YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) Paupahan (2023) 1080p.mp4

1.72 GB N/A video/mp4 1794 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Philomena
7.4

IMDB – 7.6/10 နှစ် ၅၀ ကျော် ပျောက်ဆုံးနေတဲ့သားကို လိုက်ရှာရတဲ့ မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို ဖီလိုမီနာဆိုတဲ့ ကောင်မလေးဟာ ပွဲခင်းတစ်ခုမှာ ကောင်လေးရပြီး လူငယ် သဘာဝ ကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့ပါတယ်။ သို့သော်လည်း ဒါကို လက်မခံနိုင်တဲ့ ဖခင်က သမီးဖြစ်သူကို သီလရှင်ကျောင်းမှာ စွန့်ပစ်ခဲ့ပါတော့တယ်။ သီလရှင်ကျောင်းမှာပဲ ဒီသားလေးကို မွေးခဲ့တဲ့ ဖီလိုမီနာဟာ အဝတ်လျှော်ဌာနမှာနေရင်း တစ်နေကုန် တစ်နာရီပဲ သားလေးနဲ့ တွေ့ခွင့်ရပါတယ်။ တစ်ရက်ကျ ကား အကောင်းစားကြီးရောက်လာပြီး သူတို့တောင်သိခွင့်မရှိပဲ သားဖြစ်သူကလေးလေးကို လူကုံထံတချို့က မွေးစားသွားကြပါရော….။ ဒီလိုနဲ့ နေထိုင်လာတာ အနှစ် ၅၀ ရှိလို့နေပါပြီ တစ်ရက်မှ သူ့သား လေးကို မမေ့ခဲ့ပါဘူး ဒါကြောင့် နောက်ပိုင်းမှ မွေးတဲ့သမီးဖြစ်သူကို ရင်ဖွင့်မိတော့ သမီးဖြစ်သူက လောကကြီးကိုစိတ်ကုန် ဘဝနာနေတဲ့ ဂျာနယ်လစ်တစ်ယောက်နဲ့ ချိတ်ဆက်ပြီး အမေဖြစ်သူရဲ့ နှစ် ၅၀ ကြာ ပျောက်ဆုံးနေတဲ့သားဖြစ်သူကို လိုက်ရှာဖို့ အကြောင်းဖန် လာပါတော့တယ်။ အဲဒီမှာ သီလရှင်ကျောင်းထွက် အဘွားကြီး တစ်ယောက်နဲ့ ဘုရားသခင်ဆိုတာ မယုံကြည်ကြတဲ့ ဂျာနယ်လစ်တို့ နှစ်ယောက် သားဖြစ်သူရှာပုံတော်ခရီးရှည်ကြီး ထွက်ခဲ့ကြတဲ့အခါ…. ပြန်များတွေ့နိုင်မလား၊ နှစ်ယောက်သား ဘုနဲ့ဘောက်သွားကြရင်း အဆင်ပြေကြပါ့မလား၊ နောက်ကွယ်က မထင်မှတ်ထားတဲ့ လျှို့ဝှက် ချက်ကြီးတွေ သိရတဲ့အခါ ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာ တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားတဲ့ မိခင်မေတ္တာဒရမ်မာ ကားကောင်းလေး ဖြစ်ပါတယ်။ ဒရမ်မာဆိုပေမဲ့ ဟာသလေးတွေလည်း မထင်မှတ်ထားသလို ထည့်ထည့်ပေးတာ မြင်ရမှာပါ။ မိခင်နေရာမှာ တော့ ကျွန်တော်တို့ဆရာ ဂျိန်းစ်ဘွန်းရဲ့ အထက်လူကြီးဖြစ်တဲ့ M က သရုပ်ဆောင်ပေးထားပြီး သားပျောက်ဇောနဲ့ စိုးရိမ်ပူပင်တဲ့ အပူသည် အမေကြီးနေရာ သရုပ်ဆောင်ထားတာများ တချို့အခန်းတောင် မျက်ရည်ဝဲချင်ချင်ပါ။ ဂျာနယ်လစ်နေရာက သရုပ်ဆောင်တဲ့ Steve Coogan ဆိုလည်း ဘုရားမယုံတဲ့ ဂွကျကျ ဇွဲမလျှော့တတ်တဲ့ ဂျာနယ်လစ်နေရာမှာ အစွမ်းပြထားပါတယ်။ တကယ့်ဖြစ်ရပ်မှန်ဆိုတော့ ပိုကြည့်ကောင်းပြီး နောက်ကွယ်က သမိုင်းဆိုးတစ်ခုကိုလည်း ဗဟုသုတအနေနဲ့ သိရှိရမှာ ဖြစ်ပါတယ်။ File size…2.06GB / 732MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 38m Genre ..... Biography , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Thriller
7.4 2013 98 mins
Philomena
Rango
6.8

2011 အော်စကာ ဆုပေးပွဲမှာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးက ကျွန်တော် ကြိုက်တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ထိပ်ဆုံးနေရာကပဲ …။ ဘာလို့လဲဆိုတော့ ကာတွန်းကားဆိုပေမယ့် အဓိပ္ပာယ်အရမ်းပြည့်၀ နေလို့ပဲ … Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ မဟုတ်တာ ပါးစပ်က တော်ကီ ကောင်းတဲ့ကောင် ဆိုတော့ မြို့ခံလူတွေဆီက အထင်ကြီး ယုံကြည်မှုကို ယူနိုင်ခဲ့တယ် …။ သူတို့ မြို့လေးကို အဓိက ရန်ရှာနေတဲ့ ငှက်ကြီးကိုလည်း Rango က လွဲချော်မှုတွေနဲ့ ရှင်းပစ်လိုက်နိုင်လေတော့ ပိုလို့ အထင်ကြီးခံရတယ် …။ မြို့လေးထဲက လူတွေက သူ့ကို သူရဲကောင်း အဖြစ်သတ်မှတ်လိုက်ပြီး … သူတို့ မြို့ရဲ့ ဒုက္ခတွေကို ကယ်တင်နိုင်မယ့် သူအဖြစ် ကိုးစားလာကြတယ်ပေါ့ဗျာ …တကယ်တမ်း တော့ Rango ဟာ သူရချင်တဲ့ သူရဲကောင်း အမည်ရလာပေမယ့် သူရဲကောင်း ဖြစ်အောင် ကြိုးစားရာမှာတော့ ပြသနာတွေ အများကြီး ကြုံလာရပါတယ် …။ သူရဲကောင်းဆောင်နေတဲ့ Rangoတစ်ယောက် မြို့ကလူတွေ သိသွားတဲ့အခါ ဘယ်လို ပြသနာတွေ ကြုံတွေ့ရမှာလဲ၊သူရဲကောင်းဆိုတာ ဘယ်လို အဓိပ္ဗယ်ဆိုတာရော နားလည်သွားနိူင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ထပ် ကြည့်သင့်တဲ့အချက်တစ်ခုကတော့ ဒီ Rangoဆိုတဲ့ ပုတ်သင်ညိုကို Johnny Deepရဲ့ လှူပ်ရှားပုံကို အခြေံပြီးရိုက်ထားတာမို့ ကြည့်ကောင်းမှာ သေချာပါတယ်။ IMDB rating 7.2အထိ ရထားတဲ့ ဒီကားက Animation ပရိသတ်တွေအတွက် စိတ်ကျေနပ်မှူ ရစေမှာ သေချာပါတယ်။ File size__( 2 GB ) and ( 1.3GB) Quality__1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__01:51:00 Type__Animation, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Yu Aung Encoded by Naing Aung Latt

Adventure • Animation • Comedy • Family • Fantasy
6.8 2011 107 mins
Rango
Rorschach
6.8

IMDb 7.9/10 (2.2K) လူတစ်ယောက် ရဲစခန်းကိုရောက်လာတယ်....သူ့မိန်းမပျောက်နေလို့လာတိုင်တာပါတဲ့ သူတို့လင်မယားနှစ်ယောက်ဟာ ကားနဲ့ခရီးထွက်လာနေတုန်း တောလမ်းတစ်နေရာမှာ မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရပါတယ် နောက်တော့ သူလည်းသတိလစ်မေ့မျောသွားပြီး သူ့မိန်းမဟာလည်း သူသတိပြန်ရလာတော့ ကားပေါ်မှာမတွေ့တော့ဘူးတဲ့....။ မိန်းမ​ဖြစ်သူဟာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ရဲတွေနဲ့ရွာသားတွေ ပေါင်းပြီး လိုက်ရှာပေးခဲ့ပေမယ့် လ တွေ သာ ကြာညောင်းသွားတယ် မ တွေ့လာခဲ့ပါဘူး ပျောက်သွားတဲ့နေရာကလည်း သားရဲတိရိစ္စာန်တွေ ပေါတဲ့နေရာဆိုတော့ ရဲတွေဟာ သေပြီလို့ကောက်ချက် ချခဲ့ပါတယ်....။ သို့ပေမယ့် သူဟာ ဇွဲမ လျှော့ခဲ့ဘဲ ဆက်လက်ရှာ​ဖွေနေခဲ့ပါတယ်။| နောက်ပိုင်းအဲ့ဒီရွာထဲမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပြီး ညညဆိုလည်း အသံတွေ ကြားကြားနေရတတ်ပါတယ်...။ ကဲ သူရဲ့မိန်းမဟာ တကယ်ပဲ ပျောက်ဆုံးသွားတာလား...။ ရွာထဲမှာ လူတွေက ဘာလို့ သေဆုံးနေရတာလဲ...။ ညညဆိုကြားကြားနေရတဲ့အသံတွေက ဘာတွေလဲ...။ သူကရော ဒီရွာကို အကြောင်းတစ်ခုခုရှိနေလို့ လာခဲ့တာလားဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုလို့ရပါပြီနော်...။ မာလယာလန် နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ မမ်မွတ်တီးအဓိကပါဝင်ထားတဲ့ mystery ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…2.5GB / 1GB Quality…1080p True  WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Hay Man ~ OeliuJ

Comedy • Family • Fantasy
6.8 2022 150 mins
Rorschach
Talaash: The Hunt Begins
5.5

အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ အက်ရှေးကူမားရဲ့အက်ရှင်ကားလေးပဲဖြစ်ပါတယ်... မင်းသမီးအနေနဲ့ ကရီနားကပူးက ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းကတော့... အရ်ဂျွန်ရဲ့ဖခင်ဟာ မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းနဲ့ပတ်သတ်မိရာကနေ အသတ်အဖြတ်ခံရပြီး သမီးဖြစ်သူကပါ ရောင်းစားခံရဖို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်... ခင်ပွန်းအသတ်ခံရတဲ့အပြင် သမီးပါဖမ်းခေါ်သွားခံခဲ့ရတဲ့အဖြစ်ကို မျက်စိရှေ့မှာတင် မြင်လိုက်ရတော့ ယူကြုံးမရဖြစ်ပြီး အရ်ဂျွန်ရဲ့အမေဟာ အရူးတစ်ပိုင်းဖြစ်လို့သွားပါတော့တယ်.... အဖေသေ အမေကအရူးဖြစ် ညီမကိုပါ ဖမ်းခေါ်သွားကြတော့ ငယ်ငယ်ပဲ ရှိသေးတဲ့ အရ်ဂျွန်ခမျာ အခြေအနေတွေကို မထိန်းနိုင်ခဲ့ဘူး.... သို့ပေမယ့်လည်း မလျှော့သော ဇွဲနဲ့ ရဲထဲဝင်ပြီး ဒုစရိုက်ဂိုဏ်းမှန်သမျှကို ဖြိုခွင်းရင်း ညီမဖြစ်သူကို လိုက်ရှာပါတော့တယ်.... ဒီလိုနဲ့....အရ်ဂျွန်ရဲ့ ရှာပုံတော်ဇာတ်လမ်းမှာ ဘယ်လိုစိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးကြပါဦးရှင့်.... File size…2.8GB / 1.4GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Taylor

5.5 2003 153 mins
Talaash: The Hunt Begins
Species III
5.2

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 3 (2004) ဇာတ်လမ်းအကျဉ်း.... ဂြိုလ်သားတွေနဲ့လူသားတွေကြား တစ်ဖက်နဲ့တစ်ဖက်သတ်ဖြတ်နေတဲ့တိုက်ပွဲတွေထဲက ကျန်ရှိနေတဲ့ ဂြိုလ်သားမျိုးကို စမ်းသပ်မွေးမြူဖို့ ဆုံးဖြတ်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ.... အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.5 GB)/(900 MB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:51:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Action • Comedy
5.2 2004 111 mins
Species III
Tomorrow, When the War Began
6.1

Tomorrow, When the War Began (2010) ============================= IMDb Rating – 6.1/10 ဒီကားလေးကတော့ ‘ Tomorrow When The War Began ‘ ဆိုတဲ့ Australia နာမည်ကြီး စာရေးဆရာ John Marsden ရေးခဲ့တဲ့ ဝတ္ထုရှည်ကြီးကို ဇာတ်ကားအနေနဲ့ ပြန်လည်အသက် သွင်းထားတဲ့ ကားလေးဖြစ်ပါတယ်။ စာအုပ်အနေနဲ့ Tomorrow Series ဆိုပြီးနာမည်ကြီးပြီး 1993 ကနေ 1999 ထိ စုစုပေါင်း 7 အုပ်ထိ ထုတ်ဝေခဲ့ပါတယ်။ ပထမဆုံးစာအုပ်ဖြစ်တဲ့ Tomorrow When The War Began စာအုပ်ကတော့ ကမ္ဘာတဝှမ်း စာပေ Winner ဆု ‘8ဆု’၊ Best Book ဘာညာအဖြစ်ရွေးချယ်ခံရတာ ‘5ဆု’၊ Nominated ‘1ဆု’ အထိအောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းမှာတော့ Australia မင်းသမီးချော Caitlin Stasey က ခေါင်းဆောင်မင်းသမီးအနေနဲ့သရုပ်ဆောင်ထားပြီး၊ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့တဲ့ Peter Pan ကားထဲက Wendy Darling တစ်ဖြစ်လဲ Rachel Hurd-Wood တို့လည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့တော့ Stasey တို့ သူငယ်ချင်းတစ်စု Camping ထွက်နေတုန်းမှာပဲ Australia နိုင်ငံ ကို နယ်ချဲ့တွေဝင်လာပါတော့တယ်။ ဒီလိုနဲ့ ရန်သူ့ရဲ့ Back Line မှာ Stasey တို့သူငယ်ချင်းတစ်သိုက် ညပ်သွားတဲ့အခါမှာတော့ ဘာတွေဘယ်လိုဖြစ်ကြမလဲဆိုတာကို ဆက်စောင့်ကြည့်ကြပါဦး။ ဇာတ်ကားအဆက်မထွက်ထားလို့ ဒီကားလေးကြည့်ပြီး Stasey တို့ တစ်ယောက်ဘယ်လိုတွေကြုံတွေ့ကြရဦးမလဲ သိချင်ရင်တော့ ဝတ္ထုကိုဖတ်ကြည့်ဖို့အကြံပြုချင်ပါတယ်..2016 မှာတော့ Mini Series အနေနဲ့ အပိုင်း၆ပိုင်း ထွက်ရှိထားတာလေးလည်းရှိပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.54 GB) / (653 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Drama Translator…….Thetti Tun Encoder……….SWM

6.1 2010 103 mins
Tomorrow, When the War Began
Haunted Mansion
6.2

သရဲခြောက်သော စံအိမ်ကြီး Haunted Mansion (2023) ဒစ္စနေးရဲ့ မိသားစုကြည့်ဖို့ ဖျော်ဖြေရေး ဟာသ သရဲကားအသစ်ထွက်လာပါပြီ။ သရဲခြောက်တာတွေဆိုပေမဲ့ ရယ်ရပြီး ကြည့်လို့ကောင်းပါတယ်။ သရဲခြောက်တဲ့စံအိမ်ကြီးကိုမသိဘဲ ဝယ်မိသွားတဲ့ သားအမိနှစ်ယောက်က သရဲခြောက်ခံရပါတော့တယ်။ သရဲတွေကို နှင်ထုတ်ဖို့ ပင့်တဲ့ဘုန်းကြီးရော၊ သရဲကင်မရာသမားရော၊ ဝိညာဉ်ဟောတဲ့ဆရာမရော၊ သမိုင်းပညာရှင်ရော အကုန် အကူအညီလိုက်တောင်းပေမဲ့ လာကူညီတဲ့သူအကုန် အိမ်ထဲမှာ ပိတ်မိပြီး သရဲတစ်ထောင်လောက်နဲ့ တိုင်တွေပတ်ကုန်ကြတာပါ။ တစ်အိမ်တည်းမှာ သရဲတွေဒီလောက်များနေတာဘာကြောင့်လဲ၊ သူတို့ဘာလို့ ဒီလူတွေကို ထွက်မရအောင်ပိတ်ထားတာလဲဆိုတဲ့ ပဟေဠိတွေကို အိမ်ရဲ့သမိုင်းတွေကနေ လေ့လာပြီး သရဲတွေနဲ့ ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။ မိသားစုဖြစ်ဖြစ် တစ်ယောက်တည်းအပျင်းပြေကြည့်ဖို့ဖြစ်ဖြစ် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။)

6.2 2023 123 mins
Haunted Mansion
Friday the 13th
6.4

Friday the 13th (1980) ~ IMDb – 6.4/10, Rotten Tomatoes – 64% ~ ရေနစ်ပြီး သေသွားတဲ့ကောင်လေးတစ်ယောက်က ရေကန်အောက်မှာပဲ အရိုးဆွေးရမှာပဲမဟုတ်လား။ ဟင့်အင်း။ သူ့မှာ အငြိုးတွေရှိတယ်။ မပြေနိုင်တဲ့ အာဃာတတွေ။ ဒီလိုနဲ့ ရေနစ်သေသွားပြီဆိုတဲ့ ဂျေဆင် ဆိုတဲ့ကောင်လေးဟာ ယုတ္တိဗေဒနိဿယတွေကို ကျော်လွန်ပြီး အကောင်အထည်သတ္တဝါအဖြစ် လူ့လောကထဲကို ပြန်ဝင်လာခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ဟော်ကီမျက်နှာဖုံးစွပ်အောက်က ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားကြီး ဂျေဆင် ကို အားပါးတရ ကြည့်ခွင့်ရလိုက်တာပါပဲ။ စုစုပေါင်း ၁၂ ကားတောင်ရှိတယ်ဆိုတော့ တစ်ရက်တည်းများ ကြည့်လိုက်ရရင် လူတောင် ကြောင်တောင်တောင်ဖြစ်သွားလောက်ရဲ့။ အခုတင်ဆက်ပေးမှာကတော့ ဂျေဆင် ကိုမွေးဖွားပေးခဲ့တဲ့ ပထမဆုံးဇာတ်ကားပါပဲ။ ခရစ်စတယ်ရေကန်စခန်းဟာ သွေးစခန်းလို့ အမည်တွင်တဲ့ စခန်းချလည်ပတ်ရာ တောတွင်းသဘာဝရေကန်လေးတစ်ခုပေါ့။ ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ ရေကန်စခန်းမှာ လူသေအလောင်းတွေ တစ်လောင်းပြီးတစ်လောင်း ထွက်လာတော့တာပါပဲ။ အဲဒီ ခရစ်စတယ်ရေကန်မှာ ဂျေဆင် ဆိုတဲ့ကောင်လေး ရေနစ်သေသွားခဲ့တာကစပြီး အဖြစ်ဆိုးတွေ ဆက်တိုက်ပေါ်ပေါက်လာတာပါ။ စခန်းမှာ အကူလေးတွေရှိပေမဲ့ တူနှစ်ကိုယ်ချစ်ရည်လူးနေတဲ့စုံတွဲတွေဖြစ်လို့ ကလေးရေထဲဆင်းသွားတာ မသိလိုက်ကြဘူးတဲ့။ ဂျေဆင်ရဲ့အမေဟာလည်း စခန်းအကူတစ်ယောက်ဖြစ်ပြီး သားသေရတဲ့အဖြစ်ကို ရင်နင့်စွာခံစား အငြိုးတွေဝေခဲ့ရတာပေါ့။ ဒီလိုနဲ့ပေါ့လေ။ အဖြစ်ဆိုးတွေဖြစ်နေလို့ ပိတ်ထားတဲ့စခန်းကို ပိုင်ရှင်က ပြန်ဖွင့်ဖို့ကြိုးစားတယ်။ ရေကန်စခန်းကို လာရောက်လည်ပတ်သူတွေမလာခင်မှာ စခန်းကို လှည့်လည်ပြသလမ်းညွှန်ပေးကြမယ့် စခန်းအကူလေးတွေ လုပ်စရာရှိတာတွေ လုပ်နေဆဲအချိန်ပေါ့။ သူတို့လေးတွေဟာ လူငယ်လေးတွေဖြစ်တာနဲ့အညီ ချစ်မှုရေးရာတွေ၊ အသောက်အစားတွေ၊ လိင်မှုကိစ္စတွေနဲ့ပဲ ၂၄/၇ ဖြတ်သန်းနေကြသူတွေပါ။ ဒါပေမဲ့ သူ‌တို့တွေ လူကြီးဖြစ်ပြီး ရင့်ကျက်ခွင့် မရလိုက်ပါဘူးလေ။ ကာလနာတိုက်ပြီး သေချင်းဆိုးနဲ့ သေကုန်ကြလေရဲ့။ တစ်ယောက်ချင်းစီ ဘယ်လိုသေကုန်တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်ရတာ၊ အထက်ပိုင်းဗလာကျင်း လိင်မှုကိစ္စတွေမြင်ရတာကြောင့် 18+ အဆင့် သတ်မှတ်ပါတယ်။ နှလုံးအားနည်းသူတွေ၊ သွေးသံရဲရဲမနှစ်သက်သူတွေ ရှောင်သင့်တဲ့ဇာတ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.3MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 35Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama • Romance • History
6.4 1980 95 mins
Friday the 13th
The Teachers’ Lounge
7.6

The Teachers’ Lounge (2023) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ ကားနာမည်နဲ့ လိုက်အောင်ပဲ ဒီရုပ်ရှင်မှာ ကျောင်းတစ်ကျောင်းရဲ့ ဆရာများနားနေခန်းထဲက ပြဿနာတွေကို အခြေတည်ပြီး ကျောင်းက ကလေးတွေ ကျောင်းကလူတွေနဲ့ ချိတ်ဆက်ပြသထားတယ်။ ကျောင်းတစ်ကျောင်းမှာ ခိုးမှုတွေဖြစ်နေတယ်။ ဒီခိုးမှုတွေက တော်တော်များနေပေမဲ့ ဘယ်သူလား ဘာလားလဲမသိရသေးဘူး။ ပိုက်ဆံတွေအများကြီးပျောက်သွားတာတွေလည်းရှိတယ်။ ဒီတော့ ဆရာမတွေနဲ့ ကျောင်းအုပ်ချုပ်ရေးတွေပေါင်းပြီး ကလေးတွေကို စစ်ကြဆေးကြတယ်။ ဒီနောက် ကလေးတစ်ယောက်ကို မသင်္ကာလို့ မိဘခေါ်ပေမဲ့ မိဘက သူတို့ပေးလိုက်တဲ့ငွေတွေပါလို့ ပြောတဲ့နောက် ကလေးကို မတရားစွပ်စွဲသလိုဖြစ်ပြီး ဆရာမတွေ ကွိုင်တက်ကုန်တယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကျောင်းဆရာမက လျှို့ဝှက်ကင်မရာတပ်ပြီး သူခိုးဖမ်းဖို့ကြံတယ်။ ကျောင်းဝန်ထမ်းတစ်ယောက်ကို ရိုက်မိသွားတယ်။ ဒါပေမဲ့ စစ်တော့ စွပ်စွဲပါတယ်ဆိုပြီး ငိုပြီးယိုပြီး ကျောင်းကထွက်သွားတယ်။ ဒီနောက် ကျောင်းက အကုန်လုံးကို လိုက်စွပ်စွဲနေပါတယ်ဆိုပြီး ကောလာဟလတွေ သတင်းတွေ မိဘတွေ ကလေးတွေကြား ပြန့်လာရာက ဒီပြဿနာတွေကို ဘယ်လိုအဖြေရှာကြမလဲ ဆရာများနားနေခန်းထဲ ပြဿနာတွေဖြေရှင်းကြတဲ့အကြောင်းပေါ့။ မထင်ထားခြင်းများနဲ့ ဒီဇာတ်ဟာ ပြည့်နှက်နေတယ်။ မဖြစ်မနေဆိုတဲ့ အရာတွေမထည့်ဘဲ လိုအပ်တယ်ထင်တာတွေပဲ ပြသွားခဲ့တယ်။ ဒီကားက ရုပ်ရှင်ပွဲတော်ကြိုက်ကားမျိုးဆိုတော့ ဒီလိုအအေးစား ဒရာမာတွေကို မကြိုက်တတ်တဲ့သူတွေအတွက်တော့မဟုတ်ဘူး။ ရုပ်ရှင်ကို ရုပ်ရှင်လိုကြည့်ကြမယ်ဆိုရင်တော့ ကြည့်လို့အရသာရှိတဲ့ ရုပ်ရှင်ပါပဲ။ စီနီမာတိုဂရပ်ဖီဆုတွေ မင်းသမီးဆုတွေ ဇာတ်ညွှန်းဆုတွေလည်း ရုပ်ရှင်ပွဲတော်တွေမှာ တစ်သီတစ်သန်းကြီးရထားတယ်။ သူ့ဇစ်မြစ်ဖြစ်တဲ့ ဂျာမန်က အကယ်ဒမီပေးပွဲမှာလည်း ဆုတွေတစ်သီကြီးရထားတဲ့ ဂျာမန်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 780MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Science Fiction
7.6 2023
The Teachers’ Lounge
How Is Katia?
6.9

ယူကရိန်းသရုပ်ဆောင်မင်းသမီး အန်နာစတေးရှားက ဒီရုပ်ရှင်ထဲမှာ သမီးလေးအတွက်ရုန်းကန်ရတဲ့ အမေတစ်ယောက်အဖြစ်ရော၊လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေမှာ ရှင်သန်ရုန်းကန်နေရတဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်အဖြစ်ရောကို အကောင်းဆုံးပီပြင်စွာ ခံစားသက်ဝင်နိုင်ခဲ့တဲ့အတွက် ၂၀၂၂ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရခဲ့ပါတယ်။ ကာတီယာဆိုတဲ့ ဆယ့်တစ်နှစ်သမီးလေးရဲ့ ကိုယ်ပိုင်တိုက်ခန်းနဲ့နေချင်တဲ့အိပ်မက်ကို ဖြည့်ဆည်းဖို့ အလုပ်သုံးလေးခုလုပ်ရင်း ကြိုးစားနေတဲ့ မိခင်ဖြစ်သူ အာနီယာ။ အာနီယာတို့သားအမိက စိတ်အခြေအနေသိပ်မကောင်းတော့တဲ့ မိခင်အိုကြီးရယ်၊ အစ်မဖြစ်သူရယ်နဲ့ အတူနေနေပေမဲ့ ဘဏ်ကြွေးယူပြီး သားမိနှစ်ယောက်အတူနေဖို့ တိုက်ခန်းဖိုးကြေအောင်ဆပ်နေရသူ။ တစ်ရက်မှာ သမီးဖြစ်သူ ကျောင်းအသွား ကားတိုက်ခံလိုက်ရတာကနေ အာနီယာရဲ့ဘ၀က ပြိုလဲပျက်စီးဖို့ အစပြုလာပါတော့တယ်။ သမီးဖြစ်သူရဲ့ ကျန်းမာရေးစရိတ်၊ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာကနေ တရားမျှတမှုရရှိဖို့၊ တိုက်ခန်းဖိုးဆက်မသွင်းနိုင်လို့ ဘဏ်ကနေ တိုက်ခန်းကိုသိမ်းဖို့အကြောင်းကြားတာတွေ။ ဒီလိုအဖြစ်အပျက်တွေကြားမှာ ရုန်းကန်ရတဲ့ အာနီယာရဲ့ဘ၀ကို ပီပီပြင်ပြင်ရိုက်ကူးပြထားလို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1 GB)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

6.9 2022 101 mins
How Is Katia?
Quick Change
6.8

Quick Change (1990) ~ IMDb – 6.8/10, Rotten Tomatoes – 84% ~ တိုတိုပြောရရင်တော့ Bill Murray ရဲ့ ဘဏ်ဓားပြတိုက်တဲ့ကားပဲ။ လူအများစုကတော့ Oceans Eleven တို့၊ The Italian Job တို့၊ Money Heist တို့လို ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်တွေ စီးရီးတွေကြည့်ဖူးကြလိမ့်မယ်။ အဲဒီလို ဘဏ်ဓားပြတိုက်တဲ့ကားတွေမှာ အကြမ်းဖျင်း အဆင့် ၃ ဆင့်ရှိတယ်။ အစီအစဉ်အသေးစိတ်ဆွဲမယ်၊ ဓားပြတိုက်မယ်၊ လွတ်အောင်ပြေးမယ်။ အဓိက ဇာတ်လမ်းတည်တဲ့‌အပိုင်းကတော့ ဓားပြတိုက်တဲ့အပိုင်းပဲ။ ဒီရုပ်ရှင်က အဲဒီလို လမ်းကြောင်းနဲ့ ကွဲတယ်။ အစီအစဉ်ဆွဲတာကို ကျော်ပြီး လာလာချင်းကတည်းက ဓားပြတိုက်တာနဲ့စတယ်။ တခြားရုပ်ရှင်တွေထက် ပိုဒဲ့တိုးသွားတာပေါ့။ ဒီရုပ်ရှင်မှာ အဓိက ဇာတ်လမ်းတည်တာက လွတ်အောင်ပြေးတဲ့အပိုင်း။ ပိုထူးခြားတာက တခြားရုပ်ရှင်တွေထဲကလို CCTV တွေ hack တာတို့၊ အဆင့်မြင့်နည်းပညာတွေသုံးတာတို့ဘာတို့ မပါဘူး။ သာမန်လူက သာမန်အတိုင်း ဉာဏ်ကစားပြီး ဓားပြတိုက်သွားတာပဲ။ ဘဏ်ဓားပြတိုက်တဲ့ နောက်ကွယ်က အကြောင်းအရင်းကလည်း ကျွန်တော်တို့နဲ့ မစိမ်းတဲ့ လွတ်မြောက်ချင်စိတ် ဆိုတဲ့အရာပေါ် အခြေခံတယ်။ အဲဒါကြောင့် သူတို့နေရာက ဝင်တွေးပေးဖို့ သိပ်အလှမ်းမဝေးသလို ခံစားရတယ်။ ဇာတ်လမ်းအစမှာ လူပြက်ဝတ်စုံနဲ့ လူတစ်ယောက်က ဘဏ် ဓားပြလာတိုက်တယ်။ ဓားစာခံတွေကိုဖမ်းထားပြီး အပြင်ကရဲကို ရဟတ်ယာဉ်တွေ၊ ဆိုင်ကယ်တွေ၊ မွန်းစတားထရပ်တွေ ဘာတွေ အစုံ တောင်းဆိုတယ်။ တောင်းဆိုချက်တစ်ခုလိုက်လျောရင် ဓားစာခံတစ်ယောက်လွှတ်ပေးမယ်ပေါ့။ အဲဒီလိုနဲ့ အပြင်က ရဲတွေကို တစ်ကွက်ပြပြီး ဘဏ်ဓားပြတိုက်တဲ့လူပြက်ကပါ လွတ်သွားတယ်။ ရဲတွေကတော့ လူပြက်ကို အထဲမှာပဲ ရှိဦးမယ်ထင်ပြီး စောင့်ဖမ်းဖို့လုပ်တယ်။ အဲဒီမှာ မမျှော်လင့်ထားတာလေးတစ်ခုဖြစ်ပြီး လူပြက်လွတ်သွားကြောင်း ရဲတွေသိသွားတော့ အသည်းအသန် လိုက်ကြတာပေါ့။ ဖြစ်ချင်တော့ ဓားပြတိုက်တာက လူပြက်တစ်ယောက်တည်းမဟုတ်ဘူး။ နောက်ထပ် ၂ ယောက်ပါနေတယ်။ အဲဒါကိုလည်း ရဲတွေက နောက်မှသိရတယ်။ ဒီလိုနဲ့ လူပြက်တို့အဖွဲ့ကလည်း လွတ်အောင်ပြေးတဲ့ လမ်းတလျှောက် ပြဿဒါးရက် နှစ်ထပ်ကွမ်းသလားမှတ်ရအောင် အမျိုးစုံ တိုင်တွေပတ်တယ်။ လွတ်အောင်ပြေးတဲ့ကိစ္စက ဘဏ်ဓားပြတိုက်တာထက် ပိုခက်သလိုကို ဖြစ်နေတာပေါ့။ အကယ်၍ ဒီရုပ်ရှင်ထဲက ရဲအုပ်ကြီးကိုသာ သာမန်ရဲလိုထားလိုက်ရင် ဒီလူတွေ လွတ်မှာပဲလို့ ကြိုတွက်လို့ရတယ်။ ဒါပေမဲ့ ဒီရဲအုပ်ကြီးကိုလည်း ဘဏ်ဘက်က ဖိအားပေးတော့ သူ့အတွက်လည်း မရမက ဖမ်းကိုဖမ်းရမယ့်အခြေအနေဖြစ်သွားတယ်။ အဲဒီလိုနဲ့ ဓားပြတွေပဲလွတ်မလား၊ ရဲပဲမိမလား ရင်တထိတ်ထိတ်နဲ့ ကြည့်လို့ကောင်းသွားတယ်။ သူတို့ ဓားပြတိုက်တဲ့ အကြောင်းပြချက်က နယူးယော့ခ်ကနေ လွတ်မြောက်ချင်စိတ်ကို အရင်းခံတယ်။ “ငါဒီမြို့ကို မုန်းလိုက်တာ” ဆိုတဲ့စကားကို လူပြက် (Bill Murray) က ခဏခဏပြောတယ်။ မြို့ပြရဲ့ ရက်စက်မှုတွေ၊ သွေးအေးမှုတွေ၊ ဆာလောင်မှုတွေကို သူတို့မခံနိုင်တာကြောင့်ပဲ ဒီမြို့က လွတ်အောင်ကြိုးစားကြတာ။ ဓားပြတိုက်တဲ့ ၃ ယောက်လုံးကလည်း ကျွမ်းကျင် ရာဇဝတ်သားတွေမဟုတ်ဘူး။ သူလို ကိုယ်လို သာမန်လူတွေပဲ။ အဲဒီလို ရိုးရိုးရှင်းရှင်းလူတွေက ရိုးရိုးရှင်းရှင်း ဓားပြတိုက်သွားတာကပဲ ဒီရုပ်ရှင်ကို ကွဲထွက်စေတာလို့ ပြောလို့ရတယ်။ လွတ်အောင်ပြေးကြတဲ့အပိုင်းမှာလည်း မြို့ထဲကလူတွေနဲ့ တွေ့ရကြုံရ ပြဿနာတွေတက်ရနဲ့ မြို့ပြကြီးရဲ့ ပုံစံကို လှလှပပ ပြောပြသွားတယ်။ ဒီရုပ်ရှင်ကို ဟာသလေးတွေဖြည့်လိုက်တာက ပိုလို့တောင် ကြည့်လို့အဆင်ပြေသွားတယ်။ ဒီရုပ်ရှင်က Bill Murrayရဲ့ ဒါရိုက်တာအနေနဲ့ရိုက်ခဲ့တဲ့ တစ်ခုတည်းသော ရုပ်ရှင်ဖြစ်တာကြောင့် တစ်ကားလုံးမှာ Bill Murray အငွေ့အသက်တွေ ပြည့်နေသလိုတော့ရှိတယ်။ Box Office မှာ ၂ သန်းလောက်ရှုံးပေမဲ့ Bill Murray ရဲ့ ပါဖောမန့်နဲ့ ဟာသတွေအတွက်တော့ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ ရုပ်ရှင်ပါပဲ။ ယုတ္တိသိပ်မရှိလှတဲ့ အဆင့်မြင့်နည်းပညာတွေ၊ ဟက်ကာတွေ၊ လက်နက်ကြီးတွေနဲ့ ဘဏ်ဓားပြတိုက်တဲ့ကားတွေထက် လက်တွေ့ဘဝနဲ့ ပိုရင်းနှီးတဲ့ ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်မျိုး သဘောကျရင်တော့ ကြည့်ပျော်မယ့် ရုပ်ရှင်တစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 804MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 29Min Genre – Comedy, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.8 1990 89 mins
Quick Change
Peter Five Eight

Peter Five Eight (2024) ‧ American Beauty (1999)ရုပ်ရှင်မှာ အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့တဲ့ မင်းသားကြီး Kevin Spaceyရဲ့ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဆမ်က အောင်မြင်တဲ့ အိမ်ခြံမြေပွဲစားတစ်ယောက်။ အလုပ်ကိုလက်ကြောတင်းအောင်မလုပ်တတ်တဲ့ ခင်ပွန်းသည်ဖြစ်သူနဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နေနေကြတဲ့ သာမာန်စုံတွဲတစ်တွဲပေါ့။ လင်မယားနှစ်ယောက်လုံးက အရက်သမားတွေ။ အလုပ်မှာထူးချွန်ပေမဲ့ အရက်သမားလုံးလုံးဖြစ်နေတဲ့ ဆမ်ကို လုပ်ဖော်ကိုင်ဖက်ဖြစ်သူတွေက သိပ်မကြည်ကြ။ ဆမ်ရဲ့နောက်ကြောင်းကို တိတ်တဆိတ်လိုက်စုံစမ်းထောက်လှမ်းနေသူကတော့ ပီတာအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ကီဗင်။ ပီတာက ဆမ့်မှာ မှောင်မိုက်ပြီးလူသိမခံဝံ့တဲ့အတိတ်တစ်ခုရှိတာကို ဖော်ထုတ်ဖို့ကြိုးစားနေရင်း နှစ်ယောက်သား ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Comedy, Drama, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.2GB | 596MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

0 2024
Peter Five Eight