YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) Oslo, August 31st (2011) BluRay 1080p.mp4

1.73 GB 1080p video/mp4 138 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Killing Romance
6.3

Musical Film အမျိုးအစားကို သဘောကျနှစ်ခြိုက်ကြတဲ့သူတွေအတွက် Killing Romance ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ ဒီဇာတ်ကားထဲမှာသုံးထားတဲ့ Concept ကိုကြည့်လိုက်ရင် ရုပ်ပြဆန်ဆန် ပုံပြင်တစ်ပုဒ်ကိုကြည့်နေရသလို ခံစားချက်မျိုးဖြစ်နေမှာပါ ဇာတ်လမ်းအကျဉ်းကတော့ သရုပ်ဆောင်မင်းသမီးဘဝကနေ အနားယူလိုက်တဲ့ ဟွမ်ယောရယ်ဟာ တောင်ပစိဖိတ်မှာရှိတဲ့ Qualla ကျွန်းပေါ်ကို ရောက်ရှိသွားရာကနေ ဇာတ်လမ်းစပါတယ်။ အရင်က ကိုယ့်စိတ်ကိုယ့်ခန္ဓာကို ကိုယ်ပိုင်ခဲ့တဲ့ ဟွမ်ယောရယ်တစ်ယောက် Qualla ကျွန်းပေါ်က ဘီလူးခေါင်းနဲ့သူဌေးကို မင်းသားလေးလို့မှတ်ထင်ပြီး အိမ်ထောင်ပြုလိုက်မိတဲ့အခါမှာတော့ ရဲတိုက်လိုစံအိမ်ကြီးထဲမှာ အကျဉ်းကျနေရသလို ဖြစ်ခဲ့ရပါတော့တယ် ဒါပေမဲ့ သူတို့အိမ်ရဲ့ဘေးကပ်ရပ်မှာနေတဲ့ စာမေးပွဲ ၃ ခါကျ ကောင်လေးနဲ့ အမှတ်မထင် သိကျွမ်းသွားခဲ့တဲ့အခါမှာတော့ အကျဉ်းကျနေသလို ဘဝကြီးကနေ လွတ်မြောက်အောင် ယောရယ်တစ်ယောက် အဲဒီကောင်လေးနဲ့အတူ ဘယ်လိုကြိုးစားသွားမလဲ‌ဆိုတာ ကြည့်ရှုခံစားကြရမှာပါ Casts တွေအနေနဲ့ အားလုံးသိကြပြီးသား မင်းသမီးကြီး Lee Honey, မင်းသား Lee Sun Kyun နဲ့ Gong Myung တို့က အဓိကပါဝင်ထားကြပါတယ် အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Music, Romance Quality…. 1080p | 720p | 480p File size… Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz and Hmwe Encoder ..... Aaron

Drama
6.3 2023 107 mins
Killing Romance
Seoul Vibe
6.7

ကဲ ဒီနေ့တော့ Trailer မြင်ကတည်းက စောင့်မျှော်ကြည့်ရှုချင်နေကြမဲ့ ပရိတ်သတ်တွေအားလုံးအတွက် အလန်းစားကားကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော် အိုလံပစ်ပွဲကျင်းပခဲ့တဲ့ 1988 Vibe ကိုအပြည့်ရမဲ့ကားဖြစ်ပြီး ကားမောင်းကျွမ်းကျင်တဲ့လူငယ်တစ်စုက ရန်ပုံငွေအလွဲသုံးစားလုပ်တဲ့ကိစ္စတစ်ခုကို ဖော်ထုတ်ဖို့ အသွင်ယူပြီး ပူးပေါင်းစုံစမ်းပေးကြမဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Cast တွေကတော့ ပြောစရာမလိုလောက်အောင်ပြီးပြည့်စုံလှပါတယ် အားလုံးရဲ့အချစ်တော် ယူအာအင်၊ Mouse drama မှာ အားလုံးရဲ့အာရုံစူးစိုက်မှုကို ရရှိခဲ့တဲ့ မင်းသမီးလေး ဘတ်ဂျူဟျွန်း၊ Reply 1988 ထဲက မင်းသား ဂို‌ဂယောင်းဖြို၊ Winner အဖွဲ့ကအဆိုတော် မင်ဟိုအပြင်...It's okay to not be okay ထဲက Autism ဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဖော်နိုင်ခဲ့တဲ့ အစ်ကိုကြီးဖြစ်သူ အိုဂျောင်းဆယ်၊ Prison Playbook ထဲက ဆေးသမားလေး အီဂယူဟျောင်း အစရှိတဲ့ ဇာတ်ရံတွေကအစ ရှယ်တွေသုံးထားတာမလို့ အထူးညွှန်းနေစရာမလိုတော့ဘူးထင်ပါတယ်။ File Size : (1.1GB) and (366 MB) Quality : WEB-DL.Nf.1080p5.1Ch,720p Format…mp4 Duration…02:18:00 Genre : Action , Comedy ,Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Chothet, Thynn & Hae Areum Encoded by Phyo Pyae

Comedy • Drama
6.7 2022 140 mins
Seoul Vibe
Detective vs. Sleuths
6.5

CM ကနေ ဒီတစ်ခါမှာတော့ စိတ္တဆန်ဆန် လူသတ်မှုတွေကို ဖော်ထုတ်မယ့် Detective vs. Sleuths ဆိုတဲ့ စုံထောက်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဟောင်ကောင်မှာ စိတ္တဇဆန်ဆန် လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တစ်ချိုအမှုတွေဆို နှစ်နဲ့ချီပြီး မဖော်ထုတ်နိုင်ဘဲ ရှိနေဆဲအချိန်မှာ အဲ့လိုအမှုတွေကို တစ်ကိုယ်တော် ဖော်ထုတ်နေတဲ့ အံ့ဖွယ်စုံထောက် လီကျွင့်ကတော့ ရဲတပ်ဖွဲအတွက် မျက်စိနောက်စရာဖြစ်လိုနေပါတယ် ဘာလိုလဲဆိုတော့ သူတံတားအောက်မှာ ရေးလိုက်တဲ့ စာလုံးအတိုင်း အမှုတွေ ဖြစ်ဖြစ်လာနေလိုပဲ ဖြစ်ပါတယ် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် တာဝန်ကနေ ရပ်နားခံလိုက်ရတဲ့သူ့ကို လူတွေက ရူးနေပြီလို သတ်မှတ်ကြပေမယ့် သူကတော့ သူ့ကိုယ်သူအံ့ဖွယ်စုံထောက် ဆိုတာကို သက်သပြဖို အမြဲကြိုးစားခဲ့ပါတယ် လုယက်လူသတ်မှု အလောင်းပျံအမှု ကွင်းဆက်လူသတ်မှု သားသတ်သမားအမှု အစရှိတဲ့အမှုတွေမှာလူသတ်တရားခံရဲ့လှည့်ကွက်တွေကို အံ့ဖွယ်စုံထောက်ကြီး လီကျွင့်က ဘယ်လိုဖြေရှင်းသွားမှာလဲ ဒီလိုစိတ္တဇလူသတ်မှုတွေ အစတည်ရာကရော ဘယ်ကနေ လာတာလဲ ဟောင်ကောင်ကားပရိသတ်တွေအတွက်တော့ ရင်းနှီးလောက်တဲ့ သရုပ်ဆောင်တွေကပဲ ပါဝင်ထားတာ‌ဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေကလည်း အရမ်းမိုက်တာမိုလို စုံထောက်ကားကြိုက်တဲ့သူတွေ အနေနဲ့တော့ သဘောကျမိမှာအမှန်ပဲဖြစ်လို ဒီကားလေးကို ကြည့်ကြည့်ဖို ညွှန်းပေးချင်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Thriller , Mystery Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

6.5 2022 102 mins
Detective vs. Sleuths
Folk Legends: The Water Monkeys

ထျန်းရွှေရွာဟာထျန်းရွှေမြစ်နံဘေးမှာတည်ရှိတဲ့ရွာငယ်လေးဖြစ်ပါတယ်။ တောတောင်တွေနဲ့အေးချမ်းသဖွယ်လို့ထင်စရာရှိပေမယ့် အမှန်တကယ်မှာတော့ ရွာလေးဟာလုံးဝကိုအေးချမ်းမနေခဲ့ပါဘူး။ အကြောင်းရင်းကတော့ ထျန်းရွှေမြစ်ထဲမှာ ရေသရဲရှိနေလို့ပါပဲ။ ရွာမှာ ရေသရဲသတ်လို့သေသွားသူတွေလည်းမနည်း၊ အမြဲတစေ ရွာသားတွေကရေသရဲရန်ကိုထိတ်လန့်နေကြရပါတယ်။ ပိုင်ချိုးရွှေဟာ ထျန်းရွှေရွာဇာတိဖြစ်ပြီး ဖခင်ဖြစ်သူ ရေသရဲအသတ်ခံလိုက်ရအပြီးမှာ ရွာကထွက်သွားခဲ့တယ်။ နှစ်ပေါင်းများစွာကြာမှ ဇာတိရွာလေးကို ဖွံဖြိုးတိုးတက်အောင်လုပ်ပေးချင်လို့ သူဟာရွာလေးဆီကိုပြန်လာခဲ့ပါတယ်။ သူပြန်ရောက်လို့မကြာခင်မှာပဲ ရွာမှာထူးဆန်းတဲ့ ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါမှာတော့... ရေသရဲဟာထင်ထားတာထက်ပိုပြီး အင်အားကြီးနေ​ကြောင်းသိလိုက်ရတဲ့အခါ... ရေသရဲကိုဘယ်လိုရင်ဆိုင်​ဖြေရှင်းကြလေမလဲဆိုတာကို သည်းထိတ်ရင်ဖိုခံစားကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Fantasy , Thriller Runtime : 1h 11min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Nu Mon , Chu Chu Encoded by LK

Drama • Thriller
0 2022 71 mins
Folk Legends: The Water Monkeys
Hong Kong Family
5.9

ဒီနေ့မှာတော့ မိသားစု တစ်စုအတွင်းမှာ တွေ့ကြုံလေ့ရှိတတ်တဲ့ အကြောင်းအရာတွေအကြောင်း ရိုက်ကူးထားတဲ့ ဟောင်ကောင် မိသားစု ရုပ်ရှင်ကားလေးကို CM က ပရိသတ်ကြီးအတွက် မိတ်ဆက်ပေးပါရစေ ။ ဟောင်ကောင် မိသားစုတစ်စုဟာ ဇာတိမြေကိုပြန်ပြီး ဆောင်းဦးရာသီ မိသားစု လက်စုံထမင်းစားပွဲတစ်ခုကို ကျင်းပခဲ့ပါတယ် ။ ဒါပေမဲ့ ဒီလက်စုံထမင်းစားပွဲဟာ သူတို့ ထင်သလို ချောချောမွေ့မွေ့ဖြစ်မနေခဲ့ပါဘူး ။ မိခင်ဖြစ်သူ နဲ့ သားဖြစ်သူမင် တို့ နားလည်မှုတွေ ဖြစ်ရင်း မင်ဟာအိမ်ပေါ်ကနေ ဆင်းသွားခဲ့ပါတယ် ။ ဒါ့အပြင် သမီးဖြစ်သူ လင်ဟာလဲ ယောကျာ်းနဲ့ ပြဿနာတွေဖြစ်ကာ သူတို့ရဲ့ လူမမည် ကလေးတွေကိုပါ စိတ်ဒဏ်ရာရစေခဲ့ပါတော့တယ် ။ သ ားဖြစ်သူ မင် နဲ့ သမီးဖြစ်သူ လင် တို့ရဲ့ အခြေအနေကို ကြည့်ရင်း မိခင်ကြီးမှာ စိတ်မအေးချမ်းနိုင်ဖြစ်ခဲ့ပြီး ဒီမိသားစုရဲ့ ဆက်ဆံရေးဟာလဲ ၁၀ စုနှစ်တိုင်တိုင် အေးစက်လို့ နေခဲ့ပါတယ် ။ ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ မင် တစ်ယောက် မိခင်ကြီးဆီကို ပြန်လာနိုင်ပါ့မလား ? အဆင်မပြေမှုတွေ ရင်ဝယ်ပိုက်ထားတဲ့ သူတို့ မိသားစုလေးကရော ပြန်လည် အေးချမ်းနိုင်ပါ့မလား ? ဆိုတာ မိသားစု စိတ်ခံစားချက် ဦးစားပေး ဟောင်ကောင်ရုပ်ရှင်လေးကို အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် ။

5.9 2022
Hong Kong Family
The Lover in the Attic: A True Story
5.3

The Lover in the Attic: A True Story (2018) ” မိသားစုနှင့် အတူကြည့်ရှုရန်မသင့်တော်သောအခန်းများ ပါရှိပါသည် “ ဒီကားကတော့ ၁၉၂၀ပြည့်နှစ်များအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ နာမည်ကြီး တကယ့်ဖြစ်ရပ်မှန်အကြောင်းအရာအပေါ် အခြေခံထားတဲ့ မိသားစုတစ်စုအတွင်းက အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ လူသတ်မှုတို့ကို ရင်ဖိုဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းလေးဖြစ်ပြီး Rating တွေအနေနဲ့ကတော့ IMDb – 5.3/ 10 / Rotten Tomatoes – 60% အသီးသီးရရှိထားပါတယ်။ ညှို့ဓာတ်ပြင်းတဲ့ ‌ဒေါ်လီတစ်ယောက်ဟာ အထည်အလိပ်စီးပွားရေးလုပ်ငန်းရှင်ကြီး ဖရဒ်အော်စရစ်နဲ့လက်ထပ်ထားပါလျက်နဲ့ မိဘမဲ့တစ်ကောင်ကြွက်လည်းဖြစ် တစ်ဖက်မှာဝမ်း‌ရေးအတွက် အပ်ချုပ်စက်ပြင်ပြီး တစ်ဖက်မှာဇာတ်လမ်းတွေရေးရတာကိုသဘောကျတဲ့ အော်တိုဆိုတဲ့ကောင်ငယ်လေးကို ‌မြှူဆွယ်ဖြားယောင်းပြီး ခင်ပွန်းမသိအောင် အိမ်ထပ်ခိုးမှာခေါ်သွင်းပြီး စားနေကျဖြစ်ပါတယ်။ အော်တိုဟာ ဖရဒ်ရှိတဲ့အချိန် အောက်ထပ်မှာဖြစ်ပျက်သမျှ၊ ကြားရသမျှကို ချစ်စိတ်တစ်ခုတည်းနဲ့ ခါးစည်းသည်းခံကာ ထပ်ခိုးကကြွက်တစ်ကောင်လို ပိပိရိရိနေထိုင်ခဲ့တယ်။ ဒေါ်လီနဲ့ အော်တိုတို့ရဲ့ အချစ်မီးတောက်ဟာ ဒေါ်လီ ၃၃နှစ်၊ အော်တို ၁၇နှစ်မှာ စတင်ခဲ့ကြတာဖြစ်ပါတယ်။ ဘဝရဲ့အကောင်းဆုံး ငယ်ရွယ်ပျိုမြစ်ချိန်တွေကို ဆောင်းနွေမသိဘဲ အခန်းသော့ပိတ်ခံ ကုန်ဆုံးခဲ့ရပြီး တဖြည်းဖြည်းနဲ့ဘယ်လိုပေါက်ကွဲမိမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 700MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 27Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

5.3 2018
The Lover in the Attic: A True Story
Vavien

IMDb rating – 7.5/10 ဒီနေ့တော့ပရိတ်သတ်ကြီးကို Comedy Drama Thriller ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ Celal ဆိုတဲ့သူက အကြွေးတွေဝိုင်းဝိုင်းလည်နေတဲ့ လျှပ်စစ်ဝန်ဆောင်မှုပေးတဲ့သူတစ်ယောက်ပေါ့ တစ်နေ့မှာတော့ သူ့ရဲ့အကြွေးတွေကရုန်းထွက်နိုင်တဲ့သူက သူ့မိန်းမရဲ့စုဆောင်းငွေတွေကိုတပ်မက်ပြီး သူ့မိန်းမကိုမက်လုံးပေး ပျော်ပွဲစားထွက်ဖို့ပြောပါတော့တယ် ယောက်ျားကလွဲရင်ကျန်တာမမြင်တဲ့သူ့ဇနီးကလည်း သူ့ယောက်ျားက ပျော်ပွဲစားထွက်မယ်ပြောတော့ ရာသီဥတုမကောင်းတဲ့ မိုးရွာတော့မယ့်နေ့မှာတောင် သူငယ်ချင်းတွေကိုခေါ်ပြီး သူတို့မိသားစုလေးပျော်ပျော်ပါးပါး ပျော်ပွဲစားထွက်ခဲ့ကြပါတယ် ဒီလိုနဲ့အပြန်လမ်းမှာ Celal ရဲ့ဇနီးက ကားတံခါးကနေ ချောက်ကမ်းပါးထဲကိုပြုတ်ကျသွားတဲ့အခါမှာတော့…ရဲတွေကဘယ်လိုလိုက်ရှာပါစေမတွေ့ခဲ့ပါဘူး သူ့ယောက်ျားလည်း သူ့မိန်းမကိုသေပြီလို့အောက်မေ့ပြီးအပျော်ကြီးပျော်နေချိန်မှာ သူ့မိန်းမပြန်ရောက်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖို့ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…(844 MB) Quality….Webrip 720p Format…mp4 Duration….01:40:00 Genre…Comedy, Drama, Thiller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2009
Vavien
The Limits of Control

ဒီဇာတ်လမ်းကတော့ ကြည့်ရှူသူပရိတ်သတ်တစ်ယောက်ချင်းစီရဲ့ ရှူထောင့်ကိုယ်စီပေါ်မူတည်ပြီး ဇာတ်အိမ်ကပြောင်းလဲသွားမှာပါ။ နက်နက်နဲနဲနဲ့တွေးတောရမယ့် ဇာတ်ကွက်တွေ ဇာတ်ညွှန်းတွေနဲ့ အကြောင်းအရာတစ်ခုချင်းစီကို ပုံဖော်ထားတဲ့ဇာတ်အိမ်မျိုးကို ကြိုက်နှစ်သက်တဲ့သူတွေကို ဒီဇာတ်လမ်းကိုကြည့်ရှူဖို့တိုက်တွန်းချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… သွေးအေးအေးနဲ့ မျက်နှာထားတည်တဲ့သူတစ်ယောက်က အမည်မရှိတဲ့သူလို့ သူ့ကိုခေါ်ပါလို့ ပြောတဲ့သူတစ်ယောက်ကို “တခြားသူတွေထက် ကိုယ့်ကိုယ်ကိုယ် သာလွန်နေတဲ့လို့ထင်နေတဲ့ သူတွေက သင်္ချိုင်းကုန်းကို သွားသင့်တာအဲဒီလိုမှ သူတို့ကဘဝရဲ့အဓိပ္ပာယ်အစစ်ကို သိနိုင်မှာ” စတဲ့နက်နဲတဲ့စကားတွေပြောနေပါတယ်။ အမည်မရှိတဲ့သူကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ့ခရီးကိုစထွက်လာတာပေါ့ ဒီလိုနဲ့ခရီးလမ်းတစ်လျှောက်မှာ သူတွေ့ကြုံရတဲ့လူတွေကနေတစ်ဆင့် ဇာတ်လမ်းအမျိုးမျိုးကို နက်နက်နဲနဲရိုက်ကူးပြရင်း ဇာတ်သိမ်းမှာတော့ ဇာတ်ကွက်တစ်ခုလုံးကို အပြောင်းအလဲဖြစ်အောင် ခေါ်ဆောင်သွားပါတော့တယ်။ အားလုံးပဲကြည့်ရှူခံစားပေးကြပါဦး။ File size…(939 MB) Quality…. 720p Format…mp4 Duration….01:32:00 Genre…Crime, Drama, Thriller, Mystery, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2009
The Limits of Control
Spy
7

Spy(2015) IMDb Rating (7/10) / Rotten Tomatoes (95%) ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။ အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။ “ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ” လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျနော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။ စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းကကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ ပထမဆုံးဇာတ်ကောင် ၂ ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။ ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါကြိတ်ကြွေနေသေးတာ။ တစ်နေ့တော့ အဏုမြူဗုံးတစ်လုံးကို ပြန်ယူရမယ့်မစ်ရှင်ဖြစ်လာတယ်။ အဲဒီမှာ ဖိုင်းတစ်ယောက်လုပ်ကြံခံလိုက်ရတဲ့အပြင် လက်သည်ကလည်း စီအိုင်အေက စပိုင်တွေအကုန်လုံးရဲ့နာမည်ကိုသိထားပြီးသားဖြစ်နေပြီဆိုတော့ မြေပြင်ထွက်တဲ့စပိုင်တွေတိုင်ပတ်တော့တာပေါ့။ သူတို့အနေနဲ့ သူလျှိုဝင်လုပ်ဖို့ကမဖြစ်နိုင်တော့ဘူး။ အဲဒီလိုနဲ့ ဒီမစ်ရှင်က မြေအောက်ခန်းမှာကွန်ပြူတာကိုင်တဲ့ ဆူဆန်ကူးပါး ရဲ့တာဝန်ဖြစ်လာတယ်။ သူ့ပုံကလည်း ရုပ်ရှင်ထဲက စပိုင်‌တွေလိုခပ်လန်းလန်းမဟုတ်တဲ့အပြင် သူ့အကြောင်းလည်းဘယ်သူမှအဖတ်မလုပ်ဘူးဆိုတော့ သူပဲလုပ်ပေးပါမယ်ပေါ့။ သူကသင်တန်းဆင်းအေးဂျင့်ဆိုပေမဲ့ တခြားသူမပြောနဲ့ သူ့ကိုယ်သူတောင်ယုံကြည်ချက်မရှိဘဲ အထင်မကြီးဘူးဖြစ်နေတယ်။ ဒါပေမဲ့ မြေပြင်ပေါ်ရောက်လာတဲ့အချိန် စိတ်ရှိလက်ရှိကြမ်းရမ်းရင်း သူကိုယ်တိုင်တောင်မသိတဲ့ သူ့ရဲ့လုပ်နိုင်စွမ်းတွေကိုပါမြင်လာရတယ်။ အဲဒီလိုနဲ့ သူလျှိုဝင်လုပ်တဲ့အချိန်မှာ ဒီအဏုမြူဗုံးအရောင်းအဝယ်ကိစ္စက နှစ်ဖက်ချွန်သူလျှိုတွေဘာတွေနဲ့ သပွတ်အူလိုရှုပ်ရှုပ်လာတော့ စပိုင်ကားတွေအတိုင်း အက်ရှင် ဇာတ်အိမ်ကောင်းကောင်းနဲ့ အမှုကိုဖြည်ကြတာပေါ့။ ဒီရုပ်ရှင်မှာ အခိုက်ဆုံးနေရာဆိုရင် ဆူဆန့်ရဲ့ ဇာတ်ရုပ်အပြောင်းအလဲဖြစ်တဲ့နေရာဖြစ်လိမ့်မယ်။ တအားချိုသာတဲ့လူအဖြစ်ကနေ သူ့ဇာတ်‌သူမနိုင်နိုင်အောင်က,ရင်းကနေ ငါဒီလိုတောင် သောက်ကြမ်းကြီးလုပ်နိုင်ပါလားဆိုတဲ့အထိ ဇိုးကြီးဖြစ်သွားတာက ရယ်ရသလောက် အားရဖို့လည်းကောင်းတယ်။ ဇာတ်လမ်းကတော့ စပိုင် အက်ရှင် ဟာသကို ကျကျနနရောထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ ဒါရိုက်တာ Paul Feig က သူ့အနေနဲ့ စပိုင်ကားကိုမှ ဖန်တရာတေ ဟာသတွေမသုံးဘဲ အတတ်နိုင်ဆုံးရယ်ရတဲ့ အက်ရှင်ကားမျိုးဖြစ်အောင်ရိုက်ချင်တယ်ဆိုတဲ့စိတ်ကူးကနေအရင်းခံပြီး ဇာတ်ညွှန်းကိုသူကိုယ်တိုင်ရေးခဲ့တယ်။ ဟာသတွေကလည်း အခုထိသစ်တုန်းပဲ။ လင်းနို့တွေရုံးထဲရောက်နေတဲ့အခန်းဆိုရင် သူရိုက်ခဲ့တဲ့ The Office အပိုင်းတစ်ခုကို reference ယူထားတယ်လို့ဆိုတယ်။ Jason Statham ဇာတ်ကောင်ကိုလည်းအစကတော့ တည်တည်တံ့တံ့အနေနဲ့ရေးခဲ့ပေမဲ့ နောက်မှစိတ်ပြောင်းပြီး အူကြောင်ကြောင်ဟာသဇာတ်ကောင်အနေနဲ့ထည့်သုံးလိုက်တယ်။ အဲဒီဘဲကလည်း ဟာသအပိုင်းမှာပါ တော်တော်ကိုပိုင်တယ်လို့ပြောရလောက်အောင် အတည်ပေါက်ကြီးတွေဖောက်တယ်။ ဟာသမင်းသားအနေနဲ့ပါ ဆုတစ်ခု ဆန်ကာတင်ဝင်သွားသေး။ ဒါရိုက်တာ Paul Feig နဲ့ Melissa McCarthy ကိုဇာတ်ကြောင်းပြန်ကောက်မယ်ဆိုရင် သူတို့ကရှေ့မှာ Bridesmaid တို့ The Heat တို့ကိုရိုက်ခဲ့ပြီးပြီ။ Melissa McCarthy ဆိုတာ ဒီကားမတိုင်ခင်ကတော့ ဇာတ်ပို့ဟာသမင်းသမီးလောက်ပေါ့။ ဒါပေမဲ့ Bridesmaid မှာ ဇာတ်ပို့အော်စကာဆုဆန်ကာတင်ဝင်သွားတဲ့အထိ သရုပ်ဆောင်ကောင်းနေတော့ Spy မှာ အဓိကဇာတ်ကောင်အနေနဲ့တည်ရိုက်ခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ Feig က တာဝန်ကြီးကြောင်းလည်းဝန်ခံခဲ့တယ်။ သူ့အဆိုအရ ဒီရုပ်ရှင်ကိုသာ ပေါကားဖြစ်အောင်သူရိုက်မိရင် အမျိုးသမီးတွေရဲ့ဟာသရုပ်ရှင်နယ်ပယ်က တော်တော်အထိနာသွားမယ်တဲ့။ ဒီလိုတာဝန်များတဲ့ကိစ္စမှာ Melissa McCarthy ကို ထည့်ရိုက်တယ်ဆိုတာ တော်ရုံယုံကြည်မှုနဲ့တော့မဟုတ်ဘူး။ Melissa ကလည်း စတန့်တွေကိုပါ ကိုယ်တိုင်ဝင်လုပ်တဲ့အပြင် အက်ရှင်ခန်းအတွက်သိုင်းပါသင်တဲ့အထိ တော်တော်ကြိုးစားခဲ့တယ်။ ယုံကြည်မှုကို အလဟဿမဖြစ်စေဘူးပေါ့လေ။ သူ့ရဲ့သရုပ်ဆောင်ချက်တွေကလည်း ဒီရုပ်ရှင်ကို အဓိကချီးကျူးကြတဲ့ထဲမှာပါတယ်။ ချုပ်ပြောရရင် သရုပ်ဆောင်တွေကော ဇာတ်လမ်းပါ ပျင်းဖို့မကောင်းတဲ့ရုပ်ရှင်ပါပဲ။ “ငါသာ အတွေ့အကြုံမရှိဘဲ စပိုင်အနေနဲ့ထွက်လုပ်ရမယ်ဆိုရင် ဘယ်လိုနေမလဲတွေးကြည့်ပါ”။ ပြီးရင် ဒီရုပ်ရှင်ကိုကြည့်လိုက်ပါ။ မိုးမွှန်နေအောင်ရိုင်းထားတာကြောင့် ဒီရုပ်ရှင်နဲ့အင်္ဂလိပ်စာသင်မယ်ဆိုရင်တော့ ကောင်းကောင်းဆဲတတ်သွားမှာတော့သေချာပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) 4K ကိုတော့ CM App မှာ Streaming လဲ ကြည့်လို့ရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ CM App ကို www.cmapp.tv မှာ ရယူပါ။

7 2015 120 mins
Spy
The Voices
6.3

The Voice (2014) Horrer/Thriller Imdb 6.3/10 ဒီတစ်ခါဇာတ်ကားကတော့မင်းသားကြီး Ryan Reynolds ရဲ့နာမည်ကြီးသင့်သလောက်မကြီးခဲ့တဲ့ကားလို့ပဲပြောရမယ်ဗျ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်ငယ်ငယ်ထဲကမိသားစုပြဿနာတွေကြောင့်ထရော်မာတွေရပြီးဆိုးဝါးလွန်းတဲ့စိတ်ဒဏ်ရာတွေကိုမျိုသိပ်ထားရတဲ့သနားစရာဂျယ်ရီဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ နဂိုစိတ်ထားကဖြူစင်ပြီးသာမန်လူတွေလိုလူတန်းစေ့နေနိုင်ပေမယ့် ဆွေးနွေးကုသမှုခံယူနေရဆဲဖြစ်တာကြောင့်အရွယ်ရောက်တဲ့ထိ စိတ်အခြေအနေကပုံမှန်တော့မဖြစ်နေခဲ့ပါဘူး။ ဇာတ်လမ်းကိုဒီထက်ပိုပြောရင်စပွိုင်လာဖြစ်မှာစိုးတာကြောင့်ရုပ်ရှင်ရဲ့အရည်အသွေးဘက်ကိုသွားကြည့်တာပေါ့။ ဇာတ်လမ်းကကျောရိုးခိုင်ပြီး ကာရိုက်တာတည်ဆောက်ပုံတွေလည်းအပြစ်ပြောစရာမရှိတဲ့အပြင် မင်းသားရဲ့သရုပ်ဆောင်မှုကလည်းလိုလေသေးကိုမရှိအောင်ပါပဲ။ ဘက်ဂျက်ကြောင့်ပဲလားဒါရိုက်တာတွေရဲ့လိုအပ်ချက်ကြောင့်လားတော့မသိပေမယ့် Cinematography တွေ ကင်မရာရိုက်ချက်တွေ အထူးပြုလုပ်မှုတွေကိုခုထက်အားထည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားဟာ မင်းသားတောင်အော်စကာရသွားနိုင်တဲ့ကားမျိုးဆိုတာရဲရဲပြောနိုင်ပါတယ်။ ကြာမြင့်ချိန်နှစ်နာရီနီးပါးဆိုပေမယ့်လည်းတစ်ဝက်ကျော်လောက်ကစပြီးဇာတ်လမ်းကို Rush ထားသလိုခံစားရတာရယ်၊ဇာတ်အိမ်ကောင်းပြီးသား၊သရုပ်ဆောင်တွေလည်းကောင်းပြီးသားဒီထက်အများကြီးကောင်းအောင်ရိုက်လို့ရတာကို အနည်းငယ်ပြီးစလွယ်လုပ်လိုက်သလိုခံစားချက်မျိုးဖြစ်နေလို့သိပ်အားမရဘူးပဲဆိုပါတော့ဗျာ။ ဒါဟာကျွန်တော်တစ်ယောက်ထဲအမြင်လည်းဖြစ်နိုင်ပါတယ်။ အချုပ်ပြောရရင်တော့ Psycho thriller တွေကြိုက်တတ်ရင်မဖြစ်မနေကြည့်ရှုသင့်ပြီး Ryan Reynolds ဖန်ဆိုရင်တော့ပိုလို့တောင်လက်မလွှတ်သင့်ပါဘူး။ ပေးချင်တဲ့မက်ဆေ့ချ်ရယ်လို့ပြောရရင် ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးနဲ့အနာဂတ်ကို မိသားစုရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိသက်ရောက်နိုင်လဲဆိုတာသင်ခန်းစာယူစရာပါ။ စိတ်မနှစ်မြို့ဖွယ်သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်ခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ စိတ်မခိုင်သူတွေကြည့်ရှုဖို့တော့သိပ်အဆင်မပြေနိုင်ပါဘူး။ File size…(1.84GB)/(871MB)/(429MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre…Comdey / Crime / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Bo

Drama • Romance
6.3 2014
The Voices
The Shade
5

cm ပရိသတ်ကြီးကို Psychological horror ဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ St.Louis နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ Nomination ဆယ်ခုအထိ ရခဲ့ပြီး ဆုရှစ်ဆုတောင် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ Horror ဆိုပေမယ့် တခြားဇာတ်ကားတွေကို ပြူးပြူးပြဲပြဲ ခြောက်လှန့်ပြနေတာမျိုး မဟုတ်ဘဲ လူတွေအတော်များများ ဂရုမစိုက်မိကြတဲ့ စိတ်ဒဏ်ရာတွေ… စိတ်ဖိစီးမှုတွေနဲ့ ကြီးပြင်းလာတဲ့သူတွေရဲ့ ဘဝမှာ ရုန်းကန်ရမှုတွေနဲ့ စိတ်ကျန်းမာရေး အရေးပါပုံကို တစ်စေ့တစ်စောင်း ထောက်ပြ ပေးနိုင်ခဲ့တာကြောင့် ဒီလိုမျိုး ဆုတွေအများကြီး ရခဲ့တာလို့ မြင်မိပါတယ်။ ဇာတ်ကြောင်းကတော့ ရိုင်ယန်ဆိုတဲ့ ကောင်လေးဟာ ခြောက်နှစ်သားအရွယ်မှာ ဖခင်ဖြစ်သူ သေကြောင်းကြံတာကို ကြုံဆုံခဲ့ရပြီး နောက်ပိုင်းမှာ အိပ်မက်ဆိုးတွေနဲ့ ကြီးပြင်းလာရတဲ့ ၂၀နှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ညီအစ်ကိုသုံးယောက်ထဲမှာ အလတ်ဖြစ်ပြီးတော့ ဖအေဆုံးပါးပြီး နောက်ပိုင်းမှာ စိတ်ကုထုံးဆရာနဲ့ ပုံမှန်ပြ နေပေမယ့်လည်း သိပ်ပြီးမထူးခြားလှပါဘူး။ မိခင်ဖြစ်သူက စားသောက်နေထိုင်ဖို့အတွက် ရုန်းကန်ရှာဖွေနေရတာမို့ သားတွေကို သိပ်ပြီး လှည့်ကြည့် မအားတာကြောင့် အငယ်လေးဖြစ်တဲ့ ဂျေမီကို ရိုင်ယန်ပဲ အနီးကပ် စောင့်ရှောက် နေရတာ ဖြစ်ပါတယ်။ တစ်ရက်တော့ သူ့ရဲ့အစ်ကိုဖြစ်သူ ဂျေဆင်ဟာ ကောလိပ်ကျောင်းတက်ရင်း တစ်ပိုင်းတစ်စနဲ့ အိမ်ပြန်ရောက်လာခဲ့ပါတယ်။ ရိုင်ယန်အနေနဲ့ အမှောင်ထုထဲက အရာတစ်ခုခုက သူတို့ဖခင်ဆီကနေ သူတို့ညီအစ်ကိုတွေကို ချဉ်းကပ်လာတယ်လို့ သံသယဖြစ်လာတဲ့အခါမှာ ဒီအရာကို ဘယ်လိုမျိုး တွန်းလှန် တိုက်ခိုက်မလဲဆိုတာကတော့ …။ File size… (1.21GB) / (866MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 7m Genre ….. Horror , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5 2024 127 mins
The Shade
Apsara
6.4

Apsara 2024 (အိပ်မက်မင်းသမီးလေး) ဆစ်ဒူဆိုတဲ့ကောင်လေးဟာ မိန်းမဆုံးပြီးကတည်းက ဘာအလုပ်မှမလုပ်ဘဲ အရက်ပဲသောက်နေတဲ့ အရက်သမားအဖေနဲ့အတူ နေထိုင်ပါတယ်။ ဆစ်ဒူမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အိပ်မက်ထဲမှာ နတ်သမီးလေးလိုလှပတဲ့ ကောင်မလေးတစ်ယောက်က ပေါ်ပေါ်လာတာပါပဲ။ ဆစ်ဒူဟာ အဲဒီကောင်မလေးကို စွဲလမ်းနေပါတော့တယ်။ အပြင်မှာတော့ ဆစ်ဒူကို တစ်ဖက်သတ်လိုက်ချစ်နေတဲ့ ရင်ကူဆိုတဲ့ ကောင်မလေးကလည်း ရှိနေပြန်ပါတယ်။ တစ်ဖက်မှာလည်း ရတ်နာ ပူနဲကာတို့ နိုင်ငံရေးမိသားစုရှိနေပြန်ပါတယ်။ ဒီမိသားစုဟာဆိုရင်တော့ ရွေးကောက်ပွဲမှာ အဖေ,ခင်ပွန်းနဲ့ ဇနီးသည်တို့ တစ်လှည့်စီ ဝင်ပြိုင်ရင်း နေရာတစ်နေရာမှာ မိသားစုလိုက် အပိုင်စီးထားသူတွေပါ။ နိုင်ငံရေးလောကဆိုတဲ့အတိုင်းပဲ အရှုပ်အထွေးတွေလည်း ရှိနေတာပေါ့။ ဒီလို အဆက်အစပ်မရှိတဲ့ ရတ်နာပူနဲကာတို့ နိုင်ငံရေးမိသားစုနဲ့ ဆစ်ဒူတို့ ဘယ်လိုတွေ ဆက်နွယ်သွားကြမလဲ … ဆစ်ဒူရဲ့ အိပ်မက်ထဲက နတ်သမီးလေးကရော အပြင်မှာ တကယ်ရှိရဲ့လား … ဆစ်ဒူနဲ့ တွေ့ဆုံခွင့်ရမှာလား… ဆိုတာကိုကြည့်ရှုရမယ့် အချစ်ဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.4 2024
Apsara
Big Match
7

Big Match (2014) **************** IMDb… 7.0 သည်းထိတ်ရင်ဖို အက်ရှင်ကားကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ CM ပရိသတ်ကြီးတို့အတွက် Lee Jung-jae, Shin Ha-kyun, Lee Sung-min တို့လို ဒိတ်ဒိတ်ကြဲ မင်းသားကြီးတွေပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ချွဲအီဂို (Lee Jung-jae) ဟာ အံ့သြဖွယ်ကောင်းတဲ့ ခံနိုင်ရည်နဲ့ လက်ဝှေ့စကေးတွေ ပိုင်ဆိုင်ထားပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့သူဖြစ်တာကြောင့် နာမည်ကြီးလူကြိုက်များတဲ့ လက်ဝှေ့သမားတစ်ယောက်ဖြစ်ပါတယ်။ မိဘတွေမရှိတော့တဲ့အချိန်ကတည်းက အစ်ကိုကြီးအဖရာအဖြစ်ရော နည်းပြအဖြစ်ပါသင်ကြားပေးနေတဲ့ အစ်ကိုချွဲယောင်းဟို (Lee Sung-min) အပေါ်ကိုလည်း အင်မတန်မှ ချစ်ကြောက်ရိုသေတတ်သူပါ။ ဒီလိုအေးချမ်းသာယာတဲ့ဘဝလေးပိုင်ဆိုင်ထားရတဲ့ ချွဲအီဂိုဟာ တစ်နေ့မှာတော့ ရုတ်တရက်ကြီး လူသတ်မှုရဲ့သံသယရှိသူအဖြစ် ဖမ်းဆီးချုပ်နှောင်ခံလိုက်ရပြီး အစ်ကိုဖြစ်သူကပါ ပျောက်ဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ အချုပ်ထဲမှာထိန်းသိမ်းခံထားရတုန်းမှာပဲ အမည်မသိဖုန်းတစ်ကောဝင်လာပြီး အစ်ကိုဖြစ်သူကို ပြန်ပေးဆွဲထားကြောင်းနဲ့ အသက်ကယ်ချင်ရင် သူခိုင်းတဲ့အတိုင်းလုပ်ဖို့ အမိန့်ပေးခံလိုက်ရပါတော့တယ်။ အဲဒီလူကတော့ Ace (Shin Ha-kyun) လို့ ခေါ်တဲ့လူဖြစ်ပြီး ငွေရှိအသိုင်းအဝိုင်းအတွက် လောင်းကစားဂိမ်းစီစဥ်ပေးတဲ့သူ ဖြစ်နေတဲ့အခါမှာတော့… ချွဲအီဂိုတစ်ယောက် Ace ရဲ့ပြိုင်မြင်းဖြစ်သွားရပြီး အစ်ကို့အသက်ကို ကယ်တင်နိုင်ဖို့အတွက် ဘယ်လိုဂိမ်းတွေနဲ့ ရင်ဆိုင်သွားရမလဲ… အဲဒီဂိမ်းတွေရဲ့နောက်ကွယ်မှာရော ဘာတွေရှိနေမလဲ… အစ်ကို့အသက်ကိုရော ချောချောမွေ့မွေ့နဲ့ ကယ်တင်သွားနိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu Pyae ပဲ ဖြစ်ပါတယ်။) File Size : 2.1GB/ 1.oGB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:49:00 Genre : Action, Comedy, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Pyae Encoded by Tiff

Comedy • Crime
7 2014 112 mins
Big Match
The Suicide Forecast
7

The Suicide Forecast (2011) *************************** IMDb-7 လူတွေအများကြီးနဲ့ ဇာတ်အိမ်တည်ထားပြီးတော့ ဘဝဆိုတဲ့အရာကို တန်ဖိုးထားရကောင်းမှန်းနားလည်အောင် ရိုက်ကူးတင်ပြထားတဲ့ ၂၀၁၁ ခုနှစ်ထွက်ဇာတ်ကားပဲဖြစ်ပါတယ်။ Main Cast အနေနဲ့ကတော့ Moving ထဲမှာ Frank နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Ryoo Seung-Bum ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း *************** ဘယ်ဗြောင်းဝူ (Ryoo Seung-Bum) ဟာ ကျွမ်းကျင်ဘေ့စ်ဘောကစားသမားအဖြစ်မှ အနားယူထားရပြီးတော့ အခုချိန် ဂျယ်အီအသက်အာမခံကုမ္ပဏီမှာ ထိပ်တန်း salesman အဖြစ် အလုပ်လုပ်ကိုင်နေသူတစ်ဦးပါ။သူဟာ ကိုရီးယားရဲ့ Top 1% ပဲ ရှိတဲ့လူချမ်းသာတွေရဲ့ ငွေကြေးကိုပါ စီမံပေးရလောက်တဲ့ထိ ထူးချွန်တဲ့သူဖြစ်ပေမဲ့လည်း အောင်မြင်ဖို့ ချမ်းသာဖို့အရေးကိုသာ ကြည့်ပြီးနေလာခဲ့တာကြောင့် အရင်ကနဲ့မတူတော့ဘဲ ဘုဂလန့် လူ့ဂွစာတစ်ယောက်ဖြစ်လာခဲ့တာပေါ့။ တစ်ရက်…ဘယ်ဗြောင်းဝူရဲ့ဧည့်သည်တွေထဲကတစ်ယောက်ဟာ အသက်အာမခံအဖွဲ့ဝင်ပြီးနောက် ရည်ရွယ်ချက်ရှိရှိနဲ့ အာမခံငွေအတွက် သတ်သေသွားခဲ့ပါတယ်။ဒါ့အပြင် ကျန်ရစ်သူမိသားစုကပါ ဘယ်ဗြောင်းဝူကို သတ်သေဖို့အတွက် လှုံ့ဆော်အားပေးမှုနဲ့ တရားစွဲလိုက်တဲ့အခါ အာမခံကုမ္ပဏီဘက်က ဘယ်ဗြောင်းဝူရဲ့ အရင် မှတ်တမ်းတွေကိုပါ ပြန်လည် စာရင်းစစ်ဝင်ပါတော့တယ်။ ဧည့်သည်တွေထဲမှာ နောက်ထပ် သတ်သေသူတစ်ယောက်သာတိုးလာရင် ဘတ်ဗြောင်းဝူရဲ့ အသက်မွေးဝမ်းကျောင်း ပျက်သုဉ်းသွားတော့မဲ့ အခြေအနေမှာ ဘယ်ဗြောင်းဝူဟာ သူ့ရဲ့အရင်ဧည့်သည်တွေထဲက သတ်သေနိုင်ခြေရှိတဲ့လူတွေ ရည်ရွယ်ချက်ရှိရှိ အသက်အာမခံအဖွဲ့ဝင်ခဲ့တဲ့လူတွေကို ပြန်လည် အမှတ်ရသွားပါတော့တယ်။ တစ်ဘို့တည်းသာ တွေးပြီး လူတကာကို သနားကြင်နာမှုမရှိတဲ့ လူ့ဂွစာ ဘယ်ဗြောင်းဝူတစ်ယောက် အဲဒီဧည့်သည်တွေနဲ့ တွေ့ဆုံပြီး အသက်အာမခံကနေ ပင်စင်အာမခံကို ပြောင်းဖို့တိုက်တွန်းရန် ကြံပါတော့တယ်။မိသားစုဝင်တွေအားလုံး နိုင်ငံခြားမှာ ရောက်ရှိနေပြီး အကြွေးတစ်ပုံတစ်ပင် ရှိနေတဲ့သူ… အကြောလိုက်ရောဂါရှိနေတဲ့ အိမ်ခြေရာမဲ့တစ်ယောက်…အမှိုက်သိမ်းတဲ့အလုပ်ကို လုပ်ကာ သားသမီးလေးယောက်ကို ရှာဖွေကျွေးမွေးနေရတဲ့အမေ…အကြွေးရှင်တွေကိုရှောင်ရင်း ဘားမှာသီချင်းဆိုကာ မောင်လေးရဲ့ဝမ်းစာကို ဖြေရှင်းနေတဲ့အစ်မဖြစ်သူ…သူတို့ရဲ့ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝတွေထဲကို ဘယ်ဗြောင်းဝူဆိုတဲ့လူတစ်ယောက် ပါဝင်ပက်သက်မိသွားတဲ့နောက်မှာ သူတို့အားလုံးရဲ့ဘဝဟာ ဘယ်လိုဆက်ဖြစ်သွားမလဲ…လူ့ဂွစာတစ်ယောက်ရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ သနားကြင်နာမှုနဲ့ သူတစ်ပါးကို ဖေးမကူညီမှုတို့ကရော ဘယ်လိုနည်းဟန်တွေနဲ့ ထွက်ပေါ်လာမလဲ…။ အသက်ရှင်နေရတဲ့ဘဝရဲ့ တဒင်္ဂအခိုက်အတန့်လေးတောင်မှ ဘယ်လောက်တောင် တန်ဖိုးရှိသလဲဆိုတာကို ထိထိမိမိ ရိုက်ကူးတင်ပြထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Yati Naingက ရေးသားထားပါတယ်) File Size – 1.83 GB/ 766 MB Quality – WEB-DL 1080p/ 720p Duration – 2h 2m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Yati Naing Encoded by – Treasure Htet

Romance • Comedy • Drama
7 2011 124 mins
The Suicide Forecast