YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Pocahontas.2.Journey.to.the.New.World.1998.720p.Blu-Ray.mp4

600.87 MB 720p video/mp4 97 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Where the Crawdads Sing
7.6

Delia Owens ရဲ့ ၂၀၁၉မှာထွက်ခဲ့ပြီး The New York Times Fiction Best Sellers ဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ စာအုပ်ကလည်း နာမည်ကြီးသလို ဇာတ်ကားကလည်း တော်တော်လေးကောင်းတဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကတော့ စီးရီးတွေနဲ့ နာမည်စရလာပြီး ဒီနှစ်ထဲ FRESH နဲ့ Where the Crawdads Sing လိုကားကောင်းတွေရိုက်ထားတဲ့၊ ဆုတွေတစ်သီတစ်သန်းကြီးရရနေတဲ့ Daisy Edgar-Jones ပါ။ ရုပ်လည်းလှသလို သရုပ်ဆောင်လည်းကောင်းပါတယ်။ နောက် ဒီကားထဲက သူ့ရှေ့နေနေရာမှာ‌တော့ လင်ကွန်းကားထဲ အမေရိကန်ပြည်ထောင်စုအထွေထွေအတွင်းရေးမှူးနေရာက သရုပ်ဆောင်ခဲ့တဲ့ David Strathairn ပါပါတယ်။ စိမ့်တောကြီးရှိတဲ့ မြို့လေးတစ်မြို့ရှိတယ်။ အဲဒီစိမ့်တောမှာ မိသားစုနည်းနည်းပါးပါးနေကြတယ်။ နောက်ကျ အဲဒီစိမ့်တောက မိသားစုတွေအကုန်ပြောင်းသွားကြပြီး ကောင်မလေးတစ်ယောက်နဲ့ သူ့အဖေပဲကျန်ခဲ့တယ်။ ကလေးမလေးက မြို့ပေါ်ကျောင်းသွားတက်ကြည့်တယ်။ ဒါပေမဲ့ မြို့ကကလေးတွေက သူ့ကို ဗွက်တောထဲနေတဲ့ဟာမဆိုပြီး နှိမ်ကြတော့ ကျောင်းကနေထွက်ပြေးလာခဲ့တယ်။ စာလည်းမရေးတတ် စာလည်းမဖတ်တတ်ခဲ့ဘူး။ နောက်ကျ သူ့အဖေပါ ထွက်သွားတယ်။ ကောင်မလေး တစ်ယောက်တည်း ယောက်သွားတွေတူး ရောင်းစားရင်း ရှင်သန်ခဲ့ရတယ်။ ဆင်းရဲလွန်းတဲ့သူဆိုတော့ တစ်မြို့လုံးကလည်း သူ့ကိုအကောင်းမမြင်ကြဘူး။ ဒီလိုနဲ့ ကောင်မလေးအရွယ်ရောက်လာတယ်။ စိမ့်တောတစ်နေရာက မျှော်စင်မှာ လူတစ်ယောက်သေနေတော့ ရဲတွေကစုံစမ်းကြတယ်။ တစ်မြို့လုံးက ကောင်မလေးကို မကောင်းမြင်ပြီး သူပဲလို့စွပ်စွဲကြတယ်။ သက်သေကလည်း သက်သေဖျောက်ဖျက်ထားတဲ့ သက်သေပဲရှိနေတာမို့ သေသွားတဲ့သူနဲ့ ကောင်မလေးကလည်း ပတ်သက်ဖူးသလို တခြားအချက်လေးတွေလည်းရှိတာမို့ ကောင်မလေးကိုဖမ်းလိုက်ကြတယ်။ တစ်မြို့လုံးမှာမှ သူ့အပေါ်ကောင်းတဲ့ လူလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့အဘိုးကြီးက သူ့အတွက်ရှေ့နေလိုက်ပေးတယ်။ ဒီဇာတ်လမ်းကျောရိုးကိုမှ သူက လက်ရှိအမှုစစ်နေတာနဲ့ ကောင်မလေးအတိတ်ကို တစ်ကျော့စီကျော့ပြီး ပြသွားတယ်။ မပျင်းအောင်ပြနိုင်တယ်ပြောရမှာပဲ။ စာအုပ်ကိုရိုက်တာဆိုတော့ စာအုပ်မှာ နိမိတ်ပုံတွေမနည်းဘူးလို့သိရသလို သူ့ narrative တွေကလည်း နိမိတ်ပုံဆန်တယ်။ ဒီ Narrative တွေကြောင့်လည်း ဒီဇာတ်လမ်းက နည်းနည်းပိုကဗျာဆန်သွားပြီး ပိုလည်းဆွဲဆောင်မှုရှိသွားတယ် ပြောရမယ်။ တစ်ချို့အဖြစ်တွေဆို ကျွန်တော်တို့ကို သူရဲ့နိမိတ်ပုံဆန်ဆန် သွယ်ဝိုက်ပြောထားတဲ့ narrative မှာပဲ အဖြေထည့်ပေးထားတယ်။ နောက် သူ့ဇာတ်က ခုနဇာတ်ကိုမှ စာအုပ်ကပဲဖြစ်နေတာလား။ ဒါရိုက်တာပဲ လက်စွမ်းပြလိုက်လားတော့မသိဘူး။ တရားရင်ဆိုင်တဲ့အခန်းဆို လုံးဝ 12 Angry Men vibe အစစ်ကြီး။ အဆုံး narrative တွေမှာ Atonement vibe က ကောက်ထည့်လိုက်သေး။ အဲဒီလိုထည့်လိုက်လို့လည်း သူ့ဇာတ်လမ်းက ပိုကြွသွားတယ်လို့တော့ပြောလို့ရပါတယ်။ ရုပ်ပေါက်အောင်ကြီးမဟုတ်ဘဲ လိုက်ဖက်ရုံလေးထည့်သွားတာပါ။ Emotional လည်းဖြစ်လို လူ့သဘာဝလည်းပေါ်တယ်ပြောရမှာပဲ။ သို့တိုင်အောင်ပဲ ဒါတွေကလိုတော့မလိုလှဘူး။ Thriller, Mystery အမျိုးအစားဆိုတော့ အဲဒီ၂ခုအရသာတော့ တော်တော်လေးရတဲ့အတွက် သူ့တာဝန်ကျေပြီမလား။ အခက်ခဲဆုံးဘဝတစ်ခုအကြောင်းပြသွားတဲ့အတွက် ဒရာမာလည်းတော်တော်ဆန်ပါတယ်။ ကောင်မလေးအဖေရဲ့ တစ်ချို့အခန်းတွေဆို အိမ်ကိုပါ ပြန်‌ပြေးမြင်မိသွားတဲ့အထိ အားနေပြဿနာပဲတက်နေတဲ့မိသားစုတွေကို ထင်ဟပ်မိစေပါတယ်။ ဒီဘဝကနေ သူ့ကားနာမည် ကျောက်ပုစွန်တွေ သီချင်းဆိုနေကြတဲ့နေရာ... ဆိုသလို ဒီအောက်ဆုံးဘဝငရဲက ကောင်မလေးအတွက် မဖြစ်နိုင်ခြင်းတွေ ဖြစ်နိုင်တဲ့နေရာ ရောက်မရောက်ကို ရင်တဖိုဖိုနဲ့ ကြည့်ရအောင်လုပ်နိုင်စွမ်းရှိတဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က နာမည်ကျော်စာအုပ်ကို ရိုက်ထားတာတင်မဟုတ်ဘဲ နာမည်ကျော်အဆိုတော် တေလာဆွစ်ကပါ Carolina ဆိုတဲ့သီချင်းကို ဒီကားအတွက် သီးသန့်ရေးပေးထားတယ်။ အမေရိကန်က တောသူမလေးက တောသူမလေးအကြောင်း သီချင်းကို လိုလိုလားလားရေးပေး ဆိုပေးထားတာပါ။ စာအုပ်ဖတ်ပြီး သိပ်ကြိုက်လို့ ဇာတ်ကားရိုက်မယ်ကြားတော့ ရေးပေးလိုက်တာပါတဲ့။ ဇာတ်ကတော့ အပျင်းပြေကြည့်လည်း ပြေ၊ ထိုင်ဖီးလ်ချင်လည်း ပြေ၊ Mainstream ကားပေမဲ့ Art Film မကျတကျလေးလည်း ဖြစ်နေတော့ ဘယ်လိုပရိသတ်အတွက်မဆို အဆင်ပြေမယ့် ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.3GB, 745MB Quality - 1080p, 720p, 480p IMDb Rating - 7.1/10 Format - mp4 Duration - 2H 5Min Genre - Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.6 2022 125 mins
Where the Crawdads Sing
Meeting Evil
5.2

မင်းသား Luke Wilson နဲ့ ကျွန်တော်တို့ မာသာဖပ်ကာကြီး Samuel L Jackson ဦးဆောင်ထားတဲ့ ထိတ်လန့်သည်းဖိုဖွယ် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိမ်ထောင်သည် ကလေးနှစ်ယောက်ရှိ အိမ်ခြံမြေပွဲစား ဂျွန်တစ်ယောက် အိမ်တွေလည်းမရောင်းရ ပိုက်ဆံတွေလည်းအကုန်ဆုံး အလုပ်ထုတ်ခံလာရပြီး သူ့မွေးနေ့ကို စိတ်ပျက်လက်ပျက် ပြန်လာပါတယ်၊ မိန်းမဖြစ်သူနဲ့လည်း စကားများပေါ့။ ပြီးတော့ မိန်းမက ကလေးတွေခေါ်ထွက်သွားတဲ့အချိန် တံခါးခေါက်လို့ ဖွင့်ပေးလိုက်တော့ ရစ်ချီဆိုတဲ့လူတစ်ယောက်က သူ့ကားပျက်နေလို့ဆိုပြီး ခဏလောက် တွန်းပေးဖို့ ကူညီခိုင်းပါတယ်။ အဲဒါနဲ့ ဂျွန်တစ်ယောက် ကူညီပေးတဲ့အချိန် အိပ်ဇောပေါက်ပြီး ခြေထောက်ထိသွားပါတော့တယ်။ ဒီတော့ ရစ်ချီကလည်း သူ့ကြောင့် ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူး ဆေးရုံလိုက်ပို့ပေးမယ်ဆိုပြီး ဂျွန်ငြင်းနေတဲ့ကြားက မရရအောင် ကားပေါ်တင်ပြီး ဆေးရုံလိုက်ပို့မယ်လုပ်ပါတယ်။ အဲဒီမှာပဲ ဂျွန့်ရဲ့ကံကြမ္မာဟာ အစကတည်းက ဆိုးနေရတဲ့ထဲ မြေနိမ့်သူကို လှံစိုက်သလို ဖြစ်လာရတော့တယ်။ ဂျွန်တစ်ယောက် ရစ်ချီဆိုတဲ့လူနဲ့ သွားလာရင်း ဘာထူးဆန်းတာတွေ ကြုံရမလဲ၊ ဘာလို့ သူ့ဆီကို ဒီရစ်ချီဆိုတာ ရောက်လာရတာလဲ၊ သူ့ဆီက ဘာလိုချင်နေတာလဲ စသဖြင့် လှည့်ကွက်တွေနဲ့ လူသတ်မှုတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဂျွန်တစ်ယောက် သူ့မိသားစုကို ဘယ်လိုကယ်တင်မလဲဆိုပြီး စိတ်လှုပ်ရှားရတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းရဲ့ရှေ့ဆုံးခန်းလေးကိုလည်း သေချာအာရုံစိုက်ပေးဖို့ အကြံပေးချင်တယ် မဟုတ်ရင် ခင်ဗျားတို့ သေချာပေါက် ပြန်ကြည့်ရလိမ့်မယ်...။ မာသာဖပ်ကာကြီးကတော့ သူ့အကျင့်အတိုင်း ဒီကားထဲမှာလည်း ၂ ခါတိတိ မာသာဖပ်ကာလို့ ဆဲသွားပါသေးတယ်ဗျ။ File size…1.78GB / 801.7MB Quality…Blu-Ray 1080p / 720P Format…mp4 Duration….1h 29m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Adventure • Fantasy
5.2 2012 89 mins
Meeting Evil
Love at First Kiss
6.2

Love at First Kiss (2023) ဘဝမှာ supernatural ability တစ်ခုသာ ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် အနာဂတ်ကိုကြိုမြင် ကြိုသိနေချင်ပါတယ်ဆိုတဲ့လူတွေ ရှိနေမှာပါ။ ဒါပေမဲ့ တကယ်တမ်းအားလုံးကိုကြိုသိနေရခြင်းက တကယ်ပဲကောင်းတာဟုတ်ရဲ့လား။ ဇာတ်သိမ်း Spoil မိသွားတဲ့ ရုပ်ရှင်တစ်ခုတောင် ကြည့်ရတာအရသာပျက်သွားပြီဆိုရင် ဇာတ်သိမ်းကိုကြိုမြင်နေရတဲ့ ဘဝတစ်ခုကရော..... မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းတစ်ပွင့်ခြွေဖူးရုံနဲ့တင် ဒီမိန်းကလေးနဲ့သူရဲ့ အချစ်ဇာတ်လမ်းကို မြင်နိုင်တဲ့ထူးခြားတဲ့အစွမ်းကို ပိုင်ဆိုင်ထားတဲ့ဟာဗီယာ၊ အနာဂတ်ရှေ့ရေးကို အမြဲကြိုမြင်နေတဲ့ဟာဗီတစ်ယောက် အဆင်မပြေနိုင်မှန်းသိနေတဲ့ RS တွေကို ဘာမပြောညာမပြောနဲ့ သစ်စိမ်းချိုးချိုးလေ့ရှိပါတယ်။ ဒီတော့ ဟာဗီကိုယ်တိုင်လည်း Commitment ဆိုတာကို ကြောက်လာသလို မိန်းကလေးတွေကြားမှာလည်း လူရှုပ်လူပွေအဖြစ် နာမည်ဆိုးထွက်သူတစ်ယောက် ဖြစ်လာတော့တာပေါ့။ ဘယ်မိန်းကလေးနဲ့နမ်းနမ်း သာယာတဲ့အနာဂတ်ကိုမမြင်ရလို့ စိတ်ပျက်နေတဲ့အပြင် အလုပ်ကပါအဆင်မပြေလို့ အရှုံးပေါ်နေပြန်လို့ အနုတ်ပြနေတဲ့ဟာဗီရဲ့ဘဝထဲကို အနမ်း ၂ ပွင့်နဲ့အတူ ဝင်ရောက်လာခဲ့တဲ့ မိန်းကလေး ၂ ယောက်၊ အဲဒီထဲကတစ်ယောက်တော့ ဟာဗီရဲ့အချစ်ဆုံးသူငယ်ချင်းရောဘတ်တိုရဲ့ချစ်သူဖြစ်တဲ့ လူစီယာနဲ့ နောက်တစ်ယောက်ကတော့ အမြဲတမ်းခံစားချက်တွေကို သိမ်းထားတတ်တဲ့ဟာဗီကို ရင်ဖွင့်လာအောင်လုပ်နိုင်ခဲ့တဲ့ လွတ်လပ်ပြီးပျော်ပျော်နေရတာကြိုက်တဲ့အေရီယာနာ။ ဘယ်တစ်ယောက်နဲ့ ဘယ်လိုအနာဂတ်တွေကို ဟာဗီမြင်လိုက်ပြီးတော့ သူရွေးမဲ့လူက ဘယ်သူဖြစ်မလဲဆိုတာ အားလုံးအ‌တူ ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.1GB | 578MB | 287MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... August

Action & Adventure • Drama • Sci-Fi & Fantasy
6.2 2023 96 mins
Love at First Kiss
Better Man
6

အိမ်ထောင်တစ်ခုမှာ မိန်းမသားတွေဟာ အိမ်မှုကိစ္စလုပ် ၊ အမျိုးသားတွေကိုပြုစု ၊ ကလေးမွေး / ကလေးထိန်း ဖို့ပဲတာဝန်ရှိပြီး တစ်ခြားအလုပ်တွေလဲလုပ်စရာမလို လူမှုနယ်ပယ်ကိုလဲ ဝန်ဆံ့စရာမလိုဘူးဟု ထင်မှတ်ထားသူ စာရေးဆရာ – ဟူထျယ်နမ် ဒီလို အတွေးမျိုးကို ပုံသေတစ်ခုအဖြစ်မှတ်ထားတဲ့ ဟူထျယ်နမ်ဟာ သူအပြင်မှာ ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ပေး မိသားစုအတွက် ငွေရှာပေးနေတာနဲ့တင် သူ့ရဲ့ ခင်ပွန်းဝတ္ထရား ကျေပွန်ပြီဟု ထင်မှတ်နေသူပါ ။ ဇနီးဖြစ်သူကိုလဲ အလုပ်လုပ်မခိုင်းသလို လူမှုနယ်ပယ်မှာလဲ ဝန်ဆံ့ဖို့ ပိတ်ပင်ထားပါတယ် ။ တစ်နေ့မှာတော့ ဟူထျယ်နမ် တစ်ယောက် အလုပ်သွားဖို့ ဓာတ်လှေကား စီးနေစဥ်အတွင်းမှာ မတော်တဆ ဖြစ်ကာ သူလက်ရှိနေနေတဲ့ လောကကြီးနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နေရာဆီကို ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့ပါတော့တယ် ။ အဲ့ဒီလောကမှာရှိတဲ့ မိန်းမသားတွေက အိမ်ထောင်ကိုဦးစီးပြီး ယောကျာ်းတွေက အိမ်မှုကိစ္စ အဖြာဖြာလုပ်ပြီး ကလေးမွေး ၊ ကလေးထိန်းအစရှိတဲ့ အလုပ်တွေကို လုပ်နေကြရပါတယ် ။ အစပိုင်းမှာ ဟူထျယ်နမ်တစ်ယောက် လက်မခံပဲ ဆက်ဆက်ထိမခံ ဆန့်ကျင်ခဲ့ပေမဲ့ မရခဲ့ချေပါဘူး ။ သူကိုယ်တိုင် မိန်းမသားတွေ လုပ်ကိုင်ကြရတဲ့ အရာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံလာရတဲ့အခါမှာ ….? ဟူထျယ်နမ်တစ်ယောက် နောင်တရပြီး အမြင်မှန် ပြန်ရသွားမလား ။ မ်ိန်းမအပေါ်ကို နားလည်ပေးပြီး အရာရာကို ပြောင်းလဲ ပြင်ဆင်သွားမလား ။ သူအမြင်မှန် ရသွားတဲ့ အချိန်မှာရော အရာအားလုံးက ပြင်ဆင်ဖို့ အချိန်မှီသေးပါ့မလား ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်ရှင် ။ ဒီကားလေးကိုကြည့်ပြီးသွားရင်တော့ မိန်းမသားတွေကို အိမ်မှုကိစ္စတစ်ခုထဲ လုပ်ဖို့မသတ်မှတ်ထားသင့်ကြောင်း ၊ ယောကျာ်းတွေအနေနဲ့လဲ အလုပ်နဲ့ မိသားစုအရေးမှာ မျှမျှတတ အချိန်ပေးသင့်ကြောင်း အစရှိတာတွေကို သေချာနားလည်စေမှာ အမှန်ပါပဲ ။

6 2023
Better Man
The Great Indian Suicide
7.1

The Great India Suicide (2023) ========================= ဒီဇာတ်လမ်းကတော့ ၂၀၂၁ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မိဘတွေကိုယ်တိုင်က ကိုယ့်သွေးသားအရင်းအချာတွေကိုသတ်ပစ်ခဲ့တဲ့ မဒန်နပယ်လ်လီ အမွှာ လူသတ်မှုကို အခြေခံပြီးတော့ ရိုက်ကူးထားတဲ့ IMDb 7.1/10 ရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ဟဲမာန်သာဆိုတဲ့ကောင်လေးဟာ ပိုက်ဆံရှာနိုင်ဖို့အတွက် ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ သူဖွင့်ထားတဲ့ကော်ဖီဆိုင်လေးကို ကွတ်ကီးရောင်းဖို့ လာစပ်တဲ့ ကောင်မလေးချယ်တရာနဲ့ တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာတော့ ကောင်လေးဟာ ကောင်မလေးရဲ့ အတွေးအခေါ်တွေကို သဘောကျရင်းကနေမှ ချစ်မိသွားခဲ့ပါတယ်။ သူ့အချစ်တွေကို ဖွင့်ပြောလိုက်တဲ့နောက်ပိုင်းမှာတော့ ကောင်မလေးဟာ ကောင်လေးကို ချစ်ရက်နဲ့ သူ့ရဲ့မိသားစုကိစ္စရေးရာကြောင့် ကောင်လေးအချစ်ကို ချက်ချင်းလက်မခံခဲ့ပေမဲ့လို့ ကောင်လေးကိုချစ်မိသွားတဲ့အတွက်နဲ့ သူ့ရဲ့ မိသားစုကိစ္စတွေကို ကောင်လေးကို ထုတ်ဖော်ပြောခဲ့ပါတယ်။ အဲဒီကိစ္စကတော့ ချယ်တရာရဲ့ ကျေးဇူးရှင်ဦးလေးဖြစ်သူဟာ လွန်ခဲ့တဲ့နှစ်နှစ်က ကားမီးလောင်ရာကနေ သေဆုံးသွားခဲ့ရပါတယ်။ ချယ်တရာဟာ သူ့ရဲ့ ကျေးဇူးရှင်တဖြစ် ဦးလေးဖြစ်တဲ့သူရဲ့ သေဆုံးမှုအတွက် ယူကြုံးမရဖြစ်ခဲ့ရပြီးတော့ ဦးလေးအတွက် လုပ်ပေးနိုင်မယ့်အကောင်းဆုံးနည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ နောက်ဆုံးတွေ့ရှိခဲ့တဲ့ နည်းလမ်းအရ ဦးလေးဖြစ်သူကို ပြန်လည်ရှင်သန်လာနိုင်ဖို့အတွက် သူတို့တစ်မိသားစုလုံးရဲ့ အသက်ကိုစတေးပြီးတော့ ဦးလေးအတွက် ဆုတောင်းမှုလုပ်မယ့်နည်းလမ်းပါ။ ဒီနည်းလမ်းအတိုင်းလုပ်မယ်ဆိုရင် ဦးလေးဖြစ်သူလည်း အသက်ပြန်ရှင်လာပြီး သူတို့မိသားစုလည်း သေဆုံးခြင်းကို အံ့တုလို့ ပြန်ရှင်လာကြမယ်လို့ ထင်နေပါတယ်။ ဒီလိုအကြောင်းတွေကိုကြားပြီးတဲ့နောက်ပိုင်းမှာ ဟဲမာန်သာဟာ သူချစ်တဲ့ချယ်တရာကို မဆုံးရှုံးချင်တဲ့အတွက်ကြောင့်နဲ့ တတ်သိနားလည်တဲ့သူတွေနဲ့ ဆွေးနွေးတိုင်ပင်ရင်း ချယ်တရာ့ကို တားနိုင်ပါ့မလား …….. ချယ်တရာကရော ဒီအသက်တွေစတေးတဲ့ကိစ္စကို ဖြစ်မြောက်အောင်လုပ်နိုင်သွားမလား …….. လုပ်နိုင်ခဲ့တယ်ဆိုရင်ရော သူတို့မှန်းထားသလိုမျိုး ဦးလေးဖြစ်သူကို ပြန်ပြီးအသက်သွင်းပေးနိုင်မလား …….ဆိုတဲ့ အကြောင်းတွေကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~Dee~Alex~Sai တို့ပဲဖြစ်ပါတယ်) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

7.1 2023
The Great Indian Suicide
The Order

အရင်ခေတ်က ဗန်ဒိန်းဆိုရင် မသိသူ မရှိသလောက်ကို နာမည်ကြီးခဲ့ပါတယ်။ ကိုယ်တွေ ကလေးဘဝက သူ့ကားတွေဆို နားလည်လည်၊ မလည်လည် ကြည့်ခဲ့ကြတာပဲ။ အက်ရှင်ခန်းတွေဆို တမေ့တမောကို ကြည့်ခဲ့ကြရတာ။ ဒီလို ငယ်ငယ်က ဘဝကို ပြန်သတိရချင်တဲ့သူတွေအတွက် ဗန်ဒိန်းရဲ့ အက်ရှင်ဆန်ဆန်၊ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန် ဇာတ်ကားတစ်ကားကို တင်ပြပေးလိုက်ပါတယ်။ ဒီကားက ၂၀၀၁ ခုနှစ်က ထွက်ခဲ့ပြီး ဗန်ဒိန်းကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး Sheldon Lettich က ရိုက်ခဲ့တဲ့ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူဒီတစ်ဖြစ်လည်း ဗန်ဒိန်းက ရှေးဟောင်းပစ္စည်းတွေကို ခိုးယူပြီး မှောင်ခိုရောင်းရင်း စီးပွားရေး လုပ်နေတဲ့သူပါ။ သူ့အဖေဖြစ်သူကတော့ သူနဲ့ ဆန့်ကျင်စွာပဲ ရှေးဟောင်းသုတေသီတစ်ဦး ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ခရစ်ယာန်ဘာသာကနေ ကွဲထွက်လာတဲ့ ဂိုဏ်းတစ်ဂိုဏ်းက သူ့အဖေကို ပြန်ပေးဆွဲသွားပါတယ်။ ဒီဂိုဏ်းက အပြင်လူတွေကို ဝင်ခွင့်မပေးသလို ပေးတောင် မသိတဲ့ ဂိုဏ်းပါ။ သူ့အဖေကို ပြန်လိုက်ကယ်ဖို့နဲ့ လျှို့ဝှက်ဆန်းကျယ်တာတွေကို ဘယ်လိုအက်ရှင်တွေနဲ့ ခပ်မိုက်မိုက် တင်ဆက်သွားမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။ File size… 1.4 GB / 954 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by El’MoH

Comedy • Animation
0 2001
The Order
Monica and Friends: Bonds
7.1

တစ်ခါတစ်လေမှာ ကလေးတွေဟာ လူကြီးတွေနဲ့ တွေးခေါ်ပုံချင်း အတော်လေးကွာခြားတတ်ပါတယ်။ လူကြီးတွေတန်ဖိုးထားတတ်တဲ့ ရွှေ၊ ငွေ၊ အသုံးအဆောင်ပစ္စည်း၊ တန်ဖိုးကြီးအရာတွေဟာ သူတို့အတွက် ဘာမှအသုံးမဝင်သလိုဖြစ်နေတတ်ပေမယ့် သာမန်စာရွက်လေးတစ်ရွက်၊ အရုပ်ကလေးတစ်ရုပ်၊ တိရစ္ဆာန်ကလေးတစ်ကောင်၊ အသေးအဖွဲလေးတစ်ခုဟာ သူတို့အတွက် အပျောက်ရှမခံနိုင်လောက်အောင် အဖိုးတန်နေ၊ အဓိပ္ပါယ်ရှိနေတတ်ပြန်ပါတယ်။ ဒါဟာ ကလေးအများစုမှာရှိတတ်တဲ့ ယေဘုယျစိတ်အလုပ်လုပ်ပုံ psychology ဖြစ်ပါတယ်။ အဲ့သဘောတရားနဲ့ ဆက်စပ်နေတဲ့ ၂၀၁၉ ခုနှစ်ထွက် ဘရာဇီး family adventure ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကို ၂၀၁၉ ခုနှစ် ဟောလိဝုဒ်ဘရာဇီးရုပ်ရှင်ပွဲတော်ကာလမှာ စတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ Daniel Rezende ကရိုက်ကူးထားပြီး ကလေးသရုပ်ဆောင် Giulia Benite၊ Kevin Vechaitto၊ Laura Rauseo၊ Gabriel Moreira တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး Mauricio de Sousa ရဲ့ Monica’s Gang ကိုအခြေခံရိုက်ကူးထားတဲ့ ပေါ်တူဂီစကားပြောဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘရာဇီးမြို့ငယ်လေးတစ်မြို့က လမ်းတစ်လမ်းမှာ ဂျင်မီဖိုက်၊ စမတ်၊ မိုနီကာနဲ့ မဂ္ဂီတို့ဟာ မတည့်အတူနေ သူငယ်ချင်းလေးယောက်ပါ။ မိုနီကာဟာ မိန်းကလေးဆိုပေမယ့် စွာတေးလန်လေးဖြစ်နေလို့ တစ်လမ်းလုံးရဲ့ လမ်းဗိုလ်လိုဖြစ်နေသူလေးပါ။ ဂျင်မီဖိုက်ကတော့ မိုနီကာ့နေရာကိုယူချင်နေတဲ့ အကြံဉာဏ်ထုတ်တတ်တဲ့ ကောင်လေးပါ။ အဲ့လိုတစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်နေကြရင်းနဲ့ တစ်နေ့မှာ ဂျင်မီဖိုက်မွေးထားတဲ့ ခွေးလေးဟာ ထူးဆန်းစွာနဲ့ ပျောက်ချင်းမလှပျောက်သွားပါတယ်။ အဲ့အခါမှာ ပိုင်ရှင်ဖြစ်သူဂျင်မီဖိုက်တစ်ယောက် မစားနိုင်၊ မအိပ်နိုင် ကြေကွဲနေချိန်မှာ မတည့်အတူနေ ကျန်သူငယ်ချင်းတွေက လာရောက်အားပေးစကားပြောပြီး ခွေးလေးကိုလိုက်ရှာကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မြို့အနီးအနားဝန်းကျင်မှာ သတင်းစုံစမ်းရင်း လူတစ်ယောက်က ခေါ်သွားကြောင်းစုံစမ်းမိတဲ့အခါမိမိတို့အိမ်က လူကြီးတွေမသိအောင် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး လေးယောက်သား ခွေးရှာပုံတော်ဖွင့်ထွက်ခဲ့ကြပါတော့တယ်။ သူတို့ခွေးလေးကို လွယ်လွယ်ကူကူပဲ ပြန်တွေ့မလား၊ ဘယ်လိုအခက်အခဲတွေ ဖြတ်ကျော်ပြီးမှ ပြန်တွေ့မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ဒီဇာတ်ကားလေးဟာ ပေါ့ပေါ့ပါးပါးမိသားစုဇာတ်ကားလေးဆိုပေမယ့် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေ၊ အထူးသဖြင့် ကလေးသရုပ်ဆောင် လေးယောက်ရဲ့ သရုပ်ဆောင်ချက်ကို အတော်လေးသဘောကျမိပါတယ်။ ဇာတ်ကားတစ်ကားလုံးနီးပါးကို သူတို့လေးယောက်ရဲ့ ဟန်ချက်ညီညီ၊ အပေးအယူမျှမျှ ဟာကွက်မရှိသရုပ်ဆောင်သွားချက်ဟာ ဇာတ်ကားတစ်ကားလုံးကို ပျင်းမသွားရအောင် ထိန်းထားပေးသလို ဇာတ်ကားတစ်ကားလုံးရဲ့ အသက်လို့လည်း ပြောလို့ရပါတယ်။ တခြား အထူးပြုလုပ်ချက်တွေ၊ CGI၊ VFX effects တွေ မွှနေအောင်သုံးမထားပေမယ့် ကောင်းမွန်တဲ့ setting၊ ပါဝင်တဲ့ဇာတ်ဆောင်တွေရဲ့ အပေးအယူမျှတဲ့သရုပ်ဆောင်ချက်၊ ဇာတ်အိမ်ရဲ့ အချိတ်အဆက်မိ ထောင့်စေ့မှုတွေကိုကြည့်ယုံနဲ့ ဘရာဇီးဇာတ်ကားတွေဟာ ရုပ်ရှင်အဆင့်အတန်းတစ်ခုမှာရှိမှန်း တန်းသိနိုင်ပါတယ်။ လူနဲ့ တိရစ္ဆာန်ကြားက ချည်နှောင်မိတဲ့သံယောဇဥ်အကြောင်းကို adventure ရသလေးရောစွက်ရင်း အကောင်းဆုံးတင်ဆက်ပြထားပါတယ်။ ထူးခြားဆန်းပြားလွန်းတဲ့ ဇာတ်လမ်းမျိုးမဟုတ်ပေမယ့် IMDb rating 7.1 အထိ ရထားတာကိုကြည့်ခြင်းအားဖြင့် ဇာတ်ကားရဲ့အရည်အသွေးကို ခန့်မှန်းနိုင်မှာဖြစ်ပြီး ကြည့်ရှုဖို့ တင်ဆက်လိုက်ပေးရပါတယ်။ File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre…Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

7.1 2019
Monica and Friends: Bonds
[18+] Serbidoras

[18+] Serbidoras (2024)================ဒွန်နာ၊ရီနာနဲ့လီဇယ်တို့ဟာ နယ်မြို့လေးကနေ မနီလာမှာလာအလုပ်လုပ်နေကြတဲ့ ငယ်သူငယ်ချင်းသုံးယောက်ဖြစ်ပြီးလက်ရှိမှာတော့ မိဘတွေကိုထောက်ပံ့ရင်းနဲ့ပဲကိုယ့်ဘ၀တိုးတက်ဖို့အလှည့်မပေးနိုင်ဖြစ်နေခဲ့ကြပါတယ်။သူတို့ရနေတဲ့ လစာနဲ့လည်းလိုအပ်ချက်တွေအလျင်မမှီတဲ့အတွက် လူချမ်းသာရည်းစားတွေကိုယ်စီထားပြီး အဲ့ဒီရည်းစားတွေရဲ့အကူအညီကိုလည်းတစ်ဖက်ကယူနေကြရပါတယ်။ကံဆိုးစွာပဲ သူတို့ရည်းစားတွေအားလုံးက အိမ်ထောင်သည်တွေဖြစ်ပြီး အဲ့ဒီလူတွေရဲ့ဇနီးတွေက သူတို့ဇာတ်လမ်းကိုသိသွားကြတဲ့အချိန်မှာတော့..။Chloe Jenna၊ Denise Esteban၊ Aila Cruz ဆိုတဲ့ Vivamax ထိပ်တန်းမင်းသမီးသုံးယောက်ဦးဆောင်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(650MB)/(300MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:50:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

0 2024 48 mins
[18+] Serbidoras
The Lion Roars
6

Cecilia Cheung ၊ Louis Koo နဲ့ Fang Bingbing တို့ရဲ့ 2002 ခုနှစ်မှာထွက်ရှိခဲ့တဲ့ဟောင်ကောင် အချစ်ဟာသဇာတ်ကားလေးပြန်တင်ပေးလိုက်ပါတယ်။ စုန့်ခေတ်ကိုအခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အစ်ကိုကြီးနဲ့နှစ်ယောက်ထဲကြီးပြင်းလာတဲ့ လျိုယွဲ့အော်က ကြမ်းတမ်းတဲ့အကျင့်စရိုက်ရှိတဲ့အတွက်ကြောင့် ကြင်ဖက်ရှာတဲ့နေရာမှာမအောင်မြင်နိုင်ဖြစ်နေခဲ့တယ်။ တစ်နေ့မှာ နူးညံ့တဲ့စာပေသမားကဗျာဆရာတစ်ယောက်နဲ့တွေ့တော့ ချစ်မိသွားခဲ့တယ်။ နန်းတွင်းကဂုဏ်ပြုပွဲတစ်ညမှာ ဘုရင်ကြီးကသူတို့နှစ်ယောက်ကို လက်ဆက်ပေးလိုက်တဲ့အခါ အကျင့်စရိုက်ဆန့်ကျင်ဘက်ရှိတဲ့သူနှစ်ယောက်ဟာ အကြင်လင်မယားတွေဖြစ်သွားကြတယ်။ သူတို့ရဲ့အိမ်ထောင်ရေးဟာအဆင်ပြေပါ့မလား…… အဲဒီအချိန်မှာပဲ ယုန်မိစ္ဆာယောင်ဆောင်တဲ့ မင်းသမီးတစ်ယောက်က ကဗျာဆရာလေးကို အပိုင်ကြံချင်လာတော့ သူတို့ရဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲ…..

6 2002
The Lion Roars
Buster’s Mal Heart
6.1

“Buster’s Mal Heart” ရုပ်ရှင်ကတော့ ဒါရိုက်တာ Sarah Adina Smith က ကိုယ်တိုင်ရေးသားပြီး ဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက်ကူးထားတဲ့ surrealist လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားကောင်းဖြစ်ပါယတ်။ Fredie Mercury ရဲ့ ဘဝအတ္ထုပတ္တိရုပ်ရှင်မှာ Fredie Mercury အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Rami Malek က ဒီကားမှာ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ ဝေးလံခေါင်သီတဲ့အသိုက်အဝန်းက လူမနေတဲ့ အပန်းဖြေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီး ဆောင်းရာသီမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ Jonah လို့ အမည်ရတဲ့ တောင်ပေါ်လူသားတဦးအကြောင်းကို ရိုက်ကူး တင်ဆက်ထားပါတယ်။ ပင်လယ်ထဲမှာ ပျောက်ဆုံးသွားတဲ့ ခြောက်လှန့်မှုတွေနဲ့ သူ့ရဲ့အတိတ်င မိသားစုဘဝဟောင်းမှ အမှတ်ရစရာတွေနဲ့အတူ Jonah ဟာ ရုန်းကန်နေရတာဖြစ်ပြီး “Buster” လို့ခေါ်တဲ့ နာမည်ပြောင်နဲ့ ရေဒီယိုအစီအစဉ်နဲ့ ဟောပြောပွဲတွေကို ပုံမှန်ဖုန်းခေါ်ဆိုလေ့ရှိသူပါ။ ဒီရုပ်ရှင်သည် အတိတ်နှင့် ပစ္စုပ္ပန်ကာလကို ပေါင်းစပ်ဖန်တီး ထားပြီး နှင်းတွေထူထပ်တဲ့ တောင်ပေါ်မှာ တဦးတည်းနေထိုင်တဲ့ ‌ဒါမှမဟုတ် သမုဒ္ဒရာအလယ်က လှေငယ်တစင်းထဲမှာ တကိုယ်တည်း ကျန်ရစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။ File size…1.39GB / 647MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

6.1 2016
Buster’s Mal Heart
Fort Bliss
6.4

2014 မှာထွက်ရှိထားတဲ့ ဒါရိုက်တာ Claudia Myers ဇာတ်ညွှန်းရေး ရိုက်ကူးထားတဲ့ အမေရိကန်စစ်ဌာနတစ်ခုဖြစ်တဲ့ Fort Bliss ကို အခြေခံထားတဲ့ ဒရမ်မာဇာတ်ကားလေးပါ။ မင်းသမီး Michelle Monaghan သရုပ်ဆောင်ထားတဲ့ Maggie Swann ဆိုတဲ့ အာဖဂ္ဂန်ပြန်ဆေးတပ်သူတစ်ယောက် သူ့ရဲ့ ငါးနှစ်အရွယ်သားနဲ့ တာဝန်ကြောင့် ၁၅ လကြာခွဲနေပြီး သူတိုရဲ့ ပြိုပျက်သွားတဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်တဲ့ အကြောင်းကို အဓိကရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ သူတာဝန်ထမ်းဆောင်နေချိန်မှာ သားလေးကိုစောင့်ရှောက် ပေးထားတဲ့ ခင်ပွန်းဟောင်း Richard နဲ့ သူ့ရဲ့ fianceé Alma အဖြစ် Ron Livingston နဲ့ Emmanuelle Chriqui , ကားပျက်လို့ ကားပြင်ရာကနေ ချစ်ကြိုးသွယ်မိတဲ့ မက်ဆီကန်သား Luis အဖြစ် Manolo Cardona နဲ့ Fort Bliss က staff sergeant Donovan အဖြစ် Pablo Schreiber တိုက အသီးသီးသရုပ်ဆောင်ထားကြပါတယ်….. File size…2.09GB / 1.06GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 56m Genre …..Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

6.4 2014 116 mins
Fort Bliss
The Assassins
6

မင်းသားကြီး Chow Yun Fat နဲ့ Liu Yi Fei – Crystal Liu တို့ရဲ့ ၂၀၁၂ ခုနှစ်ကထွက်တဲ့ သုံးပြည်ထောင်ခေတ်ကရုပ်ရှင်ဇာတ်ကားကို ပြန်တင်ပေးလိုက်ပါတယ်။ သုံးပြည်ထောင်ခေတ် ချောင်ချောင်းပရိသတ်တွေအတွက် ကြိုက်မယ့်ဇာတ်ကားဖြစ်ပါတယ်။ ချောင်ချောင်းအဖြစ် Chow Yun Fat ကသရုပ်ဆောင်ထားပြီးတော့ မမ Liu Yi Fei ကတော့ ချောင်ချောင်းကိုလုပ်ကြံဖို့ ချဉ်းကပ်လာတဲ့ မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကလေးငယ်တစ်စုဟာ လူသတ်သမားတွေဖြစ်လာအောင်ပျိုးထောင်ပေးခံရတယ်။ သူတို့ဟာနေ့နေ့ညညလေ့ကျင့်ခဲ့ရပေမယ့် ဘာအတွက်လဲဆိုတာမသိခဲ့ဘူး။ ရက်စက်တဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ သူတို့ဟာတိုင်းပြည်ရဲ့အာဏာအရှိဆုံးသူတစ်ယောက်ကို လုပ်ကြံဖို့ဖြစ်တည်လာတယ်ဆိုတာသိလိုက်ရတယ်။ အဲဒီအာဏာအရှိဆုံးသူကတော့ ချောင်ချောင်းပဲဖြစ်တယ်။ စစ်သည်ထောင်ပေါင်းများစွာကသတ်ဖို့ကြိုးစားတာတောင် မသေနိုင်တဲ့ချောင်ချောင်းကို မိန်းမငယ်လေး တစ်ယောက်သတ်ဖို့အောင်မြင်နိုင်ပါ့မလား။ ကံကြမ္မာအရအရချောင်ချောင်းကိုသတ်ရမယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ ချောင်ချောင်းလုပ်ရပ်တွေရဲ့ ရည်မှန်းချက်ကိုသိလာရတဲ့အခါ မိန်းမငယ်လေးက ချောင်ချောင်းကိုလုပ်ကြံဖို့တွေဝေလာခဲ့တယ်။ နောက်ဆုံးမှာလုပ်ကြံဖို့အောင်မြင်နိုင်ပါ့မလား…… အသက်ကြီးလာတာနဲ့အမျှ စစ်မက်တွေကိုစိတ်ကုန်လာပြီဖြစ်တဲ့ ချောင်ချောင်းရဲ့ဘဝနှောင်းပိုင်းကာလကိုရိုက်ထားတာဖြစ်ပြီးတော့ ဘယ်သူ့ကိုမှမယုံတဲ့ ဘယ်သူမှကွက်ကျော်ရိုက်လို့မရတဲ့ ဉာဏ်အရမ်းထက်တဲ့ချောင်ချောင်းကို Chow Yun Fat က ကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ Historical Drama ကြိုက်တဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်ပါတယ်။

6 2012
The Assassins
I’m a Cyborg, But That’s OK
7.1

IMDb 7.1 ရရှိထားတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းပုံစံကတော့ သူမတူတဲ့ပုံစံလေးပေါ့.. သူမတူဆို စိတ်မနှံ့တဲ့သူနှစ်ယောက်ကြားမှာ ဖြစ်ပေါ်တဲ့ အချစ်ဇာတ်လေးတစ်ခုပါ… ယောင်းဂွန်းဆိုတဲ့ ကောင်မလေးက ကိုယ့်ကိုယ်ကို စက်ရုပ်လို့ ယုံကြည်နေတဲ့ ကောင်မလေး တစ်နေ့ စိတ္တဇဆေးရုံကို တက်တဲ့အခါ လူတွေရဲ့ အရာအားလုံးကို ခိုးနိုင်တယ်လို့ ထင်ရတဲ့ ကောင်လေးတစ်ယောက်ကို ဆေးရုံမှာ တွေ့လိုက်ရတယ်… ဒီအခါမှာတော့ သူ့ဆီက တစ်ခုခုကို ခိုးပေးဖို့အတွက် တောင်းဆိုရင်း ရင်းနှီးမှုတစ်ခုရခဲ့ရာကနေ… စက်ရုပ်လို့ထင်နေတဲ့ ကောင်မလေးကို ဘယ်လိုတွေကူညီမယ်.. ဘာတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်

Comedy • Drama
7.1 2006 105 mins
I’m a Cyborg, But That’s OK
Blue Sky
6.4

“သမီးတို့မေမေက ရေလိုပဲကွယ့် ရေမှာ H2O ဆိုတဲ့ တူညီတဲ့မူရင်းတန်ဖိုးရှိပေမယ့် သူဟာ တစ်ခါတစ်ရံမှာ အရည်အဖြစ်ရှိနေတတ်ပြီး တစ်ခါတစ်ရံ ရေခဲ ဒါမှမဟုတ် ရေငွေ့အဖြစ်ရှိနေတတ်တယ်။ ဖေဖေကတော့ အချိန်တစ်ခုကြာကတည်းက သမီးတို့မေမေရဲ့ကိုယ်ရည်ကိုယ်သွေးတစ်ခုတည်းကိုပဲ ကြည့်ပြီးချစ်လိုက်တော့မယ်လို့ ဆုံးဖြတ်ထားတယ်။” အချစ်ကြီးတဲ့ စစ်သားကြီး ဟန့်ခ်မာရှယ်တစ်ယောက် ဒီလိုပြောခဲ့ပါတယ်။ ဒါပေမယ့် ကာလီမာရှယ်ပြောခဲ့တဲ့ စကားတစ်ခွန်းကတော့“အဖေကြီးရယ် မှားမိသွားတာပါ” တဲ့ မူရင်းဝတ္ထုရေးဆရာမ Rama Laurie Stagner ရဲ့ မိဘများကို အခြေခံထားတဲ့ ဒီဇာတ်လမ်းဟာ ၁၉၆၂ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး စစ်အေးခေတ်အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးတင်းမာမှုတွေကို ပါးပါးလေးပုတ်ပြထားတဲ့ ဒရာမာကားတစ်ကားဖြစ်ပါတယ်။ ၁၉၉၀ခုနှစ်မှာ ရိုက်ကူးခဲ့ပေမယ့် ထုတ်လုပ်ရေးကုမ္ပဏီက ဒေဝါလီခံသွားခဲ့ရတာကြောင့် ၄နှစ်အကြာမှ ဖြန့်ချီနိုင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ ဒါရိုက်တာ Tony Richardson အတွက်လည်း Blue Skyဟာ သူ့ရဲ့နောက်ဆုံးလက်ရာဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ ဆုံးပါးသွားခဲ့တာကြောင့် ရုပ်ရှင်ဖြန့်ချီပြသချိန်မှာ သူမရှိနေခဲ့တော့ပါဘူး။ ဒါအပြင် ဝင်ငွေနည်းခဲ့လို့ ကုန်ကျစရိတ်ကိုတောင် ပြန်မကာမိခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုအခက်အခဲတွေ များစွာရှိခဲ့ပေမယ့် အမျိုးသမီးဇာတ်ဆောင် Jessica Lange တစ်ယောက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင် အကယ်ဒမီဆု နဲ့ ရွှေကမ္ဘာလုံးဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သလို ရုပ်ရှင်ဟာလည်း IMDb 6.4 နဲ့ Rotten Tomatos 80%ရရှိထားပြီး ထွက်ရှိလာချိန်မှာ ကောင်းမွန်တဲ့မှတ်ချက်တွေကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။ CM ပရိသတ်ကြီးလည်း Blue Skyနဲ့အတူ စီးမြောရင်း မိသားစုဘဝနဲ့ ချစ်ခြင်းတရားကို ဝေဖန်သုံးသပ်ကြည့်ပါဦးလို့… File size…(2.2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:41:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khatar

6.4 1994 101 mins
Blue Sky
The Riot Act

The Riot Act(2018) ********************* အခုမိတ်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ ၂၀၁၈ မှာထွက်ခဲ့တဲ့… အမေရိကန် thriller ဇာတ်ကားလေးဖြစ်တဲ့ The Riot Act ပါ။ ဒီထဲမှာတော့ ဒေါက်တာပက်ရိုးဆိုတဲ့ ဆရာဝန်ဟာ အော်ပရာဇာတ်ရုံတစ်ရုံကိုပိုင်တဲ့… မြို့မျက်နှာဖုံး သူဌေးတစ်ယောက်ပါ။ တစ်နေ့တော့ သူ့ရဲ့ တစ်ဦးတည်းသော သမီးဟာ.. ဇာတ်ရုံမှာ ကနေကျ သရုပ်ဆောင်မင်းသားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပါတယ်။ ဖခင်ဖြစ်သူဟာ သဘောမတူလို့ ခိုးပြေးမယ့်ညမှာပဲ မိသွားရာက လူသတ်မှု ဖြစ်သွားခဲ့ပါတယ်။ သမီးဖြစ်သူဟာ သူ့ချစ်သူကို ဆုံးရှုံးရတဲ့ အဲဒီညကတည်းက ထွက်ပြေးသွားခဲ့ပြီး ပြန်ပေါ်မလာခဲ့ပါဘူး။ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ပဲ မြို့က လူတွေက သိထားကြပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပြီး ၂ နှစ်ကြာတဲ့အချိန်မှာ ဒေါက်တာပက်ရိုးဟာ သူ့အော်ပရာဇာတ်ရုံကို ပြန်ဖွင့်ပါတယ်။ အဲဒီမှာ ကဖို့ ငှားလိုက်တဲ့ ဇာတ်အဖွဲ့မှာ ထူးခြားတာတွေ ရှိနေပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်သိမ်းထိလည်း ဆွဲခေါ်သွားနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်…. File Size : 1.18GB , 500MB Quality : 1080 , 720 Duration…01:41:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Heather OO

0 2018 101 mins
The Riot Act