ဘာလုပ်လိုက်ညာလုပ်လိုက်နဲ့ပေါ့။ နောက်ရက်တွေကြာလာတဲ့အခါမှာ လူ့သဘာဝအရ ဒုက္ခတွင်းထဲရောက်နေတာ အချိန်တွေကြာသွားတော့ သူတို့ရဲ့ မကောင်းတဲ့ အတွင်းစိတ်တွေက တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ လူနည်းနည်းလေးနဲ့ကို အတော်လေးစိတ်ဝင်စားစရာကောင်းအောင်ရိုက်ထားပြီး၊ အတော်လေးမိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Khant Sett Naing, May Thet Khine Soe တို့ဖြစ်ပါတယ်)

Action • Crime • Thriller
4.5 2022
The Immaculate Room
Charlie Wilson’s War
7.1

“ကျုပ်မှာ အတော်ဆိုးတဲ့အိမ်နီးချင်းလူကြီးတစ်ယောက်ရှိခဲ့ဖူးတယ်.. မစ္စတာချားတဲ့…ဒီလူကြီးက အိမ်နီးချင်းတွေရဲ့ခွေးတွေ သူ့ပန်းခင်းကို လာနှောင့်ယှက်တာကိုမနှစ်မြို့ဘူး…တစ်နေ့တော့ လမ်းမှာ အော်သံတစ်ခုကြားလိုက်ရတယ်…ကျုပ်ရဲ့ခွေးဟာ သွေးတွေနဲ့မချိမခံမဆန့်ခံစားရင် လူးလှိမ်နေတယ်…မစ္စတာချားဆိုတဲ့သူက ခွေးစာနဲ့ဖန်ပုလင်းအကြေတွေနဲ့ရောကြိတ်ပြီးကျွေးလိုက်လို့ပါ…သွေးတွေအန်ရင်း ကျုပ်ခွေးသေသွားတယ်…” “အဲ့ဒီတော့ရှင်ဘာပြန်လုပ်လိုက်လဲ” “သူ့က ရွေးကောက်ခံအာဏာပိုင်ဗျ…မြို့ကောင်စီရဲ့ဥက္ကဌ..(၂)နှစ်ပြည့်တိုင်း ပြန်ရွေးခံရင်သူပဲပြန်ရမှာမြေကြီးလက်ခတ်မလွဲပဲ…ရွေးကောက်ပွဲရက်ကြတော့ တစ်ခါမှမဲမပေးဖူးသေးတဲ့ လူမဲတွေဆီကျုပ်ကားမောင်းသွားလိုက်တယ်…ကျုပ်အသက်(၁၃)နှစ်အရွယ်ပေါ့..လူမဲတွေကို မဲပေးမဲ့နေရာထိကားမောင်းပို့တယ်..မဲပေးပြီးရင်အိမ်ပြန်ပို့ပေးတယ်” “မဲပေးဖို့ကားထဲက မထွက်ခင်သူတို့ကိုပြောတာတော့ရှိတယ်..ခင်ဗျားတို့ဆန္ဒကိုချုပ်ချယ်တာတော့မဟုတ်ဘူး..မစ္စတာချားကတော့ ကျုပ်ခွေးကိုရက်ရက်စက်စက်သတ်ခဲ့တာကိုတော့ ခင်ဗျားတို့သိသင့်တယ်လို့အကုန်လုံးကိုပြောခဲ့တယ်…အဲ့ဒီမှာ မစ္စတာချားကြီး (၁၄)မဲနဲ့ရှုံးသွားတယ်…” ဒီစကားကိုပြောနေတဲ့သူကတော့ အမေရိကန်လွှတ်တော်အမတ် ချာလီဝီလ်ဆင်ပင်ဖြစ်သည်..သူက ရုံးမှာတောင်မိန်းမလှတွေချည်း ခန့်ထားသူ..အရက်ကို တစ်ဂွပ်ဂွပ်သောက်သည်..ရုံးချိန်တွင်းပါသောက်သည်..ပြောရရင်တစ်ချိန်လုံးသောက်နေတယ်လို့တောင်ပြောရမည်… ဇိမ်မယ်တွေနဲ့တောင်ပျော်ပါးတတ်တဲ့သူ..သို့ပေမယ့် သူဟာ အထက်ကပြောခဲ့သလိုပင် အဓိကပျော့ကွက်ဟာကွက်တွေကို ခလုတ်နှိပ်ရမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သူပင်…ဒါကြောင့်လည်း လွှတ်တော်အမတ်နေရာမှာ ဖင်မြဲနေတဲ့သူ… ဒီလိုနဲ့သူဟာ အာဖဂန်နစ္စတန်နဲ့ ရုရှားတို့ရဲ့ တို့ရဲ့စစ်ပွဲကိုမြင်တွေ့ပြီးတဲ့အချိန်မှာ ကူညီပေးလိုစိတ်ပေါ်လာတယ်… ဒါပေမယ့် အမေရိကန်က ဝင်ကူတာလို့ ရုရှားကို မသိစေလိုတဲ့အခါ၊ အမေရိကန် အစိုးရအဖွဲ့ဝင်တွေကလည်း အာဖဂန်နစ္စတန်တွေကို မယုံကြည်တဲ့အခါ ချာလီတစ်ယောက် နိုင်ငံရေး လှည့်ကွက်တွေသုံးပြီး မိမိလိုချင်တဲ့အကွက်ရအောင် ကြိုးစားရပါတော့မယ်။လွှတ်တော်အမတ်ချာလီဝီလ်ဆင်အဖြစ် ကျွန်တော်တို့ရဲ့ မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်…. ဖြစ်ရပ်မှန်ဇာတ်ကားကောင်းဖြစ်တဲ့အပြင် မင်းသားကြီး တွမ်ဟန့်ကိုယ်တိုင်သရုပ်ဆောင်ထားပြီး သူဘယ်လိုတွေ ခလုတ်နှိပ်မလဲဆိုတာတော့ ခံစားကြည့်လိုက်ဦးဗျို့…. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myo Khant Maung ပဲဖြစ်ပါတယ်…. File size…(2.3 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre…Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myo Khant Maung

7.1 2007 102 mins
Charlie Wilson’s War
The Mask
6.9

1994 ခုနှစ် မိတ်ဆွေတို့ ကျွန်တော်တို့ ပေါက်စနဘဝလေးပဲရှိသေးတဲ့အချိန် အဲဒီအချိန်ခုနှစ်မှာပဲ အခု Deadpoolထွက်ပြီးတဲ့အချိန်ထိ ဒါမှမဟုတ် နောက်ရာစုနှစ်တွေအထိ အရယ်ရဆုံး ComicBook Movie တစ်ခုဖြစ်လာမယ့် The Mask ကို မွေးဖွားခဲ့ပါတယ် IMDB: 6.9/10 Metacritic : 56% Rotten Tomatoes : 77% Edge City ဆိုတာ အမေရိကန်နိုင်ငံက မထင်မရှားဆိပ်ကမ်းမြို့လေးတစ်မြို့ အဲဒီမြို့လေးက မြို့သား Stanley Ipkissကလည်း Edge City ဘဏ်မှာ အလုပ်လုပ်နေတဲ့ မထင်မရှားမြို့သားတစ်ယောက် သူရဲ့စိတ်ထားအင်မတန်ကောင်းလွန်းနေတာရယ် အလျှော့ပေးဆက်ဆံတတ်တဲ့ အကျင့်ကြောင့် လူချစ်လူခင်ပေါတဲ့လူတစ်ယောက် တစ်နေ့ ဘဏ်ကိုဓားပြတိုက်ဖို့ အကြံအစည်နဲ့ရောက်လာတဲ့ Tina Carlleyl ဆိုတဲ့ကောင်မလေးကို တန်းတန်းစွဲဖြစ်သွားပြီး လိုက်ပိုးရာက တလွဲတွေဖြစ် အိမ်အပြန်လမ်းမှာ ထူးထူးဆန်းဆန်း မျက်နှာဖုံးတစ်ခုကို ကောက်ရရာကနေ Stanleyရဲ့ဘ၀ ကပြောင်းကပြန် ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်… The Truman Show, Man on The Moon, Eternal Sunshine of the Spotless Mind ဇာတ်ကားတွေဟာ Jim Carrey ရဲ့ အရည်အချင်းကိုအကောင်းဆုံးမှတ်ကျောက်တင်ပေးခဲ့တယ်ဆိုရင် အခု The Mask ကားဟာ Jim Carrey ဆိုတဲ့ မင်းသားတစ်ယောက်ကို ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်တင်ပေးခဲ့တယ်လို့ ပြောနိုင်ပါတယ် ဒါတင်မကပဲ နောင်တစ်ချိန်မှာ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာမယ့် Cameron Diaz ကိုစင်တင်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ခဲ့တယ်Visual Effect ကဏ္ဍအတွက် nomitationတွေလည်း အများကြီးပါခဲ့ရုံတင်မကပဲ Jim Carrey ကို Golden Globes မှာ Best Actor စာရင်းဝင်စေခဲ့တဲ့ ပထမဆုံးကားလည်း ဖြစ်ခဲ့တယ်။ Jim Carrey ရဲ့အကောင်းဆုံးအချိန်က အကောင်းဆုံးကားဖြစ်ခဲ့တဲ့ The Mask ဟာ မူရင်းကောမစ်က သွေးပျက်ခြောက်ခြားစရာကောင်းနေပေမယ့်လည်း ယခုအချိန်ထိ ဒါမှမဟုတ် နောင်နှစ်များထိတိုင်အောင် အကောင်းဆုံး အရီရဆုံး ComicBook Movie ပါလို့ပြောရင် ဘယ်သူကများ ငြင်းနိုင်ဦးမှာလဲ ” From Zero To Hero… ” File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Ye Khant Min

6.9 1994
The Mask
Barbershop 2: Back in Business

ကဲ ပေါ့ပေါ့ပါးပါးဆိုပေမယ့် နက်နဲတဲ့စကားလုံးတွေနဲ့ ရီရမယ့် ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ခဲ့တဲ့ Barbershop ရဲ့ အဆက် ဒုတိမြောက်ကားလေးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း အရင်ဇာတ်ကားလိုပဲ ကယ်ဗင် ပါးမား နဲ့ သူ့ရဲ့ ဆံပင်ညှပ်ဆရာတို့ရဲ့ ပျော်ရွင်စရာ ဟာသလေးတွေအပြင် သူတို့ ကြုံတွေ့ရမယ့် အခက်အခဲတွေကိုလည်း တင်ပြထားပါတယ်။ နေရာကတော့ ချီကာဂိုမှာ ဇာတ်အိမ်တည်ထားပြီး ထုံစံအတိုင်း သူတို့ ဆံပင်ညှပ်ဆိုင်လေးက စကားသံတစ်ညံညံနဲ့ ဆူညံနေဆဲပါ။ တစ်ရက် သူတို့ရဲ့ လမ်းတစ်ဖက်မှာ ဆံပင်ညှပ်ဆိုင်အသစ် လာဖွင့်တဲ့အခါမှာတော့… နောက်ပြီး ဒီဇာတ်ကားရဲ့ မပါမဖြစ် ဟာသတွေကြီးလှိမ့်ပြောနေတဲ့ အက်ဒီကတော့ အသက်ပါပဲ။ ဒီကားလေးက သူငယ်ချင်းစိတ်ဓာတ်၊ မိသားစုခံစားချက်တွေအပြင် အသိုင်းအဝိုင်းတစ်ခုအပေါ် အပြောင်းအလဲတစ်ခုရဲ့ သက်ရောက်မှုကို မီးမောင်းထိုးပြထားတဲ့ကားလည်းဖြစ်ပါတယ်။ ရယ်လည်းရယ်ရပြီး ရင်ထဲတစ်ခုခုကျန်ခဲ့မယ်လို့ မျှော်လင့်ရင်းနဲ့ပဲ ခံစားလိုက်ကြပါဦး File size…(2.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min

Action • Adventure • Science Fiction
0 2004
Barbershop 2: Back in Business
Boat People
7.6

၁၉၇၅မှာ ဗီယက်နမ်ပြည်တွင်းအခြေအနေတွေကြောင့် ဗီယက်နမ်ဒုက္ခသည်တွေ ဟောင်ကောင်ကို လှေတွေနဲ့ ထွက်ပြေးလာခဲ့ကြတယ်။ အဲဒီဗီယက်နမ်ဒုက္ခသည်တွေကို Boat People လို့ခေါ်ကြတယ်။ ဒါကို ၁၉၇၉မှာ Hong Kong New Waveရဲ့ အခရာတွေထဲကတစ်ယောက်ဖြစ်တဲ့ အမျိုးသမီးဒါရိုက်တာ Ann Huiက The Boy From Vietnamဆိုတဲ့ ဒိုကူမန်ထရီတစ်ကားရိုက်ခဲ့တယ်။ ၁၉၈၁မှာ ချောင်ယွန်ဖတ်နဲ့ The Story of Woo Viet ဆိုတဲ့တစ်ကားကို ဆက်ရိုက်ခဲ့တယ်။ ဒီကားမှာ ချောင်ယွန်ဖတ်က ဗီယက်နမ်ဖွား တရုတ်အနေနဲ့ သရုပ်ဆောင်ထားတယ်။ နောက်ဆုံးနဲ့ အကျော်ကြားဆုံးရုပ်ရှင်ဖြစ်တဲ့ Boat Peopleမှာတော့ ဆိုင်ဂုံကျပြီး ဗီယက်နမ်စစ်ပွဲအပြီး ဗီယက်နမ်ရဲ့ ပြန်လည်ထူထောင်ရေးကာလ ဗီယက်နမ်ရဲ့ ပြည်တွင်းရေးအခြေအနေကို ပြထားတယ်။ အင်္ဂလိပ်နာမည်က နည်းနည်းတော့ အကောက်လွဲနေတယ်လို့ ပြောကြတယ်။ ဒီကားမှာ Boat Peopleတွေပါပေမဲ့ Boat People တွေအကြောင်းထက် ကွန်မြူနစ်လက်အောက်က ဗီယက်နမ်တွေရဲ့ဒုက္ခကို အဓိကပြထားတယ်လို့ဆိုတယ်။ တရုတ်နာမည်ကတော့ ‌ “Run Towards the Angry Sea”ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဒါတော့ ဇာတ်ကားနဲ့ကွက်တိပဲလို့ ဆိုကြတယ်။ တရုတ်အကယ်ဒမီပေးပွဲမှာ Best Picture, Best Director, Best New Performer, Best Screenplay, and Best Art Direction စတဲ့ ဆုတွေရခဲ့သလို 1983 Cannes Film Festivalမှာလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း အကောင်းဆုံးတရုတ်စကားပြောရုပ်ရှင်တစ်ရာစာရင်းမှာ နံပါတ်၈ချိတ်ခဲ့တယ်။ အန်ဒီလောင်ကလည်း ဒီကားမှာ တက်သစ်စအနေနဲ့ပါဝင်ခဲ့ပြီး ဇာတ်ပို့ဆုရခဲ့ဖူးတယ်။ တရုတ်ကားဆိုပေမဲ့ အန်းဟွေက ဗီယက်နမ်မှာ ဇာတ်အိမ်တည်ပြီး ဗီယက်နမ်ရေးရာတွေကိုပဲ ပြထားတော့ တရုတ်ကားဆိုတဲ့ ဖီလင်တောင် သိပ်တော့မရနေပါဘူး။ ဗီယက်နမ်ကို သတင်းလာယူတဲ့ ဂျပန် ဓာတ်ပုံသတင်းထောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားထားတယ်။ သူကတော့ စစ်ပွဲမနိုင်ခင်ကလည်း ဗီယက်နမ်ကို ရောက်ခဲ့ပြီး သူ့ကြောင့် သူတို့အခြေအနေကို နိုင်ငံတကာက သတိထားမိသွားတာဆိုတော့ သူ့ကို အရာရှိတွေကိုယ်တိုင် ပြန်လည်ထူထောင်ရေးနေရာတွေကို သေချာလိုက်ပို့ပေးကြတယ်။ ဒါပေမဲ့ ဓာတ်ပုံသတင်းထောက်ဟာ သူ့ဘာသာ ဓာတ်ပုံတွေလိုက်ရိုက်ရင်း သူ့ကိုပြထားတာက ဗီယက်နမ်ရဲ့ တကယ့်ပြန်လည်ထူထောင်ရေး အခြေအနေမှန်မဟုတ်ဘဲ သူတို့ပြချင်တဲ့ကောင်းတဲ့နားတွေကိုပဲ ပြထားတယ်ဆိုတာကိုသိလာရတဲ့ အကြောင်းကို အဓိကထားပြထားတယ်။ ဒါတွေကို အဓိကထားပြပေမဲ့လည်း သတင်းထောက် သံယောဇဉ်တွယ်မိတဲ့ ဗီယက်နမ်မိသားစုနဲ့ သူ့အခြေအနေကို အဆုံးထိ ဇာတ်ရှိန်အပြည့်နဲ့ ပုံဖော်သွားတာလည်း ဆက်တိုက် အရှိန်ကျဘဲ စိတ်ဝင်စားစရာကောင်းတယ်။ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။

7.6 1982
Boat People
A Beautiful Imperfection
6.5

ဒီဇာတ်လမ်းလေးကတော့ 2024 ခုနှစ်ထဲမှာ ထွက်ရှိထားပြီးတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်။ မင်းသမီး Dar Zuzuvsky နဲ့ မင်းသား Jonah Hauer-King တို့ က အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Michiel van Erp ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း… Giacomo Casanova ဆိုတဲ့ကောင်လေးရဲ့ ပထမဆုံးနဲ့ အခမ်းနားဆုံး အချစ်ဖြစ်ခဲ့တဲ့ Lucia ဟာ ရေကျောက်ရောဂါကြောင့် သူ့ရဲ့မျက်နှာက ပျက်စီးသွားပြီးတဲ့နောက်မှာ Italy ကို စွန့်ခွါခဲ့ပြီးတော့ Amsterdam ကိုရောက်လာခဲ့ပါတယ်။ ၁၆ နှစ်အကြာမှာတော့ သူမဟာ Galathée ဆိုတဲ့ နာမည်နဲ့ ပြည့်တန်ဆာ တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီး Giacomo နဲ့လည်း ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ Lucia ဟာ သူမရဲ့မျက်နှာနဲ့ သူမဘယ်သူလဲဆိုတာ ဖုံးကွယ်ထားင်းနဲ့ Giacomo နဲ့ ချစ်ကြိုက်သွားခဲ့ပြန်ပါတယ်။ Lucia က သူမရဲ့ပုံစံအစစ်အမှန်ကို Giacomo ကို ထုတ်ပြမလား Giacomo ကရောနောက်ဆုံးမှာ ဘယ်လိုဖြစ်သွားမလဲဆိုတာကိုစိတ်ဝင်တစား စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။မိန်းမငယ်လေးတစ်ယောက်ရဲ ရုန်းကန်မှုတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ **တချို့ ယုတ္တိတန်လွန်းတဲ့အခန်းလေးတွေကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်တော်ပါဘူး** File size…(1.4 GB)/(720 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:48:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nay

Crime • Action • Drama
6.5 2024 102 mins
A Beautiful Imperfection
The Initiated: Written from the Shadows
5.8

The Initiated: Written from the Shadows (2024) IMDb Rating (5.8) ဒီဇာတ်ကားဟာ လျှို့ဝှက်ဆန်းကြယ်နဲ့ သည်းထိပ်ရင်ဖိုဇာတ်ကား အမျိုးအစားနှစ်ခုရောထားသည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်သူ ဖရန့်ခ်က အတိတ်ကအကြောင်းအရာအချို့ကိုလည် မေ့ပျောက်နေပြီး ဇာတ်မြှုပ်ကာ ပုန်းကွယ်နေရာမှ တစ်နေ့ သူ၏အိမ်ရှေ့တွင် ဖောက်ထုတ်ခံထားရသည့် မျက်လုံးတစ်စုံနှင့် သွေးစွန်းထားသော စာတစ်စောင်ရောက်လာပါတော့တယ်။ ထို့အတူ လူသတ်နည်းဆင်တူသော လူသတ်မှုတွေလည်း တစ်နေ့တစ်ခြားတိုးလာရာ ဖရန့်ခ်တစ်ယောက် တရားခံရှာဖို့ကြိုးစားရင်း မေ့ပျောက်နေသော အတိတ်များပြန်လည်ပေါ်လာသောအခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှူခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(1.1 GB) / (650 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:40:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice

Family • Comedy
5.8 2024 100 mins
The Initiated: Written from the Shadows
Then Chennai
7.9

Then Chennai (2024) ကိုယ်တိုင်ထုဆစ်ပုံဖော်မှု ကိုယ်မွေးဖွားလာရတဲ့ဘဝကို ရွေးချယ်ခွင့်မရှိပေမဲ့ ကိုယ်ကြီးပြင်းရမယ့်ဘဝကို ကိုယ်တိုင်ပုံစံချရမှာပါတဲ့။ ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစားရင်း၊ ကိုယ်ချစ်ခင်တဲ့သူတွေကို ပျော်ရွှင်စေ‌ရင်းနဲ့ပေါ့။ ဒေဗာရာဂျန်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့၊တစ်ကောင်ကြွက်၊ အိမ်ခြေရာမဲ့ဘဝမို့ လူရမ်းကားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူချစ်တဲ့မိန်းကလေးကို ရှာဖွေတွေ့‌ရှိချိန်ကစလို့ လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ ငွေကြေးပြီးပြည့်စုံမှုမရှိတာကလွဲ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့သူ့ဘဝကို အတိတ်ရဲ့အရိပ်မည်းက အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ အဲဒါကတော့ သူအရင်ရန်ညှိုးရှိဖူးသူက သူ့ဇနီးအသက်ကိုယူသွားခြင်းပါ။ သူဟာ ကလဲ့စားချေရမယ့်အစား သူ့မိန်းမရဲ့နောက်ဆုံးစကားအတိုင်း ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် တစ်နယ်တစ်ကျေးပြောင်းလို့ ဘဝသစ်မှာကြိုးစားပြီး ရှင်သန်သွားပါတယ်။ သူပြောင်းသွားတဲ့နေရာလေးဟာ ကမ်းရိုးတန်းငါးဖမ်းရွာလေးမို့ ငါးလုပ်ငန်းနဲ့အသက်မွေးကြတာပေါ့။ သူကတော့ စားသောက်ဆိုင်လေးဖွင့်ပြီး ကလေးနှစ်ယောက်နဲ့ အေးချမ်းစွာနေထိုင်နေပါတယ်။ သူ့သားနာမည် တိုနီကိုအစွဲပြုထားတဲ့ သူတို့ရဲ့စားသောက်ဆိုင်လေးဟာလည်း နာမည်ကျော်ကြား လူသိများလာပါပြီ။ ဒါဟာတိုနီစားသောက်ဆိုင်လေးရဲ့နောက်ကြောင်းရာဇဝင်ပါ။ မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ပြောင်းလို့ ရွာကနေမြို့တွေတိုးချဲ့လာကြချိန်ကာလမှာ ‌ ဂျေဆန်ဟာ အင်အားကြီးအဖွဲ့အစည်းတစ်ခုမှာ ဘာအကြောင်းကြောင့်မှန်းမသိ ရောက်ရှိနေခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့ ခိုးမှု၊ လူသတ်မှု၊ ဓားပြမှုတွေကို အမိန့်အတိုင်းလုပ်ဆောင်ရင်း တစ်နေ့မှာတော့ လမ်းမကြီးပေါ်မှာရှိတဲ့တိုနီဆိုတဲ့ စားသောက်ဆိုင်လေးကို ဓားပြတိုက်ဖို့ဖြစ်လာပါတော့တယ်။ သူဟာဒီလိုအမှုတွေမှာပါဝင်လာရတာကို မနှစ်သက်တော့ဘဲ အေးချမ်းစွာပဲ ဘဝကိုဖြတ်သန်းချင်တာပါ။ ဂျေဆန်ကဘာလို့ ဒီအဖွဲ့အစည်းထဲရောက်နေရတာလဲ၊ အဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ကရောဘာလဲ၊ သူချစ်တဲ့သူတွေကို ဘေးကင်းအောင်ကာကွယ်ရင်း အေးချမ်းစွာနေထိုင်‌သွားနိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Mystery • Fantasy • Comedy • Adventure
7.9 2024 122 mins
Then Chennai
Lost on a Mountain in Maine
6.5

ခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မိန်းပြည်နယ် တောင်ပေါ်တစ်နေရာမှာ ပျောက်ဆုံးသွားခဲ့တဲ့ ကလေးငယ်တစ်ယောက် အကြောင်းဖြစ်ရပ်မှန်ကို ပုံဖော်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်…. တကယ့်အဖြစ်အပျက်ကို ဇာတ်လမ်းဖွဲ့ဖော်ပြထားတဲ့ ဇာတ်ကွက်တွေနဲ့ ဖြစ်ရပ်အတွင်း တကယ်ပါဝင်ခဲ့ကြသူတွေရဲ့ ပြောစကားတွေကို ပေါင်းစပ်တင်ဆက်ထားတာဖြစ်လို့ ဇာတ်လမ်းတစ်ပုဒ်လိုရော မှတ်တမ်းရုပ်ရှင်တစ်ကားလိုပါခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်… ဒုတိယကမ္ဘာစစ် စစ်ကြိုကာလက အဖြစ်အပျက်ဖြစ်တာနဲ့အညီ နိုင်ငံတကာ အရေးတင်းမာပုံနေကို ရေဒီယိုသတင်းကနေတဆင့် အနုပညာမြောက်စွာ တင်ပြထားပြီး ဆိုးရွားလာတော့မယ့်အခြေအနေတွေကို ခံစားမိနေတဲ့ ဖခင်တစ်ယောက်ရဲ့စိုးရိမ်ကြီးမှုတွေနဲ့ ဆယ်ကျော်သက်အရွယ်သား တစ်ယောက်ရဲ့ လတ်ဆတ်တက်ကြွမှုတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုကိုလည်း ပီပီပြင်ပြင်ရိုက်ကူးတင်ပြထားပါတယ် ထို့အပြင် တောင်ပေါ်မှာပျောက်ဆုံးခဲ့ရတဲ့သားဖြစ်သူအတွက် ဖခင် တစ်ယောက်ရဲ့ ပူဆွေးကြီးရတဲ့ခံစားချက် ဖခင်ကို ကလန်ကဆန်လုပ်ခဲ့တဲ့ မိတဲ့သားတစ်ယောက်ရဲ့ စိတ်ခံစားချက် မိခင်တစ်ယောက်ရဲ့ မိမိရင်သွေးတွေ အပေါ်နားလည်နိုင်စွမ်း သွေးချင်းတစ်ယောက်ရဲ့ ၅၂၈ အရင်းခံ အပြစ်မကင်း ခံစားရမှုတို့ကိုလည်း ကွက်ကွက်ကွင်းကွင်း ပုံဖော်ပြသထားလို့ ဒရမ်မာ ရုပ်ရှင်ကြိုက်နှစ်သူ ပရိသတ်များ သဘောကျနှစ်ခြိုက်မယ့်ရုပ်ရှင်ကားလေး ဖြစ်ပါတယ်… Donn Fendlerဆိုတဲ့ မြီးကောင်ပေါက် ၁၂ နှစ်သားလေးတစ်ယောက်ဟာ အလုပ်ခရီးစဉ်ကနေပြန်လာတဲ့ ဖခင်နဲ့အတူငါးဖမ်းထွက်ဖို့ကို အမျှော်လင့်ကြီး မျှော်လင့်လျက်ရှိပါတယ် ၎င်းရဲ့မျှော်လင့်ချက်တွေဟာ ကြာရှည်မခံ လက်တွေ့ ဖြစ်မလာခဲ့ဘဲ ဖခင်ရဲ့နောက်ခရီးတစ်ခုနဲ့အတူရိုက်ချိုးခံလိုက်ရပြီး Donn Fendler တစ်ယောက် ဖခင် Donald အပေါ်မကျေမနပ်ဖြစ်ရပါတော့တယ် Donald အနေနဲ့လည်း ၎င်းရဲ့ကတိပျက်မှုကို ပြန်လည်ဖာထေးဖို့ တောင်တက် ခရီးစဉ်တစ်ခုအစားထိုးစီစဉ်ခဲ့ပေမဲ့ Donn တစ်ယောက်ကတော့ ကြေလည် ကျေနပ်ခြင်းမရှိခဲ့ပါဘူး သို့ပေမဲ့လည်း တောင်တက်ခရီးစဉ်မှာတော့ Donn တစ်ယောက် လိုက်ပါလာခဲ့ပါတယ် ခရီးစဉ်တစ်နေရာအရောက်မှာ ဖခင် Donald ရဲ့ပြန်ဆင်းကြဖို့ အဆိုပြုချက်ကို ငြင်းဆန်ရင်း Donn တစ်ယောက် ညီဖြစ်သူ Ryan နဲ့ လမ်းပြတစ်ယောက်ကို အဖော်လုပ်ကာ တောင်ထိပ်ရောက်တဲ့ထိ ဖခင်မပါဘဲ တက်ရောက်ခဲ့ပါတယ် တောင်ထိပ်အရောက်မှာတော့ ရာသီဥတုဒဏ်မခံနိုင်တဲ့ ညီဖြစ်သူ Ryan နဲ့ အချင်းများကာ ထွက်ပြေးရင်း Donn တစ်ယောက် မြူဆိုင်းနေတဲ့ တောင်ပေါ်က လိမ့်ကျကာ ပျောက်ဆုံးခဲ့ရပါတော့တယ် Fendler မိသားစုဟာ သားပျောက်ကို ရှာဖွေဖို့ တတ်နိုင်သမျှအကူအညီတွေ များနိုင်သမျှများအောင်တောင်းခံရင်း မိန်းပြည်နယ်ရဲ့ အကြီးဆုံးလူပျောက်ရှာပွဲအဖြစ်မှတ်တမ်းဝင်တဲ့အထိ လူအများအပြားလာရောက် အကူအညီပေးခဲ့ကြပါတယ် သို့သော်လည်း အပူချိန်ရေခဲမှတ်အောက်ရောက်အောင် အေးတတ်ကာ မိုးသီးမိုးပေါက် ကြွေတတ်ပြီး မိုးကြိုးမုန်တိုင်းထန်တတ်တဲ့ Katahdin တောင်ပေါ်မှာ တစ်ပတ်ကျော်ကြာပြီးတိုင် ရှာမတွေ့သေးသည့် Donn တစ်ယောက် အသက်ရှင်နေနိုင်လိမ့်မယ်ဆိုတာကို Fendler မိသားစုကလွဲပြီး ဘယ်သူမှ မယုံကြည်ကြတော့တဲ့နောက်မှာတော့… Fendler မိသားစုတို့ Donn တစ်ယောက်ကို ပြန်တွေ့နိုင်မလား……… ပြန်မတွေ့ခဲ့ရင် ဘယ်လိုတွေဖြစ်သွားကြမလဲ……….. ပြန်တွေ့ခဲ့ရင်ရော ဘယ်လိုဘယ်ပုံပြန်တွေ့ကြမလဲ………… အသက်ရှင်လျက်လား သေလျက်လား စတဲ့ မေးခွန်းတွေကိုတော့ ရုပ်ရှင်ချစ်သူများအနေနဲ့ ဒီကားလေးမှာပဲ ကြည့်ရှုခံစားအဖြေရှာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေဗျာ…………… File size… (1.26GB) / (611MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

6.5 2024 115 mins
Lost on a Mountain in Maine