YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM)Miss.Agent.2020.WEB-DL.720p.mp4

938.54 MB N/A video/mp4 4581 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
[18+] Raped by an Angel 3: Sexual Fantasy of the Chief Executive
Kumanthong
5.1

သစ်ပင်တစ်ပင်အောက်မှာ ကောင်လေးရယ် သူ့အမေရယ် ရပ်နေကြတယ်။ မြွေတစ်ကောင်က အဲဒီနားရောက်လာပြီး ကောင်လေးအမေကိုပေါက်ဖို့လုပ်တဲ့အချိန်မှာ ကောင်လေးက အစားအပေါက်ခံလိုက်တယ်။ ကောင်လေးသေသွားပေမဲ့ နတ်ဆရာအဖြစ်ရွေးချယ်ခံရပြီး အသက်ပြန်ဝင်လာခဲ့တယ်။ ဒါပေမဲ့ သူ့အမေကတော့ သူ့သားအတွက် ဖြေမဆည်နိုင်ဖြစ်ပြီး သတ်သေသွားခဲ့တယ်။ သူ့အမေကို ပြန်ရဖို့ ကောင်လေးဟာ နတ်နဲ့အပေးအယူလုပ်ပြီး ... ရှားရှားပါးပါးကြည့်ရခဲတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ။ Genreကလည်း Horror / Thrillerပါ။ ဗီယက်နမ်ရဲ့ ပထမဆုံးကွင်းဆက်လူသတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ဒါရိုက်တာ ဉာဏ်ကွန့်မြူးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ရှေးနတ်အယူအဆတွေ ယာဇ်ပူဇော်တာတွေနဲ့ ကွင်းဆက်လူသတ်တာကို ချိတ်ဆက်ပြီး ပုံဖော်သွားပြီး ဇာတ်အိမ်ကိုလည်း စိတ်ဝင်စားစရာကောင်းအောင် ပြထားပါတယ်။ နတ်ဆရာတွေ ဆေးကုပုံဘာညာကလည်း တွတ်ပီစာအုပ်တွေ ထဲက အတိုင်းပါပဲ။ ဗီယက်နမ်ဟန်ကို မြင်ရမှာပါ။ စုန်းလည်းဆန်သလိုလိုဖြစ်ပေမဲ့ နတ်ကားပါပဲ။ စပွိုင်လာဖြစ်မှာစိုးလို့ ဇာတ်လမ်းတော့ အများကြီးမပြောတော့ပါဘူး။ ဇာတ်လမ်းသက်သက်ချည်းလည်း ကြည့်ကောင်းသလို Thriller အငွေ့ လွှမ်းထားတဲ့ ဇာတ်ဝင်ခန်းတွေလည်း မိုက်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.8GB) / (900MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:43:00 Type__Horror, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Mystery • Thriller
5.1 2019 100 mins
Kumanthong
Shaft
6.5

နက်ဖလစ်ကနေ ဆမ်မြူရယ် ဂျက်ဆန် ကားတစ်ကား အသစ်ထွက်လာပါတယ်။ Hitman bodyguard တုန်းက ရခဲ့တဲ့ ရသမျိုး ပြန်ရတာပါပဲ။ အခွီတွေရယ် အက်ရှင်ရယ် ပေါင်းထားတာပါ။ တကယ်ကို ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ရှက်ဖ်ထ်ဆိုတဲ့ ရဲဟောင်းကြီးဟာ ပေပေတေတေ လူ့ခွစာ အလွတ်စုံထောက်အဖြစ် အသက်မွေးပါတယ်။ သူ့ကို သည်းမခံနိုင်တော့လို့ စွန့်ပစ်သွားတဲ့ သူ့မိန်းမနဲ့အတူ သူ့သားလေး ပါသွားခဲ့တယ်။ ၂၅ နှစ်လောက် ကြာချိန်မှာတော့ သူ့ရဲ့ သားက အက်ဖ်ဘီအိုင်မှာ အလုပ်ရသွားပါတယ်။ တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်ကရော ရဲတွေရော မလိုက်နိုင် အမှုကြီးတစ်ခုကို ရှက်ဖ်ထ်ရဲ့ သားက ကိုုယ်တိုင်လိုက်ဖို့ ရှက်ဖ်ထ်ကို အကူအညီလာတောင်းပါတော့တယ်။ သူတို့ သားအဖနှစ်ယောက် နယူးယောက် ဟာလမ်မှာ ဘယ်လိုတွေသောင်းကျန်းပြီး ဘယ်လိုတလွဲတွေ လုပ်ကြမလဲ ကြည့်ရမှာပါ။ (Littleneo ဘာသာပြန်ပေးထားပါတယ်)

Drama • Mystery
6.5 2019 111 mins
Shaft
Passages
6.9

Passages (2023) ဒီရုပ်ရှင်ဟာ Drama/ Romance အမျိုးအစားပါ။ BL Drama လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ IMDb Rating 7.0 ရရှိထားပါတယ်။ မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပါဝင်တာမို့ ကြိုပြီး သတိပေးလိုက်ပါ့ရစေ။ သိပ်ပြီး အများကြီးမညွှန်းတော့ပါဘူး။ တိုမတ်စ်နဲ့ မာတင်ဟာ သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ Gay စုံတွဲတစ်တွဲပါ။ တိုမတ်စ်ဟာ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ပါ။ ရုပ်ရှင် ရိုက်ကူးရေးအပြီး ပါတီတစ်ခုမှာ အာဂတ်သ် ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ တိုမတ်စ်လည်း မစားသင့်တဲ့ အသီးကို စားသုံးပြီး အစွဲလန်းကြီး စွဲလန်းသွားပါတယ်။ တိုမတ်စ်နဲ့ မာတင်တို့ကြား အစစ်မ တစ်ယောက်ရောက်လာပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လေးတစ်ပုဒ် ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ပြီး ခံစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama, Romance Quality…. 1080p | 720p File size… 1.2GB | 618MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Action • Adventure • Animation • Horror
6.9 2023
Passages
Dick Figures: The Movie
6.6

Dick Figures: The Movie (2013) ======================= ဒီကာတွန်းရုပ်ရှင်က Visual artist တွေအပျင်းကြီးလို့ တုတ်ချောင်း တွေပဲ လုပ်ထားတာလားမသိပေမယ့်၊ သူ့ရဲ့ theme နဲ့သူရပ်တည်ပြီး Dick figure ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတွဲတွေ အများကြီးထွက်ပြီး အောင်မြင်ထားတာပါ။ Rick and Morty, Family Man Dark Joke ဆန်ဆန် Humor တွေကို ကြိုက်နှစ်သက်တဲ့ animation fan ဆိုရင် သေချာပေါက်မြည်းစမ်းကြည့်ဖို့ ပြောချင်ပါတယ်။ ဇာတ်လမ်းအညွှန်းက ရက်ဒ်နဲ့ ဘလူးဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကောင်မလေးကို မွေးနေ့လက်ဆောင်ပေးဖို့အတွက် အပေါင်ဆိုင်သွား ရင်း အပေါင်ဆိုင်က ရက်ကွန်းဘိုးတော်က ဂျပန်ပြည်က နှစ်တစ်ထောင် ကံကြမ္မာဓားကြီးကို သူဆီယူလာပေးရင် မင်းကောင်မလေး လုံးဝကြွေ သွားစေမယ့် လက်ဆောင်ကြီးကို ပေးမယ်လို့ပြောလိုက်တာကနေစပါ တယ်။ တစ်ခုရှိတာက ဒီဓားကို နတ်ဆိုးနင်ဂျာစစ်တပ်ကြီးက စောင့်ရှောက် ကာကွယ်နေတဲ့အတွက်လွယ်လွယ်နဲ့ရမှာ မဟုတ်ပါဘူး။ ရက်ဒ်နဲ့ဘလူး နှစ်ယောက် အလွဲအလွဲအချော်အချော်တွေလုပ်ရင်း ဓားတစ်ချောင်းအ တွက်စွန့်စားခန်းတွေ ထွက်ခဲ့ကြပုံကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.2 GB) / (512 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 13Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator…….Thiha Yan Naing Encoder……….SWM

6.6 2013 73 mins
Dick Figures: The Movie
Red Paper Crane
6

ယောကျာ်းတစ်ယောက်က မိန်းမကို လက်သီးနဲ့စရွယ်လိုက်တဲ့အချိန်ကစပြီး တစ်ကြိမ်သည်းခံလိုက်ခြင်းဟာ တစ်ဘဝလုံးကို ဖျက်ဆီးလိုက်တာပဲ။ CM ရဲ့ ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ လေယာဉ်မယ်အိုးယန်ကျီဟဲ့ဟာ မိဘအတွက် သမီးကောင်း ကုမ္ပဏီအတွက်လည်း လုပ်ဖောင်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူမယောကျာ်းကို သတ်မိပြီဆိုပြီး သူမကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ ထို့နောက် ရှေ့နေအကူအညီများကို ငြင်းခဲ့ပြီး အသေခံဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ကျန်းထုံဟာ ဥပဒေအကူအညီရှေ့နေတစ်ယောက်အနေနဲ့ ကျီဟဲ့ရဲ့ အမှုမှာ ဖုံးကွယ်ထားတာတွေ ရှိဦးမယ်ဆိုတာ ခံစားနေရပါတယ်။ သူမဟာ မောင်ရိရဲ့ အကူအညီဖြင့် အဓိက သက်သေတွေကို ရှာတွေ့ခဲ့ပြီး လေယာဉ်မယ်လူသတ်မှုရဲ့ အမှန်တရားကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်လေးဟာ အိမ်တွင်းအကြမ်းဖက်မှုကို အဓိကထား ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ အမှန်တရားကို သိရဖို့ ကျန်းထုံတစ်ယောက် ဘယ်လို အခက်အခဲတွေ အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရလဲ ဆိုတာကိုတော့ ရုပ်ရှင်ကိုပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးနော်။

Drama
6 2022
Red Paper Crane
Cottage Country
5.6

Comedy ဆန်ဆန်ရိုက်ကူးထားတဲ့ thriller ကားတစ်ကားပါ။ မိသားစုအတူကြည့်လို့ရတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ အတူနေရည်းစားကို လက်ထပ်ခွင့် တောင်းချင်တဲ့ တော့တ်က အလုပ်ကနေအနားယူပြီးတော့ မိသားစုပိုင်တောထဲက တစ်ထပ်တိုက်အိမ်ကလေးကို ရည်းစားနဲ့အတူလာကြရင်းက မျှော်လင့်ထားသလို ဖြစ်မလာတော့တဲ့အခါ စိတ်လိုက်မာန်ပါရှင်းကြရင်းက thriller ကားတွေရဲ့ထုံးစံအတိုင်း အဆုံးသတ်မကောင်းတဲ့ ကိစ္စတွေဖြစ်လာတော့တာပါပဲ။ တော့တ်နှင့် ကမ်မီရဲ့ အချစ်ရေးဟာ လက်တွေ့ကိုတကယ်ကြုံလိုက်ကြရတဲ့အချိန်ကျမှ တကယ်ချစ်မချစ်သိလာကြတာကြောင့် သူတို့ကိုယ်တိုင် အံ့သြကြရတယ်ဆိုတာ သတိရသွားကြပါတယ်။ ဒါရိုက်တာ Peter Willington က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 5.6 ရရှိပါတယ်။ File size…1.38GB / 656MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Comedy , Crime , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thy Santa

5.6 2013
Cottage Country
The Diving Bell and the Butterfly Le scaphandre et le papillon
8

The Diving Bell and the Butterfly (2007) ဘဝတစ်လျှောက်လုံး တစ်ခါမှရှုံးနိမ့်မှုကိုမခံစားရဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလာခဲ့တဲ့ ဂျွန်ဒိုမီနစ်ခ်ဘူဘီတစ်ယောက် တစ်နေ့မှာ ရုတ်တရက် လေဖြတ်သွားပါတော့တယ်။ တစ်ဘဝလုံး ကိုယ့်စိတ်တိုင်းကျနေလာခဲ့တဲ့ ဂျွန်ဒိုတစ်ယောက် လေဖြတ်ပြီး မျက်လုံးတစ်ဖက်ကလွဲလို့ ဘယ်အရာမှစိတ်တိုင်းကျမလှုပ်ရှားနိုင်တဲ့အတွက် စိတ်ဓာတ်ကျလာပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေ ဆရာဝန်တွေရဲ့အကူအညီနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပြီးနောက်မှာတော့ ဘဝကိုအရှုံးမပေးဘဲ လုပ်ချင်ခဲ့တဲ့အရာတွေ ပြန်လုပ်ဖို့ ကြိုးစားလာပါတယ်။ ဒီလိုနဲ့ သူနာပြုမလေးအကူအညီနဲ့ စာအုပ်ရေးဖို့ဖြစ်လာခဲ့ပြီး ဒီစာအုပ်ထဲကတစ်ဆင့် သူပြောချင်တာတွေကို ထုတ်ပြောနိုင်ခဲ့ပါတယ်။ အခုဇာတ်ကားလေးက ဂျွန်ဒိုမီနစ်ခ်ရေးခဲ့တဲ့ The Diving Bell and the Butterflyဆိုတဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး လေဖြတ်နေတဲ့ရောဂါသည်တစ်ယောက်ရဲ့ ခံစားချက် အတွေးအမြင်တွေကို သိရှိခံစားနိုင်မှာပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb မှာ 8/10 နဲ့ Rotten Tomatoes မှာ 94%ရထားတဲ့အပြင် ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ File size… 2.8 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

8 2007
The Diving Bell and the Butterfly Le scaphandre et le papillon
Srikanth
7.8

Srikanth (2024) ဆရီကန့်သ် ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်‌ဆက်ပေး‌ချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 7.8 အထိ ရရှိထားတဲ့ 2024 ခုနှစ်ထွက် အိန္ဒိယဟိန္ဒူစကားပြော ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ဘိုလန့်စက်မှုလုပ်ငန်းတည်ထောင်သူ အမြင်အာရုံချို့တဲ့တဲ့ စက်မှုလုပ်ငန်းရှင် ဆရီကန့်သ်ဘိုလာရဲ့ ဘဝဇာတ်ကြောင်းလေးကို ရိုက်ကူးဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rajkummar Rao က အဓိကပါဝင်သရုပ်ဆောင်ထားပြီး တွဲဖက်သရုပ်ဆောင်တွေအနေနဲ့ကတော့ Jyothika, Alaya F နဲ့ Sharad Kelkar စတဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဆရီကန့်သ်လေးဟာ မွေးလာကတည်းက လုံးဝမျက်စိမမြင်ဘဲ မွေးလာတာပါ ဒါကို ပတ်ဝန်းကျင်ကလူတွေသိတော့ သူ့မိဘနှစ်ပါးကို ဝိုင်းစွန့်ပစ်ဖို့ ပြောကြရော အဲဒီမှာ အဖေဖြစ်သူကလည်း မြေမြှုပ်သတ်ပစ်ဖို့ လုပ်တဲ့အခါ အမေဖြစ်သူက ငိုယိုပြီး မလုပ်ဖို့ တောင်းပန်တော့ သေမင်းခံတွင်းဝကနေ သီသီလေး လွတ်လာရတာပေါ့။ ကြီးလာတော့ ပညာသင်ရတဲ့အချိန် ဆရီကန့်သ်လေးက တခြားကလေးတွေထက် ပိုပြီး ထူးခြားနေခဲ့ပါတယ်။‌ နောက်တော့ မျက်မမြင်ကျောင်းပြောင်းတက်ရင်း ကျောင်းစာမှာ ပိုမိုထူးချွန်လာသလို ကျောင်းရဲ့ ကျောင်းသားခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ ကံဆိုးချင်တော့ မျက်မမြင်ကျောင်းရဲ့ကျောင်းအုပ်နဲ့ အဆင်‌မပြေဖြစ်ပြီး ကျောင်းကနေ ထုတ်ခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ ဆရာမဒေဗီကာက သူ့ကို ပညာဆက်သင်ခိုင်းရင်း စာမေးပွဲကို 96 ရာခိုင်နှုန်းနဲ့ အောင်မြင်သွားပါတော့တယ်။ ကောလိပ်တက်ဖို့ ဘာသာရပ်ရွေးတဲ့အချိန် သိပ္ပံပညာရပ်ကို မျက်မမြင်မသင်ရဘူးဆိုတဲ့ ဥပဒေကြောင့် ဆရီကန့်သ်က အိန္ဒိယပညာရေးစနစ်ကြီးကို တရားစွဲရင်း ဆရီကန့်သ်တစ်ယောက် သူသင်ချင်တဲ့သိပ္ပံပညာသင်ကြားနိုင်ပါ့မလား….. သူ့ဘဝမှာရော နောက်ထပ် ဘယ်လိုအခက်အခဲမျိုးတွေ ကြုံရဦးမလဲဆိုတာ ဒီဇာတ်ကားလေးမှာပဲ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။

7.8 2024 134 mins
Srikanth
Grave Torture
7.1

အခုတင်ဆက်ပေးမဲ့ Horror ဇာတ်ကားလေးကတော့ တွေ့မြင်နေကျ Horror ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ အင်ဒိုနီးရှားဇာတ်ကား လေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Siksa Kubur (Grave Torture) ဖြစ်ပြီး IMDb Rating 7.1 အထိ ထိုက်ထိုက်တန်တန် ရရှိထားပါတယ်။ အစ္စလာမ်တွေမှာအရင်တုန်းက ဇာတ်ကားနာမည်အတိုင်းအုတ်ဂူ နှိပ်စက်ခြင်းဆိုတဲ့ အယူအဆတစ်ခုရှိခဲ့ပြီး လက်ရှိယုံကြည်နေတဲ့ ဘာသာဝင်တွေလည်း ရှိပါသေးတယ်။ အုတ်ဂူနှိပ်စက်ခြင်းကဘာလဲလို့ဆိုရင်တော့ အသက်ရှင်စဉ်မှာအပြစ်တွေ အများကြီးလုပ်ခဲ့တဲ့ အပြစ်သားတစ်ယောက်က သေဆုံးသွားရင် မင်းဘာဘုရားကိုကိုးကွယ်လဲလို့မေးတဲ့အခါ ယုံကြည်ခြင်းမရှိလို့ အလ္လာလို့မဖြေနိုင်တဲ့အခါ ကြီးမားတဲ့နှိပ်စက်ခြင်းတွေကိုအုတ်ဂူထဲမှာတင် ခံစားရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အဲ့ဒီအယူအဆအပေါ်မှာအခြေခံပြီး ဒီဇာတ်ကားကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆီတာနဲ့အာဒေးလ်ဆိုတဲ့ မောင်နှမ ၂ ယောက်က မိဘဖြစ်သူတွေနဲ့ မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့ မိသားစုဖြစ်ပါတယ်။ စီးပွားရေးတွေ ကျဆင်းနေပေမဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုလေး အပေါ်မှာ တစ်နေ့မှာတော့ကြမ္မာငင်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့ အထက်မှာပြောခဲ့တဲ့ အုတ်ဂူနှိပ်စက်ခြင်းကိုယုံကြည်ပြီး ကြောက်ရွံ့နေတဲ့ လူတစ်ယောက်ရဲ့အသေခံဗုံးခွဲမှုကြောင့် သူတို့ရဲ့မိဘနှစ်ပါးဆုံးပါးသွားခဲ့ ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆီတာနဲ့အာဒေးလ်လည်း မိဘမဲ့တွေဖြစ်လာကြပြီး အစ္စလာမ်ဘော်ဒါကျောင်းတစ်ခုမှာ နေခဲ့ရပါတော့တယ်။ဒါပေမယ့် ဆီတာ့ စိတ်ထဲမှာတော့ အဲ့ဒီအုတ်ဂူနှိပ်စက်ခြင်းဆိုတာကြီးကိုမုန်းတီးနေခဲ့ပြီး တကယ်မရှိကြောင်းသက်သေပြဖို့ ကြိုးစားရင်းနဲ့ အသက်ကြီးလာတဲ့ အခါမှာတော့ အဲ့ဒီအရာကြီးတကယ်မရှိဘူးဆိုတာကိုသက်သေပြနိုင်ပါ့ မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ ကြည့်သင့်တဲ့ Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.62GB / 782MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7.1 2024
Grave Torture
Amy
7.8

“Amy Winehouse” ရိုးရှင်းမှုနဲ့ အင်အားကြီးမားမှုတို့ ပေါင်းစပ်ထားတဲ့ နာမည်တစ်ခုက ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်စေဖို့ သာမန်မိသားစုလေးတစ်စုကနေ Amy Winehouse ကို ၁၉၈၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မွေးဖွားပေးခဲ့ပါတယ်။ Documentary Film တွေရဲ့ ထုံးစံအတိုင်းပဲ သူ့ရဲ့အင်တာဗျူးတွေ၊ မိသားစု၊ သူငယ်ချင်းမိတ်ဆွေ တွေရဲ့ အင်တာဗျူးတွေ၊ ဗီဒီယိုမှတ်တမ်းတွေ၊ တီဗီအစီအစဉ်တွေကနေတစ်ဆင့် Amy ရဲ့ ဘဝဖြစ်စဉ်ကို နောက်ခံစကား‌ပြောပုံစံမျိုးနဲ့ တင်ဆက်ထားပါတယ်။ ဂျက်ဇ်ဂီတကို ခုံမင်တဲ့ Amy ရဲ့ ငယ်ဘဝဟာ တီးဝိုင်းအဖွဲ့တွေထက် တစ်ကိုယ်တော်ဖျော်ဖြေရေးသမားတွေရဲ့ သီချင်းတွေကို နားထောင်ရင်း ကြီးပြင်းခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံး မန်နေဂျာဖြစ်လာခဲ့သူ Nicky Shymansky ရဲ့ တိုက်တွန်းမှုကြောင့်ပဲ သီချင်းတွေကို စတင်ရေးသားဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်ခံစားချက်သီးသန့်ကိုပဲ သီချင်းအဖြစ် ဖန်တီးတတ်သူ Amy ဟာ ငယ်ရွယ်တဲ့အချိန်မှာပဲ ကိုယ်ဆိုမယ့်သီချင်းကို ကိုယ်တိုင်ရေးစပ်နိုင်တဲ့ Musical Genius တစ်​ယောက်ဖြစ်နေခဲ့ပါပြီ။ စကားပြောပွင့်လင်းပြီး ချိုသာတဲ့အပြုံးနဲ့ လူတွေကို ရင်ဖွင့်ဆက်ဆံတတ်တဲ့ Amy ဟာ သူ့ရဲ့ ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်သီချင်းဆိုဟန်တွေနဲ့ပဲ ပရိသတ်ရဲ့ အသည်းနှလုံးကို ဖမ်းစားယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်ထောင်ပေါင်းများစွာရဲ့ ရှေ့မှာဖျော်ဖြေရလောက်တဲ့အထိ အောင်မြင်ဖို့က သူ့ရဲ့ ရည်ရွယ်ချက်မဟုတ်ခဲ့ပါဘူး။ ဂျက်ဇ်ကလပ်တွေထဲက လူနည်းစုလေးတွေရဲ့ လက်ခုပ်သံကိုပဲ ခုံမင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ပွဲဦးထွက်အယ်လ်ဘမ် ဖြစ်တဲ့ “Frank” ဟာ ဝေဖန်ရေးအရရော၊ ငွေကြေးအရရော အထိုက်အလျောက် အောင်မြင်ခဲ့တာကြောင့် Amy ဟာ လူထုရဲ့အမြင်မှာ စောင့်ကြည့်ခံရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ Amy ဟာ သူ့ဘဝမှာ အခန်းကဏ္ဍ ကြီးကြီးမားမား တစ်ခုအနေနဲ့ ချယ်လှယ်နိုင်စွမ်းရှိတဲ့ Blake နဲ့ မတွေ့ခင်အထိ အချစ်ရေးမှာ အပြောင်းအလဲမြန်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိရည်းစားကို မစွန့်လွှတ်နိုင်တဲ့ Blake ဟာ Amy ဆီကို လမ်းခွဲဖို့ မက်ဆေ့ပို့လာခဲ့ပါတယ်။ အချစ်ရေးကို လျင်လျင်မြန်မြန် ပြောင်းလဲနိုင်ခဲ့တဲ့ Amy ဟာ Blake နဲ့ လမ်းခွဲချိန်ကာလတွေမှာတော့ စိတ်ခံစားချက်တွေ ပြိုလဲကြေကွဲပြီး အရက်စွဲရောဂါ စွဲကပ်လာခဲ့ပါတယ်။ သူ့ရဲ့ ပရိုဂျူဆာတွေက Amyကို အရက်ဖြတ်ပေးဖို့ ကြိုးစားလာခဲ့ပေမယ့်. ဖခင်ဖြစ်သူရဲ့ ခွင့်ပြုချက်မရတာကြောင့် ရှေ့ဆက်မရခဲ့ပါဘူး။ ဒီအခိုက်အတန့်က သူ့အတွက် အရေးအကြီးဆုံးအချိန်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ Amy အရက်ဖြတ်တာ အောင်မြင်သွားခဲ့ရင် စိတ်ထိခိုက်စရာတွေတော့ ဖြစ်မလာနိုင်ဘူး။ ကမ္ဘာကြီးကတော့ “Back to Black” အယ်လ်ဘမ်ကို ဘယ်တော့မှ နားမထောင်ခဲ့ရတာလည်း ဖြစ်သွားနိုင်တယ်။ ၂၀၀၆ ခုနှစ်မှာ Amy က သူ့ရဲ့ပရိသတ်အတွက် “Back to Black” အယ်လ်ဘမ်ကို ကြိုးစားချပြပေးနိုင်ခဲ့ပါတယ်။ “Back to Black” အယ်လ်ဘမ်ရဲ့ အောင်မြင်မှုက Amy ဆီကို ဂရမ်မီ (၅) ဆု ယူဆောင်လာပေးနိုင်တဲ့အပြင် ပါပါရာဇီတွေရဲ့ အချိန်ပြည့်အာရုံစိုက်မှုကိုပါ တစ်ပါတည်း ယူလာပေးခဲ့တာဖြစ်ပါတယ်။ အောင်မြင်ပြီးစကာလမှာ ဝိုင်းဝန်းချီးမြှောက်ခဲ့ကြတဲ့ မီဒီယာတွေကပဲ အောင်မြင်မှုရဲ့သားကောင် ဖြစ်လာခဲ့တဲ့ Amy ကို သူတို့အတွက် လှောင်ပြောင်ရှုံ့ချစရာ အဖြစ် မြင်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ အရက်အဆိပ်သင့်မှုကြောင့် Amy ဟာ လန်ဒန်က နေအိမ်မှာပဲ သူ့ရဲ့ပရိသတ်ကြီးရော ချစ်ရတဲ့သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုတွေကိုပါ စွန့်ခွာပြီး လောကကြီးထဲက အပြီးအပိုင်ထွက်သွားခဲ့ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးပါးခဲ့ရပေမယ့် Amy ဟာ ဂီတချစ်သူပရိသတ်တွေတင်မကဘဲ ဂီတဖန်တီးသူ၊ အဆိုတော်အချင်းချင်းကပါ လေးစားပြောစမတ်တွင်လောက်မယ့် သီချင်းတွေ၊ ဂီတအမွေအနှစ်ခြေရာတွေကိုပါ ချန်လှပ်ထားခဲ့နိုင်သူဖြစ်ပါတယ်။ File size… 3.3 GB / 1.7 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre ….. Biography, Documentary, MUsic Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

7.8 2015 128 mins
Amy
0000 Kilometre
5

0000 kilometre(2024) ရုပ်ရှင်ဟာဆိုရင် 3391 kilometre movieရဲ့sequel ဖြစ်ပြီး turkish romance/drama အမျိုးစားပဲ ဖြစ်ပါတယ်။ Izmir နဲ့ Ege ဆိုတဲ့ ချစ်သူ၂ဦးဟာ long distance couple ဘဝကနေ စတင်ပြောင်းလဲပြီး တစ်အိမ်ထဲ တူတူနေထိုင်ကြပါတယ်။ သူတို့ရဲ့ပျော်ရွှင်နေတဲ့အချိန်တွေထဲမှာ Izmirဆီကို အမည်မသိဖုန်းတစ်call ဝင်လာရာကနေ ဇာတ်လမ်းလေးရဲ့ အရှုပ်တော်ပုံကစပါတော့တယ်။ ဇာတ်လမ်းတစ်လျှောက်မှာလည်း ချစ်သူစုံတွဲတွေတိုင်းဖြစ်ရတတ်တဲ့ သဝန်တိုမှု၊မာန နဲ့ သစ္စာဖောက်မှုတို့အပေါ် ပြဿနာတတ်ကြပုံကို ထည့်သွင်းရိုက်ကူးထားပါတယ်။ Izmirနဲ့ Ege တို့ မိသားစုနှစ်ဖက်ကလည်း ကိုယ်စီအရှုပ်အရှင်းတွေ ဖြည်ချလိုက်တဲ့အချိန် ဖြစ်လာမယ့် သမီးရည်းစား ကတောက်ကဆတွေကို ဘယ်လိုဖြေရှင်းသွားမလဲ… မိသားစုတွေနဲ့ရော ပြန်အဆင်ပြေနိုင်မလား၊ Ege တို့ ၂ယောက်ရော ပေါင်းစည်းသွားနိုင်မလားဆိုတာကိုတော့ တူတူလိုက်ပါကြည့်ရှုလိုက်ရအောင်…။ File Size… (1.58 GB) / (910 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 50m Genre …..Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Shinki

Thriller
5 2024 110 mins
0000 Kilometre