YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Missing.The.Other.Side.2.2022.E11.1080p.WEB-DL.mp4

953.88 MB N/A video/mp4 196 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The House That Never Dies II
3.7

သရဲကားကြိုက်သူများအတွက် Horror /Thriller ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ၁ ထွက်ရှိခဲ့ပြီး ၂၀၁၇ မှာတော့ ၂ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ အိမ်နံပါတ် ၈၁ မှာပဲစတာဖြစ်ပါတယ်။ အဲ့ဒီအိမ်ကြီးက ကိုလိုနီခေတ်က ဂုဏ်သတင်းကြီးတဲ့ ဗိုလ်မှူးတစ်​ယောက်ရဲ့အိမ်တော်ကြီးဖြစ်ခဲ့တာပေါ့။ အခုအချိန်မှာတော့ အပျက်အစီးတွေနဲ့ ပုံစံကိုကခြောက်ခြားစရာကောင်းလှတဲ့ သရဲအိမ်ကြီးဖြစ်လို့နေပါပြီ။ အိမ်ကြီးကိုပြုပြင်ဖို့အတွက်အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ဟာ ခြံဝန်းကိုရှင်းလင်းရင်းနဲ့အရိုးစုတစ်စုထွက်လာတာကနေစပါတယ်။ အိ မ်ကြီးရဲ့ရာဇဝင်ကိုသိထားကြတဲ့အလုပ်သမားတွေက အလုပ်ထွက်သွားကြတဲ့အခါ၊ ခေါင်းဆောင်တစ်ယောက်ပဲကျန်ရစ်ခဲ့ပါတော့တယ်။ ခေါင်းဆောင်ဟာအိမ်ကြီးမှာနေပြီး လုပ်ငန်းဆက်လုပ်ဖို့ပြင်တဲ့အခါ... အဲ့ဒီနောက်ပိုင်းကျောချမ်းစရာအဖြစ်အပျက်တွေဆက်တိုက်ဖြစ်လာရင်း... အိမ်ကြီးမှာကပ်တွယ်နေတဲ့ မကျွတ်မလွတ်တဲ့သရဲက ဘယ်လိုတွေခြောက်ခြားဖွယ်အရိပ်အယောင်တွေပြပြီး၊ ဘယ်လိုတွေခြောက်လှန့်မလဲဆိုတာတော့ ဇာတ်ကားကြည့်ရင်းကိုယ်တိုင်သာကြောက်လိုက်ကြပါတော့။ Quality : WEB-DL 1080p , 480p Format: mp4 Genres : Drama , Horror , Mystery Runtime : 1h 37min Subtitle : Myanmar Subtitle ( hardsub ) Translated by Ann Chi , Nu Mon , Yin Wai Phyo Encoded By LK

Action • Adventure • Horror • Science Fiction • Thriller
3.7 2017 97 mins
The House That Never Dies II
Happy Death Day 2U
6.3

ဒီကားက 2017 တုန်းကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ဇာတ်ကားလေးဖြစ်ပါတယ်။ ပထမကားမှာ တက္ကသိုလ်ကျောက်းသူလေးတစ်ယောက် ရုတ်တရက်သူ့မွေးနေ့မှာ မနက်အိပ်ရာနိုးလာတော့ ပုံမှန်လိုပဲတနေ့တာကုန်ဆုံးပေမဲ့ အဲဒီနေ့ညမှာ လူသတ်သမားတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ Happy Birthday မဖြစ်ဘဲ Happy Death Day ဖြစ်လာရတဲ့အကြောင်းအရင်းကတော့ သူအသတ်ခံရပြီးပေမဲ့ အဲ့ဒီနေ့ သူ့မွေးနေ့မှာပဲ ပြန်နိုးလာပြန်ပြီး အရာရာတိုင်းကတပုံစံတည်းဖြစ်နေပါတယ်။ ပြောရရင် သူ့မွေးနေ့မှာပဲ ပြန်ပြန်နိုးလာပြီး ညရောက်ရင်အသတ်ခံရလိုက် နိုးလာလိုက်နဲ့ Happy Death Day ကိုဆင်နွဲခဲ့ရတာပါ။ ပထမကားမှာ သူ့ကိုသတ်တဲ့လူကိုဖော်ထုတ်နိုင်ပြီး ဇာတ်သိမ်းသွားပေမဲ့ ဒီဒုတိယကားမှာတော့ သူ့လိုဖြစ်တဲ့နောက်တစ်ယောက်ပေါ်လာပါတယ်။ အစကတော့ သူ့လိုနောက်တစ်ယောက်ဆိုပြီးကူညီပေးပေမဲ့ ကောင်းကြိုးထက်ဆိုးကြိုးများပြီး သူပါအရင်လိုပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့အရာရာက အသတ်ခံရတာကလွဲလို့ အရင်လိုမဟုတ်တော့ပါဘူး။ ဘာတွေကွဲပြားသွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ ေ့ရှကားမှာတော့ ဘာလို့နေ့တစ်နေ့ထဲမှာ ပိတ်မိနေရတာလဲဆိုတာကို ထည့်မပြထားဘဲ Mystery ဆန်ဆန်ထားခဲ့ပေမဲ့ ဒီကားမှာတော့ အေ ကြာင်းအရင်းကိုဖော်ပြထားပါ။ အဲ့ပြသနာအရင်းအမြစ်ကိုဖြေရှင်းမှပဲ သူလွတ်မြောက်နိုင်မှာပါ။ ခုကားမှာတော့ Mystery ထက် Sci-Fi ဖက်နွယ်ပြီးသွားတဲ့အတွက် ပထမကားနဲ့မတူ အရသာအနည်းငယ်ကွဲသွားပါလိမ့်မယ်။ ေ့ရှကားကြည့်ဖူးတဲ့သူတွေလည်း ဆက်အားပေးလို့  ကြည့်ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung  ပဲဖြစ်ပါတယ်....

Action & Adventure • Drama • War & Politics
6.3 2019 100 mins
Happy Death Day 2U
Daddy's Home 2
6.3

ဒီဇာတ်ကားလေးကတော့ လွန်ခဲ့တဲ့ ၃ နှစ်ကရိုက်ကူးခဲ့ပြီး ပရိတ်သတ်အားပေးမှုတစ်ခဲနက်ရရှိခဲ့တဲ့ Daddy's Home (2015) ရဲ့အဆက် Daddy's Home 2(2017) ပဲဖြစ်ပါတယ်... ဒီဇာတ်ကားအတွက် ဘတ်ဂျက် ၆၉သန်း ဒေါ်လာလောက်နဲ့ရိုက်ကူးခဲ့ပေမယ့် Box Office မယ် ဒေါ်လာသန်း ၁၈၀ကျော် လောက်ထိ ပြန်ရခဲ့တာမို့ အတော် လန်းလောက်မယ့် ကားလေးလို့ ခန့်မှန်းနိုင်ပါတယ်... ဇာတ်လမ်းအကျဉ်း ဘက်သွားရမယ်ဆိုရင်ဖြင့်... ဘရက် နဲ့ ဒက်တီဟာ မီဂန် ဒိုင်လန်ဆိုတဲ့ကလေးနှစ်ယောက်ကို တွဲဖက် အုပ်ထိန်းနေကြတဲ့ အုပ်ထိန်းသူ အမျိုးသားနှစ်ဦးဖြစ်ပါတယ်... ကလေးနှစ်ဦးဟာလည်း ဟိုအိမ် တလှည့် ဒီအိမ်တလှည့် စီနေရင်း အုပ်ထိန်းစောင့်ရှောက်ခံရတာပေါ့... ဘရက်နဲ့ ဒက်တီတို့နှစ်ဦးမှာလည်း ဇနီးမယားကိုယ်စီရှိကြပါသေးတယ်... တစ်နေ့ ဒီဖခင်နှစ်ဦး ဟာ မီဂန်အတွက် ကျောင်းပြဇာတ်ကို လိုက်သွားခဲ့ရာမှ သူတို့ကလေးဟာ ဒီလိုအိမ်နှစ်လုံးမှာ တလှည့်စီနေထိုင်ရတာ မပျော်မရွှင်ဖြစ်နေကြောင်း သိလာရပါတယ်... ဒါကြောင့်ပဲ ... ခုနှစ် ခရစ်စမတ်ပွဲကိုတော့ ခါတိုင်းလို သီးခြားခွဲမလုပ်ကြဘူး... တစ်ပေါင်းတစ်စည်းတည်း လုပ်ပေးရင်း ကလေးအတွက် စိတ်ဖြေရာခရစ်စမတ်ပွဲလေး လုပ်ပေးကြမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်... အဲ့ဒီလို ဆုံးဖြတ်ပြီးလို့မှမကြာသေး အဖေနှစ်ယောက်တည်းက တစ်ယောက်ဖြစ်တဲ့ ဘရက်ဆီကို ဖုန်းဝင်လာပါတယ်... ဒက်တီရဲ့ အဖေ ဖိုးဖိုး ကတ်ထ် က ခရစ်စမတ်မှာ ဘရက်တို့နဲ့လာနေမယ်တဲ့... အလားတူပဲ နောက်အဖေတစ်ယောက်ဖြစ်တဲ့ ဘရက်ရဲ့ အဖေ ဖိုးဖိုး ဒွန်ကလည်း ခရစ်စမတ်ကို သူသားအိမ်မှာလာကျင်းပမယ်ဆိုပဲ.... အဖေ လေးယောက်သား စတွေ့ကတည်းက...တစ်ဦးနဲ့ တစ်ဦးအမြင်မကြည်ဖြစ်လာကြပြီး... ကလေးတွေနဲ့ ဖခင်လေးဦးသား ခရစ်စမတ်ကို ဘယ်လိုတွေများ ဖြတ်သန်းကြမယ်ဆိုတာ... ပရိသတ်ကြီးတို့ ပျော်ရွှင်ရယ်မော ဖွယ်ရှုစားလိုက်ကြပါဦး... File Size : (902 MB) Quality : Blu-Ray 720p Running Time : 1hr 40min Format : Mp4 Genre :Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-BLOW Translated by Lex Luthor Encoded by Thanhtike Zaw

Action • Fantasy
6.3 2017 100 mins
Daddy's Home 2
Rock Paper Scissors

Rock Paper Scissors(2021) ************************ အန်းနစ်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်.. ဆယ်ကျော်သက်အရွယ်မှာပဲ မိဘ ဖြစ်သူတွေကွာရှင်းကြပြီး လက်ရှိတက်နေတဲ့ကျောင်းကနေလည်း တခြားကျောင်းကိုပြောင်းတက်လိုက်ရတယ်.. လူကောင်သေးသေး နာမည်ဆန်းဆန်းဆိုတော့ ကျောင်းသစ်မှာ တစ်ချို့သူတွေက အနိုင်ကျင့်ကြတယ်.. တစ်နေတော့ သူ့လို အပယ်ခံကောင်လေးတွေက လာစည်းရုံးကြတယ်.. ဒေါ်လာ ၂သန်းခွဲတန် ချန်ပီယံ ကျောက်တုံး စက္ကူ ကတ်ကြေး ကစားပြိုင်ပွဲ ပါဝင်ဖို့ပေါ့..ဒီပြိုင်ပွဲကိုအနိုင်ယူဖို့ ပရိုဆန်ဆန် ပြင်ဆင်ကြတဲ့အခါမှာတော့…. File Size : (1.8GB)(843MB) and (231MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:37:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Thwin Encoded by Phyo Pyae

Crime • Drama • Horror
0 2021 95 mins
Rock Paper Scissors
The Butterfly Tree
5.5

လူတိုင်းလူတိုင်းဟာ ဆယ်ကျော်သက်အရွယ် လူကြီးစိတ်စ၀င်တဲ့အရွယ်မှာ ပထမဆုံးသဘောကျမိတဲ့သူ၊ ရင်ခုန်မိတဲ့သူ၊ crushမိတဲ့သူတွေ ရှိခဲ့ဖူးကြတာပဲမလား။ အဲဒီတစ်ယောက်ဟာ ရွယ်တူလည်းဖြစ်နိုင်တယ်၊ စီနီယာတစ်ယောက်ယောက်လည်းဖြစ်နိုင်တယ်၊ ရုပ်ရှင်ထဲက မင်းသား၊မင်းသမီးလည်းဖြစ်နိုင်သလို ရပ်ကွက်ထဲက သိပ်လှတဲ့ဦးလေး၊အဒေါ်အရွယ်တွေလည်း ဖြစ်‌နိုင်တာပဲလေ။ ဒီဇာတ်ကားမှာ အယ်လန် နဲ့ ဖင်း ဆိုတဲ့ သားအဖနှစ်ယောက်ဟာ သူ့(အယ်လန်)ဇနီး၊ သူ့(ဖင်း)အ‌မေကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက် ခက်ခဲလွန်းတဲ့နေ့ရက်တွေကို ကျော်ဖြတ်နေခဲ့ရပါတယ်။ အယ်လန်ဟာ ရည်းစားတွေလျှောက်ထားပြီး ဖြစ်ချင်တိုင်းဖြစ်နေခဲ့ပြီးတော့ ဖင်းကတော့ အိမ်မှာရှိတဲ့ သစ်ပင်ပေါ်က လိပ်ပြာမွေးထားတဲ့ခြံလေးထဲမှာပဲ အချိန်ဖြုန်းနေလေ့ရှိပါတယ်။ ကံကြမ္မာရဲ့ အလှည့်အပြောင်းလေးတစ်ခုမှာတော့ အဖော်အချွတ်မယ်ဟောင်းတစ်ယောက်၊ အလှပဂေးလေးတစ်ယောက်ဖြစ်တဲ့ အဲဗလင်းဆိုသူဟာ သူတို့မြို့ကို ရောက်လာခဲ့ပါတယ်။ အဲဗလင်းဟာ သူ့ရဲ့လိပ်ပြာ၀တ်စုံဟောင်းလေးကို ပြန်၀တ်ပြီး ကနေခဲ့တာကို လှမ်းမြင်ခဲ့ရတဲ့ ဖင်းတစ်ယောက် ရင်ထဲမှာပါ လိပ်ပြာတွေပျံပြီး မြင်မြင်ချင်း သဘောကျမိသွားပါတော့တယ်။ အယ်လန်ဟာလည်း အလုပ်သွားတဲ့အချိန်မှာ အဲဗလင်းနဲ့ ဆုံတွေ့မိခဲ့ပြီး သဘောကျသွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ကြောင်တောင်တောင်နိုင်တဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ် ပေါ်ပေါက်လာခဲ့ပြီး ဒီဇာတ်ရှုပ်ကြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ File size… 1.4 GB / 619 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

5.5 2017
The Butterfly Tree
An Ideal Host
5.6

An Ideal Host (2020) ================ An Ideal Host 2020 ကို ဒါရိုက်တာ Robert Woods က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 5.6 ရရှိထားပါတယ်။ Best Horror Comedy Feature ဆု နဲ့ Best Screenplay ဆု winner ဆုနှစ်ခုဆွတ်ခူးနိုင်ခဲ့ပြီး တင်သွင်းခံရတဲ့အဆင့် အနေနဲ့က ၁ ခါရှိခဲ့ပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပေမယ့် မိသားစုနှင့် အတူ ကြည့်လို့ရပါတယ်။ ဇာတ်အိမ်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ငယ်သူငယ်ချင်းတွေက ငယ်ငယ်ကတည်းကသူတို့နေခဲ့တဲ့နေရာမှာပဲ ပြန်ဆုံကြ ပါတယ်။ အဲဒီအချိန်မှာ ဒေစီဆိုတဲ့မိန်းကလေးက လစ်ဇ်ကို စိတ်တိုနေခဲ့ပါတယ်။ လစ်ဇ်က ထက်မြက်သူဖြစ်တော့ တစ်ခုခုမှာတော့ အောင်မြင်အောင်လုပ်နိုင်လောက် မယ်လို့ သူက မျှော်လင့်ထားတာပါ။ ဒါပေမယ့် သူမျှော်လင့်သလိုဖြစ်မလာတဲ့အ ခါမှာတော့။ အဲဒီအချိန်မှာ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကို ဘယ်လိုရင်ဆိုင်ကြ မလဲဆိုတာကိုတော့ Horror ပရိတ်သတ်တွေ ကြည့်ရှုခံစားကြပါဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(2 GB) / (1.22 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror, Sci-Fi Translator…….Thy Santa Encoder……….SWM

TV Movie • Drama
5.6 2020 84 mins
An Ideal Host
Khanzab
4.7

ကြမ်းလွန်းလို့ ကြည့်ခွင့်တောင်ပိတ်ရတယ်လို့နာမည်ကြီးနေတဲ့ ဖြစ်ရပ်မှန်အင်ဒိုသရဲကားတစ်ကားတင်ဆက်ပေးချင်ပါတယ် 1998 တုန်းက Banyuwangi ဆိုတဲ့အင်ဒိုကမြို့လေးတစ်မြို့မှာဖြစ်ခဲ့တဲ့ အောက်လမ်းပညာအကြောင်း အခြေခံရိုက်ကူးထားတာပါ သရဲကားစစ်စစ်ရှာဖွေနေသူတွေအတွက်တော့ အကြိုက်တွေ့စေမှာအမှန်ပါပဲရှင်။။ Khanzab (စေတန်) ဆိုတာက ဝတ်ပြုချိန်မှာ ခြောက်လှန့်တတ်တဲ့ နတ်ဆိုးဝိညာဉ်ပါ မျက်စိရှေ့တင်ပဲ ဖခင်ဖြစ်သူက ခေါင်းဖြတ်အသတ်ခံလိုက်ရလို့ အမုန်းတရားတွေ ကလဲ့စားတွေနဲ့ကြီးပြင်းလာခဲ့တဲ့ ရေဟာယူတစ်ယောက် ဖခင်အသတ်ခံလိုက်ရတဲ့ မွေးရပ်မြေကိုပြန်ဖို့အကြောင်းဖန်လာခဲ့တယ် သူ(မ)ဖခင်ဆုံးတော့ ဝတ်ပြုကျောင်းအဖြစ်လှူခဲ့တဲ့‌တစ်နေရာရှိပါတယ် ဒါပေမဲ့အဲဒီနေရာက ရှယ်ကိုအခြောက်အလှန့်ကြမ်းတာပါ Khanzab တွေကို တစ်စုတစ်စည်းတည်းတွေ့မြင်ရတဲ့နေရာဆိုလည်းမမှား ဝတ်ပြုတဲ့‌လူတွေကို နေ့နေ့ညညမရွေး အခြောက်အလှန့်ကြမ်းတဲ့နေရာပေါ့ ရေဟာယူဒီနေရာကိုပြန်ရောက်တော့ ဝတ်ပြုရင်းသူ(မ)ကိုယ်တိုင်တောင်မသိလိုက်ဘဲ ဒီဝိညာဉ်တွေကို သူ့ခန္ဓာကိုယ်ထဲဆင့်ခေါ်မိပြီး လောက၂ခုကိုချိတ်ဆက်တဲ့ ကြိုးတစ်ခုဖြစ်လာချိန်မှာတော့…. သူ(မ)နဲ့ မြို့ထဲကလူတွေဘယ်လိုအန္တရာယ် အခြောက်အလှန့်ကြမ်းကြမ်းတွေ တွေ့ကြုံရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ဖြစ်ပါတယ် ) File size…(1.4 GB)/(640 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Yunni

4.7 2023
Khanzab
High Fidelity
7.4

High Fidelity (2000) IMDb Rating (7.4) / Rotten Tomatoes (91%) အသက် ၃၀ အရွယ် အခွေဆိုင်ပိုင်ရှင် ရော့က အချစ်ရေးမှာ ကျွန်းခံနေတဲ့သူတစ်ယောက်ပေါ့.. တွဲသမျှကောင်မလေးတိုင်းနဲ့အဆင်မပြေဖြစ်နေရတာကြောင့် သူဘာကြောင့် အချစ်ရေးမှာ ကံဆိုးရတာလဲဆိုတာကို သိချင်နေခဲ့တယ်.. သူတွဲခဲ့တဲ့ ကောင်မလေးတွေထဲက ထိပ်ဆုံး ၅ ယောက်နဲ့ ဘယ်လိုတွေ တွေ့ဆုံခဲ့ပြီး ဘယ်လိုတွေ ထားခဲ့ခံရမလဲ? ဒီအထဲကမှ သူတကယ်ချစ်ပြီး လက်ထပ်ချင်ခဲ့တာ ဘယ်သူလဲ? အချစ်ဆိုတာဘာလဲဆိုတာကို နားမလည်ခဲ့တဲ့ ရော့က နောက်ဆုံးမှာ သူ့အချစ်စစ်ကိုရှာတွေ့သွားမလား? ဆုံးရှုံးပြီးမှ တန်ဖိုးထားရကောင်းမှန်းသိခဲ့တဲ့ ရော့ဟာ သူတကယ်ချစ်တဲ့ ကောင်မလေးရဲ့ အချစ်ကို ပြန်လည်ရယူနိုင်ပါ့မလား? အချစ်ဟာသ ဇာတ်လမ်းတွဲလေးဖြစ်ပြီးတော့ ရှုပ်ထွေးတဲ့အချစ်ဇာတ်လမ်းကြားမှာ ရော့တစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(8.3 GB) / (1.9 GB) / (1 GB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Music, Romance Duration….01:53:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Horror
7.4 2000 113 mins
High Fidelity
Detective Chinatown (2025)
6.1

ကမ္ဘာတဝှမ်းမှာရုံတင်ပြသတုန်းက ဒေါ်လာ ၄၈၅.၆ သန်းဝင်ငွေရရှိထားပြီး တရုတ်ပြည်တွင်းမှာလဲ ယွမ် ဘီလီယံချီပြီး ဝင်ငွေရရှိထားတဲ့ လူကြိုက်များလှတဲ့ စုံထောက်ဇာတ်လမ်း Detective Chinatown ရုံတင်ကားကြီးလာပါပြီ အရင်ရုပ်ရှင်တွေနဲ့မတူဘဲ 1900 ခုနှစ်များကို နောက်ခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ ထုတ်လုပ်သူနဲ့ ရိုက်ကူးတင်ဆက်သူဖြစ်တဲ့ Chen Sicheng ကတော့ ဒီရုပ်ရှင်ဇာတ်ကားကို သူ့ရဲ့ အကောင်းဆုံးလက်ရာတစ်ခုအဖြစ်လဲပြောဆိုထားပါတယ် Chow Yun Fat နဲ့ မင်းသားချောလေး Liu Hao Ran, Zhang Xin Cheng တို့ကလဲ အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားကြပါတယ် ရှေ့က Detective Chinatown ရုပ်ရှင်ကားတွေနဲ့ သရုပ်ဆောင်တွေလောက်သာ တူညီပြီး အရင် ၃ ကားနဲ့ဆက်စပ်မှုမရှိတဲ့ သီးသန့်ရုပ်ရှင်ဖြစ်ပြီး Detective Chinatown 4 & 5 ထပ်မံထွက်ရှိလာဦးမယ်လို့ သိရှိထားရပါတယ် ဇာတ်လမ်းအညွန်းကတော့၁၉ရာစုအစောပိုင်းဆန်ဖရန်စစ္စကိုမြို့မှာ လူဖြူမလေးအဲလစ်နဲ့အင်ဒီးရန်းမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သတ်ခံရပါတယ်။ ဒီလူသတ်မှုကြောင့် တရုတ်တွေကိုလူဖြူအသိုင်းအဝိုင်းကဆန့်ကျင်လာကြပါတယ်။ ဒီအမှုကြောင့် တရုတ်အင်ဒီးရန်းအားကွေနဲ့ အမေရိကားမှာ ပညာလာသင်တဲ့ချင်ဖူတို့တွေဆုံကြပြီးတော့အတူပူးပေါင်းပြီးအမှုလိုက်ဖို့ဖြစ်လာပါတယ် လူငယ်လေးနှစ်ယောက်ရဲ့သူမတူတဲ့အတွေးအခေါ်တွေနဲ့ အမှုကိုဖော်သွားတဲ့ခရီးတစ်ခုကိုရယ်မောစရာတွေနဲ့ချပြသွားတာပဲဖြစ်ပါတယ်။

Action
6.1 1900
Detective Chinatown (2025)
The Third Man
8.1

ဟော်လီ မာတင်ဆိုတဲ့ စာရေးဆရာတစ်ယောက်ဟာ သူ့သူငယ်ချင်းဖြစ်သူ ဟယ်ရီက အလုပ်ပေးမယ်လို့ ခေါ်တာကြောင့် ဗီယန်နာ မြို့ကိုရောက်လာခဲ့ပါတယ်။ ဗီယန်နာကို ရောက်တဲ့အချိန်မှာတော့ သူငယ်ချင်းဖြစ်သူ ဟယ်ရီဟာ မတော်တဆမှုကြောင့် ဆုံးပါးသွားတာကို သိရှိလိုက်ရပါတယ်။ ရဲတွေဟာ သူ့သူငယ်ချင်းဖြစ်သူကို တရားမဝင်အလုပ်တွေလုပ်နေတယ်လို့ စွပ်စွဲကြတာကြောင့် ဟော်လီဟာ မခံချင်စိတ်နဲ့ ဒီအကြောင်းကို လိုက်စုံစမ်းပါတော့တယ်။ ဒီမှာပဲ သူငယ်ချင်းဖြစ်သူ သေဆုံးမှုဟာ သာမန် မတော်တဆမှု တစ်ခုမဟုတ်ဘဲ ရှုပ်ထွေးလှတဲ့ ကိစ္စကြီး တစ်ခုမှာ ပါဝင်ပါတ်သက်နေတာကို ဟော်လီ တစ်ယောက် သိသွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.5 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:44:00 Genre… Drama, Film Noir, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Thriller • Drama • Romance
8.1 1949 105 mins
The Third Man
366 Days
6.8

366 Days (2025) / 366 Nichi (2025) ********************************** HY Rock band ရဲ့ 2008 ခုနှစ်ထွက်သီချင်းဖြစ်တဲ့ “366 Nichi” ကို ကျောရိုးယူပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ရိုမန့်အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ တာမာရှီရို မီယုဆိုတဲ့ကောင်မလေးဟာ ထူးထူးခြားခြား ၄နှစ်မှာ တစ်ကြိမ်သာ ရှိတဲ့ ဖေဖော်ဝါရီ ၂၉ရက်နေ့မှာ မွေးခဲ့သူလေးပါ။ တစ်ရက် မီယုတစ်ယောက် ကျောင်းက စီနီယာဖြစ်သူ မီနာတိုကို တွေ့သွားရာကနေ ချစ်မိသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ မီနာတိုက မတော်တဆမှုကြောင့် ဖခင်ကို ဆုံးရှုံးလိုက်ရပြီး မိခင်ဖြစ်သူကလည်း ဒီစိတ်နဲ့တင် အသက်ဆုံးပါးသွားခဲ့ရကာ တစ်ယောက်တည်း လမ်းပျောက်နေတဲ့အချိန်ဖြစ်နေခဲ့ပါတယ်။ ဒီလိုအချိန်မှာ မီနာတိုရဲ့အနားကို မီယုတစ်ယောက် ချဉ်းကပ်ကာ ရှေ့ဆက်နိုင်ဖို့ ခွန်အားတွေပေးခဲ့ရင်းကနေ မီနာတို ဘွဲ့ရတဲ့နေ့မှာပဲ ချစ်သူတွေဖြစ်ခဲ့ပါတော့တယ်။ မီနာတိုနဲ့ မီယုတို့ ချစ်သူနှစ်ယောက် ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းရဦးမလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် .. ။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…1.70GB / 865MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 2 min. Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou & Dao Phyo Encoded by AHtet

Horror • Science Fiction
6.8 2025 123 mins
366 Days