YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM)Sadako.2019.720p.BluRay.mp4

1.04 GB 720p video/mp4 63 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bunshinsaba vs Sadako
3.8

ဂျပန် နိုင်ငံကနေပြီးတော့ ပြန်နှံ့လာခဲ့တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဗီဒီယိုဖိုင်တစ်ခု...! ပိုပြီး ထူးဆန်းဖွယ်ကောင်းတာက အဲဒီ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူတိုင်းဟာ ၇ ရက်အတွင်းမှာ အသေဆိုးနဲ့ သေဆုံးကြရတဲ့အခါ...? ဒီသတင်းဟာ အနယ်နယ် အရပ်ရပ်ကို ပျံ့နှံ့ပြီးလူတွေရဲ့ စိတ်ကို ဂယက်ထအောင် ခြောက်လန့်လို့နေခဲ့ပါတယ် ။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုကြာပြီးတဲ့နောက် တရုတ်နိုင်ငံရဲ့ ကျောင်းတစ်ခုမှာ အဲဒီ ထိတ်လန့်ဖွယ် ကျိန်စာသင့် ဗီဒီယိုနဲ့ပတ်သတ်ပြီး ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတော့တယ် ။ အဲဒီအရာကတော့...? ဒီကျိန်စာဆိုးကြီးကို ဖြေရှင်းနိုင်ပါ့မလား ? ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာအတွင်းမှာ သူတို့တွေ ဘယ်အရာတွေ စတေးကြရဦးမှာလဲ ? ဆိုတာ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှူလိုက်ရအောင်လားရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Horror Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy
3.8 2016 80 mins
Bunshinsaba vs Sadako
50 or Two Whales Meet at the Beach
5.4

IMDb Rating - 6.9/10 ဒီ "50 or Two Whales Meet on the Beach" ဆိုတဲ့ဇာတ်ကား လေးကတော့ ဖယ်လိစ်နဲ့ အယ်လီဆာဆိုတဲ့ ဆယ်ကျော်သက်လေး နှစ်ယောက် "Blue Whale Challenge" ကစားတာကိုအဓိကဇာတ် အိမ်ပြုထားတာပါ။ အရင်ဦးဆုံး "Blue Whale Challenge" ဆိုတဲ့ဂိမ်းကိုရှင်းပြပေးချင် ပါတယ်။ "Blue Whale Challenge" ဆိုတာက ၂၀၁၆ ဝန်းကျင် လောက်တုန်းက ကမ္ဘာပေါ်ကနေရာအနှံ့မှာခေတ်စားခဲ့တဲ့ အန္တရာယ် ရှိတဲ့အွန်လိုင်းစိန်ခေါ်မှုကစားပွဲတစ်ခုပေါ့။ အဲဒီဂိမ်းကစားရတဲ့ပုံစံဟာ ဆိုရင် ဆော့ကစားတဲ့သူတွေအနေနဲ့ ရက် ၅၀ ကာလအတွင်းမှာ အက် မင်ဆိုတဲ့သူတွေဆီကနေ စိန်ခေါ်မှု အခု ၅၀ကိုလက်ခံပြီးအောင်မြင် အောင်လုပ်ရမှာပါ။ စစချင်းစိန်ခေါ်မှုလေးတွေကတော့ ခပ်လွယ်လွယ်ပေါ့ပေါ့ပါးပါး လေးတွေပါပဲ။ "မနက်အစောကြီး ထရန်" တို့၊ "Horror ကားတွေ ကို တစ်ယောက်တည်းကြည့်ရန်" တို့ဆိုပြီးတော့ပေါ့။ အဲဒီကနေမှ နောက်ပိုင်းမှာ တဖြည်းဖြည်းပိုပိုခက်လာပြီး အန္တရာယ်တွေလည်း ပိုပိုရှိလာပါတယ်။ နောက်ဆုံး အခု ၅၀ မြောက်စိန်ခေါ်မှုဟာဆိုရင် တော့ ကစားတဲ့သူတွေကို ကိုယ့်ဘာသာကိုယ်သတ်သေခိုင်းတာပဲ ဖြစ်ပါတယ်။ တကယ်လို့ ကစားတဲ့သူကသာ ဒီစိန်ခေါ်မှုတွေကိုဆက် မလုပ်တော့ဘူး၊ ပျက်ကွက်တယ်ဆိုရင် ကစားသူတွေရဲ့ကိုယ်ရေး ကိုယ်တာကိစ္စရပ်တွေကိုပျံ့နှံ့အောင်လုပ်ပစ်မယ်တို့၊ မိသားစုတွေကို အကြမ်းဖက်နှောင့်ယှက် သတ်ဖြတ်မယ်တို့ဆိုပြီးခြိမ်းခြောက်မှုတွေ လည်းရှိပါတယ်။ ဒီတော့ ဇာတ်လမ်းကိုပြန်သွားကြမယ်ဆိုရင် ဖယ်လိစ်နဲ့ အယ်လီဆာ တို့လည်း အစပိုင်းမှာ ဒီလိုစိန်ခေါ်မှုတွေကိုကျေကျေနပ်နပ်နဲ့လုပ်နေ ရာကနေမှ "ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရန်" ဆိုတဲ့ စိန်ခေါ်မှုကိုရောက် သွားပြီဆိုရင် ဘယ်လိုဆက်ဖြစ်လာမလဲ။ ကျေကျေနပ်နပ်နဲ့ပဲဆက် လုပ်သွားမှာလား။ ဒါမှမဟုတ် နောင်တရပြီး ဘယ်လိုဆက်ဖြစ်သွား မှာလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size..........(1.9 GB) / (683 MB) / (381 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hrs 02Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Fiona Gillen Encoder..........SWM

TV Movie • Thriller
5.4 2020 122 mins
50 or Two Whales Meet at the Beach
Father and Guns
6.4

ရှားရှားပါးပါး ပြင်သစ်စကားပြော ကနေဒီ ဟာသ ဇာတ်ကား ကောင်းလေးပါ။ ဂျာ့ခ် နဲ့ မာ့ခ်ဆိုတဲ့ သားအဖ နှစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံး ရဲတွေဖြစ်ပြီး တွေ့တာနဲ့ ရန်ဖြစ်ကြတဲ့ တစောင်းဆေးနဲ့ မျက်ချေးလို သားအဖပါ။ သူတို့လိုက်နေတဲ့ လူဆိုးဂိုဏ်းရဲ့ အကျိုးတော်ဆောင် ရှေ့နေချားစ်မှာလည်း depression ဝင်ပြီး သတ်သေဖို့ လုပ်နေတဲ့ သားတစ်ယောက် ရှိပါတယ်။ ချားစ်ရဲ့ မိန်းမက သူတို့သား ဒီလိုဖြစ်ရတာ သားအဖနှစ်ယောက် မတည့်လို့ဆိုပြီး စိတ်ရောဂါကု ဆရာဝန် ဂစ်ဘတ်ဦးဆောင်တဲ့ “သားအဖ ပြန်လည်သင့်မြတ်ရေး” ခရီးစဉ်မှာ လိုက်ပါဖို့ စာရင်းပေး လိုက်ပါတော့တယ်။ လူမိုက်ဂိုဏ်းရဲ့ အကျိုးတော်ဆောင်ရှေ့နေကြီး ဖြစ်ပေမဲ့ မိန်းမစကားဆို မြေဝယ်မကျ နားထောင်ရတဲ့ ချားစ်လည်း အဓွန့်မတက်ရဲဘဲ ခရီးထွက်ဖို့ပြင်ရပါတော့တယ်။ လူဆိုးဂိုဏ်းကို လက်ရဖမ်းနိုင်ဖို့အတွက် ချားစ်ရဲ့ ထွက်ဆိုချက်ကို အပူတပြင်းလိုအပ်နေတဲ့ ဂျာ့ခ်တို့ သားအဖလည်း အဲဒီသတင်း ကြား ပြီးတဲ့နောက် “သားအဖ ပြန်လည်သင့်မြတ်ရေး”ခရီးစဉ်မှာ လိုက်ပါပြီး ချားစ်နဲ့ ရင်းနှီးအောင်လုပ်ဖို့ ကြိုးစားပါတော့တယ်။ သားအဖ စုံတွဲတွေပါတဲ့ အဲဒီတစ်ပတ်တာ ခရီးစဉ်မှာ ဘယ်လိုတွေ ဂယက် ထကြမလဲဆိုတာကိုရှုစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size..........(2.23 GB) / (918 MB) / (543 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 47Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Roman Nox Encoder..........SWM

Adventure • Animation • Family • Fantasy
6.4 2009 106 mins
Father and Guns
The Guardians of the Galaxy Holiday Special
7.2

IMDb Rating - 7.9/10 Marvel ရဲ့ Gotg 3 မလာခင်မှာ ခရစ်စမတ် အထူး အပိုင်းတစ်ခုအနေနဲ့  Holiday Special ထွက်လာပါတယ်။ Gotg အဖွဲ့သားတွေအားလုံးကိုမြင်တွေ့ရမှာဖြစ်ပြီး၊ ပီတာကွေး (စတားလော့ဒ်) ရဲ့ ဂါမိုရာကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်းမှာ ပူဆွေးဝမ်းနည်းနေမှုကို နှစ်သိမ့်ပေးဖို့အတွက် Gotg အဖွဲ့သားတွေ ကမ္ဘာမြေက ခရစ်စမတ်ပွဲတော်ကို အလည်လာကြတဲ့ အကြောင်းကို ရိုက်ပြထားပါတယ်။ Gotg ရဲ့ထုံးစံအတိုင်း ရယ်စရာဟာသတွေနဲ့အတူ ခရစ်စမတ်ရဲ့ အငွေ့ အသက်တွေကိုပါ ခံစားရနိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naingမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(3.16 GB) / (1.21 GB) / (400 MB) Quality............WEB-DL 4K HEVC, 1080p, 720p Duration.........46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Comedy Translator.......CM Team Encoder..........SWM

Action • Thriller
7.2 2022 45 mins
The Guardians of the Galaxy Holiday Special
She Said
7.3

2017 လောက်က ဟောလိဝုကိုရော ကမ္ဘာကြီးကိုပါ တုန်လှုပ်စေခဲ့တဲ့ အမှုအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟာဗီဝိုင်းစတိန်းဆိုတဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူကြီး၊ Miramax ကုမ္ပဏီကို တည်ထောင်သူကြီးရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေအကြောင်းပဲဖြစ်ပါတယ်။ မီရာမက်စ်ကုမ္ပဏီဆိုတာ Pulp Fiction, Kill Bill လိုမျိုး ကမ္ဘာကျော်ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ထုတ်လုပ်ခဲ့တဲ့အပြင် ဟောင်ကောင်ဌာနခွဲကနေပဲ Shaolin Soccer လို ရုပ်ရှင်မျိုးတွေထုတ်ခဲ့တာပါ။ ဒါကြောင့် ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော် မင်းသား၊မင်းသမီး၊ ဒါရိုက်တာတွေအကုန် ဟာဗီနဲ့ ပတ်သက်နေရတာ များပါတယ်။ အဲဒီအမှုမီးပွားကို စတင်ခဲ့သူကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်အနေနဲ့ ထည့်သွင်းထားပြီး ဟာဗီဝိုင်းစတိန်းရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပုံကို ပြသထားတာပါ။ စုံထောက်ကားတစ်ကားကိုကြည့်ရသလိုပဲ အတော်ကို အရသာရှိပါတယ်။ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတာလည်း ဒီလို သတင်းမျိုးတွေဟာ နိုင်ငံကိုရော ကမ္ဘာကိုရော ရိုက်ခတ်စေနိုင်တာမို့ပါ။ ဒီသတင်းအပြီးမှာ ဟာဗီဝိုင်းစတိန်းရဲ့ အနိုင်ကျင့်မှုခံရသူ အမျိုးသမီး ၈၀ ကျော်ထွက်ပေါ်လာပြီး စွပ်စွဲခဲ့ကြပါတယ်။ ဟာဗီလည်း အဖမ်းခံခဲ့ရပြီး ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရပါပြီ။ ဒါတောင် စွဲချက်တွေမကုန်သေးဘဲ အကုန်လုံးအတွက်ဆို နှစ် ၁၄၀ လောက်ကျခံရမှာဖြစ်တာကြောင့် ထောင်ထဲမှာပဲ ဘဝဆုံးဖို့များသွားပါပြီ။ ဒီသတင်းနောက်ပိုင်းမှာ ကမ္ဘာအနှံ့ နာမည်ကြီးသွားတဲ့ #MeToo ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ်လာပြီး လုပ်ငန်းခွင်အတွင်း လိင်အနိုင်ကျင့်တာတွေ အသားယူတာတွေကို ထုတ်ဖော်ပြောကြားမှု အရမ်းအားကောင်းလာခဲ့ပါတယ်။ လုပ်ငန်းခွင်စည်းမျဉ်းတွေ ဥပဒေတွေကိုပါ ပြောင်းလဲစေခဲ့တဲ့အထိ ရိုက်ခတ်ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ဒီသတင်းကိုလည်းလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး။ ဟာဗီဟာ သူ့ရဲ့သားကောင်တွေကို ငွေသန်းချီပေးတဲ့အထိ ကျေအေးပြီး လျို့ဝှက်ချက်မထုတ်ဖော်ရေး စာချုပ်တွေနဲ့ချုပ်ကိုင်ထားတာမို့ နာမည်တပ်ပြောကြားခံရဲတဲ့သူ တစ်ယောက်တောင် ရဖို့မလွယ်ခဲ့တာပါ။ ဒီအမှုဟာ မုဒိန်းကောင်တစ်ယောက်တည်းအတွက်တင်မဟုတ်ဘဲ ဒီလိုအရေးပါတဲ့ လူကြီးလူကောင်းတွေကို ဝိုင်းကာကွယ်ပေးနေတဲ့ ကုမ္ပဏီကြီးတွေရှေ့နေတွေနဲ့ စနစ်ကြီးတစ်ခုလုံးကိုပါ ဖော်ထုတ်လိုက်သလိုဖြစ်သွားတာပါပဲ။ ခု သတင်းထောက်နှစ်ယောက်ဆိုရင်လည်း ဟာဗီရဲ့ သားကောင်တွေကို နိုင်ငံထဲတင်မက လန်ဒန်၊ ဝေလလို အခြားနိုင်ငံတွေမှာပါ လိုက်ပြီး စုံစမ်းမေးမြန်းခဲ့ရတာပါ။ နောက်ပြီး တရားစွဲမခံရဖို့ ရှေ့နေတွေနဲ့ လုံခြုံရေးအကြံပေးတွေနဲ့ဆက်တိုက်တိုင်ပင်ပြီး စွန့်စားခဲ့ရတာမို့ အတော်ကို ကြီးမားတဲ့အတွေ့အကြုံနဲ့ ဘတ်ဆဲလား စာအုပ်တွေပါ ထွက်လာခဲ့တာပါ။ ဒီကားရဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေထဲမှာ မင်းသား ဘရက်ပစ်လည်း ပါဝင်ခဲ့ပါတယ်။ ဘရက်ပစ်ဟာ ဟာဗီရဲ့ သားကောင်ဖြစ်ဖူးတဲ့ မင်းသမီးတွေနဲ့ ဒိတ်ခဲ့ဖူးသူဖြစ်လို့ ဟာဗီအကြောင်းတွေကို အရင်ကတည်းက သိခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရုပ်ရှင် Inglourious Basterds လိုဟာတွေကို ဟာဗီဝိုင်းစတိန်းနဲ့အတူ ပူးပေါင်းပြီးထုတ်ခဲ့တဲ့သူဆိုတော့ ဒီအမှုပေါ်လာချိန်မှာ အတော်လည်း နာမည်ထိခဲ့သလို ဟာဗီရဲ့သားကောင်ထဲမှာ ဂျိုလီလည်း ပါဝင်ခဲ့တာမို့ လင်မယားပဋိပက္ခလည်း အတော်ကို ကြီးမားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဟာဗီရဲ့ သားကောင်ဖြစ်ခဲ့သူ၊ တိုင်းမ် သတင်းစာတိုက်ကို ထုတ်ဖော်ပြောခဲ့သူတွေကိုယ်တိုင်လည်း သူတို့နေရာမှာသူတို့ ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။ အဓိကမင်းသမီးတွေဖြစ်တဲ့ Carey Mulligan ဟာလည်း Promising Young Woman (2020), An Education (2009) တို့နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့သူဖြစ်ပြီး။ နယူးယော့ခ်တိုင်းမ်ရဲ့ အယ်ဒီတာ Rebecca Corbett အနေနဲ့ သရုပ်ဆောင်ထားတဲ့ Patricia Clarkson ဆိုရင်လည်း Pieces of April (2003) နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်မှာလည်း သူတို့တွေ အော်စကာဝင်ဦးမလား ဆက်စောင့်ကြည့်ရမှာပဲ။ ဒီတော့ ကြည့်ကိုကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ထဲမှာပါလို့ ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 660MB Quality - 1080p, 720p, 480p IMDb Rating - 7.4/10 Format - mp4 Duration - 2H 9Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Drama • Romance
7.3 2022 129 mins
She Said
Dangerous Liaisons
5.8

Romance,Drama '' တကယ်ချစ်ရင် ခွင့်လွှတ်ပေးဖို့ပဲ စဉ်းစားမိတယ်တဲ့" " ဒါဆိုရင် ကိုယ်လုပ်ခဲ့တဲ့အမှားတွေအတွက် ခွင့်လွှတ်ပေးဦးမှာလား..." အချစ်ကို ရုပ်ရှင်၊စာပေ။ဂီတတွေမှာ ပုံစံမျိုးစံနဲ့ဖော်ပြခဲ့ကြတာပါပဲ။ ဒီ အသစ်ထွက်လာတဲ့ လူငယ်တွေကြားက Netflix ရုပ်ရှင်မှာလည်း လူငယ်တွေကြားက အချစ်၊ အားပြိုင်မှုတွေကို အကောင်းဆုံး ဖော်ပြ ထားပါတယ်။ ဆီလင်းရီဗာဆိုတဲ့ ကောင်မလေးက လက်ထပ်ဖို့ ရည်ရွယ်ထားသူရှိပြီး အချစ်နဲ့ ဖူးစာဖက်ကို ယုံကြာည်ထားတဲ့ ပဲရစ်သူလေးပေါ့။ သူစီနီယာတန်း လာတက်တဲ့ ဗစ်တာဟူဂိုဆိုတဲ့ကျောင်းမှာ ဆိုရှယ်မီဒီယာအင်ဖလူရမ်ဇာ နာမည်ကြီးတွေလို့ပြောလို့ရတဲ့လူငယ်စုံတွဲတွေ...ဆယ်လီတွေပဲ နေကြတဲ့ ကျောင်းပေါ့။ အဲ့ထဲမှာမှ ထရီစတန်ဘာဒီအိုလာတဲ့ဆိုတဲ့ ကောင်လေးဟာ တစ်ကျောင်းလုံးမှာ ကင်း(King) လို့ပြောလို့ရတဲ့ ရေပန်းစားသူပေါ့။ ရိုးအတဲ့ ဆီလင်းလေးကို ၂ လအတွင်း ရအောင်တွဲပြီး ချစ်လာအောင်လုပ်ဖို့ ကျောင်းရဲ့ ကွင်း ဖြစ်သူ ဗန်နက်ဆာက စိန်ခေါ်လိုက်ပါတယ်။ ဒါကိုလည်း ထရီစတန်က လက်ခံလိုက်ရင်းနဲ့ ဆီလင်းနဲ့ ထရီစတန်ကကြားက အချစ်ဇာတ် လမ်းတစ်ခုပေါက်ဖွားလာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(2.83 GB) / (919 MB) / (544 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 49mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Thiha Yan Naing Encoder..........SWM

Fantasy • Horror • Thriller
5.8 2022 109 mins
Dangerous Liaisons
The Power of the Dog
6.8

မင်းသားကြီးဘန်နီဒစ် ကမ်းဘာဘက်ချ်ရဲ့ ရုပ်ရှင်အသစ်လေးကို ကြည့်လိုက်ရအောင်။ ဒီရုပ်ရှင်ဟာ Drama, Romance, Western အမျိုးအစားဖြစ်ပြီး ခေါင်းစဉ်ဖြစ်တဲ့ Power of the dog ဆိုတာ ခွေးအကြောင်း မဟုတ်ပါဘူး။ ခွေးမပါပါဘူး။ သမ္မာကျမ်းစာထဲက Deliver my soul from the sword; my darling from the power of the dog. ဆိုတဲ့စာလေးကို တင်စားပြီး သုံးစွဲထားတာပါပဲ။ နားလည်သလို ဘာသာပြန်ရရင် ကျွနု်ပ်ရဲ့ဝိညာဉ်ကို ဓားသွားဆီကနေ ကယ်တင်တော်မူပါ၊ ကျွန်ုပ်ရဲ့ ဘဝကို လူယုတ်မာများဆီကနေ ကယ်တင်တော်မူပါလို့ ပြောရမယ်ထင်ပါတယ်။ ခွေးဆိုတာ သစ္စာရှိခြင်းကို ရည်ညွှန်းသလို တစ်ခါတရံမှာလည်း ယုတ်မာတာကို ရည်ညွှန်းတတ်ပါတယ်။ တစ်ခါတလေမှာ ကြမ်းတမ်းသလို တစ်ခါတလေမှာ သိမ်မွေ့တတ်ပါတယ် ဘာကြောင့်လဲဆိုတာတော့ ရုပ်ရှင်ကိုကြည့်ပြီး စဉ်းစားကြတာပေါ့။ ဒီကားကတော့ award သုံးခုနဲ့ norminee ခြောက်ခုထိ ဝင်ထားနိုင်ပြီး၊ နိုင်ငံတကာမှာပြသနေဆဲကားပါ. ကျွန်တော်တို့ရဲ့ သခွားသီး Benedict Cumberbatch သရုပ်ဆောင်ထားပြီးတော့ နယူးဇီလန်မှာ ရိုက်ထားတဲ့ကားဖြစ်လေတော့ သခွားသီးရဲ့ ခန္ဓာကိုယ်နောက်ပိုင်းအလှတွေအပြင် နယူးဇီလန်ရဲ့ ရင်သပ်ရှူမောလောက်တဲ့ ရှုခင်းတွေကိုပါ ခံစားရဦးမှာပဲဖြစ်ပါတယ်။ ဖေးလ်နဲ့ ဂျော့တို့က မိဘရဲ့လက်ငုပ်လက်ရင်း မွေးမြူရေးခြံကြီးကိုပိုင်ထားပြီးတော့ အင်မတန်မှလည်းအောင်မြင်ပါတယ်။ ဖေးလ်ကိုယ်တိုင်ကလည်း သန်မာပြီးတော့ သူကဒါကိုဂုဏ်ယူလေ့ရှိပါတယ်။ တွယ်တာစရာ ညီအစ်ကို နှစ်ယောက်တည်းရှိလေတော့ တစ်ကုတင်တည်းတောင် အိပ်ကြပါတယ်။ ရိုစ့်ကတော့ စားသောက်ဆိုင်နဲ့တည်းခိုခန်းတွဲရက်ဖွင့်ထားတဲ့ ဆိုင်လေးတစ်ဆိုက်ကို ပိုင်ပြီး ပီတာဆိုတဲ့ သားလေးတစ်ယောက်လည်းရှိပါတယ်၊ ရိုစ့်ရဲ့ယောက်ျားတော့ဆွဲကြိုးချသေသွားသူပါ။ ဒီလိုနဲ့ ဖေးလ်အစ်ကို ဂျော့တို့နဲ့ ဆုံမိကြပြီး ဂျော့က ချစ်သွားတဲ့အတွက်မင်္ဂလာဆောင်လိုက်ပါရော။ ဖေးလ်ကတော့ လုံးဝအမြင်မကြည်တော့ပါဘူး၊ ရိုစ့်ရဲ့သား ပီတာကို အခြောက်ကလေးလို့ခေါ်နေကျဖြစ်ပြီး တူတော်လာရလေတော့ တော်တော်လည်းစိတ်ပျက်နေတဲ့ပုံပါ။ သို့ပေမဲ့ ဖေးလ်က အရမ်းလျို့ဝှက်လွန်းပြီး သူ့လျို့ဝှက်ချက်တွေကို ပီတာသိသွားတဲ့အခါမှာတော့ ဖေးလ်နဲ့ ပီတာရဲ့ ဆက်ဆံရေးကအရင်လိုမဟုတ်တော့ပါဘူး။ သောမတ်စ် ဆားဗေစ့်ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်တဲ့အတွက် ဂန္တဝင်တွေကို သဘောကျတဲ့သူတွေ နှစ်ခြိုက်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဇာတ်ရဲ့ အလှည့်အပြောင်းတွေမှာမှ ဪဒီလူက ဒီလိုပါလားလို့သိလာရမှာမို့ သေချာလေး စီးမြောစေချင်ပါတယ်။ ဇာတ်လမ်းရဲ့ နာမည်လေးကိုလည်း ဇာတ်လမ်းထဲမှာ အဖြေရှာကြည့်ကြပါဦး။ File size…(2.4 GB) / (1.2 Gb) Quality….Webrip 1080p / 720p  Format…mp4 Duration….02:06:00 Genre...Drama, Romance, Western  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Murphy

Action & Adventure • Crime • Drama
6.8 2021 128 mins
The Power of the Dog
Happiest Season
7.3

ချစ်ခြင်းမေတ္တာဆိုတဲ့အရာက ယောကျ်ား၊ မိန်းမမခွဲခြားဘဲ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး လောကဓံကို အတူရင်ဆိုင်ဖြတ်သန်းကြတာပါ...... မိဘတွေဆုံးပါးသွားပြီးနောက်ပိုင်း ခရစ်စမတ်ကို တစ်ယောက်ထဲ အထီးကျန်စွာ ဖြတ်သန်းနေတဲ့ အက်ဘီ..... ပြီးပြည့်စုံတဲ့ မိသားစုတစ်စုဖြစ်ဖို့ မိမိရဲ့ပုံစံအမှန်ကို ဖုံးကွယ်ထားရတဲ့ ဟက်ပါ...... ဟက်ပါနဲ့ အက်ဘီတို့က lesbian ချစ်သူတွေပါ။ ဟက်ပါက သူမိသားစုနဲ့အတူ ခရစ်စမတ်မှာ အတူဖြတ်သန်းပြီး မိဘတွေနဲ့ မိတ်ဆက်ပေးဖို့ အက်ဘီကို အိမ်ခေါ်သွားပါတယ်။ ခရစ်စမတ်မှာ အက်ဘီတစ်ယောက် ဟက်ပါကို လက်ထပ် ခွင့်တောင်းဖို့ ရည်ရွယ်ပြီး ဟက်ပါအိမ်ကို လိုက်သွားပါတော့တယ်။ အဲ့လိုနဲ့ ဟက်ပါတို့ မိသားစုရဲ့ အိမ်တွင်းရေးအခြေ အနေနဲ့ ခရစ်စမတ်မှာ မပျော်တတ်တဲ့ အက်ဘီတို့ကြား ပြဿနာလေးတွေ၊ ကတောက်တဆလေးတွေနဲ့၊ LGBT တွေမှာသာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာတွေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ဖို့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ဒီဇာတ် ကားမှာ စီးမျောခံစားနိုင်မှာပါ။ ဒီကားထဲမှာ မင်းသမီး Kisten Stewart ကို lesbian တစ်ယောက်အဖြစ် မြင်တွေ့ရမှာပါ။ Comedy , Romance ကားလေးမို့လို့ ရယ်လည်းရယ်ရပြီး ခရစ်စမတ်အငွေ့အသက်တွေအပြည့် ချစ်ခြင်းမေတ္တာတွေအပြည့်ကို ဒီဇာတ်ကားတစ်ကားထဲမှာတင် မြင်တွေ့ရမှာမို့ အများကြီးမပြောတော့ဘူးနော်။ ခရစ်စမတ်မှာ ချစ်ရတဲ့ မိသားစုတွေ သူငယ်ချင်း တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေ...... (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။) Quality – 720p WebRip Duration - 1h 42min Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Romance Source : 1080p.WebRip Translator – Parris Encoder – SWM

Science Fiction
7.3 2020 102 mins
Happiest Season
The Myth 2 : A Legend

ဂျက်ကီချန်းရဲ့ နာမည်ကျော် The Myth (2005) အဆက်အဖြစ် ထွက်ရှိလာတဲ့ တရုတ်ဇာတ်ကား A Legend (2024) ကတော့ ဒီနေ့ပဲ ရုပ်သံအကြည်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ The Myth ရဲ့အဆက်ဆိုပေမယ့် ဂျက်ကီချန်းရဲ့ဇာတ်ကောင်လောက်ပဲ ပထမကားရဲ့အဆက်အဖြစ် တူညီမှုရှိပြီး ဇာတ်လမ်းကတော့ တခြားဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သွားခဲ့ပါပြီ။ လက်ရှိခေတ်နဲ့ အတိတ်က ဟန်မင်းဆက်ခေတ်ကို အသွားအပြန်တင်ဆက်ထားတာတွေ့ရမှာပါ။ ဟန်လူမျိုးတွေနဲ့ ရှုံနူလူမျိုးစုတွေရဲ့ ရာဇဝင်တိုက်ပွဲကို အခြေခံလို့ ချစ်ခြင်းဒဏ္ဍာရီ တစ်ပုဒ်ကို လွမ်းဆွေးဖွယ်တင်ဆက်ထားပါတယ်။ ဂျက်ကီချန်းရဲ့ငယ်ရုပ်တွေ CGI တွေအများအပြားသုံးထားပြီး ဘယ်လောက်ထိ ဒဏ္ဍာရီဆန်မလဲဆိုတာကိုတော့….။

Drama • Horror • Mystery
0 2024
The Myth 2 : A Legend
Un/Dressed
4.7

Un/Dressed (2024) ဂျာမနီကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ညှို့အားပြင်း မင်းသမီးရဲ့ ဖုဖောင်းမို့အစ်တဲ့ ကိုယ်ခန္ဓာ ဗလာကျင်းအလှကို ဝေဝေဆာဆာမြင်တွေ့ရပြီး ချစ်တင်းနှောအခန်းတွေ ဟိုနေရာ ဒီနေရာ ပါနေလို့ ဆယ့်ရှစ်ယောက်စုပြီးမှ ကြည့်ရှုသင့်ပါကြောင်း။ ငယ်ရွယ်တဲ့ ဖက်ရှင်ဒီဇိုင်နာ အမျိုးသမီးငယ်လေး အယ်လ် က ပြင်သစ်ကနေ ပြန်လာပြီးနောက် အဘွားဖြစ်သူရဲ့ မာဂို ဖက်ရှင်ကုမ္ပဏီကြီးကို ရုတ်တရက် ဆက်ခံလိုက်ရတယ်။ အယ်လ် ဟာ လူချမ်းသာမိသားစုဖြစ်တဲ့ ဝစ်တ် မိသားစုက ဆင်းသက်လာတဲ့ သီလို နဲ့ မကြာခင်လက်ထပ်တော့မယ့် ဆက်ဆံရေးမျိုး ရှိနေခဲ့တာပါ။ ဒါပေမဲ့ စီးပွားရေးအဖွဲ့ကြီးနှစ်ခုရဲ့ ငွေကြေးခဝါချမှု လှည့်ကွက်တွေကြားမှာ ဖက်ရှင်ကုမ္ပဏီလေး မာဂို က ဆူးကြားက ဘူးခါးလို ကြားညပ်နေခဲ့တာပေါ့။ ဒီလိုသပွတ်အူကုမ္ပဏီကိုမှ ဦးဆောင်လည်ပတ်ရတော့မယ့် အယ်လ် တစ်ယောက် လက်တွဲဖော် သီအို အပေါ် သံသယဖြစ်စရာတွေဖြစ်လာခဲ့ပါတယ်။ ဒီလိုပဲ ဘယ်ကနေ ရောက်လာမှန်းမသိဘဲ အယ်လ် ရဲ့ဘဝနဲ့ နှလုံးသားထဲကို ဝင်လာခဲ့တဲ့ သက်တော်စောင့် လုံခြုံရေးမှူး ဘန် ကလည်း ဘဝတစ်ကွေ့မှာ ပါဝင်လာပြန်တာပေါ့။ ဒီလိုနဲ့ စီးပွားရေးလှည့်ကွက်တွေကြားမှာ အဘွားဖြစ်သူက အသက်ပေးလိုက်ရ၊ ချစ်သူကလည်း မယုံရဘူးလား ယုံရမလား မသဲကွဲချိန်၊ သက်တော်စောင့်လေး ဘန် နဲ့ မဖြစ်သင့်တာတွေ ဖြစ်လိုက်မိတဲ့ မိန်းကလေး အယ်လ် ရဲ့အကြောင်း ဟောဒီဇာတ်ကားမှာ ကြည့်ရှုရဖို့ရှိပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(1.4 GB) / (670 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance, Thriller Duration….01:43:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Arr Khun Winchester

Thriller • Drama • Crime
4.7 2024
Un/Dressed
A Walk to Remember
7.4

A Walk to Remember (2002) IMDb Rating (7.4) “A Walk to Remember” သို့ ပြန်တမ်းတခြင်း …။ Nicholas Sparks ရဲ့ဝတ္ထုတွေဘယ်လောက်ထိ နာမည်ကြီးတယ်ဆိုတာ အထူးအထွေမိတ်ဆက်စရာတောင်မလိုတော့ပါဘူး… Romance ကြိုက်သူတိုင်းရဲ့ playlist ထဲမှာ မပါမဖြစ်တဲ့ The Notebook, The Lucky One, Dear John, The best of me စတဲ့ ဇာတ်ကားတွေဟာ သူ့ရဲ့ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာပါ။ အခု A Walk to Remember ရုပ်ရှင်ဟာလဲ သူ့ရဲ့စာအုပ်ကိုပဲရိုက်ကူးထားတာဖြစ်ပြီး 2002 ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အချစ်ဆိုတာ ဘယ်လိုမျိုးလဲ.. အချစ်က ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါလဲ။ တစ်နည်းအားဖြင့် အချစ်ကို ကျွန်တော်တို့ ဘယ်လိုသတ်မှတ်ကြလဲ။ Beauford ဆိုတဲ့ သိပ်လှတဲ့ ကမ်းနားမြို့လေးက ဇာတ်လမ်းတစ်ပုဒ်…။ အဖေက သူတို့ကိုပစ်ပြီး နောက်မိန်းမယူသွားလို့ လောကကြီးကို အရွဲ့တိုက်ဆိုးပေနေတဲ့…၊ မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ပန်းတိုင်၊ မေတ္တာ ဘာမှမရှိတဲ့ Landon Carter ဆိုတဲ့ ကောင်လေးတစ်ယောက်။ ပြီးတော့ … ငယ်ငယ်ကလေးတည်းက အမေကို ဆုံးရှူံးထားရတဲ့ …၊ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ သမီးလေး …၊ ယုံကြည်ခြင်း မျှော်လင့်ခြင်း ချစ်ခြင်းမေတ္တာတွေပြည့်နေတဲ့ နှလုံးသားတစ်ခုနဲ့ Jamie Sullivan ဆိုတဲ့ ကောင်မလေးတစ်ယောက် …။ မူလတန်းကတည်းက သူတို့တွေ ကျောင်းတူခဲ့ကြလို့၊ တစ်ယောက်ကိုတစ်ယောက် မျက်မှန်တန်းမိခဲ့ကြတယ်။ ကျောင်းမှာပေါ်ပြူလာဖြစ်တဲ့ လန်ဒန်အတွက် ဂျင်မီဟာ ခပ်ထုံထုံ၊ ရှေးရိုးစွဲအယူအဆတွေနဲ့ ရယ်စရာမိန်းမတစ်ယောက် သက်သက်ပဲ။ ဒါပေမယ့် အချစ်ဆိုတာက နေ့တိုင်းတွေ့မြင်နေရတဲ့ လူတစ်ယောက်ကိုတောင် အခိုက်အတန့်လေး တစ်ခုအတွင်းမှာ ကောက်ကာငင်ကာ စွဲလမ်းသွားစေတတ်တာမျိုး မဟုတ်လား။ “Love is like the wind. We can’t see it, but We can feel it.” အချစ်ဆိုတာ တကယ်ကို လေပြေညှင်းနဲ့တူပါတယ်။ မမြင်နိုင်ပေမဲ့ ခံစားနားလည် သိရှိနိုင်တယ်။ ဂျေမီပြောခဲ့တဲ့ ဒီစကားလေးလိုပဲ … အချစ်ဟာ လေပြေညှင်းလို သူ့ဘဝထဲကို တိုးဝင်သက်ရောက်လာတဲ့အခါ လန်ဒန်တစ်ယောက် ပြောင်းလဲသွားခဲ့ပြီးဘာတွေဆက်ဖြစ်လာမလဲဆိုတာ…။ ကိုင်း Romance ပရိတ်သတ်တွေ တသသဖြစ်ရတဲ့ အချစ်ဇာတ်ကားလေးကို ခံစားကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

7.4 2002 101 mins
A Walk to Remember
Storm Crashers
6.3

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စပိန်စကားပြော ကာတွန်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ လာမန်ချာ ဆိုတဲ့ ရွာကလေးမှာ ကီဟိုတီမိသားစုနဲ့ ပန်ဆာ ဆိုတဲ့ မိသားစုနှစ်စုတို့လည်း နေထိုင်ကြလေတယ်။ အဲဒီမိသားစုနှစ်စုကတော့ အကြောင်းအရင်းအမျိုးမျိုးကြောင့် တစ်ယောက်နဲ့ တစ်ယောက်မတည့်ကြပါဘူး။ ဒါပေမဲ့ အယ်ဖွန်ဆိုကီဟိုတီ နဲ့ ပွန်ချိုပန်ဆာ ဆိုတဲ့ ကောင်လေးနှစ်ယောက်ကတော့ မိဘတွေမတည့်ကြသည့် တိုင်အောင် အချစ်ဆုံးသူငယ်ချင်းအဖြစ် တစ်ယောက်နဲ့ တစ်ယောက်သတ်မှတ်ထားကြပါတယ်။ လာမန်ချာရွာလေးဟာနှစ်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းခုနှစ်တွေမှာတော့ မုန်တိုင်း ကြီးတွေ တစ်လုံးပြီးတစ်လုံးတိုက်ခိုက်တဲ့အတွက် ကျေးရွာ နေသူတွေ ပြောင်းရွှေ့ကြဖို့ ဖြစ်လာခဲ့တာပေါ့။ ဒါပေမဲ့လည်း စိတ်ကူးယဥ်ဆန်ပြီး စိတ်ကူးကောင်းတဲ့ အယ်ဖွန်ဆိုလေးဟာ မုန်တိုင်းကြီးကို နှိမ်နင်းပြီး ရွာကို ကယ်တင်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချကာ သူငယ်ချင်းဖြစ်သူ ပွန်ချိုနဲ့ ဗစ်တိုးရီးယားတို့နဲ့အတူ သုံးယောက်သား မုန်တိုင်းကြီးကို နှိမ်နင်းဖို့ ရွာပြင်ကို ခရီးထွက်လာခဲ့ပါ တော့တယ်။ သူငယ်ချင်းသုံး‌ယောက် ဘယ်လို အခက်အခဲတွေ ဖြတ်ကျော်ရမလဲ…… သူတို့ရည်မှန်းချက်ရော အောင်မြင်သွားမလားဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုလိုက်ကြရအောင်ပါခင်ဗျာ။ File size… (1.82 GB) / (1 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre …. Adventure , Animation , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

TV Movie • Comedy • Drama • Romance
6.3 2024 88 mins
Storm Crashers
Goodbye Mom
6.7

Goodbye Mom (2009) ************************ IMDb….. 6.7 Goodbye Mom ကတော့ ၂၀၀၉ခုနှစ်မှာထွက်ခဲ့ပြီး အမေနဲ့သမီးကြားက ဆက်ဆံရေးကို ဦးစားပေးရိုက်ကူးထားတဲ့ မိသားစုကိုရီးယားဟာသကားလေး တစ်ကားဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Best Director for Asian New Talent ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်လို့ တစ်ကားလုံးရသအပြည့်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ သမီးအဖြစ် Good casting, Hello Me တို့ထဲက ဝါရင့်မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ Choi Kang Hee ရဲ့ ငယ်စဉ်အရွယ်ကို မြင်တွေ့ရမှာဖြစ်ပြီး အမေအဖြစ်အနေနဲ့ကတော့ မင်းသမီးကြီး Kim Young Ae က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း- အယ်ဂျာ (Choi Kang Hee) ကတော့ စာရေးတဲ့နေရာမှာပါရမီပါပြီး ကျောင်းပညာရေးမှာပါထူးချွန်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ လိမ္မာတဲ့စံပြကျောင်းသူပုံစံမျိုးမဟုတ်ဘဲ ဂျစ်ကန်ကန်နဲ့ အမြဲတမ်း ပြဿနာရှာနေတတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေတယ်။ အယ်ဂျာရဲ့ အမေဖြစ်သူ (Kim Young Ae) ကတော့ အယ်ဂျာ ရှာသမျှ ပြဿနာတွေကို နောက်ကနေ လိုက်ရှင်းရင်း ခေါင်းပူနေရသူပေါ့။ ငယ်စဉ်ကတည်းက အမေနဲ့ တကျက်ကျက် စကားများနေရတဲ့ အယ်ဂျာဟာ အရွယ်ရောက်တော့လည်း တစ်ပုံစံတည်းဖြစ်နေပြီး အိမ်ကိုတောင်ပြန်မလာဘဲ တခြားမြို့မှာပဲ တစ်ယောက်တည်း အခြေချရင်းစာရေးဆရာမဖြစ်ချင်တဲ့ အိပ်မက်ကိုလည်း အကောင်အထည်ဖော်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့အမေဖြစ်သူရဲ့ ရောဂါဟောင်းကပြန်ထလာပြီး စောင့်ကြည့်မယ့်သူမရှိဘဲ နေလို့မရတဲ့အခြေအနေဖြစ်လာတဲ့အခါမှာတော့ အယ်ဂျာဟာ အမေကိုပြုစုဖို့ အိမ်ကိုပြန်လာခဲ့ရတော့တယ်။ မတည့်အတူနေ သားအမိနှစ်ယောက် ဘယ်လိုအတူတူနေရင်း ဖြတ်သန်းသွားကြမှာလဲ… အယ်ဂျာကရော ဘယ်လိုပြဿနာတွေဆက်ရှာနေဦးမှာလဲ… အမေကရော ရောဂါနဲ့ဘယ်လိုရင်ဆိုင်သွားမလဲ.. ဆိုတာကိုတော့ Goodbye Mom ဇာတ်ကားလေးထဲမှာ မင်းသမီးကြီးနှစ်ယောက်ရဲ့ Chemistry မိတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ခံစားကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Vanessa ပဲ ဖြစ်ပါတယ်။) File Size : 1.69GB/ 780MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:51:02 Genre : Life, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by Tiff

Crime • Drama • Romance
6.7 2009 111 mins
Goodbye Mom
Jurassic World Rebirth
6.2

Jurassic World Rebirth (2025) IMDb Rating (6.2) / Rotten Tomatoes (51%) စောင့်မျှော်နေကြတဲ့ Jurassic World Rebirth လေးကတော့ ထွက်ရှိလို့လာခဲ့ပါပြီ။ 2022 ခုနှစ်က ထွက်ရှိခဲ့တဲ့ Jurassic World Domination ရဲ့ အဆက် ထွက်ရှိလာတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အားလုံးရဲ့ အချစ်တော် မမ Scarlett Johansson ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Gareth Edwards ရိုက်ကူးထားပြီး Scarlett Johansson,Mahershala Ali , Jonathan Bailey, Rupert Friend စတဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပြီး IMDb rating ကတော့ 6.2 ပါ။ ဇာတ်လမ်းအကျဉ်း Jurassic World Domination(2022) အပြီး 5 နှစ် အကြာ timeline မှာ ဇာတ်အိမ်တည်ထားပြီး ဒီတစ်ခါမှာတော့ InGen ရဲ့ လျှို့ဝှက်သုတေသနစခန်းဟောင်းတစ်ခုဖြစ်တဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ဖွဲ့ကာ လူသားမျိုးနွယ်အတွက် အသက်ကယ်ဆေးတစ်မျိုး ဖန်တီးဖို့ရန် ဒိုင်နိုဆောတွေရဲ့ မျိူးဗီဇပစ္စည်းတွေကို ရယူဖို့ ခရီးထွက်ခဲ့ကြပါတယ်။ သူတို့ရဲ့အဓိကမစ်ရှင်ကတော့ အကြီးဆုံးဒိုင်နိုဆောမျိုးစိတ်တွေဖြစ်ကြတဲ့ ရေနေ မိုဆာဆောရက်စ်(Mosasaurus)၊ကုန်းနေ တိုက်တန်နိုဆောရက်စ်(Titanosaurus) နဲ့ ငှက်မျိုးနွယ် ကက်တ်ဇယ်လ်ကိုအာလက်စ်(Quetzalcoatlus) တို့ဆီကနေ မျိုးဗီဇနမူနာတွေ ရယူဖို့ပဲဖြစ်ပါတယ်။ ဒီလိုအန္တရာယ်များတဲ့ ခရီးစဉ်အတွင်းမှာ သူတို့အဖွဲ့ဟာ သင်္ဘောပျက်ပြီး ကျွန်းပေါ်မှာ ပိတ်မိနေတဲ့ အရပ်သားမိသားစုတစ်စုနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အဖွဲ့သားအားလုံးဟာ အသက်ရှင်သန်ဖို့အတွက် အတူတကွ ရင်ဆိုင်တိုက်ခိုက်ကြရပါတော့တယ်။ ကျွန်းပေါ်မှာ မျိုးဗီဇပြောင်းလဲထားတဲ့ အန္တရာယ်များတဲ့ ဒိုင်နိုဆောတွေလည်း ရှိနေတာကြောင့် သူတို့ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ပြီး လိုချင်တဲ့မျိုးဗီဇနမူနာတွေ ရယူသွားမလဲဆိုတာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… (8.3 GB) /(3.3 GB) / (1.8 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Adventure, Sci-Fi, Thriller Duration…. 02:14:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin & Thit San Khant Translated by Act, Thiha, Nay

6.2 2025 134 mins
Jurassic World Rebirth