YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

[CM]Nude.Tuesday.2022.HC.480p.mp4

385.97 MB N/A video/mp4 90 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hermitage Girl

ပြဿနာစုံ ဂယက်စုံနဲ့ အခန်းတွင်းအောင်းပြီး ဂိမ်းဆော့ဖို့ပဲသိတဲ့ကောင်လေးတစ်ယောက်ရဲ့အိပ်မက်ကတော့ ရုပ်ရှင်ဇာတ်လမ်းထဲက မကောင်းသူပယ် ကောင်းသူကိုကယ်တင်မဲ့ သူရဲကောင်းကြီးပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ သူ့ဆီမှာ သူရဲကောင်းနဲ့တူတာဆိုလို့ ရင်းရှုံဆိုတဲ့ သူရဲကောင်းလို့အဓိပ္ပာယ်ရတဲ့ သူ့နာမည်ပဲရှိပါတယ်။ တစ်နေ့တစ်နေ့ ဂိမ်းဆော့လိုက် တစ်ကိုယ်တော် အာသာဖြေလိုက်နဲ့ ဘာမှမဖြစ်မြောက်တဲ့ရင်းရှုံဟာ သူ့ရဲ့ငွေမပေးရတဲ့အိပ်မက်ကိုတော့ ခဏခဏစိတ်ကူးနဲ့ပုံဖော်လေ့ရှိပါသတဲ့။ ရင်းရှုံရဲ့အိမ်မှာ အိမ်ငှားလာနေတဲ့ နာ့နာ့ဆိုတဲ့ကောင်မလေး တစ်နည်းအားဖြင့် ရင်းရှုံအကျင့်ဆိုးသမျှ ညစ်ပတ်သမျှခံနေရသူလေးပေါ့။ အပြင်က မိန်းမလှလေးကို ကယ်တင်ချင်နေတဲ့ သူရဲကောင်းရူးရူးနေတဲ့ရင်းရှုံဟာ သူ့ရဲ့အိမ်ငှား နာ့နာ့အပေါ်တော့ သဘောကောင်းတဲ့အိမ်ရှင်မဟုတ်ပါဘူး။ ဒီလိုနဲ့ မီးမီးဆိုတဲ့ အင်တာနက်ဆယ်လီရဲ့လိုက်ဖ်ကိုကြည့် ဒုက္ခရောက်နေတဲ့မီးမီးကို ဟီးရိုးကြီးလုပ်ကယ်တင်မယ်ဆိုပြီး တထစ်ချဆုံးဖြတ်လို့ အိမ်ကနေပြေးထွက် ကားတိုက်ခံရလုဆဲဆဲမီးမီးကိုဝင်ကယ်ရင်းနဲ့ မနက်မိုးလင်းတဲ့အခါ မီးမီးရဲ့ခန္ဓာကိုယ်နဲ့ ကိုယ့်ကိုယ်ကိုယ် မြင်လိုက်ရတဲ့အခါ... တစ်ညတာကာလအလွန်မှာ ညစ်ပတ်တဲ့ဂိမ်းရူးကနေ အချောလေးဖြစ်သွားတဲ့ရင်းရှုံတစ်ယောက် ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ။ နေသားမကျဖြစ်နေတဲ့သူ့ကို နာ့နာ့နဲ့သူငယ်ချင်း‌တွေကရော ဘယ်လိုကူညီပေးမှာလဲ။ သူ့ခန္ဓာကိုယ်ကရော နေ့ချင်းညချင်း ဘာလို့မိန်းမဖြစ်သွားရတာလဲဆိုတာ အားလုံးအတူကြည့်ရှုရင်းနဲ့ ရယ်မောခြင်းဖြင့် အပန်းဖြေလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Mystery Quality…. 1080p | 720p | 480p File size…834MB | 435MB | 211MB Format… mp4 Duration….1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... August

0 2017 83 mins
Hermitage Girl
Emma.
7

ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ February လကမှထွက်ရှိထားတဲ့ ဇာတ်ကား အသစ်စက်စက်လေးပါ။ Emma 2020ဟာဆိုရင် IMDb rating 7 ရထား တဲ့ ကားလေးဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ ဟိုက်ဘရေးမြို့ကိုအ​​ခြေခံပြီး ရိုက်ကူးထားတဲ့ Romance Comedy ဇာတ်ကား အမျိုးအစားပါဖြစ်ပါတယ်။ ဒီကားထဲမှာဆိုရင် အဓိကဇာတ်ဆောင်နှစ်ဦးဖြစ် တဲ့ အမ်မာနဲ့ နိုက်တလီတို့ရဲ့ သူငယ်ချင်းသံယောဇဥ် နဲ့ အချစ်ကြားဝေခွဲမရဖြစ်မှုတွေကို၁၈၁၅ခုနှစ် အင်္ဂလန်နိုင်ငံရဲ့အငွေ့အသက်နောက်ခံနဲ့မြင်တွေ့ရ မှာဖြစ်ပါတယ်။ လက်ထပ်ဖို့စိတ်ကူးမရှိတဲ့ အမ်မာနဲ့ နိုက်တလီတို့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာက စိတ်ဝင်စား စရာပါပဲ။ သူငယ်ချင်းဆိုတဲ့စည်းကိုကျော်ဖို့ ကြိုးစား​နေတဲ့ သူတွေ မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားလေးပါ File Size : ( 710 MB , 328 MB) Quality : WEB-DL 720p Running Time : 2 hr 04 min Format : Mp4 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by NuNu Phyoe Encoded by Moe Myint Lwin

Action & Adventure • Animation • Sci-Fi & Fantasy
7 2020 125 mins
Emma.
[18+] Erotic Ghost Story II
4.5

Erotic Ghost Story ဆိုရင် မသိသူမရှိလောက်ပါဘူး။ လူသား နဲ့ ၀ိညာဥ်ကြားက အချစ်ကို အမျိုးမျိုးအဖုံဖုံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတွေပေါ့။ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်ကရိုက်ကူးထားတာမလို့ တကယ့်ဂန္တဝင် Softcore ဇာတ်ကားတွေပဲဖြစ်ပါတယ်။ ခုဇာတ်ကားကတော့ Erotic Ghost Story 2 ဖြစ်ပြီး အဲ့ဒီခေတ်တုန်းက ဟောင်ကောင်မင်းသမီးတပြုံကြီးပါဝင်ထားပါတယ်။ Anthony Chau-Sang Wong တို့ Amy Yip တို့လို နောင်မှာနာမည်ကြီးလာမယ့်သရုပ်ဆောင်တွေရောပေါ့။ Fantasy Horror Erotic အမျိုးအစားဖြစ်တာကြောင့် အတည်ပေါက်တွေနဲ့လန်းမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File Size : (2.6 GB) & (850 MB) Quality : BluRay 1080p & 720p Running Time : 01:37:53 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by CkCk Encoded by RGB

Comedy • Drama • Music • Romance
4.5 1991
[18+] Erotic Ghost Story II
The Standoff at Sparrow Creek
6.1

ဂန်နွန်ဟာ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ လက်နက်ကိုင်ပြည်သူ့စစ်ဂိုဏ်းတစ်ခုရဲ့အဖွဲ့ဝင်ဖြစ်နေတာပေါ့…။ ဒီအဖွဲ့က ရဲတွေနဲ့လည်း သိပ်မတည့်သလို လက်နက်တိုက်တစ်ခု ပိုင်ဆိုင်တဲ့အဖွဲ့ပါ…။ တစ်နေ့ကျတော့ သူတို့ရဲ့စခန်းနားက အသုဘတစ်ခုမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပါတယ်…။ အသုဘက ရဲတွေရဲ့အသုဘ…။ ပစ်ခတ်သွားတဲ့သူက မောင်းပြန်သေနတ်တွေ၊ ဗုံးတွေနဲ့ ပစ္စည်းအစုံသုံးသွားတာ….။ ဒီတော့ ဂန်နွန်တို့အဖွဲ့လည်း ဒီပစ်ခတ်မှုက သူတို့နဲ့ ဆိုင်မဆိုင်၊ သူတို့လူလုပ်တာဟုတ်မဟုတ် ဖြေရှင်းဖို့ စခန်းမှာ လူစုကြလေရော….။ ဖြစ်ချင်တော့ သူတို့လက်နက်တိုက်ထဲက မောင်းပြန်သေနတ်တစ်လက်နဲ့ ပစ္စည်းတချို့ပျောက်နေပါလေရော…။ ဒီကိစ္စကို ဂန်နွန်တို့ဘယ်လိုရှင်းမလဲ၊ လက်သည်က သူတို့အဖွဲ့ထဲကလားဆိုတာကို စစ်ကြမေးကြရင်းနဲ့ Thrillerဆန်ဆန်ကြည့်ရှုရမယ့် crime movieလေးဖြစ်ပါတယ်….။ File size…1.11GB/ 245MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama • War
6.1 2018
The Standoff at Sparrow Creek
Ned Kelly
6.4

ဗြိတိန်အင်ပါယာရဲ့အင်အားကြီးမားစပြုချိန် ၁၈ရာစုခန့်လောက်မှာ ဘုရင်မဗစ်တိုးရီးယားက ဂရိတ်ဗြိတိန်အပြင် အိုင်ယာလန်ကိုလည်း အုပ်စိုးခဲ့ရပါတယ်…အဲဒီအချိန်က အင်္ဂလိပ်ရဲတွေ အာဏာအင်အားလွှမ်းမိုးမှုကြီးနေတဲ့အချိန်ဖြစ်တော့ လူမျိုးရေးခွဲခြားတဲ့ရဲတစ်ချို့က အိုင်ယာလန်လူမျိုးတွေကို မြင်မြင်သမျှမဲပြီး အနိုင်ကျင့်တတ်ကြတယ်။ ဒီလိုနဲ့ အိုင်ယာလန်သား နဒ်ကယ်လီက မိမိနဲ့ မိမိရဲ့ကယ်လီမိသားစုအပေါ် အကျင့်ပျက်ရဲဖစ်ပတ်ထရစ်ရဲ့ အကြိမ်ကြိမ်ဖိနှိပ်မှုကြောင့် ဝရမ်းပြေးတစ်ယောက်ဖြစ်လာရင်း လူမျိုးရေးခွဲခြားမှုတွေကို တွန်းလှန်ချင်စိတ်ကြောင့် ဂိုဏ်းဖွဲ့ပြီး ပုန်ကန်လှုပ်ရှားမှုတစ်ခု အစပြုဖို့ဖြစ်လာခဲ့တယ်။ အသက်အရွယ်ငယ်လွန်းပေမဲ့ မဟုတ်မခံလိုစိတ်ပြင်းထန်တဲ့ နဒ်က သူငယ်ချင်းဖြစ်သူဂျိုးဘန်ရ်၊ ညီဖြစ်သူ ဒန်ကယ်လီ၊ ဒန်ရဲ့သူငယ်ချင်းစတိဖ်ဟာ့တို့နဲ့ စုစုပေါင်း အိုင်ယာလန်သားလူငယ်၄ဦးပူးပေါင်းပြီး ပုန်ကန်မှုကို စတင်တော့တယ်။ နဒ်ကယ်လီတို့ ဆန့်ကျင်ပုန်ကန်ခဲ့တာက ဗြိတိန်နေမဝင်အင်ပါယာအစပျိုးခါနီးခေတ်ရဲ့ဘုရင်မဗစ်တိုးရီးယားရဲ့အာဏာစက်ကိုပါ…။ လူအင်အားလက်နက်အင်အားမမျှတဲ့ပုန်ကန်ပွဲမှာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ နဒ်ကယ်လီက ထယ်ထိုးတဲ့သတ္တပြားတွေကိုသံချပ်ကာအဖြစ်ကိုယ်လုံးပြည့်ပြုပြင်ဝတ်ဆင်ပြီး အင်္ဂလိပ်ရဲတွေကိုပြန်လည်တိုက်ပွဲဝင်ခဲ့တာကြောင့် Ned Kelly Suit of Armourဆိုပြီး ဗစ်တိုးရီးယားခေတ်သမိုင်းဝင်ရတနာတစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။ သမိုင်းဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး နဒ်ကယ်လီအဖြစ် သြစတေးလျသရုပ်ဆောင်Heath Ledger, သူငယ်ချင်းဂျိုးဘန်ရ်အဖြစ် Pirates of the Caribbeanရုပ်ရှင်ထဲက ဝေလ်တန်နာနဲ့ ရဲမှူးဟဲရ်အဖြစ်ကပ္ပတိန်ဘာဘိုဆာတို့ နှစ်ဦးလုံးပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်နော်..။ File size…(1.7 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Action, Adventure, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

Action • Thriller • Science Fiction
6.4 2003 110 mins
Ned Kelly
Drunk, Driving, and 17
5.9

၁၇ နှစ်အရွယ် ကင်မ်ဘာလေဆမ်းမားက ပညာရေးထူးချွန်ပြီး အဘက်ဘက်မှာ တာဝန်ကျေတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ပါ။ တနေ့တော့ ကင့်မ်ချစ်သူဒန်က စတန်းဖို့တက္ကသိုလ်မှာ ထက်ဝက်ပညာသင်ဆုနဲ့ရွေးချယ်ခံရတဲ့အတွက် သူ့အိမ်မှာအောင်ပွဲခံပါတီလေးတစ်ခု လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အရက်ဆိုဘီယာအရသာတောင်မကြိုက်တဲ့ကင်မ်က ပါတီပွဲမှာ ဒန်နဲ့တခြားမိန်းကလေးနမ်းတာမြင်သွားတော့ စိတ်လွတ်လွတ်နဲ့ မူးအောင်သောက်ပြီး ကားမောင်းပြန်ခဲ့ရာကနေ ကားမတော်တဆမှုဖြစ်ခဲ့ပါတယ်။ ဒီကားမတော်တဆမှုကြောင့် ကင့်မ်ရဲ့ဘဝလမ်းကြောင်းတစ်ခုလုံး ပြောင်းလဲခဲ့ရပါတယ်။ ဒီအခြေအနေကို ကင်မ်ဘယ်လိုရင်ဆိုင်မလဲ၊ အမှားတစ်ခုလေးကနေ ဘယ်လောက်ကြီးမာတဲ့နောက်ဆက်တွဲတွေဖြစ်လာနိုင်လဲ၊ ဒီကိစ္စရပ်တခုလုံးက ဘယ်သူတွေအပေါ်တာဝန်ရှိနေလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

5.9 2023
Drunk, Driving, and 17
Wild Strawberries
8.1

Wild Strawberries ( 1957 ) အတိတ်မှာ ငါတို့မေ့ထားခဲ့တဲ့ အပွင့်တစ်ပွင့်ရှိနေလိမ့်မယ်။ တစ်ခါတလေ မသိလိုက်ဘာသာ ငါတို့အတိတ်ထဲမှာ အပွင့်တစ်ပွင့်ပွင့်နေလိမ့်မယ်။ တစ်နည်းပြောင်းပြောရရင် ဆူးကလေးတစ်ချောင်း ရှိကောင်းရှိနေနိုင်တယ်။ ဘဝဟာ ရှုပ်ယှက်လိုက်ပုံများ အပင်ကိုမြင်လို့ အပွင့်ကိုမမြင်နိုင်ခဲ့တဲ့ နေ့တွေ, ငါတို့အတ္တဟာ မြူတွေလိုရစ်သိုင်းလို့ အဲဒီအပွင့်ကို ဖုံးလွှမ်းထားတဲ့နေ့တွေ ရှိကောင်းရှိနေမှာပဲ။ ငါတို့အတွက် မေ့မေ့ပျောက်ပျောက် စကားတစ်ခွန်းက ဆူးတွေရစ်သီလို့ အဲဒီအပင်မှာ ဆိုင်းနေချင်လည်းဆိုင်နေလိမ့်မယ်။ မြင်နိုင်ခြင်းနဲ့ မမြင်နိုင်ခြင်းကြား အချိန်ကာလတစ်ခု ခြားထားတယ်။ မြင်နိုင်ခြင်းနဲ့ မမြင်နိုင်ခြင်းကြား အစွဲတစ်ခု ခြားထားတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား အလင်းနှစ်တွေခြားထားတယ်။ အနေကြာလာရင် မင်းသိမှာပါ။ ဘဝဟာ အခိုင်မာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်တဲ့။ ငါတို့ဟာ မျက်ရည်တွေခန်းခြောက်နေတဲ့ မဟာယောက်ျားသားတွေလို့ ငါတို့ကိုယ်ငါတို့ တံဆိပ်ကပ်ကြတယ်။ လိုအပ်ချက်တွေပါပဲလို့ ငါတို့ကိုယ်ငါတို့ နားချကြတယ်။ အလှဆုံးအပြုံးတွေ အဖန်တစ်ရာမကပါဘူး အသက်ရယ်။ စွဲလမ်းတွေသော အငွေ့အသက်တွေ အဖန်တစ်ရာမကပါဘူး အသက်ရယ်။ အလံကို တလူလူလွှင့်လို့ အမှားတွေကြားမှာ အားလုံးကိုယ့်အကြောင်းပဲလို့ ငါတို့ယုံကြည်ဖူးကြတယ်။ တစ်ခုခုအပေါ် အခြေခံပြီးတော့ “ငါ”ဆိုတာကို တည်ဆောက်ကြတယ်။ ငါဟာ လက်တံမရှိတော့တဲ့ နာရီတစ်လုံးပေါ့။ ငါဟာ အပင်ကိုခုတ်လို့ အပွင့်ကိုမမြင်ခဲ့တဲ့ အပြစ်သားပါပဲ။ ကမ္ဘာကြီးက တင်ကြိုခွင့်လွှတ်ပြီးသားတဲ့ ။ ဒါပေမဲ့ အထီးကျန်ခြင်းကိုအမွေလိုပေးလို့ ကမ္ဘာကြီးက ငါ့ကိုပစ်ပယ်။ ဒီဘဝတွေဟာ တစ်ကြိမ်တစ်ခါပဲ ဖြစ်ခဲ့ကြတယ်။ ဒီအဖြစ်တွေဟာ တစ်ကြိမ်တစ်ခါပဲ ရှိခဲ့ကြတယ်။ ဘာမှထပ်ပေးစရာမရှိတော့တဲ့အခါ ကမ္ဘာက ငါတို့ကို နှင်တတ်လား။ ခွေးအဖြူလေးတစ်ကောင် ငါမြင်ဖူးတယ်။ အဲဒီခွေးလေးက ခွေးတစ်ကောင်အနေနဲ့ ရနိုင်တဲ့ အဆုံးစွန်သောအရာကို သွားခဲ့တယ်လို့ ငါထင်ပါတယ်။ သူနာကျင်နေတဲ့အချိန်တစ်ခုမှာ ထပ်တူလိုမျိုး ဖက်ငိုပေးခဲ့တဲ့ မေတ္တာတရားကို သူပိုင်ခဲ့ရတယ်။ သိပ်တော့ မကြာလိုက်ပါဘူး။ ကမ္ဘာကြီးကနေ အဲဒီခွေးကလေး ထွက်သွားခဲ့တယ်။ ကမ္ဘာကြီးမှာ သူဘာမှ ထပ်ရစရာမရှိတော့ပုံပါပဲ။ အကောင်းဘက်ကလှည့်တွေးကြည့်ရင်း ငါလည်း အဲဒီလိုပဲထင်လိုက်တယ်။ ကျွန်တော်တို့ဇာတ်ကောင်ကြီးကတော့ သိပ်များများစားစားမရခဲ့သလို သိပ်များများစားစားလည်း မယူခဲ့ဖူးဘူး။ သက်ဆိုးလို့ပြောရလေမလား… ရှည်တယ်။ သူ့အတိတ်က အပွင့်တွေဟာ သီးချိန်တန်မှာ အခုတော့ စတော်ဘယ်ရီရိုင်းတွေဖြစ်လို့ အဲဒီအသီးကို သူစားရတော့မယ်။ ကဲပါလေ ဘယ်လောက်ထိအတ္တတွေများများ စက်ဝိုင်းပတ်လည်တွေလည်လို့ ငါတို့သမိုင်းမှာ အဲဒီစတော်ဘယ်ရီရိုင်းတွေကို ငါတို့ပြန်လှည့်ကြဖို့ကောင်းတယ်။ ဒါဟာ ပြန်လှည့်မကြည့်ဖြစ်ခဲ့တဲ့ စတော်ဘယ်ရီရိုင်းတစ်ချို့အကြောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.66GB | 1.44GB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

8.1 1957
Wild Strawberries
No Escape
6.8

No Escape (2015) IMDb Rating (6.7) / Rotten Tomatoes (48%) မင်းသားကြီး Pierce Brosnan , Owen Wilson , မင်းသမီး Lake Bell တို့အဓိကပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို Action/Thriller ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ Budget $5 million ပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $54.4 million ပြန်လည်ရရှိခဲ့တာကြောင့် လူကြိုက်များ အမြတ်များခဲ့တဲ့ရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းကိုတော့ အရှေ့တောင်အာရှတစ်နိုင်ငံလို့ အမည်ခံထားပေမယ့် ထိုင်းလိုလို ကမ္ဘောဒီးယားလိုလိုဖြစ်နေပြီး ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကတော့ ဒီရုပ်ရှင်ကားကို ဘန်းထားခဲ့ပါတယ်။ ဇာတ်လမ်းကတော့… အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ ဂျက် ဟာ သူ့မိသားစုနဲ့ အတူ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံကို ရေသိုလှောင်ရေး စီမံကိန်း အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ပါတယ်… သူတို့အဲ့နိုင်ငံရောက်ရောက်ချင်းပဲ ဘာလို့မှန်းမသိဘဲ အဲ့နိုင်ငံကသောင်းကျန်းသူတစ်စုဟာ အမေရိကန်နိုင်ငံသားတိုင်းကို လိုက်သတ်နေတာကြုံရပါတော့တယ်… ဒီတော့ သူတို့မိသားစုဟာ ရောက်ရောက်ချင်းဘာမှအခြေမကျခင်မှာပဲ အသက်လုပြေးရတဲ့ ဘဝကိုရောက်သွားပါတော့တယ်… ဒါပေမယ့် အဲ့ဒီ့သောင်းကျန်းသူတွေက အမေရိကန်နိုင်ငံသားတိုင်းကို သတ်ဖြတ်နေရတာနဲ့နောက်ကွယ်က အကြောင်းအရာကဘာလဲ….. ဂျက်တို့ကိုယ်တိုင်ဒီပြသနာထဲဘယ်လိုရောက်နေလဲ….ကလေးတွေမိန်းမတွေနဲ့သူတို့မိသားစုဘယ်လိုလွတ်အောင်ပြေးကြရမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုကြရမှာဖြစ်ပါတယ်။

6.8 2015 103 mins
No Escape
What a Feeling
6.4

What a Feeling (2024) IMDb Rating (6.4) မာရီသရိစ်ဟာ အောင်မြင်ပြီး စည်းစနစ်ကြီးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး မင်္ဂလာသက်တမ်း နှစ် ၂၀ ပြည့်ပွဲမှာခင်ပွန်းဖြစ်သူက လမ်းခွဲစကားပြောလာတာကိုခံခဲ့ရပါတယ်။ အောင်မြင်ချမ်းသာပြီး အချိန်နဲ့ငွေတွေပိုလျှံနေတဲ့သူတွေဖြစ်လေ့ရှိတဲ့သက်လက်ပိုင်းစိတ်ဝေဒနာ ဒါမှမဟုတ် စိတ်အပြောင်းအလဲတစ်ခုကြောင့်သာဖြစ်ပြီး နောက်တစ်ယောက်တွေ့လို့မဟုတ်သလိုသူ့အပြစ်ကြောင့်လည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း စည်းစနစ်ကြီး လွန်းလှတဲ့သူ့ကို ရုတ်တရက်ရိုက်ချသလိုခံစားလိုက်ရတဲ့ မာရီအတွက်တော့ အတော်ခံစားခဲ့ရပြီးအဲ့ဒီညမှာ မူးမူးနဲ့ Lesbian ဘားတစ်ခုကိုရောက်သွားခဲ့ပြီး အဲ့ဒီဖာရီဘာဆိုတဲ့ အမျိုးသမီးနဲ့ရင်းရင်းနှီးနှီးရင်ဖွင့်ဖြစ်ခဲ့ပြီးအမူးလွန်မှောက်သွားခဲ့ပါတယ်။ ဖာရီဘာကတော့ သူနဲ့ဆန့်ကျင်ဘက် လိင်တူချစ်သူအမျိုးသမီးတစ်ယောက်ပါ။ ချစ်သူတွေထည်လဲတွဲတတ်သူ၊ အသဲခွဲတတ်သူဖြစ်ပြီး စည်းမျဉ်းတွေကိုချိုးဖောက်ပုန်ကန်ရင်းရှင်သန်နေတဲ့သူ၊ ဆန့်ကျင်ဘက် အစွန်းနှစ်ဘက်ဆီက အမျိုးသမီးနှစ်ယောက်ဟာ တစ်ဦးနဲ့တစ်ဦးမသိလိုက်ရခင်မှာကိုယ်စီငြိတွယ်သွားပြီးတဲ့နောက်မှာတော့ သူတို့ကိုယ်တိုင်ရဲ့ဝိရောဓိတွေနဲ့တစ်ကွ ပတ်ဝန်းကျင်တစ်ခုလုံးကိုရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ What a Feeling ဟာအခုနောက်ပိုင်းအတွေ့ရကျဲသွားတဲ့ Rom/com စစ်စစ်လေးတစ်ကားဖြစ်ပြီး၊ သဘာ၀ကျတဲ့ဟာသတွေ၊သရုပ်ဆောင်နှစ်ယောက်ကြားက ပီပြင်တဲ့ Chemistry တွေနဲ့သွက်သွက်လက်လက်ဆွဲဆောင်နိုင်တဲ့ အချစ်ကားလှလှလေးလည်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.4 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance Duration….01:46:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

6.4 2024 110 mins
What a Feeling
The Girl Who Wasn’t Dead
5.5

CM ပရိသတ်ကြီးကို ဖြစ်ရပ်မှန် Thriller ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ ဩစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်က ဖြစ်ရပ်မှန် တစ်ခုကို မှီငြမ်းပြီးတော့ ကယ်လီဖိုးနီးယားမှာ ရိုက်ကူး ထားတာပါ။ ဇာတ်လမ်းမှာ အဲရီကာဆိုတဲ့ ၁၅ နှစ်သမီးလေး ကျောင်းကို သွားပြီးနောက် အိမ်ကို ပြန်မရောက်လာတော့ဘဲ ပျောက်ဆုံး သွားခဲ့ပါတယ်။ အဲရီကာဟာ အရင်ကလည်း အိမ်ကနေ ထွက်ပြေးဖူးပြီးတော့ သူ့ထက် အသက် ၆နှစ်ကြီးတဲ့ ရည်းစားနဲ့ မိုတယ်မှာ သွားနေ ခဲ့တာပါ။ ဒီတစ်ခါမှာတော့ သူ့ရည်းစားက လမ်းခွဲပြီးသားမို့ သူနဲ့ မဆိုင်ဘူးလို့ တွင်တွင်ပြောနေခဲ့လို့ ရဲတွေ လမ်းစရှာမရ အကြပ်ရိုက်နေခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ကွင်းဆက် လူသတ်သမား ပေါ်လာခဲ့တာကြောင့် အဲရီကာဟာ လူသတ်သမားရဲ့ သားကောင်ဖြစ်သွားခဲ့ပြီး အထင်နဲ့ ၂ နှစ်အကြာမှာ လက်လျှော့ပြီး ဈာပနပွဲပါ ကျင်းပ ခဲ့ပါတယ်။ အဲရီကာ ပျောက်ဆုံးတာ ၄ နှစ်နီးပါး ရှိပြီးချိန် လူသတ်သမားရဲ့ တရားခွင် ရုံးချိန်းမှာ အဲရီကာ ရောက်လာ ခဲ့တဲ့အချိန်မှာတော့ ဒွိဟဖြစ်မှုတွေ မယုံကြည်နိုင်မှုတွေ အများ ပြည်သူတွေကြားမှာ ဖြစ်လာခဲ့ပါတော့တယ်။ ဒီဇာတ်ကားမှာ အိမ်ထောင်ရေး ပဋိပက္ခဖြစ်တဲ့အချိန်မှာ သားသမီးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှု ဘယ်လောက်ပြင်းထန်လဲ ဆိုတာအပြင် သမီးပျောက်ဆုံးမှု ကို နှစ်တွေကြာမြင့်လည်း မျှော်လင့်ချက် မဖျက်နိုင်တဲ့ မိခင် မေတ္တာကိုပါ တွေ့မြင်ရမှာပါ။ ဇာတ်ကားကို ကြည့်ရှုပြီးချိန် ရင်ထဲမှာ တစ်ခုခု ကျန်နေခဲ့မယ့် ဇာတ်ကား တစ်ကားလို့ ဆိုချင်ပါတယ်။ (စပွိုင်လာ ရီဗျူး— ဒီဇာတ်ကား မှီငြမ်းရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်မှာ ပျောက်ဆုံးခဲ့တဲ့ အမျိုးသမီးဟာ Natasha Ryan ဆိုတဲ့သူ ဖြစ်ပြီးတော့ ၂၀၂၄ ဇွန်လမှာ ဆုံးပါးသွားခဲ့ပြီး ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ သူမဟာ အသက် ၄၀ ရှိပြီ ဖြစ်ပြီး သူမရဲ့ ခင်ပွန်းသည် (အသက် ၆နှစ်ကွာ ရည်းစားဟောင်း)နဲ့ ကလေး ၄ယောက် ရထားခဲ့တာပါ။ သူမ လေးနှစ်တာ ပျောက်ဆုံးပြီး လူသတ်မှု တရားခွင်မှာ ပြန်ပေါ်လာချိန် မီဒီယာလောကမှာ ဟိုးလေးတစ်ကျော် အမှန်တကယ် ဖြစ်ခဲ့ပါတယ် ။ စာနယ်ဇင်းတွေက သူမကို “a girl in the cupboard” ဆိုပြီးတော့ နာမည်ပြောင် ပေးခဲ့ကြတာပါ။ လေးနှစ်တာလုံးလုံး မိဘအိမ်နဲ့ သိပ်မဝေးတဲ့ နေရာမှာ နေထိုင်ပြီး အသိမပေးခဲ့တဲ့ သူမလုပ်ရပ်ကို အံ့ဩဘနန်း ဖြစ်ခဲ့ကြပြီး လူအများစုက ကိုယ်ချင်းစာနာစိတ် ကင်းမဲ့သူ သမီးတစ်ယောက်အဖြစ် သမုတ်ခဲ့ကြပါတယ်.. သူ့ကြောင့် အမှန်တကယ် ပျောက်ဆုံးသူတွေအတွက် နစ်နာကြောင်း အပြစ်ဆိုသူတွေ အများကြီး ရှိခဲ့ပါတယ်။) File size… (1.19 GB) / (615 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama • Thriller
5.5 2024 86 mins
The Girl Who Wasn’t Dead
Young Gun in The Time
7.3

Young Gun in The Time (2012) IMDb 7.3 ဇာတ်လမ်းအညွှန်း ဒီတစ်​ခေါက် တင်ဆက်​ပေးမယ့် ရုပ်ရှင်ကားက​တော့ ၂၀၁၂ခုနှစ်မှာ ပြသခဲ့တဲ့ Young Gun in the Time ဆိုတဲ့ သိပ္ပံအက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ ​ယောင်းဂွန်း​စုံ​ထောက်​အေဂျင်စီမှာ အလုပ်လုပ်​နေတဲ့ စုံ​ထောက်ဟုန်းဆီကို ချွဲဆုန်းဟျွန်းလို့ခေါ်တဲ့ မိန်းမလှ​လေးတစ်​ယောက် ​ရောက်လာပြီး အမှုတစ်ခုလာအပ်ခဲ့တယ်။ အဲဒါက​ လူတစ်​ယောက်ကို သတ်ခိုင်းတဲ့အမှုဖြစ်ပြီး အဲဒီလူကို မသတ်ရင် သူ​သေရပါမယ်ဆိုပြီး ​ပြော​နေ​ပေမဲ့ စုံ​ထောက်ဟုန်းက အမှုကိုလက်မခံနိုင်​ကြောင်း ငြင်းဆိုလိုက်တယ်။ မကြာခင်မှာပဲ အဲဒီမိန်းမလှ​လေး အသတ်ခံလိုက်ရပါ​တော့တယ်။ စုံ​ထောက်ဟုန်းတစ်​ယောက် ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတယ်လို့ခံစား​နေရချိန်မှာ ချွဲဆုန်းဟျွန်းကို အမှတ်မထင် ပြန်​တွေ့လိုက်ရပါ​တော့တယ်။ တကယ်​တော့ ​သေသွားတဲ့ ချွဲဆုန်းဟျွန်းဆိုတာက အချိန်ခရီးသွားစက်ကိုသုံးပြီး အနာဂတ်က​နေ ​ရောက်လာတဲ့သူဖြစ်​နေတာကို သိလိုက်ရတယ်။ ဒါ​ကြောင့် စုံ​ထောက်ဟုန်းတစ်​ယောက် ​ပျောက်​နေတဲ့ အချိန်ခရီးသွားစက်ကို လိုက်ရှာပြီး ချွဲဆုန်းဟျွန်းမ​သေခင် ၃ရက်အလိုကို ပြန်သွားဖို့ ကြိုးစားပါ​တော့တယ်။ တစ်ဖက်မှာလည်း ချွဲဆုန်းဟျွန်းကို​ သတ်ဖို့ကြံ​နေတဲ့လူဟာ အချိန်ခရီးသွားစက်ကို လိုက်ရှာ​နေတာမို့ ဒီအမှုထဲ ဝင်ရှုပ်တဲ့ စုံ​ထောက်ဟုန်းနဲ့ အ​ပေါင်းအပါကိုပါ လိုက်သတ်ပါ​တော့တယ်။ ဒီလို​ပွေလီတဲ့အမှုအခင်းထဲက စုံ​ထောက်ဟုန်းတစ်​ယောက် ဘယ်လို​အ​​ဖြေရှာပြီး ​ရုန်းထွက်မလဲ။ လူသတ်သမားကို ဘယ်လိုအနိုင်ယူမလဲ။ ချွဲဆုန်းဟျွန်းကို​ရော ကယ်တင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုလိုက်ရ​အောင်ပါ။ (အညွှန်းကိုတော့ Staryက ရေးသားထားပါတယ်) File Size ~~~ 1.49 GB/ 646 MB Quality ~~~WED-DL 1080p/ 720p Duration~~~ 1:36:16 Format~~~mp4 Genre ~~~ Action, Comedy, Crime Subtitle ~~~ Myanmar Subtitle (Hard Sub) Translated by ~~~ Stary Encoded by~~~ Treasure Htet

Comedy
7.3 2012
Young Gun in The Time
Absolutely Anything
6

ဒီဇာတ်ကားကိုတော်တော်များများ TikTok တွေ Reels တွေမှာ အတိုလေးတွေအနေနဲ့ တွေ့ဖူးမှာပါ။ simon pegg တစ်ယောက်မှန်မှာ ကြည့်ပြီးတော့ ဂွေးကြီးစမ်း ဘော်ဒီကြီးကြီးလာစမ်းဆိုပြီး လက်ကို ဝေ့ဝေ့ပြီး ပြောနေတဲ့ အခန်းကို။ ပြောရရင် တကားလုံးက ဒီလိုသောက်တလွဲတွေနဲ့ ပြည့်နေပြီးတော့ ခွီနေအောင်ရယ်ရပါတယ်။ ဒီအတိုတွေထဲမှာ မပါတာကတော့ ဒီဇာတ်လမ်းထဲက မင်းသမီး Kate Beckinsale ပါ။ ဗြိတိန်မင်းသမီးပိပိ အင်္ဂလိပ်ဆန်ဆန်လေး မှုန်နေအောင်လှတာပါ။ ကြည့်နေရင်းနဲ့ တခြားဘာမှမကြိုက်တောင် ဒီမင်းသမီးကိုတော့ ကြွေသွားမှာ သေချာပါတယ်။ ဒီတော့ ဒီ စက္ကန့်သုံးဆယ်စာ အတိုလေးတွေ ကြည့်နေမယ့်အစား ဒီဇာတ်ကား ကိုသာအပြည့်ပြေးကြည့်လိုက်ပါ။ ဇာတ်လမ်းအညွှန်းကတော့ ကမ္ဘာကြီးကနေ ပြင်ပမှာ ဂြိုဟ်သားတွေရှိလားဆိုပြီးတော့ ဆက်သွယ်ဖို့ အာကာသယာဉ်မှာ လူတွေအကြောင်းရေးပြီး လွှတ်ပေးလိုက်ပါတယ်၊။ ဒီစာကိုရသွားတဲ့ ဂြိုဟ်သား တွေက လူသားတွေက စကြဝဠာ ထဲမှာ ဆက်ရှိနေသင့်တဲ့ မျိုးစိတ်လားကို စမ်းသပ်ဖို့ ကမ္ဘာပေါ်က လူတစ်ယောက်ကို လိုတရ တဲ့ အစွမ်းပေးလိုက်ပါတယ်။ ဒီအစွမ်းနဲ့ နေးလ်တစ်ယောက်က သူ့ အခန်းရှေ့က မိန်းမချောလေး ကတ်သရင်းအချစ်ကို ဘယ်လိုရမလဲ သူက ကမ္ညာကြီးကိုရော ဂြိုဟ်သား တွေလက်ထဲက ကယ်တင်နိုင်မှာလားဆိုတာကို ခွီနေအောင်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘာသာပြန် အညွှန်းရေးသူကတော့ Nikobaby ဖြစ်ပါတယ်။ File size… 1.62 GB / 724MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 25m Genre ….. Comedy/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nikobaby

Action • Crime • Fantasy • Thriller
6 2015 85 mins
Absolutely Anything