YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Not.Okay.2022.720p.WEB-DL.mp4

713.99 MB N/A video/mp4 1044 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fear
4.9

ကြောက်ရွံ့မှုသဘောတရားကို အခြေတည်ပြီးရိုက်ကူးထားတဲ့ Horror ကားသစ်တစ်ကားဖြစ်ပါတယ်။ ရွန်နဲ့ သူ့ချစ်သူတို့ဟာ ပိတ်ရက်ကို သူငယ်ချင်းတွေနဲ့ အတူတူပျော်ရွှင်စွာ ဖြတ်သန်းဖို့ ခရီးထွက်လာကြပါတယ်။ အခြေအနေက ဗိုင်းရပ်စ်ပိုးတွေ ကူးစက်မှု ငြိမ်နေတဲ့ကာလဖြစ်ပြီး ရွန်က သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းမှာ ဖြစ်တဲ့အတွက် သူငယ်ချင်းတွေအားလုံး ဆုံဖြစ်အောင် လာကြတာပါ။ ရွန်က နာမည်ကြီးအကောင်းအားအကောင်းဆုံး ၀တ္ထုရေးဆရာဖြစ်ပြီး သူ့ရဲ့နောက်ထွက်မယ့်စာအုပ်အတွက် လေ့လာစုဆောင်းနေတုန်းဖြစ်ပါတယ်။ သူတို့တွေ တည်းခိုရမယ့်နေရာက စတော်ဘယ်ရီတည်းခိုရိပ်သာပါတဲ့။ အဲဒီရိပ်သာက လှပတဲ့တောအုပ်ထဲမှာရှိပြီး ပိတ်ရက်ကို အပန်းဖြေချင်သူတွေအတွက် ငှားပေးတာပါ။ အစက ရောက်ရောက်ချင်းမှာ ရွန်က ချစ်သူ ဘီရန်ကာကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတာဖြစ်ပေမယ့် တကယ်တမ်းကျတော့ မတောင်းဖြစ်လိုက်ပါဘူး။ ရိပ်သာမှာ သူတို့ကိုချက်ကင်၀င်ပေးတဲ့ အမျိုးသမီးကြီးက သူတို့အဖွဲ့ကို ဓာတ်ပုံရိုက်ပေးပြီး လက်ဆောင်အဖြစ် သူတို့ကိုယ်ပိုင်လုပ်တဲ့ ဝိုင်တစ်ပုလင်းပေးခဲ့ပါတယ်။ ညနေဘက်မှာ ရွန်တို့သူငယ်ချင်းတစ်စု စုဝေးကြတုန်း ရွန်က ဒီဒေသနဲ့ ဒီရိပ်သာရဲ့ သမိုင်းကြောင်းပုံပြင်ကိုပြောပြပါတယ်။ ဒီဒေသက အရင်က အမေရိကန်လက်အောက်မခံခင် စပိန်တွေရဲ့နယ်မြေဖြစ်ပြီး စုန်းမတွေနဲ့ ရိုးရာပွဲတွေ အစီအရင်လိုမျိုး တွေ ရှိခဲ့ပါတယ်တဲ့။ အဲဒီအကြောင်းတွေပြောရင်းနဲ့ ရွန်တို့က သူတို့ရဲ့ ကိုယ်စီအကြောက်ရွံ့ဆုံးအရာတွေကို ဖွင့်ဟပြောခဲ့ကြပါတယ်။ နောက်တော့ အပိတ်အနေနဲ့ လက်ဆောင်ရခဲ့တဲ့ ဝိုင်ပုလင်းကို ဖောက်သောက်ခဲ့ကြပါတယ်။ ဝိုင်က အရသာ ထူးဆန်းတဲ့အတွက် အကုန်တော့ မသောက်ခဲ့ကြပါဘူး။ အဲဒီကနေ ဇာတ်လမ်းစတာပါ။ တီဗီသတင်းမှာလည်း အမျိုးအမည်မသိ အရင်းမြစ်မသိတဲ့ ဗိုင်းရပ်စ်ပိုးက ပျံ့နှံ့နေပြီဖြစ်တဲ့အတွက် ကျန်းမာရေးဌာနက လူတွေအားလုံးကို အပြင်မထွက်ဖို့ ဂရုစိုက်ဖို့ကြေညာနေပါတယ်။ ရွန်တို့လည်း ရွေးစရာမရှိဘဲ ဒီရိပ်သာကြီးထဲမှာ ပိတ်မိနေကြပါတယ်။ ဒီမှာပဲ အောက်လမ်းအတတ်က အလုပ်စလုပ်နေပြီဖြစ်ပါတယ်။ သူတို့သူငယ်ချင်းတွေအားလုံး ထင်ယောင်ထင်မှားဖြစ်ပြီး ထိတ်လန့်စရာတွေ စဖြစ်လာပါတော့တယ်။ ဆက်ပြောရင် Spoil သလိုဖြစ်တော့မှာမို့ ဇာတ်လမ်းအကျဉ်းကို ဒီမှာတင် ရပ်လိုက်ပါမယ်။ သူတို့ကိုယ်စီ အကြောက်ဆုံးအရာတွေနဲ့ ရင်ဆိုင်ရပြီးနောက် သိလာရတဲ့ အကြောင်းအရာတွေက ဘာဖြစ်မလဲ... ဒီရိပ်သာကြီးနဲ့ ပတ်သက်တဲ့အမှန်တရားကရော ဘာလဲ... အဆုံးသတ်မှာ ဒီကြောက်စရာအဖြစ်ဆိုးကနေ လွတ်မြောက်အောင် သူတို့ဘယ်လို အဖြေရှာကြမလဲ...ဆိုတာတွေကို အသည်းတအေးအေးနဲ့ မျက်တောင်မခတ်တမ်း ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 560MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Drama • Romance
4.9 2023 98 mins
Fear
(18+) Naked Killer
5.5

IMDb - 6.0/10_____Rotten - 80% ဟောင်ကောင်မင်းသမီး Chingmy Yau ကို Naked Killer (1/2) ဇာတ်ကားတွေနဲ့ မှတ်မိကြတဲ့အထိ ဒီဇာတ်ကားတွေမှာ သူမအနေနဲ့ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ခဲ့ပါတယ်။ Naked Killer ဇာတ်ကားက  Naked Weapon(2002) လို ခပ်မိုက်မိုက် ခပ်လန်းလန်း ဟောင်ကောင်ဂျက်မအမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းကျောရိုးလေးကတော့ ... တီနမ်လို့ခေါ်တဲ့ ဟောင်ကောင်ရဲတစ်ယောက်ဟာ အမှုတစ်ခုမှာ မတော်တဆဖြစ်ပြီး ညီဖြစ်သူကို ဆုံးရှုံးခဲ့ရလို့ စိတ်ကို ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်နေရတဲ့ ကောင်လေးဖြစ်ပါတယ်။ တစ်နေ့တော့ ဟောင်ကောင်ကနေ ပြောင်းလာတဲ့ ကစ်တီဆိုတဲ့ ခပ်လန်းလန်းကောင်မလေးတစ်ယောက်နဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး သံယောဇဉ်တွယ်ခဲ့မိပါတယ် ... ပျော်ရွှင်နေတဲ့ သူတို့ဘဝထဲကို ကံဆိုးမိုးမှောင်ကျလာခဲ့တာကတော့ ကတ်တီရဲ့ အဖေဖြစ်သူ အသတ်ခံလိုက်ရတာပါပဲ.... ကစ်တီဟာလည်း ပြန်လည်လက်စားချေရင်း ကြေးစားလူသတ်သမားတစ်ယောက် ဘဝကို ရောက်ရှိသွားပါတော့တယ်...။ ဒီတော့ ရဲတစ်ယောက်နဲ့ လူသတ်သမားတစ်ယောက်တို့ရဲ့ မေတ္တာရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ....။ ခပ်ဟော့ဟော ခပ်ရမ်းရမ်း ဇာတ်ဝင်ခန်းတချို့ပါဝင်တဲ့အတွက် အရွယ်မရောက်သူ ကလေးသူငယ်များတော့ကြည့်လို့ အဆင်မပြေပါဘူး။ File Size : (1.3 GB) Quality : DVDRip 720p Running Time : 01:33:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by TTP Encoded by RGB

Action • Drama • History
5.5 1992 100 mins
(18+) Naked Killer
Strange Talk About Heishiling

အားလုံးပဲ သိုင်းကားတွေအချစ်ကားတွေ မှုခင်းကားတွေပဲကြည့်ပြီး ရိုးအီနေကြလောက်ရောပေါ့ ဒီတစ်ခါတော့ CMကနေသရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးသွားမှာပါ ပဟေဠိပေါင်းစုံ စကားပုံပေါင်းစုံနဲ့ ဟယ်ရှီလင်မြိုကလေး ပိုပြီး လူသိများတာက တော့ ဟယ်ရှီလင်မြိုရဲ့နာကြည်းချက်မြစ်ပါပဲ အဲ့မြစ်နာမည်ဘယ်လိုဖြစ်ပေါ်လာရလဲဆိုရင် အငြိုးအာဃာတ မကျေနပ်ချက် နာကြည်းချက်တွေနဲ့ သေဆုံးရသူတွေဟာ မကျွတ်မလွတ်ဘဲ အဲ့မြစ်မှာသရဲတစ္ဆေသွားဖြစ်ကြလိုပါပဲ လတိုင်းရဲ့၁၅ရက်နေ့မြောက်ရောက်ရင် မှော်ဆရာတွေဟာ အဲ့မြစ်ကိုသွားပြီးဝိဉာဥ်ဆင့်ခေါ်ကာ လူပြန်ဝင်စားဖို အာဃာတတွေလွှတ်ချဖို လုပ် ဆောင်ပေးရပါတယ် မလုပ်ဆောင်ပေးနိုင်ဘဲ စိတ်ဆိုးအောင်လုပ်မိရင်တော့ ဟယ်ရှီလင်တစ်ရွာလုံး ဘေးဒုက္ခဆိုးကြီးကျရောက်ပြီး လူတွေသေကြေကြရမှာပါ ဒီဇာတ်လမ်းထဲမှာလည်းအစပြုထားတာက ရွှအခေါင်းဆိုင်ကအလုပ်သမား ကျိုးလော့ဟန်ပျောက်ဆုံးရာကနေစတင်ခဲ့တာပါ သူက လျိုအိမ်တော်ကလူနှစ်ယောက်သေဆုံးချိန်ရှိသောလူ သူမိန်းမသေဆုံးပြီးပျောက်သွားသောလူဖြစ်တာကြောင့် စုံထောက်လျိုကဒီကိစ္စကိုစုံစမ်းဖို ဟယ်ရှီလင်ရွာရောက်လာပါတော့တယ် အယုံအကြည်မရှိတဲ့လူက ဘယ်လိုဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ရမလဲ? တကယ့်တရားခံကရော ဘယ်သူလဲ? ဒီကိစ္စကိုရော ကိုင်တွယ်နိုင်ပါ့မလား?ဆိုတာ ဇာတ်လမ်းလေးထဲ ရင်တဖိုဖိုနဲ့ ကြည့်ကြရအောင်နော် [ Reviewed By Kong Hou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

0 2022 73 mins
Strange Talk About Heishiling
Shershaah
7.3

ဒီနှစ်ထဲမှာ low budget နဲ့ဇာတ်ကားတွေချည်းမို့ ကားကောင်းတွေ နည်းခဲ့တယ်။ အဲ့ဒီအထဲ ဒီဇာတ်ကားကတော့ ကြိုက်မိပါတယ်။ ဗစ်ကရမ်ဆိုတဲ့ ငနဲက ငယ်ငယ်လေး ကတည်းက ရန်ဖြစ်ဖို့လည်း လက်မရွံ့ခဲ့။ အကြောက်တရားက မရှိခဲ့။ ကျောင်းတွင်း ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့တွေမှာဆို ကျောင်းသားအားလုံးကို ကျောင်းဝတ်စုံနဲ့ မြင်ရပေမဲ့ ဗစ်ကရမ်ကတော့ အိန္ဒိယစ်စဝတ်စုံကို ဂုဏ်ယူဝင့်ကြွားစွာ ဝတ်လာတတ်တယ်။ ငယ်စဉ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်က အရွယ်ရောက်လာတဲ့အခါ စစ်သားကြီးဖြစ်ဖို့ပေါ့။ သူကောလိပ်တက်စဉ်မှာတော့ အင်မတန်မှကို ချောမောလှပတဲ့ ချစ်သူတစ်ယောက်လည်း ပိုင်ဆိုင်ထားတယ်။ အချစ်ရေးမှာရော သူ့ရဲ့ ရည်မှန်းချက် အိပ်မက်က ဘယ်လို အတားအဆီးဖြစ်လာမလဲ။ အဲ့ဒါက ဗစ်ကရမ်ရဲ့အကြောင်းပါပဲ ။ သူ့တာဝန်ထမ်းဆောင်ရတဲ့ နေမြေကတော့ အများသိတဲ့ စစ်သွေးကြွတို့ရဲ့ နယ်မြေ ကက်ရှ်မီးယားပါပဲ။ ကက်ရှ်မီးယားကို သူစတင်ရောက်စဉ်မကြာမီမှာပဲ ဒေသခံတွေနဲ့ ရင်းနီးသွားတယ်။ သတင်းပေးတွေရဲ့ သတင်းတွေအရ အကြမ်းဖက်သမားတွေကို ဘယ်လိုဖြိုခွင်းမလဲဆိုတာကိုလည်း စစ်ကားကောင်းတစ်ကားလို ကြည့်ရမှာပါ။ အချစ်လည်း ပါသလို၊ စစ်ရေးလည်း ပါတာမို့ ကြည့်ရတာ ကျေနပ်မိစေမှာပါ။ သူတို့တပ်ရင်းရဲ့ မြင်မြင်သမျှတွေဟာလည်း တကယ့်စစ်သားတွေလို စကားလုံးအသုံးအနှုန်းတွေကအစ သဘာဝကျလှပါတယ်။ ဒီလို ကားကောင်းတစ်ကားကို မိတ်ဆွေတို့ အပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ဪ မေ့လို့.. ရိုချင်တဲ့သူတွေအတွက်လည်း သီချင်းလေးက ကောင်းလွန်းလို့ စာတန်းထိုးပေးထားပါတယ်ဗျ။ File size…1.45GB and 2.18GB Quality…720p AMZN Web DL DDP5.1 and 180p WEB DL DD+5.1 Format…Mp4 Duration….2h 15mins Subtitle….Myanmar Subtitles (Hard Sub) Encoder…. YK Translated by Myint Thu & Nyi Koe Reviewed by Nyi Koe

Drama • Mystery • Sci-Fi & Fantasy
7.3 2021 135 mins
Shershaah
Kramer vs. Kramer
7.8

ဒီဇာတ်ကားလေးကတော့ လက်ရှိအချိန်ထိဟောလိဝုဒ်မှာ ဝါရင့် သမ္ဘာရင့် သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Dustin Hoffman နှင့် Meryl Streep တို့ အပြိုင်အဆိုင် ပါဝင်အစွမ်းပြထားတဲ့ ဝမ်းနည်းဆွတ်ပျံ့ဖွယ်ရာ အိမ်ထောင်ရေး အဆင်မပြေမှု ရုပ်ရှင်ကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ တက်ဒ်ခရေးမားနှင့် ဂျိုအန်နာခရေးမားတို့ဟာ ရှစ်နှစ်ကြာအိမ်ထောင်ရေးတစ်ခုကို ထူထောင်ထားနိုင်ပြီး ခုနှစ်နှစ်အရွယ်သားလေးတစ်ယောက်ရှိပါတယ်။ တက်ဒ်က ကြော်ငြာလုပ်ငန်းကုမ္မဏီမှာ ရာထူးကောင်း လစာကောင်းနဲ့ လုပ်ကိုင်နေသူဖြစ်ပြီး တစ်နေ့မှာတော့ ရာထူးတိုးတဲ့အတွက် ဒီသတင်းကောင်းကို မိန်းမဖြစ်သူကို ပြောဖို့ ဝမ်းသာအားရပြန်လာပေမယ့် ဂျိုအန်နာတစ်ယောက်ကတော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းပြီး ဒီအိမ်ကြီးမှာ ဘယ်လိုမှမနေနိုင်တော့ကြောင်း မွန်းကြပ်နေပြီဖြစ်ကြောင်း သားကိုလည်း တက်ဒ်နဲ့ ထားခဲ့ပြီး ကိုယ့်ကိုကိုယ်ပြန်ရှာဖွေဖို့ ထွက်သွားတော့မယ်ဖြစ်ကြောင်းပြောပြီး အိမ်ပေါ်ကဆင်းသွားပါတော့တယ်။ အရင်လိုစိတ်ဆိုးတာလို့ထင်ပြီး မကြာခင်အိမ်ပြန်လာမယ်လို့ ထင်တဲ့ တက်ဒ်ဟာ သိပ်စိတ်မပူခဲ့ပေမယ့် ဒီတစ်ခါတော့ ဂျိုအန်နာဟာ ပြန်မလာတော့ဘဲ သားလေးကို ထားခဲ့ရလို့ စိတ်မကောင်းကြောင်းစာပဲ ပို့လာခဲ့ပါတော့တယ်။ ဒီအချိန်မှာ ရာထူးတိုးစ တက်ဒ်တစ်ယောက်ဟာ အလုပ်ရော ကလေးကိုရော ဂရုစိုက်ရင်းဗျာများရပါတော့တယ်။ သားအဖနှစ်ယောက် အခြေကျစပြုခါမှာ ဂျိုအန်နာတစ်ယောက်ပြန်ပေါ်လာပြီး သားဖြစ်သူကို ပြန်လိုချင်တဲ့အတွက် အုပ်ထိန်းခွင့်ရဖို့ လင်မယားနှစ်ယောက် တရားရုံးတက်ရပါတော့တယ်။ ဒီအချိန်မှာ သူတို့နှစ်ယောက်ကြားက လိုအပ်ချက်တွေ သူ့အလွန် ကိုယ့်အလွန်တွေသိရပြီး အုပ်ထိန်းခွင့်ကို ဘယ်သူရသွားမလဲဆိုတာ နှစ်ဖက်စလုံးကို သနားကြင်နာပြီး ကြည့်ရှုရမယ့် အဓိပ္ပါယ်ရှိလွန်းလှတဲ့ အိမ်ထောင်ရေးဇာတ်ကားကောင်း လေး ဖြစ်တဲ့အတွက် တကယ်ကိုဘဝမှာကြည်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.6 GB)/(862 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.8 1979
Kramer vs. Kramer
The Order

အရင်ခေတ်က ဗန်ဒိန်းဆိုရင် မသိသူ မရှိသလောက်ကို နာမည်ကြီးခဲ့ပါတယ်။ ကိုယ်တွေ ကလေးဘဝက သူ့ကားတွေဆို နားလည်လည်၊ မလည်လည် ကြည့်ခဲ့ကြတာပဲ။ အက်ရှင်ခန်းတွေဆို တမေ့တမောကို ကြည့်ခဲ့ကြရတာ။ ဒီလို ငယ်ငယ်က ဘဝကို ပြန်သတိရချင်တဲ့သူတွေအတွက် ဗန်ဒိန်းရဲ့ အက်ရှင်ဆန်ဆန်၊ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန် ဇာတ်ကားတစ်ကားကို တင်ပြပေးလိုက်ပါတယ်။ ဒီကားက ၂၀၀၁ ခုနှစ်က ထွက်ခဲ့ပြီး ဗန်ဒိန်းကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး Sheldon Lettich က ရိုက်ခဲ့တဲ့ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူဒီတစ်ဖြစ်လည်း ဗန်ဒိန်းက ရှေးဟောင်းပစ္စည်းတွေကို ခိုးယူပြီး မှောင်ခိုရောင်းရင်း စီးပွားရေး လုပ်နေတဲ့သူပါ။ သူ့အဖေဖြစ်သူကတော့ သူနဲ့ ဆန့်ကျင်စွာပဲ ရှေးဟောင်းသုတေသီတစ်ဦး ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ခရစ်ယာန်ဘာသာကနေ ကွဲထွက်လာတဲ့ ဂိုဏ်းတစ်ဂိုဏ်းက သူ့အဖေကို ပြန်ပေးဆွဲသွားပါတယ်။ ဒီဂိုဏ်းက အပြင်လူတွေကို ဝင်ခွင့်မပေးသလို ပေးတောင် မသိတဲ့ ဂိုဏ်းပါ။ သူ့အဖေကို ပြန်လိုက်ကယ်ဖို့နဲ့ လျှို့ဝှက်ဆန်းကျယ်တာတွေကို ဘယ်လိုအက်ရှင်တွေနဲ့ ခပ်မိုက်မိုက် တင်ဆက်သွားမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။ File size… 1.4 GB / 954 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by El’MoH

Comedy • Animation
0 2001
The Order
Munch
5.9

The Screamဆိုတဲ့ ပန်းချီကားကို ပန်းချီစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ အင်္ကျီစတစ်ကာတွေမှာဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပေါ်မှာပဲဖြစ်ဖြစ် မြင်ဖူးကြပါလိမ့်မယ်။ ပန်းချီကားကိုကြည့်လိုက်ရင်ပဲ အကြောက်တရားနဲ့ အထီးကျန်မှုကိုအလိုလိုခံစားလာရတာမျိုး။ ဒီရုပ်ရှင်ကတော့ အထက်ပါပန်းချီကားကိုရေးဆွဲခဲ့တဲ့ ခံစားမှုရသကိုအသားပေးပုံဖော်တတ်သူ နော်ဝေပန်းချီအကျော်အမော် Edvard Munchရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေခံပြီး အရွယ်သုံးမျိုးနဲ့ ရုပ်ရှင်တစ်ကားအဖြစ် ဖန်တီးပုံဖော်ထားတာပါ။ Edvard Munchဆိုတာ ၁၉ရာစုနဲ့ ၂၀ရာစုကြားကာလမှာ အရေးအပါဆုံးပန်းချီအနုပညာရှင်တွေထဲက တစ်ယောက်ပေါ့။ သူ့ရဲ့လူငယ်ဘ၀က ပျော်ရွှင်ဖွယ်ရာမကောင်းခဲ့တဲ့ အချစ်ရေး၊ အစ်မကြီးဖြစ်သူကို ဆုံးရှုံးခဲ့ရပုံနဲ့ သူကြိုးစားအားထုတ်ထားတဲ့ ဘာလင်က အစောပိုင်းပြပွဲတစ်ခုမှာ အနုပညာရှင်အသင်းကြီးရဲ့ ပြပွဲပိတ်သိမ်းခံလိုက်ရပုံတွေ၊ နောက်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ သူ့ဘ၀ရဲ့မြတ်နိုးရတဲ့အလုပ်ကို နာဇီတွေရန်ကနေ ကယ်တင်ခဲ့ပုံတွေကို ဇာတ်လမ်းတစ်ပုဒ်လို ဖန်တီးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(782 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Comedy
5.9 2023 101 mins
Munch
Light Light Light aka Valoa valoa valoa
7.1

Light Light Light 2023 လှပသောနွေဦး Imdb 7.1 လူတွေရဲ့ သတိမဲ့မှုကြောင့်အပူလွန်ကဲပြီး ရိန်းကအဏုမြူဓာတ်ပေါင်းဖိုပေါက်ကွဲခဲ့ရတယ် ဒီရလဒ်အနေနဲ့ကတော့ အမှုန်တိမ်တိုက်ကြီးဖြစ်တည်ရွေ့လျားခဲ့ပြီး ရေဒီယိုသတ္တိကြွတွေနဲ့ လူတွေကိုထိခိုက်စေလာလို့ ပြောင်းကြရွေ့ကြအချိန် ဒီလိုအရွှေ့အပြောင်းထဲ မီမီဆိုတဲ့ကလေးမလည်းအပါပေါ့ မြို့ငယ်လေးကိုကျောင်းပြောင်းလာခဲ့တဲ့သူမ အရာရာကအသစ်အဆန်းဖြစ်လို့ ဆယ်ကျော်သက်တစ်ယောက်အတွက်တော့ စိန်ခေါ်မှုတစ်ခုပဲပေါ့ ဒီလိုနဲ့သူတွေ့ဆုံခဲ့ရတာက မာရီယာ မာရီယာ့ကိုအိမ်က သူငယ်ချင်းရစေချင်ခဲ့တာပါ အမြဲတမ်းတစ်ယောက်တည်းရပ်တည်လာတဲ့သူမအတွက် မီမီ့ကိုရခဲ့တော့ စာလည်းအတူလုပ် အတူစားအတူအိပ်ရင်းနဲ့ တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်လေးတွေတိုးလာတာပေါ့ လှပတဲ့နွေဦးမှာ ထွက်ပေါ်လာမဲ့ သူတို့၂ဦးရဲ့အလှပဆုံးသော အမှတ်တရတွေကိုခံစားကြည့်ရှုလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် )

7.1 2023 87 mins
Light Light Light aka Valoa valoa valoa
Major Grom: The Game
6.1

တလွဲဆံပင်ကောင်းဖြစ်သွားခဲ့တဲ့ ပုလိပ်ဆရာဝန်ကို အနိုင်ယူပြီး တစ်နှစ်အကြာမှာတော့ ရဲမှူးဂရွန်ဟာ မြို့တော်လူထုက အားကိုး အထင်ကြီးရတဲ့ သူရဲကောင်းတစ်ယောက်သဖွယ် ကျောကြားလာပါတော့တယ်။ ဗီလိန်တစ်ယောက်ကို အနိုင်ယူပြီးသကာလ အကျဥ်းထောင်တစ်ခုမှာ အကျဥ်းသားတွေရဲ့ အဓိကရုဏ်းတစ်ခုပေါ်ပေါက်လာကာ ဂရွန်နဲ့အတူ သူ့ပါတနာ ဒီမာတို့အတူ ဖြေရှင်းရပြန်တော့တယ်။ ဒီမာတစ်ယောက် ဒီအဓိကရုဏ်းကို သာမန်မဟုတ်ဘူးလို့ တွေးမိသွားပေမယ့်လည်း ဂရွန်ဟာ စစချင်း နားမထောင်ခဲ့ပါဘူး။ အဲ့ဒီကနေ ဂရွန်တစ်ယောက် ဘယ်လို ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်ရတော့မလဲ၊ ဘယ်လို ဖြေရှင်းမလဲဆိုတာကို (၂၀၂၄) ခုနှစ်ထွက် ရုရှားစူပါဟီးရိုး ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Major Grom:The Game ဆိုတဲ့ Action/Adventure ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ မေဂျာဂရွန်က တကယ်ပဲ သူရဲကောင်း Superhero ဟုတ်ရဲ့လား၊ သူ့မြို့တော်ကိုကော ကာကွယ်နိုင်မှာလားဆိူတာကို စွန့်စားခန်းတွေနဲ့အတူ ကြည့်ရှုနိုင်မယ့် ရုရှားစူပါဟီးရိုးဇာတ်ကားပဲ ဖြစ်ပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:48:00 Genre… Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Doros

6.1 2024
Major Grom: The Game
Jarhead
7

Jarhead (2005) *************** IMDB….7.0 ဒီစစ်ကားက တခြားစစ်ကားတွေနဲ့ မတူတဲ့ ထူးခြားချက်က ရဲဘော်တစ်ယောက် စစ်ထဲစဝင်တဲ့ အခန်းကနေ စပြထားတယ် .. စစ်မြေပြင်အတွက် သင်တန်းတွေ ရဲဘော်သစ်ကို ကြိုဆိုပုံတွေ အထက်အောက်ဆက်ဆံပုံတွေကို အသေးစိတ်ရိုက်ပြထားပြီးမှ တဖြည်းဖြည်း စစ်မြေပြင်ကိုခေါ်ဆောင်သွားတယ် .. သရုပ်ဆောင်တွေကလည်း နာမည်ကြီးမင်းသား Jake Gyllenhaal, Jamie Foxx, Peter Sarsgaard, Lucas Black စတဲ့သူတွေမို့ ဝေဖန်ရေးဆရာတွေကတောင် တာဝန်ကျစစ်သည်နေရာမှာ သရုပ်ဆောင်တာ ဇာတ်ရုပ်ပီပြင်လွန်းတယ်လို့ ချီးကျူးခံထားရတယ်… စာရေးဆရာကြီးဖေမြင့်ကပြောဖူးတယ် အားလုံးကိုလက်တွေ့သိဖို့မဖြစ်နိုင်ပေမဲ့ ကျွန်တော်တို့မယ် လေ့လာပြီး သိနားလည်ပေးလို့ရတယ်တဲ့ .. စာအုပ်တွေ ရုပ်ရှင်တွေက အဓိကပေါင်းကူး တံတားတွေအဖြစ်တည်ရှိနေသတဲ့ .. ဒီကားက စစ်သားတွေရဲ့ နေပုံထိုင်ပုံ ကြမ်းတမ်းပုံ အရေးကြုံလာရင် အချင်းချင်းစည်းလုံးပြီး အခက်အခဲတွေ ရန်သူတွေကိုရင်ဆိုင်ကျော်ဖြတ်ခြင်းတွေကို လှလှပပလေးရိုက်ပြသွားတယ် ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ .. File Size… 2.57 GB, 1.2 GB Quality…BluRay 1080p, 720p Format…mp4 Duration…02:05:00 Subtitle…Myanmar Subtitle(Hardsub) Translated by Zuel Khant Thwin Encoded by AHtet

Animation • Adventure • Comedy • Family • Fantasy
7 2005 123 mins
Jarhead
Dhakshina
6.4

Dhakshina (2024)”ပဟေဠိ” ===================== ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ တေလေဂူးစကားပြော မှုခင်းရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အေးချမ်းတဲ့ ဗိုင်ဇက်မြို့လေးထဲမှာ ကွင်းဆက်လူသဝာ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ သေဆုံးသူတွေဟာ မိန်းကလေးတွေဖြစ်ပြီး အလောင်းရဲ့လက်တွေကို သံမှိုနဲ့ရိုက်ထားကာ ခေါင်းလည်း အဖြတ်ခံထားကြရပါတယ်။ ရဲတွေလည်း စုံစမ်းပေမဲ့ ဘာသဲလွန်စမှရှာမတွေ့ဘဲ အခင်းဖြစ်နေရာတိုင်းမှာ တွေ့ရတတ်တဲ့ မိန်းကလေးတစ်ယောက်ကိုသာ သတိထားမိသွားပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ ဒါပေမဲ့ လူသဝာ်မှုတွေက ရပ်တန့်မသွားဘဲ ဆက်ဖြစ်နေတဲ့အခါမှာတော့…။ ရဲတွေ လူသဝာ်သမားကို ဖမ်းမိသွားမလား၊ အခင်းဖြစ်နေရာတွေမှာတွေ့ရတဲ့မိန်းကလေးက ဘယ်သူလဲ၊ လူသဝာ်သမားရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့အဖြေရှာကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Zwe Yan နဲ့ ToMo တို့ပဲဖြစ်ပါတယ်။)

Drama
6.4 2024 105 mins
Dhakshina
Undercover Party Crasher
6.4

Undercover Party Crasher (2025) ဒီဇာတ်လမ်းထဲမှာကတော့ သူငယ်ချင်း‌ကောင်းဆိုတာကိုယ့်ဘဝမှဘယ်လောက်အရေးပါလည်းကိုအသားပေးရိုက်ကူးထားတာပါ။ ဘယ်အလုပ်နယ်ပယ်ချင်းမတူညီပါစေ ကိုယ်နဲ့စိတ်တူကိုယ်တူသူငယ်ချင်းတစ်ယောက်ရှိနေတာက တကယ့်ကိုဘဝကပေးတဲ့လက်ဆောင်ပါပဲ။ ဇာတ်လမ်းရဲ့အဓိက‌ဇာတ်ဆောင်မင်းသမီး ဒန်နီစ်က ဖခင်ဖြစ်သူရဲမှူးကြီးရဲ့ ထိန်းချုပ်မှုနဲ့နေနေရတဲ့သူပါ သူကသူ့ဖခင် အထင်ကြီးအောင်လို့နည်းမျိုးစုံနဲ့ကြိုးစားပေမဲ့ နောက်ဆုံးအလွဲလွဲအ‌ေချာ်ချော်ပဲဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့တနေ့မှာသူတို့နှစ်အကြာကြီးလိုက်နေတဲ့ လက်နက်မှောင်ခိုသမားကိုဖမ်းဖို့မစ်ရှင်လုပ်‌နေရင်း ဒန်နီစ့်ရဲ့စိတ်လောမှုကြောင့်နဲ့ ရာဇဝတ်သားကလွတ်သွားပါတယ်။ ဒါပေမဲ့ရာဇဝတ်သားက လက်နက်တွေရဲ့တည်နေရာကို ရဲတွေတောင်ထိလို့မရနိုင်တဲ့သူတစ်ယောက်ဆီအပ်ထားခဲ့တာကို သိလိုက်ရတဲ့အချိန်မှာ သူ့ကြောင့်ပျက်စီးသွားတဲ့မစ်ရှင်ကို အဖက်ဆယ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့စုံစမ်းကြည့်လိုက်တဲ့အခါမှာ ဝရမ်းပြေးမှာသမီးလေးတစ်ယောက်ရှိနေပြီးတော့ အဲဒီကလေးမဆီမှာပါတည်နေရာတွေရှိလောက်တယ်ဆိုပြီး သူကိုယ်တိုင်ဆယ်ကျော်သက်တစ်ယောက်လို့အယောင်ဆောင်ပြီးစုံစမ်းပါတော့တယ်။ ဒီလိုနဲ့ကြုံတွေ့လာရတာတွေကို ဟာသဆန်ဆန်လေးရိုက်ကူးပြထားတာဖြစ်တဲ့အတွက် ကြည့်လို့ကောင်းတဲ့ကားလေးတစ်ခါဖြစ်တာမို့ ကြည့်ရှုကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ ကောင်မလေးအလန်းလေးတွေအများကြီးနဲ့မို့ ကြည့်ရတာတန်တဲ့ကားလေးတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ C.M Minhtike ဖြစ်ပါတယ်။) File size… (6.9 GB) / (2.3 GB) / (1.3 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy Duration….01:26:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by C.M Minhtike

Animation • Comedy • Adventure • Family
6.4 2025 86 mins
Undercover Party Crasher
Leg Piece
7.2

Leg Piece (2025) တစ်ပိုင်းတစ်စ မွေးတည်းက ရွှေဇွန်းကိုက် မွေးဖွားလာသူမျိုးမဟုတ်ရင် အသက်ရှင်ရပ်တည်ရေးအတွက် ပုံစံမျိုးစုံနဲ့ ရုန်းကန်ရတာပါပဲ။ ဒီဇာတ်လမ်းလေးထဲမှာလည်း ရုန်းကန်လှုပ်ရှားနေတဲ့ လူလေးဦးရဲ့ ဘဝကိုယ်စီကို ဖော်ပြထားပါတယ်။ ဘယ်သူမဆိုရဲ့အသံကို တုပပြောဆိုနိုင်တဲ့အရည်အချင်းရှိသူတစ်ဦး။ သူက ဈေးထဲကဈေးသည်တွေကိုယ်စား သူတို့လိုချင်တဲ့အသံအတိုင်း ‌ပြောပေးပြီး ကူညီရောင်းချပေးရင်းနဲ့ ဝမ်းစာရှာဖွေရသူပေါ့။ နောက်တစ်ဦးကတော့ ဘရိတ်လည်းမကောင်း ဟွန်းလည်းပျက်နေတဲ့ ဆိုင်ကယ် အစုတ်လေးနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် ဆံပင်လိုက်ဝယ်ရင်း အသက်မွေးဝမ်းကျောင်း နေရသူပါ။ နောက်တစ်ယောက်က မွေးတည်းက ထူးခြားတဲ့စွမ်းရည်ရှိတယ်လို့ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ နာနာဘာဝတွေကိုမြင်နိုင်နေတာပါ။ အိမ်ဟောင်း မြေဟောင်းတွေက မကျွတ်မလွတ်သေးတဲ့သူတွေကို ထွက်ခွာစေဖို့လို မကောင်းဆိုးဝါးနှင်တဲ့အလုပ်လုပ်ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ ကြက်တူရွေးလေးနဲ့ ဗေဒင်ဟောတာပါ။ လက္ခဏာလည်းနည်းနည်းပါးပါး ကြည့်တတ်တဲ့ ဗေဒင်လက္ခဏာပညာရှင်ပေါ့။ ဒီလိုနဲ့တစ်နေ့ သူတို့လေးဦးဟာ လမ်းဆုံတစ်ခုမှာအမှတ်မထင်တွေ့ဆုံပါတယ်။ လေးယောက်တစ်ပြိုင်တည်း ပိုက်ဆံကောက်ရဝာာပါ။ ညီတူမျှတူဝေခွဲရင်း စားသောက်ဆိုင်တစ်ခုမှာ ဘဝအကြောင်း စကားစမြည်ပြောဆိုရင်း ဘဝအလှည့်အပြောင်း ကြုံလာရပုံကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Comedy • Fantasy
7.2 2025
Leg Piece
Monster on a Plane
5.8

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အီတလီနိုင်ငံမှာကျင်းပတဲ့ Horrorant Film Festival မှာ Best Special Effects ဆု ရရှိခဲ့တဲ့ Monster Horror ကားလေးပဲဖြစ်ပါတယ်.. ဒါရိုက်တာ Ezra Tsegaye ဟာလည်း Horror အမျိုးအစားဇာတ်ကားများကို တစိုက်မတ်မတ်ရိုက်ကူးသူဖြစ်ပြီး ယခုဇာတ်ကားဟာ သူကိုယ်တိုင်ရေးသားရိုက်ကူးတဲ့ ကားလေးဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်း +++++++++++++ ရေသူမထုံးရေအိုင်ကျွန်းမှ ထွက်ခွာမယ့် ဟမ်ဘာ့ဂ်လေယာဉ်ဟာ ကျောင်းသားများ ဂီတသမားများ ပါမောက္ခများနှင့် ဆူဆူညံညံ လှုပ်လှုပ်ရှားရှားရှိနေပြီး လေယာဉ်မှူးဟာလည်း ပုံမှန်လုပ်ဆောင်နေကျအတိုင်း လေယာဉ်ပျံတက်ဖို့ စစ်ဆေးစရာတွေ စစ်ဆေးရင်း အလုပ်များလျက်ရှိနေခဲ့ပါတယ်.. တစ်ဖက်မှာလည်း ရဲအရာရှိနှစ်ယောက်တို့ဟာ ၎င်းလေယာဉ် ကျွန်းမှ မထွက်ခွာရန်တားမြစ်ဖို့ အပူတပြင်း ကြိုးစားနေခဲ့ပါတယ်.. ထိုသို့ရှိနေစဉ် ပါမောက္ခတစ်ယောက်ကတော့ စိုးရိမ်စိတ်အပြည့် ပေါ်လွင်နေတဲ့ မျက်နှာနဲ့ လေယာဉ်ထွက်ခွာဖို့ကိုသာ အလောတကြီးဖြစ်နေခဲ့ပါတယ်.. လေယာဉ်ပြေးလမ်းပေါ်မှ အရှိန်ယူပြီး ထွက်ခွာခဲ့တဲ့နောက်မှာတော့ အရာအားလုံးဟာ အေးဆေးလျက်… ခရီးသည်များ လေယာဉ်မယ်များ လေယာဉ်မှူးများဟာလည်း ကိုယ်စီအလုပ်ရှုပ်နေကြလျက်… ထိုအချိန်မှာပဲ လေယာဉ်စက်ခန်းသို့ စက်ချို့ယွင်းမှုတစ်ခု စစ်ဆေးရန်ရောက်လာသူ လေယာဉ်မောင် သောမတ်စ်တစ်ယောက် ဖွံ့ထွားတဲ့ရင်သားများနဲ့ ဝတ်လစ်စားလစ်အမျိုးသမီးတစ်ယောက်ကို တွေ့ရတဲ့အခါမှာတော့… ဒီရုပ်ရှင်ကားလေးဟာ လှည့်ကွက်များနဲ့ ဖမ်းစားထားတဲ့ Horror ကားလေးဖြစ်ပြီး သွေးသံရဲရဲရုပ်ရှင်များကို ကြိုက်နှစ်သက်သူ ပရိသတ်များ ရွေးချယ် ကြည့်ရှုဖွယ်ရာဖြစ်ပါတယ်.. ထို့အပြင် Best Special Effects လည်း ရရှိထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်တာကြောင့် Horror ကားချစ်သူ ရုပ်ရှင်ပရိသတ်များ မြည်းစမ်းကြည့်ရှုနိုင်ဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…. File size… (1.25 GB) / ( 762 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….46m Genre …..Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Drama • History • Action
5.8 2024 88 mins
Monster on a Plane
Gaslight
7.8

အဒေါ်ဖြစ်သူ နာမည်ကျော်အော်ပရာအဆိုတော် သေဆုံးပြီးနောက်မှာ ပေါလ်လာတစ်ယောက် သူမအဒေါ်လို အော်ပရာအဆိုရှင်ဖြစ်ရန် အီတလီသို့ ပညာသင်စေလွှတ်ခံခဲ့ရတဲ့အချိန််မှာပေါ့။ ဒီချိန်မှာ သူဟာ ဂက်ဂရီအန်တွန်ဆိုတဲ့ အမျိုးသားတစ်ယောက်နှင့် ချစ်ကြိုက်််မိပြီး အိမ်ထောင်ပြုခဲ့တယ်။ ဒီလိုနဲ့ လင်မယားနှစ်ယောက်သား လန်ဒန်သို့အခြေချရန် ပြန်လာခဲ့ကြတဲ့အချိန်မှာ အိမ်မှာ ပန်းချီကားတွေပျောက်သွားတာ ညဘက်မှာအသံတွေကြားလာတာ မီးအိမ်များမှိန်သွားတာ စတဲ့ ထူးခြားတဲ့အဖြစ်အပျက်တွေ ပေါ်ပေါက်လာတယ်။ သူမရဲ့စိတ်အခြေအနေကို တည်ငြိမ်အောင်ကြိုးစားနေချိန် ခင်ပွန်းဖြစ်သူ ဂက်ဂရီရဲ့ လုပ်ရပ်တွေဟာလည်း သံသယဝင်ဖွယ်ကောင်းလာတယ်။ ဒီတော့ ပေါလ်လာက သူမြင်တဲ့အရာတွေကပဲ တကယ်ဖြစ်နေတာပဲလား ဒါမှမဟုတ် သူစိတ်ကူးနဲ့ပဲ ဖန်တီးထားတာလားဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဂန္တဝင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ File size… 2.4 GB / 1.5 GB Quality… Web_DL 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Mystery/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Vader ft Riley

Drama
7.8 1944 114 mins
Gaslight