YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM) Reacher.S02E07.2160p.web.h265-Naung.mkv

1.91 GB N/A video/x-matroska 169 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sadako DX
4

ကျိန်စာလား သိပ္ပံပညာလား? အကြောင်းအရင်းမရှိဘဲ သေဆုံးသွားရတဲ့သူတွေ တစ်ရက်ပြီးတစ်ရက် ပိုများပြားလာနေတဲ့ ဂျပန်နိုင်ငံတွင်းက မြို့တွေမှာ ကျိန်စာဗွီဒီယိုလို့ လူသိများကြတဲ့ ဗွီဒီယိုတစ်ခုက နာမည်ကြီးနေပါတယ်။ “ဆာဒါကိုကျိန်စာ”လို့ခေါ်တဲ့ အဲဒီကျိန်စာဗွီဒီယိုရဲ့အစွမ်းကတော့ ကြည့်လိုက်မိတဲ့သူတိုင်းကို ၂၄ နာရီအတွင်းမှာ သေဆုံးသွားစေမှာပါ။ ဒီလိုဖြစ်ရပ်ဆိုးကြီးကြောင့် တစ်နိုင်ငံလုံးကလူ‌တွေ ထိတ်လန့်‌တုန်လှုပ်နေကြရတဲ့အချိန်မှာပဲ… မတူညီတဲ့နယ်ပယ်နှစ်ခုကနေ ဒီကိစ္စကို စဉ်းစားဖြေရှင်းမယ့် ဘာသာရေးဆရာခန်းရှင်းနဲ့ ကျောင်းသူလေးအာယကတို့နှစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်။ အဆုံးသတ်မှာတော့...ဒီကိစ္စဟာ ကျိန်စာလို့ယုံကြည်တဲ့ ဘာသာရေးဆရာခန်းရှင်းနဲ့ ကျိန်စာလို့လက်မခံဘဲ သိပ္ပံပညာကိုသုံးပြီး အဖြေရှာမယ့် IQ 200 ရှိတဲ့ ကျောင်းသူလေးအာယကတို့ရဲ့ အားပြိုင်မှုမှာ ဘယ်သူကများ အနိုင်ရရှိသွားမလဲ? ဒီကျိန်စာဗွီဒီယိုရဲ့ တကယ့်အကြောင်းအရင်းနဲ့ သရုပ်မှန်ကရော ဘာများဖြစ်မလဲ? ဒီဖြစ်ရပ်ဟာ တကယ်ပဲ “ဆာဒါကိုရဲ့ကျိန်စာ” လား… ဒါမှမဟုတ် သိပ္ပံနည်းကျဖြေရှင်းနိုင်မယ့် ကိစ္စတစ်ခုလားဆိုတာကို အသည်းတယားယားနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ Horror ကြိုက်တဲ့သူတွေအနေနဲ့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… 1.33GB | 637MB | 315MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Crime • Drama
4 2022 100 mins
Sadako DX
Predator

Jim Thomas နဲ့ John Thomas တို့နှစ်ယောက်သား အသက်သွင်းခဲ့တဲ့ Predator (အမဲလိုက်သားရဲ) ရဲ့ ပထမဆုံးဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ သူတို့ရေးခဲ့တဲ့ ဝတ္ထုခေါင်းစဉ်က Hunter (မုဆိုး) ပါ။ Arnold Schwarzenegger ခေါင်းဆောင်ပါဝင်တဲ့ ဒီဇာတ်ကားက ဝေဖန်မှုတွေနဲ့ ချီးကျူးမှုတွေ တလှေကြီး ရခဲ့သလို ၁၉၈၀ ခုနှစ်တွေရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေရဲ့ ဂန္တဝင်စာရင်းဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Predator ဇာတ်ကားတွေ အများကြီးဆက်ထွက်လာခဲ့တာမလို့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ Generation X နဲ့ Y တို့ကြားမှာ ရေပန်းစားခဲ့ပြီး မကြည့်ရသေးတဲ့သူက တောသားအဖြစ် သတ်မှတ်ခံခဲ့ရဖူးတာမျိုးပေါ့‌ဗျာ။ ၁၅ သန်း အသုံးပြုခဲ့ပြီး ၉၈ သန်းကျော် ပြန်ရခဲ့တဲ့ကားပေါ့။ သူ့နောက်မှာ Predator 2 (1990)၊ Predators (2010)၊ The Predator (2018) နဲ့ Prey (2022) တို့ အသီးသီး ထွက်ရှိခဲ့ပါတယ်။ မှီငြမ်းဇာတ်ကားအဆက်တွေအနေနဲ့ Alien vs. Predator နှစ်ကား ထွက်ခဲ့ပါသေးတယ်။ Alien vs. Predator (2004) နဲ့ Alien vs. Predator: Requiem (2007) တို့ပါ။ မျက်နှာဖုံးစွပ်ကြီးတပ်ပြီး ပုခုံးပေါ်မှာ အမြောက်ပါတဲ့ ကိုယ်ပျောက်လူသတ်သမား ဂြိုဟ်သားကြီးကို ပရိသတ်က နှစ်ထောင်းအားရ ကြိုက်နှစ်သက်ခဲ့ကြတာပေါ့လေ။ ဇာတ်လမ်းအကျဉ်းကတော့ ရုရှားဩဇာခံနိုင်ငံတစ်ခုက အမေရိကားကို ကျူးကျော်လာမယ့်ဘေးကို တားဆီးချင်တဲ့ စစ်သားဟောင်းကြီး CIA အေးဂျင့်က အာနိုးတို့ အထူးတပ်ဖွဲ့ကို လံကြုပ်ဇာတ်လမ်းဆင်ပြီး တောထဲအပါခေါ်ခဲ့ရာက စပါတယ်။ တောတွင်းချီတက်ပုံတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေအပြီးမှာ အာနိုးတို့အဖွဲ့ကို အမဲလိုက်သူကြီးက တစ်ယောက်ချင်း အမှည့်ချွေလာတဲ့အခါမှာတော့ အားမတန်တဲ့ ဂြိုဟ်သားကြီးကို အတောင်သုံးဆယ်ဝတ် မင်းယောက်ျားကြီးတွေ ပြန်လှန်ခုခံကြပုံတွေက အံ့မခန်း လတ်ဆတ်နုပျိုနေဆဲဖြစ်တာမလို့ ကိုယ့်ရဲ့ Device ထဲမှာ သိမ်းထားသင့်တဲ့ Old but Gold ဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။ File size…(11 GB)/(3.6 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:46:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Drama • History • War
null 1987 106 mins
Predator
Mavka: The Forest Song
7.4

Mavka: The Forest Song (2023) ====================== IMDb Rating – 7.4/10 ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb – 7.4 ရထားတဲ့ အသစ်ထွက် Animation movie တစ်ခုပါ။ အရမ်းလှပတဲ့ graphics တွေနဲ့ scenery အမိုက်စားတွေကို ချပြထားတဲ့ အပြင်ကိုမှ စလယ်ဆုံး မရိုးရတဲ့ plot တစ်ခုကတော့ အဆစ် ပေါ့။ ကဲ ရှည်ရှည်ဝေးဝေး ဆိုမနေတော့ပါဘူး။ ဇာတ်လမ်း အညွှန်းလေး စလိုက်ကြရအောင်။ ဟိုးလွန်ခဲ့တဲ့ ဆောင်းရာသီတစ်ခုတုန်းကပေါ့။ အမှောင်တောင် တန်းကြီးရဲ့ အနောက်ဘက်တောအုပ်ထဲမှာ အစောင့်အရှောက် နတ်တွေ မှီတင်းနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ သစ်စက်ပိုင် ရှင်လူသားတစ်ယောက်က သူ့ရဲ့မွေးကာစရောဂါသည် သမီး လေးကို ကယ်တင်ဖို့အတွက် တောစောင့်နတ်ကြီးဆီကနေ ဆေးရည်လေးတစ်ခု လာတောင်းခဲ့တယ်။ ဒီလိုနဲ့ အဲဒီသမီးဖြစ် သူလည်း အသက်ဆက်ရှင်သွားခဲ့တာပေါ့။ ဒါပေမဲ့ လောဘပိုး မသတ်နိုင်တဲ့ သစ်စက်ပိုင်ရှင်ကြီးက တောအုပ်ဆီကို စစ်တပ် ကြီးတစ်ခုနဲ့ ချီတက်လာပြီး ဆေးရည်ထုတ်ပေးတဲ့ သစ်ပင်ကို အပိုင်သိမ်းဖို့ ကြိုးစားတော့တာပါပဲ။ အဲဒီမှာပဲ အစောင့်အရှောက်နတ်တွေနဲ့ လူသားတွေရဲ့ ရန်ပွဲတွေ စတင်လာခဲ့လိုက်တာ မက်ဗ်ကာဆိုတဲ့ နတ်သမီးလေးတို့ခေတ် ထိဆိုပါတော့။ ဒါပေမဲ့ လူးကတ်စ်ဆိုတဲ့ ဂီတပညာရှင်ကောင် လေးက တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှုကြောင့် တောအုပ်ထဲကို အဲဒီသစ်ပင်ရှာဖို့ ရောက်လာခဲ့ပြီး မက်ဗ်ကာနဲ့ တွေ့ဆုံသွားတဲ့ အချိန်မှာတော့….လူသားတွေနဲ့ အစောင့်အရှောက်နတ်တွေကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှု့ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(2.5 GB) / (1.0 GB) / (600 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Comedy Translator…….May Thet Khine Soe Encoder……….SWM

7.4 2023
Mavka: The Forest Song
Haider
8.2

IMDb Rating (8.0) / Rotten Tomatoes (88%) မင်းသား Shahid Kapoor , မင်းသားကြီး Irrfan Khan ,မင်းသမီး Shraddha Kapoor,မင်းသမီးကြီး Tabu တို့နဲ့ ဘောလိဝုဒ်ရဲ့ Rating မြင့် Action,Crime,Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက စာရေးဆရာကြီးဝီလီယံရှိတ်စပီးယားရဲ့ “Helmet”ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိုယူပြီးပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ၁၉၉၅ခုနှစ် ကတ်ရှမီးယားဒေသကိုအခြေပြုထားပါတယ်။ ကတ်ရှမီးယားဒေသကိုအခြေတည်ထားတာကလည်းစိတ်ဝင်စားစရာအချက်တချက်ပါပဲ။ လူငယ်လေးတစ်ယောက် သူ့ဖခင်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာပဲ အဲဒီကတ်ရှ်မီးယားဒေသကိုသွားရောက်ခဲ့တာကစတင်ထားပါတယ်။ အဲ့ဒီကိုရောက်တဲ့အခါမှာတော့ ဖြစ်စဉ်တွေဟာ သူထင်ထားသလို ရိုးစင်းမနေဘဲ လိုက်လံစုံစမ်းရင်းနဲ့ ဘယ်လိုမြုပ်ကွက်တွေကို ဖော်ထုတ်လိုက်နိုင်မလဲ။ ပျောက်ဆုံးသွားတယ်ဆိုတဲ့ သူ့ဖခင်ကိုရောပြန်တွေ့နိုင်မလား။ နောက်ကွယ်က ဘယ်လိုအကြောင်းတရားတွေရှိနေလည်းဆိုတာကို ခံစားမှုပြင်းရှရှနဲ့ခံစားကြည့်ရှုရမှာပါ။ ဇာတ်လမ်းက အချိုးအကွေ့လေးတွေ စိတ်ဝင်စားဖို့ကောင်းတာမို့ဇာတ်ကြောင်းကို မသိထားဘဲ ကိုယ်တိုင်အပြည့်အဝခံစားကြည့်ရှုမှ ပိုကောင်းပါမယ်။ နိုင်ငံတကာမှာ ဘာကြောင့် Rating မြင့်ပြီး နာမည်ကြီးနေလဲဆိုတာ ခံစားဆုံးဖြတ်ပေးကြပါဦး။ (ရုပ်ရှင်အညွှန်းကို ကျော်ဇေလတ်မှ ရေးသားပြီး V & Thaik San မှ ဘာသာပြန်တင်ဆက်ထားပါတယ်။)

8.2 2014
Haider
The Communion Girl
5.3

The Communion Girl (2022) ===================== Horror ဇာတ်လမ်းဆိုရင် Annabelle ကို ပြေးမြင်ရတဲ့အထိ အရုပ်လေး တစ်ရုပ်ရဲ့ ဖြစ်တည်မှုက လူတွေကို Trauma ရတဲ့အထိ သွေးပျက်စေခဲ့ဖူး တယ်မဟုတ်လား။ ဒီဇာတ်လမ်းကလည်း အရုပ်လေးတစ်ရုပ်ကနေ စတင် လာခဲ့တဲ့ ကြောက်မက်ဖွယ် ကျိန်စာသင့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဆာရာ ဆိုတဲ့ ကောင်မလေးတို့ မိသားစုက မြို့လေးတစ်မြို့ဆီကို ပြောင်း ရွှေ့လာကြတဲ့ လူသစ်တွေပါ။ နေရာအသစ် ကျောင်းအသစ်မှာ ဆာရာ့ အတွက် တစ်ဦးတည်းသောအဖော်က ရေဘက်ကာဆိုတဲ့ ခပ်ဆိုးဆိုး ကောင်မလေးတစ်ယောက်ပါပဲ။ တစ်ရက်မှာတော့ ဆာရာတို့ သူငယ်ချင်း နှစ်ယောက် တခြားမြို့က ကလပ်တစ်ခုဆီ သွားပျော်ခဲ့ကြတယ်။ အပြန်လမ်း မှာတော့ ကလပ်မှာတွေ့ခဲ့တဲ့ ကောင်လေးနှစ်ယောက်ရဲ့ကားကို လိုက်စီး ကြရင်း တောလမ်းတစ်နေရာစီ အရောက်မှာတော့ ဝတ်စုံဖြူဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်ကို ကားနဲ့ တိုက်မိမလို ဖြစ်သွားခဲ့တယ်။ သူတို့တွေ ကားပေါ်ကနေ ဆင်းပြီး ရှာကြတဲ့အချိန်မှာတော့ ကောင်မလေး အစား အရုပ်လေးတစ်ရုပ်ကိုပဲ တွေ့ခဲ့ကြရတယ်။ မြို့ခံကောင်လေးတွေက တော့ ဒီအရုပ်ရဲ့ ရာဇဝင်ကို သိထားကြပေမဲ့ ဆာရာကတော့ မသိခဲ့ပါဘူး။ ဒီလိုနဲ့ ဆာရာတစ်ယောက် အဲဒီအရုပ်လေးကို အိမ်ကိုသယ်လာခဲ့ပြီး နောက် ပိုင်းမှာတော့…….။ အရုပ်ဆိုရင် မြင်တောင်မမြင်ချင်တဲ့အထိ ဖြစ်စေဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May The Khine Soe ဖြစ်ပါတယ်) File Size……….(1.25 GB) / (503 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator……May The Khine Soe Encoder……….Zin Phyo Aung

5.3 2022 103 mins
The Communion Girl
The Lump in my Heart
7.2

The Lump in my Heart(2022) *************************** ဒီကားကတော့ Alice In Boaderland ထဲမှာ Asahi Kujo အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Mizuki Yoshida က ဆယ်ကျော်သက်ကောင်မလေးအဖြစ် သရုပ်ဆောင်ထားတဲ့ဒရမ်မာကားတစ်ကားပဲဖြစ်ပါတယ်။ ချီနားဆုရဲ့အသက်လေးနှစ်တည်းက ဖခင်ဖြစ်သူဆုံးပါးသွားခဲ့ပြီး သူဟာမိခင်ဖြစ်သူနဲ့ အမေတစ်ခုသမီးတစ်ခုနေထိုင်ရင်း စာရေးဆရာမဖြစ်ဖို့ ကြိုးစားနေတဲ့ဆယ်ကျော်သက်ကောင်မလေးပဲဖြစ်ပါတယ်။ အမေဖြစ်သူကလည်း ဒီသမီးအတွက်ပဲသူ့ရဲ့ဘဝကိုမြှုပ်နှံခဲ့ရင်း သမီးဖြစ်သူကိုအမြဲတမ်း ကလေးတစ်ယောက်လိုမြင်နေခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ ချီနားဆုမှာရင်သားကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိလိုက်တဲ့အခါမှာတော့ ဘဝအလှည့်အပြောင်းတွေဆက်တိုက်ကြုံတွေလာရပါတော့တယ်… File Size :(1.2GB) and (680MB) Quality : WEB-DL1080p,720p Format…mp4 Duration…01:32:00 Genre : Sport Subtitle : Myanmar Subtitle (Hard Sub) Translated by ‌Aung Paing Phyoe Encoded by Phyo Pyae

7.2 2022
The Lump in my Heart
The League of Extraordinary Gentlemen
5.8

The League of Extraordinary Gentlemen (2003) ဒီရုပ်ရှင်က ခုနေ သက်လတ်ပိုင်းတော်တော်များများ ငယ်ဘဝက ကြိုက်ခဲ့တဲ့ရုပ်ရှင်လို့ပြောလို့ရတယ်။ ဒီရုပ်ရှင်ရဲ့ မူရင်း Comic Book ကိုကလည်း တော်တော်အထာကျတဲ့ Alan Moore ရယ်၊ Kevin O’Neill ရယ်တွဲရေးထားတဲ့ The League of Extraordinary Gentlemen ကောမစ်ဘွတ်စီးရီးရဲ့ ပထမတွဲကို ယူထားတာ။ Alan Moore ကိုတော့ တော်တော်များများသိကြမှာပါ။ နာမည်ကြီးသလို အနုပညာလည်းမှော်ဝင်တဲ့ Watchmen, V for Vendetta, From Hell နဲ့ Batman: The Killing Joke တို့လို ကောမစ်ဘွတ်တွေကို ရေးခဲ့တဲ့သူ။ ဒီကောမစ်ဘွတ်ကလည်း Multi-genre, Cross over Comic Book။ ပြောရရင် တကယ့်ဂန္ထဝင်ဆိုမှ Edgar Allan Poe, Ian Fleming, Herman Melville, Mark Twain, Sir Arthur Conan Doyle, Oscar Wilde တို့လို ဂန္ထဝင်စာရေးဆရာတွေရဲ့ ကာရိုက်တာတွေ ဇာတ်လမ်းတွေကို Cross over လုပ်ထားတာ။ ဒီဇာတ်ကိုစစပုံဖော်ချင်းတုန်းကလည်း “Justice League of Victorian England” ဆိုတဲ့ သဘောမျိုးနဲ့ သွားထားတာဖြစ်တယ်။ Bram Stoker ရဲ့ Dracula ထဲက မီနာ၊ Jules Verne ရဲ့ ကပ္ပတိန်နီမို၊ Sir H. Rider Haggard ရဲ့ အလန်ကွာတာမိန်း၊ Robert Louis Stevenson ရဲ့ Dr. Jekyll and Mr. Hyde, H. G. Wells ရဲ့ The Invisible Man, Sir Arthur Conan Doyle ရဲ့ မိုရီယာတီ၊ Mark Twain ရဲ့ တွမ်ဆောယား၊ Oscar Wilde ရဲ့ ဒိုရီယန်ဂရေးတို့လို ဂန္ထဝင်ဇာတ်ကောင်တွေကို တစ်ပေါင်းတည်းသုံးထားတယ်။ ဒီလိုဂန္ထဝင်တွေကိုမှ Watchmen လို မာစတာပိစ် ကောမစ်ဘွတ်ရေးခဲ့တဲ့ Alan Moore ရေးခဲ့တဲ့ Comic Book ကို ရိုက်ထားတာဆိုတော့ ကြည့်ကောင်းတာတော့ တော်တော်ကြည့်ကောင်းပါတယ်။ ဒါပေမဲ့ ဒါရိုက်တာကတော့ ဇက်စနိုက်ဒါတို့လို အသက်ဝင်အောင်မရိုက်နိုင်ခဲ့တော့ ဝေဖန်ရေးအရတော့ အခြေအနေမကောင်းခဲ့ပါဘူး။ အသာထားပါ။ ဒီလိုကာရိုက်တာတွေကို တွဲမြင်ရတာနဲ့တင် တော်တော်တန်နေပြီ။ လွမ်းစရာလည်း ကောင်းနေပြီ။ ဒီကားမှာ အလန်ကွာတာမိန်းအဖြစ် ရှောင်ကွန်နရီကြီးက ဝင်သရုပ်ဆောင်ထားခဲ့တယ်။ ရှောင်ကွန်နရီကြီးဟာ ဒီမတိုင်ခင် သရုပ်ဆောင်ကြေးအများကြီးရနိုင်ခဲ့တဲ့ The Matrix ထဲက Architect ဇာတ်ကောင်ကိုရော The Lord of the Rings ထဲက Gandalf ဇာတ်ကောင်ကိုရော ငြင်းခဲ့တယ်။ ဒီကားမှာတော့ ကြေးသိပ်မရခဲ့ပေမဲ့ အလန်ကွာတာမိန်းအဖြစ် သရုပ်ဆောင်ပေးဖို့ သဘောတူခဲ့တယ်။ အလန်ကွာတာမိန်းဇာတ်ကောင်ရဲ့ အရှိန်အဝါလို့တော့ ထင်ရတာပါပဲ။ ကားထဲက အလန်ကွာတာမိန်းဟာလည်း ဗြိတိန်ရဲ့ သူရဲကောင်းပြယုဂ်တစ်ခုလိုဖြစ်နေခဲ့တယ်။ ဘာရယ်တော့မဟုတ်ပါဘူး။ ဒီကားထဲ တော်တော်သဘောကျစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါတယ်။ ကွာတာမိန်းက ဆောယားကို ကိုက်ကိုးရာအကွာကပစ်မှတ်ကိုထိအောင်ပစ်တတ်အောင်သင်ပေးတဲ့ အခန်းပေါ့။ ” ချိန်… လေလမ်းကြောင်းနဲ့ ပစ်မှတ်ရွှေ့လျားသွားတာကို အလိုက်သင့်စီးမျော… ဒီနှစ်ခုက လွယ်တယ် အဓိကက… ကိုယ်ပစ်မယ့် ပစ်ချက်ကိုခံစား အချိန်ယူပြီးခံစား ယူချင်သလောက်သာ အချိန်ယူ ဘယ်လောက်ကြာကြာ ဂရုမစိုက်နဲ့” တဲ့။ ဘာရယ်တော့မဟုတ်ပါဘူး ပစ်ဖို့အချိန်ယူလေ ပိုဝေးသွား‌‌လေဖြစ်မယ့်ပစ်မှတ်ကို ပစ်တဲ့နေရာမှာ အချိန်ဘယ်လောက်ကြာကြာယူရယူရ ဂရုမစိုက်တဲ့ အလန်ကွာတာမိန်းရဲ့ အနုပညာပေါ့။ ( အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

5.8 2003
The League of Extraordinary Gentlemen
Fuzzy Head
6.7

ဇာတ်ကားတစ်ကားလုံး ပရိသတ်ကိုခေါင်းစားမဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်က Fuzzy Head ဖြစ်ပြီး နာမည်နဲ့လိုက်အောင်ကို ခေါင်းကိုက်စေမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာ တွေ့ဖူးမြင်ဖူးနေတဲ့ ဇာတ်ကားတွေလို ဇာတ်ကွက်မျိုးတွေနဲ့မဟုတ်ဘဲ ထူးထူးဆန်းဆန်းကြည့်ရှု ရမှာပဲဖြစ်ပါတယ်။ မာလာလို့ခေါ်တဲ့ ကောင်မလေးကငယ်စဉ်က စိတ်ဒဏ်ရာတွေရခဲ့တဲ့အတွက် စိတ်ဝေဒနာ တစ်မျိုးကို ခံစားနေရပြီး တကယ်ဖြစ်နေတဲ့အရာတွေနဲ့ အတိတ်ကဖြစ်ခဲ့တဲ့ အရာတွေနဲ့ အမြဲတမ်းရောထွေးနေတတ်ပါတယ်။အဲ့ဒီရောဂါကြောင့် အိပ်တောင် မအိပ်ရဲလောက်တဲ့အထိ ဖြစ်နေပြီးအတူတူနေထိုင်တဲ့ သူငယ်ချင်းဆီကနေ ထပ်ခါထပ်ခါထွက်ပြေးနေပြီး ရောက်ချင်ရာရောက်ပေါက်ချင်ရာပေါက် လျှောက်သွား နေတတ်သူတစ်ယောက်ပါ။သူ့စိတ်ဝေဒနာရဲ့ ဇာတ်မြစ်ကတော့ သူ့အမေကြောင့်ဖြစ်ပြီး သူ့ရဲ့ငယ်ဘ၀က သူ့အမေကြောင့်ပဲကြမ်းတမ်းခဲ့ပါတယ်။တစ်နေ့မှာသူ့အမေက သေသွားခဲ့ပြီးတော့ သေသွားတဲ့သူ့အမေရဲ့ ဘေးနားမှာသူရှိနေခဲ့ပါတယ်။ သူကတော့ သူ့အမေကိုသူကိုယ်တိုင် သတ်ခဲ့တယ်လို့ပြောပေမဲ့ တကယ်တမ်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သူကိုယ်တိုင်တောင်မသိပါဘူး။ဒီလိုနဲ့ သူ့အမေတကယ်တမ်း ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာကို သေချာသိနိုင်ဖို့အတွက် သူ့မှတ်ဉာဏ်တွေထဲကနေ ပြန်လည်ရှာဖွေရင်း ဒီအိပ်မက်ဆိုးကြီးကနေရုန်းထွက်နိုင်မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.42GB / 636MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 24m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2023 84 mins
Fuzzy Head
Haul Out the Holly: Lit Up
5.7

ခရစ္စမတ်ကာလနီးလာပြီမို့ ခရစ္စမတ်ဇာတ်ကားအသစ်တွေ အများကြီးထွက်ရှိလာခဲ့တဲ့အထဲ IMDB 6.1/10 ရရှိထားတဲ့ Romance ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခရစ္စမတ်ကားတွေအရိုက်များတာမို့ ခရစ္စမတ်မင်းသမီးလို့တောင် တင်စားရမယ့် Lacey Chabert (The Wedding Veil/Christmas Waltz) နဲ့ အလားတူ ခရစ္စမတ်မင်းသား Wes Brown (Christmas At Graceland/ Check Inn To Christmas) တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ခရစ္စမတ်ကို အရူးအမူးရူးသွပ်ပြီး တစ်လမ်းလုံး အင်တိုက်အားတိုက် ပျော်ရွှင်စွာ တက်တက်ကြွကြွပါဝင်တတ်ကြတဲ့ အဲဗားဂရင်းလမ်းက အိမ်ပိုင်ရှင်တွေအတွက်တော့ ခရစ္စမတ်ကာလက တစ်နှစ်တာလုံးအတွက် ရင်ခုန်စိတ်အလှုပ်ရှားရဆုံးကာလပေါ့။ ရပ်ကွက်ဥက္ကဌဖြစ်သူ ဂျရတ်ဒ်ကလည်း အိမ်ပိုင်ရှင်တွေ စည်းကမ်းနဲ့အညီ ခရစ္စမတ်ကာလကို ဖြတ်သန်းနိုင်တာသေချာဖို့ အဓိကအာရုံစိုက်နေရတာပါ။ သူ့ချစ်သူ အမ်မလီကလည်း စိတ်ရောကိုယ်ပါ ပါဝင်အားဖြည့်ကူညီပေးခဲ့တာပေါ့လေ။ ဒီလိုနဲ့ အေးချမ်းနေတဲ့ သူတို့ရဲ့ပတ်ဝန်းကျင်လေးထဲကို မိသားစုတစ်စုပြောင်းလာရာကနေ အလှုပ်အခတ်‌တွေ အများကြီးဖြစ်ပေါ်ခဲ့ရပါတော့တယ်။ ရသစုံရှိုးစတားမိသားစုဖြစ်တဲ့ ဂျွန်ဆင်တို့ ပြောင်းလာမှာမို့ သူတို့ရဲ့ပရိသတ်ဖြစ်သူ အိမ်နီးချင်းတွေအကုန်လုံးက ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ပျော်ပျော်ကြီး ကြိုဆိုခဲ့ကြပေမယ့် ယှဉ်ပြိုင်လိုစိတ်ပြင်းထန်လွန်းသူ ဂျွန်ဆင်တို့လင်မယားက အမ်မလီတို့ စီစဉ်ထားတဲ့ ခရစ္စမတ်အစီအစဉ်တွေကို ပြင်းထန်တဲ့ ပြိုင်ပွဲတွေအဖြစ် ပြောင်းလဲချင်လာတဲ့အခါမှာတော့.. ပတ်ဝန်းကျင်က လူတွေအကုန်လုံးက စိတ်ဝမ်းတွေကွဲကုန်ပြီး သူ့လူ ငါ့လူ သူ့ဘက် ငါ့ဘက် အပြိုင်အဆိုင်ဖြစ်စွာနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရဖို့ ဖြစ်လာတဲ့အခါ.. ပြောင်းလဲသွားတဲ့လူတွေရဲ့ သဘောထားကို အမ်မလီတို့နှစ်ယောက်က အရင်လို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် သိမ်းသွင်းနိုင်မှာလား.. သူတို့ရဲ့ လမ်းလေးကရော အရင်လိုပျော်ပျော်ရွှင်ရွှင်နဲ့ ဘာပြိုင်ဆိုင်မှုမှမရှိဘဲ အေးအေးချမ်းချမ်း ပြန်ဖြစ်နိုင်ပါ့မလား.. ဂျွန်ဆင်တို့မိသားစုကရော သူတို့နားချတဲ့အတိုင်းလက်ခံနိုင်ပါ့မလား.. ခရစ္စမတ်ရဲ့အနှစ်သာရကရော ဘာများဖြစ်မလဲဆိုတာကိုတော့.. ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

5.7 2023
Haul Out the Holly: Lit Up
Suicide Island
5.8

လူတွေက ရောဂါကပ်ဘေးတွေကိုသဘာဝကပ်ဘေးလို့ထင်ကြပေမယ့် တကယ်တော့ ဒီထူးဆန်းတဲ့ရောဂါပိုးတွေဟာ သိပ္ပံပညာရှင်တွေရဲ့သုတေသနတွေကနေဖြစ်လာတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ထူးဆန်းတဲ့ရောဂါပိုးကြောင့် ရုတ်တရက်မျိုးရိုးဗီဇပြောင်းသွားပြီ သာမန်လူထပ်အစွမ်းတွေပိုရှိသွားတဲ့ လူတစ်ယောက်အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။ သူဟာသူ့ကိုယ်သူပြန်လည်ကုသနိုင်စွမ်းရှိတဲ့အတွက် သေခါနီးသန်းကြွယ်သူဌေးကြီးတစ်ယောက်က သူ့ရောဂါကိုကုသဖို့အတွက် ဒီမျိုးရိုးဗီဇပြောင်းလူသားကိုရှာပြီး ဆေးဖော်ဖို့ကြိုးစားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာရိုက်ပြချင်တာတွေများပြီး အလယ်ပိုင်းမှာရှုပ်ထွေးပေမယ့် နောက်ဆုံးကျရင်တော့အားလုံးကိုရှင်းရှင်းလင်းလင်း ပြန်ချပြနိုင်တဲ့အတွက် မဆိုးလှတဲ့ဇာတ်လမ်းတစ်ခုလို့ပြောလို့ရပါတယ်။

5.8 2024
Suicide Island
Something in the Water
5.5

Something in The Water ကတော့ နာမည်အတိုင်း ရေထဲမှာရှိနေတဲ့အရာတစ်ခုခုဟာ ငါးမန်းဆိုတာကို ရုပ်ရှင်ကြည့်ပရိသတ်တွေရိပ်မိကြမှာပါ။ ၂၀၂၄ မေလ ၃ ရက်ကမှထွက်ရှိထားတဲ့ငါးမန်းရုပ်ရှင်သစ်က Mystery ၊ Thriller အမျိုးအစားဖြစ်ပြီး ပင်လယ်ထဲကို စွန့်စားခန်းထွက်မယ့်ဇာတ်ကောင်တွေက အမိုက်စား ကောင်မလေးငါးယောက်ဖြစ်တဲ့အတွက် ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ခုပါပဲ။ ဇာတ်လမ်းအကျဉ်း *************** မက်ဂ်၊ လစ်ဇီ၊ ကမ်၊ ရု့သ်နဲ့ကေလာတို့သူငယ်ချင်း ငါးယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျကျသိရှိထားကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ပါတယ်။ သူတို့ထဲက မက်ဂ်နဲ့ကေလာကတော့ တစ်ဘဝလုံးစာအထိရည်ရွယ်ထားကြတဲ့လိင်တူချစ်သူတွေ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ လစ်ဇီကို ကမ်ရဲ့အစ်ကို ဖြစ်တဲ့ဒွန်က လက်ထပ်ခွင့်တောင်းလိုက်တဲ့အတွက် မင်္ဂလာဆောင်ကို ကမ်းခြေမှာသွားလုပ်ဖို့စီစဉ်ခဲ့ကြပါ တော့တယ်။ လစ်ဇီရဲ့မင်္ဂလာဆောင်အတွက် ပြဿနာ တွေကြောင့်ခဏတာဝေးကွာနေတဲ့မက်ဂ်နဲ့ကေလာလည်း ကမ်းခြေကိုရောက်ရှိလာခဲ့ပါတယ်။ လစ်ဇီရဲ့မင်္ဂလာဆောင် မတိုင်မီတစ်ရက်မှာတော့ ကမ်က ဟိုတယ်ရဲ့လှေနဲ့အလည် အပတ်ခရီးကိုမလိုက်ဘဲ လှေငယ်လေးတစ်စီးနဲ့ပင်လယ်ထဲကို သူငယ်ချင်းငါးယောက်စွန့်စားခန်းထွက်ဖို့လုပ်ပါတော့တယ်။ ခရီးစဉ်ရဲ့တကယ့်ရည်ရွယ်ချက်က မက်ဂ်နဲ့ကေလာကို ပြန်တွဲအောင်လုပ်ပေးဖို့ဖြစ်တာကြောင့် ဝေးလံတဲ့နေရာက လူမရှိတဲ့ကျွန်းတစ်ခုအထိသွားခဲ့ကြပါတယ်။ အစောပိုင်းမှာ အဆင်ပြေနေခဲ့ပေမယ့် သူတို့ရောက်နေတဲ့ရေပိုင်နက်ဟာ ငါးမန်းတွေကျက်စားရာနေရာမှန်းသိလိုက်ရတဲ့အခါမှာတော့ သူငယ်ချင်းငါးယောက်ဟာ မင်္ဂလာပွဲအတွက် အိမ်ပြန်နိုင်ဦး မှာလားဆိုတာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…2.59GB/ 1.24GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024 86 mins
Something in the Water
The Son
7.5

ဒီဇာတ်ကားလေးကတော့ Drama,Mystery genre ပါ ဇာတ်လမ်းအကျဥ်းကတော့…….. အိုလီဗာဟာ ထောင်ကလွတ်လာတဲ့လူငယ်တွေအတွက်ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်းပညာရပ်သင်ကြားတဲ့စင်တာမှာ လက်သမားအတတ်ပညာကိုသင်ကြားပေးနေတဲ့သူတစ်ဦးပါ တစ်နေ့မှာ ဖရန်စစ်ဆိုတဲ့လူငယ်ကောင်လေးတစ်ယောက်ဟာ လက်သမားပညာကိုသင်ယူဖို့လျှောက်ထားခဲ့ပေမဲ့ အိုလီဗာကပယ်ချခဲ့ပါတယ် နောက်ပိုင်းမှာ အဲ့ကောင်လေးရဲ့နောက်ကို အိုလီဗာတစ်ယောက်နောက်ယောင်ခံလိုက်ပြီး ထိုကောင်လေးရဲ့ပြုမူလှုပ်ရှားမှုတွေအားလုံးကိုလေ့လာစောင့်ကြည့်ပါတယ် အဲ့ဒီနေ့မှာပဲ အိုလီဗာရဲ့ဇနီးဟောင်းဖြစ်သူက သူမနောက်အိမ်ထောင်ပြုတော့မှာဖြစ်ကြောင်းနဲ့ သူမမှာကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းလာပြောပါတယ် အဲ့ဒီအချိန်မှာ အိုလီဗာမှခံစားချက်ပြင်းထန်လာတဲ့ပုံနဲ့ “ဘာလို့ဒီနေ့ကျမှလာပြောရတာလဲ”ဆိုပြီး ပြောခဲ့ပါတယ် အဲ့နောက်မှာ ဖရန်စစ်ရဲ့နောက်ကိုဆက်ပြီးနောက်ယောင်ခံလိုက်ခဲ့ပြီးမှ စိတ်ပြောင်းသွားပြီး သူ့ကိုပညာသင်ပေးဖို့လက်ခံခဲ့ပါတယ် သူတို့နှစ်ယောက်ရဲ့ကြားမှာ ဘယ်လိုပက်သက်မှုရှိနေတာလဲ…… အဲ့ဒီအဖြေကိုသိရပြီးရင်ရော အိုလီဗာဘာဆက်လုပ်မှာလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ် File size…(4.7 GB)/(1.3 GB) Quality….Web-DL 1080p / 720p Format… mp4 Duration…. 01:43:00 Genre… Coming of Age, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

7.5 2002
The Son
The Thicket
6

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာထွက်ရှိခဲ့တဲ့ အမေရိကန်ကောင်းဘွိုင် ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ယနေ့ခေတ် အမေရိကန်မဖြစ်လာခင် ခေတ်ဟောင်းအမေရိကန်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝနေထိုင်မှုပုံစံတွေကို ရှုစားကြရမှာပါ။ ဂျက် နဲ့ လူလာတို့ မောင်နှစ်မနှစ်ယောက်က မိဘနှစ်ပါးဆုံးပါးသွားတဲ့အခါ အဘိုးဖြစ်သူခေါ်ရာနောက်လိုက်ရင်းနဲ့ ခရီးရှည်ကြီး စ ထွက်ခဲ့ပါတယ်။ လမ်းမှာ ဓားပြဗိုလ်ဖြစ်သူ ဘေလ်လီ က ညီမငယ်လေး လူလာ ကို မျက်စိကျ သွားရာကနေ ဖမ်းခေါ်သွားတဲ့အခါ မောင်နှစ်မနှစ်ယောက် တကွဲတပြားစီ ဖြစ်သွားပါတော့တယ်။ ညီမလေးကို ချစ်ရှာတဲ့ ဂျက် က ဓားပြတွေနောက်ကိုလိုက်ဖို့ ပြင်ရပါတော့တယ်။ ဂျက် နဲ့ လူလာတို့ လမ်းခရီးမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ တိုက်ခိုက်ကြတဲ့ အက်ရှင်ခန်းတွေနဲ့ ငေးမောဖွယ်ရာသဘာဝရှုခင်းတွေကို ခံစားကြည့်ရှုကြရမှာပါ။ ဒီဇာတ်ကားလေးမှာတော့ ခေတ်ဟောင်းအမေရိကန်ရဲ့ ကောင်းဘွိုင်တွေ၊ လူနေမှုဘဝတွေအပြင် ကျယ်ပြန့်တဲ့လွင်ပြင်ကျယ်ကြီးတွေ တောတောင်သဘာဝ ရှုခင်းတွေကို ပေါ်လွင်အောင် နောက်ခံထားပြီးရိုက်ကူးထားတာကြောင့် ကောင်းဘွိုင် ရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ။ File size…1.71GB / 658MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 48m Genre ….. Crime , Drama , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Animation • Comedy • Family
6 2024 108 mins
The Thicket
Strange Memories
5.6

ဒီနေ့မှာတော့ အရင်ဘဝအဆက်ဆက်က ချစ်သူကို မှတ်မိနေတဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဟုတ်ပါတယ် လုံသခင်လေးဆိုသူက သူအရင် ၄ ဘဝဆက်တိုက် မညားဘဲ သေကွဲကွဲတဲ့ သူ့ချစ်သူလေးကို ဒီ၂၁ ရာစု အချိန်အထိမှတ်မိနေတာပေါ့… တိုက်တိုက်ဆိုင်ဆိုင် ဒီကောင်မလေးနဲ့ ဘတ်စ်ကားပေါ်မှာ ဆုံချိန်မှာတော့ ၄ ဘဝလုံးအကြောင်းအသေးစိတ်မှတ်မိနေခဲ့တယ်… ဒါပေမယ့်တစ်ဖက်က မမှတ်မိတော့ နှာဘူးကောင်အရူးအဖြစ်နဲ့ ဘတ်စ်ကားပေါ်က နှင်ချခံလိုက်ရတာပေါ့… တစ်ချိန်တည်းမှာပဲ သူအလုပ်လျှောက်တော့ အဲ့ ဘဝအဆက်ဆက်က ချစ်သူလေးကို ပြန်မြင်ပြန်တယ်…. တိုက်တိုက်ဆိုင်ဆိုင် ရုပ်ချင်းခွဲမရအောင်တူတဲ့ သနားစရာ အိမ်နီးချင်းကောင်မလေးပါ ထပ်ပေါ်လာပြန်တယ်… ဘယ်သူက သူ့ဘဝအဆက်ဆက်က ချစ်သူလေးလဲ… သူတို့ ၂ ယောက်က တစ်ယောက်တည်းလား … နောက်ပြီး သူတို့ ၂ ယောက်က ဘာလို့ ကွဲသွားတာလဲ… ဘာတွေဖြစ်ဦးမှာလဲဆိုတာ ဇာတ်ကားလေး ကြည့်လိုက်ကြရအောင်နော်

Drama • History
5.6 2025
Strange Memories
Take My Hand

ဒီတစ်ခေါက်တော့ 2024 တုန်းက ထွက်ရှိခဲ့တဲ့ Romance/Drama ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ ဒါရိုက်တာ John Raftopoulous ဟာ သူနဲ့ သူ့ဇနီး Claire Jensz တို့ရဲ့ လက်တွေ့ဘဝ အချစ်ဇာတ်လမ်းကို အခြေပြုပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အလုပ်အကိုင်အရရော ၊ ငွေကြေးပိုင်းမှာရော အောင်မြင်မှုထိပ်ဆုံးကို ရောက်နေတဲ့ လော်ရာ ဆိုတဲ့ ကလေးသုံးယောက်အမေ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဟာ သူ(မ)မှာ MS ရောဂါ ( ဦးနှောက်နဲ့ ပင်မအာရုံကြောစနစ်ကို ထိခိုက်စေသော ရောဂါတစ်မျိုး ) ရှိနေတာကို သိလိုက်ရတဲ့နောက် အလုပ်ထွက်လိုက်ရပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့ယောက်ျားကပါ ရုတ်တရက် အက်ဆီးဒင့်ဖြစ်ပြီး သေဆုံးသွားတဲ့အခါ သူ(မ)ရဲ့ မိဘတွေရှိတဲ့ မွေးရပ်မြေ ဩစတြေးလျကို သားသုံးယောက်နဲ့အတူ ပြောင်းရွေ့လာခဲ့ရပါတော့တယ်။ လော်ရာတစ်ယောက် ဩစတြေးလျမှာ သူ(မ)ရဲ့ အထက်တန်းကျောင်းတုန်းက အချစ်ဦးနဲ့ အမှတ်မထင် ပြန်လည်တွေ့ဆုံခဲ့ပြီး ချစ်ခြင်းမေတ္တာမှာ မျှော်လင့်ချက်အသစ်တွေ ရရှိလာရင်း MS ရောဂါကို ရင်ဆိုင်ခဲ့ပုံကို ရိုက်ကူးပြထားပါတယ်။ File size… (1.8 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by OliveLyu

Comedy • Romance
0 2024
Take My Hand