YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Onyx the Fortuitous and the Talisman of Souls (2023) 720p.mp4

882.25 MB 720p video/mp4 658 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee and the Mystery of the Phantom Flame
6.6

Detective Dee and the Mystery of the Phantom Flame (2010) IMDb Rating (6.6) / Rotten Tomatoes (80%) စုံထောက် ဒီး ... တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။ တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ကိုယ်ကျိုးမဖက် အမှန်တရားသက်သက်အတွက်နဲ့ သက်ဦးဆံပိုင်ဧကရာဇ်ဘုရင်တွေကို အလိုမလိုက်၊ မှန်ရာကိုလျှောက်တင်ရဲ၊ လုပ်ရဲကြတဲ့နေရာမှာ ပန်းအတူဝင်ကြတဲ့ ပြိုင်မြင်းနှစ်ကောင်လိုပါပဲ။ တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့ ဇာတ်ရှုပ်လောက ထီးနန်းထက်က သပွတ်အူကိစ္စတွေမှာ ဒီး ရဲ့ လိမ္မာပါးနပ်မှု၊ မျက်စိတစ်ဆုံးကြည့်တတ်မှု၊ တိုင်းပြည်အရေးကို ရှေ့တန်းတင်တတ်မှုတွေကြောင့် တိုင်းပြည်သမိုင်း မရိုင်းခဲ့တာတွေရှိပါတယ်။ ဧကရာဇ်မင်းသုံးဆက်တိုင်တိုင် အမှုထမ်းခဲ့ပြီး တန်ဖိုးရှိလှတဲ့ သက်တော်ရှည်အမတ်ကြီးပေါ့။ ဧကရာဇ်မင်း ရွတ်ကျုံးလက်ထက်မှာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင်က ဒီး ကို အဆင့်မြင့်လက်နက်တစ်ခုဖြစ်တဲ့ ကျိုင်းတစ်ခု နှင်းအပ်ခဲ့ပါတယ်။ ဒီး ရဲ့ ဝိသေသတစ်ခုဖြစ်လာခဲ့ပြီး နဂါးနိုင်ဓားလို့လည်း ခေါ်ကြပါသေးတယ်။ ဒါပေမဲ့ ဧကရာဇ် ရွတ်ကျုံး ကို အရာချပြီး တရုတ်သမိုင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လာမယ့် ဝူ နန်းတက်လာပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့တာပါ။ ပလ္လင်ပေါ် မိန်းမရောက်နေတာ မကြိုက်တဲ့ ဆွေမျိုးတော်တွေ၊ မူးမတ်တွေ တထွေးကြီးကို သွေးချောင်းစီးသတ်ဖြတ်ခဲ့လို့ ဒီး က ဧကရာဇ် ဝူ ကို အာဏာဖီဆန် ပုန်ကန်ခဲ့ပါသေးတယ်။ ဒါက ဇာတ်လမ်းထဲမှာ ဖြစ်ပျက်တာကို ပြောတာပါ။ ပုန်ကန်သူအဖြစ် အရုဏ်တက် လည်ဖြတ်အပြစ်ဒဏ်ကို မခံရတာတော့ တွေးစရာရှိပါတယ်။ အကျဉ်းထောင်မှာ ၈ နှစ်ပဲ နေခဲ့ရပါသတဲ့။ စုံထောက် ဒီး နဲ့ ဆန်းကြယ် တစ္ဆေမီးတောက်အမှုဇာတ်ကားက ဧကရာဇ် ဝူ နန်းသိမ်းပွဲတက်ကာနီးအချိန်ကို အခြေတည်ထားပါတယ်။ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့ပြီး Andy Lau က ဒီး အဖြစ်သရုပ်ဆောင်တဲ့ တစ်ကားတည်းသောဇာတ်ကားမလို့ လူသိများပြီး အကြိုက်တွေ့ကြတဲ့ရုပ်ရှင်ပါ။ မကြည့်ဖူးတဲ့သူ ရှားလိမ့်မယ်လို့ထင်ပါတယ်။ ဧကရာဇ် ဝူ ဟာ ပထမဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လို့ ပြည်သူထောက်ခံမှုရအောင် နန်းတွင်းထဲက ကွမ်ရင်မယ်တော်ရုပ်တုတွေရဲ့မျက်နှာမှာ သူ့မျက်နှာပုံစံတူတွေ ထုလုပ်ခဲ့ပါတယ်။ နန်းတော်ထဲမှာလည်း ကြီးမားလှတဲ့ ကွမ်ရင်မယ်တော် မတ်တပ်ရုပ်ပွားတော်ကို သူနဲ့မျက်နှာတူ ထုလုပ်ပြီး သူဟာ ကွမ်ရင်မယ်တော်ဝင်စားသူအဖြစ် သတင်းဖြန့်ခဲ့ပါတယ်။ ရုပ်ပွားတော် တည်ထားနေတဲ့ကာလမှာပဲ ရုပ်ပွားတော်တည်ဆောက်ရေး စစ်ဆေးရေးမှူး အဆင့်လေး ရာထူးရှိ အရာရှိမင်းတစ်ယောက် နေရောင်အောက်မှာ အလိုလိုမီးထလောင်ပြီး သေသွားတဲ့အခန်းနဲ့ ဇာတ်လမ်းစပါတယ်။ လူတစ်ယောက်ကိုယ်တွင်းကနေ အစပျိုးလောင်မြိုက်သေရတဲ့အမှုဖြစ်လို့ ဖြေရှင်းနိုင်မယ့် အမှုစစ်တစ်ယောက် လိုလာပါပြီ။ ပုန်ကန်သူအဖြစ် အကျဉ်းကျနေတဲ့ စုံထောက် ဒီး ကို ဧကရာဇ် ဝူ မဖြစ်မနေပြန်ခေါ်ပြီး ရာထူးပြန်ပေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် အဆင့်‌သုံး ရာထူးရှိ စစ်ဆေးရေးမှူးတစ်ယောက် အမှုဖော်ထုတ်နေဆဲ အရင်အရာရှိမင်းလို မီးလောင်သေရပြန်တာကြောင့်ပါ။ စုံထောက် ဒီး က စုံစမ်းရေးမှူးတာဝန်ယူပြီး များမကြာခင်မှာ အဆိပ်တစ်မျိုးမိလို့ အဲဒီအဆိပ်က နေရောင်အောက်မှာ မီးလောင်စေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဧကရာဇ် ဝူ နန်းတက်မယ့်အခမ်းအနားမတိုင်မီ ပြီးစီးအောင် တည်ဆောက်နေတဲ့ ကွမ်ရင်မယ်တော် ရုပ်ပွားတော်ကြီးရယ်၊ ဧကရာဇ် ဝူ နန်းတက်မှာကို အသည်းအသန် တားမြစ်လိုကြတဲ့ သဘောထားမညီသူတွေရယ်၊ ထီးနန်းကို သွေးချောင်းစီးပလ္လင်အထိ အရသိမ်းမယ့် ဧကရာဇ် ဝူ ရယ်၊ နက်နဲလှတဲ့အမှုကို အမှုမှန်ပေါ်အောင် အသက်အန္တရာယ်ကြားက စုံစမ်းရတဲ့ စုံထောက် ဒီး ရယ်တို့ရဲ့ အရှုပ်တော်ပုံကို အရသာရှိရှိ မြည်းစမ်းနိုင်တဲ့ဇာတ်ကားပါပဲ။ သမိုင်းအရတော့ ဒီး ဟာ ဧကရာဇ် ဝူ လက်ထက်မှာ စစ်တပ်အကြံပေးတပ်မှူးပါဖြစ်ခဲ့ပြီး ခီတန် တွေနဲ့တိုက်ပွဲမှာ အစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်ဆုံး ဝူ လက်ထက်မှာ သေဆုံးတဲ့အထိ သက်တော်ရှည်အမတ်ကြီးအဖြစ် တာဝန်ထမ်းသွားပါတယ်တဲ့။ ဒီး ဇာတ်ကားတွေ အရေအတွက်တစ်ခုထိရှိပေမဲ့ Andy Lau သရုပ်ဆောင်တဲ့ဒီဇာတ်ကားက လူကြိုက်အများဆုံးပါ။ စုံထောက်ဒီးရဲ့ ငယ်ဘဝအကြောင်းရိုက်ကူးထားတဲ့ မင်းသား Mark Chao  ဒီးအဖြစ် သရုပ်ဆောင်ထားတဲ့ Young Detective Dee: Rise of the Sea Dragon (2013) နဲ့ Detective Dee: The Four Heavenly Kings (2018) ဇာတ်ကားများကိုလည်း ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(3.1 GB)/(1.2 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:03:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.6 2010 123 mins
Detective Dee and the Mystery of the Phantom Flame
Alive Drift
8

ဂျပန်ကားကြိုက်တဲ့ ညိုကီတို့ ညောင်နီတို့ရှိကြလားဗျို့ အချင်းချင်းလက်တို့ မန်းရှင်းခေါ်ပြီး ဒီကားလေးသာပြလိုက်ပါတော့... အရမ်းမိုက်တဲ့ကားပြိုင်ပွဲလေးကိုရိုက်ထားတဲ့ကားလေးပါ။ တစ်ခြားပြိုင်ကားတွေနဲ့မတူတာက Drift ဆွဲတာကိုပြိုင်တဲ့ကားလေးပါ။ ဘာသာပြန်သူကလည်း အရမ်းကြီးမသိပေမယ့် ဘာသာပြန်တာ ခဏရပ်ပြီး ပြိုင်ပွဲကိုအားပေးလိုက်ရတဲ့အထိ ဆွဲဆောင်မှုရှိတဲ့ကားလေးပါ။ အားကစားကားတွေဆို လေ့ကျင့်မယ်၊ ရှံးမယ်၊ ရှုံးခါနီးမှနိုင်သွားမယ် အဲ့ဒီလိုပုံစံခွက်ထဲကနေ မတူအောင်ရိုက်ပြထားပါတယ်။ Drift ဆွဲပြိုင်မယ့်သူက E-sport မှာချန်ပီယံရထားတဲ့ ပြိုင်ကားမောင်းသူ ကိုအိချိ ပဲ ဖြစ်ပါတယ်။ ဂိမ်းသမားတစ်ယောက်က လက်တွေ့မှာတကယ့်ပြိုင်ကားကို မောင်းရမယ်ဆိုတော့ ခေါင်းတွေလည်းမူး၊ အန်လည်းအန်ပြီး တော်တော်စိတ်ညစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂိမ်းဆိုသည်မှာလည်း လက်တွေ့နဲ့တူအောင်ဖန်တီးထားတာမို့ ဂိမ်းဆရာကြီးဖြစ်တဲ့ ကိုအိချိ က လက်တွေ့နဲ့ ဂိမ်း ဘယ်လိုရောစပ်သွားမလဲဆိုတာကို ဂျပန်အဆင်လေးလည်းငမ်းရင်း အားရပါးရကြည့်ဖို့ ဒေါင်းလိုက်ပါတော့နော်... အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ Genre..... Sport Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 54oMB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... August

Action • Science Fiction • Thriller
8 2022 121 mins
Alive Drift
Soorarai Pottru
7.9

IMDb...9.3 (နင်းကန်ကောင်းတဲ့ကားမို့ WEB-DL 1080p 5.1CH,  ပါထပ်မံပြုလုပ်ပေးထားပါတယ်...) အိန္ဒိယနိုင်ငံမှာ ပထမဆုံး တန်ဖိုးနည်းလေကြောင်းခရီးစဉ်တွေအတွက် Air Deccan ဆိုတဲ့ လေကြောင်းလိုင်းကို ပြေးဆွဲပေးခဲ့တဲ့ စွန့်ဦးတီထွင်သူ G. R. Gopinath ရဲ့ဘ၀ထဲက အဖြစ်အပျက်တစ်ချို့ကို ရုပ်ရှင်တစ်ခုအနေနဲ့ တင်ဆက်လိုက်တဲ့ ဒီဇာတ်ကားဟာ ဒီနှစ်ပိုင်းမှာ ထွက်တဲ့ တမီးလ်ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးဇာတ်ကားလို့ပဲ ပြောချင်ပါတယ်။ အဓိကဇာတ်ကောင်နေရာကို Singam မင်းသား ဆူရိယက သရုပ်ဆောင်ထားပြီး ဗီလိန်အဖြစ်နဲ့ Oh My God ဇာတ်ကားတွေထဲက Paresh Rawal တို့က သရုပ်ဆောင်ပေးထားပါတယ်။ ၂၀၂၀မှာ ခုလိုကားကောင်းမျိုး ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့တာ အမှန်ပါ။ ကျွန်တော်တို့ ဘာသာပြန်သူတွေအနေနဲ့တော့ ဒီကားဟာ ရွှေပဲ။ အက်ရှင်ကားမဟုတ်ဘူး၊ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံထားတဲ့ သာမန်လူတန်းစားတစ်ယောက်ရဲ့ အများအကျိုးပြု အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ပြသွားတဲ့ ဒရာမာကားကောင်းတစ်ကားပါပဲ။ သူ့အိပ်မက်က ထူးဆန်းတယ်။ ကျယ်ပြန့်တယ်၊ လက်တွေ့မှာ မလွယ်လှတဲ့ လေကြောင်းလိုင်းတစ်ခုကို ထူထောင်ဖို့ပါ။ လေယာဉ်နဲ့ ခရီးသွားဖို့ လူတိုင်းတတ်နိုင်ရမယ်။ သူ့တုန်းကလို အဖြစ်အပျက်မျိုး၊ ရထားစီးပြီး အချိန်ဖြုန်းခရီးသွားတာမျိုး နောက်မျိုးဆက်အဆက်ဆက် မဖြစ်စေရဖို့ သူ့မှာ အိပ်မက်တစ်ခုရှိတယ်။ ဒါပေမဲ့ သူ့အဖို့ ထင်သလောက် မလွယ်ခဲ့။ ကောက်ကျစ်မှုတွေကို ခံရတယ်။ ပြိုင်ဆိုင်မှုတွေ ရှိတယ်။ သူလို သာမန်လူတန်းစားတစ်ယောက် ဘဝပျက်ဖို့ သူဌေးတစ်ယောက်က ၁၀မိနစ်ပဲ အချိန်ယူတယ်။ ဒါပေမဲ့ မဆုတ်မနစ်တဲ့ ယောကျ်ားကောင်းတို့ရဲ့ စိတ်ဓာတ်ကို အသုံးချလာတဲ့အခါမှာ.... ။ အောင်မြင်တော့မလိုလိုနဲ့ ကျရှုံးမှုတွေ၊ လက်ကမ်းသလိုလိုနဲ့ တွန်းထုတ်မှုတွေကို လူ့သဘာဝဆန်ဆန် မြင်ရပါတယ်။ သူဌေးကြီးက ပြောတယ်။ "မင်းက လေယာဉ်လက်မှတ်ပဲ ပိုင်တာပါ၊ ကျုပ်က ဒီလေယာဉ်ကို ပိုင်တာ" တဲ့။ အဲ့ဒီစကားနဲ့အတူ လေယာဉ်ပေါ်က နှင်ထုတ်ခံလိုက်ရတဲ့ လူငယ်တစ်ယောက်... နောင်တစ်ချိန်မှာ အဲ့ဒီသူဌေးကြီးကို ဘာပြန်ပြောမယ် ထင်လဲ ကိုယ်တိုင်ခံစားကြည့်ပါဗျာ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူများကတော့ Myit Thu နဲ့ Nyi Koeတို့ပဲဖြစ်ပါတယ်... File Size :(2.6GB)(1.25GB) and (471 MB) Quality : WEB-DL 1080p 5.1CH, WEB-DL  720p Format…mp4 Duration…02:33:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Koe Encoded by Phyo Pyae

Horror • Mystery
7.9 2020 149 mins
Soorarai Pottru
Allied
6.8

ဒီဇာတ်လမ်းလေးဟာဆိုရင် စပိုင် မက်စ်ဗေတန်အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ် မက်စ်ဟာဆိုရင် ၁၉၄၂ ခုနှစ်မှာ ဟစ်တလာရဲ့ ဂျာမန် အရာရှိတစ်ဦးကို လုပ်ကြံဖို့အတွက် ရန်သူ့နယ်မြေထဲမှာ မာရီရာနား ဘွန်စေဂျော ဆိုတဲ့ စပိုင်မလေးတစ်ယောက်နဲ့ တွဲဖက် တာဝန်ပေးခြင်းကိုခံရပါတယ် ဒီလိုနဲ့ သူတို့ တာဝန်ကို ကျေပြွန်စွာထမ်းဆောင်နိုင်ခဲ့ပြီးတဲ့အခါမှာတော့ စပိုင်နှစ်ဦးဟာ ချစ်မိသွားကျပြီး လန်ဒန်မှာ ဘဝတစ်ခု ထူထောင်ပါတော့တယ်။ ဒီလိုနဲ့ ရင်သွေးလေး တစ်ယောက်မွေးဖွားပြီး သာယာတဲ့ ဘဝကိုပိုင်ဆိုင်နေကျတဲ့ ဇနှီးမောင်နှံနှစ်ဦးအတွက် ဂြိုလ်ဆိုး ဝင်လာပါတော့တယ် ...မက်စ် ကို ဗွီဆက်ရှင် လို့ခေါ်တဲ့ ဋ္ဌာနက ဆင့်ခေါ်တာကို ခံခဲ့ရပါတယ် အဲ့ဋ္ဌာကိုရောက်တဲ့ အခါမှာတော့ သူ့ဇနီးဟာ ဂျာမန် စပိုင်တစ်ယောက်ပါ လို့ ဗွီဆက်ရှင်က အထောက်အထားနဲ့ စွပ်စွဲပါတော့တယ် ... ဒါ့အပြင်ဂျာမန်စပိုင် တစ်ယောက်ရဲ့ ထွက်ဆိုချက်အရ မာရီရာနား ဘွန်စေဂျောကို လွန်ခဲ့တဲ့ နှစ်များစွာ ကတည်းက သတ်ခဲ့ပြီးဖြစ်တယ် လို့လဲသိရပါတော့တယ် ဒီလိုနဲ့ ဗွီဆက်ရှင်ဟာ မက်စ်ကို အသုံးချပြီး သူ့ဇနီးကို စပိုင် ဟုတ်မဟုတ် စမ်းသပ်ပါတော့တယ် မက်စ်က လဲ သူ့ဇနီးဟာ မာရီရားနား ဘွန်စေဂျော အစစ် ဟုတ်မဟုတ် သူ့နည်းသူ့ဟန်နဲ့ စုံစမ်းပါတော့တယ်။ သူ့ရဲ့ချစ်လှစွာသော ဇနီးမယားဟာ တကယ်ပဲ ဂျာမန် စပိုင်ပဲလား .....? မာရီးယားနား ဘွန်စေဂျော အစစ်ကော ဟုတ်ရဲ့လား ဆိုတာကိုတော့ မူဗီကိုသာဆက်လက် ရှု့စားလိုက်ကျပါ ....။ File Size       :   896 MB Duration      :   2: 04: 00 Quality          :   Webrip Translator    :   Tariq L Walker Encoder        :   Littleneo

Comedy
6.8 2016 124 mins
Allied
The Drop
5

သမီးရည်းစားလင်မယားတွေအနေနဲ့ လက်ထပ်ကြမယ် ဒါမှမဟုတ် လက်ထပ်ပြီးခဲ့ပြီရှိသော် နောက်ထပ်တက်လှမ်းရမယ့် အဆင့်တွေထဲက တစ်ခုကတော့ သားသမီးထွန်းကားရေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ခေါင်းစဉ် Drop ဆိုတဲ့အတိုင်း မန်နီနဲ့ လက်စီတို့ လင်မယားဟာ ကျွန်းပေါ်မှာ ကျင်းပမယ့် သုငယ်ချင်း မင်္ဂလာဆောင်ကို လာကြရင်း မယားဖြစ်သူ လက်စီက သူများကလေးကို ပွေ့ချီထားရင်း လွတ်ကျမိတာကနေ ဇာတ်လမ်းကို အခြေတည်ထားပါတယ်။ ဇနီးဖြစ်သူရဲ့ ကလေးတစ်ယောက်ကို လက်လွတ်စပယ်လွတ်ကျမှုဟာ မိခင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါရဲ့လားဆိုတာကနေ ဇာတ်လမ်းကို ဆွဲခေါ်သွားမှာပဲ ဖြစ်ပါတယ်။ ဒီကားကို လင်မယားတွေ သမီးရည်းစားတွေအနေနဲ့ သင်ခန်းစာလည်းရ အပန်းလည်းပြေအောင် ကြည်သင့်တယ်လို့ အကြံပြုပါရစေ File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:30:00 Type__Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5 2022
The Drop
Gulmohar
8

Gulmohar 2023 IMDb-8.1/10 မင်းသားကြီး Manoj Bajpayee နဲ့ မင်းသမီးကြီး Sharmila Tagore တို့လို သရုပ်ဆောင်ကြီးတွေနဲ့ လူငယ်သရုပ်ဆောင်ပေါင်းများစွာပါ၀င်ထားတဲ့ မိသားစုသံယောဇဉ်မေတ္တာဖွဲ့ကားလေး ညွှန်းပေးချင်ပါတယ် မိသားစု၀င် ၁၄ ယောက်လုံး အတူတူမွေးဖွားကြီးပြင်းလာတဲ့ အိမ်ကြီးကနေ အတောင်အလက်စုံစုံနဲ့ ပျံထွက်မယ့်သူတွေများစွာရှိနေပါတယ် တစ်နေ့မှာမိသားစု၀င်တွေအားလုံးစုစည်းပြီးပါတီပွဲ ကျင်းပသီချင်းဆိုကြပျော်ရွှင်နေချိန်မှာ အိမ်ရဲ့မိခင်ကြီးကူဆွမ်ဟာ ဒီအိမ်ကြီးကိုရောင်းချပြီး သူတစ်ယောက်တည်း ‌သွားနေတော့မယ်ဆိုတဲ့ အကြောင်းအရာဟာ အားလုံးကိုအံ့အားသင့်သွားစေပါတော့တယ် သူ့တစ်သက်လုံး ခင်ပွန်းသည်သားသမီးတွေနဲ့အတူ နေထိုင်ကြီးပြင်းခဲ့တဲ့အိမ်ကြီးကို ဘာကြောင့်ရောင်းပစ်ချင်ရတာလဲ ဒီလိုနဲ့ပဲ ချစ်ခင်ပျော်စရာကောင်းတဲ့မိသားစုသိုက်သိုက်၀န်း၀န်းဘ၀တစ်ခန်းရပ်တော့မလား မိသားစု၀င်တစ်ယောက်ချင်းစီရဲ့စရိုက်တွေအခက်အခဲတွေကို ရှုထောင့်စုံရိုက်ကူးပြသတဲ့ မိသားစုကားလေးဟာ အေးအေးငြိမ့်ငြိမ့်ခံစားကြည့်ရှုနိုင်မှာပါ

8 2023 132 mins
Gulmohar
Superwho?
6.1

Superwho? (2021) ============= IMDb Rating – 6.1/10 Original Title: Super-héros malgré lui Genre – Action, Comedy ခုလိုရာသီဥတုမှာ စိတ်အမောပြေ အပန်းပြေစေပြီး တစ်ချိန်လုံး ခွီနေရမယ့် ပြင်သစ်ဟာသကားလေး လာပါပြီဗျာ။ Marvel တို့ DC တို့အပြင် X-Men တွေရော Mission Impossible တွေရော ပေါင်းစုံသရော်ထားပြီး Easter Egg တော်တော်များ များကိုလည်း တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းလေး အရင်ပြောပြလိုက်မယ်ဗျာ။ ဟာသကားတွေရဲ့ရိုးရာမပြတ် မင်းသားက သရုပ်ဆောင်ဖြစ်ချင်တဲ့ အရှုံးသမားတစ်ယောက် ကောင်မလေးက ပလစ်လိုက်တော့ ညီမ အိမ်မှာကပ်နေနေရတာပေါ့။ ရဲဖြစ်တဲ့ဖအေကြီးကိုလည်း သားက သရုပ်ဆောင်ပါဆိုပြီး အရမ်းဂုဏ်ယူစေချင်တဲ့ကောင်လေးပေါ့။ ဒီလိုနဲ့ အလုပ်ရှာတုန်းမှာ ကံကောင်းထောက်မစွာနဲ့ စူပါဟီးရိုးကား ကို မင်းသားနေရာက ရတယ်၊ ဇာတ်ကောင်ကလည်း Batman ကို ပရမ်းပတာကူးချထားတဲ့ Badman တဲ့ (Joker ကိုတောင် Clown လုပ်လိုက်သေးတယ်)။ အဲဒါနဲ့ တစ်ရက်ရိုက်ကွင်းပြီးတဲ့အချိန် ညီမ ဖြစ်သူဆီကနေ အဖေသေခါနီးဖြစ်တဲ့သတင်းကို ကြားတော့ လော လောနဲ့ ရိုက်ကွင်းကကားရယ် ဟီးရိုးဝတ်စုံရယ် ရုပ်ရှင်ထဲက ပိုက်ဆံ တုတွေရယ် အလောင်းအတုကြီးရယ်နဲ့ ထွက်သွားပါလေရော။ ပြီး တော့ ကားမတော်မဆဖြစ်သွားတယ်။ ဒီမှာ ဆရာသမားက အတိတ် မေ့သွားပြီး တိုက်ထားတဲ့နေရာက ငွေထုတ်စက် ကားထဲမှာက ပိုက် ဆံတွေ ကားကြီးကလည်း အမည်းကြီး သူက ဓားပြတိုက်နေတာပဲ ဆိုပြီး ရူးကြောင်မူးကြောင်နဲ့ ထွက်ပြေးပြီး သူ့ကိုယ်သူ ရုပ်ရှင်ထဲက ဇာတ်ကောင်အတိုင်း ဟီးရိုးတစ်ယောက်လို့ ထင်လိုက်တဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာ အလွဲလွဲအချော်ချော်တွေ ကြည့်ရမှာပါ။ သူ့ညီမနဲ့ သူငယ်ချင်း ၂ ကောင်ရဲ့ လိုက်ရှာကြတဲ့အချိန်အလွဲတွေ၊ လမ်းမှာ သတင်းထောက်မလေးတွေ့ပြီး လွဲကြတာတွေ၊ သူ့အဖေ ရဲဌာနက လမ်းလုံခြုံရေးစနစ်သစ်ရဲ့ အလွဲတွေစသဖြင့် တစ်ကားလုံး ပါးစပ်မစိရအောင် ခွီနေရမယ့်ကားဗျာ လုံးဝကို အာမခံတယ်။ ဒိုင် ယာလော့ခ်တွေလည်းမပေါဘူး ရုပ်တည်ကြီးတွေနဲ့ ထိုင်ဖောက်ထား ကြတာ… ကဲ ပြောနေရင် ကြာပါတယ် ပြေးသာကြည့်ကြပါ။ တလော ကလည်း Facebook မှာ ဒီကားထဲက ဇာတ်ဝင်ခန်းလေးနဲ့တောင်းထား တာမြင်မိတယ် အခုကြည့်လို့ရပါပြီလို့…။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.34 GB) / (588 MB) / (346 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy Translator…….Thura Aung Encoder……….SWM

6.1 2021 82 mins
Superwho?
Eloïse’s Journey
6

ဒီတစ်ခါတင်ဆက်မဲ့ကားလေးကတော့ ပရိတ်သတ်များအတွက် ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမဲ့ စိတ်အပန်းဖြေစရာ ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်းလေးကတော့ ပဲရစ်မြို့ကကောင်မလေးတစ်ယောက်ဟာ ခုံတန်းရှည်တစ်ခုပေါ်မှာ ရုတ်တရက်နိုးလာပါတယ်။ သူဟာ သူ့နာမည်ကိုတောင်မမှတ်မိပဲ သူဘယ်နေရာကနေ ဘယ်လိုအကြောင်းကြောင့် ဒီခုံပေါ်ကိုရောက်နေရလဲဆိုတာလဲ မမှတ်မိတော့ပါဘူး။ ဒီတော့ သူ့မှာရှိသမျှသဲလွန်စလေးတွေကနေပဲ သူ့ဘဝအကြောင်းကိုပြန်သတိရအောင်အစွမ်းကုန်ကြိုးစားတဲ့အ‌ကြောင်းလေးပါ။ ဒီဇာတ်ကားလေးဟာ အတိတ်မေ့ကောင်မလေးတစ်ယောက်ရဲ့ တွေ့ကြုံရတဲ့အခက်အခဲတွေ, ဖြတ်ကျော်ရတဲ့အတားအဆီးတွေ‌ကို အချစ်ရေးနဲ့ ဟာသလေးနှောပြီး သဘာဝဆန်ဆန်လေးနဲ့ ပေါ့ပေါ့ပါးပါးလေးရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Yurnero

Adventure
6 2022 101 mins
Eloïse’s Journey
Your Lucky Day
5.9

Your Lucky Day (2023) ~ IMDb – 5.8/10, Rotten Tomatoes – 88% ~ ငွေဆိုတာ ဒုတိယဘုရားသခင်တဲ့။ ငွေအတွက်ဆိုရင် ဘာမဆိုစတေးမယ့်သူတွေ မနည်းမနောပါပဲ။ မက်လောက်စရာ မီလီယံချီတဲ့ငွေတွေဆိုရင်တော့ ဘာပြောစရာတောင်လိုမလဲပေါ့။ မီဂါဘောထီလက်မှတ်အကြီးဆုံးဆုက 156 မီလီယံဒေါ်လာပါ။ အဖိုးကြီးတစ်ယောက် စတိုးဆိုင်တစ်ဆိုင်မှာ ထီလက်မှတ်လာတိုက်ရင်း ဆုကြီးပေါက်တော့ ဆေးလုခံရလို့ဘူနေတဲ့ ဆေးသမားက သေနတ်တစ်လက်နဲ့၀င်လုပါတယ်။ အဲဒါကို ကိုလှရွှေတစ်ယောက်က ၀င်တားရင်း ဆေးသမားရော ကိုလှရွှေရောလျှောပါလေရော။ ဆေးသမားက ဆိုင်ထဲမှာရှိတဲ့ ဆိုင်ပိုင်ရှင်ရယ် ကိုယ်၀န်သည်ချစ်သူစုံတွဲတစ်တွဲရယ်ကို ဓါးစားခံအဖြစ်ထားထားပေမဲ့ ဝေစုခွဲပေးမယ်လို့ မက်လုံးပေးတာကြောင့် ကြံရာပါဖြစ်ကုန်ရင်းနဲ့ ‌လောဘအမှောင်ထဲတိုး၀င်မိကြပြီး လျှောပြီထင်တဲ့ရဲက‌လည်းပြန်နိုးလာတဲ့အခါမှာ ဇာတ်တွေရှုပ်ကုန်ကြပါတော့တယ်။ သရုပ်ဆောင်အနေနဲ့ကလည်း ဇူလိုင်ကမှ ကွယ်လွန်သွားခဲ့တဲ့ Euphoria သရုပ်ဆောင် Angus Cloud က အဓိကပါ၀င်ထားလို့ သူ့ရဲ့မျက်လုံးလှလှလေးနဲ့ ခပ်လေးလေးရှရှအသံကို အလွမ်းပြေကြည့်ရှုနိုင်မယ့်ကားလေးပါပဲ။ စိတ်အပန်းပြေစေမယ့်အပြင် ပညာယူစရာတွေလည်းရလို့ လက်လွတ်မခံသင့်တဲ့ကားလေးပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 690MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 29Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.9 2023
Your Lucky Day
[18+] Love Shots

Love Shots (2019) ဒီဇာတ်ကားလေးကတော့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတွေ လိင်စိတ်ဖြစ်ပေါ်တတ်တဲ့အကြောင်းလေးတွေနဲ့ ဘဝဖြတ်သန်းပုံတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ အန်ဗီသာဆိုတဲ့ ကျောင်းသူလေးဟာ သူ့စိတ်ထဲ အမြဲမူစကူဒူးဖို့ပဲ စဥ်းစားနေပြီး လိင်စိတ်များနေခဲ့ပါတယ်။ ဒီလိုနဲ့ ညတစ်ညမှာ မူစကူဒူးမိလိုက်ပါတယ်။ အဲ့ဒါက သူ့ဘဝရဲ့အကြီးမားဆုံးအမှားကြီးတစ်ခုဖြစ်သွားလိမ့်မယ်မှန်းသူမသိခဲ့ပါဘူး။ ဘဝရဲ့အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေနဲ့ ဒီဆယ်ကျော်သက်ကောင်မလေး သူ့ဘဝကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကိုတော့….။ ပညာပေးရိုက်ကူးထားတဲ့ ဒီကားလေးမှာ မိန်းမသားဘဝ မိန်းမသားဆန္ဒနဲ့ လိုအပ်ချက်တွေကို မြင်ရဦးမှာပဲ​ဖြစ်ပါတယ်နော်။ Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

0 2019
[18+] Love Shots
Merry Christmas
7.7

Merry Christmas 2024 (မယ်ရီခရစ္စမတ်) IMDb 7.7/10 အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးဗီဂျေးနဲ့ တိုက်ဂါးမင်းသမီးလေး ကတ်တရီးနားတို့ရဲ့ ဇာတ်ကားကြီးထွက်ရှိလို့လာခဲ့ပါပြီ ဒီကားထဲမှာလည်း မမကဘယ်လိုဆွဲဆောင်မှုတွေပြမလဲ ကြည့်လိုက်ကြရအောင် ဒါ့အပြင် Neo-Noir ရုပ်ရှင်အထာနဲ့မို့ အိန္ဒိယရုပ်ရှင်တွေထဲမှာ ကွဲထွက်နေပြီး အတော်လေးအရသာရှိတဲ့ ရုပ်ရှင်ပဲခင်ဗျ… တစိမ့်စိမ့်နဲ့ အရသာရှိတယ် femme-fatale ကာရိုက်တာလေးနဲ့ဆိုတော့ နက်ရှိုင်းတဲ့ အိပ်မက်တစ်ခုထဲ လမ်းပျောက်နေသလို ဖီလင်မျိုးပေါ့ “အရုဏ်မတက်ခင်ရောက်တဲ့ညအချိန်က အမှောင်ဆုံးပါပဲ” အပျော်ရွှင်ရဆုံးအချိန်မရောက်ခင် ‌ဆိုးဝါးလှတဲ့ဖြစ်ရပ်တွေကိုဖြတ်ကျော်ရစမြဲပါပဲ ။။ မိခင်ဖြစ်သူဆုံးပါးသွားလို့ ဒူဘိုင်းကနေ မွေးရပ်မြေပြန်လာခဲ့တဲ့ အဲလ်ဘတ် ခရစ္စမတ်အတွင်းပြန်ရောက်လာခဲ့ပေမဲ့ အမေတစ်ခု သားတစ်ခုဘဝမှာ အမေမရှိတော့ ယောင်လည်လည်ဖြစ်ပြီး ဘားထိုင်ရင်း အချိန်ဖြုန်းနေခဲ့တယ် ဒီမှာသူနဲ့‌ဆုံတွေ့ခဲ့တာက မာရီယာပေါ့ ယောကျာ်းဖြစ်သူဖောက်ပြန်နေလို့ လက်စားချေမယ်ဆိုပြီး ဖုန်းပြောဖြစ်နေတဲ့ကောင်လေးနဲ့ဒိတ်ဖို့စီစဉ်ဖြစ်သွားတယ်ပေါ့ ဒါပေမဲ့စစချင်းဒိတ်မှာတင် တစ်ဖက်ယောကျာ်းလေးကထွက်ပြေးသွားလေရဲ့ အကြောင်းကတော့ ဒိတ်ပါတယ်ဆို မာရီယာကကလေးခေါ်လာမိလို့ပါ စင်ဂယ်မားသားလည်းဆိုရော ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင်ထွက်ပြေးသွားတော့ မာရီယာတစ်ယောက် ဘားမှာငူငူကြီးဖြစ်နေချိန် အဲလ်ဘတ်နဲ့ဆုံတွေ့ခဲ့တယ် ဒီလိုနဲ့၂ယောက်သားရင်းနှီးသွားကြပြီး မာရီယာ့အိမ်အလည်လိုက်သွားမိလေရဲ့ ဒါက သူတို့ရဲ့အမှောင်ဆုံးအချိန်များဖြစ်သွားမလား အိမ်မှာထင်မှတ်မထားတဲ့ လူသေမှုနဲ့ရင်ဆိုင်လိုက်ရချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ~KKKZ ပဲဖြစ်ပါတယ် )

7.7 2024
Merry Christmas
Tall Tales from the Magical Garden of Antoon Krings

Tall Tales from the Magical Garden of Antoon Krings (2017) အသွင်သစ်နဲ့ အမြင်ဆန်းမယ့် ပိုးကောင်ကမ္ဘာကို တစ်ခါလောက်အလည်သွားကြရအောင်… ပိုးကောင်လေးတွေမှာလည်း နေ့ထွက်ပိုးကောင်ရှိသလို ညဘက်မှာမှထွက်ကြတဲ့ပိုးကောင်လေးတွေလည်း ရှိကြတယ်မလား? အဲ့ဒီလို နေ့နဲ့ညကွဲနေလို့လည်း ပိုးကောင်လေးတွေကခွဲခြားဆက်ဆံခံရတာတွေရှိပါသတဲ့။ ဇာတ်လိုက်ကျော်ကတော့ ပန်းဉယျာဉ်လေးကို အသက်ဝင်အောင် ကာကွယ်ပေးနေတဲ့ ပျားအုံဘုရင်မ မက်ဂွါရီလေးပါ။ ပျားဘုရင်မတို့တာဝန်အတိုင်း လုပ်သားပျားတွေကို စောင့်ရှောက်ရတယ်။ ပျားရည်ထုတ်လုပ်တဲ့နေရာမှာ စီစဉ်ရတယ်။ ပျားအကောင်ပေါက်လေးတွေကိုလည်း ပြုစုရတယ်။ တာဝန်တွေအရမ်းများလွန်းပြီး လွတ်လပ်မှုတွေဆုံးရှုံးရတာကြောင့် သာမာန်ပိုးကောင်လေးပဲ ဖြစ်ချင်ပါတယ်ဆိုပြီး အမြဲတမ်းဆုတောင်းနေခဲ့သူပါ။ တစ်နေ့မှာ နယ်လှည့်အနုပညာရှင် နှံကောင်လေးတစ်ကောင် မက်ဂွါရီတို့ ဥယျာဉ်ထဲကို ရောက်လာပါတယ်။ သူစိမ်းပိုးကောင်ရောက်လာလို့ အားလုံးက သတိနဲ့နေကြပေမယ့် ဝင်ဒီလို့ခေါ်တဲ့ နကျယ်ကောင်ကတော့ နှံကောင်လေးနဲ့ အပေးအယူလုပ်ဖို့ ချည်းကပ်ခဲ့ပါတယ်။ ပျားပိတုန်းတွေနေထိုင်တဲ့ ဥယျာဉ်ထဲမှာ နကျယ်ကောင်နဲ့နှံကောင်တို့ ဘယ်လိုအပေးအယူလုပ်ခဲ့ကြလဲ ? ပိုးကောင်တို့ကမ္ဘာကရော ကိုယ်တွေထင်သလို ရိုးရှင်းကြရဲ့လားဆိုတာကို ဘဝအမောတွေဖြေရင်း အားလပ်ရက်မှာ အေးအေးဆေးဆေးလေး ကြည့်လိုက်ကြရအောင်နော်… File size… 1 GB / 491 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Animation, Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by JoJoVa

0 2017 87 mins
Tall Tales from the Magical Garden of Antoon Krings
Shriek If You Know What I Did Last Friday the Thirteenth

Shriek If You Know What I Did Last Friday the Thirteenth (2000) ဟော်ရာပရိသတ်တွေဆို Scream, Friday the 13th, I Know What You Did Last Summer အဲဒီဇာတ်ကားတွေကို သိကိုသိကြမှာပါ။ ဒါကတော့ Scary Movie တွေလိုပဲ အဲဒီသုံးကားလုံးကို ဟာသလုပ်ပြီးရိုက်ထားတဲ့ ဇာတ်ကားလေးပါ။ မူရင်းဇာတ်ကားတွေကို ကြည့်ဖူးထားရင် ပိုခွီရပါလိမ့်မယ်။ ဒါပေမဲ့ Friday the 13th ကိုတော့ သိပ်မတွေ့သလိုပါပဲ။ အဲဒီထက် ပိုစိတ်မကောင်းစရာက ၁၈ ပက်လက်မပါတာပါပဲ။ Parody တွေထုံးစံ အနည်းအကျဥ်းတော့ သဘောလောက် ပါတယ်ဆိုပေမဲ့ မူရင်းကားတွေလောက်တော့ အားရစရာကောင်းလောက်အောင် ပါတာမဟုတ်ဘူးပေါ့ဗျာ။ အဲဒီသုံးကားကိုတင်မဟုတ်ဘဲ တခြားကားတွေ၊ လူတွေကိုလည်း ကြုံရင်ကြုံသလို ဖဲ့ပါသေးတယ်။ ဖဲ့တဲ့ထဲမှာ သူ့လိုမျိုး ဇာတ်ကားတွေကို ဟာသပုံစံပြန်ပြောင်ထားတဲ့ ဇာတ်ကားတွေကိုပါ ဖဲ့လိုက်ပါသေးတယ်။ Scary Movie တွေလောက် ကောင်းတဲ့ထဲမှာမပါပေမဲ့ ဖျော်ဖြေမှုအရတော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 910MB Quality – 1080p, 720p IMDb Rating – 4/10 Format – mp4 Duration – 1H 26Min Genre – Parody, Comedy, Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

0 2000
Shriek If You Know What I Did Last Friday the Thirteenth
Cocaine Stepdad
6.2

Cocaine stepdad (2024) mockumentary, comedy ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တယ်ရီမေလာဆိုတဲ့ထောင်ထွက်လူမိုက်ဟာ သူ့ရဲ့ရည်းစားဟောင်းဆီကို ပြန်သွားဖို့ကြိုးစားတဲ့အပေါ်မှာအခြေခံထားတာပဲဖြစ်ပါတယ်။ သူ့ရဲ့ရည်းစားဟောင်းဖြစ်သူ ကလေးတစ်ယောက်အမေထရေဇီဟာ နောက်အိမ်ထောင်ပြုတော့မှာဖြစ်ပြီး သူမရဲ့သားဖြစ်သူ၁၂နှစ်အရွယ်ကိုင်လ်ဆိုတဲ့ကောင်လေးဟာ ဖခင်မေတ္တာငတ်နေတဲ့ဂျစ်ကန်ကန်ကလေးတစ်ဦးဖြစ်ပါတယ်။ တယ်ရီတစ်ယောက် ရည်းစားဟောင်းရဲ့သား ကိုင်လ်နဲ့ပူးပေါင်းပြီး ရည်းစားဟောင်းနောက်အိမ်ထောင်ပြုမှာကို ဘယ်လိုတားဆီးကြမလဲ သူတို့နှစ်ယောက်ရဲ့ပူးပေါင်းဆောင်ရွက်မှုကဘယ်လိုအလွဲအချော်တွေနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုမှတ်တမ်းတင်ရိုက်ကူးတင်ဆက်ပြသထားပုံကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size… (3.4 GB) / (2 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:41:47 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Senju

6.2 2024 100 mins
Cocaine Stepdad