YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Silver Linings Playbook (2012) WEB-DL 1080p HEVC AAC 5.1-Naung.mkv

1.86 GB 1080p video/x-matroska 465 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
I Am Not a Witch
6.8

ရွာတစ်ရွာကို ဆွေမရှိမျိုးမရှိ အမည်မသိ ကလေးမလေးတစ်ယောက် ရုတ်တရက် ရောက်လာပြီးနောက်ပိုင်း ရွာသားတွေရဲ့ အဆိုအရ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်...တဲ့။ အဲဒီ့ရွာဟာလည်း "စုန်းကဝေ" ဓလေ့ထွန်းကားတဲ့ရွာပီပီ ရွာသားတွေက ကလေးမလေးကို စုန်းမအဖြစ်သတ်မှတ်ပြီး ဒေသအာဏာပိုင်တွေဆီ ပို့လိုက်ကြပါတော့တယ်...။ ဒါဟာ ရုပ်ရှင်သမားတွေအခေါ်အရဆိုရင်တော့ ဇာတ်လမ်းရဲ့ 'အခင်း' ဖြစ်ပြီး 'အခက်'နဲ့ 'အဖြေ' ကတော့ ကိုယ်တိုင် ကြည့်ရှုနိုင်ကြဖို့ ဇာတ်လမ်းအကျဉ်းထဲ ထည့်မရေးတော့မယ့် ဇာတ်လမ်းထဲက ကလေးမလေးရဲ့ 'စုန်းမ' တစ်ယောက်အနေနဲ့ ရင်ဆိုင်ရမယ့်ဘဝပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ဒါရိုက်တာဖြစ်တဲ့ Rungano Nyoni ဟာ ဇမ်ဘီယာနိုင်ငံရဲ့ စုန်းကဝေအတတ်ပညာပေါ် ယိုးစွပ်မှုတွေအပေါ် စိတ်ကူးစိတ်သန်းယူပြီး ဒီဇာတ်လမ်းကို ရေးသားရိုက်ကူးထားခဲ့တာမို့ ဒီကားထဲက စုန်းမဆိုတာဟာ လက်ရှိ ၂၁ရာစုရဲ့ မော်ဒန်အတွေးအခေါ်တွေထဲတောင် အမြစ်စွဲနေသေးတဲ့ ခေတ်ဟောင်းဓလေ့ရဲ့ သားကောင်ပဲဖြစ်ပါတယ်။ သူဟာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးဖို့အတွက် ဂါနာနိုင်ငံမှာရှိတဲ့ တကယ့် 'စုန်းစခန်း' တစ်ခုမှာနေရင်း သူတို့ရဲ့ နေ့စဉ်ဘဝတွေကိုလည်း လေ့လာခဲ့သေးတယ်ဆိုတော့ လက်မလွှတ်သင့်တဲ့ ၁နာရီခွဲပါပဲ။ ဒီကားဟာ Drama အမျိုးအစားထဲပါပေမယ့် မသိမသာ သရော်ထားတာတွေလည်း ပါတာမို့ ကြည့်တတ်ရင် Dark Humour ကိုပါ တွေ့နိုင်မှာပါ။ လိင်ခွဲခြားမှု၊ အယူသီးမှုတွေကို ကိုယ့်ကိုယ်ကိုယ်ရှာဖွေနေတဲ့ ကလေးမလေးကတစ်ဆင့် သဘာဝကျကျပုံဖော်သွားခဲ့တာမို့ ရုပ်ရှင်ဆုံးသွားတဲ့အခါ ဖဲကြိုးလေးတွေအကြောင်း ဆက်တွေးရင် တွေးမိနေဦးမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 810MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
6.8 2017 93 mins
I Am Not a Witch
Out of the Blue
6.2

ဒီတစ်ခါတော့ မိန်းမမာယာ သဲကိုးဖြာကိုမှ အကွက်ကွက်ကျကျလေးရိုက်ပြသွားတဲ့ ရုပ်ရှင်လေးတစ်ကား တင်ဆက်လိုက်ပါတယ် မိန်းမမာယာတောင်မှ နှစ်ယောက်ဆိုတော့ ဘယ်လိုမှကိုနွံထဲကရုန်းမထွက်နိုင်အောင်ဖြစ်ရပြီပေါ့ဗျာ အရင်က လူသေမှုနဲ့ထောင်ကျခဲ့တဲ့ ကွန်နာဆိုတဲ့ကောင်လေး ဟာ ကမ်းခြေကိုသွားရင်း မာရီလင်းဆိုတဲ့ မမကြီးနဲ့ ဆုံခဲ့ကြတာပါ အဲဒီနောက် မာရီလင်းက ကောင်လေးအလုပ်လုပ်တဲ့ စာကြည့်တိုက်မှာ စာအုပ်လာငှားရင်းနဲ့ ဆက်သွယ်မိခဲ့ရာက‌နေ ခွဲမရအောင်ချစ်မိသွားခဲ့ကြတာပေါ့ အဲဒီအချိန်မှာပဲ မာရီလင်းမှာ အရမ်းချမ်းသာတဲ့ယောကျာ်းရယ် လင်ပါသမီးလေးရယ်ရှိနေပြီး သူ့ကိုလည်းနှိပ်စက်ပါတယ်လို့ ကွန်နာ ကိုဆက်တိုက်ပြောဆိုရာကနေ နောက်ဆက်တွဲဖြစ်လာမဲ့ ဇာတ်လမ်းလေးကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲဗျာ File size…(1.7GB)/(908MB)/(451MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Thriller / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Action • Adventure • Comedy • Crime • Drama
6.2 2022 105 mins
Out of the Blue
Chhalaang
6.3

မွန်တူဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စားကောင်....ပျော်ပျော်နေတတ်သလို လူငယ်အဖွဲ့ရဲ့ ဟိုစပ်စပ်ဒီစပ်စပ် အလုပ်တွေလည်းခေါင်းဆောင်လုပ်လေ့ရှိတယ်...ဘာအလေးအနက်မထားတတ်လို့ ဘွဲ့လည်းမရခဲ့ဘူး... ဒါပေမဲ့ အဖေရဲ့ကောင်းမှုကြောင့် သူတို့မြို့မှာရှိတဲ့ကျောင်းရဲ့ PT ဆရာဖြစ်လာခဲ့တယ်... ဒီလို ဝေလေလေလုပ်နေတဲ့မွန်တူကို မိဘတွေကလည်း တည်ငြိမ်သွားအောင် အိမ်ထောင်ပြုစေချင်တယ်... မွန်တူကတော့ အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ဘာညာကွိကွနဲ့ မိဘတွေကို ပြန်တရားချတယ်.. တစ်နေ့ Valentine's Day ရောက်တော့ မွန်တူနဲ့ ဘော်ဒါတစ်သိုက်ဟာ ပန်းခြံထဲမှာပတ်ပြီး  ချစ်သူစုံတွဲတွေကို လိုက်ဖမ်းပါတယ်...ယာဉ်ကျေးမှုနဲ့မညီဘူး အများအမြင်မသင့်ဘူးဆိုပြီး အားလုံးကိုနှင်ထုတ်တယ်...လင်မယားတွေပါပြောတဲ့ သူတွေကိုတောင် မွန်တူတို့က မယုံကြည်ဘဲ မှတ်တမ်းပုံတွေရိုက်သတင်းစာထဲထည့်လိုက်ပါသေးတယ်... နောက်တစ်နေ့မွန်တူတို့ကျောင်းကို အရမ်းလှတဲ့ကျောင်းဆရာမလေးရောက်လာပါရော....မွန်တူလည်း ငမ်းမယ်ကြံရုံရှိသေးတယ်...ဒီဆရာမလေးဟာ သူတို့Valentine's Day မှာ သတင်းစာထဲရောက်သွားလို့ အရှက်ကွဲခဲ့ရတဲ့ လင်မယားရဲ့သမီးချောလေးဖြစ်နေတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး... ဘာသာပြန်သူကတော့ Thaik San ပဲ ဖြစ်ပါတယ် File Size :(1.14GB) and (432MB) Quality :WEB-DL 720p Format…mp4 Duration…02:16:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae

Romance
6.3 2020 136 mins
Chhalaang
[18+] Love Her
5.2

Love Her (2001) (ကိုရီးယား Adult ကားတွေထုံးစံအတိုင်း 1080p ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်လို့‌ပြေအောင် ကုတ်တင်ပေးလိုက်ပါတယ်ခင်ဗျာ) ညနေရီ ပန်းခင်းထဲက လွင့်သွားတဲ့ လေပြေမှာ သူမရဲ့ ဝတ်ရုံအနီဟာ လွင့်ဝဲနေတယ်။ ကျွန်တော်ကလည်း သက်ငြိမ်ငေးမောလို့။ ဟိုးအဝေးဆီမှာ လှေကလေးတစ်စင်း နေဝင်ရီကောင်းကင်အောက် မျောပါနေတာကိုလည်း ကျွန်တော်မြင်ရတယ်။ လှေငယ်လေး ပျောက်ကွယ်သွားတဲ့အချိန် သူမရဲ့ လေနှင်ရာမျောလွင့်နေတဲ့ ဝတ်ရုံအနီလေးကို ကျွန်တော်လည်ပြန်ကြည့်မိပေမဲ့ ဝတ်ရုံအနီလေးမရှိတော့ဘူး။ သူမလည်း မရှိတော့။ တကယ်ဆို သူမရှိတော့တာ ကြာခဲ့ပြီ။ ဒါတွေဟာ ကျွန်တော့်ရဲ့ထင်ယောင်ထင်မှားတွေလို့ တွေးမိချိန်မှာ မျက်ရည်ဟာ တဖြိုင်ဖြိုင်ကျတော့တာပါပဲ။ သူမဟာ တေးရေးဆရာဖြစ်ချင်ခဲ့တဲ့ ကျွန်တော့်ရဲ့ မအောင်မြင်ခဲ့တဲ့ အတိတ်တွေမှာ အိပ်မက်တွေလဲပြိုမသွားအောင် ခိုင်မာပေးခဲ့တဲ့ ကျောက်ဆောင်တစ်ခုလိုပေါ့။ ကျွန်တော်ကတော့ သူမရဲ့ အိပ်မက်တွေကို တတိတိတိုက်စားခဲ့တဲ့ ဒီလှိုင်းတစ်ခုပေါ့။ ဝေသာလီဗျိုင်းမျိုးနဲ့ ယမုံနာရွှေငါးလေးဘဝကွာမည်ဆိုလည်း တစ်ကမ္ဘာကွာဝေးရော။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ မအောင်မြင်ခြင်းတွေ သူမကို တတိတိလှိုက်စား ကျွန်တော့်အိပ်မက်တွေအတွက် ခိုင်မာပေးခဲ့တဲ့ ကျောက်ဆောင်ဟာ သူ့အတွက်သူမှာတော့ ပြိုလဲသွားခဲ့တယ်။ သူမ ပြောဖူးတယ်။ ကလေးလေးတွေဟာ အိပ်မက်တွေကို လက်သီးဆုပ်ထဲထည့်ပြီး လောကထဲ လက်သီးဆုပ်ပြီး ရောက်လာကြတယ်တဲ့။ မွေးလာပြီးလို့ အဲဒီလက်သီးဆုပ်ကလေးတွေကို ဖြန့်လိုက်တဲ့အခါ အိပ်မက်တွေ လွတ်ထွက်သွားပြီး တစ်ဘဝလုံး အိပ်မက်တွေနောက် လိုက်ရတော့တယ်တဲ့။ တစ်ခါတလေ ကျွန်တော်တွေးမိတယ်။ ကျွန်တော့်လက်သီးဆုပ်ထဲက အိပ်မက်ကလေးဟာ ဘာများပါလဲလို့ပေါ့။ အချိန်တွေနှောင်းမှ သိလိုက်ရတာက ကျွန်တော့်လက်သီးဆုပ်ထဲက အိပ်မက်ကလေးဟာ သူမပါပဲ။ ဒါပေမဲ့ အဲဒီဝတ်ရုံအနီလေးက နေဝင်ချိန်နေမင်းကြီးထဲ ပျောက်ပျက်သွားခဲ့ပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.42GB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 40Min Genre – Adult, Drama Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by RGB

Drama • Mystery • Science Fiction
5.2 2001
[18+] Love Her
Marinette

CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပြင်သစ်အမျိုးသမီးဘောလုံးသမား မာရီနက်ပီရွှန်အကြောင်းရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်ပါတယ်။ မာရီနက်ဟာ ယူအက်စ်မှာ ပရော်ဖက်ရှင်နယ်အဆင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးပြင်သစ်အမျိုးသမီးဘောလုံးသမားဖြစ်ပါတယ်။ ဒါ့အပြင် LGBTQတစ်ယောက်ဖြစ်ပြီးတော့ တရားဝင်လက်ထပ်ယူထားတဲ့ဇနီးနဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ဘောလုံးသမားဘဝအစပိုင်းက လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ သူ့ရဲ့ငယ်ဘဝဟာ အရက်သမားအဖေရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အတော်စိတ်ညစ်စရာကောင်းခဲ့တာပါ။ ကံကောင်းတာကတော့ သူ့အမေက သူ့အိပ်မက်ကိုအားပေးပေးခဲ့ပါတယ်။ ကျောင်းပွဲတွေမှာ ယောက်ျားလေးအသင်းထဲဝင်ကစားခဲ့ရာကနေ Saint-Memmie Olympique အမျိုးသမီးဘောလုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ကနေ သူ့ရဲ့ဘောလုံးအားကစားသမားဘဝအစပြုခဲ့တယ်လို့ဆိုရမှာပါပဲ။ သူ့ခေတ်သူ့အခါတုန်းက ပြင်သစ်ဟာ အမျိုးသမီးဘောလုံးအားကစားကို သိပ်အရေးမထားပေးခဲ့ပါဘူး။ မာရီနက်ဟာ ၂၀၀၇ခုနှစ်မှာ ဘောလုံးအားကစားလောကကနေ အနားယူသွားခဲ့ပါတယ်။ သူ့ကို အာဂပြင်သစ်အမျိုးသမီးဘောလုံးသမားအဖြစ် သတ်မှတ်ထားကြဆဲပါပဲ။ ပြင်သစ်အမျိုးသမီးဘောလုံးသမားတွေအကြောင်း သေချာရိုက်ပြထားတာဖြစ်လို့ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.6 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ngwe Zin

0 2023
Marinette
Rama Ayodhya

Rama Ayodhya (2024) (အယုဒ္ဓယသို့ အလည်တစ်ခေါက်) IMDb- 6/10 ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ လေယာဉ်စီးစရာမလိုဘဲ အယုဒ္ဓယကို လည်ပတ်နေသလိုမျိုး ခံစားစေရမှာဖြစ်ပါတယ်။ သမိုင်းကြောင်းစိတ်ဝင်စားတဲ့သူတွေအတွက်တော့ အကြိုက်ပေါ့ဗျာ။ ဇာတ်လမ်းကတော့ အယုဒ္ဓယမှာရှိတဲ့ အရှင်ရာမနဲ့ သက်ဆိုင်တဲ့နေရာတွေကို အသေးစိတ်ရှင်းပြပြီးတော့ အရှင်ရာမရဲ့ အကြောင်းတွေကို အသေးစိတ်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ အရှင်ရာမရဲ့ စိတ်နေသဘောထားတွေ ခွန်အားကြီးတာတွေ အစရှိသဖြင့် အရာတွေကို အရှင်ရာမရဲ့ သက်ဆိုင်တဲ့နေရာတွေနဲ့ ယှဉ်ပြပြီး ပြောသွားတာမျိုးဆိုတော့ စိတ်ဝင်စားစရာလည်း ကောင်းပြီး သမိုင်းကြောင်းတွေကိုလည်း သိရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒီလို သမိုင်းကြောင်းတွေပြောကြားရင်းနဲ့ လူ့အဖွဲ့အစည်းမှာ ကောင်းသောနေထိုင်နည်းနဲ့ နေထိုင်နိုင်ဖို့ကိုလည်း လမ်းညွှန်သင်ပြသွားပါသေးတယ်။ အဲဒီတော့ ဘယ်လိုသမိုင်းကြောင်းတွေ , ဘယ်လိုနေရာတွေကို ပြသသွားမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)

Thriller • Science Fiction
0 2024
Rama Ayodhya
Jangan Lupa Aku Cinta Padamu
6.2

Jangan Lupa Aku Cinta Padamu (2024) ============================ သင်က ည12နာရီ သန်းခေါင်ယံအချိန် အဝတ်လျှော်ဆိုင်အမှောင်ထဲမှာ တစ်ယောက်တည်းထိုင်ပြီး ကိုယ့်ရဲ့ အတိတ်က မလုပ်ဖြစ်ခဲ့တဲ့အရာတွေကို နောင်တရနေတယ်ဆိုပါစို့။ ရုတ်တရက်ပဲ လူသူမရှိတဲ့ အဝတ်လျှော်ဆိုင်ကြီးက တီးလုံးသံတွေထွက်လာပြီး သင့်ရှေ့က အဝတ်လျှော်စက်တစ်လုံးက သင့်ကို စကားစပြောလာမည် ဆိုရင်ဖြင့်….။ ဒီဇာတ်လမ်းက အချိန်ခရီးသွားစက်နဲ့ အတိတ်ကအချိန်ဆီကိုပြန်သွားရင်း ကိုယ့်ချစ်သူနဲ့အမှားတွေပြင်ဆင်ဖို့ကြိုးစားမဲ့ Amir ရဲ့ အရှုပ်တော်ဇာတ်ကို ဟာသဆန်စွာ ရိုက်ကူးထားတာဖြစ်ပြီး plotကောင်းတွေနဲ့ အချစ်စစ်ရဲ့ လှပမှုကို သိရှိခံစားရမဲ့ Mlaysia ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1.5GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:31:00 Genre_Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.2 2024
Jangan Lupa Aku Cinta Padamu
Jism
5.3

Jism (2003) “ညှို့ယူဖမ်းစားတတ်သော” IMDb – 5.3/10 စူးရှတဲ့အကြည့်တွေနဲ့ မင်းသားကြီး ဂျွန်အဘရာဟမ်၊ Dhoom 2(2006)ထဲမှာပါခဲ့တဲ့ ညှို့အားပြင်းပြင်းနဲ့မင်းသမီးချော ဘီပါရှာဘာဆူးတို့နှစ်ယောက် ပတ်ညှို့နေကြတဲ့ ဒရာမာရုပ်ရှင်ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကဘီးရ်က လမ်းပျောက်နေတဲ့ ရှေ့နေတစ်ယောက်။ ဘာပြဿနာရယ်လို့ မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေတဲ့ဘဲ။ တစ်ရက် ဘားတစ်ခုမှာ အချောလေးတွေ့လို့ တစ်ညတာပျော်ရွှင်မှုအတွက်ဝင်လုံးရင်း စွဲလန်းသွားခဲ့မိသူ။ သူသွားပြီး ပတ်သက်စွဲလန်းမိတာက အသိုင်းကြီးအဝိုင်းကြီးက သူဌေးတစ်ယောက်ရဲ့ဇနီးသည်။ ဘယ်လောက်ပဲစိတ်ထိန်းထိန်း စွဲလန်းသွားမိသူလေးဆီကိုပဲသွားချင်စိတ်က ထိန်းချုပ်မရ။ အမျိုးသမီးလေးဆီမှာက သူမသိရသေးတဲ့ အရှုပ်ထုပ်တွေနဲ့။ ဒီမှာပဲ ပြဿနာရယ်မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေသူ မောင်ကဘီးရ်တစ်ယောက် ပြဿနာတောထဲကို တိုးဝင်သွားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Documentary • Music
5.3 2003
Jism
The Weight of Water
5.8

The weight of water ဇာတ်ကားဟာ ၂၀၀၀ ခုနှစ်မှာထွက်ရှိထားတဲ့ Thriller/Mystery အမျိုးအစားလေးဖြစ်ပါတယ်။ IMDb 5.8 ရရှိထားပြီး သည်းထိတ်ရင်ဖိုနှစ်သက်တဲ့ ပရိသတ်ကြီးတို့အကြိုက်ဖြစ်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဓာတ်ပုံဆရာမ တစ်ယောက်ဖြစ်တဲ့ ဂျင်းဟာ သူ့ရဲ့ခင်ပွန်း သောမတ်စ်နဲ့အတူ ပိတ်ရက်မှာ ခရီးအတူတူသွားကြပါတယ်။ သောမတ်စ်ရဲ့ညီနဲ့ သူ့ကောင်မလေးတို့လည်း လိုက်ပါလာကြပြီး ၁၈၇၃ ခုနှစ်မှာဖြစ်ခဲ့တဲ့လူသတ်မှုကို စုံစမ်းကြပါတော့တယ်။ ဒီဇာတ်လမ်းမှာတော့ လူတွေမှာရှိတဲ့ အမှောင်ဘက်အခြမ်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ။ အလိုရမ္မက် ဒေါသတွေဟာ လူတစ်ယောက်ကို ဘယ်လိုပြောင်းလဲနိုင်ကြောင်း၊ တဏှာမီးဟာ ဘယ်လိုပူလောင်နိုင်ကြောင်းကို ပြသပေးသွားတာဖြစ်လို့ Channelmyanmar ပရိသတ်ကြီးတို့ ရှုစားဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ် File size… 3 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK

5.8 2000
The Weight of Water
The Santa Clause 2

ဒီတစ်ခါမှာတော့ Walt Disney က ထုတ်လုပ်ရိုက်ကူးတဲ့ The Santa Clause 2ကိုတင်တက်ပေးချင်ပါတယ် The Santa Clause (1994)ရဲ့အဆက်ဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ဆန်တာကလော့ဖြစ်သွားတဲ့ စကော့တစ်ယောက် ဆန်တာအဖြစ်မှအနားယူရမယ့်ပြဿနာတစ်ခုပေါ်ပေါက်လာပါတော့တယ် အဲ့ဒါကတော့ ခရစ္စမတ်အကြိုညမတိုင်မီ မိန်းမရှာပုံတော်ဖွင့်ရမှာပါ အချိန်မီမရှာနိုင်ရင် အစွမ်းတွေအားလုံးပျောက်သွားမှာဖြစ်ပြီး ဆန်တာအဖြစ်မှာရပ်စဲသွားမှာဖြစ်ပါတယ် အချိန်ကလည်းအရမ်းကပ်နေပြီဖြစ်ပြီး 28ရက်ခန့်သာလိုတော့တာပါ အဲဒါကြောင့် သူ့ရဲ့လက်ထောက်နတ်သူငယ်လေးဖြစ်တဲ့ ကားတစ်ဟာ သူတီထွင်ထားတဲ့စက်ယန္တရားကြီးကိုအသုံးပြုပြီး စကော့နဲ့တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ အရုပ်ဆန်တာကြီးကိုတီထွင်လိုက်ပါတယ် စကော့ဟာ အဲ့ဒီအရုပ်ဆန်တာကြီးကို သူ့အနေနဲ့ဟန်ဆောင်အဖြစ်ထားခဲ့ပြီး သူကတော့နေအိမ်ကိုပြန်လာကာ မိန်းမရှာပုံတော်ဖွင့်ပါတော့တယ် ဒါပေမဲ့ အရုပ်ဆန်တာကြီးက ထင်ထားသလိုမဟုတ်ဘဲ “ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်”ဆိုသလိုပဲ ကားတစ်ကိုယ်တိုင်မထိန်းနိုင်တော့တဲ့အထိ သောင်းကျန်းပါတော့တယ် စကော့တစ်ယောက် အချိန်မီမိန်းမရှာရမှာကတစ်ကြောင်း သူ့နေရာအစားထိုးဝင်နေတဲ့အရုပ်ဆန်တာကသောင်းကျန်းနေတာကတစ်ကြောင်းနဲ့ ဘယ်လိုတွေဖြေရှင်းရဦးမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် Disney ရဲ့ထုံးစံအတိုင်း လှလှပပရိုက်ကူးထားတဲ့​ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Drama, Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2002
The Santa Clause 2
Longing for the World L’amour du monde
5.8

Longing for the World (2024) L’amour du monde ဒီရုပ်ရှင်ဟာ ဂျနီဗာရေကန်ကမ်းစပ်က ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ Jenna Hasse ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ ဆယ်ကျော်သက်မိန်းကလေး မာဂေါ့ဇ် (Margaux) ဖြစ်ပြီး သူမရဲ့ နွေရာသီအားလပ်ရက်ကို သူ့ဖခင်နဲ့အတူ ဟိုတယ်တစ်ခုမှာ ကုန်ဆုံးရင်း ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်သင်အဖြစ် လုပ်ကိုင်နေပါတယ်။ ဒီမှာ မာဂေါ့ဇ်ဟာ ခုနစ်နှစ်အရွယ် မွေးစားခံထားရတဲ့ ကလေးမလေး ဂျူးလိယက် (Juliette) နဲ့ သုံးဆယ်ကျော်အရွယ် ဒေသခံ ငါးဖမ်းသမား တစ်ယောက်နဲ့ ဆုံတွေ့ရာကနေ သူမရဲ့ ဘဝဟာ ပြောင်းလဲသွားပါတယ်။ ဒီသုံးယောက်ဟာ မထင်မှတ်ထားတဲ့ ဆက်ဆံရေးတခုကို တည်ဆောက်ပြီး မာဂေါ့ဇ်ဟာ ဂျူးလိယက်ရဲ့ ကလေးသဘာဝ ကစားတတ်တဲ့စိတ်နဲ့ ငါးဖမ်းသမားရဲ့ ရိုးရှင်းတဲ့ ဘဝအမြင်တွေကနေ နူးညံ့မှုနဲ့ ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေတွေ့ရှိသွားပါတယ်။ ဒါပေမယ့် ဒီသုံးဦးဟာ ဘဝရဲ့ လွတ်မြောက်လိုတဲ့ ဆန္ဒတွေကြားမှာ ရုန်းကန်နေရပါတယ်။ မာဂေါ့ဇ်ဟာ သူ့ရဲ့ ဆယ်ကျော်သက်ဘဝရဲ့ အရှုပ်တွေ၊ ဂျူးလိယက်ရဲ့ ကလေးဆန်ပေမယ့် နက်နဲတဲ့ စိတ်ခံစားချက်တွေနဲ့ ငါးဖမ်းသမားရဲ့ ဘဝအတွေ့အကြုံတွေကို ဖြတ်သန်းရင်း သူ့ကိုယ်သူ ပိုနားလည်လာပါတယ်။ ဒီရုပ်ရှင်ဟာ ဂျနီဗာရေကန်ရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေနဲ့အတူ လူသားဆန်တာ၊ ချစ်ခြင်းမေတ္တာနဲ့ ကိုယ့်နေရာကိုယ်ရှာဖွေတဲ့ ခရီးတစ်ခုကို ပုံဖော်ထားပါတယ်။ သရုပ်ဆောင်တွေရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်ချက်နဲ့ ရိုးရှင်းပေမယ့် နက်နဲတဲ့ ဇာတ်လမ်းက ထူးခြားတဲ့ အနုပညာလက်ရာတစ်ခုမို့လို့ ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါရစေဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (1.4 GB) / (770 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:17:11 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Horror • Action • Fantasy
5.8 2024 76 mins
Longing for the World L’amour du monde