YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) Rogue.One.2016.1080p.BluRay.x265.10bit.SDR.AAC.5.1-Naung.mkv

2.16 GB 1080p video/x-matroska 1060 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Meter
4.5

Meter (2023) IMDb 8.1/10 ယခုတစ်ခါအလှည့်ကျလာတဲ့ဇာတ်ကားလေးကတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသားချောလေး Kiran Abbavaram နဲ့ မင်းသမီးလေး Athulya Ravi တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဒီကားမှာဆိုရင် Rating ကလည်းအမိုက်စားမို့ သဘာဝဆန်ဆန်အမှုလိုက်ပုံလိုက်နည်းတွေနဲ့ ကြည့်ကောင်းနေမှာအမှန်ပါပဲ... ဖြောင့်မတ်တည်ကြည်တဲ့ရဲကို ဖခင်အဖြစ်ပိုင်ဆိုင်ထားရတဲ့ အာဂျွန်ကလျန် .. အဖေ့အတွက်ဆိုအမြဲဂုဏ်ယူနေတတ်သူလေးပေါ့ ဒါပေမဲ့ သူ့အ‌ဖေကတော့ ဖြောင့်မတ်မှုကြောင့်နဲ့ပဲ ခဏခဏ ရွှေ့ပြောင်းခံရပါတယ် လမ်းမှားနေရင်အထက်လူကြီးအလိုကိုတောင်မလိုက်တတ်လို့ အငြိုးထားခံရသူပေါ့ ဒီလိုဒုက္ခတွေခံရပေမဲ့လည်း သားဖြစ်သူအာဂျွန်ကလျန်က သူ့လမ်းစဉ်လိုက်နင်းပြီး ဖြောင့်မတ်တည်ကြည်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်သွားတာကို မြင်ချင်တာကသူ့အိပ်မက်.. ဒီလိုနဲ့တစ်နေ့ အာဂျွန်တို့လမ်းလျှောက်ထွက်ရင်း အမတ်တစ်ယောက်က အဖေဖြစ်သူကိုပါးရိုက်နေတာတွေ့လိုက်ပါတယ် ဖြောင့်မတ်ပေမဲ့လည်းရာထူးကွာရင် ဘာမှမလုပ်နိုင်တာကိုမြင်တော့ သူဒီရဲဆိုတာကိုမုန်းတီးလာပါတယ် ဖခင်အိပ်မက်ကလည်း အာဂျွန့်ကိုဖြောင့်မတ်တဲ့ရဲဖြစ်လာစေချင်တာဆိုတော့... ဒီအလုပ်ကိုမုန်းကြောင်းထုတ်မပြောရဲတဲ့အပြင် သူတလွဲတွေလုပ်တိုင်း အကောင်းဘက်ချည်းရောက်ရောက်သွားတဲ့အခါမှာတော့ .... ဖခင်အိပ်မက်ကိုသူဖြည့်ဆည်းပေးနိုင်မှာလား အလုပ်ကထွက်ရအောင် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီးခွီနေရမလဲဆိုတာ ကြည့်ရှုလိုက်ပါရှင် File size…1080p WEB DL / 720p Quality…2.2GB / 1GB Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Sai~Khin Khin

Action • Adventure • Science Fiction
4.5 2023 127 mins
Meter
Missing

Missing ဆိုတဲ့နာမည်နဲ့ thriller အမျိုးအစားထဲကဆို "မိသားစုဝင် ဒါမှမဟုတ် ချစ်ရတဲ့သူတစ်ယောက်ယောက် ပျောက်တာလိုက်ရှာမယ်၊ လူသတ်သမားနဲ့တွေ့မယ်၊ ညဖက်ကြီး သတ်ကြမယ်၊ နောက်ဆုံး လူသတ်သမားသေရင်သေ mc သေရင်သေ" ဇာတ်လမ်းမျိုးကို တန်းမြင်ကြမှာပါ။ ဒီ Missing 2021 ကလည်း မှန်းထားတဲ့အတိုင်း လူပျောက်တာပါ။ ဒါပေမယ့် မတူတာတွေလည်းရှိပါတယ်။ ဒီတစ်ခါပျောက်တာက အဖေဖြစ်သူ ... လိုက်ရှာတာက အလယ်တန်း‌‌ကျောင်းသူသမီးလေးပါ။ ပြီးတော့ နေ့လယ်ခေါင်ကြီးဖြစ်တာပါ။ ဟာရာဒါမိသားစုမှာ မိခင်ဖြစ်သူက အာရုံကြောရောဂါကြောင့် ကိုယ့်ကိုယ်ကိုသတ်သေသွားပြီး အဖေနဲ့သမီးနှစ်ယောက်တည်းကျန်ခဲ့ပါတယ်။ စိတ်ကျရောဂါနဲ့ ညစ်ပတ်စုတ်ပြ‌တ်နေတဲ့ အဖေ့ကို ပူညံပူညံလုပ်ပေမယ့် တကယ်တမ်းတော့ သမီးလေးက အတော်ချစ်ရှာပါတယ်။ တစ်ညမှာ အဖေက ကွင်းဆက်လူသတ်သမားကို တွေ့ခဲ့တယ်ပြောပြီး နောက်‌တစ်နေ့မှာတော့ ရုတ်တရက်ကြီး ပျောက်ဆုံးသွားပါတယ်။ သမီးဖြစ်သူကတော့ သူ့အဖေ အသတ်ခံရတာများလား? သူ့ကို ထားသွားတာလား? ဝေခွဲမရဖြစ်နေပြီး ဖခင်ကို သဲကြီးမဲကြီးလိုက်ရှာတဲ့အခါ ... ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။ Tokyo Revengers LA တို့ The world of sadako တို့ထဲက မင်းသားဖြစ်တဲ့ Hiroya Shimizu လည်း ပါဝင်ထားတာမို့ ကြည့်ရင်းအပန်းပြေကြပါစေဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Chevy ပါ။) File Size          : 1.6GB, 624MB, 331MB Quality            : 1080p WEB-DL, AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 4mins Genre              : Crime, Drama, Mystery Translated by Chevy Encoded by Kinnov

Crime • Drama • Mystery • Thriller
0 2021 133 mins
Missing

Iyal ဆိုတဲ့ ကလောင်နာမည်နဲ့ အမျိုးသမီး စာရေးသူတစ်​​ယောက်။ Iyal ဆိုတဲ့ အဓိပ္ပါယ်က သဘာဝတဲ့။ ဒီလိုပဲ Iyal ဟာလည်း သဘာဝနဲ့ တစ်သားတည်းဖြစ်နေခဲ့။ သူဟာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာမျိုး လိုက်လျောညီထွေဖြစ်အောင်လည်း မကြိုးစားခဲ့။ မွေးကတည်းက တောင်ပံနှစ်ဖက်ကျိုးလာခဲ့တဲ့ မိဘမဲ့ Iyal ဟာ သူဆယ်ကျော်သက်အရွယ်ကနေ စာရေးရင်းနဲ့ပဲ အချိန်တွေ တရွေ့ရွေ့ကုန်လာခဲ့တာပေါ့။ သက်လတ်ပိုင်းအရွယ် အောင်မြင်ခါစ မျိုးဆက်သစ်တစ်ယောက်။ တစ်နေ့မှာတော့ သူ့ရဲ့တိုက်ခန်းမှာပဲ အသတ်ခံလိုက်ရပါတယ်။ ဘယ်သူနဲ့မှ အဆက်အဆံမရှိ အပေါင်းအသင်း သူငယ်ချင်းရော ရန်သူဆိုတာမျိုးရော မရှိတာမို့ အသတ်ခံရတဲ့ အကြောင်းအရင်းဟာ ရှာဖို့မလွယ်။ ဒီတော့ Iyal ဘာလို့အသတ်ခံလိုက်ရသလဲ။ ဘယ်သူက သူ့ကိုသတ်ဖို့ကြိုးစားတာလဲ။ လူတစ်ယောက်ကို သတ်ပစ်ရလောက်တဲ့ထိ ဘယ်လို အကြောင်းပြချက်တွေ ဒီနောက်မှာရှိနေမလဲ။ Iyal ကရော လူအများရဲ့အမြင်ကလိုပဲ အေးဆေးပြီး တစ်ကိုယ်တည်း သီးသန့်နေတတ်တဲ့ မိန်းကလေးဆိုတာ ဟုတ်ရဲ့လား။ သူ့ရဲ့သရုပ်မှန်ကရော ဘာလဲ။ သူဖုံးကွယ်ထားတဲ့ မျက်နှာဖုံးနောက်မှာ ဘာတွေရှိနေမလဲ။ သူ့စာအုပ်တွေရဲ့နောက်ကွယ်က မြုပ်ကွက်တွေ။ ဒါတွေရဲ့အဖြေကို တစ်ခုချင်း လိုက်စုံစမ်းရင်း ရင်တထိတ်ထိတ်နဲ့ ပစ်ရက်စရာမရှိအောင် ကြည့်ရမယ့် မှုခင်းစုံထောက် ရုပ်ရှင်ကားကောင်းပေါ့။ ဒီတော့ Channel Myanmar ရဲ့ မှုခင်းသဲလွန်စရှာရတာ ကြိုက်တဲ့ ပရိတ်သတ်တွေကလည်း အခုပဲ အကြိုက်တွေ့သွားစေမယ့် ဇာတ်ကားလို့ ညွှန်းရင်းပဲ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ File size…1.2GB /  600MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by : HM & Yunni

Drama
null 2021
Irudhi Pakkam
Headspace

နော်မန်ဟာ အာကာသစကြာဝဠာနှင့် အခြားဂြိုဟ်တွေပေါ်မှာ ရှိနိုင်မဲ့သက်ရှိမျိုးစိတ်တွေ ဂြိုဟ်သားတွေကို အင်မတန်စိတ်ဝင်စားတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ပါ။ သူ့မှာ ချာလင်း၊ ဖရန်ကီ၊ အလက်ဟန်ဒရို အစရှိတဲ့ ဝါသနာတူကျောင်းနေဘက်သူငယ်ချင်း တွေလည်း ရှိပြီးတော့ သွားအတူလာအတူတွေဖြစ်ကြပါတယ်။ တဖက်မှာတော့ ဇိုလ်ဒါဆိုတာ စကြာဝဠာတစ်ခုလုံးကို လိုက်လံသိမ်းပိုက်နေတဲ့ ဂြိုဟ်သားခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ အာကာသယာဉ်အကြီးကြီးကို ပိုင်ဆိုင်ပြီးတော့ ဒရွိုက်ဆိုတဲ့ စက်ရုပ်စစ်တပ်လည်း ရှိပါတယ်။ ပြီးတော့ သူတို့ကို လိုက်လံတားဆီးနေတဲ့ ငြိမ်းချမ်းရေဘက်တော်သားအဖွဲ့ဝင် မက်စ်တို့ အဖွဲ့လည်း ရှိပါသေးတယ်။ တနေ့မှာ ဇိုလ်ဒါတစ်ယောက် ဂြိုဟ်တစ်ခုကို သိမ်းပိုက်ဖို့လုပ်နေတာကို မက်စ်တို့အဖွဲ့က တားဆီးလိုက်တဲ့အချိန်မှာ ဇိုလ်ဒါစိတ်တိုသွားပြီး မက်စ်တို့ကို ရေဆုံးမြေဆုံးလိုက်ပါတော့တယ်။ ပြေးနေရင်း မလွတ်တော့မှန်း သိတဲ့အခါ မက်စ်တို့ဟာ အာကာသတွင်းပေါက်ထဲကို မောင်းဝင်လိုက်ပါတော့တယ်။ ဇိုလ်ဒါလည်း နောက်ကထပ်ကြပ်မကွာ လိုက်လာတဲ့အခါ ခုနက နော်မန်တို့ရဲ့ကမ္ဘာမြေပေါ်ကို ရောက်လာခဲ့ပါတော့တယ်။ ဒီအချိန်မှာ ဇိုလ်ဒါတို့ မက်စ်တို့က လူတွေရဲ့ ဦးနှောက်ထဲထိ ဝင်နိုင်တဲ့ လုံးဝသေးငယ်တဲ့ ဂြိုဟ်သားတွေဖြစ်နေခဲ့ပြီး မက်စ်တို့က ယာဉ်ပြန်ပြင်ဖို့အတွက် နော်မန်ရဲ့ ဦးနှောက်ထဲကို ဝင်လိုက်ပေမဲ့ စိတ်ကိုတော့မထိန်းချုပ်ခဲ့ပါဘူး။ တဖက်မှာတော့ ဇိုလ်ဒါက နော်မန်တို့ကျောင်းက ကျောင်းအုပ်ကြီးရဲ့ ဦးနှောက်ထဲကို ဝင်သွားပြီး စိတ်ကိုထိန်းချုပ်လိုက်တဲ့အခါ နော်မန်တစ်ယောက် ကျောင်းအုပ်ကြီး တဖြစ်လည်း ဇိုလ်ဒါကို တားဆီးဖို့ တာဝန်ကျရောက်လာပါတော့တယ်။ ဒီအတွက် သူငယ်ချင်းတွေကရော သူ့ကိုယုံပါ့မလား ကမ္ဘာကိုသိမ်းပိုက်မယ့် ဇိုလ်ဒါ့အကြံကိုရော သူ့ရဲ့ ဦးနှောက်ထဲက မက်စ်တို့နဲ့ပေါင်းပြီး တားဆီးနိုင်ပါ့မလား ဆိုတာကြည့်ရင်း ခွက်ထိုးခွက်လန်ရယ်ရမယ့် ဇာတ်ကားလေးပါ။ အဓိကကတော့ ကျောင်းအုပ်ဆရာမကြီးကို ထိန်းချုပ်ထားတဲ့ ဇိုလ်ဒါရဲ့အမူအကျင့်က မရယ်ပဲမနေနိုင်အောင်ပါပဲ။ IMDb Rating 5.6 ရရှိထားပြီးတော့ 2023 မှ ပူပူနွေးနွေးထွက်ရှိထားတာဖြစ်တဲ့အတွက် ရှုစားလိုက်ပါဦးခင်ဗျာ။ File size…(1.5 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Animation, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Drama
0 2023 85 mins
Headspace
A Radiant Girl
6.1

A Radiant Girl (2021) ================ IMDb rating – 6.1/10 ဒီဇာတ်ကားလေးကတော့ 1942 မှာဂျူးလူမျိုးတွေကိုဖိနှိပ်ချုပ်ချယ် ခဲ့တဲ့ အမှောင်ခတ်ကာလအကြောင်းကို drama လေးရောနှောပြီး ရိုက်ကူးတင်ဆက်ပြသထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… 1942 ခုနှစ်ပဲရစ်မြို့ နွေရာသီလေးမှာ Jewish French လူမျိုးဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် အီရင်းဆိုတဲ့မိန်းကလေးတစ်ယောက်က ဘဝ မှာရည်မှန်းချက်တွေအပြည့်နဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ် ချင်တဲ့ အိပ်မက်လေးနဲ့ ဘဝကိုကြိုးစားရှင်သန်နေပါတယ်။ သူ့ဘဝ အတွက် အချစ်ဆိုတဲ့အရာကိုစူးစမ်းလေ့လာနေပြီး ဘဝမှာပထမဆုံး သောအရာတွေကို လက်တည့်စမ်းကြည့်ရင်းနဲ့ပေါ့။ တစ်နေ့မှာတော့ သူ့ရဲ့မိသားစုမှာအမှောင်ရိပ်တစ်ခုလွှမ်းမိုးလာပါတယ်။ သူ့ရဲ့တက်ကြွနေတဲ့စိတ်ဓာတ်လေးကို ဘယ်အရာတွေက ဘယ်လိုရိုက် ချိုးပစ်လိုက်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာစိတ်ဝင်စားဖွယ်ကြည့်ရှူ ခံစားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.24 GB) / (475 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, History Translator…….June Encoder……….SWM

6.1 2021
A Radiant Girl
Imprisoned Ⅱ : There is No Escape from Fate
5.9

ဒီကားလေးကတော့ ၂၀၂၃မှာထွက်တဲ့ Imprisoned ဒုတိယကားဖြစ်ပြီးတော့ ဒီကားမှာ ဝူကျိုင်နဲ့ စီးထူးတို့ပြန်ပါလာပေမယ့် အရင်ကားရဲ့ဇာတ်လမ်းနဲ့တော့ဆက်စပ်မှုမရှိပါဘူး။ ဒီကားမှာတော့ ဝူကျိုင်တို့အကျဉ်းထောင်လူထူးလူဆန်းတစ်ယောက်လာခဲ့တယ်။ ဒီလူဟာသူ့ရဲ့အတွင်းရေးမှူးကိုသတ်တယ်ဆိုပြီး ထောင်တစ်သက်တစ်ကျွန်း ကျထားတဲ့သူတစ်ယောက်ဖြစ်တယ်။ သူကဘယ်လိုထူးဆန်းတာလဲဆိုတော့ နိုင်ငံခြားမှာအမှုဖြစ်ပြီး ထောင်ကျတာဖြစ်လို့ သူ့အမှုကိုသူပြန်ပြီး အယူခံဝင်နိုင်ဖို့ ဘာသာစကားကစပြီး ဥပဒေပညာအထိထောင်ထဲမှာလေ့လာခဲ့တယ်။ သူအယူခံဝင်နိုင်ဖို့လျှောက်ထားချက်ကို တရားရုံးကလက်ခံခဲ့ပါတယ်။ ဒါပေမယ့် သက်သေအသစ်ထုတ်ပြနိုင်တာမျိုးမရှိတဲ့အတွက် တရားရုံးကပြန်ပယ်ချလိုက်တဲ့အခါမှာတော့ ဝူကျိုင်၊ စီးထူတို့နဲ့အတူထောင်ဖောက်ပြီးထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဉာဏ်ကြီးရှင်တစ်ယောက်ထောင်ဘယ်လိုဖောက်မလဲဆိုတာ လုံးဝမထင်မှတ်ထားတဲ့အကွက်တွေနဲ့ လုပ်ပြသွားတာမလို့ တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။

5.9 2023
Imprisoned Ⅱ : There is No Escape from Fate
Sanjuro
8

၁၉၆၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်အဖြူအမည်း ရုပ်ရှင်ဖြစ်ပါတယ်။ Director Akira Kirosawa ရဲ့ 1961က ထွက်ရှိခဲ့တဲ့ Yojimbo ဆိုတဲ့ ရုပ်ရှင်ရဲ့ sequel လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူငယ် ဆာမူရိုင်းလေး ကိုးယောက်ဟာ သူတို့ရဲ့ သခင် Mutsuta ဆီမှာ အမှုထမ်းလို့နေပါတယ်။ တစ်နေ့ သူတို့ရဲ့ အသနားခံလွှာကို Mutsuta က တရားရုံးမှာ ဆုတ်ဖြဲလိုက်တဲ့အတွက် သူတို့ထဲက တစ်ယောက်က Kikui ဆိုတဲ့ ကြီးကြပ်သူကို ဝင်ရောက်ဖြေရှင်းပေးဖို့ ပြောခဲ့ပါတယ်။ သူတို့ ကိုးယောက်က နတ်ကွန်းအဆောင် တစ်ခုထဲမှာ ဆွေးနွေးနေကြတုန်း ဆာမူရိုင်း တစ်ယောက်က သူတို့ပြောတာကို ကြားသွားပါတယ်။ ဒီဆာမူရိုင်းက Sanjuroလို့ခေါ်ပြီး ဘယ်သူ့ကိုမှ အမှုမထမ်းတဲ့ လျှောက်သွားနေတဲ့ ဆာမူရိုင်းဖြစ်ပြီး Kikui ဆိုတဲ့ ကြီးကြပ်သူကို မယုံဖို့ သတိပေးခဲ့ပါတယ်။ ဒီလိုနဲ့ သူသတိပေးတဲ့အတိုင်း Kikuiက Mutsuta ကို ခြစားမှုနဲ့ လုပ်ကြံပြီး ဖမ်းခေါ်သွားပြီးတော့ တပည့် ကိုးယောက်ကို ရှင်းပစ်ဖို့ သူ့လူတွေကို လွှတ်ခဲ့တာပါ။ ဒါနဲ့ Sanjuroက သူတို့ကို Kikuiရဲ့လူတွေ လက်ထဲက ကာကွယ်ပေးရင်း Mutsuta ကိုပါ Kikui လက်ထဲက ဘယ်လိုပြန် ကယ်မလဲဆိုတာ ကြည့်ရမှာပါ။ လွန်ခဲ့တဲ့ နှစ်၆၀ကျော်က ရုပ်ရှင်ကား ပေမယ့် အောင်မြင်တဲ့ ရုပ်ရှင်ကားကောင်းဖြစ်ပါတယ်။ ရုပ်ရှင်အဟောင်းတွေ ကြည့်ရတာ နှစ်သက်သူတွေ သဘောကျစေမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ File size…(1.4 GB)/(620 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:36:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

8 1962 96 mins
Sanjuro
The Recall
5.5

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ဒါရိုက်တာ Mauro Borrelli ရိုက်ကူးပုံဖော်ထားတဲ့ Sci-Fi ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Final Recall ဆိုတဲ့ ဇာတ်ကာလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီဇာတ်ကားမှာ မင်းသား Wesley Snipes , RJ Mitte နဲ့ မင်းသမီး Laura Bilgeri ,Hannah Rose May တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ ဒါရိုက်တာ Mauro Borrelli ကအကောင်းဆုံးဒါရိုက်တာ ဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ ချာလီတို့ သူငယ်ချင်းငါးယောက် လူသူကင်းဝေးတဲ့ ရေကန်တစ်ခုဆီကို ပျော်ပွဲစားထွက်လာပုံနဲ့စတင်ထားပါတယ် အဲ့နောက်ခရီးထွက်လာရင်း သူငယ်ချင်းငါးယောက် ဂတ်စ်ဆိုင်မှာ ကားဂတ်စ်ဝင်ဖြည့်နေတုန်း ဘရန်ဒန်ဆိုတဲ့ တစ်ယောက်က အဲ့ဒေသကမုဆိုးတစ်ယောက်နဲ့ ပြဿနာဖြစ်ပါတယ် အဲ့ဒီနောက် ဆက်ပြီးခရီးဆက်လာကြရင်း သူတို့ထွက်လာတဲ့ ရေကန် လေးဆီကိုရောက်လာပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့အချိန်မှာ တစ်ကမ္ဘာလုံးကကောင်းကင်ယံမှာ ထူးဆန်းတဲ့ တိမ်တိုက်တွေဖြစ်ပေါ်လာပါတယ် တချို့ကလည်း ဒါကတခြားကမ္ဘာကဂြိုလ်သားတွေရောက်ရှိလာခြင်း ဖြစ်တယ်လို့ သုံးသပ်ကြသလို တချို့ကလည်း ဒါကမုန်တိုင်း တစ်ခုသာဖြစ်တယ်လို့ အငြင်းပွားနေကြပါတယ် အဲ့ဒီနောက် သူငယ်ချင်းငါးယောက် စခန်းချရာအိမ်ကိုရောက်ရောက်ချင်း ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု စဖြစ်ပါတော့တယ် ချာလီ ဘရန်ဒန်နဲ့ အန်နာတို့ တောထဲကို လျှောက်ပတ်သွားရင်း မုဆိုးတစ်ဦးနေထိုင်တဲ့ သစ်သားအိမ်လေးထဲကို ရောက်ရှိ သွားပါတော့တယ် ထူးထူးဆန်းဆန်းအဲ့အိမ်က ချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေမှာ လမ်းမှာ ဘရန်ဒန်နဲ့ ပြဿနာတက်ခဲ့တဲ့သူက အာကာသယာဉ်မှူးတစ်ဦးဖြစ်နေတာကို တွေ့ရှိလိုက်ရပါတယ် သူကရောဘာလို့မုဆိုးတစ်ယောက်ယောင်ဆောင်ထားတာလဲ… အာကာသယာဉ်မှူးအလုပ်ကနေ ဘာလို့နှုတ်ထွက်ခဲ့တာလဲ.. အများကအငြင်းပွားနေကြတဲ့ ထူးဆန်းတဲ့တိမ်တိုက်တွေကရော တကယ်ပဲမုန်တိုင်းလား ဒါမှမဟုတ် လူတချို့ပြောတဲ့ ဂြိုလ်သား တွေဖြစ်မလား ချာလီတို့သူငယ်ချင်းတစ်တွေကော ဘယ်လိုမျိုး ထူးဆန်းမှုတွေကို ကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး… ဒီဇာတ်ကားက Action, Horror, Mystery, Sci-Fic & Thriller ဇာတ်ကားအမျိုးအစားကိုမှကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်….. File size…1.43GB / 710MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre …..Action , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

5.5 2017 91 mins
The Recall
Suze

The American Society of Magical Negroes, Tiny Beautiful Things, You Hurt My Feelings, Robot Chicken, Family Guyတို့လို လူကြိုက်များတဲ့ ရုပ်ရှင်စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Michaela Watkinsနဲ့ Julie and the Phantoms,Speed Kills, Runt, Love You Anyway, The Rest of Usတို့ရဲ သရုပ်ဆောင်ဖြစ်တဲ့ Charlie Gillespieတို့ ၂ယောက်သား chemistry မိမိ သရုပ်ဆောင်ထားတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ IMDb 6.7 ရရှိထားပြီး Audience Score ကလည်း 91%ထိ ရရှိထားပါတယ်။ ဆုလည်း ၂ခု ဆုခူးထားအပြင် nominations ၂ခုလည်း ဝင်တဲ့အထိ အောင်မြင်ခဲ့တဲ့ comedy အမျိုးစား ရုပ်ရှင်လေးဖြစ်ပါတယ်။ ဆူဆန်ဆိုတဲ့ အမျိုးသမီးကတော့ ခင်ပွန်းဖောက်ပြန်သွားပြီးနောက်မှာ ဘရွတ်လာဆန်လို့ခေါ်တဲ့ သမီးလေးကို ကိုယ်တိုင်စောင့်ရှောက်ပျိုးထောင်လာခဲ့တာဖြစ်ပါတယ်။ ဆူဆန်ရဲ့ဘဝကြီးထဲမှာ သမီးလေး ဘရွတ် တစ်ယောက်တည်းကိုပဲ ဦးစားပေးလာခဲ့တာပါ။ ဂေ့ခ်ျကတော့ ဘရွတ်ရဲ့ရည်းစားပါ။ ဒီလိုနဲ့ ဘရွတ်က အထက်တန်းအောင်ပြီး သူရဲ့ အမေရော ဂေ့ခ်ျရောကိုပါ ထားခဲ့ပြီး တက္ကသိုလ်တက်ဖို့ဖြစ်လာပါတော့တယ်။ ဂေ့ခ်ျကတော့ အထက်တန်းကို ကျကျန်ခဲ့ပါတယ်။ ဘရွတ် တစ်ယောက် တက္ကသိုလ် သွားတက်တော့ ဂေ့ခ်ျ တစ်ယောက်ကို ဖြတ်ပါတော့တယ်။ ဒီလိုနဲ့ စော်ပစ်ခံလိုက်ရတဲ့ ဂေ့ခ်ျ တစ်ယောက်က သတ်သေမယ် ဘာညာတွေဖြစ်လာလို့ ဆူဆန်က ဂေ့ခ်ျအဖေ မရှိခိုက်မှာ စောင့်ရှောက်ဖို့ဖြစ်လာပါတော့တယ်။ ဆူဆန်နဲ့ ဂေ့ခ်ျတို့ ၂ယောက် ထားခံခဲ့ရတဲ့ခံစားချက်ကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဘယ်လိုပြဿနာတွေတက်မလဲ၊ ထားခံခဲ့ရတဲ့ ၂ယောက်သား ဘယ်လိုဖေးမကြမလဲ၊ ၂ယောက်သား ဘယ်လိုတွေ ပြဿနာတက်ပြီး ဘယ်လိုတွေ အတူတူဖြေရှင်းကြမလဲဆိုတာကို ဟာသလေးတွေနဲ့ နှောပြီးကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ထားခံခဲ့ရတဲ့လူတွေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးလို့ ခံစားနေရတဲ့လူတွေ၊ အထီးကျန်နေတဲ့ လူတွေ ကြည့်မယ်ဆိုရင် အရမ်းကိုက်ညီတဲ့ ရုပ်ရှင်ဖြစ်မှာပါ။ ဆွေးမြေ့ရမယ့် ဇာတ်လမ်းမျိုး မဟုတ်တော့ အားတက်ချင်တဲ့လူတွေ ကြည့်ရှု့ဖို့ပိုပြီးသင့်တော်ပါတယ်။ ဒီလိုမှ မဟုတ်လည်း ဒီအတိုင်း အပျော်ကြည့်မယ်ဆိုရင်လည်း ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်ပျော်တဲ့ရုပ်ရှင်လေးပါလို့ ပြောချင်ပါတယ်ခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.2 GB)/(643 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy,Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Suze
Mean Streets
7.2

ချာလီက မာဖီးယားဂိုဏ်းရဲ့ မိသားစုဝင်တစ်ယောက်ပါ။ သူ့ဦးလေးက စီးပွားရေးလုပ်ငန်းတစ်ချို့ကို ဦးစီးခိုင်းစေချင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းလို ညီတစ်ယောက်လို ချစ်ခင်ရတဲ့ ဂျွန်နီကို လိုက်လံစောင့်ရှောက်ပေးနေရတာနဲ့ပဲ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်နေခဲ့တာပါ။ ဂျွန်နီက တကယ့်မလည်ရှုပ် လောင်းကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငွေကြေးအရှုပ်အရှင်းလည်း အရမ်းများတဲ့သူပါ။ ဂျွန်နီတစ်ယောက် ချာလီရဲ့ မိတ်ဆွေ မိုက်ကယ်ဆီကနေ ငွေချေးပြီး ပြန်မဆပ်ရာကနေ ပြဿနာတွေ စတော့တာပဲ။ ချာလီက ဂျွန်နီရဲ့ ဝမ်းကွဲအမဖြစ်တဲ့ ထရီစာနဲ့လည်း ချစ်ကြိုက်နေတာပါ။ ထရီစာက စိတ်သိပ်မမှန်လို့ ချာလီက သနားလည်းသနားပါတယ်။ ဂျွန်နီနဲ့ ထရီစာတို့ မောင်နှမအရေးနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘဝကြားမှာ ကြားညပ်သွားတဲ့ ချာလီရဲ့အဖြစ်ကို ရှုစားရမှာပါ။ ငြိမ့်ငြိမ့်လေးနဲ့ပဲ ဆွဲခေါ်သွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး စဉ်းစားစရာ သင်ခန်းစာယူစရာတွေလည်း အများကြီးပါပဲ။ တကယ့်ဇာတ်အေးကြီး ဖြစ်ပေမယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေ အသက်ဝင်လှတဲ့ ဇာတ်ကွက်တွေကြောင့် လုံးဝမြောပါသွားပါလိမ့်မယ်။ Vintage ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေနဲ့ဆိုရင် ကွက်တိပါပဲ။ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဒရာမာဇာတ်ကားကောင်းလေးပါ။ နာမည်ကြီးမင်းသားကြီး ရောဘတ်ဒနီိရိုက မလည်ရှုပ် ဂျွန်နီရဲ့ နေရာကနေ ပြောင်မြောက်စွာပဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…(2 GB)/(940 Mb) Quality….Blu-Ray 1080p/720p Format…mp4 Duration….01:52:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ken

7.2 1973
Mean Streets
Arctic Armageddon

ဒီကားလေးကတော့ ပြီးခဲ့တဲ့နှစ်ကမှ ထွက်ရှိခဲ့တဲ့ သဘာ၀ဘေးအန္တရာယ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဘူမိဗေဒသိပ္ပံပညာရှင်နှစ်ယောက် အတ္တလန်တိတ်သမုဒ္ဒရာမှာ အချက်အလက်ယူဖို့ ရေကြောင်းပြဗော်ယာတွေကိုနေရာချနေရင်း ငလျင်ကြီးလှုပ်ခတ်ပြီး သမုဒ္ဒရာကြီး ရုတ်တရက်စတင်အေးခဲလာပြီး အဲဒီပညာရှင်နှစ်ယောက်သေဆုံးသွားပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် စီနီယာဘူမိသိပ္ပံပညာရှင်နှစ်ယောက်ကို ပင်တဂွန်ရဲ့ အတွင်းရေးမှူးက ခေါ်ယူပြီးဖြေရှင်းချက်ရှာကြပါတယ်။ ငလျင်ကြောင့် အပျက်အစီးရေခဲထုကြီးဖြစ်လာပြီး ပင်လယ်ရေအောက်ရေနွေးစီးကြောင်းကိုပိတ်ဆို့နေတာကြောင့် အပူချိန်ထိုးကျပြီး သမုဒ္ဒရာတစ်ခုလုံးခဲသွားတဲ့အပြင် ‌ကုန်းမြေတွေပါ ထိခိုက်လာပါတယ်။ အဲဒါကြောင့် ရေငုပ်သင်္ဘောလွှတ်ပြီး ဒေတာယူ အပျက်အစီးရေခဲထုကြီးကိုဖျက်ဆီးဖို့ ကြိုးစားကြပုံတွေကို စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.3 GB)/(600 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre… Science Fiction, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe

Drama • History
0 2023
Arctic Armageddon
Chalti Rahe Zindagi

Chalti Rahe Zindagi (2024) “ဘ၀အဖုံဖုံ” လောင်ရုံတင်မက ပြာပါကျသွားမဲ့အရှုပ်တော်ပုံကြီးကို ဖန်တီးရိုက်ကူးတင်ဆက်ထားတဲ့ ဟင်ဒီရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်။ ၀ူဟန်ကတဆင့် ပျံ့ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရက အိမ်ပြင်မထွက်ကြဖို့ တောင်းဆိုထားချိန်။ ဒီလော့ခ်ဒေါင်းကြောင့်ပဲ အိမ်နီးချင်းအိမ်ထောင်သည်တွေထဲက လင်ဖြစ်သူနဲ့ မယားဖြစ်သူတို့ ဖောက်ပြန်နေကြတာ ပေါ်လာခဲ့တယ်။ မတူညီတဲ့မိသားစုသုံးခုရဲ့ သပွတ်အူလိုရှုပ်ထွေးလှတအကြောင်းအရာတွေ။ မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေကို သူတို့တွေရင်ဆိုင်ခံစားရင်း ကျော်ဖြတ်နိုင်ကြမလားဆိုတာတွေကို ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Comedy • Horror
0 2024
Chalti Rahe Zindagi
Tuck Everlasting

ဒီဇာတ်လမ်းလေးကတော့ စာရေးဆရာမ Natalie Babbit ရဲ့ Tuck Everlasting ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ Tuck Family လို့ခေါ်တဲ့ မိသားစုလေးယောက်ဟာ မှော်ရေအိုင်ကလေးထဲကရေတွေကိုသောက်မိပြီး မသေမျိုးတွေဖြစ်သွားတဲ့အကြောင်းပါ။ ဒီလိုမသေမျိုးတွေဖြစ်သွားတဲ့အတွက်သူတို့ဟာ နှစ်ပေါင်းရာနဲ့ချီနေထိုင်ခဲ့သလို လူမြင်ကွင်းကနေပုန်းရှောင်ပြီးတောထဲမှာသာနေကြရပါတယ်။ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက် မင်းသမီးလေးဖြစ်တဲ့ Winifred ဆိုတဲ့ သူဌေးသမီးလေးဟာ အိမ်ကအရမ်းချုပ်ချယ်တဲ့အတွက် တောထဲထွက်ပြေးလာရင်း Tuck မိသားစုရဲ့အငယ်ဆုံးသားဖြစ်သူ Jessie နဲ့တွေ့ဆုံကာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ရုပ်ရှင်ထဲမှာဆက်လက်ရှု့စားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ vibe ကတော့ Twilight တို့ Snow-white တို့လို Romance vibe လေးဖြစ်တဲ့အတွက် Disney ကိုကြိုက်နှစ်သက်တဲ့သူတွေကြည့်သင့်တဲ့ကားလေးပါပဲ။ IMDbမှာလည်း 6.6 အထိရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.4 GB)/(841 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Family, Romance, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife

0 2002
Tuck Everlasting
Full Moon Scimitar Harmony Initial
5.6

ရှုပ်ထွေးလှတဲ့ သိုင်းလောကကို ဓားသိုင်းကျမ်းတစ်ခုအားကိုးနဲ့ ဝင်လာတဲ့ တင်းဖောင်တစ်ယောက်… လောကနံပါတ်၁ နေရာရဖို့ သိုင်းပညာရှင်တစ်ယောက်ပြီး တစ်ယောက်ကို စိန်ခေါ်တိုက်ခိုက်ပြီး နေရာတစ်ခုရဖို့ ကြိုးစားနေချိန်မှာပဲ… တစ်နေ့တော့ မိန်းကလေးတစ်ယောက်က သူနားနေတဲ့ သစ်ရိပ်ဆီ အပြေးရောက်လာပြီး… ပြန်ပေးသမားတွေလက်က ထွက်ပြေးလာရတာမို့ ကယ်တင်ပေးဖို့ တောင်းပန်ခဲ့တယ်… တင်းဖောင်လည်း အဲ့မိန်းကလေးတောင်းဆိုသမျှကို အတတ်နိုင်ဆုံး ကူညီပေးဖို့ ကြိုးစားခဲ့တယ်… နောက်တော့လည်း အိုးချင်းထားတော့ အိုးချင်းထိ ၊ ကြိုးချင်းထားတော့ ကြိုးချင်းငြိဆိုသလိုပဲ… တင်းဖောင်နဲ့ ဒီမိန်းကလေး ချစ်ကျွမ်းဝင်ခဲ့တယ်… ဒါပေမယ့် ၇ လပိုင်း ၁၅ ရက်နေ့မှာ ဂိုဏ်းချုပ်တစ်ဦးနဲ့ စိန်ခေါ်တိုက်ခိုက်ရမှာမို့ သူ့ကိုမနှောင့်ယှက်ချင်လို့ဆိုပြီး မိန်းကလေးပျောက်သွားခဲ့တယ်… တင်းဖောင်လည်း ဒီစိန်ခေါ်ပွဲအတွက် သူကြိုးစားလေ့ကျင့်ခဲ့တယ်… တကယ့် စိန်ခေါ်ပွဲနေ့မှာတော့…. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…….

5.6 2024
Full Moon Scimitar Harmony Initial