YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

[CM]Orphan.First.Kill.2022.480p.mp4

304.27 MB N/A video/mp4 239 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Crucible
6.6

ဒီဇာတ်လမ်းလေးကတော့ အယူသီးမှုကနေ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ရိုက်ကူးထားတာပါ။ တွေးရင် တွေးနိုင်သလောက် ပညာရစေတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်တယ်။ တကယ်တော့ အပြင်လောကမှာရှိတဲ့စေတန်ထက် မိမိကိုယ်တွင်းစိတ်ယုတ်ကသာလျှင် စေတန်အစစ်အမှန်ပဲဖြစ်တယ်။ ၁၆ရာစုဝန်းကျင်ခန့်က ဆေလန်ပြည်နယ်မှာ စုန်းအတတ်ကျင့်သုံးတယ်ဆိုတဲ့ စွဲချက်နဲ့ လူ၂၀၀ကျော်ခန့် အစွပ်စွဲခံခဲ့ရပြီး အပြစ်မဲ့သူ ၁၉ယောက်သေဒဏ်ကျခံခဲ့ရပါတယ်။ The Crucibleရုပ်ရှင်ကတော့ ဒီဆေလန်ပြည်ဖြစ်စဥ်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာပါ..။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဂေးဝီလီယမ်အပါအဝင် အမျိုးသမီးငယ်အများအပြားက အုပ်စုဖွဲ့ပြီး တဖက်သတ်ချစ်တဲ့ယောကျ်ားတွေရဲ့ အချစ်ကိုရဖို့ တောထဲမှာ ဂါထာတွေရွတ်ပြီး ကခုန်ကြတယ် ။ အဲဒီအချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီးပါးရစ်က တူမဖြစ်တဲ့အက်ဘီဂေးနဲ့ သမီးဖြစ်တဲ့ဘတ်တီတို့ကို တွေ့သွားခဲ့တယ်။ အသက်ငယ်သေးတဲ့ ဘတ်တီက ကြောက်အားလန့်အားနဲ့ မေ့လဲရာကနေ တစ်ရွာလုံးမှာ စုန်းပြုစားခံရတယ်ဆိုတဲ့ သတင်းပြန့်သွားခဲ့တယ်။ အက်ဘီက ဒီအခွင့်အရေးကို အသုံးချပြီး  အိမ်ထောင်သည်ဂျွန်ပရော့တာနဲ့ ပေါင်းဖက်ရဖို့ ကြိုးစားတော့တယ်။ အက်ဘီအပါအဝင် တခြားမိန်းမငယ်လေးတွေအားလုံး စေတန်လက်က လွတ်လာတာမို့ စေတန်နဲ့ပက်သက်သူတွေကို သိထားပါတယ်ဆိုရာကနေ...ဆေလန်ပြည်တစ်ပြည်လုံးက အက်ဘီရဲ့တပ်မက်မှုလောဘစိတ်တွေနဲ့ ကြိုးကိုင်မှုအောက်ကို ကျရောက်သွားခဲ့တယ်။ အမေရိကန်ပြဇာတ်ရေးဆရာ Arthur Millerက The Crucible ပြဇာတ်ဇာတ်လမ်းကို ၁၉၅၃ခုနှစ်မှာ ရေးသားထားပြီး ၁၉၉၆ခုနှစ်မှာ ဒါရိုက်တာ Nicholas Hytnerက ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ ဒီထဲမှာဆိုရင် ဒိုင်ယာလော့တွေကိုတော့ ၁၆ရာစုက Old Englishကိုပဲသုံးနှုန်းပြီးပြောထားတာတွေ့ရပါတယ်။ File size…(2.0 GB)/(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:04:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama • Romance
6.6 1996 124 mins
The Crucible
August: Osage County
6.8

Genre - Comedy, Drama IMDB Rating - 7.2/10 ဇာတ်ကားမကြည့်ခင် Cast list နဲ့တင် သေလို့ရပြီ မင်းသမီးကြီး Meryl Streep ပြီးတော့ မင်းသမီး Julia Roberts တို့ Ewan McGregor တို့အစုံအလင်နဲ့ ကျွန်တော်တို့ Benedict Cumberbatch တောင် အူကြောင်ကြောင်နဲ့ ပါထားသေးတယ်ဗျာ။ ဇာတ်လမ်းကလည်း ကိုရီးယား မိသားစုဇာတ်လမ်းတွဲတွေပဲ လောင်ရပြီထင်နေလား၊ ခင်ဗျားတို့ မှားသွားမယ် ဒီကားလောင်ရချက်က ပက်စက်တယ် စိတ်တွေပါမွန်းကျပ်လာမှာ ကြည့်နေရင်းနဲ့။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားမှာ အရက်စွဲနေတဲ့ခင်ပွန်းဖြစ်သူရယ် ပါးစပ်ကင်ဆာဖြစ်လို့ စိတ်ငြိမ်ဆေးတွေ စွဲနေတဲ့ ဇနီးသည်ရယ် လင်မယားနှစ်ယောက် လျှာနဲ့သွားလိုမျိုး အတူတူနေကြတယ်။ တစ်ရက်ကျ ခင်ပွန်းဖြစ်သူပျောက်သွားတဲ့အတွက် သူတို့ရဲ့ သမီးသုံးယောက်ဟာ ငယ်စဉ်တုန်းက နေခဲ့ရတဲ့ အိမ်ကြီးကို ပြန်လာရဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ အိမ်ထောင်ရေးအဆင်မပြေ ဖြစ်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဆယ်ကျော်သက်လေး မွေးထားတဲ့ သမီးအကြီးရယ်၊ မိခင်ဖြစ်သူနားနေပြီး ယောက်ျားမရသေးလို့ ခဏခဏ ပွစိပွစိပြောခံရတဲ့ သမီးအလတ်ရယ်၊ ယောက်ျားပေါင်းစုံနဲ့တွဲပြီး အလှအပမက် စိတ်ကူးအသေယဉ်တတ်တဲ့ သမီးအငယ်ဆုံးရယ် ပြန်ဆုံကြပါတော့တယ်။ ဒီမှာ အဒေါ်မိသားစုလည်း ပါလာပါတယ်၊ အဒေါ်က ဦးလေးကို ပေါက်ပေါက် ဖောက်ပြီး ပြဿနာရှာနေကြ နောက်ပြီး သားမွေးထားတာကိုလည်း ကျပ်မပြည့်တာဆိုပြီး အမြဲနှိမ်နေကြ ဦးလေးကတော့ သားကိုချစ် ဒါမျိုးမကြိုက်ဘူးပေါ့။ ကဲ ဒါမျိုးတကယ့်ဆရာတွေချည်းပဲ ဒီအိမ်မှာ လာဆုံစည်းပြီး အမေနဲ့သမီးတွေကြားကပြဿနာ၊ ညီအစ်မတွေကြားက ပြဿနာ၊ လင်မယားတွေကြားကပြဿနာ၊ သားအမိကြားကပြဿနာ၊ မောင်နှမဝမ်းကွဲရဲ့ပြဿနာ စသဖြင့် မိသားစုပြဿနာပေါင်းစုံတက်ကြတာကို သရုပ်ဆောင်တွေကောင်းကောင်းနဲ့ ပျော်ပျော်ပါးပါးကြီး စိတ်ညစ်ညစ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကောင်းချက်ဆိုတာလည်း ကင်ဆာဖြစ်ဆေးစွဲနေတဲ့မိခင်နေရာက Meryl Streep ဆို ဆေးတွေကောင်းပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ တည့်ပြောတာတွေ အမေနဲ့ အပြိုင် ရန်ဖြစ်ပေးရတဲ့ ပြဿနာပေါင်းစုံနဲ့ သမီးအကြီး Julia Robert တို့တွေက ဇာတ်ကို အဓိက သယ်ဆောင်သွားတယ်လို့ပဲ ပြောရမယ်။ ဒီဇာတ်ကားထဲက မိသားစုညစာစားကြတဲ့ အခန်းဆိုရင် ကြည့်နေရင်းနဲ့တောင် မွန်းကျပ်လွန်းလို့ ရုပ်ရှင်ကြီးပိတ် ထပြေးချင်တဲ့အထိ ဖြစ်လာရတယ်။ ဆက်ပြောနေရင် အရသာပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါတော့ဗျာ...။ File size…1.31GB / 511MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 1m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Fantasy
6.8 2013 121 mins
August: Osage County
The Consultant

~ IMDb rating - 6.5/10 ~ လူ ၅ ယောက်ရဲ့ ထူးထူးခြားခြားပတ်သက်ဆက်နွယ်နေပုံကို Psychology ရှုထောင့်က‌နေ တွဲဖက်ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ Psycho ဆန်ဆန်ကားပေမယ့် တစ်ကားလုံး ဆရာ၀န်နဲ့ လူနာစကားပြောတဲ့ပုံစံနဲ့ အငြိမ်ကြည့်ရမှာပါ။ ဒေးဗစ်ဆိုတဲ့ စိတ္တဇရောဂါဆရာ၀န်ဆီကို လူနာ ၃ယောက် ရောက်လာတာကနေ စပါတယ်။ ‌ဒေးဗစ်က မကြာသေးခင်က ဇနီးဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေလို့ ပူဆွေးနေတာပါ။ ဒေးဗစ်ကို ရဲဘက်က အမှုဖွင့်ထားပေမယ့် သူ့ဇနီးက ရောဂါတစ်မျိုးကြောင့် သတ်သေတာဆိုပြီး အမှုပြန်ပိတ်သွားပါတယ်။ လူနာ ၃ယောက်က သူတို့ဖြစ်နေတဲ့ အခြေအနေကို ဒေးဗစ်ဆီ လာရင်ဖွင့်ကြတာပါ။ ဂျွန်ရယ် မိုက်ရယ် ကိတ်ရယ်ဆိုပြီး ၃ယောက် တစ်လှည့်စီလာကြပါတယ်။သူတို့နဲ့ ဆွေးနွေးရင်း ဒေးဗစ်ရဲ့ အကြောက်တရားတွေ ပြန်ပေါ်လာတဲ့အခါ... သူတို့ ၃ယောက် ပြောပြနေတဲ့ အကြောင်းအရာတွေက ဒေးဗစ်တို့ ဇနီးမောင်နှံနဲ့ ဘယ်လို ဆက်စပ်နေတာလဲ... သူတို့ ၅ယောက်က ဘယ်လို ပတ်သက်နေတာလဲ... ဒေးဗစ်ဇနီးကရော ကိုယ့်ကိုယ်ကိုယ်သတ်သေတာဟုတ်ရဲ့လား... နောက်ဆုံးမှာ ဘယ်သူက မှန်ပြီး ဘယ်သူက မှားနေတာလဲ... ဒေးဗစ်ရဲ့ အကြောက်တရားတွေက ဘာတွေလဲ ဆိုတာသိချင်ရင်တော့ ခုပဲ ကြည့်လိုက်ပါနော်။ ငြိမ်ငြိမ်လေးနဲ့ သိလိုစိတ်ပြင်းပြလာအောင် ဆွဲခေါ်သွားတဲ့ ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 760MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 37Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Drama
0 2022
The Consultant
Cheppalani Undhi
7

IMDb-8.6/10 လူတွေရဲ့မျိုးစုံသောယုံကြည်မှုနဲ့ သိပ္ပံပညာဟာပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ လက်ခံထားတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ဖို့အရင်ဆုံးပြောချင်ပါတယ် ဇာတ်လမ်းအညွှန်းကတော့ တက်ကြွတဲ့စိတ်ဓာတ်တွေနဲ့ အပြင်းအထန်ကြိုးစားနေတဲ့လူငယ်လေးချန်ဒူးဟာ သူ့ရဲ့ကြိုးစားမှုနဲ့ဘဝအခြေတည်သွားစေမယ့် အခွင့်အရေးတစ်ခုရခဲ့ပါတယ် အချစ်ရေးမှာလည်း ယောက္ခမလောင်းကြီးနဲ့တွေ့ရတော့မှာမို့ ပျော်ရွှင်နေတဲ့အချိန်ပေါ့ ဘဝကြီးဟာချိုမြသာယာနေပြီဆိုတော့သောက်ပြီပေါ့လေ မူးမူးနဲ့အိမ်ပြန်တဲ့အချိန် ရဲအစစ်ခံရမှာဆိုးတာနဲ့ အရှိန်တင်မောင်းရင်း လမ်းဘေးပလက်ဖောင်းနဲ့ခေါင်းနဲ့ဂဟေဆက်ပါရောသတဲ့ ဘာဒဏ်ရာမှမရခဲ့ပေမယ့် ဘဝရဲ့အရေးကြီးဆုံးနောက်ရက်မနက်မှာပဲ သူ့ပါးစပ်ကပြောနေတဲ့စကားတွေကို သူ့ဘေးကဘယ်သူမှနားမလည်တဲ့အဖြစ်ရောက်သွားပါတယ် တစ်ခြားသူတွေပြောသမျှကိုသူနားလည်နေပေမယ့်သူပြောတဲ့စကားတွေကိုဘယ်သူမှနားမလည် သူကလည်းအဲဒီနားမလည်တဲ့စကားတွေနဲ့ပဲ ရှင်းပြဖို့ထပ်ခါထပ်ခါကြိုးစားရင်း ရှင်းပြလို့နားမလည် နားမလည်လို့ရှင်းပြနဲ့ တစ်ယောက်တည်းလည်ထွက်နေရှာပါပြီ ချရေးပြပေါ့လို့ပြောရအောင်လည်းချလည်းမရေးတတ်တော့ဘူးတဲ့ ဒီလိုနဲ့ဘဝလောက်အရေးကြီးတဲ့အခွင့်အရေးကြီးလည်းဆုံးရှုံး ချစ်ရသူကိုလည်းဆုံးရှုံးရတော့မလိုဖြစ်နေပါပြီ ဘာဖြစ်နေမှန်းလည်းမသိ ရှင်းပြလို့လည်းမရနဲ့တစ်ယောက်တည်းတိုင်ပတ်နေတဲ့သူ့အဖြစ်ကို သိပ္ပံနဲ့ ယုံကြည်မှုဘယ်လိုတွေများပေါင်းစည်းပြီး ဖြေရှင်းသွားမှာပါလိမ့် ရှုစားကြည့်ပါဦး File size…2.3GB / 1.08GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Taylor ~ BpL ~  Sai ThuRein

Drama • Romance • Science Fiction
7 2022
Cheppalani Undhi
The Lodge
6.1

ဟော်ရာ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။ IT ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင်လေးလည်း ပါပါတယ်။ ဇာတ်လမ်းအကျဉ်း - သားတစ်ယောက် သမီး ၁ ယောက် ရှိတဲ့ လင်မယား ၂ ယောက်ဟာ ကွာရှင်းဖို့အကြောင်းဖန်လာပါတယ်။ ခင်ပွန်းဖြစ်သူက နောက်မိန်းမလည်း ယူတော့မယ့် အခြေအနေမှာ မိန်းမဖြစ်သူဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။ နောက်မိန်းမကလည်း ငယ်ငယ်တုန်းက တစ်မိသားစုလုံး ဘာသာရေးအစွန်းရောက်ပြီး သတ်သေသွားခဲ့တဲ့ မိသားစုရဲ့ တစ်ဦးတည်းကျန်ခဲ့တဲ့သူပါ။ အဲဒီနောက်မှာတော့ ခရစ္စမတ်အတွက် တောင်ကုန်းတွေပေါ်က အိမ်ကလေးတစ်လုံးမှာ ကလေး ၂ ယောက်ရယ် မိထွေးလောင်းရယ် အချိန်အတူကုန်ဆုံးဖို့ ကြုံလာခဲ့တယ်။ အဲဒီနောက်မှာတော့ သရဲလေလား၊ လူလေလား၊ ဘယ်သူက သေပြီးဘယ်သူက ရှင်နေတာလဲဆိုတော့ ပဟေဠိတွေနဲ့ ကြောက်စရာတွေ ကြုံလာရပါတော့တယ်။ File Size : ( 1 GB , 314 MB) Quality : WEBRip 720p Running Time : 1 hr 48 min Format : Mp4 Genre : Drama , Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Comedy • Drama
6.1 2020 108 mins
The Lodge
Control
6.2

အကျင့်ဟောင်းတွေဆိုတာက ဖျောက်ဖို့ခက်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့အကျင့်ဆိုးတွေကိုပျောက်သွားစေမဲ့ ဆေးဆိုတာပေါ်လာခဲ့ရင်ရော ဘယ်လိုဖြစ်သွားမလဲ။ လီ‌ရေးလ်ဟာ ကလေးဘဝတုန်းကကြုံခဲ့ရတဲ့စိတ်ဒဏ်ရာတွေကြောင့် အသက်ကြီးလာတဲ့အခါမှာလည်း လူဆိုးတယောက်ဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာ သူကျူးလွန်ခဲ့တဲ့ လူသ-တ်မှုတွေကြောင့် သူ့ကို ဆေးထိုးသ-တ်ဖို့ တရားရုံးကအမိန့်ချမှတ်လိုက်ပါတယ်။ ဒီလိုနဲ့သေဒဏ်ကိုကျခံခဲ့လိုက်ရပေမဲ့လည်း သူကတကယ်မသေသေးပဲ သူ့ရဲ့ဘဝမှာကောင်းတာတစ်ခုလောက်လုပ်ဖို့ အခွင့်အရေးပေးလာခဲ့ပါတယ်။ အဲတာကတော့ အန်နာဂရက်စ်ဆိုတဲ့ စိတ်ကို ပြောင်းလဲစေပြီး အပြုအမူတွေကိုပါပြောင်းလဲပေးတဲ့ ဆေးစမ်းသပ်ချက်မှာပါဝင်ပေးဖို့ပါ။ ဆေးကလည်းအသစ်ဖြစ်တဲ့အပြင် အခုမှလူတွေအပေါ်မှာစတင်စမ်းသပ်မှာဖြစ်လို့ ဘယ်လိုဘေးထွက်ဆိုးကျိူးတွေရှိလည်းဆိုတာကိုမသိရသေးတဲ့ဆေးပါ။ ဒီလိုနဲ့ သူ့အတွက်လည်းရွေးချယ်စရာမရှိတဲ့အခြေအနေဖြစ်နေတာမလို့ စမ်းသပ်ခံလုပ်ပေးဖို့ သဘောတူလိုက်ရပြီး ဆေးကတကယ်ပဲ အာနိသင်သက်ရောက်မလား၊ ဘေးထွက်ဆိုးကျိုး တွေရှိပြီးသူ့ရဲ့အတိတ်ဟောင်းကလိုက်ပြီး ခြောက်လှန့်နေဦးမလား ဆိုတာကို အကြမ်းအရမ်းအက်ရှင်ခန်းတွေနဲ့ကြည့်ရှုကြရမှာပါ။ Goodfellas မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ray Liotta နဲ့ Green Goblin နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Williem Dafoe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…1.95GB / 717.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

6.2 2004 104 mins
Control
The Holdovers
8

The Holdovers (2023) ~ IMDb – 8/10, RT – 96%, Meta – 82% ~ တစ်နှစ်တာလုံးရဲ့ အနွေးထွေးဆုံးအချိန်တစ်ခုကို ရွေးရရင် ကျွန်တော်တော့ ကိုယ့်ယဉ်ကျေးမှုနဲ့ မဆီမဆိုင် ခရစ္စမတ်ကိုပဲ ရွေးမိလိမ့်မယ်။ ခရစ္စမတ်ဟာ ကာတွန်းတွေ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့အတွက် တိုက်ရိုက်မသက်ဆိုင်တောင် ချာလီနဲ့ချောကလက်စက်ရုံထဲက ချောကလက်တစ်ချောင်းကို လူ၇ယောက်ကိုဖဲ့ကျွေးခဲ့တဲ့ နွေးထွေးမှုလို၊ It’s a Wonderful Life ထဲက ကူညီရိုင်းပင်းခြင်းရဲ့ နွေးထွေးမှုလို၊ Home Alone ထဲကလို ဒစ္စနေးခရစ္စမတ်ကာတွန်းတွေထဲကလို၊ Klaus ထဲကလို၊ How the Grinch Stole Christmas ထဲကလို ခရစ္စမတ်မှာတော့ အရာအားလုံးအဆင်ပြေသွားမယ့် ယုံကြည်ခြင်းတွေလို… နွေးထွေးမှုတွေကူးစက်ခြင်းနဲ့ သက်ဆိုင်နေတဲ့ ကာလတစ်ခုပေါ့။ တစ်ဆင့်ခံစားမှုနဲ့တောင် ကျွန်တော်တို့အတွက် ခရစ္စမတ်က ဒီလောက်နွေးထွေးနေရင် သူတို့အတွက် ဒီကာလဟာ ဘယ်လောက်နွေးထွေးမလဲ ပြေးကြည့်စရာမလိုဘူးရယ်။ ဒါပေမဲ့လည်း ပိုနွေးထွေးတဲ့ကလာလတစ်ခုမှာ အထီးကျန်ရတဲ့အခါမှာလည်း ပိုဝမ်းနည်းစရာကောင်းတာလည်း ဖြစ်မြဲသဘောတရားတစ်ခုပဲ။ ဒီရုပ်ရှင်ကတော့ အနွေးထွေးဆုံးကာလမှာ အထီးအကျန်ဆုံးဖြစ်ရတဲ့ ဖော်ဝေးသူတွေအကြောင်းလို့ ပြောလည်း မမှားဘူး။ ဇာတ်အိမ်ကိုတော့ ၁၉၇၀ကာလရဲ့ နယူးအင်္ဂလန်တစ်နေရာက ဘော်ဒါကျောင်းတစ်ခုမှာတည်ထားတယ်။ စစချင်းတော့ ရုပ်ရှင်ဟာ ခင်ဗျားကို အဲဒီကျောင်းက လူအများစုနဲ့ မိတ်ဆက်ပေးသွားလိမ့်မယ်။ ခရစ္စမတ်ပိတ်ရက်တွေ မစခင်ကာလပေါ့။ အဲဒီမှာ စည်းကမ်းအရမ်းကြီးသလို အမြဲဘုကလန့်လုပ်တတ်လို့ ကျောင်းအုပ်အပါအဝင် အားလုံးမေတ္တာပို့တာ ခံရနေကျ ဆရာတစ်ယောက်ရှိတယ်။ ဒီဘဲက ဘယ်လောက်ဘုကလန့်လုပ်သလဲဆို မိဘတွေလည်း လာကြိုဖို့ရောက်နေသလို နောက်လေးဆယ့်ငါးမိနစ်မှာ ချာ့ချ်ကျောင်းထဲ ဒေသနာယူပြီး ပိတ်ရက်အိမ်ပြန်ရတော့မယ့် ကျောင်းသားတွေကို သင်ခန်းစာအသစ်ကောက်သင်တဲ့အထိကို ဘုကလန့်လုပ်တတ်တယ်။ ဒီနောက်တော့ ခရစ္စမတ်နဲ့ နယူးရီးယားပိတ်ရက်အတွက် အားလုံးအလျှိုလျှို အိမ်ပြန်သွားလိုက်ကြတာ နောက်ဆုံး ကျောင်းမှာပဲဆက်နေဖို့ အအပ်ခံထားရတဲ့ ကျောင်းသားငါးယောက်ရယ် ဆရာတစ်ယောက်ရယ် ထမင်းချက်မိန်းမကြီးတစ်ယောက်ရယ်ပဲ ကျန်တော့တယ်။ ဒီကျောင်းသားတွေက အစကတည်းက ခပ်ဆိုးဆိုးခပ်ပေပေကျောင်းသားတွေဆိုတော့၊ နဂိုကတည်းက စည်းကမ်းကြီးတဲ့ဆရာကလည်း ပိုကြပ်တော့ ကျောင်းသားတွေနဲ့ဆရာကြားက တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်ဆိုသလိုအဖြစ်တွေကို မြင်ရတော့တာပဲ။ ဒီနောက်တော့ နဂိုမူလ အအပ်ခံထားရတဲ့ ကျောင်းသားလေးယောက်စလုံးပြန်သွားကြပြီး ပြန်မလို့လုပ်ပြီးမှ ကျန်ခဲ့တဲ့ကျောင်းသားတစ်ယောက်ရယ် ဆရာရယ် ထမင်းချက်ရယ် ဘော်ဒါကျောင်းကြီးထဲ ကျန်ခဲ့ကြပြီ။ တရွေ့ရွေ့နဲ့ လူသူတွေပါးသွားလိုက်တာ… ဒီမှာမှ တကယ့်ဇာတ်စတယ်ပြောရမှာပဲ။ ဒီဇာတ်က အဓိကပုံဖော်သွားတာလည်း သူတို့၃ယောက်အကြောင်းပဲ။ သူတို့ သုံးယောက်ဟာ ဒီတိုင်းအထီးကျန်နေတဲ့လူတွေမဟုတ်ဘဲ ကိုယ့်ဒဏ်ရာနဲ့ ကိုယ်ရှိနေတဲ့ လူတွေချည်းပဲဖြစ်ကြောင်း ဒါရိုက်တာက ပါးပါး ပါးပါးချင်းနဲ့ ရုပ်လုံးပေါ်လာအောင် ရိုက်ပြတယ်။ မတည့်နေရာက သူတို့ချင်းအဖော်ပြုရင်း တစ်ယောက်ကိုတစ်ယောက် နားလည်လာရင်း တစ်ယောက်အတွက်တစ်ယောက် နွေးထွေးပေးချင်လာတဲ့ အခြေအနေတွေကို ရိုက်ပြတယ်။ အရာအားလုံးအဆင်ပြေလေသတည်းတော့မဟုတ်ဘူးပေါ့။ ဒုက္ခတွေ အပူတွေက တစ်ခုအပေါ် တစ်ခုဆင့်လျက်ပဲ။ ဒါပေမဲ့လည်း ဒုက္ခတွေပါ နွေးထွေးသွားစေမယ့် ဇာတ်ဝင်ခန်းတွေကို ဒါရိုက်တာက လှလှပပလေး တင်ပြသွားနိုင်ခဲ့တယ်။ Alexander Payne ရဲ့ ကာလအတန်ကြာပြီးမှ ပြန်စရိုက်တဲ့ ရုပ်ရှင်ဖြစ်သလို သူရိုက်ခဲ့တဲ့ The Descendants တို့၊ Sideways တို့လို ကွာလတီမျိုးကို သူပြန်အသက်သွင်းနိုင်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်က ခရစ္စမတ်ရုပ်ရှင်ဖြစ်နေတဲ့အပြင်ကို သူ့ရဲ့ တခြားဘက်ခြမ်းမှာလည်း Dead Poet Society ကို တခြားဗားရှင်းတစ်မျိုးနဲ့ ရိုက်ပြထားသလို ခံစားမှုမျိုးလည်းရနေတယ်။ ဆန့်ကျင်ဘက်ပေါ့။ မနာခံတဲ့ လူဘော်ကြော့ခပ်ဆိုးဆိုးကျောင်းသားတွေရယ် သူတို့လိုလူစားတွေကို မုန်းတီးစိတ်နည်းနည်းရှိနေတဲ့ စည်းကမ်းကြီးတဲ့ဆရာတစ်ယောက်ရယ်ကို ပြထားသကိုး။ ဒါလည်း အစမှာပါပဲ။ သူပြချင်တာကို ဆက်သွားဖို့ သူ့ကာရိုက်တာတွေကို ပုံဖော်နေဆဲကာလမှာပဲ ဒီလိုခံစားချက်မျိုးပေးထားတာပါ။ ဒီရုပ်ရှင်မှာ ကျောင်းဆရာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Paul Giamatti ကြီးကို‌တော့ တော်တော်လေးချီးကျူးရပါမယ်။ လူ့ခွစာကန့်လန့်ဆရာတစ်ယောက်ကနေ သနားစရာကောင်းတဲ့ ဆရာအိုကြီးတစ်ယောက်အဖြစ် တငွေ့ချင်းပြောင်းသွားတဲ့အရွေ့ကို ပေါလ်ဟာ ကောင်းကောင်းပုံဖော်ပြနိုင်ခဲ့တယ်။ ပေါလ်ဟာ Cinderella Man နဲ့ ဇာတ်ပို့ဆု အော်စကာဆန်ခါတင်ဝင်ဖူးသလို အခုရုပ်ရှင်နဲ့လည်း ရွှေကမ္ဘာလုံးပွဲမှာ သရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ထားတယ်။ နောက်ဆုံးကျန်ခဲ့တဲ့ ကျောင်းသားနေရာက သရုပ်ဆောင်ခဲ့တဲ့ Dominic Sessa ဆိုလည်း ဒီကားကလွဲ တခြားဘာမှမရိုက်ဖူးပေမဲ့ ခုနဆရာကာရိုက်တာနဲ့ ထပ်တူညီစွာပဲ အမြင်ကတ်ဖို့ကောင်းနေရာကနေ သနားဖို့ကောင်းသွားတဲ့ ကျောင်းသားတစ်ယောက်ပုံစံကို လှလှပပ ကူးပြောင်းနိုင်ခဲ့တယ်။ အက်ကြောင်းထပ်နေပြီ ထင်ကောင်းထင်ရနိုင်ပေမဲ့ အက်ကြောင်းမထပ်တဲ့ဇာတ်နဲ့ အက်ကြောင်းမထပ်တဲ့ကာရိုက်တာတွေလို့ပဲ မှတ်ချက်ပေးရပါမယ်။ The Holdovers ဟာ မြင်နေကျ ခရစ္စမတ်ရုပ်ရှင်တွေနဲ့တော့ မတူပေမဲ့ ခရစ္စမတ်အတွက် အကောင်းဆုံးခရစ္စမတ်ရုပ်ရှင်တွေထဲက တစ်ကားတော့ ဖြစ်လာခဲ့တယ်။ ပွဲတော်ဟာ သူ့ဝိသေသအတိုင်း သူလှပပေမဲ့ ခင်ဗျားသာ တစ်ကိုယ်တည်း အထီးကျန်နေမယ်ဆို The Holdovers ဟာ ခင်ဗျား ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1GB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 2H 13Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8 2023
The Holdovers
Dead Girls Dancing
5.8

ယခုအခါတင်ဆက်ပေးလိုက်‌တာ‌တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဂျာမန်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားလေးကအမျိုးသမီးအဓိကထားတဲ့ coming-of-age ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ လောလောလတ်လတ်အထက်တန်းပြီးထားတဲ့ အီရာ၊ခါနဲ့မာလင်တို့သူငယ်ချင်းသုံးယောက်ကမာလင်အဖေရဲ့ကားနဲ့အီတလီကိုခရီးထွက်ခဲ့ကြပါတယ်။ ပြီးတော့သူတို့စခန်းချဖို့နေရာလိုက်ရှာလို့မရတဲ့အတွက် မိုတယ်တစ်ခုကိုကားပါကင်သုံးခွင့်ပြုဖို့အကူအညီတောင်းပြီး ကားထဲမှာပဲအိပ်ကြမယ်လို့စီစဉ်ကြပါတယ်။ ရေချိုးစရာနေရာမရှိတဲ့အတွက် မိုတယ်မှာအခန်းယူထားတဲ့ အခြားမိန်းကလေးတယောက်ကိုရေချိုးခန်းသုံးခွင့်ပြုဖို့အကူအညီတောင်းရင် အဲ့မိန်းသလေးနဲ့သူတို့သုံးယောက်နဲ့ရင်းနှီးသွားပါတယ်။ မိန်းကလေးနာမည်ကဇိုဝီပါ။ လေးယောက်သား ဇိုဝီရဲ့အခန်းထဲမှာဆေးခြောက်ခိုးသောက်တာကို မိုတယ်ကမိသွားတဲ့အခါ ဇိုဝီကပါသူတို့နဲ့လိုက်ပါထွက်ပြေးခဲ့ပါတယ်… ဒီလိုနဲ့ကားပေါ်မှာပဲအိပ်ကြီးပြီး နောက်နေ့ကျကားဘီးလေလျော့နေကြောင်းသိရှိခဲ့ပါတယ်…ထိုအခါသူတို့လေးယောက်ကအနီးနားကရွာကိုသွားကြည့်တဲ့အခါမှာ ထိုရွာဟာ တောမီးအန္တရာယ်ကြောင့်ဘယ်သူမှမနေတော့ကြောင်းသိရှိခဲ့ရပါတယ်…. ဒီရုပ်ရှင်ကားလေးက ခရီးစဉ်အတွင်းမိန်းကလေးလေး‌ယောက်ရဲ့ခံစားချက်ပွင့်ထွက်လာပုံတွေ၊အပြောင်းအလဲတွေအကြောင်းကိုရိုက်ပြထားပါတယ်…ခံစားကြည့်ကြပါခင်ဗျာ…. File size…(1.6 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

5.8 2023
Dead Girls Dancing
Seagrass
6

ဒီဇာတ်ကားကတော့ အိမ်ထောင်ရေးတစ်ခုမှာ အချိန်ကြာလာတာနဲ့အမျှ ဖြစ်တတ်ကြတဲ့, ဖြစ်နေကြတဲ့ ပြဿနာတွေ အခက်အခဲတွေအကြောင်းကို ရိုက်ကူးပြ‌ပေးထားတာပါ။ အိမ်ထောင်တစ်ခုမှာ သားသမီးတွေရှိလာတဲ့အချိန် တစ်ဖက်နဲ့တစ်ဖက်အလျှော့ပေးပြီး နားလည်ပေးမှ အိမ်ထောင်ရေးသာယာနိုင်မှာဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင်တော့ တစ်ခုခုဖြစ်တာနဲ့ စပြီးနစ်နာကြရမှာက သားသမီးတွေပဲမဟုတ်လား။ အခု ဒီဇာတ်ကားကတော့ အဲဒီအကြောင်းကို ဦးစားပေးပြီးရိုက်ကူးထားတာပါပဲ။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ တစ်နေ့တစ်ခြားအဆင်မပြေဖြစ်လာတဲ့ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် စတိဗ်နဲ့ ဂျူးဒစ်တို့ဟာ ချစ်သူတွေ, အိမ်ထောင်ရှင်တွေအတွက် နားထောင်ပြောဆို အကြံပေးတဲ့စခန်းတစ်ခုဆီကို သမီးနှစ်ယောက်နဲ့အတူ ခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ထိုနေရာကိုရောက်မှ အကြောင်းအမျိုးမျိုးကြောင့်, လူတွေအမျိုးအမျိုးကြောင့် နဂိုထက်ပိုပြီး အခြေအနေတွေ တင်းမာလာတဲ့အချိန်မှာတော့ သူတို့တွေဘယ်လိုပြန်ပြီးဖြေရှင်းကြမလဲ, ဘယ်လိုအခက်အခဲတွေ‌ရောရှိနေကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.6 GB)/(985 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

6 2023 115 mins
Seagrass
Tenant
5

Tenant (2024) “အငှား” IMDb – 6.4/10 လူကြီးမင်းတို့အတွက် စိတ်ဝင်စားဖို့ကောင်းမဲ့ တလေဂူးမှုခင်းဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကောင်ခြောက်ယောက်ကို ဦးတည်ထားပြီး မြွေလှေခါးကစားနည်းမှာ အံစာတုံးခေါက်သလိုမျိုး အတက်အကျတွေနဲ့ ဘာဖြစ်မလဲမှန်းဆဖို့ ရိုက်ကူးပုံဖော်ထားတာမျိုး။ ချစ်လှစွာသော ဇနီးသည်ဖြစ်သူ အသတ်ခံလိုက်ရလို့ ရဲစခန်းကိုတိုင်ချက်ဖွင့်ပါမှ သူ့ကိုပဲ တရားခံအဖြစ်စစ်မေးခံရတဲ့ ခင်ပွန်းသည်တစ်ယောက်ကနေစလိုက်တဲ့ဇာတ်လမ်း။ နောက်ကြောင်းပြန်ရင်း တရားခံကသူပါလားလို့ ထင်မိပြီးမှ နောက်ထပ်အဖြစ်အပျက်တွေ ဆက်တိုက်ထပ်ဖြစ်လာတာမျိုးမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMO ~ Yunniတို့ဖြစ်ပါတယ်)

5 2024 96 mins
Tenant
All the Long Nights
7.2

All the Long Nights(2024) ဖူဂျီဆာဝ ဆိုတဲ့ကောင်မလေးက တစ်လတစ်ခါ ရာသီမလာခင် အချိန်မှာ PMS ခေါ် ပြင်းထန်တဲ့ရာသီမလာခင်ဖြစ်တဲ့ ရောဂါကိုခံစားနေရတာပါ။ PMS ခံစားရတဲ့အချိန်တွေမှာဆိုရင် သာမာန် သဘောကောင်းတဲ့ ဖူဂျီဆာဝက အခြားတစ်‌ယောက်လိုကို အပေါက်ဆိုး အပြစ်မြင်တတ်ပြီး ဒေါသထွက်လွယ်လာခဲ့ပါတယ်။ ဒီလိုစိတ်မတည်မငြိမ်ဖြစ်တဲ့ အချိန်မှာပဲ ရာမာဇိုဆိုတဲ့ panic disorder ခေါ် ကြောက်စိတ်ကို မထိန်းချုပ်နိုင်တဲ့ရောဂါရှိတဲ့ကောင်လေးတစ်ယောက်အပေါ် ဒေါသတွေပုံချလိုက်မိပါတော့တယ်။ ဒီလိုနဲ့ သူတို့ချင်း ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ရောဂါတစ်ယောက်သိပြီး နားလည်မှုရှိစွာနဲ့ တစ်ယောက်နဲ့တစ်ယောက်ကူညီပေးကြရင်းနဲ့ နှောင်ကြိုးတွေတဖြည်းဖြည်းရစ်ပတ်လာကြပါတယ်။ ဘာသာပြန်နဲ့ အညွှန်းကိုတော့ Kim မှ ရေးသားပေးထားပါတယ် Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 5.17GB | 1GB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kim Encoder ….. Aaron

7.2 2024
All the Long Nights
9-9-81
5.3

Director: Rapeepimol Chaiyasena ရိုက်ကူးတင်ဆက်ထားပြီး 13 September 2012 (Thailand) မှာ ရုံတင်ခဲ့တဲ့ ထိုင်းသရဲကားဖြစ်ပါတယ်… ဇတ်လမ်း ပုံစံကတော့ လက်ထပ်မယ် ပြောထားတဲ့ ချစ်သူက ကားမှောက် သေပြီလို့ ကြားပြီး တိုက်ပေါ်က ခုန်ချသွားတဲ့ မိန်းမချောလေး…. မသေခင်က သူမ ကို ကျိတ်ကြွေနေတဲ့ ထမင်းဆိုင်က ကောင်လေးကတော့ ကောင်မလေး တိုက်ပေါ်က ခုန်ချ သေသွားပြီးနောက်မှာ သူမ ရဲ့ အတွင်းခံ အဝတ်ကို ခိုးယူထားတာ စိတ်မသန့်လို့ ပြန်သွားအထား အခန်းရှေ့မှာပဲ ပျောက်ဆုံးသွားတယ်…. သေခါနီး ကင်ဆာ ရောဂါသယ် တစ်ယောက်ကလဲ ထိုအခန်းကို လာအငှား မစားသင့်တဲ့ သေသူကို ပူဇော်တဲ့ အစား စားမိလို့ အသေဆိုးနဲ့ သေရပြန်… ချစ်သူ ဆိုတဲ့ လူရဲ့ အလိမ်စကား ကို ပြောပေးတဲ့ သူငယ်ချင်း ဆိုတဲ့ မိန်းမလဲ ကားမှောက်ပြီး သေပြန်တယ်…. နောက်ဆုံး သူ လိမ်ညာမိလို့ သေသွားတဲ့ ကောင်မလေး အသုဘ ကို ရောက်လာတွေ့တဲ့ ကောင်လေးလဲ နောက်နေ့ မနက် ကားပဲ မြင်ရပြီး လူကတော့ ထူးဆန်းစွာ ပျောက်ဆုံးသွားပြန်တယ်…. File Size : 1.2 GB, 558 MB Quality : WEB-DL 1080p / 720p Running Time : 1hr 32min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Encode by : Thit San Khant

5.3 2012 92 mins
9-9-81
40 Days and 40 Nights
5.6

40 Days and 40 Nights (2002) **************************** Romance ၊ Comedy အမျိုးအစားဖြစ်တဲ့ 40 Days and 40 Nights ကတော့ လိင်အသားပေးဟာသအချစ်ကားဖြစ်ပါတယ်။ မတ်ဟာ ရည်းစားဟောင်းနီကိုးလ်နဲ့ ပြတ်သွားပြီးကတည်းက ကောင်မလေးတွေနဲ့ အတူနေတဲ့အခါတိုင်း အထွတ်အထိပ် မရောက်သလို သုက်မလွှတ်နိုင်တဲ့အခြေအနေကို ရင်ဆိုင်နေခဲ့ရတာပါ။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ တစ်မျိုးစီ စွန့်လွှတ်လေ့ရှိတဲ့ ရက် ၄၀ ဥပုသ်ကာလကို ရောက်ရှိလာချိန်မှာတော့ မတ်က သူ့ပြဿနာကို ဖြေရှင်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရက် ၄၀ လုံးလိင်မှုကိစ္စကို လုံးဝရှောင်ရှားဖို ဆုံးဖြတ်လိုက်ပါတယ်။ မတ်ရဲ့ရုံးက လုပ်ဖော်ကိုင်ဖက်တွေဟာ မတ်တကယ်နေနိုင်မှာလားဆိုတာကို ဝက်ဆိုက်ဒ် စာမျက်နှာတစ်ခုဖန်တီးပြီး လောင်းကြေးထပ်ကြရင်း ပတ်ဝန်းကျင်ကလူတွေကပါမြင်တွေ့လာပြီး လောင်းကြေးကလည်း အဆမတန်ကြီးထွားလာခဲ့တာကြောင့် မတ်ကို ဥပုသ်ကျိုးအောင် ကြိုးစားသူတွေလည်း ရှိလာခဲ့ပါတယ်။ အစောပိုင်းမှာ မတ်က အမှန်တကယ် ကောင်မလေးတွေကိုရော လိင်မှုကိစ္စအားလုံးကိုပါ ရှောင်ရှားနိုင်ခဲ့ပေမယ့် ဒီရက် ၄၀ အတွင်းမှာမှ သူတကယ်ချစ်မိသွားတဲ့ အဲရစ်ကာဆိုတဲ့ ကောင်မလေးချောချောလေးနဲ့ လာဆုံစည်းတဲ့အခါမှာတော့ .. မတ်တစ်ယောက် ရက် ၄၀ ပြည့်အောင်ဆက်ထိန်းထားနိုင်မှာလား။ စိတ်မထိန်းနိုင်ဘဲ အဲရစ်ကာနဲ့ ချစ်တင်းနှောလိုက်တော့မှာလားဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို JULY မှ ရေးသားထားပါတယ်) File size…1.8GB / 761MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 36m Genre ….. Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by JULY Encoded by AHtet

Comedy • Fantasy • Drama
5.6 2002 94 mins
40 Days and 40 Nights
Glass Garden
6.3

Glass Garden (2017) ******************* သစ်တောစိမ်းစိမ်းတွေရဲ့ သဘာဝအလှတို့ကို ခံစားကြည့်ရှုရင်း တရိပ်ရိပ်တက်လာတဲ့ ဇာတ်လမ်းကို မိန်းမောကြည့်ရှုနိုင်စေမဲ့ ၂၀၁၇ ခုနှစ်ထွက်ဇာတ်ကားတစ်ပုဒ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က အွန်စောအသေးစားလေးလို့ လူသိများကြတဲ့ မင်းသမီး Moon Geun-Young နဲ့ မင်းသား Kim Tae-Hoon တို့ အဓိကအနေနဲ့ ပါဝင်ထားပါတယ် .. ။ ဇာတ်လမ်းအညွှန်း ************** “လူတစ်ယောက်က သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား” ပါရဂူဘွဲ့အတွက် ပြင်ဆင်နေတဲ့ သုတေသနပညာရှင် Jae-Yeon(Moon Geun Young)ဟာ သာမန်လူတွေနဲ့မတူ တမူထူးခြားပြီး လက်တွေ့ဘဝနဲ့ ဆန့်ကျင်ကာ တွေးခေါ်တတ်သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက သစ်တောအုပ်တွေ သစ်ပင်တွေကို ချစ်မြတ်နိုးတဲ့သူမဟာ အခုတစ်ခါမှာဆိုရင်လည်း မြို့ပြနဲ့ဝေးရာဖြစ်တဲ့ သစ်တောအုပ်ထဲက ဖန်အိမ်လေးမှာ တိတ်တဆိတ်နေထိုင်ရင်း “လူတစ်ယောက်ဟာ သစ်ပင်တွေလိုမျိုး အလင်းမှီပြီး အစာချက်နိုင်စေရမယ်”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုတေသနပြုလုပ်နေသူဖြစ်ပါတယ်။ တက်သစ်စ စာရေးဆရာတစ်ဦးဖြစ်တဲ့ Ji-Hoon(Kim Tae-Hoon) ဟာတော့ လက်ရှိမှာ နာမည်ပျက်ပြီးတော့ ကျဉ်းထဲကျပ်ထဲ ကြုံနေရတဲ့သူဖြစ်ပါတယ်။ တစ်ရက် ကိစ္စတစ်ခုကြောင့် Jae-Yoon ရှိတဲ့ တောရွာဘက်လေးကို ရောက်လာပြီး Jae-Yoon ရဲ့ သုတေသနကို စိတ်ဝင်စားသွားတဲ့အခါ… သူ့ရဲ့ ကလောင်နာမည်အဖတ်ဆယ်ဖို့အတွက် Jae-Yoon ကို ဝတ္ထုစာအုပ်အသစ်မှာ အသုံးချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့…. သုတေသနဟာ အောင်မြင်သွားပြီးတော့ တကယ်ပဲ လူတွေဟာ သစ်ပင်အဖြစ်နဲ့ အလင်းမှီအစာချက်ခြင်းပြုလုပ်နိုင်သွားမှာလား … Ji-Hoon နဲ့ Jae-Yeon ကြားထဲမှာရော ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို မျက်လုံး အေးအေး ဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ Mystery , Drama ဆိုတဲ့အတိုင်း လျှို့ဝှက် ဆန်းကြယ်စွာ ကြည့်ရှုသွားနိုင်မဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ခံစားကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.72GB / 644MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 56 min. Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

Drama • Mystery • Thriller
6.3 2017 117 mins
Glass Garden