YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Samurai Cop (1991) 720p.mp4

1007.15 MB N/A video/mp4 812 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Along Came a Spider
6.3

မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားပြီး 2001 တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်‌ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်/စုံထောက် ဒေါက်တာ အဲလက်စ် ခရော့စ် (မော်ဂန် ဖရီးမန်း) ဟာ စစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့တွဲဖက်ကို ဆုံးရှုံးလိုက်ရပြီးကတည်းက သူ့ကိုယ်သူခွင့်မလွှတ်နိုင်ပဲ၊ ဘဝကြီးကိုလည်း ရည်ရွယ်ချက်မရှိဖြတ်သန်း‌နေသူပါ။ ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်အပြီး ရှစ်လအကြာမှာတော့ ပြည်နယ်လွှတ်တော်အမတ် ဟန့်ခ် ရို့စ်ရဲ့ ကိုယ်ပိုင်ကျောင်းတစ်ခုမှာကျောင်းတက်နေတဲ့ သမီးလေး ရို့စ်ဟာ Secret Service ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေရင်းနဲ့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီလိုနဲ့ အဲလက်စ်ဆီကို ပြန်ပေးသမားကဖုန်းဆက်ပြီး သူရဲ့ကစားပွဲထဲကို ဝင်ပါခိုင်းရင်း အဲလက်စ်တစ်ယောက် ပြန်ပေးသမားရဲ့ကစားပွဲကို နိုင်အောင်ကစားနိုင်မှာလား၊ ရို့စ်ကိုရော အောင်အောင်မြင်မြင်နဲ့ကယ်ထုတ်နိုင်မှာလား၊ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ၊ ဘယ်လိုအလှည့်အပြောင်းတွေရှိလာမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size…  2.77 GB /  742 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT

Drama • Thriller
6.3 2001 104 mins
Along Came a Spider
Gargi
8.1

Drama, Thriller, Mystery IMDb - 8.4 / 10 "ခွန်အားနည်းတဲ့ မိန်းမသားတွေရဲ့ဖြစ်တည်မှုဟာ ခွန်အားကြီးတဲ့ ယောက်ျားသားတွေရဲ့ ရှက်ဖွယ်ဖြစ်တဲ့ တဏှာရာဂ လောဘစိတ်တွေထွက်ပေါ်လာဖို့ လက်ယပ်ခေါ်နေတာမဟုတ်... မလုံ့တလုံဝတ်လို့ စော်ကားခံရတယ်ဆိုရင် လုံခြုံပြီး အပြစ်ကင်းတဲ့ ကလေးငယ်လေးတွေကိုရော ဘာကြောင့် လုပ်ရက်ကြတာလဲ...?" ဟုတ်ကဲ့.. ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် သဘာဝအလှနဲ့ မင်းသမီးလေး စိုင်းပလာဗီရဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ဒီကားထဲမှာတော့ သူဟာ သာမန်မိသားစုတစ်ခုက သမီးကြီးတစ်ယောက်ဖြစ်ပြီး ကျောင်းဆရာမတစ်ယောက်ဖြစ်ပါတယ် ဒီလိုနဲ့ နေထိုင်လာခဲ့ရင်း လုံခြုံမှုမရှိတဲ့ သူတို့မြို့ထဲ အုပ်စုဖွဲ့ သက်ငယ်မုဒိန်းမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတော့တယ် ထူးဆန်းတာက အဲဒီမုဒိန်းကျင့်မှုမှာ သူ့အဖေဟာ ငါးယောက်မြောက်တရားခံ ဖြစ်လို့နေပါတယ် အဲဒီလိုနဲ့ သူတို့တွေ အမှုရင်ဆိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့.... သူ့အဖေဖြစ်သူဟာ အပြစ်မရှိဘဲ ယိုးစွပ်ခံရတာလား ဒါမှမဟုတ် တကယ့်တရားခံအစစ်ပဲလားဆိုတာ မေးခွန်းပေါင်းများစွာနဲ့အပြင် အမှုဖော်ထုတ်မှုတွေကိုလည်း သိချင်စိတ်ပြင်းပြစွာ ကြည့်ရှုရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ကြောင်း အခုလိုပဲ အညွှန်းရေးသားလိုက်ရပါတယ် File size…4.5GB / 1.7GB  /  800MB Quality…4k HEVC WEB DL / 1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Lwin Htoo & Kham Mon &  Thet Ko

Animation • Comedy • Family • Mystery
8.1 2022 137 mins
Gargi
The Real Charlie Chaplin
8

~ IMDb - 7.3/10, RT - 95%, Meta - 66% ~ " ကံအကြောင်းတိုက်ဆိုင်လို့ ချာလီချက်ပလင် ဇာတ်ကားတွေကို ကြည့်ဖြစ်ရင် ဒီအတိုင်းပဲကြည့်ပါ။ တခြားတွေ့ဖူးကြည့်ဖူးထားတဲ့ ချာလီချက်ပလင်တွေနဲ့ ဆက်စပ်ဖို့ မကြိုးစားပါနဲ့။ ချာလီချက်ပလင်တွေ အများကြီးရှိလို့ပါပဲ... " - မက်စ်အိစ်မန်း (စာရေးဆရာ၊ ချာလီချက်ပလင်၏ မိတ်ဆွေတစ်ဦး) ချာလီချက်ပလင်ဆိုတာနဲ့ ဘောင်းဘီအပွကြီးဝတ်ထားပြီး ဦးထုပ်ဝိုင်းလေးဆောင်း တုတ်ကောက်ကိုင်ထားတဲ့ တံမြက်စည်းနှုတ်ခမ်းမွေးနဲ့ လူညှက်ကလေးကို ပြေးမြင်မိကြမှာပါ။ ချက်ပလင်ကပ်ရောဂါလို့ တင်စားရလောက်အောင် ချာလီချက်ပလင်ကို နှစ်သက်သဘောကျ အတုခိုးကြသူတွေ ချက်ပလင်ရောဂါဖြစ်ကြသူတွေ တစ်ကမ္ဘာလုံးအနှံ့မှာရှိခဲ့ဖူးပါတယ်။ ဒီလူပိန်လေးက ဘုရင်တွေ၊ ဘုရင်မတွေ၊ တွေးခေါ်ပညာရှင်တွေ၊ ဘာသာရေးအထင်ကရပုဂ္ဂိုလ်တွေထက် နာမည်ကျော်ကြားခဲ့ပါတယ်။ ဒါပေမဲ့ သူက ချာလီချက်ပလင်မဟုတ်ပါဘူး ချာလီချက်ပလင်သရုပ်ဆောင်တဲ့ Tramp ဆိုတဲ့ ဇာတ်ကောင်လေးပါ။ အဲဒီတော့ ချာလီချက်ပလင်က အစစ်က ဘယ်သူလဲ..... ချာလီက အိမ်ထောင်ပျက် မိသားစုကနေ မွေးဖွားလာခဲ့တဲ့သူဖြစ်ပြီး မိဘတွေလို အနုပညာကို ဝါသနာထုံခဲ့သူပါ။ ဒုက္ခတွေကြားမှာ ဆင်းဆင်းရဲရဲနေခဲ့ရပေမဲ့ ဟာသညာဉ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ခဲ့သူလည်းဟုတ်ပါတယ်။ ဇာတ်ဝင်ခန်းလေးတစ်ခန်းကို ၅၃၄ ရက်ကြာအောင် ရိုက်ခဲ့တဲ့ Perfectionist ပါ။ ရိုက်ကွင်းတစ်ခုလုံးကအလုပ်တွေကို သူတစ်ယောက်တည်း လုပ်နိုင်ရင် လုပ်လောက်တယ်လို့ ရိုက်ကူးရေးအဖွဲ့သားတွေကပြောကြတယ်။ တကယ်လည်း သူကိုယ်တိုင် အကုန်လုံးနီးပါးကို သူ့ခြေသူ့လက်ဖြစ်အောင် လုပ်ခဲ့တာပါပဲ။ ကမ္ဘာကြီးက သူ့ကို ဗဟိုထားပြီးလည်ပတ်နေတယ်လို့ ယူဆရလောက်အောင် အတ္တကြီးတယ်။ အဲဒါကြောင့်ပဲ သူ့ရဲ့ ဇနီးသုံးယောက်က သူ့ကို မကောင်းဆိုးရွားလို့ မြင်ကြတာဖြစ်နိင်ပါတယ်။ သူ့ရဲ့ အတ္တကြောင့် အချစ်ဆုံး ဇနီး Oona O'neil-Chaplin နဲ့ရခဲ့တဲ့ သားသမီးတွေကတောင် သူတို့အဖေနဲ့ ဝေးကွာနေတယ်လို့ ခံစားခဲ့ကြရပါတယ်။ သူက မိန်းမလည်းပွေတယ်။ နောက်ကွယ်ကနေ တိတ်တဆိတ်နဲ့ပါရမီဖြည့်ရတာနဲ့ပဲ ကျေနပ်တဲ့ Oona O'neil နဲ့မှ ကလေး ၈ ယောက်ဖွားမြင်တဲ့အထိ လက်တွဲသွားတာပါ။(အသက်ကလည်း ၅၀ ကျော်ပြီကိုး) အောင်မြင်မှုတွေရခဲ့သလောက် သူ့ရဲ့တစ်စိတ်တစ်ပိုင်းကတော့ ဆင်းရဲမှာကိုကြောက်နေတုန်းပဲ။ အမြဲတမ်းဆာလောင်မွတ်သိပ်နေခဲ့တဲ့သူလို့ ပြောလို့ရတာပေါ့။ ချာလီရဲ့အကြောင်းကိုပြောရင် Tramp က မပါမဖြစ်ပါပဲ။ ချာလီက Tramp ဖြစ်သလို Tramp ကလည်း ချာလီပါပဲ။ ချာလီက Tramp ကိုဖန်တီးခဲ့သလို Tramp ကလည်း ချာလီရဲ့အောင်မြင်မှုတွေကို ဖန်တီးပေးခဲ့တာကိုး။ Tramp က ချာလီ့လိုပဲ စကားလုံးတွေမပါဘဲ အမူအရာနဲ့ ကျယ်ကျယ်လောင်လောင် ပြောတတ်သူပါ။ သူ့ကို တစ်ကမ္ဘာလုံးကလည်း ကြားခဲ့ပါတယ်။ Tramp ကိုကြည့်ရင် ချာလီကို မြင်ရပါလိမ့်မယ်။ The Kid ဇာတ်ကားမှာ ချာလီရဲ့ ထပ်ခိုးထပ်က အိမ်လေးခန်းလေး၊ City Lights မှာ Tramp နဲ့ ပန်းသည်မလေးတွေ့တဲ့နေရာက ချာလီရဲ့အချစ်ဦးနဲ့ ပထမဆုံးချိန်းတွေ့ခဲ့တဲ့ ကင်လင်တန်ပန်းခြံအဝင်ပေါက်၊ The Gold Rush မှာတော့ ချာလီရဲ့ကလေးဘဝက အခက်အခဲတွေ၊ Tramp ကိုကြည့်လိုက်တိုင်း ချာလီကိုတွေ့နေရမှာပါပဲ။ ချာလီကို ကြည့်လိုက်တိုင်းလည်း နှုတ်ခမ်းမွေးမပါတဲ့ Tramp ကိုမြင်ရပါလိမ့်မယ်။ အနီးကပ်ကြည့်ရင် ဘဝဟာ ဝမ်းနည်းစရာဖြစ်ပေမဲ့ အဝေးကကြည့်ရင်တော့ ရယ်စရာပါလို့ ပြောခဲ့တဲ့အတိုင်းပဲ သူ့ရဲ့ ဝမ်းနည်းစရာဘဝအကြောင်းအရာတွေကို Tramp က ရယ်စရာအဖြစ်ပြောင်းပေးခဲ့ပါတယ်။ Tramp ရဲ့ နိဂုံးက ချာလီချက်ပလင်ကို ဘဝတစ်ဆစ်ချိုး ပြောင်းစေခဲ့ပါတယ်။ နာမည်မရှိ၊ နေရာမရှိ၊ အချိန်ကာလမရှိဘဲ အမြဲတမ်း နှုတ်ဆိတ်နေခဲ့တဲ့ Tramp တစ်ယောက် The Great Dicatator ဇာတ်ကားမှာ ပထမဆုံး စပြီးစကားပြောခဲ့ပါတယ်။ ဒါက Tramp ရဲ့ ဂူသင်္ချိုင်းလို့ပြောလို့ရပါတယ်။ တစ်ချိန်လုံး ပရိသတ်ကို ရယ်အောင်ဖျော်ဖြေနေခဲ့တဲ့ Tramp စပြီးစကားပြောတဲ့အချိန်မှာ အဓိပ္ပါယ်ပြည့်ဝလေးနက်တဲ့ စကားတွေပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူက ဟာသသရုပ်ဆောင်ကောင်း မဟုတ်တော့ဘူးလို့ သတ်မှတ်လာကြတဲ့အထိ ဖြစ်လာပါတယ်။ ဒီစကားတွေကြောင့် ချာလီကို ကွန်မြူနစ်လို့ စွပ်စွဲလာကြပါတယ်။ သူကိုယ်တိုင်ကတော့ ကွန်မြူနစ်ပါလို့ သူကိုယ်သူ ဘယ်တုန်းကမှ မသတ်မှတ်ဘူးလို့ ပြောပါတယ်။ တိတ်ဆိတ်ခြင်းကို ချိုးဖျက်ခဲ့တဲ့ သူ့ရဲ့စကားလုံးတွေက ယန္တရားကြီးကိုတော့ အနိုင်မတိုက်နိုင်ခဲ့တာသေချာပါတယ်။ အမေရိကကနေ နယ်နှင်ဒဏ်ကျတဲ့ အခြေအနေထိ ရောက်သွားတယ်လေ။ ဒါပေမဲ့ လူတွေကို ဖျော်ဖြေဖို့ သူ့ရဲ့ကြိုးစားမှုကတော့ ရပ်မသွားခဲ့ပါဘူး။ ချာလီချက်ပလင်က အင်္ဂလန်က ချီးမြှင့်တဲ့ Sir ဘွဲ့ကို ရရှိချိန်မှာ လမ်းမလျှောက်နိုင်တော့ဘဲ ဝှီးချဲစီးနေရတဲ့အချိန် အသက် ၈၅ နှစ်ရှိပါပြီ။ အမေရိကန်က သူ့ကို ကွန်မြူနစ်လို့ စွပ်စွဲထားတဲ့ ကိစ္စမပြီးပြတ်သေးလို့ အနှစ် ၂၀ ကြာအောင် စောင့်ခဲ့ရတာပါ။ ဒူးမထောက်ဘဲ သူရဲကောင်းဘွဲ့ရခဲ့သူလို့ ပြောလို့ရတာပေါ့။ ဘုရင်မကြီးကိုယ်တိုင်က သူ့ရဲ့ဇာတ်ကားတွေအတွက် ကျေးဇူးတင်ခဲ့ပါသေးတယ်။ ချာလီချက်ပလင်(Tramp) ရဲ့ နှုတ်ခမ်းမွေးကို ကြည့်ပြီး တစ်ယောက်ယောက်ကို သွားပြီးသတိရကြမှာပါ။ သူကတော့ ချာလီလို လူချစ်လူခင်ပေါလို့ ကျော်ကြားတာမျိုးမဟုတ်ဘဲ လူပေါင်း ၁၇ သန်းကျော်ကို သတ်ဖြတ်ခဲ့လို့နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အာဏာရှင် နာဇီပါတီခေါင်းဆောင် ဟစ်တလာပါပဲ။ ချာလီက လူတွေကောင်းဖို့ ပြောသလို ဟစ်တလာက လူတွေသတ်ဖို့လုပ်တယ်။ ဆန့်ကျင်ဖက်ဖြစ်နေပေမဲ့ သူတို့နှစ်ယောက်မှာ တူတာတွေလည်း အများကြီးရှိပါတယ်။ အမြင်သာဆုံးကတော့ နှုတ်ခမ်းမွေးပေါ့။ ဟစ်တလာက ချာလီရဲ့ နှုတ်ခမ်းမွေးကို ကူးချထားတာလို့လည်း မခိုင်လုံတဲ့သတင်းတွေရှိပါသေးတယ်။ ဟစ်တလာကတော့ ချာလီကို ဂျူးလို့ နာမည်တပ်ပြီး ချာလီမုန်းတီးရေးဝါဒပါ ဖြန့်ခဲ့ပါသေးတယ်။ ချာလီကအမြဲတမ်း သရုပ်ဆောင်နေတတ်တဲ့သူလို့ နီးစပ်သူတွေကပြောပါတယ်။ သူ့ရဲ့အတိတ်ကရခဲ့တဲ့ ဒဏ်ရာတွေကြောင့် စိတ်မလုံခြုံမှုဖြစ်ပြီး အမြဲတမ်း သရုပ်ဆောင်နေတတ်တာ ဖြစ်ပါလိမ့်မယ်။ သူက သူကိုယ်သူ ဖျော်ဖြေသူအဖြစ်မွေးလာတာလို့ သတ်မှတ်ထားလို့လည်း ဖြစ်နိုင်ပါတယ်။ ကင်မရာရှေ့မှာရော ကင်မရာမရှိတဲ့အချိန်မှာရော ပရိသတ်ရှိတိုင်း သူက ဖျော်ဖြေနေတတ်ပါတယ်။ သူဟာ ဖျော်ဖြေရေးသမားတစ်ယောက်.... သူဟာ ဟာသသရုပ်ဆောင်တစ်ယောက်... ယန္တရားကို မုန်းခဲ့သူတစ်ယောက်... တစ်ကမ္ဘာလုံးကို စကားတစ်ခွန်းမှမပြောဘဲ ကြီးစိုးခဲ့ဖူးတဲ့သူတစ်ယောက်.... သူက ချာလီချက်ပလင်ပါ... The Real Charlie Chaplin က ချာလီချက်ပလင် ပိတ်ကားနောက်ကွယ်က ချာလီရဲ့အကြောင်းကို ဇာတ်ကားဆန်ဆန်ရိုက်ကူးထားတဲ့ Biography, Documentary ဇာတ်ကားလေးပါ။ ချာလီချက်ပလင်ရဲ့ အကြောင်းတွေကို အကြောင်းအရာဆန်ဆန် သိရတာထက် ချာလီရဲ့ဘဝထဲကို စီးမျောလိုက်ပါနေသလိုခံစားရပါလိမ့်မယ်။ ချာလီချက်ပလင်ကို မသိသေးတဲ့သူတွေအတွက် ဒါမှမဟုတ် သိထားဖူးတဲ့သူတွေ တကယ်ရောသိရဲ့လားဆိုတာ ဒီဇာတ်ကားလေးက ချာလီချက်ပလင်ရဲ့အကြောင်းကို ပြောပြသွားပါလိမ့်မယ်။ ချာလီချက်ပလင်ရဲ့ အမှောင်ဘက်ခြမ်းတချို့ကိုလည်း ဖော်ပြထားပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစကပြောခဲ့သလိုပဲ တကယ့်ချာလီချက်ပလင်ကို သိပြီလို့တော့ မထင်လိုက်ပါနဲ့... ချာလီချက်ပလင်တွေ အများကြီးရှိပါတယ်။ (ဒီဒိုကူမန်ထရီနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.72GB, 1.6GB, 600MB Quality - 1080p, 720p, 480p IMDb Rating - 7.3/10 Format - mp4 Duration - 1H 54Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Horror
8 2021 114 mins
The Real Charlie Chaplin
Superhero Movie
5.2

ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပါပဲ စူပါဟီးရိုးကားပါ။ ကျွန်တော်တို့ ကြည့်ဖူးတဲ့ စူပါဟီးရိုးတွေ အကုန်ပေါင်းထားတဲ့ ဇာတ်ကား လို့တောင်ပြောလို့ရတယ်။ ဘတ်မန်းမိဘတွေ သေတာကအစ စပိုက်ဒါမန်းရဲ့ အန်ကယ်ဘန် သေတာအဆုံး ပါပါသေးတယ်။ X-Men Universe က ချားစ် ဇေးဗီးယား ၊ ဝူဗာရင်းနဲ့ Fantastic 4 တောင်ပါလိုက်သေးတယ်။ Spider-man No Way Home Crossover လုပ်တယ်ဆိုတာ ဒီကားကို ဘယ်မှီဦးမလဲ။ With great power comes with Hot Bitches ( ကြီးမားတဲ့ အစွမ်းတွေနဲ့အတူ စော်အလန်းတွေပါ ကပ်ပါလာလိမ့်မယ်) ဆိုတဲ့ စပိုက်ဒါ မန်းကားရဲ့ ဂန္တဝင် စကားလေးလည်း ပါလိုက်သေးတယ်ဗျာ။ Dragonfly ဆိုတဲ့ သဘာဝလွန်ပုစဉ်းတစ်ကောင် အကိုက်ခံလိုက်ရတဲ့ Rick Ricker ဟာ ပုစဉ်း လူသားဖြစ်လာပြီး ဘယ်လိုပေါက်ကရတွေလုပ်ပြီး အခက်ခဲတွေကို ကျော်ဖြတ် သွားမလဲဆိုတာကို အပျင်းပြေကြည့်ရှုရမှာဖြစ်ပါတယ်။ ပြောရရင်တော့ Superhero တွေကိုလှောင်ထား၊ ပြောင်ထားတဲ့ မူဗီလို့ဆိုရမှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(600 MB) Quality............WEB-DL 720p Duration.........1Hr 15mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Sci-Fi Translator.......Thiha Yan Naing Encoder..........SWM

Drama • Mystery • Thriller
5.2 2008 85 mins
Superhero Movie
Neymar

Neymar 2023 ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါး လူငယ်ဟာသကားလေးပဲ ဖြစ်ပါတယ် လူငယ်ဟာသကားလေးဆိုပေမဲ့ အဓိကဟာသလုပ်မှာကတော့ ခွေးတစ်ကောင်ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့...... ကွန်ဂျာဗာနဲ့အာကမ်ရှ်တို့က ဆယ်ကျော်သက်ကျောင်းသားအရွယ်လေးတွေပါ ကွန်ဂျာဗာက ဒိုနာဆိုတဲ့မြီးကောင်ပေါက်မလေးကိုကြိုက်လို့ ဘေးကနေဆရာကြီး အာကမ်ရှ်က အခါတော်ပေးရွှေဖူးစာရေးပေးပါတော့တယ် အဲ့မှာပဲ မိန်းမပိုးနည်း ဆယ့်ကိုးနည်းထဲက စော်ခွေးမွေးရင် ကိုယ်လိုက်မွေးဆိုတဲ့အကွက်အတွက် ခွေးမျိုး‌ခွေးသန်းလေးလိုက်ရှာရပါတော့တယ် သူတို့သွားရှာတဲ့နေရာက ခွေးတွေကလည်း ပိုင်ရှင်က ဘောပွဲဖန်မို့ ခွေးအားလုံးက လူကာကူ ရာမိုစ့် ပီပီ ဒရော့ဘာ စသည်ဖြင့် ဆရ ကောင်နာမည်တွေပါပဲ အဲ့မှာပဲ ကွန်ဂျာ‌ဗာတို့ ငတိနှစ်ကောင်အတွက် ရလာတဲ့ခွေးက နေမာပါတဲ့ နေမာတစ်ကောင် ဘယ်လိုတွေအကွက်တွေပြပြီး ကွန်ဂျာဗာတို့ အာကမ်ရှ်တို့နဲ့အတူ ပတ်မွှေမလဲဆိုတာ ပရိသတ်ကြီးပဲ တခွီးခွီးနဲ့ ကြည့်တော်မူကြပါကုန် အညွှန်းနဲ့ ဘာသာပြန် CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…3.5GB /1.52GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Zwe~V~Yunni~Saii

Crime • Drama
0 2023 160 mins
Neymar
The Get Together
4.7

The Get Together (2022) ================== Plot twist တွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ရှာနေတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ပါ။ သောကြာနေ့ညရဲ့ ပါတီပွဲတစ်ခုကို အခြေခံထားပြီး အဲဒီပါတီပွဲက ဇာတ် လမ်းလေးတွေနဲ့ပဲ တစ်ညတည်း အပြီးရိုက်ပြထားသလိုမျိုးလေးပေါ့။ ကဲလက်ဘ်၊ ဘက်စီ၊ ဒေမီယန်၊ လူးကက်စ်၊ လေစီ၊ မက်ကောလ် စတဲ့ သူငယ်ချင်းတွေ တစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းလေးတွေကို playback ပြန်ပြန်ပြပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးထားပါတယ်။ အားလုံးက သောကြာ ညလေးမှာ အခြေခံထားတာဆိုတော့ သူတို့ဆီက လူငယ်တွေ ပါတီပွဲ ဖြတ်သန်းကြပုံတွေ၊ ပျော်ကြပါးကြပုံတွေကိုတော့ တဝကြီး ကြည့်ရှု့ရမှာပါ။ စုံတွဲတစ်တွဲရဲ့ လက်ထပ်ခွင့်တောင်းပုံတောင်းနည်းအဆန်းလေးကိုလည်း မြင်ရပါလိမ့်မယ်။ ဟာသဇာတ်မြူးကားလေးဆိုပေမယ့် ကလိထိုးရယ်ခိုင်းတဲ့ plot တွေမပါဘဲ တွေးတွေးပြီးနားလည်ကြရမယ့် ပုံစံမျိုးလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(922 MB) / (467 MB) Quality…………WebDL 1080p / 720p Duration………1Hr 14mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….May Thet Khine Soe Encoder……….SWM

History • War
4.7 2022
The Get Together
Maximum Truth
4.8

Maximum Truth (2023) ================== ဒီဇာတ်ကားဟာဆိုရင် ခါတိုင်းမြင်တွေ့နေကြ ပုံမှန် Comedy ဇာတ် ကားတွေနဲ့ မတူပါဘူး။ ဇာတ်လမ်းတင်ဆက်ပုံဟာလည်း ရုပ်ရှင်ရိုက် တဲ့အဖွဲ့တစ်ခုက မှတ်တမ်းရုပ်ရှင်လိုက်ရိုက်တဲ့ပုံစံမျိုးနဲ့မို့ ကြည့်ရတာ အမြင်ဆန်းနေပါတယ်။ ပရိသတ်ကို ဟာသတွေနဲ့ အတင်းကြီးထိုးထည့် နေတာမျိုး မဟုတ်ဘဲ တွေးရင်း၊ သေချာနားလည်အောင် ကြည့်ရင်းနဲ့ မှ ရယ်မောစေတဲ့ဟာမျိုးပါ။ အခုပြောခဲ့တဲ့ ဟာသမျိုးတွေကို ကြိုက် တယ်ဆိုရင် လက်လွှတ်မခံပါနဲ့ အကြံပေးချင်ပါတယ်။ Maze Runner, Teen Wolf, Love and Monster အစရှိတဲ့ ရုပ်ရှင်တွေအပြင် တခြား ရုပ်ရှင်များစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Dylan O’Brien က အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဆိုင်မွန် အဖြစ် ပါဝင်ထား ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရစ်ခ်ဟာ သူ့ကိုပိုက်ဆံပေးလာလျှင် ဘယ်လို အမှုမျိုးမဆို လိုက်ပေးတဲ့ ရှေ့နေတစ်ယောက်ပါ။ သူက ရှေ့နေတင်မက ဘဲ သူများရဲ့ မကောင်းကွက်ကို ရှာပေးတာမျိုးတွေအထိ လုပ်ကိုင်ပါတယ်။ တစ်နေ့မှာ အလုပ်ရှင်တစ်ယောက်က အန်တိုနီယိုကယ်လီဇန်းဆိုတဲ့ လွှတ် တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်နေတဲ့လူတစ်ယောက်ရဲ့ မ ကောင်းကွက်ကို ရှာပြီး ဖြုတ်ချဖို့ ငွေအမြှောက်အများနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ရစ်ခ်လည်း လက်ခံခဲ့ပြီး သူနဲ့အတူ အလုပ်တွဲလုပ်ဖို့ ဆိုင်မွန် ဆိုတဲ့ကောင်လေး တစ်ယောက်ကို ခေါ်လိုက်ပါတယ်။ သူတို့နှစ်ယောက် အန်တိုနီယိုရဲ့ မကောင်း ကွက်ကို လိုက်ရှာရင်း ကြုံတွေ့ရတာတွေကို ဟာသလေးတွေနဲ့ ပါးပါးပုတ် ထားတာကို ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.62 GB) / (647 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Leonard Lin Encoder……….Zin Phyo Aung

4.8 2023 91 mins
Maximum Truth
10 Truths About Love
6

ကရီနာဟာ စာပေတိုက်တစ်ခုရဲ့ အချစ်သရုပ်ဖော်ကဏ္ဍအပိုင်းကို တစ်ယောက်တည်း တာဝန်ယူထားတဲ့ ကလောင်စွမ်းထက်တဲ့ စာရေးဆရာမတစ်ဦးပါ။ နှလုံးသားရေးရာကို အဓိကထားရေးတဲ့စာရေးဆရာမဖြစ်တာကြောင့် သူမဟာ အချစ်ရေးမှာ သူမကိုယ်သူမ ယုံကြည်ချက်အပြည့်ရှိတဲ့သူဖြစ်ပြီး လက်ရှိမှာလည်း တွမ်ဆိုတဲ့ ခပ်ချောချောကောင်လေးနဲ့ တွဲလာတာ ငါးနှစ်တောင်ရှိခဲ့ပါပြီ။ တနေ့မှာတော့ ကြော်ငြာရီဗျူးတွေရေးတဲ့ လီယမ်ဆိုတဲ့လူဟာ သူတို့ရုံးကို အလုပ်ဝင်လာခဲ့ပါတယ်။ ကရီနာဟာ မြင်မြင်ကတည်းက သူ့ကို ကြည့်မရတဲ့ကြားက အထက်လူကြီးက လီယမ်ကို သူ့ကဏ္ဍမှာ နေရာချပေးလိုက်ပါတော့တယ်။ အလုပ်မှာ စိတ်ညစ်ရတဲ့ကြားက ငါးနှစ်တောင် တွဲလာတဲ့ သူ့ကောင်လေးတွမ်က သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် လမ်းခွဲသွားပါတော့တယ်။ အချစ်ရေးမှာ ယုံကြည်ချက်ရှိလှပါတယ်ဆိုတဲ့ သူမဟာ ကောင်လေးက လမ်းခွဲသွားတော့ ယုံကြည်ချက်တွေ ပျောက်ဆုံးသွားပါတော့တယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ လီယမ်က သူမကို တွမ်နဲ့ပြန်အဆင်ပြေအောင် ကူညီပေးမယ်ဆိုပြီးတော့ ပြောလာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဌာနရဲ့အလုပ်တွေရော တွမ်ကို ပြန်ရဖို့ရော အတူတူကြိုးစားကြရာကနေ ရင်းနှီးလာကြပြီး သံယောဇဉ်တွယ်လာကြပါတော့တယ်။ တွမ်ဘက်က ဖြစ်ပေါ်လာတဲ့ခံစားချက်ကို သေချာသိပေမယ့် ကရီနာခမျာမှာတော့ တွမ်နဲ့ သူနဲ့ကြားမှာ စိတ်တွေရှုပ်ထွေးပြီး ဝေခွဲမရဖြစ်နေပါတော့တယ်။ ဒီတော့ ကရီနာအနေနဲ့ တွမ်နဲ့ပဲ ပြန်ပေါင်းထုပ်သွားမလား လီယမ့်ရဲ့အချစ်တွေကို မြင်နိုင်သွားမလားဆိုတာက ကြည်နူးစွာ စောင်ကိုက်ပြီးကြည့်ရမှာပါ။ Romance Comedy ဖြစ်တဲ့အတွက် အိပ်ရာထဲမှာ ကော်ဖီလေးတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် ဇာတ်လမ်းအမျိုးအစားလေးပါ။ IMDb မှာ Rating 6/10 ရထားပြီးတော့ 2022 မှ ပူပူနွေးနွေးထွက်ရှိထားတာဖြစ်တဲ့အတွက် ကြည့်ရှုလိုက်ကြပါဦးနော်။ File size…(1.72 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6 2022
10 Truths About Love
The Young Hoodlum
5.8

ဆင်းရဲမှာနဲ့ သေမှာ ဘယ်ဟာကိုကြောက်လဲ။ The Young Hoodlum ရုပ်ရှင်က က ဆယ်ကျော်သက်အရွယ် ကောင်လေး ၄ ယောက် ငွေနောက်လိုက်ပြီး လမ်းမှားပေါ် ရောက်သွားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ဝူချန်ဟန့်ဟာ ညီမလေးရီရွှမ်းနဲ့အတူ အရက်သမားအဖေရဲ့ နှိပ်စက်သမျှ ခံနေရသူဖြစ်ပါတယ်။ နောက်ထပ် သူ့လို အောက်ခြေဘဝမှာ အတူတူကြီးပြင်းလာတဲ့ ညီအစ်ကိုလို ခင်ရတဲ့ သူငယ်ချင်း ၃ ယောက်လည်း ရှိပါသေးတယ်။ သူတို့ ၄ ယောက်ဟာ ငွေလွယ်လွယ်နဲ့ ရမဲ့ လိမ်လည်ရတဲ့ အလုပ်တွေကိုပဲ အပျော်လို့ သဘောထားပြီး လုပ်နေကြပါတယ်။ ရီရွှမ်းရဲ့ မွေးနေ့မှာ လျိုဖျင်ရန်ဆိုတဲ့ ကောင်မလေးနဲ့ ခင်သွားခဲ့ပြီး သူတို့ မမြင်ရတဲ့ ဘဝတစ်မျိုးကို မြင်ခဲ့ရပါတယ်။ ပိုက်ဆံကို လွယ်လွယ်နဲ့ ရှာခဲ့ပြီးနောက် လောဘဇောမသက်နိုင်ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာ လျိုဖျင်ရန်က ဦးဆောင်ပြီး သူ့မိဘဆီက ပိုက်ဆံတောင်းဖို့ ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းကို ကြံစည်ကြပါတော့တယ်။ ဒါပေမဲ့ လူ့စိတ်ဆိုတာ ခန့်မှန်းရခက်တဲ့အတွက် သူတို့ ပြန်ပေးဆွဲဖို့ အကြံအစည်က အောင်မြင်ပါ့မလား…… စနောက်ခြင်းကနေ ဒုစရိုက်အစစ် ကျူးလွန်မိသွားတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Comedy • Romance • Drama
5.8 2024
The Young Hoodlum
Holiday in the Vineyards
6.2

Holiday in the Vineyards (2023) IMDb Rating (6.2) နာမည်းကြီး၀ိုင်ထုတ်လုပ်တဲ့ Baldwyn Wines လုပ်ငန်းဟာ သူတို့မပိုင်သေးတဲ့ Los Santos ကို စပျစ်ခြံတစ်ခုကို၀ယ်ယူဖို့ကြိုစားနေပါတယ်။ ဒီခြံဟာ လေလံတင်ထားတာကြောင့် ပိုင်ရှင်ဖြစ်တဲ့ Margo Baldwyn က သူ့သားဖြစ်တဲ့ Carter ကို စေလွှတ်ပြီး တိတ်တဆိတ်သတင်းတွေ နှိုက်ဖို့စေလွှတ်ခဲ့ပါတယ်။ ဒီတော့ Carter လည်း Los Santos ကိုရောက်ရှိသွားခဲ့ပြီး သူ့အလုပ်ကို အတွင်းလူအဖြစ်စတင်လှုပ်ရှားပါတော့တယ်။ သူကတော့ Val လို့ခေါ်တဲ့ အိမ်ခြံမြေအကျိုးဆောင်အေဂျင့်ရဲ့အိမ်မှာ လက်သမားဆရာအဖြစ်၀င်ရောက်လုပ်ကိုင်ပြီး သူတို့နဲ့ရင်းနှီးမှုယူခဲ့ပါတယ်။ Los Santos ရောက်တော့ Carter ဟာ ဒီလူအဖွဲ့အစည်းရဲ့ ၀ိုင်အပေါ်ကိုထားရှိတဲ့ စိတ်အားထက်သန်မှုတွေ, ကောင်းမွန်တဲ့၀ိုင်ထုတ်လုပ်မှုတွေကို တွေ့ရှိပြီးတဲ့နောက်မှာ စိတ်ပြောင်းလာပါတယ်။ Baldwyn Wines လုပ်ငန်းဟာ နာမည်သာရှိပြီး ကောင်းတဲ့၀ိုင်တွေမထုတ်လုပ်နိုင်ပါဘူး။ အဲဒါကြောင့်ဒီအကြံဟာ မသင့်တော်မှန်းအမြင်မှန်ရပြီးတဲ့နောက်မှာ သူအမေရဲ့အကြံကိုဆန့်ကျင်လာပါတော့တယ်။ စီပွားရေးကို စိတ်အားထက်သန်တဲ့သူ့အမေကို Carter နဲ့ Los Santos က ၀ိုင်ထုတ်လုပ်သူတွေက Baldwyn Wines လုပ်ငန်းကို ဘယ်လိုတွန်းလှန်မလဲဆိုတာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။) File size…(2.1 GB) / (890 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:49:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Son Gohan

6.2 2023 107 mins
Holiday in the Vineyards
Sunset Boulevard
8.4

Sunset Boulevard ဆိုတာ ဟောလိဝုမှာ ရှိတဲ့ လမ်းတစ်ခုရဲ့နာမည်ဖြစ်ပါတယ်။ ဒီဇာတ်ကားက အဲဒီလမ်းနာမည်ကိုပဲ ယူထားတာပါ။ ဒီကားကို နာမည်ကြီး ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာ Billy Wilder က ရိုက်ကူးခဲ့တာဖြစ်ပြီး သူ့ရဲ့အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် သူ့ရဲ့ story telling တွေ ထိုခေတ်အခါက ဆန်းသစ်တဲ့ ရိုက်ချက်တွေကြောင့်Film School တွေမှာပါ ပြန်လည်သင်ကြားပေးခြင်းခံရတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ရုန်းကန်နေရတဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်သူ ဂျိုး ဂေးလစ် ဟာ အသံတိတ်ခေတ်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီး နော်မာ ဒက်စမွန် နဲ့ သွားပါတ်သတ်မိပါတော့တယ်။ နော်မာဟာ ရုပ်ရှင်လောက ထဲကိုပြန်ဝင်ဖို့ အမြဲစိတ်ကူးယဉ်နေသူလည်းဖြစ်ပါတယ်။ ဂျိုး နဲ့ နော်မာ တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ စွဲလမ်းမှုတွေ လိမ်လည် လှည့်ဖျားမှုတွေ ကြိုးကိုင်ခြယ်လှယ်မှုတွေ နဲ့ ပြည့်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်သား ဘယ်လိုတွေ စခန်းသွားကြမလဲ။ နော်မာကရော သူ့ရဲ့ အိပ်မက်ကို ဘယ်လို အကောင်အထည် ပြန်ဖော်မလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုနိုင်မှာပါ။ File size…(1.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Film Noir, Drama, Tragedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

8.4 1950 110 mins
Sunset Boulevard
Don’t Look Back… I Know Your Origins
4.6

Don’t Look Back… I Know Your Origins (2024) IMDb Rating (4.6) Don’t Look Back 2 ခေါ် Jangan Pandang Belakang 2 ဟာ မလေးရှားသရဲကားဖြစ်ပြီး ပထမကားအပြီး ၁၆နှစ်အကြာမှာ ဇာတ်အိမ်တည်ထားတယ်။ ဇာတ်ကတော့ မိသားစုတစ်စုကို သူတို့ရဲ့ကျိန်စာသင့်ဘိုးဘေးဝိညာဉ်က ကာကွယ်သလိုလိုနဲ့ ဖျက်ဆီးနေတဲ့အကြောင်းပါပဲ။ ပထမကားမှာကတည်းလည်း ဒီဝိညာဉ်နဲ့ပဲ တိုင်ပတ်နေခဲ့သလို ဒီကားလည်း ဒီဝိညာဉ်နဲ့ပဲ တိုင်ပတ်နေခဲ့တယ်။ ဒီဇာတ်ကြောမှာ ဒါတွေကိုမယုံတဲ့ဆရာဝန်နဲ့ မျက်မြင်ကြုံတွေနေရတဲ့ နစ်နာသူနဲ့ အီမမ်လို့ခေါ်တဲ့ နတ်ဆရာတွေကြားက ယုံကြည်သူ မယုံကြည်သူအားပြိုင်ကြတာတွေကို အပနှင်တာနဲ့ အပြိုင် ထည့်သွင်းထားတယ်။ လက်ရှိနာမည်ကြီးတဲ့ The Priests ရဲ့ spin-off Dark Nuns လို စတိုင်မျိုးပေါ့။ အပနှင်တဲ့ကားတွေ ကြိုက်တဲ့သူတွေတော့ ကြိုက်ကြလောက်မယ့် မလေးရှားအပနှင်ကားပါပဲ။ ဇာတ်က ဒီမှာလည်းပြီးသေးပုံမပေါ်ဘဲ ဆက်ထွက်မယ့်ပုံပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.3 GB) / (620 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Thriller Duration….01:39:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

4.6 2024 104 mins
Don’t Look Back… I Know Your Origins
Flower of Shanidar
6

Flower of Shanidar (2013) ************************** IMDb…..6.1 ထူးဆန်းတဲ့ သုတေသနတစ်ခုနဲ့ လူသားတွေကို လျှို့ဝှက်စမ်းသပ်နေတဲ့ ဓာတ်ခွဲခန်းတစ်ခု.. သူတို့စမ်းသပ်နေတဲ့အရာက လူသားတွေရဲ့ခန္ဓာကိုယ်မှာ ကပ်ပါးလိုပွင့်လာတဲ့ပန်း ဒီပန်းရဲ့နာမည်ကတော့ ရှာနီဒါတဲ့.. ရှာနီဒါပန်းအကြောင်း ဒီသုတေသနစင်တာမှာလုပ်နေတဲ့သူတွေ ဘာသိထားလဲလို့ မေးလာရင်တော့ ဒီပန်းဟာ ထူးဆန်းတဲ့ ဆေးတစ်မျိုးထုတ်ဖို့ သုံးနေတယ်ဆိုတာရယ်.. ပန်းပွင့်နေစဉ်ကာလမှာ ဒီပန်းရဲ့လက်ခံကောင်ဖြစ်တဲ့ လူသားမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတချို့ ကြုံရနိုင်တယ်ဆိုတာရယ်.. ပန်းက လုံးဝအပြည့်အဝပွင့်သွားပြီဆိုရင် အဆိပ်အတောက် ဓာတုပစ္စည်းတွေထွက်တတ်လို့ လက်ခံသူမှာ အသက်အန္တရာယ်ရှိလာနိုင်တယ်ဆိုတာပါပဲ။ ဒီ ၃ ချက်ကလွဲရင် ပန်းနဲ့ပတ်သက်တာရော ပန်းကိုဘယ်မှာသုံးနေတယ်.. ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကို ဘယ်သူမှမသိပါဘူး။ ဒီလိုနဲ့ပဲ ဒီသုတေသနစင်တာကြီးမှာ ကိုယ့်အလုပ်ကိုယ် တာဝန်ကျေရင်ပြီးပြီဆိုပြီး လုပ်နေကြတဲ့ ဒေါက်တာအိုတာကီနဲ့ စိတ်ရောဂါကုဆရာဝန်မလေး ခရိုကိုတို့ ဒီပန်းနဲ့ပတ်သက်ပြီး သိချင်စိတ်တွေများလာချိန်မှာတော့… (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကတော့ Mary ပဲ ဖြစ်ပါတယ်။) File Size : 1.54GB/ 610MB Quality : WEB-DL 1080p/720p Format…mp4 Duration…01:45:00 Genre : Romance, Life, Youth Subtitle : Myanmar Subtitle (Hard Sub) Translated by Mary Encoded by Tiff

Fantasy • Family • Adventure
6 2013 104 mins
Flower of Shanidar
Carjackers
7

Carjackers (2025) ကားမောင်းကျွမ်းကျင်ကြတဲ့ နိုရာတို သူငယ်ချင်း ၄ ယောက်ဟာ ဟိုတယ်တွေမှာ အလုပ်လုပ်ကြပြီး ဟိုတယ်မှာလာတည်းတဲ့ ဧည့်သည်တွေထဲကနေ ပစ်မှတ်ကိုရွေးပြီးတော့ ဟိုတယ်ကအပြန် လမ်းပေါ်မှာ ဓားပြတိုက်ကြတယ်။ ဘယ်သူ့ကိုမှ မထိခိုက်စေရ, အဖမ်းမခံရစေဘဲ အမှားကင်းကင်းနဲ့လုပ်လာခဲ့ပေမဲ့ သူတိုတွေ နောက်ဆုံးတစ်ခေါက်အနေနဲ့ ဓားပြတိုက်ကြမယ့်အချိန်မှာတော့ ဟိုတယ်ဘက်ကနေ ငှားထားတဲ့ ကြေးစားသမားတစ်ယောက်ရဲ့ရန်ကနေ လွတ်နိုင်ပါတော့မလား.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su ဖြစ်ပါတယ်။) File size… (6 GB) / (1.7 GB) / (900 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action Duration….01:37:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su

Action • Thriller • Mystery
7 2025 97 mins
Carjackers
Alice in Wonderland
7.4

Alice in Wonderland (1951) IMDB: 7.3 Rotten Tomatoes : 84% Genre :Animation/Fantasy Alice in Wonderland (1951) ကတော့ စာရေးဆရာ Lewis Carroll ရဲ့ မူရင်း Alice in Wonderland ကို Animation အဖြစ် Walt Disney ကထုတ်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ အဲလစ်စ် အကြောင်းကိုလည်း သိနေပြီးသားမလို့ ထွေထွေထူးထူးညွှန်းစရာမလိုဘူးထင်ပါတယ်။ ဇာတ်ညွှန်း အဲလစ်စ်ဆိုတဲ့ ကောင်မလေးဟာ စပ်စုတတ်တဲ့ကောင်မလေးဖြစ်ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ စပ်အစုလွန်ပြီးတော့ ယုန်ကျင်းတစ်ခုထဲပြုတ်ကျကာ အံ့ဖွယ်ကမ္ဘာကြီးကိုရောက်သွားပါတော့တယ်။ သူဟာအဲဒီမှာ ဝစ်စ်ကုတ်ဝတ်ထားတဲ့ယုန်တစ်ကောင်၊ ဒိုဒိုငှက်ကြီးတစ်ကောင်၊ ပြုံးနေတဲ့ကြောင်ကြီးတစ်ကောင်အစရှိသဖြင့် ထူးဆန်းတဲ့အရာတွေကိုမြင်ခဲ့ရပါတယ်။ ဒီလိုနဲ့အဲလစ်စ်လေးတစ်ယောက် အံ့ဖွယ်ကမ္ဘာကြီးကနေ ဘယ်လိုမျိုး အပြင်လောကကိုပြန်ထွက်သွားမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 3.4 GB / 1.2 GB / 750 MB Quality… Web-DL 4k/ 1080p / 720p Format… mp4,mkv Audio… AAC,EAC 3 Duration…. 1h 13m Genre ….. Family/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

Horror
7.4 1951 75 mins
Alice in Wonderland