YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) My Boyfriend in Orange (2022) 720p.mp4

826.06 MB N/A video/mp4 284 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Angel Heart
7.1

လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် သူ့အမှုသည်စိတ်ချမ်းသာဖို့အရေး ဂျွန်နီဖေးဘရစ်နဲ့ သိကျွမ်းခဲ့တဲ့လူတွေကို အင်တာဗျူးရင်း၊ ကြိုးကြိုးစားစား လိုက်လံတွေ့ဆုံရင်းနဲ့ အမှုက ထင်သလို ရိုးရှင်းတဲ့ လူပျောက်မှုမဟုတ်တာကို သိလိုက်ရပါတော့တယ်။ မှော်နက်ပညာလို့ခေါ်တဲ့ စုန်း၊ ကဝေအတတ်တွေနဲ့ ဆက်စပ်နေတဲ့အပြင် မထင်မှတ်ဘဲ သူအင်တာဗျူးခဲ့တဲ့လူတွေက ကြေကွဲဖွယ်အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရပြီး သူ့ဆီကိုပါ အဲဒီအဖြစ်ဆိုးတွေက တွယ်ငြိယစ်နွယ်လာခဲ့ချိန်မှာတော့.. အဲဒီအဖြစ်ဆိုးတွေက လွတ်အောင် သူ ရုန်းထွက်နိုင်သွားမှာလား.. ဂျွန်နီဖေးဘရစ်ကိုရော ရှာဖွေတွေ့ရှိသွားနိုင်မှာလား.. သူရှာတွေ့ခဲ့တဲ့အမှန်တရားကရော ဘာများဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းရဲ့ အဆုံးနားလောက်မှာ အိန်ဂျယ်ပြောလိုက်တဲ့ မန္တလေးဆိုတာက Road to Mandalay ဆိုတဲ့ကဗျာကို ရည်ညွှန်းတာပါ.. ဟုတ်ပါတယ်..မြန်မာနိုင်ငံက မန္တလေးပါ.. မြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့ ဗြိတိသျှစစ်သားတစ်ဦးက မန္တလေးမြို့အကြောင်း ၁၈၉၀ခုနှစ်လောက်က လွမ်းဆွတ်ဖွယ်ရေးဖွဲ့ထားခဲ့တဲ့ ကဗျာပါ.. မြန်မာနိုင်ငံက ချစ်သူကိုရည်ညွှန်းဖွဲ့ဆိုထားတယ်လို့လည်း ဆိုကြပြီးတော့.. သီချင်းလည်း ရှိပါတယ်.. ဇာတ်ကားနဲ့ ကဗျာနဲ့ ဘယ်လိုဆက်စပ်လဲဆိုတာကတော့ ... Spoiler ဖြစ်သွားမှာစိုးလို့ သိချင်ရင် ဇာတ်ကားကိုပဲ ကြည့်ကြည့်လိုက်ကြပါလို့။ ဪ.. သွေးထွက်သံယိုအခန်းတွေနဲ့ အသက်ပြည့်မှ ကြည့်လို့ရမယ့်အခန်းတွေပါတာမို့ ထုံးစံအတိုင်း ကြောက်တတ်ရင်၊ အသက်မပြည့်သေးရင် ပြည့်အောင်ဖြည့်ကြည့်ကြပါလို့) File size…(2.9 GB)/(1.2 GB)/(570 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Thriller
7.1 1987 113 mins
Angel Heart
How to Steal a Dog
7.3

"လောကကြီးမှာ ရှင်သန်နေထိုင်ရတာ ခက်ခဲပင်ပန်းနေရင်တောင် ဒါက မင်းတစ်ယောက်ထဲ ရင်ဆိုင်နေရာတမဟုတ်ပါဘူး။ မင်းထက် ပိုဆိုးတဲ့ အခြားသူတွေလည်းရှိနေနိုင်ပါတယ်" တဲ့ ကမ္ဘာကျော် Storyteller Aesop ရဲ့ "The hares and the fogs" ဆိုတဲ့ ​ပုံပြင်လေးနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒီဇာတ်လမ်းမှာ ဂျီဆူဆိုတဲ့ကလေးမလေးတို့ မိသားစုက အိမ်ခြေရာမဲ့အနေနဲ့ ကားထဲမှာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရပုံကို ဦးစားပေးရိုက်ကူးထားပါတယ်။ ကားထဲမှာနေရတဲ့ဂျီဆူက ဝမ်၅သန်းနဲ့ အိမ်တစ်လုံးရနိုင်တယ်လို့ထင်သွားတဲ့အခါမှာတော့ ဝမ်၅သန်းရဖို့အတွက် ခွေးတစ်ကောင်ကို သူမရဲ့သူငယ်ချင်းနဲ့အတူ ခိုးဖို့ ကြံစည်ပါတော့တယ်။ ခွေးကိုခိုးပြီးတဲ့နောက် ပိုင်ရှင်က ခွေးပျောက်ကြော်ငြာဝေပြီး ဆုကြေးငွေ ဝမ်၅သန်း ချီးမြင့်မယ်ဆိုရင် ခွေးကို ပြန်ပေးဖို့အတွက် စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ သူခိုးလာခဲ့တဲ့ခွေးက သူ့အမေအလုပ်လုပ်ဖူးတဲ့ မာရစ်ချယ်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခွေးဖြစ်နေတဲ့အခါ... အခြေအနေတွေက သူမထင်သလို ရိုးရှင်းမနေတဲ့အခါမှာတော့ သူမဘယ်လိုဖြေရှင်းပြီး ကျော်လွှားမလဲ? နောက်ဆုံး သူမလိုချင်တဲ့ ဝမ်၅သန်းကိုရပြီး အိမ်တစ်လုံးပိုင်ဆိုင်နိုင်မှာလားဆိုတာကို ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ P&D ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Family Quality…. 1080p | 720p | 480p File size… 1.73GB | 925MB | 406MB Format… mp4 Duration….1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... P&D Encoder ..... August

Action • Mystery • Thriller
7.3 2014 109 mins
How to Steal a Dog
Old People
5.7

"မှန်ရှေ့မှာဖီးလိမ်းခြယ်သ၊ ဝတ်ကောင်းစားလှတွေဝတ်ပြီး တခြားသူတွေလို ပါတီပွဲတွေမှာ ပျော်ချင်‌တယ်ပေါ့‌လေ၊ အဖိတ်မခံရတာဆိုးတာပဲနော" လူအိုရုံ တစ်ခုရဲ့ဝန်ထမ်းလူငယ်က မင်္ဂလာဆောင်သီချင်း‌ကို နှစ်နှစ်သက်သက်နားထောင် နေတဲ့ အဘိုးအဘွားတွေကိုပြောတဲ့စကား၊ နောက်တစ်ယောက်ကပြောတယ်၊ အဘိုးအဘွားတွေကိုကုတင်မှာချုပ်ထားရတာက ထွက်ပြေးရင်လိမ့်ကျပြီး အနာတရဖြစ်မှာစိုးလို့ မတတ်နိုင်ပါဘူးတဲ့လေ။ အိုမင်းရင့်ရော်နေတဲ့ဘဝတစ်ခုရဲ့နောက်ဆုံးအချိန်မှာ အထီးကျန်ခြင်းဆိုတာကိုပဲ သိတော့တယ်။ "old people" ဆိုတဲ့ ဒီဂျာမန် horror thriller ရုပ်ရှင်ဟာ အထီး ကျန်လှတဲ့ ဘဝ‌နေဝင်ချိန်ကိုဖြတ်သန်းနေရတဲ့ အဘိုးအဘွားတွေအကြောင်းနဲ့ မိသားစုထဲက သံယောဇဉ်တွေ၊မေတ္တာတွေအကြောင်းကို တစ်ဖက်လှည့်နဲ့ ရိုက်ကူး ပုံဖော်ပေးထားတာပါပဲ၊ စိတ်ဝင်စားစရာကောင်းတာက ဇာတ်အေးကြီးမဟုတ်ဘဲ horror ဆန်ဆန်လေးပေါ့နော်၊ ဇာတ်လမ်းကြည့်ပြီးသွားရင်တော့တွေးစရာတွေကျန်ခဲ့လောက်တယ်ဗျ၊ ကိုယ်ရော အသက်ကြီးနေပြီဖြစ်တဲ့ကိုယ့်အဘိုးအဘွားနဲ့မိဘတွေအပေါ်မှာဘယ်လိုဆက်ဆံလေ့ ရှိလဲ၊ ပစ်ထားမိလား၊ ကိုယ့်အလှည့်ကျရင်ရောဘယ်လိုဖြစ်မှာလဲ။ old people ဟာ fav list ထဲထည့်လို့မရရင်တောင်မှ one time watch အနေနဲ့တော့ ကြည့်ကောင်းမယ့် ကားလေးပါလို့ ညွှန်းလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.0 GB) / (435 MB) / (241 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 41mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Drama Translator.......Ngwe Zin Encoder..........SWM

Comedy • Crime • Thriller
5.7 2022 101 mins
Old People
Guns of Eden

Guns of Eden (2022) ၂၀၂၂ ထွက် အက်ရှင်ကားလေးပါ… စစ်တပ်မှာ လေ့ကျင့်ထားပေမဲ့ ရဲတပ်ဖွဲ့ထဲကိုဝင်ပြီး တာဝန်ထမ်းဆောင်နေတဲ့ ရဲမေ မီဂန်က တာဝန်ချိန်ပြင်ပမှာ ဓားပြတိုက်မှုနဲ့တွေ့ပြီး ရဲတစ်ယောက်ကို မတော်တဆ သေနတ်နဲ့ပစ်မိလိုက်ပါတယ်။ အဲဒီကိစ္စကြောင့် အလုပ်က နားပြီး စိတ်ဓာတ်ကျနေတဲ့အချိန် တွဲဖက်ဖြစ်သူက အခြားမိတ်ဆွေ နှစ်ယောက်နဲ့အတူ စိတ်ပြေလက်ပျောက် တောင်ပေါ်ကို စခန်းချသွားဖို့ခေါ်တာကို လိုက်သွားရင်း လူသတ်မှု ကျူးလွန်နေတဲ့ ရဲတစ်စုကို တွေ့ပြီး မျက်မြင်သက်သေဖြစ်သွားပါတယ်။ အကျင့်ပျက်ရဲတွေက သူတို့ လေးယောက်ကို နှုတ်ပိတ်ဖို့ ကြိုးစားတာကို လွတ်အောင်ပြေးပြီး ဘယ်လို ပြန်တိုက်ခိုက်မလဲဆိုတာကို ကြည့်ရမှာပါ။ နောက်ထပ် အဲဒီအကျင့်ပျက်ရဲတွေဆိုတာက မြေအောက်အဖွဲ့အစည်းကြီးတစ်ခုရဲ့ အဖျားစွန်းလေးတစ်ခုပဲဆိုတာကို သိသွားတဲ့အချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Lucifer မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 720MB Quality – 1080p, 720p Format – mp4 Duration – 1H 31Min Genre – Action Subtitle – Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Thriller • Science Fiction • Drama
0 2022 91 mins
Guns of Eden
Pegasus 2
7.3

Pegasus 1 ရဲ့အဆက်ဖြစ်ပါတယ်။ 1 ကိုလဲ CM မှာတင် ထားပေးပြီးပြီပဲဖြစ်ပါတယ် ပြိုင်ပွဲမှာမတော်တဆဖြစ်ပြီး ခြေထောက်ဒဏ်ရာရသွားတဲ့ကျန်းချေဟာ ယာဉ်မောင်းသင်တန်းဖွင့်ပြီး နည်းပြလုပ်စားနေခဲ့ရတယ်။ အလုပ်အကိုင်ကြပ်တည်းနေတဲ့အချိန်မှာ ကားစက်ရုံမှူးတစ်ယောက်က ပြိုင်ကားအဖွဲ့ဖို့ပံ့ပိုးပေးဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အခါ ဘတ်ဂျက်နည်းပေမယ့် သူနောက်ဆုံးပြိုင်ခဲ့တဲ့ဘရန်ဘလုခ်မှာ ပြန်သွားပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျန်းချေနဲ့ သူ့ရဲ့သူငယ်ချင်းဟောင်းစွန်းယွီချန် စက်ပြင်သမား ကျိရှင်းနဲ့အတူ ကားစက်ရုံကကားမောင်းသမားလူသစ်လေး လိရှောင်ဟိုင်နဲ့ ယာဉ်မောင်းသင်တန်းကျောင်းက တပည့်ဖြစ်တဲ့လျိုရှန်သယ်တို့ပေါင်းပြီးတော့ ရှင်းတိပြိုင်ကားအဖွဲ့ကိုဖွဲ့လိုက်ပါတယ်။ စက်ရုံမှူးကြီးက ဘတ်ဂျက်အများကြီးမပေးနိုင်တော့ ဆုရဖို့အထိမမှန်းထားပေမယ့် ဒီအဖွဲ့လေးဟာဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာကို ပြိုင်ကားခရေဇီတွေအတွက် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။

7.3 2024
Pegasus 2
Do the World Darts 10
5.7

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဝမ်ကျန့်ဝေးနဲ့ဖေးယန့်ဟာ နောက်ဆုံးတော့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါပြီ။ သူတို့ရဲ့မင်္ဂလာပွဲကိုစည်စည်ကားကားကျင်းပနေတဲ့အချိန်မှာ တော်ဝင်လျှို့ဝှက်အမိန့်တော်ရောက်လာခဲ့ပါတယ်။ ဂျပန်ပင်လယ်ဓားပြတွေဟာ ဂျိုဆွန်းပြည်ကိုဝင်ရောက်ကျူးနေတာကြောင့် ဂျိုဆွန်းဘုရင်ဟာ မင်တိုင်းပြည်ကိုအကူအညီတောင်းလိုက်တဲ့အတွက် မင်ဘုရင်ကြီးက ဂျိုဆွန်းကိုကူညီမယ့် အမြှောက်ကြီး(၁၀)လက်ကို ထျန်းရှန်ပို့ဆောင်ရေးလုပ်ငန်းကိုတာဝန်ပေးလိုက်တာပဲဖြစ်ပါတယ်။ ထျန်းရှပို့ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင်တွေဟာ အမြှောက်တွေကို လက်လွှဲယူမယ့်ရွာလေးကိုရောက်တော့ သူတို့ဟာနောက်ကျသွားခဲ့ပါပြီ…… ဒါဟာထျန်းရှပို့ဆောင်ရေးလုပ်ငန်းအတွက် အန္တရာယ်အများဆုံးနဲ့ အရေးကြီးဆုံးတစ်ခုတာဝန်ဖြစ်လာပါတော့တယ်……

5.7 2007
Do the World Darts 10
Phulrani
5.8

Phulrani (2023)”ပန်းဘုရင်မလေး” ============================= ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလို့ရမယ့် ၂၀၂၃ ခုနှစ်ထွက် မာရသီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်လေးဟာဆိုရင် နာမည်ကြီး အိုင်းရစ်ရှ်လူမျိုး ပြဇာတ်ရေးဆရာ ဂျော့ဂျ်ဘားနတ်ရှောကို အော်စကာဆုရစေခဲ့တဲ့ Pygmalion ဆိုတဲ့ ဂန္တဝင်ပြဇာတ်ကို အိန္ဒိယမှုပြုပြီး တမူဆန်းသစ်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့.. Pretty Princess ဆိုတဲ့ အလှမယ်ပြိုင်ပွဲတစ်ခုမှာ အကယ်ဒမီတစ်ခုတည်းက အလှမယ်တွေဟာ ၅ နှစ်ဆက်တိုက် အနိုင်ရနေပါတယ်။ အဲဒီအကယ်ဒမီကို ဦးစီးလေ့ကျင့်ပေးနေတာကတော့ ဗစ်ကရမ်ဆိုတဲ့ စိတ်မြန်လက်မြန် သင်တန်းဆရာပါ။ သူဟာ ပြိုင်ပွဲဆုပေးပွဲ့နေ့မှာ အရက်မူးပြီး သူငယ်ချင်းဖြစ်သူနဲ့ ငြင်းခုန်ရင်း သူတို့နားကိုရောက်လာတဲ့ အခြေခံလူတန်းစား ဆတ်ဆတ်ကြဲ ပန်းသည်မလေးကို အလှဘုရင်မဖြစ်အောင် လုပ်ပေးပြမယ်လို့ လူသိရှင်ကြားစိန်ခေါ်မိသွားပါတယ်။ သူဟာ အဲဒီအလောင်းစားကို အနိုင်ရမှာလား၊ ရပ်ကွက်ထဲက အော်ကြောလန်ကောင်မလေးကို အလှမယ်ဖြစ်အောင်ဘယ်လိုလုပ်ပေးမှာလဲ၊ သူတို့နှစ်ယောက် ဘယ်လိုဇာတ်လမ်းဆက်ကြမလဲဆိုတာကို လူတန်းစားခွဲခြားမှုတွေကို ဆန့်ကျင်ပြထားတဲ့ ဒီရုပ်ရှင်လေးထဲမှာ ချစ်စဖွယ်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Romance • Comedy
5.8 2023
Phulrani
The History of Walking Upright

The History of Walking Upright (2017) ************************************* မကြာ​သေးခင်ကမှ Lovely Runner ဇာတ်လမ်းတွဲနဲ့ မိန်းက​လေး​တွေရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့တဲ့ ​Byeon Woo Seok နဲ့ အသွက်လေး Kang Mi Na တို့ အဓိကဇာတ်​ကောင်အဖြစ် ပါဝင်ထားပြီး IMDb rating 8.4 ရရှိထားတဲ့ Romance Youth Drama ​လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. မီနာလို့​ခေါ်တဲ့ ​ကောင်မ​လေးဟာ ကိုယ်​ပျောက်အစွမ်းရှိပြီး မိသားစုနဲ့ ရင်းနှီးတဲ့ အသိအစ်ကိုဂျုံမင်းကို တစ်ဖက်သတ် ကြိုက်​နေခဲ့တဲ့သူပါ ၇ နှစ်လုံးလုံး ဖွင့်မ​ပြောဘဲ့ အစ်ကိုဂျုံမင်းဘက်က​နေ ဖွင့်​ပြောလာဖို့ ​စောင့်​မျှော်​နေတာလည်းဖြစ်ပါတယ် ဒါ​ပေမဲ့ ဂျုံမင်းဘက်က​တော့ မီနာက ​​သေး​သေး​​ကွေး​ကွေး​နဲ့ က​လေးဆန်ဆန် ​နေတတ်တဲ့သူမို့ က​လေး​လေးလို့ပဲ သ​ဘောထား​နေခဲ့တာပါ တစ်​နေ့မှာ ဂျုံမင်းတစ်​ယောက် ရည်းစားရသွားတဲ့အခါ .. မီနာတစ်​ယောက် ကမ္ဘာ​တွေပျက်ပြီး ဂျုံမင်းနဲ့ သူ့ရည်းစားကို ကွဲ​အောင် အမျိုးစုံကြိုးခုန်ပြီး ကြံစည်တာကို ​ ဟာသ​​နှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ​ တစ်ဖက်သတ်ကြိုက်​နေ​တဲ့ crushကို မဖွင့်​ပြောရဲခဲ့တဲ့ မီနာတစ်​ယောက် ​နောက်ဆုံးမှာ ဖွင့်​ပြောနိုင်ပါ့မလားဆိုတာကို အခုပဲ ကြည့်ရှုလိုက်ရ​အောင်ပါ .. File size… 1.24 GB / 527 MB Quality… WEB DL 1080p / 720p Format… mp4 Duration…. 1 hr Genre ….. Romance, Youth, Drama, Supernatural Subtitle…. Myanmar Subtitle (Hard Sub) Encoder…. AHtet Translated by Stary

Horror • Fantasy
0 2017
The History of Walking Upright
Blade
7.1

Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။ Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီး MCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။ Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။ Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီး လူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။ စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။ Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။

War • Thriller
7.1 1998
Blade
Longing

Longing ( 2024 ) အစ္စရေးဒါရိုက်တာ Savi Gabizonရဲ့ ရုပ်ရှင်ပါ။ အစ္စရေးဒါရိုက်တာဆိုတာ ထည့်ပြောရတာကတော့ ဒီရုပ်ရှင်က အမေရိကန်ရုပ်ရှင်တွေနဲ့ကွဲပြားတယ်ဆိုတဲ့အချက်ကြောင့်ပါပဲ။ သရုပ်ဆောင်တွေကတော့ Richard Gereနဲ့ Diane Kruger။ တော့စတားကြီးနဲ့ နာမည်ကြီးမင်းသမီးပေါ့။ ပြောရရင် ဒီကားက ရစ်ချက်ဂီရိရဲ့ ဒီအရွယ်နဲ့တော်တော်လေးလိုက်ဖက်တယ်။ ဇာတ်ကြောင်းကလည်း ရိုးရိုးလေးပဲ ဒါပေမဲ့ တော်တော်လည်းစိတ်ဝင်စားဖို့ကောင်းတယ်။ ပြောရရင် တစ်ဘက်တစ်လမ်းကနေ Shuji Iwaiရိုက်တဲ့ဇာတ်လမ်းတွေရဲ့ အငွေ့အသက်မျိုးကိုတောင် ဖမ်းမိတယ်။ တစ်ကိုယ်တည်းနေတဲ့ အသက်၆၀ လူကြီးတစ်ယောက်ကို သူ့မှာ ကလေးရှိကြောင်း သူ့ရည်းစားဟောင်းက လာပြောတယ်။ ဒါပေမဲ့ လာပြောတဲ့အချိန်က အဲဒီကလေးသေပြီးတဲ့အချိန်။ ဒီလိုနဲ့ အဲဒီလူကြီးက သူ့ကလေးရဲ့ နာရေးပွဲကိုသွားရင်း သူ့ကလေးရှင်သန်ဖြတ်သန်းခဲ့ဖူးတဲ့ သမိုင်းကို ခြေရာကောက်ရင်း မရှိတော့တဲ့ လူတစ်ယောက်ရဲ့ ဘဝကို ချစ်တဲ့စိတ်နဲ့ ပြန်လည်ခံစားကြည့်တဲ့အကြောင်းပါပဲ။ ဒီရုပ်ရှင်ဟာ Ratingတွေတော့ မကောင်းပါဘူး။ ဒါပေမဲ့လည်း သူ့အကြောင်းအရာရော အငွေ့အသက်ရော ပေးနိုင်တဲ့ခံစားချက်ရောက အသိအမှတ်ပြုဖို့တန်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ရှင်သန်ခြင်းတို့ ချစ်ခြင်းတို့ဆိုတာ ရိုးရှင်းတယ်ထင်ရပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ နားလည်လာမယ့်အရာတွေမဟုတ်ဘူး။ အဓိပ္ပာယ်မရှိဘူးလို့ထင်ရရင်တောင်ရှင်သန်ကြည့်လိုက်ဖို့ အချစ်ဟာ ဝေဝါးလွန်းနေရင်‌တောင် ချစ်ကြည့်လိုက်ဖို့ကလွဲ ကျွန်တော်တို့အတွက် ဘာမှနားလည်စရာမရှိခဲ့ဘူး။ ဒီရုပ်ရှင်ထဲက ရစ်ချက်ဂီရိဟာ သူ့သား ထိုင်ခဲ့ဖူးတဲ့နေရာတွေမှာ လိုက်ထိုင်ကြည့်ခဲ့တယ်။ သူမြင်တောင်မမြင်ဖူး သိတောင်မသိလိုက်ရတဲ့ သားရဲ့ အငွေ့အသက်ကို အဲဒီနေရာတွေကနေ သူရချင်မှလည်းရမယ်။ သူ့သားနေခဲ့တဲ့ဘဝကို ဖြတ်သန်းကြည့်ပေမဲ့လည်း သူ့သားကို သူနားလည်ချင်မှလည်း နားလည်မယ်။ ဒါပေမဲ့ ဒီတိုင်းပဲ ခံစားကြည့်လိုက်တာပါပဲ။ အဲဒီအဘိုးကြီး အဲဒီနေရာတွေမှာ လိုက်ထိုင်နေတဲ့ အခြင်းအရာမျိုးကို ဖြတ်သန်းဖူးတဲ့လူတွေကိုတော့ ဒီရုပ်ရှင်ကို တော်တော်လေး သဘောကျလောက်မှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size…1.29GB | 616MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

0 2024
Longing
24 Frames
6.8

24 Frames (2017) ~ IMDb – 6.8/10, Rotten Tomatoes – 92% ~ Abbas Kiarostami ရဲ့ 24 Frames က Experimental Film ဖလင်အမျိုးအစား။ သူမသေခင်နောက်ဆုံးရိုက်သွားတဲ့ လက်ရာလည်း ဟုတ်တယ်။ ရုပ်ရှင်လို့ပြောဖို့ထက် ဒီရုပ်ရှင်ကို ကြည့်ရတဲ့အရသာက ပန်းချီတစ်ချပ် ဓာတ်ပုံတစ်ပုံ အဲဒီလိုမျိုးဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အဲဒီထက်ပိုတဲ့အရာတစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ပြတင်းပေါက်ကနေ အမြဲမြင်နေရမယ့် သစ်ပင်တွေကို မိုးဆင်းလို့ ယိမ်းနွဲ့နေတုန်း အရသာရှိရှိ ထိုင်ကြည့်လိုက်ရသလိုမျိုး… ကိုယ့်မြို့က တံတားကြီးတစ်စင်းပေါ်ကနေ ဖြတ်သွားဖြတ်လာတိမ်တွေကို ထိုင်ကြည့်နေရသလိုမျိုး… နေစောင်းလို့ တိမ်တွေအရောင်းပြောင်းတဲ့အခါ စိတ်ရှိလက်ရှိထိုင်ကြည့်နေရသလိုမျိုး အရသာမျိုးပေါ့။ ဒိုင်ယာလော့မပါ၊ ဇာတ်လမ်းမပါ၊ အဖြစ်အပျက်မပါတဲ့ ဒီဇာတ်လမ်းမှာ အသေထားထားတဲ့ ဖရိန်တစ်ခုအောက် ငြိမ်သက်နေတဲ့အရာတွေ ရွေ့လျားနေတဲ့အရာတွေ သက်ဝင်နေတဲ့အရာတွေ သက်ငြိမ်နေတဲ့အရာတွေကို ဖမ်းယူထားတာတွေကိုချည်း သူတပ်ထားတဲ့ နံပါတ်အရတော့ ၂၄ဖရိန်တိတိပြထားတယ်။ တံတားတစ်စင်းပေါ်က လှုပ်ခတ်နေတဲ့ရေပြင်… အဲဒီနောက်မှာ ညိုမွဲနေတဲ့တိမ်တွေ… တံတားဘောင်ပေါ်မှာက ငှက်ကလေး၂ကောင်… အဲဒီလိုအရာတွေကို အရသာခံကြည့်ရတာကြိုက်တဲ့လူဆိုရင်တော့ ဒီရုပ်ရှင်က ကျွန်တော်မြင်ဖူးသမျှထဲတော့ တစ်ကားတည်းသော ဒီလိုရုပ်ရှင်ပဲ။ ပုဂ္ဂလိက အမြင်အရတော့ Abbas ဟာ ကျွန်တော်တို့ကို ရုပ်ရှင်ဟာ ဒီဇာတ်လမ်းတွေကြားမှာပဲရှိတာမဟုတ်တဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ရှိနေတဲ့အရာလို့ ပြောချင်ခဲ့တာလို့ပဲမြင်တယ်။ ယူသလိုပဲရပါတယ်။ ဒီနေရာမှာ ကျွန်တော်သတိရလိုက်မိတဲ့ ဂိုးဒတ်ရဲ့စကားတစ်ခွန်းတော့ ရှိတယ်။ ဓာတ်ပုံက ဘယ်တော့မှမမှားဘူး။ တစ်စက္ကန့်မှာ ဓာတ်ပုံ၂၄ပုံ (ဝါ) ၂၄ဖရိန်ရှိနေတဲ့ ရုပ်ရှင်ကလည်း ဘယ်တော့မှ မမှားဘူးတဲ့။ ဒါကြောင့်လည်း ဒီကားကို Abbas က ဒီနာမည်ပေးခဲ့သလားတော့မသိဘူးပေါ့။ ” Photography is truth. The cinema is truth twenty-four times per second. “ – Jean-Luc Godard (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 945MB Quality – BluRay 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 54Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.8 2017
24 Frames
Invasion Invasie
5

Invasion (2024) Invasie ဒီရုပ်ရှင်ကားကတော့ ဒတ်ရှ်စကားပြော နယ်သာလန်ရုပ်ရှင်ကားဖြစ်ပါတယ်။ နယ်သာလန်ရဲ့ အိမ်နီးချင်းနိုင်ငံ Veragua ဟာ ရုတ်တရက် Curacao နဲ့ Aruba ဘာအကြောင်းပြချက်နဲ့၀င်တိုက်မှန်းမသိ ၀င်တိုက်ပါတော့တယ်… တိုက်ပွဲတွေကြား Veragua မှာ လူတစ်ချို့ပိတ်မိနေပြီး သံအမတ် Caan လဲအပါအ၀င်ဖြစ်တာကြောင့် လွတ်မြောက်ရန်ကြိုးပမ်းလာပါတယ်… တိုက်ပွဲအရှိန်အဟုန်ပြင်းထန်လာတာကြောင့် လူအင်အားလဲနည်းလာတဲ့အတွက် မစ်ရှင်မှာပူးပေါင်းပါဝင်ဖို့ ရေတပ်သင်တန်းဆင်းတပ်သားလေးများအား စေလွှတ်လိုက်ရပါတော့တယ်… ရေတပ်အဖွဲ့အနေနဲ့ ပေးထားတဲ့မစ်ရှင်ကိုဆောင်ရွက်နိုင်မလား… နယ်သာလန်အစိုးရက ဒီတိုက်ခိုက်မှုကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ….။

5 2024 91 mins
Invasion Invasie
Werckmeister Harmonies Werckmeister harmóniák
8

Werckmeister Harmonies (2000) IMDb Rating (8.0) / Rotten Tomatoes (98%) ၂၀၀၀ ပြည့်နှစ်ထွက် ဟန်​ဂေရီ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ နာမည်ကြီး ဒါရိုက်တာ Béla Tarr ရဲ့ Masterpiece လို့ နာမည်ကြီးပါတယ်။ Drama, Mystery အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Béla Tarr ဟာ ရိုက်ချက်အရှည်ကြီးတွေရိုက်တတ်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ဒီရုပ်ရှင်မှာလည်း တစ်ဆက်တည်းရိုက်ချက် အရှည်ကြီးတွေကို အသုံးပြုခဲ့ပါတယ်။ ရုပ်ရှင်တစ်ကားလုံးမှာမှ ရိုက်ချက် ၃၉ ခုပဲရှိခဲ့တာပါ။ ဘာလင်ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့ဖူးပြီးတော့ ကိန်းရုပ်ရှင်ပွဲတော်မှာလည်း ဆန်ကာတင်တွေဝင်ခဲ့ဖူးတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ IMDB 8.0 အထိရရှိထားပါတယ်။ ဇာတ်လမ်းကတော့.. မနှစ်မြို့စရာတွေ အပြည့်နဲ့ဆပ်ကပ်အဖွဲ့တစ်ဖွဲ့ မြို့ကိုရောက်ရှိလာအပြီး လူ့စိတ်သဘောတွေ ချယ်လှယ်ခံရပုံ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးပြိုလဲရပုံ မြို့ကြီးတစ်ခုလုံးကပ်စိုက်ရပုံ ကိုရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Thway ဖြစ်ပါတယ်။) File size… (13.6 GB) / (3.9 GB) / (1.6 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery Duration….02:20:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Min Thway

Romance • Drama
8 2000 139 mins
Werckmeister Harmonies Werckmeister harmóniák
Ghost Sweepers
5.8

Ghost Sweepers (2012) ********************** Horror လည်းကြိုက် စိတ်ပြေလက်ပျောက်လည်း ကြည့်ချင်တဲ့ သရဲကားပရိသတ်ကြီး အတွက် ဒီတစ်ခါမှာတော့ ကိုရီးယားသရဲဟာသကားလေး တစ်ကားဖြစ်တဲ့ Ghost sweepers လေး တင်ပေးထားပါတယ် .. ။ Cast တွေအနေနဲ့ကတော့ လူတိုင်းသိကြတဲ့ legendary မင်းသားကြီးဖြစ်တဲ့ Kim Su Ro, Taxi Driver နဲ့ Signal တို့က မင်းသား Lee Je Hoon နဲ့ The One and Only နဲ့ The Huntresses တို့က မင်းသမီး Kang Ye Wonအပြင် တခြားနာမည်ကြီး cast များစွာ ကိုလည်း တွေ့ရမှာဖြစ်ပါတယ် .. ။ ဇာတ်လမ်းအညွှန်း ************* အူဂျင်မြို့မှာ နှစ်ပေါင်းများစွာ မကောင်းဆိုးဝါးသောင်းကျန်နေတာကြောင့် တောင်ကိုရီးယားနိုင်ငံက ထိပ်တန်းပယောဂဆရာတွေအများကြီးစုပြီး သရဲနှိမ်နင်းဖို့ သွားခဲ့ကြတယ်။ ပယောဂဆရာအဖွဲ့ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် အစွမ်းမတူတဲ့ ပယောဂဆရာမျိုးစုံကို တွေ့ရမှာဖြစ်ပါတယ် ။ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းနတ်ဝင်သည် ဆရာဘတ် (Kim Su Ro)ဦးဆောင်ပြီး၊ အင်ဂျင်နီယာ ပါမောက္ခ ပယောဂဆရာ ဆော့ဟျွန်း (Lee Je hoon), သရဲမြင်ရတဲ့ဘုန်းတော်ကြီး ရှီမင်း (Kwak Do Won), အတိတ်ကိုမြင်ရတဲ့ နက္ခတ်ဗေဒင်ဆရာမ ဆွန်းဟီး (Kim Yoon Hye), အနာဂတ်ကိုကြိုမြင်နိုင်တဲ့ကောင်လေး ဝေါဂွမ် (Yang Kyung Mo) တို့အပြင် တခြားပယောဂဆရာ များစွာလည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် သတင်းထောက်ချွဲချန်ယောင်း (Kang Ye Won)ကလည်း မှတ်တမ်းယူဖို့ အတူတူလိုက်သွားခဲ့ပါတယ်။ အူဂျင်ကိုရောက်တဲ့အခါမှာတော့ မကောင်းဆိုးဝါးဟာ သူတို့မျှော်မှန်းထားတာထက် အားကောင်းနေပြီး သတင်းထောက်ချွဲချန်ယောင်းရဲ့ အဖေရဲ့သေဆုံးမှုကလည်း ဒီမြို့နဲ့ပတ်သက်နေတယ်ဆိုတာကို သိသွားခဲ့ရတယ်။ ချန်ယောင်းရဲ့အဖေက ဘယ်လိုသေဆုံးသွားခဲ့ရတာလဲ….. မကောင်းဆိုးဝါးကရော ဘယ်လိုကြောင့်ဖြစ်လာရတာလဲ .. ဘာလို့အဲဒီလောက် အားကောင်းနေရတာလဲ…… အဲဒီမကောင်းဆိုးဝါးကို ပယောဂဆရာတွေ ပေါင်းပြီး ဘယ်လိုနှိမ်နင်းသွားမလဲဆိုတာ ဟာသလေးတွေရောပြီး တစ်ကားလုံးပါးစပ်မစိဘဲ ကြည့်ရမယ့်ကားလေးမို့လို့ ကြည့်လိုက်ကြပါဦးနော် ။ (အညွှန်းကို Vanessa မှ ရေးသားထားပါတယ်) File size…2.7GB / 1.1GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Horror, Comedy, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

Horror • Mystery
5.8 2012 119 mins
Ghost Sweepers
Snow White
1.7

Snow White (2025) ဒစ္စနေးရဲ့ ကမ္ဘာကျော် ကာတွန်း စနိုးဝှိုက်ကို လူနဲ့ရိုက် လူနဲ့တီးထားတဲ့ ဗားရှင်း ထွက်ပါပြီ။ ဒါရိုက်တာကတော့ အားလုံးချစ်တဲ့ အချစ်ကားလေး 500 Days of Summer ရဲ့ ဖန်တီးရှင် Marc Webb ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့လည်း စနိုးဝှိုက်အဖြစ် ပြည်သူ့အချစ်တော် မင်းသမီးလေး Rachel Zegler ပါဝင်ထားပြီး မိဖုရားကြီးနေရာမှာလည်း မင်းသမီးကြီး Meryl Streep လိုမျိုး သရုပ်ဆောင်ကဝေတစ်ဆူဖြစ်တဲ့ Wonder Woman မင်းသမီး Gal Gadot က ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ လူပေါင်းသုံးသိန်းကျော်ကလည်း IMDb rating (4×5)-12 / 5 တောင်ပေးထားပါတယ်။ ဒီ‌တော့ လက်လွတ်မခံဘဲ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း Gal Godot က ကမ္ဘာပေါ်မှာ အလှဆုံးဖြစ်ချင်တဲ့ စုန်းမ မိဖုရားကြီးပါ ဒါပေမဲ့ သူ့ရဲ့မှော်မှန်ကြီးက စနိုးဝှိုက်သာ အလှဆုံးပါလို့ ဆက်တိုက်ပြောနေလို့ စနိုးဝှိုက်ကို လုပ်ကြံပါတယ်။ (မိဖုရားက ပိုလှတယ်ဆိုပြီးဖင်ယားမဲ့သူတွေကို ဒစ္စနေးကကြောက်လို့ ဇာတ်လမ်းထဲမှာ စိတ်အလှပါလို့ ပြန်ရှင်းထားပါတယ်) အဲဒီမှာ စနိုးဝှိုက်တစ်ယောက် တောထဲကို ရောက်သွားပြီး လူပုလေး ၇ဖော်နဲ့ တွေ့ပါတယ်။ နောက်တော့ ပန်းသီးစား၊ မင်းသားတွေ့၊ ပြန်ချ ဘာညာပါ။ ဒါပါပဲ။ (အညွှန်းရေးသားသူကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (4.6 GB) / (1.8 GB) / (1.1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure, Family, Fantasy, Musical, Romance Duration…. 01:51:38 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin & Min Wai Translated by Act Molemy & Matteo

Drama
1.7 2025 109 mins
Snow White