YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) Mosquito Coast (1986) 720p.mp4

1.2 GB 720p video/mp4 245 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Argentina, 1985
8

~ IMDb - 7.7/10, Rotten Tomatoes - 98% ~ တလောက ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲသွားခဲ့တဲ့ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးဖြတ်သန်းမှု မိုင်တိုင်တစ်ခုကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီရပြီးကာစ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းပေါ်က တရားဥပဒေဘက်တော်သားတွေရဲ့ အားထုတ်ခဲ့မှုတစ်ခုဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ရုံးတင်စစ်ဆေးခဲ့တဲ့ ကာလတစ်လျှောက်လုံးကို မြင်တွေ့ရမှာပါ။ ဒိတ်ဒိတ်ကြဲ စစ်ခေါင်းဆောင်ဟောင်းတွေကို တရားစွဲဆိုဖို့ ဆွဲချရှေ့နေအဖြစ်တာဝန်ပေးခံလိုက်ရတဲ့ အစိုးရရှေ့နေ စထရက်စဲရာရဲ့ ရင်ပူစရာတွေကို အတူတူလိုက်ပူပေးလို့ရမယ့်၊ အားတက်စရာတွေကို အတူတူလိုက်ပျော်ပေးလို့ရမယ့်၊ မိသားစုအရေးနဲ့ တရားရေးကြားက ချိန်ခွင်လျှာကို ဘက်စောင်းမသွားအောင် ထိန်းဖို့ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးတဖြစ်လဲ အစိုးရရှေ့နေတစ်ယောက်ရဲ့ အပူမီးတွေကိုလည်း မျှဝေခံစားနိုင်ဦးမယ့် ပစ်ရက်စရာတစ်ကွက်မရှိတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အာဂျင်တီးနား နိုင်ငံရေးကားလေးဖြစ်တဲ့အလျောက် လက်ရှိ အရမ်း Hot ဖြစ်နေတဲ့ "အာဂျင်တီးနား" နဲ့ "နိုင်ငံရေး" ၂မျိုးလုံးကို တစ်ကားထဲမှာ ကြည့်ရမှာမို့ ရှယ်တန်နေပါပြီ။ ဒီနှစ် အောက်တိုဘာလတုန်းကထွက်ခဲ့တဲ့ ဒီကားဟာ လက်ရှိမှာ ဆု ၇ဆုပိုင်ဆိုင်ထားတဲ့အပြင် လာမယ့်နှစ်အတွက် ရွှေကမ္ဘာလုံးဆု (Golden Globes) မှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် အမည်စာရင်းဝင်ထားပြီးပါပြီ။ ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးနိုင်ငံတကာရုပ်ရှင် အကယ်ဒမီဆုအတွက်လည်း လျာထားစာရင်းထဲမှာလည်း ပါဝင်ထားပါတယ်။ ဆိုတော့ ကောင်း/မကောင်း သိပ်ညွှန်းနေစရာ လိုမယ်မထင်တော့ပါဘူး။ အခုမကြည့်သေးဘဲ အကယ်ဒမီနဲ့ ရွှေကမ္ဘာလုံးတစ်ခုခုရပြီးမှ ကြည့်ချင်ရင်တောင် ခုပဲ ကြိုတင်ဒေါင်းထားဖို့မမေ့နဲ့ဦးနော့်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB, 565MB Quality - 1080p, 720p, 480p IMDb Rating - 7.7/10 Format - mp4 Duration - 2H 20Min Genre - Biography, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime
8 2022 141 mins
Argentina, 1985
Alice, Darling
5.9

ကနဦးပြောချင်တာကတော့ ဒီကားကို ဘာ Genre လဲ သွားမကြည့်ပါနဲ့။ ဒီတိုင်း ဘာကားမှန်းမသိဘဲ ကြည့်လိုက်ပါ။ ဒါဆို ပိုအဆင်ပြေပါလိမ့်မယ်။ နောက်တစ်ချက်သတိချပ်စေချင်တာကတော့ ဒီကားမှာ မင်းသမီးရေချိုးနေတုန်း မင်းသမီးဘော်ဒီကိုပြပြီး အနောက်ဘက်ကုန်းမြင့်ဒေသတွေကို လေ့လာစူးစမ်း အလံတိုင်စိုက်တာတွေပါတဲ့အတွက် မိသားစုနဲ့မကြည့်သင့်ပါဘူး။ မင်းသမီးကတော့ အားလုံးသိကြတဲ့ Pitch Perfect မင်းသမီး Anna Kendrick ပါ။ ချစ်စရာကောင်းနေဆဲပါပဲ။ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့ဘဲက ပန်းချီဆရာ။ ဒါပေမဲ့ သွေးကြီးမွေးကြီး ကိန်းကြီးခန်းကြီးနိုင်တဲ့လူ။ ကောင်မလေးဘဝမှာ သူငယ်ချင်း ၂ယောက်ရယ် သူ့ဘဲရယ် ဒါပဲရှိမယ်။ ကောင်မလေးက အရင်က ဆိုးခဲ့ပေခဲ့ပုံရတယ်။ သူ့ဘဲ ကြောင်သူတော်ကြွက်သူခိုးက ကောင်မလေးကို သူ့လိုပဲဖြစ်စေချင်တယ်။ ဒီတော့ ကောင်မလေးက သူဆိုးတာကို ချမပြဘူး။ သူ့ဘဲက ကောင်မလေးကို သူငယ်ချင်း၂ယောက်နဲ့လည်း မပေါင်းစေချင်ဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်းတစ်ယောက်မွေးနေ့မှာ ကောင်မလေးဟာ သူ့ဘဲကို လိမ်ပြီး သူ့သူငယ်ချင်းတွေနဲ့အတူ နယ်ဘက်ကျေးလက်က အိမ်လေးကို အပျော်ခရီးထွက်သွားတယ်။ အဲဒီခရီးမှာဘာတွေဖြစ်မလဲ သူ့ဘဲကရော ဘာဆက်လုပ်မလဲ မြင်ရလိမ့်မယ်။ ထူးတာက ဒီကားက ဘာကားမှန်းမသိဘဲ ကြည့်လိုက်မယ်ဆို ဘာကားမှန်းမသည်းမကွဲဖြစ်ချင်စရာကောင်းတယ်။ နယ်ဘက်က အိမ်ကြီးကို သွားရင်း လူသတ်သမားနဲ့တွေ့ရတော့မလိုလို သရဲပဲအခြောက်ခံရတော့မလိုလို သူ့ဘဲက လိုက်သတ်တော့မလိုလို သို့လောသို့လော ထင်ချင်စရာအချက်တွေပြသွားတယ်။ ဒီဇာတ်တည်ရာမှာလည်း ပျောက်ဆုံးနေတဲ့ကောင်မလေးတစ်ယောက်ကို အားလုံးဝိုင်းရှာနေကြတာတွေလည်းပါတယ်။ မင်းသမီးကလည်း စိတ်ဖိစီးမှုတွေနဲ့ ခေါင်းထဲ အသံဗလံတွေ မျိုးစုံ အလိုလိုကြားနေရတယ်။ ဒါပေမဲ့ ဇာတ်မဆုံးခင်အထိကို သူက ဘယ်လမ်းကြောင်းသွားမလဲ မရေမရာဖြစ်အောင်လုပ်ပြနိုင်ခဲ့တယ်။ ကြည့်ကောင်းတဲ့ကားလေးပါပဲ။ မင်းသမီးလည်း တော်တော်လှပါတယ်။ ဘာကားမှန်းမသိဘဲကြည့်ရင် ပိုကြည့်ကောင်းပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို B မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 890MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 29Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by B Encoded by Y

Comedy • Drama
5.9 2022 90 mins
Alice, Darling
Mad God
6.9

Jurassic Park, Starship Troopers, RoboCop နဲ့ Stars Wars စတဲ့ နာမည်ကျော် ဇာတ်ကားတွေရဲ့ Visual Effects တွေကို ဖန်တီးပေးခဲ့တဲ့ Phil Tippett ရဲ့ နောက်ထပ် လက်ရာမြောက်တဲ့ ကားလေးတစ်ကားပါ။ CGI ခေတ်လို့ ဘယ်လောက်ပြောပြော stop-motion နည်းပညာကိုလည်း ခေါက်ထားလို့ မရသေးကြောင်း သက်သေပြနိုင်တဲ့ နောက်ထပ် အမိုက်စား Animation ကားလေးပေ့ါဗျာ။ ဇာတ်လမ်းအညွှန်းကတော့ ... ကမ္ဘာ့မြေပုံနဲ့ ဗုံးတစ်လုံး ခရီးဆောင်အိတ်တစ်ခုကိုသယ်ဆောင်ပြီး ကမ္ဘာမြေကိုဖျက်ဆီးဖို့ရောက်လာတဲ့ သတ္တဝါတစ်ကောင် ... လမ်းမှာကြုံတွေ့ရတဲ့အခက်အခဲတွေ ထူးဆန်းတဲ့ လျှပ်စစ်နဲ့ညှင်းပန်းခံရတဲ့သားကောင်တွေ ကြောက်မက်ဖွယ်ရာအဖြစ်အပျက်တွေကို ကြုံခဲ့ရပြီး ရန်သူတွေနဲ့အတူ သူ့ကိုယ်သူဖျက်ဆီးခံရမယ့် အခြေအနေတွေကိုရင်ဆိုင်ရချိန်မှာတော့ ... သူ့ရဲ့နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းမလဲ? သူကပဲ နဂိုအကြံအစည်ကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မှာလား? ရန်သူတွေကြားမှာပဲ အသက်ဆုံးရမလား? စတာတွေကို မွန်းစတားတွေ ရက်စက်တဲ့ သတ္တဝါတွေရဲ့ ခွန်အားနဲ့ ဉာဏ်အား ပြိုင်ပွဲတွေကြား ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ IMDb မှာကော Rotten Tomatoes မှာပါ rating တွေ ကောင်းတဲ့အပြင် critic review တွေလည်း ရှယ်ရထားတာမို့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် (ဇာတ်လမ်းအညွှန်းကိုတော့ Lwin Lwin Aung က ရေးပေးထားတာပါ။) File Size : 2.2GB, 922MGB, 417MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 23mins Genre : Animation, Fantasy, Horror Encoded by Kinnov

Action • Crime
6.9 2022 84 mins
Mad God
19(1)(a)
6

IMDB Rating မှာ 6.1 ရထားပြီး လူကြိုက်များတဲ့တောင်ပိုင်းမင်းသား ဗီဂျေးဆီသူပသီရဲ့ မာလာရာလမ်း ဘာသာစကားပြောရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ဖို့အချိန်ရောက်လာခဲ့ပြန်ပါပြီခင်ဗျာ။ ဇာတ်လမ်းအကျဉ်း မြို့လေးတစ်မြို့မှာ အထီးကျန်စွာနေနေရတဲ့ သားအဖနှစ်ယောက် သမီးဖြစ်သူက မိတ္ထူဆိုင်လေးဖွင့်ထားပြီး ဖခင်ဖြစ်သူက အငြိမ်းစားယူပြီးရိုးရှင်းလှတဲ့ဘဝကို ဖြတ်သန်းနေတဲ့အချိန်၊ သူတို့နိုင်ငံမှာက မီဒီယာနဲ့စာနယ်ဇင်းဖိနှိပ်မှုတွေများလာပြီး စာပေနယ်က စာရေးဆရာတွေ အသတ်ခံနေရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးမှုလှိုင်းလုံးတွေသူတို့အပေါ်ရိုက်ခတ်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ရုပ်ရှင်ထဲမှာဆက်လက်စီးမျောခံစားပေးပါ။ ဇာတ်အိမ်ခိုင်မှု့ကတော့ မာလာရာလမ်းကားမို့အပြစ်ပြောစရာမရှိသလောက်ပါပဲဗျာ။ File size…1.57GB /737MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo & Hoeney & Kevin

Crime • Drama • Thriller
6 2022 107 mins
19(1)(a)
Get Him Girl!
6.5

စုမ်ပွိုင်ဟာ ထိုင်းနိုင်ငံ​မြောက်ပိုင်း တောရွာလေးမှာပဲ အညတရဘဝနဲ့နေသွားရမှာကို စိတ်ကုန်နေပါတယ် ... ဘန်ကောက်ကလူတွေနဲ့ အိမ်ထောင်ကျထားကြတဲ့ ဦးလေး၊အဒေါ်တွေကမွေးတဲ့ ဝမ်းကွဲမောင်နှမတွေက တောက်ပြောင်လှပနေသလောက် ကိုယ့်နယ်ကတောသားကိုပဲ ယူထားတဲ့ အမေဖြစ်သူကြောင့် သီတင်းကျွတ်မှာ အဘိုးအဘွားတွေကို သွားကန်တော့ရတိုင်း ချောင်ကပ်ပြီးထိုင်နေရတဲ့ဘဝရောက်နေသူပေါ့.... ဒီဘဝကျွတ်ဖို့ ဘန်ကောက်သားနဲ့အိမ်ထောင်ကျရင် သူ့ဘဝပြောင်းသွားလိမ့်မယ်လို့ ယုံကြည်တဲ့ စုမ်ပွိုင်တစ်ယောက် ဗေဒင်ဆရာတစ်ယောက်ရဲ့  ဘန်ကောက်သားနဲ့အဆင်ပြေဖို့ ယတြာကို လိုက်လုပ်မိရာက အလွဲပေါင်းများစွာကြုံရပါတော့တယ်... ဒီကားလေးကအတော်ကိုရယ်ရသလို ထိုင်းသမီးလေးနဲ့ မင်းသား ၂ယောက်ဟာလည်း အရမ်းလှ အရမ်းချောပါတယ်... မျက်စိအဟာရဖြစ်အောင် အလှလေးတွေပါတဲ့အပြင်  ဇာတ်လမ်းလေးလည်းကောင်းတာကြောင့် ကြည့်ကြပါလို့တိုက်တွန်းလိုက်ပါတယ်... File Size :(2.23GB) (1.1GB) and (418 MB) Quality : WEB-DL  720p Format…mp4 Duration…01:59:00 Genre :Romance , Drama ,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Angel & Myo Chothet Encoded by Phyo Pyae

6.5 2021 118 mins
Get Him Girl!
One Piece Film Red
7.4

One piece red film ................................. IMDb 6.9/10 Rotten Tomatoes 95% ဒီကားက​တော့ One Piece Animation Movie​တွေရဲ့၁၅ကား​မြောက်ရုပ်ရှင်ပါ။ မထွက်ခင်ကတည်းက ပရိသတ်​တွေကြား ​တော်​တော်ကိုhypeခဲ့ကြသလို ထွက်လာ​တော့လည်း Jujutsu no Kaisen movieကို ရုံဝင်​ငွေမှာ ​အ​မေရိကန်​ဒေါ်လာ၁၈၀သန်းနဲ့တောက်ချပစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ one piece anine seriesရဲ့အပိုင်း၁၀၀၀ပြည့်​မြောက်တဲ့ အထိမ်းအမှတ်နဲ့ထုတ်ခဲ့တာပါ။ ဒါ​ပေမဲ့ one piece film red စီးရီးဇာတ်လမ်းနဲ့​တော့ဆက်မ​နေပဲ alternate timelineအ​နေနဲ့(non canon)ပဲရှိပါတယ်။ ဆို​တော့ကာ စီးရီးကြည့်ပြီး Shanksရဲ့သမီးက ဘယ်က​ပေါ်လာတာလဲစဥ်းစားမ​နေနဲ့ဗျ။ ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ ဖျက်ဆီးခံလိုက်ရပြီလို့လူသိများတဲ့ Elegiaကျွန်း​ပေါ်မှာ နာမည်​ကျော်အဆို​တော်မ​လေး Utaဟာ သမိုင်းတွင်​လောက်မယ့်ရှိုးပွဲတစ်ခုကိုလုပ်ဖို့ စီစဥ်ထားတာ​ကြောင့် ငဖီတို့အဖွဲ့လည်း ရှိုးပွဲကြည့်ဖို့​ရောက်လာပါတယ်။ ရှိုးပွဲကို​​ရောက်​တော့ ငဖီနဲ့ Uta​တွေ့ဆုံချိန်မှာ Utaဟာ ငဖီရဲ့ငယ်သူငယ်ချင်းဖြစ်​နေတာကိုသိလိုက်ရပါတယ်။ Utaဟာ သူ့ရဲ့ရှိုးပွဲဟာ ရာသက်ပန်​ပျော်ရွှင်​စေမယ့်ပွဲဖြစ်​စေရမယ်လို့ ​ကြေညာခဲ့ပြီး ​ရွှေပွဲလာပရိသတ်​တွေကိုလည်းဆန်းကြယ်တဲ့​ ဖျော်​ဖြေမှု​တွေနဲ့တင်ဆက်ခဲ့ပါတယ်။ ဒါ​ပေမဲ့ သူ့ရဲ့ရှိုးပွဲ​နောက်ကွယ်မှာ​တော့ ​မှောင်မိုက်တဲ့လျှို့ဝှက်ချက်တစ်ခုဟာ ​စောင့်ကြို​နေပါတယ်။ အဲ့ဒီလျှို့ဝှက်ချက်က​တော့..... File size…2.68GB / 1.36GB Quality…1080p HEVC / 720p  Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle(Hard Sub) Encoder….Thit San Khant Translated by Dr.Nyan

Action • Adventure • Fantasy
7.4 2022 115 mins
One Piece Film Red
Spies in Disguise
7.6

ကာတွန်းကား ကောင်းကောင်းကြည့်ချင်တဲ့ သူတွေအတွက် လာပါပြီ။ ရယ်လည်းရယ်ရတယ် ဇာတ်လမ်းလည်းမိုက်တယ်။ အသံသရုပ်ဆောင်ထားသူတွေကတော့ မပြောရင်တောင် အသံကြားတာနဲ့ သိမယ့် ၂ ယောက်ပါပဲ။ ဝယ်လ် စမစ်သ် ရယ် တွမ် ဟော်လန် ရယ်ပါ။ တကယ်လိုက်ဖက်တဲ့ သူတွေပါပဲ။ ဝယ်လ်စမစ်သ်က လန့်စ်စတာလင်ဆိုတဲ့ အရမ်းတော်တဲ့ စပိုင်တစ်ယောက်။ သူက အရမ်းတော်ပေမယ့် တစ်ကိုယ်တော်ပဲ လှုပ်ရှားတတ်တဲ့သူ။ တွမ်ဟော်လန်ကတော့ ဝေါ်တာ ဘက်ကက် ဆိုတဲ့ ဉာဏ်ကြီးရှင်တီထွင်သူ အူကြောင်ကြောင် ကောင်လေး အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ ဝေါ်တာရဲ့ တီထွင်ချက်တွေကို အေဂျင်စီမှာ ဘယ်သူမှ အထင်မကြီးတဲ့အပြင် လန့်စ်ကိုပါ ပြဿနာ သွားလုပ်မိလို့ အလုပ်ဖြုတ်ခံလိုက်ရတော့တယ်။ ဒါပေမယ့် လန့်စ်နဲ့ မျက်နှာတူ လူဆိုးတစ်ယောက်ကြောင့် လန့်စ် တစ်ယောက် အထင်လွဲခံရပြီး ထွက်ပြေးရတဲ့အခါမှာ မလွှဲမရှောင်သာ ဝေါ်တာနဲ့ပူးပေါင်းပြီး အလွဲလွဲအချော်ချော်နဲ့ လူဆိုးကို အမိဖမ်းဖို့ ကြိုးစားရပါတော့တယ်။ File Size : ( 948 MB , 345 MB ) Quality : BluRay 720p Running Time : 1 hr 42 min Format : Mp4 Genre : Animation , Action , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Crime • Drama
7.6 2019 102 mins
Spies in Disguise
Before I Met You

Before I met you (2022) “အချစ်” ဆိုတာ ကျွန်တော်တို့မကြာခဏ တွင်တွင်ပြောနေတတ်တဲ့ စကားလုံးတစ်လုံးပါပဲ။ ဒါပေမဲ့ ဒီစကားလုံးရဲ့အနက်ကို ဘယ်သူမှတိတိပပ အဖြေမထုတ်နိုင်ပါဘူး။ အချစ်ဆိုတာဘာလဲလို့မေးရင် အဖြေမထွက်သူများပေမယ့် ဒီအချစ်ကိုယူမလားမေးရင်လည်း ငြင်းမယ့်လူကခပ်ရှားရှားရယ်ပါ။ အခုဒီကားလေးကတော့ သစ်ရွက်လှုပ်ရင်ရယ်တတ်တဲ့အရွယ် ကျောင်းသားတွေကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို သရုပ်ဖော်ထားတာပါ။ ပြောင်းလဲလွယ်တဲ့အရွယ်ရဲ့ အချစ်ဇာတ်လမ်းဆိုတော့ ဇာတ်လမ်းအလှည့်အပြောင်းများတာကတော့ ထူးထွေပြောစရာလိုမယ်မထင်ပါဘူး။ ပွေရှုပ်တတ်တဲ့အဖေရဲ့သမီးတိုင်းမှာ ယောက်ျားတွေကိုမယုံ အချစ်ကိုမယုံတတ်တဲ့စိတ်ဒဏ်ရာ ကိန်းအောင်းနေတတ်တော့ ဂါးဒစ်စ်အတွက် အချစ်ကိုလက်သင့်မခံနိုင်တာ အဆန်းမဟုတ်ပါဘူး။ ဒီလိုစိတ်ဒဏ်ရာတွေနဲ့ ကောင်မလေးရဲ့ဘဝထဲကို ကျောင်းရဲ့နာမည်ကျော်ငပွေငရှုပ်ကောင်ဇိုးလေးဘာရာနဲ့ ကော်ဖီဆိုင်မှာသီချင်းဆိုနေပေမယ့် လက်တွေ့မှာကျိကျိတက်ချမ်းသာတဲ့ သူဌေးသားလေးရာမာတို့ ဝင်ရောက်လာပါတော့တယ်။ အချစ်ဦးကလည်းဖြစ်နေတဲ့အပြင် Mr. Perfect Guyဖြစ်ပေမယ့် ဆိုင်သူရှိနေပြီဖြစ်တဲ့ရာမာ၊ တစ်ချိန်က ဘယ်လောက်ပွေခဲ့ရှုပ်ခဲ့ပါစေ ဂါးဒစ်စ်ကိုမှ ကြွေသွားပါပြီဆိုတဲ့ အမြဲအနားမှာရှိနေပေးတဲ့ ဘာရာနဲ့ ဂါးဒစ်စ်တို့ရဲ့ ၃ ပွင့်ဆိုင်ချစ်ဇာတ်လမ်းရဲ့အဆုံးသတ်က ဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size…1.9GB | 952MB | 497MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. August

Drama • Romance
0 2022
Before I Met You
I Love You, Man
7

I Love You, Man (2009) ~ IMDb – 7/10, Rotten Tomatoes – 83% ~ ကျွန်တော်တို့ ယောက်ျားလေးတွေတိုင်းမှာ ဆိုးတူကောင်းဖက် ဘော်ဒါ တွေဆိုတာ ရှိတတ်ကြပါတယ်။ ကိုယ် ဘာကောင်ကြီးပဲဖြစ်နေနေ ကိုယ့်ကို အခင်အမင်မပျက်မယ့် “သားကြီး” တွေပေါ့ဗျာ။ ဒီဇာတ်ကားလေးထဲမှာတော့ မင်းသားကြီး Paul Rudd က ကောင်မလေး မျက်နှာတစ်ချက် မညှိုးရအောင် လိုလေသေးမရှိထားတဲ့ Boyfriend Material ကြီး၊ မိန်းကလေးတိုင်းက ခင်မင်ရတဲ့ နားလည်တတ်သူကြီး ပီတာ အဖြစ် သရုပ်ဆောင်ထားပါတယ်။ မကြာခင် ဇနီးလောင်းလေး ဇိုဝီနဲ့ လက်ထပ်ရတော့မှာမို့ စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီး အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမဲ့ ပီတာမှာ အရေးကြီးဆုံးဖြစ်တဲ့ သတို့သားအရံ လုပ်ပေးမဲ့ အခင်ရဆုံး ယောက်ျားလေး သူငယ်ချင်း မရှိဘူး ဖြစ်နေပါတယ်။ ဒီတော့ လူရိုးလူဖြောင့်ကြီး ပီတာ တစ်ယောက် ယောက်ျားလေး သူငယ်ချင်း ရှာပုံတော်ဖွင့်ရင်း နောက်ဆုံးမှာတော့ ကျားဆိုမှကျား ဘ၀ကို ပေါ့ပေါ့ပါးပါး နေတတ်တဲ့ ဆစ်ဒ်နီ တစ်ဖြစ်လဲ Jason Segel နဲ့ ဆုံမိပြီး လမိုင်းကပ်သွားကြပါတော့တယ်။ ဆစ်ဒ်နီနဲ့ ပီတာ၊ ပီတာ နဲ့ ဆစ်ဒ်နီ နှစ်ယောက်ကြား သူငယ်ချင်း ခင်မင်မှု ခိုင်မာလာပုံကို အလွဲလေးတွေ ဟာသလေးတွေနှောရင်း ရင်ထဲမှာ နွေးထွေးသွားအောင် ခင်းကျင်းပြထားတဲ့ ‌ဒီဇာတ်ကားလေးကို CM ပရိသတ်တွေ ခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ “ဒီဇာတ်ကားလေးကို ကြည့်ရင်းနဲ့လည်း ကိုယ့်ရဲ့ အခင်ရဆုံး သားကြီး တစ်ယောက်လောက်ကို ပြေးသတိရမိမယ် ထင်ပါတယ်” (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 802MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 45Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

7 2009
I Love You, Man
Popran
5

2022 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း….. အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.2 GB)/(647 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Comedy, fantasy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

Comedy • Horror • Crime • Fantasy
5 2022
Popran
Yamadonga
7.2

Yamadonga (2007) “ယမမင်းရဲ့ ခိုးသားကြီး” IMDb-7.2/10 RRR(2022)ထဲမှာ မင်းသားရန်ချရန်နဲ့အပြိုင် ပါဝင်ခဲ့တဲ့ မင်းသားချောကြီး NTRရဲ့ ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ငယ်ငယ်ကတည်းက မိဘတွေဆုံးပါးသွားခဲ့ပေမယ့် ကောင်းခြင်းတွေနဲ့ မွေးဖွားလာတဲ့ဆိုတဲ့ ကလေးမလေး။ အရွယ်ရောက်လာတဲ့အခါ ချောမောခန့်ညားတဲ့ မင်းသားတစ်ပါးလို ယောကျ်ားမျိုးနဲ့ ဖူးစာဆုံမယ်ဆိုတဲ့ ပုဏ္ဏားကြီးရဲ့ ဟောစကားကို ယုံကြည်ရင်း ချစ်သူကိုစောင့်မျှော်နေခဲ့ရှာတယ်။ ကံကောင်းခြင်းတွေ မရောက်လာခင်မှာတော့ စင်ဒရဲလားလိုဘ၀မျိုးနဲ့ အဒေါ်ဖြစ်သူရဲ့ အနှိမ်ခံ၊ အငြူစူခံ၊ အနှိပ်စက်ခံရင်း နေနေရရှာတုန်း။ သူနဲ့ဖူးစာဆုံမယ့်ယောကျ်ားက ရှေ့ကသွားနေပြီဆို လူတွေ ကြွေးကြော်သံတွေနဲ့အတူ နောက်ကလိုက်နေမယ့်ယောကျ်ားမျိုးတဲ့။ တကယ်လည်း လူတွေနောက်ကနေ လိုက်ကြပါတယ်။ “သူခိုးဟေ့..သူခိုး”ဆိုတဲ့ ကြွေးကြော်သံတွေဖြစ်နေတာတစ်ခုပဲ။ အဲဒီသူခိုးက တကယ်ပဲ မင်းသားတစ်ပါးလို အဆင့်အတန်းနဲ့ သူ့ဆီကိုရောက်လာနိုင်မှာလား။ သူတို့တွေ ဖူးစာဆုံပြီး ပျော်ရွှင်တဲ့ ဘ၀တစ်ခုကိုတည်ဆောက်နိုင်မှာလားဆိုတာ မင်းသားကြီး NTRရဲ့ Devara(2024)ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိမလာခင် အပျင်းပြေကြည့်ရှုကြပါဦးလို့…။ (အညွှန်းနဲ့ဘာသူပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.2 2007 178 mins
Yamadonga
Super Villain
5.8

ပိချောင်းဟာ အသက် ၄၀ ပြည့်ခါနီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ အရွယ်တူသူငယ်ချင်းတွေက အောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေခဲ့ပေမဲ့ သူကတော့ ပွဲဦးထွက်တာ ကြာပြီး နာမည်မရှိနိုင် ဖြစ်နေပါတယ်။ နာမည်ကြီးချင်တဲ့ ပိချောင်းဟာ မိန်းမနဲ့ ကလေးကို လျစ်လျူရှုမိသလို ဖြစ်နေတဲ့အတွက် မိသားစုဘဝလည်း မသာယာနိုင်ဖြစ်နေပါတယ်။ “သူဌေးကြီးကို ပြန်ပေးဆွဲခြင်း” ဆိုတဲ့ ရုပ်ရှင်မှာ ဗီလိန်ကြီးနေရာမှာ သရုပ်ဆောင်ခွင့်ရလိုက်တဲ့အခါ ပိချောင်းဟာ ဒီဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် အပြင်းအထန် လေ့ကျင့်ပါတော့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ကားမတော်တဆဖြစ်ပြီး အတိတ်မေ့သွားပါတော့တယ်။ အတိတ်မေ့သွားတဲ့ ပိချောင်းဟာ ဘေးမှာရှိတဲ့ ရုပ်ရှင်အချက်အလက်ကိုကြည့်ပြီး သူ့ကိုယ်သူ လူသတ်သမားဗီလိန်ကြီးကျောက်တုံးရှန်းလို့ ထင်သွားခဲ့တဲ့အခါ…… သူဌေးကြီးကို ပြန်ပေးဆွဲဖို့ ဘယ်လိုကမောက်ကမ အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Super Villain ဆိုတဲ့ ဟာသရုပ်ရှင်လေးကို ကြည့်ရှုရယ်မောလိုက်ကြပါဦးနော်။

5.8 2024
Super Villain
The Foul King
6.9

The Foul King ( 2000 ) IMDb: 6.9/10 Genre: Comedy/Sport I Saw the Devil, A Bittersweet Life , The Good, the Bad, the Weird တို့ရဲ့ ဒါရိုက်တာKim Jee-woonကိုတော့ မသိတဲ့လူမရှိလောက်ပါဘူး။ ကိုရီးယားရဲ့ အထင်ရှားဆုံးဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်သလို ပွဲဦးထွက်ကတည်းက ကိုရီးယားရဲ့ ထိပ်ဆုံးမင်းသားတွေဖြစ်တဲ့ ချွဲမင်ဆစ် , ဆောင်းကန်ဟို, လီဗြောင်ဟွန်းတို့လို လူတွေနဲ့ပဲ ဆက်တိုက်ရိုက်နိုင်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ ချွဲမင်ဆစ် ,ဆောင်းကန်ဟိုတို့နဲ့ The Quiet Familyကို ပွဲဦးထွက်အနေနဲ့ ရိုက်ခဲ့ပြီး ဒုတိယကားအနေနဲ့ The Foul Kingကို ဆောင်းကန်ဟိုနဲ့ ရိုက်ခဲ့တယ်။ နောက် A Tale of Two Sisters, A Bittersweet Life, The Good, the Bad, the Weird , I Saw the Devil , The Age of Shadows, Illang: The Wolf Brigade, Cobwebစတဲ့ ရုပ်ရှင်တွေကို ရိုက်ခဲ့တယ်။ အကုန်လုံး ဘောင်ဝင်တန်းဝင်ကားတွေချည်းပါပဲ။ ထုံးစံအတိုင်း ဟောလိဝုဒ်က သူ့ကိုခေါ်ရိုက်ခိုင်းထားတဲ့ အားနိုးကား The Last Stand (2013)တစ်ခုပဲ သိပ်မစွံလှတာပါ။ တစ်ချက်ရှိတာက ပွဲဦးထွက်၂ကားကိုကြည့်ရင် ကင်ဂျီးဝန်ဟာ Black Comedy အားသန်တဲ့ Black Comedyကို အသားပေးရိုက်ပြချင်တဲ့ ဒါရိုက်တာဆိုတာ မြင်သာနေပေမဲ့ Cobwebမတိုင်ခင် နောက်ပိုင်းကားတွေအကုန်လုံးမှာ သူဟာ Black Comedy မဆန်တော့ပါဘူး။ ကောင်းပေမဲ့ Mainstreamရုပ်ရှင်ဆန်ဆန်ကားတွေပဲဖြစ်သွားပါတယ်။ ပွဲဦးထွက်နှစ်ကားနောက်ပိုင်း ကားတွေအကုန်လုံး ဒီလိုဖြစ်နေခဲ့ပေမဲ့ နောက်ဆုံးထွက်ခဲ့တဲ့ Cobwebမှာတော့ ကင်ဂျီးဝန်ဟာ Black Comedyလိုင်းဘက် ပြန်ရောက်သွားပါပြီ။ ဒါပေမဲ့ လုံးဝ Black Comedy ဘက် ပြန်ရောက်လာပြီလို့တော့ ပြောမရပြန်ပါဘူး။ နောက်ရိုက်မယ့်၂ကားလုံး Black Comedy ဖြစ်နိုင်ခြေမရှိသလောက်ဖြစ်နေလို့ပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ကင်ဂျီးဝန်ကို Black Comedyကားတွေပိုရိုက်စေချင်ပေမဲ့ နောက်၂ကားထိတော့ အလားအလာမရှိသေးဘူး။ ဒီနေရာမှာတစ်ခုရှိတာက လက်ရှိအရေအတွက်အရတော့ သူ့Black Comedyကားတွေထက် ကျန်တဲ့ကားအများစုက ဇာတ်လမ်းဇာတ်အိမ်ရော တင်ဆက်ပုံရောပိုကောင်းနေပါတယ်။ ပွဲဦးထွက်တွေမှာ ရိုက်ခဲ့သကိုး။ Cobwebမှာတော့ အဲဒီအားနည်းချက်တွေ မရှိသလောက်ဖြစ်သွားတယ်ပြောရမယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ကင်ဂျီးဝန်းကို ကျွန်တော့်အနေနဲ့တော့ I Saw the Devilတို့လိုပုံစံမျိုးထက် Black Comedyကားတွေမှာ ပိုအရသာတွေ့ပါတယ်။ လက်ရှိအထင်ကရထိပ်တန်း ဒါရိုက်တာတွေထဲ ကင်ဂျီးဝန်းပုံစံဟာ အဲဒီကားတွေမှာတော့ လုံးဝကွဲထွက်နေလို့ မတူတဲ့အရသာတစ်မျိုးပေးနိုင်လို့ပါပဲ။ The Foul Kingကတော့ ရုံးမှာ အထက်လူကြီး အနိုင်ကျင့်ခံနေရတဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်ကနေ မဆီမဆိုင် ပရိုနပန်းလောကထဲဝင်ပြီး နပန်းသမားဝင်လုပ်တဲ့အကြောင်းပါပဲ။ တော်တော်စားတဲ့ ဇာတ်ကြောင်းလို့ပြောရမယ်။ ဒီလိုစားတဲ့ ဇာတ်ကြောင်းကို ကင်ဂျီးဝန်က Black Comedyဆန်ဆန် ဇာတ်ဝင်ခန်းတွေနဲ့ အသက်သွင်းထားတာကို ဒီရုပ်ရှင်မှာ ကျွန်တော်တို့မြင်ရမှာပါ။ မင်းသားက ဆောင်းကန်ဟိုဆိုတော့ ဇာတ်ကောင်နဲ့လည်းတော်တော်လေးပနံသင့်တော့ အတိုင်းအတာတစ်ခုအထိတော့ ပြည့်စုံတဲ့ ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ဇာတ်အိမ်က အရမ်းကြီးတော့ အားရစရာမကောင်းနေတဲ့အတွက် ဒီရုပ်ရှင်ဟာ Black Comedyဆန်ဆန် ဇာတ်ဝင်ခန်းတွေကို အရသာခံကြည့်ရတာကြိုက်တဲ့လူတွေအတွက်လိုဖြစ်နေပါလိမ့်မယ်။ I Saw the Devilတို့လိုပုံစံမျိုး သွားမမျှော်လင့်မိဖို့တော့ လိုပါလိမ့်မယ်။ File size… 2.6 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Comedy/Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

6.9 2000 112 mins
The Foul King
Murder Company

ဒီဇာတ်ကားလေးက ဒုတိယကမ္ဘာစစ်အတွင်း D-Day ကျုးကျော်မှုကာလာမှာ ဇာတ်အိမ်တည်ထားတာပါ၊ဇာတ်ကားလေးကတော့ နာဇီအကြီးတန်းအရာရှိကို လုပ်ကြံသတ်ဖြတ်တဲ့ကားလေးပါ၊ ကျုးကျော်မှုရဲ့ရှေ့ပြေးအ‌ဖြစ်နဲ့ အမေရိကန်လေထီးတပ်သားတွေဝင်ရောက်လာကြပါတယ်၊ စီစဉ်ထားတဲ့အတိုင်းမဖြစ်လာခဲ့ဘဲ အဖွဲ့တွေကကွဲပြီး အင်းအားမစုစည်းမိပဲဖြစ်ခဲ့ကြပါတယ်၊ ဒီမှာ မတူညီတပ်ရင်းတွေက အမေရိကန်စစ်သားတွေဖြစ်တဲ့ ဒုဗိုလ် Dean Smith၊ ဆာဂျင် Southern၊ တပ်သား Stubbs နဲ့ Coolidge နဲ့ ဆေးတပ်သား Miller တို့ဟာ တပ်စုတခုအနေနဲ့ စုစည်းမိခဲ့ကြပါတယ်၊ ရှေ့ပြေးကျုးကျော်မှုဟာထင်သလိုမဖြစ်လာတဲ့အခါ ဂျင်နရယ် Haskel ဟာ Smith တို့ကို တာဝန်တခုပေးပါတော့တယ်၊ ဒီတာဝန်ဟာ ပြင်သစ်နယ်မြေအတွက် အရေးပါတဲ့ နာဇီ ထိပ်တန်းအရာရှိတယောက်ဖြစ်တဲ့ Ramsey ကိုလုပ်ကြံဖို့ပါ၊ ဒီလိုလုပ်ကြံဖို့အတွက် Smith တို့ဟာ ၊Ramsey ရဲ့အကြောင်းကိုသိနေတယ့် ပြင်သစ်‌တော်လှန်‌ရေး တပ်သားတယောက်ဖြစ်တဲ့ Daquin ကိုအရင်ကပ်ထုတ်ခဲ့ရပြီး Ramsey ကိုလုပ်ကြံမဲ့အစီအစဉ်စခဲ့ကြပါတော့တယ်၊ Smith တို့အဖွဲ့ရဲ့တာဝန်ကိုပြီးမြောက်သွားကြမလားဆိုတာကို ဒီဇာတ်ကားကဆက်ပြီးပြောပြပါလိမ့်မယ် ၊ ဒုတိယကမ္ဘာကစစ်သားတို့ရဲ့ အိမ်ပြန်ချိန်ကိုလွမ်းဆွတ်ရပုံတွေ၊ ရဲဘော်ရဲဖက်စိတ်ဓာတ်အပြည့်နဲ့တိုက်ပွဲဝင်ခဲ့ကြပုံတွေကို ဖော်ကျူးထားပြီး အသက်ဝင်တဲ့ သရုပ်ဆောင်မှုတွေအတွက် ချီးကျူးမှုတွေရထားတဲ့ ဇာတ်ကားကောင်းလေးတကားပါ File size…(1.4 GB)/(762 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre… War, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw

0 2024
Murder Company
Anora
8.1

Anora (2024) ========= IMDb Rating (8.1) Rotten Tomatoes (96 %) 2024 ရဲ့အော်စကာဆုကိုမှန်းထားကြတဲ့ ဒါရိုက်တာ Sean Baker ရဲ့ Anora ရုပ်ရှင်ကားကြီးထွက်ရှိလာပါပြီ။ NEON ကုမ္ပဏီက ဖြန့်ချိထားတဲ့ ဒီရုပ်ရှင်နဲ့ ဆရာကြီး Sean Baker ကတော့ Cannes Film Festival ရဲ့ အမြင့်ဆုံးဆု Palme d’Or ကို လောလောလတ်လတ်ရရှိခဲ့ပြီးပါပြီ… ထပ်ပြီးတော့ အော်စကာနဲ့ Golden Globe ဆုပေးပွဲကြီးတွေမှာ တစ်ပြေးနေမယ်လို့ခန့်မှန်းထားကြတဲ့ ၂၀၂၄ တစ်နှစ်တာရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့…. အဖော်အချွတ်ကလပ်မှာ အဖော်ချွတ် ဒန်ဆာမယ်အဖြစ် လုပ်တဲ့ အန်နိုရာ(ခေါ်)အန်နီဟာ တစ်နေ့တော့ သူ့ကလပ်ကို လူချမ်းသား ရုရှားက RK လေး အီဗန်နဲ့ဆုံဖြစ်ကြပါတယ်။ အန်နီကလည်း အဖွားဖြစ်သူက ရုရှားဖြစ်တဲ့အတွက် ရုရှားစကား တတ်တာကြောင့် ၂ ယောက်သားအတိုင်အဖောက်ညီပြီး နောက်နေ့မှာ အန်နီကို အီဗန်က သူ့အိမ်မှာ သီးသန့်ခေါပြီး အသုံးတော်ခံဖို့ ဖိတ်လိုက်ပါတယ်.. ဒီလိုနဲ့ အဖော်အချွတ်မယ်လေးကို စွဲလန်းသွားတဲ့ အီဗန်က သူနဲ့အတူ တစ်ပတ်လောက် ရည်းစားအဖြစ်နေပေးဖို့ တောင်းဆိုရာကနေ လက်စ်ဗီးဂက်မှာ လက်ထပ်ဖို့အထိဖြစ်သွားတဲ့အခါမှာတော့…. ရုရှားက ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းကြီး အီဗန်ရဲ့ မိဘတွေက သူတို့ရဲ့ရွှေပေါ်မြတင် သားလေးနဲ့ အဖော်အချွတ်မယ်ကိုသဘောတူပါ့မလား… ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာ….။ ဇာတ်လမ်းက ရိုးရိုးလေးဖြစ်ပေမယ့်… ဇာတ်ကားက ဘာလို့ နာမည်ကြီးပြီး ဆုဝင်တန်းဝင်ကားဖြစ်နေလဲ ဆိုတာကတော့ ကိုယ်တိုင်ခံစားကြည့်မှ သိနိုင်မှာပါ… Screams ရုပ်ရှင်တွေနဲ့နာမည်ကြီးခဲ့တဲ့မင်းသမီးချော Mikey Madison ရဲ့ ခန္တာကိုယ် အလှအပတွေကို ဘွင်းဘွင်းကြီး မြင်ရမယ့်ကားပါ။ အဖော်အချွတ်အခန်းတွေ စကားအသုံးအနှုန်းတွေကြမ်းတာတွေကြောင့် မိသားစုနဲ့ ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး။ မင်းသားကတော့ ရုရှားက တက်သစ်စမင်းသားချောလေး Mark Alexandrovich Eidelstein ဖြစ်ပြီး ရူးရူးမိုက်မိုက်နဲ့ အချစ်ကြမ်းတဲ့ သူဌေးသားလေးနေရာကနေ အထာကျစွာပါဝင်ထားပါတယ်။ File size… (11GB) / (2.66GB) / (1.08GB ) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….2h 19m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Cyberboy

Crime • Thriller • Drama • TV Movie
8.1 2024 139 mins
Anora