YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) My Girl (1991) 1080p.mp4

2.22 GB N/A video/mp4 617 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stella

Stella (2022) အခု မိတ်ဆက်ပေးမယ့် Stella ဆိုတဲ့ ဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်ကထွက်ရှိထားတဲ့ ဟစ်တလာတန်ခိုးထွားခဲ့တဲ့အချိန်ကာလကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ မင်းသား မင်းသမီးသစ်တွေဖြစ်တဲ့ လူးဝစ်(စ်)ဟောလ်နဲ့ အော်လီဖင်းန် ကနေပြီးတော့ ဇာတ်ဆောင်တွေအဖြစ်ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ မင်းသား၊ မင်းသမီးသစ်လေးတွေဆိုပြီးတော့ အထင်တော့သွားမသေးစေချင်ပါဘူး။ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ အောက်စဖို့ဒ်ရဲ့ ဒရာမာကျောင်းနဲ့ အင်္ဂလန်ထိပ်တန်း အနုပညာကျောင်းဖြစ်တဲ့ Royal Central ရဲ့ လက်ထွက် မင်းသားမင်းသမီးတွေဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ သရုပ်ဆောင်စကေးကတော့ အပြစ်ပြောစရာကို မရှိပါဘူး။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းဟာဆိုရင်တော့ဖြင့် ဂျာမန်-ဂျူး ကပြားလေးဖြစ်တဲ့ စတယ်လာဆိုတဲ့ ဒုက္ခသည်အမျိုးသမီးလေးက စကော့တလန်မှာရှိတဲ့ မှူးမတ်ဘွဲ့ကိုရရှိထားသူ သခင်ရစ်ဂ်ရဲ့ အိမ်တော်မှာ အိမ်ကူအဖြစ်အလုပ်လျှောက်ဖို့ သွားရာကနေ စပါတယ်။ စတယ်လာလေးဟာ သူအလုပ်လျှောက်ရမယ့် အိမ်ကိုရောက်သွားပေမဲ့လည်း ကံမကောင်းစွာနဲ့ပဲ သူရောက်လာတာနောက်ကျသွားတဲ့အတွက် သူ့နေရာကို လူစားထိုးခံလိုက်ရပါတယ်။ ဒါပေမဲ့လည်း အကြောင်းဖန်လာတော့ ရစ်ဂ်အိမ်က သခင်မက သူ့ကို သနားသွားပြီး ခဏပြုစုပေးဖို့ကြိုးစားရာကနေ အဲဒီအိမ်တော်မှာပဲ သူဟာအလုပ်သစ်တစ်ခုကို ရသွားပါတော့တယ်။ ဒီလိုနဲ့ပဲ စတယ်လာတစ်ယောက် ဘယ်လိုအလုပ်မျိုးကိုရသွားလိမ့်မလဲ... အဲဒီအိမ်တော်မှာရော ဘယ်သူတွေနဲ့တွေ့ဆုံရပြီး ဘယ်လိုတွေဇာတ်ကြောင်းဖန်လာမလဲ... ဒါ့အပြင် မျိုးရိုးမြင့်အိမ်တွေမှာ နေရတဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲပြဿနာတွေ၊ ဖိအားမျိုးစုံတွေအပြင် ရိုမန်တစ်ဆန်ဆန်လေးတွေကိုပါ နှောထည့်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ ဖီးချင်တဲ့သူတွေအတွက် သုတကော ရသကော ပေးစွမ်းနိုင်မယ့် ကားကောင်းတစ်ကားဆိုမမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 680MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 59Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Crime • Thriller
0 2022 119 mins
Stella
Two for the Money
6.1

Matthew McConaughey  နဲ့  ဂုရုကြီး Al Pacino  ပါဝင်ထားတဲ့ကားဆိုတော့ ထွေထူးတော့ညွှန်းဖို့သိပ်လိုမယ်မထင်ပါဘူး... အရမ်းတော်တဲ့ ကောလိပ်ဘောလုံးသမားဖြစ်ခဲ့ပေမယ့် မတော်တဆတစ်ခုမှာ ရခဲ့တဲ့ခြေထောက်ဒဏ်ရာကြောင့် ဘယ်တော့မှ ဘောလုံးပြန်ကစားဖို့ မဖြစ်နိုင်တော့တဲ့ ဘရန်ဒန်လန်းဟာ  လောင်းကစားဘက်မှာတော့ သူ့မှာ ထူးချွန်တယ်လို့ဆိုရမယ်..။ လောင်းကစားသမားတွေကို အနိုင်ရမယ့်ဘက်ခန့်မှန်းပေးပြီး အကြံပေးတဲ့သူတစ်ယောက် ဖြစ်လာပါတော့တယ်။ တစ်နေ့မှာတော့ ဝယ်လ်သာအေဘရမ်စ်ဆိုတဲ့ နယူးယော့ခ်က လောင်းကစားလုပ်ငန်းသူဌေးကြီးက ဘရန်ဒန့်ကိုသဘောကျပြီး သူ့ဆီအလုပ်လာလုပ်ဖို့ ကမ်းလှမ်းခဲ့တဲ့အခါ ဘရန်ဒန်တစ်ယောက် ဂျွန်အန်တိုနီဆိုတဲ့နာမည်နဲ့ လောင်းကစားအကြံပေးသမားဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့... File Size : (2.9GB) and (800MB) Quality :Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Crime, Sport, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

Drama • History
6.1 2005 122 mins
Two for the Money
Cracked
6.8

ထင်မ် အဖြစ် Nichkhun ရုကျ အဖြစ် Pat Chayanit ရေချယ် အဖြစ် Nina Nutthatcha ဇာတ်လမ်းအကျဉ်း ရုကျက အကြောင်းအရင်းတစ်ခုကြောင့် မွေးရပ်မြေချင်းမိုင်ကနေ နယူးယောက်မှာ သမီးဖြစ်သူ ရေချယ်နဲ့ နှစ်ဦးတည်းနေထိုင်နေသူတစ်ယောက်ဖြစ်ပါတယ် တစ်ရက် သမီးဖြစ်သူ ရေချယ်က မျက်စိပြဿနာတစ်ခုကြောင့် ကောင်းကောင်းမမြင်ရဘဲ ခွဲစိတ်မှုပြုလုပ်ဖို့ငွေလိုအပ်လာပါတော့တယ် ဒီအချိန်မှာပဲ ရုကျရဲ့ဖခင် သေဆုံးပြီမို့ မွေးရပ်မြေချင်းမိုင်ကိုပြန်လာဖို့ ဖခင်​ဖြစ်သူရဲ့သူငယ်ချင်းဝိချိုင်က ခေါ်ခဲ့တာမို့ ပြန်လာခဲ့ရပါတော့တယ် ချင်းမိုင်ကိုရောက်တော့ ဝိချိုင်က ရုကျရဲ့ဖခင်ပကွန်ရေးဆွဲခဲ့တဲ့ပန်းချီကားနှစ်ကားကို သန်းချီပေးပြီးဝယ်ချင်သူရှိကြောင်းပြောတာမို့ သမီးဖြစ်သူရဲ့ခွဲစိတ်မှုအတွက် ရုကျက ရောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ် ပန်းချီကားတွေမှာ အက်ရာတွေရှိ​နေတာမို့ မရောင်းခင် ပြုပြင်ထိန်းသိမ်းဖို့ ဝိချိုင်က သားဖြစ်သူ ထင်မ်ကိုအပ်ခဲ့ပါတယ် ရုကျအနေနဲ့ ဘာလို့ ဖခင်ဖြစ်သူပကွန်ကို ဘာလို့မုန်းတီးပြီး မွေးရပ်မြေကနေထွက်သွားရတာလဲ ပန်းချီကားတွေနဲ့စတူဒီယိုကိုရော ရုကျက ဘာလို့ကြောက်ရွံ့နေရတာလဲ ပန်းချီကားကို ပထမအကြိမ်ရောင်းချခဲ့စဥ်က သေဆုံးမှုတွေဘာလို့ဖြစ်ခဲ့ရတာလဲ ပန်းချီဆရာပကွန် ၊ ရုကျနဲ့ ဒီစတူဒီယိုကြီးမှာ ဘာအဖြစ်ဆိုးတွေဖြစ်ခဲ့တာလဲဆိုတာကို စိတ်လှုပ်ရှားမှုများစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyi Nue Zin ပဲ ဖြစ်ပါတယ် Genre.....Horror, Thriller Quality…. 1080p | 720p | 480p File size…1.2GB | 413 MB| 219MB Format… mp4 Duration….1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyi Nue Zin Encoder ..... August

Drama • Mystery • TV Movie • Thriller
6.8 2022 20 mins
Cracked
Ultimate Avengers: The Movie
6.7

၂၀၀၆ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး Avengers Animation ရယ်လို့ ပီပီပြင်ပြင်စထွက်ခဲ့တဲ့ Ultimate Avengers ကားကို တင်ဆက်​ပေးလိုက်ပါတယ်။ 2008မှာ Iron Man 1စထွက်ပြီး MCUရယ်လို့ အကြီးအကျယ်​အောင်မြင်တဲ့ Universeကြီးကို အ​ကောင်အထည်​ဖော်နိုင်ခဲ့တဲ့ MarvelဟာAnimationပိုင်းမှာ DCAUရဲ့အရှိန်နဲ့ Fanbaseကို မယှဉ်နိုင်သလို ကားထွက်ရှိမှု အပိုင်းမှာလည်း ​အတော်​အားနည်းခဲ့တာပါ။ ဒီAnimationက Marvelရဲ့ရှားရှားပါးပါး Avengersဇာတ်ကားဖြစ်ပြီး ၂ကား ထွက်ရှိခဲ့တဲ့အထဲက နံပါတ် ၁ ဇာတ်ကားပါ။ Storylineကို​တော့ Avengersအဖွဲ့ကြီး စတင်ဖွဲ့စည်းခြင်းကို အဓိကထားပြီး ဒုတိယကမ္ဘာစစ်မစ်ရှင်အတွင်းမှာ ပျောက်ဆုံး သွားတဲ့ ကပ္ပတိန်အ​မေရိကကိုပြန်လည်ရှာ​တွေ့ခြင်းနဲ့ အစပျိုး ထားပါတယ်။ Live Action နဲ့ Storyline မတူညီမှုနည်းနည်း ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ကပ္ပတိန်အ​မေရိကရဲ့ မပြီးပြတ်​​သေးတဲ့ မစ်ရှင်က ဒီ​​နေ့ခေတ်အချိန်အထိ ပါလာပြီး တစ်ကမ္ဘာလုံးပျက်စီးနိုင်တဲ့ အ​ခြေအ​နေ​တွေ ဖြစ်လာတဲ့အခါ ကပ္ပတိန်အ​မေရိကနဲ့ နစ်ဖြူရီတို့ဟာ တစ်ကိုယ်​တော်လှုပ်ရှား ​နေကြတဲ့ စူပါဟီးရိုး​တွေကိုစုစည်းပြီး Avengersအဖွဲ့အဖြစ် ကမ္ဘာဖျက်ရန်စွယ်ကို ကာကွယ်ဖို့ကြိုးစားကြပါ​တော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(1.2 GB) / (620 MB) / (410 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 12mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Adventure Translator.......JimX Encoder..........SWM

Comedy • Horror • Thriller
6.7 2006 72 mins
Ultimate Avengers: The Movie
The Boy Behind The Door
6.5

လက်မလွှတ်ဘဲ ကြည့်သင့်တဲ့ကားလို့ ညွှန်းချင်ပါတယ်။ ရုပ်ရှင်ရဲ့ စွန့်စားခန်းတွေ၊ နောက်ခံတီးလုံးတွေ၊ လျပ်တပြတ်ဇာတ်ဝင်ခန်းတွေကြောင့် ဇာတ်လမ်းအဆုံးအထိ ထိုင်ရာ မထကြည့်ရှုရမယ့် ကားကောင်းလေးပါ။ ခရမ်းချဉ်သီးကစလို့ တခြား ratingတွေကလည်း အကောင်းဆုံးအမှတ်ပေးထားတော့ ဒေါင်းကြည့်လို့ မမှားတဲ့ကားကောင်းလေးပါခင်ဗျာ ။ ရုပ်ရှင်မှာ ကလေးဇာတ်ဆောင်နှစ်ယောက်ကိုပဲ အဓိကထားပြီးရိုက်ကူးထား ပါတယ်။ ကလေးနှစ်ယောက်ကလည်း ရုပ်ရှင်ရိုက်တာနဲ့မတူပဲ သူတို့တကယ် ကြုံတွေ့ရသလို သရုပ်ဆောင်ပိုင်နိုင်ကြပါတယ်။ ဘော်ဘီ နဲ့ ကယ်ဗင်တို့ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ သူတို့ နှစ်ယောက်ပြန်ပေးဆွဲခံရပေမယ့် ဘော်ဘီကတော့ ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ အပြင်ကိုရောက်ပြီးမှ ကယ်ဗင်ရဲ့ “ကယ်ကြပါဦး”ဆိုတဲ့အသံကို ကြားပြီးတဲ့ နောက်မှာ ဘော်ဘီရဲ့ခြေလှမ်းတွေက ဘယ်ကိုဆက်ဦးတည်မှာလဲ... ကယ်ဗင်ကရော တကယ်အဆင်ပြေရဲ့လား.....အဲ့တော ဆက်ရေးရင် ဇာတ်ရှိန်ပျက်မှာစိုးလို့ ဆက်ကြည့်လိုက်ပါတော့ဗျာ။ စိတ်ကျေနပ်မှုတစ်ခုတော့ ရစေမှာပါ ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(900 MB) / (400 MB) Quality............Blu-Ray 1080p / 720p Duration.........1Hr 28mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Jo Jo Va Encoder..........SWM

Drama • Horror
6.5 2020 88 mins
The Boy Behind The Door
A Monsterous Holiday

A Monsterous Holiday (2013) ===================== IMDb Rating – 6.5/10 Andy ဟာ သိပ္ပံပညာရပ်ကို စိတ်ဝင်စားပြီး တီထွင်ဖန်တီးမှုတွေ လုပ်နေရရင် ထမင်းမေ့ဟင်းမေ့ဖြစ်နေတတ်တဲ့ ကလေးပါ။ ဟောလိုးဝင်းပွဲနေ့မှာ ကျင်းပမယ့် သိပ္ပံပြပွဲမှာ အနိုင်ရဖို့အရေး အတော်ကိုကြိုးစားနေပေမယ့်၊ အိမ်နောက်ဖေးမီးလောင်လိုက် ပေါက်ကွဲလိုက်နဲ့ အဆင်ပြေတဲ့ ဖန်တီးမှုတစ်ခုတောင် မရသေးပါဘူး။ အိမ်တွင်းအောင်း အမှောင်ထဲပဲနေတဲ့ andy ကို သူ့အဖေက သူနည်းပြ လုပ်တဲ့ဘောလုံးအသင်းမှာ အန်ဒီ့ အစ်ကိုနဲ့အတူတူဘောလုံးကစားဖို့ အတင်းဆွဲခေါ်တော့ အန်ဒီ့ခမျာ တီထွင်စမ်းသပ်မှုလုပ်ချင်ပေမယ့် အချိန် ကောင်းကောင်းမရရှာဘူး ဖြစ်နေလေတယ်။ ဒီလိုနဲ့ ဖန်တီးမှုကောင်းကောင်းရဖို့ မြို့ပြင်က နာမည်ကြီး သိပ္ပံပညာရှင် ဒေါက်တာဖရန်ကန်စတိုင်းဆီ သွား တွေ့ပေမယ့် မတွေ့ခဲ့ရဘဲ ဒေါက်တာဖရန်ကန်စတိုင်းဖန်တီးထားတဲ့ အစိမ်း ရောင်မွန်းစတားလေးနဲ့ပဲ သွားတွေ့တယ်။ ဘောလုံးတအားကန်ချင်တဲ့ မွန်းစတားလေး ဖရန့်နဲ့ အန်ဒီတို့ နေရာချင်းလဲပြီး ကိုယ်ကြိုက်တာကိုယ်လုပ် နေကြရင်း မထင်မှတ်ထားတဲ့ မွန်းစတားကြီးတစ်ကောင် အန်ဒီတို့မြို့လေးကို ဝါးမြိုဖို့ ဖြစ်လာတဲ့အခါ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှု ခံစားကြည့်ကြပါဦးနော် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jerrica ဖြစ်ပါတယ်) File Size……….(700 MB) / (300 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 43mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Short, Adventure Translator…….Jerrica Encoder……….SWM

Horror • Mystery • Thriller
0 2013 48 mins
A Monsterous Holiday
Overhaul

Fast And Furious လိုမျိုးကားပြိုင်တာတွေ အက်ရှင်ဇာတ်ကြမ်းတွေပါတဲ့ ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ လူတွေအတွက် ဘရာဇီးသားတွေက တစ်ကွက်ပြပြီး ရိုက်ကူးထားတဲ့ Overhaul ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဘာထူးခြားသွားလဲဆိုတော့ ဒီဇာတ်ကားထဲမှာ ပြိုင်တဲ့ကားတွေက အလန်းစားပြိုင်ကားတွေမဟုတ်ဘဲ ကုန်တင်ကားကြီးတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ယှဉ်ပြိုင်တဲ့ ပုံတွေကိုကြည့်ရင် ထရပ်ကားပါမောင်းချင်သွားလောက်အောင် ရှယ်ကြမ်းတာကိုတွေ့ရမှာပါ။Imdb မှာ Rating နည်းပေမယ့် စာအုပ်တစ်အုပ် ကောင်းမကောင်းကိုအဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရသလို ရုပ်ရှင်တစ်ကား ကောင်းမကောင်းကိုလဲ Rating နဲ့ဆုံးဖြတ်လို့မရပါဘူး။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အပေါ်မှာပြောသွားခဲ့တဲ့ ထရပ်ကားပြိုင်ပွဲမှာ နာမည်ကြီးတဲ့ ရော်ဂျာက အရည်အချင်း ရှိပေမဲ့ ပိုက်ဆံမရှိတော့ ကားကမလိုက်နိုင်တဲ့အခါ ပြိုင်ပွဲတွေမနိုင် စပွန်ဆာတွေ မရတော့ ပိုက်ဆံလည်းမရှိနဲ့ အဲ့ဒီသံသရာနဲ့လည်ပတ်နေပါတော့တယ်။အဲ့ဒီအချိန်မှာ သူ့အဖေဆုံးပါးသွားခဲ့ပြီး အမွေရရှိခဲ့ပါတော့တယ်။ဒါပေမယ့် ကံဆိုးချင်တော့ရခဲ့တဲ့ အမွေကလည်း အကြွေးတွေကြားထဲမှာ နှစ်နေတဲ့ကားပြင်ဆိုင်တစ်ဆိုင်ဖြစ်နေပြီး သူကပါ အဲ့ဒီအကြွေးတွေကိုဆပ်ရမဲ့ကိန်းဆိုက်လာပါတော့တယ်။ရော်ဂျာလည်း အကြွေးရှင်နဲ့ စကားသွားပြောလိုက်တဲ့အခါမှာတော့ သူ့အတွက်ကားမောင်းတဲ့ အလုပ်လုပ်ပေးရင် အကြွေးတွေကြေမယ့်အပြင် သူ့အတွက်ပိုက်ဆံတွေအများကြီး ရမယ်လို့ကမ်းလှမ်းလာပါတယ်။ရော်ဂျာလည်း သေမထူးနေမထူးဘဝဖြစ်နေတဲ့ အတွက် အလုပ်ကိုလက်ခံခဲ့ပါတယ်။ပိုက်ဆံတွေရလာပြီး အောင်မြင်မှုတွေရလာပေမဲ့ လူဆိုးတွေနဲ့ ပတ်သတ်နေတဲ့အလုပ်ဖြစ်တဲ့အတွက် မလွဲမသွေကြုံတွေ့ရမဲ့အရာတွေကို ရင်ဆိုင်လာရတဲ့အခါမှာတော့ ရော်ဂျာဘယ်လိုတွေဆက်ပြီး ရင်ဆိုင်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာရိုက်ကူးထားတာပဲဖြစ်ပါတယ်။ File size…2.46GB/ 1.14GB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 47m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy
0 2023 100 mins
Overhaul
Shark Night

Shark Night 2011 ဇာတ်ကားကတော့ imdb rating 4.0 ကို ရရှိထားတဲ့ thriller အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ၂၀၁၂ Chainsaw Award အတွက် တင်သွင်းခံရတဲ့ movie ဖြစ်တာကြောင့် horror movie စီးရီးမှာတော့ နေရာရတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ David R. Ellis က ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်က အနုပညာသရုပ်ဆောင်ပေါင်း ၂၀ ခန့်က ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ကောလိပ်ကျောင်း သားတစ်စုက ပိတ်ရက်ကို အေးအေးဆေးဆေးဖြတ်သန်းဖို့ဆိုပြီး ရေကန်တွေရှိတဲ့ ကျောင်းရဲ့ အဝေးနေရာကို အပျော်ထွက်လာကြရင်း ငါးမန်း ၊ မိကျောင်း စီးရီးတွေရဲ့ ပုံစံအတိုင်း ငါးမန်းတွေရဲ့ ဒုက္ခပေးမှုကို ဘယ်လို ရင်ဆိုင်ကြရတာပါ။ ဇာတ်လမ်းကို တင်ဆက်ပုံမှာ သရုပ်ဆောင်အများအပြားဟာ တစ်ယောက်ချင်းစီက အံ့သြမင်သက်ရမှုတစ်ခုချင်းစီကို ဖန်တီးတဲ့ပုံစံဖြစ်လို့ တစ်ထေရာကြီးပဲ..ဆိုတာမျိုးတော့ မဖြစ်ပါဘူး။ ဒီလို စိတ်လှုပ်ရှားစရာ တွေမှ အကြိုက်တွေ့ကြသူတွေအတွက်တော့ အေးအေးဆေးဆေးနဲ့ ကြည့်ရှုရဖို့ သင့်လျော်ပါတယ်။ Horror ပရိတ်သတ်တွေကြည့်ရှုဖို့အတွက်ပါပဲ လို့ ညွှန်းဆိုလိုက်ပါတယ်ဗျာ Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by THY Santa

0 2011
Shark Night
The Quantum Devil

ဒီဇာတ်လမ်းကတော့ သိပ္ပံပညာနဲ့ပတ်သက်တဲ့ horror, mythology ဖြစ်ပါတယ်။ သိပ္ပံပညာနယ်ပယ်မှာထူးချွန်ကြပေမယ့် မတော်တဆလုပ်မိတဲ့အမှားတွေကြောင့် လူ့အဖွဲ့အစည်းကနေတိမ်းရှောင်နေရတဲ့ အရည်အချင်းရှိ သိပ္ပံပညာရှင်တွေရှိပါတယ် တနေ့မှာ သူတို့ အသီးသီးဆီကို အမည်မသိဖိတ်ကြားစာရောက်လာပြီး နေရာတစ်ခုမှာဆုံစည်းကြဖို့ဖိတ်ခေါ်ထားပါတယ် အဲ့ဒီဖိတ်ကြားစာကိုပို့လိုက်တဲ့သူကလည်း လူ့ကျင့်ဝတ်နဲ့သွေဖယ်တဲ့ လူတွေကိုစမ်းသပ်တဲ့ကိစ္စလုပ်နေတာမလို့ နယ်နှင်ဒဏ်ပေးခံထားရတဲ့ သိပ္ပံပညာရှင်ဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သိပ္ပံပညာရှင်တွေကိုစုစည်းပြီး သူတို့တွေရဲ့နောင်တရစရာအတိတ်တွေကို ပြန်လည်းဖြည့်ဆည်းနိုင်ဖို့ သံလိုက်စွမ်းအင်အဟန့်အတားကိုချိုးဖောက်ပြီး နောက်လောကတစ်ခုဆီကို စိတ်နဲ့အချိန်ခရီးသွားပြီး ဝင်ရောက်ချင်တာပဲဖြစ်ပါတယ် ။ဒီအရူးသိပ္ပံပညာရှင်တွေ အောင်မြင်သွားကြမလား အတိတ်ကိုပြင်ဆင်ဖို့ဆိုတာကရောဖြစ်နိုင်လို့လား ဒါတွေကိုဒီဇာတ်လမ်းလေးထဲမှာသိရမှာဖြစ်ပါတယ် File size…(1.4 GB)/(733 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror, Science Fiction, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

Horror • Action • Science Fiction
0 2023
The Quantum Devil
The Dirty South

2023 ထွက် Action/Drama ရုပ်ရှင်ကားကောင်းဖြစ်ပါတယ်။ Budget အနေနဲ့ 1 million သုံးထားပြီး Rotten Tomatoes 90% ရထားပါတယ်။ Castတွေကလည်း မကျော်ကြားပေမယ့် မခေလှပါဘူး။ ဇာတ်အသွားအလာကလည်း မနှေးလွန်း မမြန်လွန်း ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် Sue က နယ်မြို့လေးတစ်ခုက သူ့မိသားစုပိုင် ဘားက Bartender တစ်ယောက်ပါ။ ဒါပေမယ့် အဲ့ဒီဘားကို ဘဏ်က အကြွေးနဲ့ သိမ်းတော့မှာပါ။ အဲဒီအကြောင်းကို သူ့ဆီသတင်းပေးလာသူက သူ့အဖေရဲ့ ရန်ဖက် Jeb Roys ဆိုတဲ့ သူဌေးအဖိုးကြီး ဖြစ်ပါတယ်။ ဒီအဖိုးကြီးက သူတို့ ဘားကို ဘဏ်ကနေ စျေးပေါပေါနဲ့ ပြန်ဝယ်ဖို့ အကြံရှိပြီးသားပါ။ ဒါပေမယ့် Sue ကို ၇၂နာရီအချိန်ပေးပါတယ်။ ၇၂နာရီအတွင်း ငွေသား ဒေါ်လာ ၃သောင်း ရှာမပေးနိုင်ရင် သူတို့ ဘားရော နေအိမ်ဆောက်ထားတဲ့ မြေကွက်ကိုပါ Jeb Roysက အပိုင်သိမ်းသွားတော့မှာပါ။ ဒီလိုနဲ့ Sue ရဲ့ ဘားဆီကို Dion ဆိုတဲ့ မြို့ခံမဟုတ်တဲ့ လူတစ်ယောက်ရောက်လာပြီး ဘားထဲက လူတွေဆီက ပိုက်ဆံအိတ်တွေ ခါးပိုက်နှိုက်သွားတာပါ။ ဒါကို Sueက သိပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် businessတစ်ခုကို သဘောတူလိုက်ကြပါတယ်။ Dion နဲ့ Sue နှစ်ယောက်ပေါင်းပြီး Sueရဲ့ ဘားဆိုင်လေးကို ကယ်တင်နိုင်ပါ့မလား၊ Sueရဲ့ အကြံက ဖြစ်လာမယ့် အကျိုးဆက်တွေက ဘာတွေဖြစ်မလဲဆိုတာ ရုပ်ရှင်ကြည့်ရင်း သိလာပါလိမ့်မယ်။ File size…(1.3 GB)/(794 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

Drama
0 2023
The Dirty South
52-Hertz Whales
6.9

မိသားစုရဲ့နှိပ်စက်မှုဒဏ်တွေကိုငယ်စဉ်ကတည်းက ခံစားလာခဲ့ရတဲ့ မီရှီမာခီကို ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် တစ်နေ့မခံ‌တော့တဲ့အဆုံး စူစိုက်လုပ်ဖို့ကြိုးစားနေစဉ်မှာပဲ ကျောင်းတုန်းကသူငယ်ချင်းနဲ့ အန်ကိုဆိုတဲ့‌ကျောင်းဆရာလေးနဲ့တွေ့ပြီး သူ့ဘဝလေး တဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။ သုံးယောက်သား ပျော်ရွှင်စွာအချိန်တွေအတူကုန်ဆုံးပြီးနောက် အန်ကိုက ခီကို့အပေါ် ချစ်ကြိုက်မိသွားတယ်။ တစ်နေ့မှာတော့ ခီကိုက အိုအီတာမြို့လေးကို ပြောင်းသွားပြီးနောက် မူရှိ(ပိုးကောင်) ဆိုတဲ့ ကလေးလေးနဲ့ဆုံတွေ့ခဲ့တယ်။ ပိုးကောင်လေးက မိခင်ဖြစ်သူရဲ့ရိုက်နှက်မှုဒဏ်တွေခံလာခဲ့ရတဲ့ကလေးဆိုတော့ ခီကိုက နားလည်ခံစားမိသွားပြီး ကလေးကိုကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။ အဲလိုနဲ့ ခီကိုတစ်ယောက် သူအလုပ်လုပ်‌နေတဲ့နေရာကအလုပ်ရှင်နဲ့ချစ်ကြိုက်သွားမိတဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရမဲ့ ဂျပန်ဒရာမာ‌ကားကောင်းလေးပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:10:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing

6.9 2024 135 mins
52-Hertz Whales
See Spot Run
5.4

ကလေးတစ်ယောက်အမေ စတက်ဖနီကို ရှိုတ်နေတဲ့ အိမ်နီးနားချင်းစာပို့သမားလေး ဂေါ်ဒန်ဟာ တစ်နေ့မှာတော့ စတက်ဖနီအလုပ်ကိစ္စနဲ့ခရီးထွက်ဖို့ဖြစ်လာတာကြောင့် ဂျိမ်းဆိုတဲ့ စတက်ဖနီရဲ့သားလေးကို ကြည့်ပေးဖို့အကြောင်းဖန်လာပါတော့တယ်။ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဘာကိုမှအလေးမထားတတ်တဲ့ ဂေါ်ဒန်တစ်ယောက် ကလေးတစ်ယောက်ကိုစောင့်ရှောက်ရမယ်ဆိုတဲ့ တာဝန်ကြီးရလာတဲ့အခါမှာ ကလေးနဲ့သူနဲ့ကြား စိန်ခေါ်မှုလေးတွေရှိလာပါတော့တယ်။ တစ်ဖက်မှာလည်း FBI အေးဂျင့်ဖြစ်တဲ့ ၁၁ လို့ခေါ်တဲ့ခွေးလေးက မူးယစ်ဆေးအနံ့ခံတဲ့နေရာမှာ အရမ်းတော်တာကြောင့် လူဆိုးဂိုဏ်းခေါင်းဆောင်က ဆုံးရှုံးရတာတွေများလို့ ခွေးကိုသတ်ဖို့ ကြေးစားတွေကိုငှားပါတော့တယ်။ ဒီလိုနဲ့ FBI ဘက်ကလည်း သူတို့အေးဂျင့်ဖြစ်တဲ့ ခွေးလေး ၁၁ ကို ကာကွယ်ဖို့လျှို့ဝှက်နေရာကိုပို့ဖို့စီစဉ်ပါတော့တယ်။ ဒီလိုနဲ့ လျှို့ဝှက်နေရာကိုပို့တဲ့လမ်းမှာတင် ကြေးစားသတ်ဖို့ငှားထားတဲ့ လူဆိုးတွေဝင်နှောင့်ယှက်တာကြောင့် ၁၁ ခွေးလေးက ကားပေါ်ကနေခုန်ဆင်းသွားပြီး လွတ်သွားပါတော့တယ်။ ၁၁ ခွေးလေးက လွတ်သွားပြီးတော့ ဂေါ်ဒန်တို့စာလိုက်ပို့နေတဲ့ ကားပေါ်ကို ရုတ်တရက်ရောက်သွားတဲ့အခါမှာတော့… ဂေါ်ဒန် နဲ့ ဂျိမ်းတို့ FBI အေးဂျင့်ခွေးလေးနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂေါ်ဒန်နဲ့ဂျိမ်းတို့ကြားက သံယောဇဉ်ဖြစ်ပေါ်လာပုံအပြင် FBI ခွေးလေးနဲ့ကြား ကမောက်ကမများနဲ့ သံယောဇဉ်ဖြစ်လာပုံကိုလည်း ဟာသနှောပြီး ရိုက်ကူးထားတာ‌ကြောင့် ပိတ်ရက်မှာမိသားစုနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုသင့်တဲ့ရုပ်ရှင်လေးပါ။ File size… 2 GB / 1.2 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Comedy/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

Drama
5.4 2001 94 mins
See Spot Run
Hillock Haunting

ဟင်နရီတယောက် မွေးမြူရေးခြံပိုင်ရှင် အဖေဖြစ်သူ ရုတ်တရက် သေဆုံးသွားတဲ့အခါမှာတော့ ……….သူ့အဖေရဲ့ နောက်ဆုံးဆန္ဒအရ မွေးမြူရေးခြံကို လက်လွဲယူဖို သူ့သမီးလေးနှစ်ယောက်နဲ့ ခြံကို ပြောင်းရွေ့သွားကြတဲ့အခါ မြိုပေါ်မှာ ကြီးပြင်းလာတဲ့ သမီးနှစ်ယောက်ကတော့ အိမ်အကြီးကြီး ခြံအကြီးကြီး သဘာဝတောတောင်တွေနဲ့နေရမှာကို စိတ်လှုပ်ရှားနေခဲ့ကြပါတယ် ဒါပေမယ့် ညဘက်ဆို ထူးဆန်းတဲ့အဖြစ်အပျက်တွေ စတင်ဖြစ်ပျက်လာချိန်မှာ……..သူတိုအဘိုးရေးခဲ့တဲ့ ဒိုင်ယာရီတွေ သူတို့ ညဘက်ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေ နဲ့…..ချိတ်ဆက်တွေးတောကြည့်လိုက်တဲ့အခါမှာတော့ ……….. မွေးမြူရေးခြံရဲ့ အလေ့အထတွေ တောတောင် အငွေ့အသက်တွေနဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်ဝင်းခန်းတွေကိုပါ ကြည့်ရှုရမှာမို Horror သမားတွေအဖို့လက်မလွတ်သင့်တဲ့ဇာတ်ကားပါ …. File size…(1.3 GB)/(580 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:23:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

0 2024
Hillock Haunting
Lost Horizon
7.6

Lost Horizon (1937) ~ IMDb – 7.6/10, Rotten Tomatoes – 93% ~ James Hilton ရဲ့ Lost Horizon ဟာ စာသမားတွေနဲ့ တော်တော်ရင်းနှီးပြီးသား ပဟေဠိဆန်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတဲ့ ရှန်ဂရီလာ ခေါ် ရှမ်ဘဲလားရဲ့ ရင်းမြစ်စာအုပ်ပါပဲ။ James Hilton ဟာ ဒီစာအုပ်မှာ ရှန်ဂရီလာဆိုတဲ့ တိဘက်က လျှို့ဝှက် လားမားကျောင်းတော်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒီစာအုပ်ကိုပဲ မောင်ထွန်းသူက ရှန်ဂရီလာဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးတယ်။ မင်းသိင်္ခကလည်း စနေမောင်မောင်တို့ မဟာမြိုင်ခရီးသည်တို့ထဲ ခဏခဏယူသုံးခဲ့ဖူးတယ်။ ဘယ်တစ်အုပ်ထဲလဲတော့ မမှတ်မိပေမဲ့ ဒီ Lost Horizon ရဲ့ ဇာတ်ကို တစ်ထပ်တည်းနီးပါးတူအောင် ဦးကျော်ဒွန်း ဘုရားရှိခိုးစာအုပ်ရေးနည်းနဲ့ ရေးထားတာလည်းရှိတယ်။ တခြားရေးတဲ့သူတွေလည်း များပါတယ်။ ဆိုတော့ ရှမ်ဘဲလား ရှန်ဂရီလာဘာညာက ကျွန်တော်တို့နဲ့ တော်တော်ရင်းနှီးပြီးသားအရာပါပဲ။ Lost Horizon ကတော့ အဲဒီရှန်ဂရီလာရဲ့ မူလဇစ်မြစ်ပေါ့။ ငယ်ငယ်ကတော့ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာက ကျွန်တော့်အကြိုက်ဆုံးဘာသာပြန်စာအုပ်တွေထဲပါဖူးတယ်။ အခုပြန်ဖတ်တော့လည်း အရင်တုန်းက မတွေးမိတဲ့အတွေးတွေတွေးမိပြီး ပိုတောင်ကြိုက်နေမိပြန်တာပါပဲ။ အရင်က အဓိကကြိုက်တာကတော့ ဇာတ်ကောင် ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုပဲ။ အဲဒီတုန်းကတော့ ကျွန်တော့်မှတ်စုစာအုပ်ထဲ ကွန်ဝေးပြောခဲ့တဲ့စကားကို မှတ်ထားခဲ့ဖူးတယ်။ ဒီစာအုပ်မှာ ထင်နေတဲ့ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကို ပေါ်လွင်တဲ့ စကားပေါ့။ “တကယ်လို့ပေါ့လေ ငါ့အတွေ့အကြုံမျိုးသာ မင်းမှာရှိနေမယ်ဆို လူ့ဘဝမှာ အသက်သာဆုံးဖြစ်အောင် ဘာမှမလုပ်ဘဲနေမှဖြစ်မယ့် အချိန်အခါမျိုးတွေ ရှိတတ်တယ်ဆိုတဲ့ သဘောကို မင်းနားလည်မှာပါ။ ဖြစ်ချိန်တန်တဲ့အခါမှာ ဖြစ်စရာ အကြောင်းတွေဟာ ဖြစ်လာတတ်တယ်။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ဖြစ်မှာပဲ။ မင်းဘာမှလုပ်လို့မရဘူး။ အဲဒီလိုအခါမျိုးကတော့ သူ့ဘာသာသူ ဖြစ်ချင်တာဖြစ်ပါစေ‌တော့ ဆိုပြီး လွှတ်ပေးထားရတယ်။ ကမ္ဘာစစ်ကြီးရဲ့ အဖြစ်ဟာ ဒီသဘောပဲ။ အေး တစ်ခုတော့ရှိတယ်။ တို့ အခုကြုံနေရသလိုပေါ့။ ကိုယ်ကြုံနေရတဲ့ အဖြစ်အပျက်အသစ်အဆန်းနဲ့ထိတွေ့မှုက မသာယာမှုကို အထိုက်အလျောက် သက်သာအောင်လုပ်ပေးတယ် ဆိုရင်တော့ ဒါကံကောင်းတယ်လို့ပြောရမှာပဲ” တဲ့။ ရုပ်ရှင်မှာတော့ ဒီဒိုင်ယာလော့ကိုတော့ ထည့်မပြောသွားပေမဲ့ လေယာဉ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာ ကွန်ဝေးက ဘာမှမှလုပ်မရတာ ဆက်အိပ်ကြတာပေါ့ ဆင်းမှနှိုးဆိုပြီး ပြောသွားပြီး ကွန်ဝေးကို ဒီလိုအမြင်စရိုက်မျိုး ရှိတဲ့သူဆိုတာကိုတော့ ပုံဖော်သွားခဲ့တယ်။ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုတော့ စာအုပ်က စကားလုံးတွေမသုံးဘဲ အပြုအမူတွေနဲ့ ပုံဖော်သွားလို့ စာအုပ်နဲ့မကွဲလွဲသွားဘူး။ သူ့စိတ်နေစရိုက်ကလည်း ဒီဇာတ်ရဲ့ အဓိကကျတဲ့အရာပဲမို့ ကွဲလွဲလို့လည်း မဖြစ်နေဘူး။ ဒါပေမဲ့ ရုပ်ရှင်နဲ့ဝတ္တုရဲ့ကွဲလွဲချက်က တော်တော်တော့များတယ်။ ရှန်ဂရီလာကိုရောက်သွားတဲ့ သူတို့အုပ်ကလည်း ၄ယောက်မဟုတ်ဘဲ ၅ယောက်ဖြစ်သွားသလို ကွန်ဝေးရဲ့ အရေးပါပုံကိုလည်း ပိုထင်ရှားအောင်လုပ်ပြသွားတယ်။ နောက် စာအုပ်ထဲ ကွန်ဝေးနဲ့အတူတူ ရှန်ဂရီလာက ပြန်သွားခဲ့တဲ့လူနေရာမှာ စာအုပ်ထဲတော့ သူ့လုပ်ဖော်ကိုင်ဖက်သက်သက်ပေမဲ့ ဒီမှာတော့ သူမပြန်ချင်ပေမဲ့ သူ့ညီကို စိတ်မချလို့ လိုက်ပြန်လိုက်တဲ့ပုံဖြစ်အောင်လုပ်ချင်တဲ့ အချက်ကြောင့်လားမသိ သူ့ညီ ဂျော့ကွန်ဝေးဆိုပြီး ပြောင်းပစ်ခဲ့တယ်။ ပြောရရင် ရှန်ဂရီလာကိုရောက်သွားတဲ့လူတွေက စာအုပ်ထဲရော ဒီကားရော ၁၉၇၃ကားမှာရော မတူဘူး။ စာအုပ်ထဲမှာ သူတို့ရှန်ဂရီလာက ထွက်လာပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့လမ်းခရီးကို မပြောပြထားပေမဲ့ ရုပ်ရှင်ထဲတော့ အဲဒီလမ်းခရီးကို သရုပ်ဖော်ထားခဲ့တယ်။ ကွဲလွဲသွားတာတွေ များပေမဲ့ သူ့အနှစ်သာရတော့ မပျက်သလို ရုပ်ရှင်အနေနဲ့လည်း တော်တော်ကြည့်လို့ကောင်းတဲ့ထဲပါနေတယ်။ စာအုပ်မှာမပါတာတွေကိုတောင် ဖြည့်စွက်ပေးထားတယ်။ ဒီလိုဇာတ်မျိုးကို ရိုက်ရတာက တော်တော်အန္တရာယ်များမှာပေမဲ့လည်း ၁၉၃၇ဗားရှင်းကို ရိုက်တဲ့လူက It’s a Wonderful Life တို့၊ It Happened One Night တို့ကို ရိုက်ခဲ့တဲ့ Frank Capraဆိုတော့လည်း ဒီလောက်ကောင်းနေတာ မဆန်းသလိုလိုပါပဲ။ Best Picture အထိပါ အော်စကာဆန်ခါတင်ဝင်ခဲ့သလို Academy Award for Best Film Editing နဲ့ Academy Award for Best Art Direction ဆုတွေကို ရရှိခဲ့တယ်။ တခြား၅ဆုလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ရှန်ဂရီလာဆိုတဲ့ တိဘက်က တောင်တွေပတ်လည်ဝိုင်းနေတဲ့ ကမ္ဘာကြီးကနေ ကွယ်ဝှက်ထားတဲ့နေရာကို ရောက်သွားတဲ့လူတွေအကြောင်းပါပဲ။ ဗမာဝတ္တုတွေမှာတော့ ရှန်ဂရီလာကို အထက်လမ်းပညာတွေနဲ့ ချိတ်ဆက်ပြတတ်ပေမဲ့ ဒီမူရင်း ရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ကတော့ တော်တော်လေး လှပတယ်။ ဒီထဲမှာ ရှန်ဂရီလာကိုတည်ထောင်ခဲ့တဲ့ ဖာသာပါးရော့က ရှန်ဂရီလာကို သူဘာလို့ တည်ဆောက်ခဲ့လဲ ရှင်းပြသွားခဲ့တာမှာ ငြိမ်းချမ်းရေးနဲ့ အနုပညာဆီကိုပဲ ဦးတည်နေခဲ့တယ်။ ရုပ်ရှင်ရော စာအုပ်ရောထွက်တဲ့အချိန်တွေမှာ ဒုတိယကမ္ဘာစစ်မစသေးသလို နျူလည်းမပေါ်သေးပေမဲ့ ဖာသာပါးရော့ပြောတဲ့စကားတွေမှာ ဒဲ့တော့ မဟုတ်ပေမဲ့ နျူလိုလက်နက်အထိ ပေါ်လာပြီး ကမ္ဘာကြီးစုတ်ပြတ်သတ်သွားနိုင်၊ စာအုပ်တွေ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေ ပျက်စီးသွားနိုင်တဲ့ အကြောင်းပါခဲ့တယ်။ (စာအုပ်ထဲတော့ ရှေးက ပျက်စီးသွားခဲ့ဖူးတဲ့ စာအုပ်တစ်ချို့ကို ထည့်ပြောထားပေမဲ့ ရုပ်ရှင်ထဲတော့ ဘာရယ်လို့ထည့်မပြောထားဘူး) ပထမကမ္ဘာစစ်နဲ့ မဝေးတဲ့ကာလဆိုတော့ ပထမကမ္ဘာစစ်အခြေအနေကိုကြည့်ပြီး စာရေးဆရာမှန်းချလိုက်တာလည်း ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဖာသာပါးရော့က ကမ္ဘာကြီးစုတ်ပြတ်သတ်သွားပြီးတဲ့နောက် အချိန်တန်လို့ အာဏာရှင်တွေ သူ့ဇာတ်နဲ့သူသိမ်းသွားတဲ့အခါ ကမ္ဘာကြီးက လောကအသစ်ကိုစရှာတဲ့အခါ ပျက်စီးသွားတဲ့ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေဟာ ကမ္ဘာကြီးကနေဝှက်ထားတဲ့ သူတို့ရှန်ဂရီလာမှာ ကျန်နေအောင် လုပ်ချင်ခဲ့တယ်။ အဲဒီလိုရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ဟာ တော်တော်လေးလှပခဲ့တယ်။ နောက် ရှန်ဂရီလာက လူတွေက တရားဆိုတာထက် မဇ္စိုမပဋိပဋာကို ကျင့်ကြံကြပုံကို ပြောပြထားတာလည်း သဘောကျချင်စရာပါပဲ။ ကွန်ဝေးရဲ့ စိတ်နေစရိုက်နဲ့ ရှန်ဂရီလာရဲ့ အတွေးအခေါ်က ထပ်တူနီးပါးဖြစ်နေတယ်။ ဒါပေမဲ့ အေးချမ်းမှုနဲ့ အနုပညာပဲရှိတဲ့နေရာဆိုတာ လူတိုင်းအတွက် သည်းခြေကြိုက်မဟုတ်လောက်တော့ ကွဲလွဲကြတာတွေကို ပြထားတယ်။ ရုပ်ရှင်ရဲ့အဆုံးသတ်မှာ ဆာဂိုင်းစဖို့ဒ်က ကျုပ်တို့အားလုံး ကျုပ်တို့ရှန်ဂရီလာကို ရှာတွေ့ဖို့ မျှော်လင့်တယ် လို့ ပြောရင်း အဆုံးသတ်သွားခဲ့တယ်။ ဖာသာပါးရော့ပြောသလိုဆို အားကြီးတဲ့လူတွေ အချင်းချင်းဝါးမျိုပြီးတဲ့အခါ လူတွေရဲ့ ကျင့်ဝတ်တရားက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လာတဲ့အခါ လူကောင်းတွေက ကမ္ဘာကြီးကို အမွေခံကြလိမ့်မယ်တဲ့။ အဲဒီအခါမှာတော့ ကျွန်တော်တို့ ရှန်ဂရီလာကို ကျွန်တော်တို့ရောက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.7GB, 1.45GB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 2H 12Min Genre – Adventure, Drama, Fantasy, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1937
Lost Horizon
Dead Talents Society
7.4

အူတက်အောင်ရယ်ရမဲ့ တရုတ်သရဲကားအခွီလေး ကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကိုသာ ကြည့်လိုက်တော့ဗျာ။ ဇာတ်လမ်းအကျဉ်း ++++++++++ လောလောလတ်လတ် သေထားတာ မကြာသေးတဲ့ သရဲမလေးတစ်ယောက်ဟာ ကမီလာဆိုတဲ့ သရဲမလေးနဲ့ နှစ်ယောက်သား ပရလောကမှာ တရုတ်ရိုးရာအရ မိဘ မီးရှို့ပေးတဲ့ အစားအသောက်တွေ အသုံးအဆောင်တွေကို မှီခိုစားသောက်ပြီး သောင်တင်လို့နေပါတယ်။ တစ်နေ့မှာတော့ သရဲမလေးရဲ့ မိဘတွေဟာ အိမ်သန့်ရှင်းရေး လုပ်ရင်းနဲ့ သူမရဲ့ မွေးစာရင်းကို လုပ်ဖျောက်လိုက်မိပြီး ဘယ်လိုရှာရှာ ပြန်မတွေ့တော့ပါဘူး။ သရဲမလေးဟာ သူမရဲ့ မွေးစာရင်းပျောက်သွားပြီးတဲ့နောက်မှာ သူ့မရဲ့ ဝိဉာဉ်နာမ်ရုပ်ဟာ အခွေထစ်သလို ထစ်လာတဲ့အတွက် လိုက်မေးကြည့်တဲ့အခါ ကျန်ရစ်သူမိသားစုမှာ သေဆုံးသူရဲ့ မွေးဖွားခဲ့တဲ့အထောက်အထား မရှိတော့တဲ့အခါ အဲဒီသရဲက ရက်သုံးဆယ်အတွင်း နာမ်ရုပ် ပြိုကွဲသွားမှာဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ ဒီတော့ သူမဟာ မပျောက်ကွယ် သွားချင်တဲ့အတွက် နည်းလမ်းရှာတဲ့အခါ ပရလောကမှာ သရဲခြောက်ခွင့်လိုင်စင်ဆိုတာရှိပြီး အဲလိုင်စင်ရထားတဲ့သရဲ တွေက ကိုယ်ထင်ပြနိုင်ပြီး လူတွေမြင်အောင်လုပ်နိုင်ရင် အမေ့ပျောက်မခံရတော့ပဲ ဆက်လက်တည်ရှိနိုင်ကြောင်း သိလိုက်ရတဲ့အခါ အဲဒီ သရဲခြောက်ခွင့်လိုင်စင်ကိုရဖို့ ကြိုးစားပြီး လူတွေကို ခြောက်လှန့်နိုင်အောင် ကြိုးစား ပါတော့တယ်။ ဒီတော့ ဒီဇာတ်ကားလေးမှာ ဒီသရဲမလေးက ဘာကို စိတ်မပြတ်လို့ မကျွတ်သေးတာလဲ…… ဘာလို့ ပရလောကမှာ ဆက်တည်ရှိချင်တာလဲဆိုတာအပြင် သူ့ခမျာ အူတူတူ အတတနဲ့ ဘယ်လိုလုပ်သရဲခြောက်ပြီး လိုင်စင်ရအောင် လုပ်ကြမလဲဆိုတာက အခွီကြည့်ရမဲ့ ဟာသကားလေးဖြစ်ပါတယ်။ File size… (1.59 GB) / (944 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre …. Comedy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Matteo

Drama • Comedy
7.4 2024 110 mins
Dead Talents Society