YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Love.Twist.2021.E83-720p.mp4

286.31 MB N/A video/mp4 187 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nanpakal Nerathu Mayakkam
6.4

အခါတစ်ခါမှာတော့ မာလယာလမ် မင်းသားကြီး မမ်မူးတီးရဲ့ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးပါ့မယ်။ သူ့ကားတွေရဲ့ထူးခြားချက်က ဇာတ်ကိုအေးအေးလေးနဲ့ ပရိသတ်ကို ဆွဲခေါ်သွားပြီး စဥ်းစားစရာအချက်တွေ အများကြီးပေးပါတယ်။ ခု ဒီကားမှာလည်း ဒီလိုပါပဲ။ မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘုရားဖူးခရီးကအပြန်မှာ သူဟာ လမ်းခုလတ်မှာ ကားကိုရပ်ခိုင်းခဲ့ပြီး ကားပေါ်ကလူတွေအားလုံးအိပ်ပျော်နေချိန်မှာ ဆင်းသွားခဲ့ပါတယ်။ သူ အချိန်အတော်ကြာပြန်မလာတဲ့အခါမှာ လိုက်လံရှာဖွေကြရင်း သူဟာ တခြားရွာက လူတစ်ယောက်ပုံစံဖြစ်နေပြီး သူတို့ကိုလည်း လုံးဝ မမှတ်မိတော့ပါဘူး။ မာလယာလမ်လူမျိုးတစ်ယောက်ဖြစ်တဲ့သူဟာ လမ်းခုလတ်က တမီလ်ရွာလေးက လူတစ်ယောက်ဖြစ်သွားခဲ့ပြီး တမီလ်ဘာသာစကားကို မနှစ်မြို့တဲ့သူဟာ တမီလ်လို ချောချောမွေ့မွေ့နဲ့ စကားပြောနေခဲ့ပါတော့တယ်။ ဘာကြောင့်လဲ... ဘာဖြစ်လို့လဲ... ဘာဖြစ်သွားတာလဲဆိုတာကိုတော့ ဆက်လက်ပြီးတော့ ခေါင်းခြောက်လိုက်ကြပါဦးနော်။ File size…1.64GB / 664MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Action • Comedy
6.4 2023 107 mins
Nanpakal Nerathu Mayakkam
Kon-Tiki
6.9

IMDB - 7.2/10 ခင်ဗျားတို့သာ ရေမကူးတတ်ဘူးဆို ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅ ထောင်ကျော်ကို ဖောင်လေးတစ်စင်းနဲ့ ဖြတ်ကူးရဲလား။ ဒါပေမဲ့ ဒီ သောရ်ဆိုတဲ့ဘဲကြီးကတော့ တကယ်လုပ်ခဲ့တယ်ဗျ။ အဲဒီလိုပြောလို့ စိတ်ကူးယဉ်ဇာတ်လမ်း မထင်နဲ့နော် တကယ်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်း။ စူးစမ်းရှာဖွေရေးသမား သောရ်ဟာ ပိုလီနီရှားကကျွန်းတွေကို ၁၀ နှစ်ကြာအောင် ဇနီးဖြစ်သူနဲ့ သုတေသနတွေပြုလုပ်ပြီး စာတမ်းပြုစု နေထိုင်ခဲ့တဲ့လူပေါ့။ သူ အဲဒီမှာ နေထိုင်ရင်း ဒီ ပိုလီနီးရှားဒေသကို ဒေသခံတွေဟာ အာရှဖက်ကနေ ရောက်လာကြတာမဟုတ်ပဲ တောင်အမေရိကဖက်က ရောက်လာကြတယ်ဆိုတာကို ထူးဆန်းစွာနဲ့ သိရှိခဲ့ရတယ်။ ဒီတော့ ဆရာသမားက သူတွေ့ရှိခဲ့တဲ့ သီအိုရီကို လိုက်ပြီး ဖြန့်ဝေနိုင်အောင် ဆက်သွယ်တော့တာပဲ ဒါပေမဲ့ ကံဆိုးချင်တော့ ဘယ်သူမှမယုံကြည်ပဲ သူ့ကို ပရော်ဖက်ဆာတစ်ယောက်က ဒါမျိုး ပြောလိုက်ပါတယ်။ "မင်းရဲ့ သီအိုရီကို သက်သေပြချင်ရင် ဒီ တီကီဒေသခံတွေ လုပ်ခဲ့သလို ဖောင်တစ်စင်းနဲ့ ပီရူးနိုင်ငံကနေ ပိုလီနီရှားရောက်အောင်သွားပါလားကွ" တဲ့။ ဒီမှာတင် ကိုယ့်ဆရာက အကြံရသွားပြီး သင်္ဘောသားတွေ လိုက်စည်းရုံးတယ်၊ သေမှာလို့ပြောပြီး အငြင်းခံရတယ် ဒါပေမဲ့ မဆီမဆိုင် ရေခဲသေတ္တာရောင်းတဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့ တွေ့သွားတယ်။ နောက်ပြီး သူ့ဘော်ဒါတွေဖြစ်တဲ့ ရေဒီယိုသမားနှစ်ယောက်နဲ့ ငယ်သူငယ်ချင်း ပင်လယ်တကယ်ထွက်ဖူးတဲ့လူကို ခေါ်တယ်။ နောက်ဆုံးတစ်ယောက်အနေနဲ့ ကင်မရာအကြောင်းနားလည်တဲ့လူလည်း ထပ်ပါလာတယ်။ လူအင်အားရပြီဆိုတော့ ငွေကြေးအထောက်အပံ့လိုလာပြန်ရော အဲဒီမှာ သောရ်တစ်ယောက် ဘယ်လိုတွေ ရှာဖွေသွားမလဲ၊ ဒီ မိုင် ၅ ထောင်ခရီးစဉ်ကို ဖောင်နဲ့ရောက်အောင်သွားနိုင်ပါ့မလား၊ လမ်းမှာ ဘယ်လိုအခက်အခဲပေါင်းများစွာ ကြုံရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရတဲ့ကားလေးပါ။ သိတဲ့အတိုင်း ပင်လယ်ပြင်အန္တရာယ်ဆိုတာလည်း အစုံ မုန်တိုင်းတွေ ငါးမန်းတွေ လမ်းပျောက်တာတွေ ဝေလငါးတွေ သန္တာကျောက်တန်းတွေနဲ့။ ဇာတ်ကားနာမည် ကွန်တီကီဆိုတာ ဗော်လဆာပင်နဲ့ ပြုလုပ်ထားတဲ့ဖောင်ငယ်လေးပါတဲ့။ သူကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ တကယ့်မှတ်တမ်းရုပ်ရှင်ကတော့ ၁၉၅၁ ခုနှစ်မှာ အကယ်ဒမီဆု ရရှိခဲ့ပါတယ် ဒါပေမဲ့ ဒီ ပြန်ရိုက်ထားတဲ့ကားကလည်း ၂၀၁၃ ခုနှစ်မှာ နိုင်ငံခြားရုပ်ရှင်ဆုအနေနဲ့ စကာတင် ပါဝင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် အရှေ့မှာပြောခဲ့သလိုပါပဲ ရေမကူးတတ်ပဲ ပင်လယ်ပြင်ထဲကို မိုင် ၅ ထောင် ဖောင်နဲ့သွားရဲတဲ့ ဘဲကြီးရဲ့ ဖြစ်ရပ်မှန် စွန့်စားခန်းကြီးကတော့ မကြည့်ရသေးရင် လူဖြစ်ရကျိုးမနပ်ဘူးလို့တောင် ပြောချင်ပါသေးတယ်ဗျာ။ File size…1.85GB / 892.6MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 58m Genre ..... Action , Adventure , Biography Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Drama • Romance
6.9 2012 118 mins
Kon-Tiki
(18+) Body Heat
7

~ IMDb - 7.4/10, Rotten Tomatoes - 98% ~ ဒီကားက Neo-Noir ကိုမှ Erotic ကားပါ။ Neo-Noir ကားတွေ ကြမ်းရင် ဘယ်လောက်ထိကောင်းလဲ အားလုံးသိကြလောက်ပါတယ်။ ဒီကားကလည်း ရိတ်တင်၉၈ရာခိုင်နှုန်းတောင်ရထားတဲ့ Neo-Noir ကားပါ။ David Fincher ရဲ့ နာမည်ကြီးကားဖြစ်တဲ့ Seven တို့ Zodiac တို့ထက်တောင် များပါတယ်။ ဆိုတော့ ဒီကားဘယ်လောက်ကောင်းမလဲ စဉ်းသာစားကြည့်ပေါ့။ ရှေ့နေနက်ဒ်ရာဆင်းဟာ အကျင့်ပျက်ခြစားမှုတွေ မရှားပါးတဲ့ သူ့မြို့မှာ သူလည်သလို ဖျံကျလိုက်၊ လူလွတ်ဘဝနဲ့ ပျော်ပါးလိုက်နဲ့ ဘဝကိုဖြတ်သန်းနေရာက တစ်ညမှာ မတ်တီဝေါ်ကာဆိုတဲ့ မိန်းမတစ်ယောက်ကို ဆုံမိပြီးတော့ စွဲလမ်းသွားခဲ့တယ်။ မတ်တီက အိမ်ထောင်ရှိအမျိုးသမီးပေမဲ့ အဲဒီလိုစည်းမျိုးကို သောင်ပြင်ပေါ်ကခြေရာလောက် သဘောထားတဲ့ နက်ဒ်က မရမကလိုက်တဲ့နောက်မှာ အစတည်းက ခင်ပွန်းသည်အပေါ် အလိုမကျတဲ့ မတ်တီကလည်း နက်ဒ်လက်လှမ်းတည်းက ပါသွားခဲ့တယ်။ မတ်တီ့ယောက်ျားနောက်ကွယ်မှာ နှစ်ယောက်သား ပျော်ပျော်ကြီးကြိတ်ပုန်းခုတ်ရင်း တစ်ရက်မှာတော့ သူတို့ဖောက်ပြီးသားစည်းထက် အများကြီးပိုကြီးကျယ်တဲ့ စည်းတစ်ခုကို ထပ်ကျော်ဖို့အတွက် နက်ဒ်တို့တွေ စိတ်ကူးရလာကြတယ်။ အဲဒါကတော့ ငွေကြေးအတော်တောင့်တင်းတဲ့ မတ်တီရဲ့ယောက်ျားဖြစ်သူကို လုပ်ကြံပြီးတော့ ကျန်ခဲ့မယ့်အမွေတွေကို သူတို့နှစ်ယောက် အပိုင်သိမ်းယူဖို့ပဲ။ ဒါပေမဲ့ အဲဒီအကြံအစည်ကို အကောင်အထည်ဖော်ရင်းကနေ ကြုံလာရတာတွေက မှန်းထားသလိုနဲ့ မကိုက်တော့တဲ့နောက်မှာ သူ မြွေပွေးခါးပိုက်ပိုက်မိပြီလားလို့ နက်ဒ်တစ်ယောက် မယုံနိုင်ခြင်း တုန်လှုပ်ခြင်းများစွာနဲ့အတူ မေးခွန်းထုတ်လာမိတော့တယ်။ ကားကောင်းတွေ မရှားခဲ့ဘဲ ရိုက်သမျှနီးပါး အကောင်းတွေချည်းဖြစ်ခဲ့တဲ့ မင်းသားကြီး William Hurt ရဲ့ ကားပါပဲ။ သူ့ကို ကျွန်တော်တို့ ကလေးဘဝမှာကတည်းက MCU ရဲ့ The Incredible Hulk ထဲက General Thaddeus Ross အနေနဲ့ စသိခဲ့ရတာပေါ့။ ခုတော့ သိပ်မကြာသေးခင်ကပဲ သူကြွေလွင့်သွားပြီပေမဲ့ သူ့အနုပညာတွေကတော့ ဆက်လက်ကျန်ရှိနေပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.02GB, 1GB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 53Min Genre - Crime, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Romance
7 1981 113 mins
(18+) Body Heat
The Boy Behind The Door
6.5

လက်မလွှတ်ဘဲ ကြည့်သင့်တဲ့ကားလို့ ညွှန်းချင်ပါတယ်။ ရုပ်ရှင်ရဲ့ စွန့်စားခန်းတွေ၊ နောက်ခံတီးလုံးတွေ၊ လျပ်တပြတ်ဇာတ်ဝင်ခန်းတွေကြောင့် ဇာတ်လမ်းအဆုံးအထိ ထိုင်ရာ မထကြည့်ရှုရမယ့် ကားကောင်းလေးပါ။ ခရမ်းချဉ်သီးကစလို့ တခြား ratingတွေကလည်း အကောင်းဆုံးအမှတ်ပေးထားတော့ ဒေါင်းကြည့်လို့ မမှားတဲ့ကားကောင်းလေးပါခင်ဗျာ ။ ရုပ်ရှင်မှာ ကလေးဇာတ်ဆောင်နှစ်ယောက်ကိုပဲ အဓိကထားပြီးရိုက်ကူးထား ပါတယ်။ ကလေးနှစ်ယောက်ကလည်း ရုပ်ရှင်ရိုက်တာနဲ့မတူပဲ သူတို့တကယ် ကြုံတွေ့ရသလို သရုပ်ဆောင်ပိုင်နိုင်ကြပါတယ်။ ဘော်ဘီ နဲ့ ကယ်ဗင်တို့ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ သူတို့ နှစ်ယောက်ပြန်ပေးဆွဲခံရပေမယ့် ဘော်ဘီကတော့ ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ အပြင်ကိုရောက်ပြီးမှ ကယ်ဗင်ရဲ့ “ကယ်ကြပါဦး”ဆိုတဲ့အသံကို ကြားပြီးတဲ့ နောက်မှာ ဘော်ဘီရဲ့ခြေလှမ်းတွေက ဘယ်ကိုဆက်ဦးတည်မှာလဲ... ကယ်ဗင်ကရော တကယ်အဆင်ပြေရဲ့လား.....အဲ့တော ဆက်ရေးရင် ဇာတ်ရှိန်ပျက်မှာစိုးလို့ ဆက်ကြည့်လိုက်ပါတော့ဗျာ။ စိတ်ကျေနပ်မှုတစ်ခုတော့ ရစေမှာပါ ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(900 MB) / (400 MB) Quality............Blu-Ray 1080p / 720p Duration.........1Hr 28mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Jo Jo Va Encoder..........SWM

Drama • Horror
6.5 2020 88 mins
The Boy Behind The Door
Signs
6.7

Horror / Thriller ရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအနေနဲ့တော့ ဒါရိုက်တာ M. Night Shyamalan ကို မသိတဲ့လူ မရှိလောက်ပါဘူး။ ရုပ်ရှင်နဲ့ လူမတွဲမိရင်တောင် သူ့ကားအများစုကို ကြည့်ဖူးပြီးသားဖြစ်ကြမှာပါပဲ။ Shyamalan ဟာ The Sixth Sense, Unbreakable Trilogy, The Village, The Happening နဲ့ Old အစရှိတဲ့ ကားတွေကိုရိုက်ခဲ့တဲ့သူပါပဲ။ Signs ဟာ Shyamalan ရဲ့ မာစတာပိစ်တစ်ကားအဖြစ် Horror ဖန်တွေ သမုတ်ကြတဲ့ ရုပ်ရှင်တစ်ကားဖြစ်သလို Mel Gibson, Joaquin Pheonix တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့အတူ မင်းသား Rory Culkin, မင်းသမီး Abigail Breslin တို့ရဲ့ ငယ်စဉ်ကတည်းကပါလာတဲ့ အနုပညာစွမ်းရည်ကို တွေ့ရမှာလည်းဖြစ်ပါတယ်။ သူ့ Rating ဟာ 6.7 ပဲရှိပေမဲ့ သူ့ပရိသတ်တွေကတော့ ဒီရုပ်ရှင်ဟာ 8.5 အထိပေးသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး 8 အောက်ပေးရင်ကို ရာဇ၀တ်မှုကျူးလွန်လိုက်သလိုပဲလို့ ဆိုကြပါတယ်။ လူတိုင်းကြိုက်နိုင်မှာမဟုတ်ပေမဲ့ Horror သမားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ကားကောင်းဖြစ်တဲ့ Underrated ဖြစ်တဲ့ Horror masterpiece ရုပ်ရှင်တစ်ကားလို့ ပြောရင်လည်းမမှားပါဘူး။ ရင်တသိမ့်သိမ့်တုန် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းလို့ သတ်မှတ်နိုင်သလို မိသားစုမေတ္တာဖွဲ့ ဇာတ်လမ်းလို့လည်း သတ်မှတ်လို့ရနိုင်လောက်ပါတယ်။ နာမည်က Sign (နိမိတ်၊ သင်္ကေတ) ဆိုတဲ့အတိုင်း ဇာတ်ကားတစ်ခုလုံးကို နိမိတ်ပုံလေးတွေနဲ့ ရင်တဖိုဖို ဖြစ်ရအောင်ဖန်တီးထားပြီး ဇာတ်ကားအစကနေအဆုံးထိ မထတမ်းကြည့်ချင်အောင် စိတ်အာရုံကိုဖမ်းစားနိုင်မှာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဇနီးသည်ဆုံးပါးသွားလို့ စိတ်ဓာတ်ပျက်စီးပြီး ယုံကြည်မှုပျောက်ဆုံးနေတဲ့ ဓမ္မဆရာတစ်ယောက် ကမ္ဘာကို ဂြိုလ်သားတွေ ကျူးကျော်လာချိန်မှာ မိသားစုကိုကာကွယ်ရင်း သူ့ရဲ့ယုံကြည်ရာကို ပြန်ပြီးရှာတွေ့သွားနိုင်ခဲ့တဲ့ အကြောင်းလေးပါပဲ။ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ပုံကောင်းကောင်း၊ ဒါရိုက်တာရဲ့ တင်ပြပုံ ပညာသားပါပါနဲ့ သိမ်သိမ်မွေ့မွေ့နဲ့ကို ကြောက်လန့်စေမယ့် Horror Masterpiece ကားတစ်ကား ရှာနေတယ်ဆိုရင်တော့ Signs ဟာ ရွေးချယ်မှုမှန်စေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.71GB, 727MB, 481MB Quality - 1080p, 720p, 480p IMDb Rating - 6.7/10 Format - mp4 Duration - 1H 46Min Genre - Drama, Mystery, Sci-fi Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Horror
6.7 2002 106 mins
Signs
[18+] Be My Master
6

Bdsm-Bondage, dominate,slave,master..ဒါကို မြန်မာနိုင်ငံမှာဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုကြလဲတော့ မသိဘူး တချို့နိုင်ငံတွေမှာတော့ လိင်စိတ်ပေါင်းများစွာထဲက တစ်ခုလို့ပဲသတ်မှတ်ထားပါတယ် Bdsm စိတ်ရှိနေတာဟာ လိင်စိတ်စံလွဲနေတာမဟုတ်ပဲ လိင်စိတ်ဆန္ဒပြည့်ဝဖို့အတွက် နည်းလမ်းပေါင်းများစွာရှိတဲ့အထဲက နည်းလမ်းတစ်ခုမျှသာဖြစ်ပါတယ်ပေါ့ ထို့အပြင် လိင်စိတ်ဆိုတာဟာ ထုတ်ဖော်ပြရမှာသာ ရှက်ရွံ့တတ်ကြပေမယ့် လူတစ်ယောက်ကို ထိပ်ဆုံးရောက်တဲ့ထိ တွန်းပို့ပေးနိုင်တဲ့ အောင်မြင်ရေးစိတ်လို့လဲ စိတ်ပညာရှင်များက လေ့လာဖော်ထုတ်ထားကြပါသေးတယ် Force လိုပဲပေါ့ light side ကပဲ စွမ်းအားရှိတာမဟုတ်ပါဘူး Dark side ရဲ့စွမ်းအားက ပိုကြီးမားပါတယ် အဲ့တော့ လူတွေရဲ့ dark side တွေ အဲ့အမှောင်ခြမ်းတွေနဲ့ ဆက်နွယ်နေတဲ့ လူနေမှုဘဝ လူမှုရေး စီးပွားရေး အိမ်ထောင်ရေး အကုန်လုံးပေါ့ ဘာတွေဘယ်လိုဆက်စပ်နေတယ်ဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ တစ်ထောင့်တစ်နေရာကဖော်ပြထားပါတယ် အကုန်လုံးအမှန်မဟုတ်ဘူးဆိုပေမဲ့ လူတွေရဲ့စိတ်သဘောသဘာဝဟာ ဒီလိုဒီလိုတော့ ရှိတတ်ပါတယ်ဆိုတာ သင်ခန်းစာယူလို့ရပါတယ်…. ဘာတုန်းဟ စာတွေကလဲအရှည်ကြီး sex education ကားကြီးလားဆိုတော့ အဲ့လိုလဲမဟုတ်ပါဘူး review သာကြီးကြီးကျယ်ကျယ်တွေရေးနေတာ ဇာတ်ကားကတော့ ညိုကီတို့အကြိုက် ပျိုမဒီအချောလေးတွေရဲ့ စိတ်အမှောင်ခြမ်းကို ဝတ်လစ်စလစ်အလှတွေနဲ့ မှုန်ခြယ်ပြမှာမို့ လက်လွတ်မခံဖို့တော့ အကြံပေးပါရစေ

Action • Adventure • Fantasy • Science Fiction
6 2018
[18+] Be My Master
Kida
9.5

Kida (2023) ဆိတ်တစ်ကောင်နှင့်တိုင်ပတ်ကြသူများ IMDb – 9.3/10 နိုဝင်ဘာလကပဲ ရုံတင်သွားပြီး ဇာတ်လမ်းအသားပေးရိုက်ကူးထားတဲ့ တမီလ်ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပိုက်ဆံမရှိပါဘဲ မြေးဖြစ်သူကို ဒီပါဝလီပွဲအတွက် အဝတ်အစားသစ်ဝယ်ပေးမယ်လို့ ကတိပေးထားတဲ့ အဘိုးကြီးတစ်ယောက်။ အဖေတွေအချင်းချင်းကြားက အတ္တမာနတွေကြောင့် နှစ်ဦးနီးစပ်ဖို့ အခက်ကြုံနေရတဲ့ချစ်သူနှစ်ဦး။ ဒီပါ၀လီပွဲတော်ရက်မတိုင်မှာပဲ မိန်းကလေးရှင်ဘက်က တခြားလူနဲ့ စေ့စပ်ကြောင်းလမ်းဖို့ စီစဉ်ထားတဲ့အတွက် ဒီပါ၀လီမတိုင်ခင်ညမှာခိုးပြေးဖို့ကြံစည်ထားကြသူတွေ။ ပွဲတော်အတွက် သုံးစရာစွဲစရာရဖို့ ခိုးဖို့ဝှက်ဖို့ကြံနေကြတဲ့ လူတစ်စု။ အရက်ပဲမူးနေတဲ့ သားသတ်သမားကို ဆိတ်သတ်တဲ့ခုံကနေ အလုပ်ဖြုတ်လိုက်တဲ့အတွက် ကိုယ်ပိုင်ခုံထောင်ဖို့ ကြံနေတဲ့ အရက်သမားသားသတ်သမားကြီး။ ဒီလို ကိုယ်စီကိုယ်စီ စိတ်ကူးတွေ အကြံတွေနဲ့သူတို့တွေဟာ ဆိတ်တစ်ကောင်ကို အကြောင်းပြုပြီး ဘယ်လိုတွေ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Action • Thriller
9.5 2022 122 mins
Kida
Sugar Factory
9.5

Sugar Factory (2023) “ဟန်ဆောင်အချစ်ဇာတ်လမ်း” IMDb – 9.5/10 Sugar Factoryဆိုတဲ့ ကန်နာဒါစကားပြော အိန္ဒိယအချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးချော ဆိုနာမွန်တယ်ရီယိုနဲ့ မင်းသားဒါလင်ခရစ်ရှ်နာတို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ “Single is the best”လို့ တစာစာကြွေးကြော်ရင်း အချစ်ရေး အိမ်ထောင်ရေးကို တစက်ကလေးမှ စိတ်မဝင်စားကြတဲ့ အာရာနဲ့ အာဒီတီ။ အာရာက မင်္ဂလာပွဲတွေစီစဉ်ပေးတဲ့ စီစဉ်သူကြီးဖြစ်ပေမဲ့ အိမ်ထောင်ရေးကိုလုံးလုံးအယုံအကြည်မရှိသူ။ အာဒီတီဆိုတဲ့ မိန်းမပျိုလေးကလည်း ထိုနည်း၎င်း ဘာလဲ အချစ်ဆိုတာလို့ မေးခွန်းထုတ်တတ်တဲ့ ဆော့ဖ်ဝဲပညာရှင်။ ဒီလို မချစ်တတ်တဲ့ယောကျ်ားနဲ့ မချစ်တတ်တဲ့မိန်းမတို့ ဆုံတွေ့ကြတာက Sugar Factoryလို့ခေါ်တဲ့ အရက်ဆိုင်မှာ။နှစ်ယောက်သား မထင်မှတ်ဘဲဆုံတဲ့အချိန်မှာ အရင်တချိန်က ဆုံခဲ့ဖူးသူတွေမို့ ခဏအတွင်းရင်းနှီးသွားကြရင် အချစ်ကိုမယုံကြည်ကြောင်း ဒဿနတွေပွင့်အံကြတာပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင်မူးပြီးတဲ့နောက်မှာတော့ အကြောင်းကြောင်းကြောင့် ချစ်သူတွေအဖြစ်ဟန်ဆောင်ရဖို့ဖြစ်လာပါတော့တယ်။ အချစ်ကိုအယုံအကြည်မရှိတဲ့ သူတို့နှစ်ယောက်ရဲ့ ဟန်ဆောင်အချစ်ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မလဲဆိုတာ ခံစားကြည့်ရှုလိုက်ကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

9.5 2023
Sugar Factory
Kho Gaye Hum Kahan
8.8

Kho Gaye Hum Kahan (2023)”ဘယ်မှာလမ်းတွေပျောက်ခဲ့” ============================================= မင်းသမီးချောလေး အာနန်ယာပန်ဒေး၊ The White Tiger ထဲက မင်းသား ဂေါ်ရပ်ဗ်နဲ့ Gully Boy ထဲက MC Shaah နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ချာတူရ်ဗေဒီတို့ရဲ့ ရုပ်ရှင်သစ်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အဟာနာ၊ အီမာ့ဒ်နဲ့ နီးလ်ဆိုတဲ့ စရိုက်မတူ၊ အလုပ်အကိုင်မတူကြတဲ့ ငယ်သူငယ်ချင်းသုံးယောက်ဟာ မွမ်ဘိုင်းမြို့ကြီးမှာ တိုက်ခန်းတစ်ခုငှားကာ အတူနေကြပါတယ်။ ဒီလို နေကြရင်း အသက် ၂၀ ကျော်ဝန်းကျင် လူငယ်တွေဘာသာဘာဝ ရည်ရွယ်ချက်တွေဝိုးတဝါးဖြစ်ကာ အနိမ့်အမြင့်အတက်ကျပေါင်းစုံကို အတူတူဖြတ်ကျော်ကြပုံတွေကို ပေါ့ပေါ့ပါးပါးဖြစ်အောင်တင်ဆက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကားလေးပါပဲ။ ဇာတ်လမ်းက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ တင်ဆက်ထားပုံလေးက ထူးခြားတဲ့အပြင် cast တွေကလည်း ရှယ်တွေဖြစ်တာကြောင့် အချိန်ပေးရကျိုးနပ်တဲ့ ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ရေးသားသူတွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.8 2023 135 mins
Kho Gaye Hum Kahan
The Ordinaries
6.7

ဘဝမှာ ခင်ဗျားကအရံလူတစ်ယောက် ဖြစ်နေတယ်ဆိုရင် ခင်ဗျားက အရေးပါတဲ့သူ တစ်ယောက်ဖြစ်ဖို့ကြိုးစားမလား ဒါမှမဟုတ် အမေ့လျော့ခံ ဘဝလေးမှာပဲ ရှင်သန်သွားမလား ဒီ Ordinariesဆိုတဲ့ ရုပ်ရှင်ဇာတ်ကားက ရုပ်ရှင်လောကရဲ့ဇာတ်ကောင်သုံးမျိုးဖြစ်တဲ့ အဓိကဇာတ်ဆောင်တွေ ဇာတ်ပို့ ဇာတ်ရံတွေ အပယ်ခံတွေရဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာSophie Linnenbaumက ရိုက်ကူးပုံဖော်ထားပါတယ် ဒီဇာတ်ကားက rating 6.7/10 အထိရရှိထားပြီး ဂျာမနီနိုင်ငံရဲ့သရုပ်ဆောင် အကျော်အမော် မင်းသမီးဖြစ်တဲ့ Fine Sendel ကအဓိကဇာတ်ဆောင် ပေါ်လာ အဖြစ် သရုပ်ဆောင်ထားပြီး အကောင်းဆုံးမျက်နှာသစ်ဒါရိုက်တာဆု အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်ဆု အကောင်းဆုံးရုပ်သံတည်းဖြတ်ဆု စတဲ့ဆုပေါင်းများစွာကို ဆွတ်ခူးရရှိထားပါတယ် ဒီဇာတ်ကားမှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ ပေါ်လာဆိုတဲ့ ကောင်မလေးတစ်ယောက် အဓိကဇာတ်ဆောင်ဖြစ်ဖို့ ကြိုးစားရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ အတားအဆီးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ် ဒီဇာတ်ကားမှာ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ဖြစ်တဲ့ အပယ်ခံလူတန်းစားတွေက ရုပ်ရှင်တေးသွားတွေကို ဖန်တီးခွင့်မရှိသလို အဓိဇာတ်ဆောင်တစ်ယောက် ဖြစ်ခွင့်လည်းမရှိဘူးလို့ တားဆီးပိတ်ပင်ခံထားရပြီး ကိုယ့်စိတ်ကူးအိပ်မက်တွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိပါဘူး အဓိကဇာတ်ဆောင် တစ်ယောက်ဖြစ်ဖို့ အဓိကဇာတ်ဆောင်သင်တန်းကျောင်းမှာ ကြိုးစားနေတဲ့ ပေါ်လာတစ်ယောက် ငယ်ငယ်ကတည်းက စွန့်ပစ်သွားတဲ့ ဖခင်ဖြစ်သူကို လိုက်ရှာရင်း မိမိကအပယ်ခံ တစ်ယောက် ဖြစ်နေတာကိုသိရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်လို အတားအဆီးတွေနဲ့ကြုံတွေ့ရမလဲ ပေါ်လာတစ်ယောက်ကြုံတွေ့လာတဲ့ အတားအဆီး အခက်အခဲတွေကိုကျော်ဖြတ်ပြီး အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်သွားနိုင်ပါ့ မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ပရိတ်သတ်ကြီးကိုယ်တိုင် လိုက်ပါစီးမျော ခံစားကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Sci-fi/Fantasyအမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးအတွက် လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် File size…1.69 GB / 676 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 4m Genre ….. Comedy , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6.7 2022
The Ordinaries
Irena’s Vow
6.2

စစ်ကားကြီးတွေက ပျင်းစရာကောင်းလွန်းလို့ မကြည့်ချင်ပါဘူးဆိုတဲ့ သူတွေအတွက် စိတ်ဝင်စား သွားစေရမယ်လို့ အာမခံတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်စဉ် တုန်းက ဂျာမန်ဒရာမာဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်စစ်ကားတွေလိုမျိုး စစ်တိုက်နေတာပဲ မဟုတ်ဘဲနဲ့ တကယ့် ဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည် ရိုက်ကူးထားတဲ့အတွက် ကွဲထွက်နေပြီး ကြည့်လို့ကောင်းမှာတော့ အသေအချာပါပဲ။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းဇာတ်အိမ်တွေက အပြင်မှာ တကယ်ရှိခဲ့တဲ့ ဂျူးတွေရဲ့ အမျိုးသမီးသူရဲကောင်း အီရယ်နာဂွတ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ အီရန်နာရဲ့ဇာတ်ကြောင်းဆိုတဲ့ အတိုင်း Irena’s Vow ဖြစ်ပြီး IMDb Rating 6.2 အထိရရှိထားပါတယ်။ အီရန်နာရဲ့ ဇာတ်ကြောင်းကိုစပြောရရင်တော့ ၁၉၃၉ ခုနှစ် စက်တင်ဘာလမှာ အီရန်နာနေထိုင်တဲ့ ပိုလန်ကိုဂျာမနီနဲ့ ဆိုဗီယက်တွေက ကျူးကျော်ခဲ့ပြီးနောက်မှာတော့ အီရန်နာအပါအဝင် ပိုလန်သူပိုလန်သားတွေအကုန် နေစရာအိမ် လုပ်ကိုင်စရာအလုပ်တွေနဲ့ အရေးအကြီးဆုံး လွတ်လပ်ခွင့်တွေ ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။ အဲ့ဒီနောက်ပိုင်း အီရန်နာကို ဂျာမန်စစ်စခန်းတစ်ခုမှာ အတင်းအဓမ္မအလုပ်လုပ်ဖို့ စေခိုင်းခဲ့ပေမဲ့ အီရန်နာက စိတ်ဓာတ်ခွန်အားပြည့်၀ပြီး အလုပ်ကြိုးစားတတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာပဲ ဂျာမန်အရာရှိကြီးတစ်ယောက်ရဲ့ အိမ်မှာအိမ်တော်ထိန်း အဖြစ် အလုပ်ရသွားပါတော့တယ်။အဲ့ဒီမတိုင်ခင်က သူက စက်ချုပ်ခန်းမှာရှိတဲ့ ဂျာမန်တွေအရမ်းမုန်းတီးပြီး နိမ့်ချဆက်ဆံကြတဲ့ ဂျူးတွေရဲ့ အလုပ်ခေါင်းဆောင် ဖြစ်ခဲ့ပါသေးတယ်။ ဂျာမန်တွေက သူတို့နေထိုင်ရာမြို့မှာ ဂျူးကင်းစင်သွားအောင် အကုန်သုတ်သင်ပစ်မဲ့အကြောင်းကို အီရန်နာကြားသွားပြီး နောက်မှာတော့ အဲ့ဒီဂျူးတွေအားလုံးကို သူအလုပ် သွားလုပ်ရမဲ့ ဂျာမန်အရာရှိကြီးရဲ့ အိမ်မှာ ဖွက်ထား ပေးဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အီရန်နာတစ်ယောက် မီးခဲကြီးကို လက်ထဲမှာကိုင်ထားရသလို ရင်တထိတ်ထိတ်နဲ့ အိမ်ထဲမှာ ဂျူးတွေကို ဖွက်ထားပေးရင်း အီရန်နာနဲ့ဂျူးတွေ အန္တရာယ်တွေကြားက ဘယ်လိုတွေအတူတူရင်ဆိုင် ကျော်ဖြတ် သွားရမယ်ဆိုတာတွေအပြင် မထင်မှတ်ထားတဲ့ဒရာမာအချစ် ဇာတ်လမ်းလေးတစ်ခုကို ပါကြည့်ရှုရမဲ့ စိတ်ဝင်စားစရာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 610MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 1m Genre …..War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.2 2023
Irena’s Vow
Panor

ဖနောဆိုတဲ့မိန်းကလေးက ရွာရဲ့ ကျိန်စာအခမ်းအနားကျင်းပလေ့ရှိတဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ နေ့မှာမွေးဖွားခဲ့တာပါ။ မွေးကတည်းက ထူးခြားတဲ့စွမ်းအား‌တွေ ပါရှိလာခဲ့တာကြောင့် လူ့အသိုင်းအဝိုင်းကနေ ပယ်ခံထားရတဲ့မိန်းကလေးဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဖနောရဲ့ အိမ်နီးနားချင်းတွေကလည်း ဆိုးရွားတဲ့အဖြစ်အပျက်တွေ မကောင်းတဲ့ကိစ္စတွေကို မကြာခဏဆိုသလို ကြုံခဲ့ရတယ်။ ဒီလို ကိစ္စ‌တွေကြောင့်ပဲ ရွာကလူတွေက ဖနောကို မကောင်းဆိုးဝါး‌တွေ ယူဆောင်လာတဲ့သူလို့ သတ်မှတ်ထားကြပြီး ရှောင်ရှားခဲ့ကြတယ်။ ဒီလိုနဲ့ တနေ့မှာတော့ ဖနောဟာ သူ့ကိုမွေးတုန်းက ပါလာတဲ့အမဲရောင်စွမ်းအားတစ်ခုနဲ့ပတ်သတ်တဲ့အရာကို မထင်မှတ်ဘဲ တွေ့ခဲ့တယ်။ အဲဒီအရာကြောင့် ဖနောဟာ သူ့ဘ၀တလျှောက်လုံး ထူးဆန်းတဲ့အနှောင့်အယှက်‌တွေ လျှို့ဝှက်ဆန်းကြယ်တဲ့ သဘာဝလွန်ဖြစ်ရပ်‌တွေနဲ့ကြုံခဲ့ရတယ်။ ဒါပေမဲ့ ဖနောမွေးတုန်းက လိုက်ပါလာတဲ့ကံကြမ္မာဆိုးက တကယ်တမ်းဘာလဲ….. ဖနောက‌ရော ဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်မလား……. ပြီးတော့ သူမရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်ပါ့မလား….ဆိုတာကြည့်ရှုခံစားလိုက်ကြပါဦးလို့……. File size…(2 GB)/(920 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:00:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by Alyn, Htet & Khaing Thazin

Drama • Romance
0 2025 125 mins
Panor
The Weird Missing Case of Mr. J
6.5

The Weird Missing Case of Mr. J (2009) ********************************************* IMDb- 6.5 ကျွန်တော်တို့ CM ကနေ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဟာသအချစ်ဇာတ်မြူးကားလေးဖြစ်တဲ့ The Weird Missing Case of Mr.J ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ mercy for none ကားထဲမှာ ပါဝင်ထားတဲ့ မင်းသားကြီး Lee Bum Soo နဲ့ The Gangster, the cop and the devil ကားထဲမှာ ပါဝင်ထားတဲ့ မင်းသမီးကြီး Kim Gyu Ri တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း **************** ပိုင်ဆိုင်မှုထိန်းသိမ်းရေး မန်နေဂျာတစ်ယောက်ဖြစ်တဲ့ ဂျောင်ဆွန်းဖီး(Lee Bum Soo) တစ်ယောက် ချစ်သူဖြစ်သူ ယူမီဆွန်း (Kim Gyu Ri) နဲ့အတူ မင်္ဂလာဝတ်စုံသွားကြည့်ပြီး အပြန် စီးကရက်သောက်ချင်တာကြောင့် ဆင်းဝယ်ရင်း ပျောက်ဆုံးသွားပါတော့တယ်. ထိုလူပျောက်မှုကို ကိုင်တွယ်ရသူ စုံထောက်ဘတ်ဆိုသူဟာ သူ့ချစ်သူ မိန်းကလေးက သူ့ကို လိမ်လည်ကာ ပိုက်ဆံတွေ ယူပြေးသွားတာမို့လို့ ဘာနေနေ မိန်းမတွေကိုပဲ တရားခံလို့ထင်နေတဲ့အခါ ပျောက်ဆုံးသူ ဂျောင်ဆွန်းဖီးနဲ့ စေ့စပ်ထားတဲ့သူ ယူမီဆွန်းတစ်ယောက် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲ ဂျောင်ဆွန်းဖီးကိုရော ဘယ်လိုပြန်တွေ့အောင် ရှာကြမလဲဆိုတာကို ဟာသဆန်ဆန် romantic ဆန်ဆန်လေး ရိုက်ပြထားတာမို့လို့ ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Theintက ရေးသားထားပါတယ်) File Size – 2.47 GB/ 855 MB Quality – WEB-DL 1080p/ 720p Duration – 1h 38m Format – mp4 Genre – Comedy Subtitle – Myanmar Subtitle (Hard Sub) Translated by – Theint Encoded by – Treasure Htet

Comedy
6.5 2009 97 mins
The Weird Missing Case of Mr. J
The Gingerbread Man

IMDb – 5.7/10 RT – 60% ဇ ာတ်လမ်းအကျဉ်းကို ပြောပြရရင် အောင်မြင်နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ရစ်ခ် မက်ဂရူဒါ (Kenneth Branagh) ဟာ ဇနီးသည် လီယန် (Famke Janssen)နဲ့ ကွာရှင်းထားရသလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါမကျန် ဇာတ်ရှုပ်ချင်သူဖြစ်ပါတယ်။ တစ်ညမှာတော့ စားပွဲထိုးမလေး မယ်လိုရီ (Embeth Davidtz) ကို အိမ်ပြန်လိုက်ပို့ပေးရင်း ငြိသွားကြပါတယ်။ နောက်ပိုင်းမှာတော့ မယ်လိုရီကို သူမရဲ့အဖေ ဒစ်ဆင် (Robert Duvall)က လိုက်နှောက်ယှက်ပြီး စိတ်ဒုက္ခပေးနေတာကို သိရတော့ ဒစ်ဆင်ကို စိတ်ကျန်းမာရေးဆေးရုံရောက်အောင် သူတတ်နိုင်တဲ့နည်းနဲ့ လုပ်လိုက်ပါတယ်။ ဒါပေမယ့် ခေသူမဟုတ်တဲ့ ဒစ်ဆင်ကလည်း ဆေးရုံကနေ ထွက်ပြေးလာပြီး ရစ်ခ်နဲ့ သူနဲ့ပတ်သတ်သူတွေကို အန္တရာယ်ပြုပါတော့တယ်။ သူခေတ်သူ့အခါက နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ ဆာဘွဲ့ရ Kenneth Branagh ၊ စနိုက်ပါ မင်းသားကြီး Tom Berenger ၊ Daryl Hannah ၊ Embeth Davidtz ၊ Robert Duvall တို့အပြင် MCU ရဲ့ သခင်ကြီး RDJ ရဲ့ ငယ်နုစဉ်က သရုပ်ဆောင်ပုံတွေကိုပါ ရှုစားရမှာပါ။ အဖော်အချွတ်အချို့ပါလို့ R-rated ပါ။ ဇာတ်ညွှန်း‌ရေးသားသူ John Grisham နဲ့ Clyde Hayes ဖြစ်ပြီး ဒါရိုက်တာ Robert Altman ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူ Thompson ဖြစ်ပါတယ်။ File size…(2.8 GB)/(1.5 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

TV Movie • Drama • Thriller
0 1998
The Gingerbread Man