YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Love.Twist.2021.E42-720p.mp4

271.87 MB N/A video/mp4 192 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Emily
7.1

~ IMDb - 6.9/10, Rotten Tomatoes - 86% ~ "လေထန်ကုန်း" ဆိုတဲ့ စကားလုံးက မြန်မာစာဖတ်ပရိသတ်တစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ စကားလုံးပေါ့။ အဲဒီ လေထန်ကုန်းဆိုတဲ့ စကားလုံးကိုမြင်ရင် ခင်ဗျား ဘာကိုအရင်ပြေးမြင်မလဲတော့မသိဘူး။ အမ်မလီဘရွန်တီရဲ့ ဂန္ထဝင်၀တ္တု Wuthering Heights ကိုလား၊ ဒါမှမဟုတ် လေထန်ကုန်းလို့ခေါ်တဲ့ မြန်မာစာရေးဆရာတွေ ကြုံကြဆုံကြတဲ့ လက်ဖက်ရည်ဆိုင်ကလေးကိုလား။ ဒုတိယဟာက ဒီမှာ ပို Iconic ဖြစ်ပေမဲ့ ဒုတိယဟာကိုသိတဲ့ ဒီကလူတွေဟာ ပထမဟာကိုလည်း ကောင်းကောင်းသိကြမှာပါပဲ။ ၁၈၄၇မှာ ပုံနှိပ်ခဲ့တဲ့ အမ်မလီဘရွန်တီရဲ့ Wuthering Heights ကို ကျော်လှိုင်ဦးက "လေထန်ကုန်း"လို့ တိုက်ရိုက်ပဲ နာမည်ပေးပြီး ပြန်ဆိုရေးသားခဲ့ဖူးပါတယ်။ သူ့ရှေ့မှာတော့ ‌ဒဂုန်ခင်ခင်လေးက ဂုဏ်မြင့်သူဆိုပြီး တစ်စိတ်တစ်ဒေသမှီငြမ်း ရေးသားဖူးပြီး ၁၉၆၀လောက်မှာ သိပ္ပံစိုးလှက ငွေတာရီမဂ္ဂဇင်းမှာ ပင်မြင့်မာလာဆိုပြီး ဘာသာပြန်ဖူးတယ်ဆိုပါတယ်။ ဂန္ထ၀င်ဖြစ်လာတာတောင် နှစ်ပေါင်းရာချီနေတဲ့ ၀တ္တုပါပဲ။ အမ်မလီဘရွန်တီကို မြန်မာစာဖတ်ပရိတ်သတ်တွေအနေနဲ့ ဒီ၀တ္တုနဲ့တင် မဟုတ်ဘဲ Rememberance ဆိုတဲ့ အမ်မလီဘရွန်တီရဲ့ ကဗျာကို တက္ကသိုလ်ဘုန်းနိုင်ကလည်း တမ်းတမိခြင်းဆိုပြီး ပြန်ဖူးတာကို သိကောင်း‌သိကြပါလိမ့်မယ်။ အခုဇာတ်ကားကတော့ အမ်မလီရဲ့ ငယ်ဘ၀ကနေ သူ့ဇာတ်ကြောင်းကို ရိုက်ပြထားတာပါ။ အားလုံးသိပြီးသလိုပဲ၊ သူတို့ညီအစ်မသုံးယောက်စလုံးကလည်း အနုပညာသမားတွေဖြစ်သလို သူတို့အောက်က မောင်ကလည်း Wuthering Heights မှာ သူ့ကို ကိုယ်စားပြုထားတယ်ပြောလို့ရတဲ့ ဇာတ်ကောင်ပါဖူးတဲ့သူပါ။ ဒီတော့ ကလပ်စစ်စာပေ ပရိသတ်တွေအတွက် သူ့ငယ်ဘ၀ကနေ ရိုက်ပြမှာက သူ့အကြောင်းဆိုတာကို ကျော်လွန်ပြီး စိတ်၀င်စားစရာကောင်းမှာပါပဲ။ အမ်မလီရဲ့ဘ၀အစစ်အမှန်အတိုင်း အတိအကျကြီး မရိုက်ကူး‌ထားပေမဲ့ ကျော်ကြားတဲ့စာရေးဆရာတစ်ယောက်ရဲ့ဘ၀အကြောင်းကို ပေါ်လွင်အောင်ရိုက်ပြထားပါတယ်။ အမ်မလီရဲ့ငယ်ဘ၀အကြောင်းတွေ သာမန်စိတ်ကူးယဉ်ဆန်ပြီး ဇာတ်လမ်းတွေထိုင်ရေးတတ်တဲ့ကောင်မလေးအဖြစ်ကနေ ကျော်ကြားတဲ့စာရေးဆရာတစ်ယောက်အဖြစ်ကို ရရှိသွားတဲ့ပုံတွေအပြင် သူရဲ့ရင်နင့်စရာအချစ်ဇာတ်လမ်းလေးကိုပါ စိတ်၀င်စားဖွယ့် ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.42GB, 990MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 10Min Genre - Biography, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Crime • Drama • Mystery • Thriller
7.1 2022 130 mins
Emily
Maurh - Lehndi Rutt De Nayak
7

Maurh (2023) ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ IMDb 8.5/10, the times of india 4.9/5 ရရှိထားတဲ့ ၁၈၈၅ ခုနှစ်နဲ့ ၁၈၉၃ခုနှစ်အတွင်း ပန်ဂျက်တောင်ပိုင်းက ဂျေအွန်နာဆိုတဲ့ တော်လှန်ရေးသမားရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအနှံ့ ဗြိတိသျှတွေခြေချနေကြတဲ့ အဲ့ကာလမှာ ပန်ဂျပ်ပြည်နယ်ကလူတွေအတွက်တော့ အိမ်ခွေးကိုလည်းကြောက်ရ အပြင်ခွေးကိုလည်းလန့်ရဆိုတဲ့ အခြေအနေဖြစ်နေခဲ့ပါတယ်။ ဗြိတိသျှကိုလည်းကြောက်ရ၊ ဘုရင့်အနွယ်တော်ဆိုတဲ့ မြေရှင်တွေကြောင့်လည်းကိုယ်စိုက်တဲ့အသီး ကိုယ္မစားရ မဝရေစာလေးစားပြီး အကြောက်ကြီးကြောက်နေခဲ့ရတဲ့ ကာလပါပဲ။ ဒီမှာမှ မစားရတဲ့အသီးကို သွားထိမိတဲ့သူကတော့ အနေအေးတဲ့ လူရိုးလေးဂျေအွန်နာရဲ့အမေပါပဲ။ သားကြီးကြိုက်တဲ့ မုန်ညှင်းစိမ်းလေးနည်းနည်းဝင်ခူးမိရာကစတဲ့မီးဟာ တစ်အိမ်လုံးကို တစ်စတစ်စနဲ့ပြန့်သွားပြီး ကြေးစားလူမိုက်အစ်ကိုကြီး တော်လှန်ရေးတပ်ထဲဝင်ပြီး အသက်ဆုံးသွားတဲ့အထိပါပဲ။ ဒီလိုအစ်ကိုကြီးရဲ့ သေဆုံးမှုကိုကလဲ့စားချေပေးမယ့် ဂျေအွန်နာ လူတိုင်းမှာပြောစမှတ်တွင်သွားရတဲ့ဇာတ်လမ်း၊ ယုံတမ်းနဲ့ ပါးစပ်ရာဇဝင်တွေ ဘာလို့ဖြစ်လာတယ်။ သူ့ရဲ့စွန်းစားခန်း ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကို မိသားစုသံယောဇဉ်တွေ၊ ပန်ဂျပ်ပြည်သူတွေရဲ့ ဒုက္ခတွေကို ပေါ်လွင်အောင်တင်ပြထားတဲ့ကားလေးမို့ CM Bollywood Team မှ Aditi~ BpL~ ZWE~ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် File size…3.78GB / 1.4GB Quality…1080p WEB RIP /720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ BpL~ ZWE~ Yunni

Thriller
7 2023 141 mins
Maurh - Lehndi Rutt De Nayak
I Dream of a Psychopomp

I Dream of a Psychopomp (2021) ဆန်းဆန်းပြားပြား ထူးထူးခြားခြား သဘာဝလွန်ကားတွေကို ငံ့ငံ့လင့်လင့် ဖြစ်နေတဲ့လူတွေအတွက် ချာချာလည်အောင် မူးဝေဝေဖြစ်သွားမယ့် ရုပ်ရှင်တစ်ကားပါ။ ဇာတ်လမ်းကတော့ ရိုးရိုးကုတ်ကုတ်လင်မယားလေး တစ်တွဲရှိပါတယ်။ စစဖွင့်ချင်းမှာပဲ ဓာတ်တိုင်ကိုကားနဲ့တိုက်မိပြီး မိန်းမက လျောလျောရှုရှု ပွဲချင်းပြီး သေသွားပါတယ်။ သေပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာ ခနော်နီခနော်နဲ့ ဖြစ်သွားတဲ့ ယောက်ျားဟာ တမလွန်ဘက်ကို မြင်လာနိုင်သွားပါတယ်။ ဒီလိုနဲ့ နောက်ဘဝ နောက်တစ်ဘုံ မကူးနိုင်တဲ့ သူ့မိန်းမကို ကူညီဖို့ အကြောင်းဖန်လာတယ်။ ဒီတစ်ချိန်တည်းမှာပဲ ဒီလိုမြင်ရတာ သူတစ်ဦးတည်းထီးထီးမဟုတ်ဘဲ ကျန်တဲ့သူတွေလည်းရှိပါသေးတယ်။ အဲဒီလူတွေကိုပါ ဇာတ်လမ်းမှာထည့်ပြီး ပီပီသသပုံဖော်သွားပါတယ်။ ဒီဇာတ်လမ်းနဲ့အပြိုင်ပဲ မသေနိုင်တဲ့ လူတစ်ယောက်နဲ့ သေခါနီးကလေးမလေးတစ်ယောက်ရဲ့ ဇာတ်လမ်းကို လှလှပပသွတ်သွင်းထားပါတယ်။ သေချင်နေတဲ့မသေမျိုးရယ် မသေချင်နေတဲ့သေခါနီးကလေးမရယ် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်ရလေအောင် ကြံကြံဖန်ဖန် အစီအစဉ်တစ်ခုကို လုပ်ကြပါတယ်။ ဒီရုပ်ရှင်ဟာ ဒီလိုထူးခြားဆန်းပြား ဇာတ်လမ်းတွေကို ယှက်ဖောက်သီကုံးထားတဲ့ သဘာဝလွန် ရုပ်ရှင်မျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 690MB Quality – 1080p, 720p Format – mp4 Duration – 1H 20Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • Horror • Mystery • Thriller
0 2021
I Dream of a Psychopomp
Inventing the Christmas Prince
6.6

Inventing the Christmas Prince(2022) Christmas Prince ဆိုတာ မြောက်ဝင်ရိုးစွန်းတခွင်မှာ Santa Clause ပြီးရင် နာမည်အကြီးဆုံး လက်ဆောင်တွေ ဖြည့်ဆည်းပေးတဲ့ mythical character တစ်ယောက်ပေါ့ ဒါပေမယ့် Santa လောက်သူ့ကိုလူသိပ်မသိကြပါဘူး Christmas Prince ဆိုတဲ့story လေးကို ကျောင်းမှာ မိဘတွေခေါ်ပြီးပုံပြောခိုင်းတဲ့အစီစဥ်မှာ ရှယ်ဘီက သူ့ဖတဆိုးသမီးလေး ဂရေစ့်ကိုပြောပြပါတယ် အဲ့ကတည်းက Christmas prince ကဂရေစ့်ရဲ့စိတ်ထဲ စိုးမိုးနေတော့တာပေါ့ ရှယ်ဘီဟာ တဖက်ကလည်း ဂရေစ့်လေးကိုထိန်းရ တဖက်မှာလည်း Rocket Engineer ဆိုတဲ့အတိုင်းအလုပ်တွေကဇယ်ဆက်သလိုကိုလုပ်ရပါတယ် သူ့အတွက်ပိုဆိုးစေတာက သူတို့ရဲ့ ဘောစ့်အယ်ဗန်ပါ အယ်ဗန်ဟာ Christmas Carole ထဲက Scrooge လောက်မဆိုးပေမယ့် nearly Scrooge ပေါ့ အဲ့တော့အရမ်းလူ့ဂွစာကြီးပေါ့ တစ်နေ့မှာဖြစ်ချင်တော့ ရှယ်ဘီတယောက်သမီးဖြစ်သူကို အလုပ်ခေါ်သွားရင်း ပုံပြင်ထဲက Christmas Prince ရဲ့ လက်ကအမှတ်နဲ့ မစ္စတာအယ်ဗန်ရဲ့လက်ကအမှတ်သွားတူနေပြီး ဂရေစ့်လေး အယ်ဗန်ကို တကယ့် Chrostmas prince လို့ထင်သွားပြီးနောက်ပိုင်း ဘယ်လိုတွေဆက်ဖြစ်မလည်း ကြည့်ရတာစိတ်ဝင်စားဖို့ကောင်းပါတယ် ဟာသလေးတွေလည်းပါတော့ ပေါ့ပေါ့ပါးပါးနဲ့ Christmas ကာလမဟုတ်တော့တောင်အတော်ကြည့်လို့ကောင်းပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.6GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:24:00 Type__Comedy, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Drama
6.6 2022 84 mins
Inventing the Christmas Prince
Prisoner’s Daughter
6.3

Prisoner’s Daughter (2023) လူတိုင်းဟာအမှားနဲ့တော့ မကင်းနိုင်ကြပါဘူး တစ်ဘဝလုံးစာအမှားပဲကျုးလွန်ခဲ့ကျူးလွန်ခဲ့ အမှားသေးသေးလေးပဲ ကျူးလွန်ခဲ့ကျူးလွန်ခဲ့ လူတိုင်း ဒုတိယအခွင့်အရေးနဲ့ထိုက်တန်စမြဲပါပဲ။ လူတိုင်းဒုတိယအခွင့်ရေးလဲ ရထိုက်တယ်လို့ ထင်မိပါတယ်။ လူတိုင်းဟာလဲ အဲ့လိုပဲတွေးမိကြမှာပါပဲ ငါသာအဲ့လိုမလုပ်ခဲ့ဘူးဆိုပြီး တွေးမိတဲ့သူတွေလဲ ရှိကြမှာပါပဲ။ ယခုဇာတ်ကားလေးကလဲ လူမိုက်ကြီးတစ်ယောက် သူ့ကြောင့်ထိခိုက်ခဲ့ရတဲ့ မိသားစုဘဝကို ဘယ်လိုပြန်အဖတ်ဆယ်မလဲဆိုတာ ကြည့်ရှုရမဲ့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ Family Drama ကားလေးပါ။ Rating တွေကလဲကောင်းသလို ဇာတ်လမ်းလေးကလဲကောင်းပြီး သရုပ်ဆောင်ထားတဲ့သူတွေကလဲ ထိတ်ထိတ်ကြဲတွေပါပဲ။ Leading Role မှာတော့ စကော့လူမျိုးမင်းသားကြီး Brian Cox ( Troy ဇာတ်ကားမှာ သူ့မိန်းမကိုခိုးသွားလို့ Troy မြို့ကိုစစ်သွားခင်းတဲ့ စစ်ဘုရင်ကြီး Agamemnon အဖြစ်သရုပ်ဆောင်ထားသူပါ) ကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ်ဆိုတဲ့လူမိုက်ကြီးတစ်ယောက် ထောင်ကျနေတဲ့အချိန်မှာပဲ ပန်ကရိယပ်ကင်ဆာဖြစ်နေတော့ ထောင်မှူးကလဲသနားပြီး သူ့သမီးသာ သူ့ကိုခေါ်ထားမယ်ဆို နေအိမ်အကျယ်ချုပ်နဲ့ နေလို့ရမယ်လို့ ပြောလာပါတယ်။ ခက်တာက သူ့သမီးနဲ့အဆက်အသွယ်မရှိတော့တာ ၁၂ နှစ်လောက်တောင်ရှိနေပါပြီ။ ခုမှပဲပြန်ဆက်သွယ်ရင်လဲ သူသမီးကပြန်လက်ခံမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့သူ့သမီးမှာလဲ ခွားမသေးတစ်ကောင်နဲ့ရတဲ့သားလေးတစ်ယောက်ကလဲ ရှိနေပြီး သူတို့သားအမိနှစ်ယောက်တည်း လောကကြီးအလယ် ရင်ဆိုင်ရှင်သန်နေရပါတယ်။ တစ်နေ့မှာတော့ သူ့အရင်ယောကျာ်းက ပြဿနာလာရှာတဲ့အတွက် သူ့ရဲ့လက်ရှိအလုပ်လေးကလဲ ပြုတ်သွားပြီး ဘိုင်ပြတ်သွားပါတယ်။ ဒါနဲ့ပဲ သူ့အဖေကိုသူပြန်ခေါ်ပေးမယ် ဒါပေမဲ့ အိမ်ကိုအငှားလာနေတဲ့သဘောနဲ့ အိမ်လစာပေးရင် ခေါ်ထားမယ်ဆိုပြီး သဘောတူထားလိုက်ပါတယ်။ ဒီလို ၁၂ နှစ်လောက် သမီးကိုပစ်ထားခဲ့တဲ့ လူမိုက်ကြီးတစ်ယောက် သူ့သမီးနဲ့ပြန်ဆုံရတဲ့အခါ သူမှားခဲ့တဲ့အမှားတွေအတွက် ဘယ်လိုပြန်အဖက်ဆယ်မလဲ။ ဒီလို အဆင်မပြေဘဝကိုရုန်းကန်နေတဲ့ သားမိနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ Family Drama feel အပြည့်နဲ့ ခံစားကြည့်လို့ရမဲ့ မိသားစုကားလေးပါ။ ခုလိုအကျင့်စာရိတ္တတွေပျက်နေတဲ့ ခေတ်ကြီးမှာ ငွေရောင်အနားသတ်လေးတွေ ရှိသေးပါလားဆိုပြီး ကြည်နှုးခံစားကြည့်ရှုအားပေးလိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama, Mystery, Thriller Quality…. 1080p | 720p File size…1.4GB | 707MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Drama • Adventure • Fantasy
6.3 2023
Prisoner’s Daughter
The Legend of Detective Sleek Rat 2: The Blood Light Agato
5.8

ဒါလေးကတော့ အပိုင်း (၁) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ် The Legend of Detective Sleek Rat – Channel Myanmar ထူလုံအဖွဲ့ကိုချေမှုန်းနိုင်ခဲ့ပြီ ဆိုပေမယ့် သတ်ဖြတ်မှုတွေက ရှိနေပါသေးတယ်။ မင်းကြီးက ပေါင်ချိန်နဲ့ ပိုင်ယွိထန်တို့ ထူလုံအဖွဲ့ကို ရှင်းလင်းလိုက်နိုင်ခဲ့ကြောင်းကို သိရှိခဲ့ပေမယ့် ရာထူးနဲ့ ဆုလာဘ်တော်တွေ မချီးမြှင့်ပေးခဲ့ပဲ ပေါင်ချိန်ကို ဇာတိပြန်ခိုင်းခဲ့ပါတယ်။ သတ်ဖြတ်မှုတွေ တဖန်ပြန်စတင်လာချိန်မှာ ပိုင်ယွိထန်က သူ့သိုင်းပညာနဲ့ ဉာဏ်ပညာကိုအသုံးပြုပြီး လိုက်လံသတ်ဖြတ်မှုတွေကို ရှောင်ရှားနိုင်ခဲ့ပေမယ့် ဖမ်းမိန့်ထုတ်ခံခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ နောက်ကွယ်က အဓိကကြံစည်သူပေါ်ထွက်လာခဲ့ပြီး အမှန်တရားလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အဓိက ကြံစည်သူက ဘယ်သူဖြစ်လိမ့်မလဲ…… မင်းကြီးနဲ့ မယ်တော်ကြီးတို့ တော်ဝင်မိသားစုအတွင်းမှာရော ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2016
The Legend of Detective Sleek Rat 2: The Blood Light Agato
Girl With a Gun

Girl with a Gun”သေနတ်နှင့်မိန်းကလေး” တစ်နေ့မှာတော့ တိုမီဆိုတဲ့ကောင်မလေးဆီကို ဖုန်းတစ်လုံးဝင်လာပါတယ်…။ ဖုန်းထဲကပြောစကားကြောင့် တိုမီရဲ့မိခင်ဖြစ်သူဟာ ဖခင်ဖြစ်သူကို သေနတ်နဲ့ပစ်ပြီးနောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားမှန်းသိလိုက်ရပါတယ်။ မိဘတွေနဲ့လည်းမတွေ့ရတာကြာလေတော့ ဖြစ်စဥ်ကိုမယုံ ကြည်နိုင်လောက်အောင်ဖြစ်နေတဲ့ တိုမီတစ်ယောက် မိဘတွေရှိရာ မွေးရပ်မြေမြိုလေးဆီပြန်ခဲ့ပါတော့တယ်။ သိုပေမယ့် တိုမီရဲ့မြိုလေးဟာ အရင်နဲ့မတူဘဲ ရာဇဝတ်မှုခင်းတွေ ဖြစ်ပျက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့…. တိုမီတစ်ယောက် မိဘတွေရဲ့အမှုကို ဘယ်လိုအဖြေရှာမလဲ၊ ဘယ်လိုလက်စားချေမလဲဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်…။ File size…1.34GB / 587MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

0 2023
Girl With a Gun
Good Luck Chuck

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၀၇ ခုနှစ်ထွက် အချစ်ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကပေါ့ပေါ့ပါးပါးနဲ့ စိတ်ကိုလွတ်လပ်ပေါ့ပါးစေမဲ့ကားလေပါ။ဆု‌တွေလည်းရရှိထားပါတယ်။ ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေကတော့ Dane Cook၊ Dan Foglerနဲ့ မင်းသမီးကတော့ Fantastic four ဇာတ်ကားထဲကမင်းသမီး Jessica Alba ကသရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ဆန်းဆန်းလေးနဲ့ရီရပါတယ်။ သွားဆရာဝန် ဒေါက်တာချာလီလိုဂန်ဟာ ငယ်စဉ်ကလေးဘဝတုန်းက ဆော့ကစားရင်နဲ့ ကလေးတစ်‌ယောက်ရဲ့ကျိန်စာအတိုက်ခံခဲ့ရပါတယ်။ သူနဲ့တွဲတဲ့မိန်းကလေးတိုင်း နောက်ကောင်တစ်ယောက်ဆီပါသွားစေရမယ်ဆိုပြီး ကျိန်စာတိုက်ခံလိုက်ရတာပါ။ အသက်ကြီးလာတော့ ရည်စားအများကြီးတွဲခဲ့ဖူးပေမဲ့လည်း အချစ်စစ်ကိုမခံစားဖူးခဲ့ပါဘူး။ သူဟာသူရည်းစားဟောင်းရဲ့မင်္ဂလာဆောင်ကိုသွားရင်းနဲ့ အမျိုးသမီးတွေကြားနာမည်ကျော်ကြားသွားပါတယ်။ သတို့သမီးကချာလီနဲ့ပြတ်ပြီးတော့မှ သူ့ရဲ့အချစ်စစ်ကိုတွေ့ရှိခဲ့ကြောင်းပြောလိုက်တဲ့အတွက် ချာလီကိုလာဘ်ကောင်လေး‌ဆိုပြီးအမျိုးသမီးတွေကထင်မှတ်လာကြပါတယ်။ ဒီတော့အမျိုးသမီးတွေကချာလီနဲ့အတူအိပ်ခွင့်ရဖို့ကြိုးစားလာကြပါတယ်။ ချာလီကတော့ ဒီကိစ္စကိုအယုံအကြည်မရှိပေမဲ့လည်း သူ့သူငယ်ချင်း ‌ဒေါက်တာစတူရဲ့မြှောက်ပင့်ပြောဆိုမှုကြောင့် မိန်းကလေးတွေကိုပါရမီဖြည့်ပေးတဲ့အနေနဲ့ သူတို့နဲ့အတူအိပ်ပေးခဲ့ပါတယ်။ (အတော်ကံကောင်းတဲ့လူပါ) ကြာလာတဲ့အခါချာလီဟာဒီကိစ္စကိုစိတ်ကုန်လာပါတယ်။ အချစ်မပါတဲ့လိင်ဆက်ဆံရေးလည်းဖြစ်၊ဒီမိန်းကလေးတွေကလည်းသူနဲ့အတူဆက်ဆံနေချိန်မှာတောင် သူ့အပေါ်စိတ်မရောက်နေပဲ အချစ်စစ်ဖြစ်လာမဲ့ နောက်ကောင်တစ်ယောက်အကြောင်းတွေးနေကြလို့ပါ။ ချာလီဟာဒီလိုလာဘ်ကောင်ကိစ္စဖြစ်ပြီးတဲ့နောက်မှာ သူဟာအမျိုးသမီး‌တွေရဲ့အသုံးချခံပဲဖြစ်နေတယ်လို့ထင်မှတ်လာပြီး အချစ်စစ်ကိုလိုချင်လာပါတော့တယ်။ သူကသူရဲ့လက်တွဲဖော်ဟာ မင်္ဂလာဆောင်မှာတွေ့ခဲ့တဲ့ ပင်ဂွင်းစောင့်ရှောက်ရေးမှာအလုပ်လုပ်တဲ့ ကမ်ဝက်ဇ်လာလို့ထင်မှတ်ပါတယ်။ကမ်ဝက်ဇ်လာကတော့ချာလီရဲ့လာဘ်ကောင်ကိစ္စကြောင့်ချာလီကိုမတွဲချင်ခဲ့ပါဘူး။ ဒါပေမဲ့ ချာလီရဲ့ကြိုးစားမှုကြောင့်ကမ်ဝက်ဇ်လာကချိန်းတွေ့ကြဖို့သဘောတူလိုက်ပါတယ်။ အဲ့ဒီမှာပြဿနာစတာပါပဲ။ ချာလီဟာကမ်နဲ့အတူအိပ်လို့မရပါဘူး။ အိပ်လိုက်တာနဲ့နောက်ကောင်တစ်ယောက်ဆီကိုပါသွားမှာပါ။ ဒီတော့ချာလီနဲ့ကမ်တို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ…ပေါင်းဆက်ဖြစ်မလားဆိုတာကိုဆက်လက်ခံစားကြပါခင်ဗျာ။ ဒီဇာတ်လမ်းလေးကမထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ဟာသပြကွက်လေးတွေနဲ့ဆို‌တော့ကြည့်ပျော်ပါတယ်။ မင်းသမီးရဲ့နမော်နမဲ့နိုင်ပုံလေး‌တွေကလည်းချစ်ဖို့ကောင်းပါတယ်။ တစ်ခုရှိတာက 18 + ဇာတ်ဝင်ခန်းများ၊အသုံးအနှုန်းများပါဝင်တဲ့အတွက် ကလေးငယ်များကြည့်ရှုရန်မသင့်တော်ပါဘူးခင်ဗျာ။ File size…(2.1 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

Thriller • Action • Comedy • Science Fiction
0 2007
Good Luck Chuck
Pusher

IMDb 7.3, Rotten Tomatoes 83% ရထားတယ်။ Cannibal မင်းသားကြီး Mads Mikkelson ပါ၀င်သရုပ်ဆောင်ထားတဲ့ ၁၉၉၆ ကထွက်ရှိခဲ့တဲ့ Crime/Thriller အမျိုးအစား trilogy တစ်ခုပါ။ စုစုပေါင်း ၃ ကားရှိပြီး Pusher 2 နဲ့ 3 ကိုတော့ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်မှာ ဆက်ထုတ်ခဲ့ပါတယ်။ Pusher trilogy ထဲက အဓိကဇာတ်ကောင်‌တွေကို ဟစ်ဟော့ပ်ဗီဒီယိုတွေထဲက ဂိုဏ်းစတားအကြမ်းစားကြီးတွေလိုမဟုတ်ဘဲ အောက်ခြေက မူးယစ်ဆေးရောင်းစားတဲ့ ငချွတ်လေးတွေအဖြစ် လက်တွေ့ဆန်အောင် အသက်သွင်းထားပါတယ်။ ဒီကားထဲမှာ Mads Mikkelson ကြီးကို မူးယစ်‌ဆေးရောင်းသမားကတုံး တိုနီ ကာရိုက်တာနဲ့မြင်ရမှာပါ။ ကတုံးတိုနီရဲ့ တွဲဖက်ဖြစ်တဲ့ ဖရန့်ခ်နေရာမှာ သရုပ်ဆောင်ထားတဲ့ Kim Bodnia ကလည်း နာမည်ကြီး ရုပ်ရှင်နဲ့ စီးရီးတွေမှာ ပါ၀င်သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ/သရုပ်ဆောင်တစ်ဦးပါ။ ဆိုတော့ကာ အက်တင်ပိုင်း ဘာညာအနေအထားကတော့ အလန်းလွန် အလွန်လန်းပါတယ်။ Pusher ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကိုက တရားမ၀င် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတဲ့သူလို့ အဓိပ္ပာယ်ရပါတယ်။ ဖရန့်ခ် နဲ့ တိုနီတို့ ဘော်ဒါနှစ်ယောက်က မူးယစ်ရာဇာတွေဆီကနေ တဆင့်ပြန်ယူပြီး ရောင်းစားနေတဲ့ ဆေးရောင်းသမားနှစ်ယောက်။ အစပိုင်းမှာတော့ ဒီဘဲနှစ်ပွေရဲ့စည်းပွားရေးက သာသာယာယာပဲ။ စော်တွေကိုအမ်း၊ လိုချင်တာ၀ယ်၊ သုံးဖြုံးပြီး အိုကေစိုပြေနေတာပေါ့။ ဒါပေမဲ့ ဒီမြေအောက်လောကရဲ့ ထုံးစံအတိုင်း တစ်ရက်မှာ ဖရန့်ခ်တစ်ယောက် ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားမိလိုက်ရာကနေ ကံဆိုးမိုးမှောင်ကျပြီး မူးယစ်ဆေးဒိုင်ဆီမှာ အကြွေးတွေတင်သွားပြီး ငါးပါးမှောက်ပါတော့တယ်။ Pusher 1 မှာတော့ ဖရန့်ခ်၊ တိုနီ နဲ့ သူ့ဘော်ဒါဘော်ဂျွတ်တွေအကြောင်းကို မိတ်ဆက်ထားပြီး ဖရန့်ခ်တို့ အကြွေးနွံထဲနစ်ရင်း တိုင်ပတ်တဲ့ကိစ္စကို ဇာတ်အိမ်တည်ပြီး ဖရန့်ခ် ဇာတ်ကောင်ကို အသားပေးရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်က ရိုးရှင်းပြီး crime/thriller ရုပ်ရှင်ကားတွေထဲမှာ တော်တော်လေး လက်တွေ့ဆန်တယ်ဆိုတဲ့အထဲမှာပါပါတယ်။ ကျွန်တော်ပဲ ၉၀ ကျော်ကရိုက်ခဲ့တဲ့ရုပ်ရှင်တွေကို ပိုကြိုက်မိလို့လားတော့မသိဘူး မှောင်ခိုဆေးဖြန့်တဲ့အကြောင်းတွေရိုက်ကူးထားတဲ့ Crime/Thriller ကားတွေထဲ ဒီကားကတော်တော်ထူးခြားတယ်လို့မြင်မိတယ်။ ရိုင်းတာလည်းလွှတ်ရိုင်းပါတယ်။ မိသားစုနဲ့အတူကြည့်ဖို့ လုံး၀မသင့်တော်ပါဘူး။ ဒိန်းမတ်စကားပြောရုပ်ရှင်ဖြစ်နေတာကြောင့်လည်း အင်္ဂလိပ်ကားတွေနဲ့မတူဘဲ နည်းနည်းကွဲထွက်နေတာဖြစ်ပါလိမ့်မယ်။ နောက်ပြီး ဒီရုပ်ရှင်ကိုကြည့်နေရင်းသတိထားမိလိုက်တာက ရုပ်ရှင်တစ်ခုလုံးကို လက်ကိုင်ကင်မရာတွေနဲ့ပဲရိုက်ထားတာပါ။ ဒါကြောင့် ကားမောင်းခန်းတွေ၊ ထိုးတာကြိတ်တာတွေကအစ တခြားရုပ်ရှင်တွေနဲ့မတူဘဲ ဇာတ်လမ်းထဲ ကိုယ်တိုင်၀င်ပါနေရသလို အရသာကိုရစေမှာပါ။ ဇာတ်ကားနံပါတ် ၂ နဲ့ ၃ ရဲ့ rating တွေကလည်း အတူတူပဲဖြစ်ပြီး ၂ မှာဆိုရင် ဆုတွေလည်းရထားတဲ့အပြင် Mads Mikkelson ကြီးလည်း ထပ်မံပါ၀င်ထားတာကြောင့် သေချာပေါက်မြည်းစမ်းကြည့်ရှုသင့်တဲ့ Crime/Thriller trilogy တစ်ခုဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 1996
Pusher
The Legend of Xie Yaohuan: The Western Paradise
5.8

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် နန်းတွင်းစုံထောက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Legend of the West ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ တိုင်းပြည်ကိုအုပ်စိုးမယ့် ဘုရင်မအသစ်ကိုကြိုဆိုဖို့အတွက် ဆုတောင်းပြည့်နန်းဆောင်ကို လက်သမား (၁၀၈) နဲ့ဆောက်လုပ်နေစဉ်မှာပဲ တနေ့မိုးသည်းတဲ့ညမှာ လက်သမား (၁၀၈)ယောက်လုံး အလောင်းရှာမတွေ့ပဲ ပျောက်သွားခဲ့တယ်။ ဒီဖြစ်ရပ်ကိုသတ္တိရှိရဲရင့်ပြီး အသိပညာဗဟုသုတကြွယ်ဝတဲ့ ရှဲ့ယောင်ဟွိုင် စုံစမ်းရေးမှူးမလေးက စုံစမ်းဖို့ဖြစ်လာခဲ့တယ်။ ရှဲ့ယောင်ဟွိုင်ကတော့တချိန်က နန်းတော်မှာနန်းတော်အစေခံအဖြစ်ခစားခဲ့ပြီး လက်ရှိတိုင်းပြည်အုပ်ချုပ်နေတဲ့ဘုရင်မက သူ့စွမ်းဆောင်ရည်ကြောင့် စုံစမ်းရေးဌာနကိုပို့ခဲ့တယ်။ ဒါတင်မကသေးပဲဝူဝေးလူကြီးမင်း အသက်ရှင်စဉ်က စာလုံးမဲ့ကောင်းကင်စာပေကိုပေးခဲ့လိုက်သေးတယ်။ အဲ့စာပေထဲမှာ ပါတဲ့အကြောင်းရာတွေက ဆုတောင်းပြည့်နန်းဆောင်အမှုနဲ့ ပတ်သက်မှုရှိနေတယ်လို့ ယုံကြည်နေတယ်ရှဲ့ယောင်ဟွိုင်တစ်ယောက်။ ဒါပေမဲ့လဲ အဲ့စာပေထဲမှာပါတဲ့အကြောင်းရာတွေကို ဖတ်လို့မရလို့အဖြေရှာနေတဲ့သူမ။ တဆင့်ပြီးတဆင့် စုံစမ်းရင်းသဲလွန်စတွေတွေ့ရှိလာခဲ့ချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီနောက်ကွယ်မှာပါဝင်ပတ်သက်နေသူတွေက ဘယ်သူများဖြစ်မလဲ။ ကောင်းကင်စာပေဆိုတာကဘာလဲ။ အထဲမှာဘာအကြောင်းရာဘာများဖြစ်နေကြမလဲ စတဲ့ မေးခွန်းတွေကို ဒီဇာတ်ကားလေးထဲကနေဖော်ပြသွားမှာဖြစ်တဲ့အတွက် ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင်

5.8 2024
The Legend of Xie Yaohuan: The Western Paradise
Cabrini
7.5

“ကြွက်တွေလောက်တောင် ကလေးတွေက သားသားနားနား ဘဝနဲ့ မနေရဘူး” IMDb – 7.5, RT – 90% အမေရိကန်နိုင်ငံလို့ပြောလိုက်တာနဲ့ ခေတ်ရှေ့ပြေးနေတဲ့ နိုင်ငံတစ်ခုလို့မြင်မိတဲ့အပြင် လူအချင်းချင်းတန်းတူညီမျှမှု ရနေတဲ့နိုင်ငံလို့ တခါတည်းပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့သမိုင်းကတော့ အခု၂၁ရာစုက အခြေနေမျိုးမဟုတ်ဘဲ မရှု့မလှပါပဲ။ ပြောရရင် အမေရိကန်သမိုင်းကြောင်းအမှန်က အခု လူတွေမြင်နေကြသလို ဒီမိုကရေစီထွန်းကားတဲ့တိုင်းပြည်မို့လို့ လူအချင်းချင်း တန်းတူညီမျှမှုတွေက နိုင်ငံဖွဲ့စည်းစဥ်ကတည်းက ရှိလာတာ မဟုတ်ဘူးပေါ့လေ။ အမေရိကန်နိုင်ငံကလည်း ကမ္ဘာပေါ်က တခြားနိုင်ငံတွေလိုပါပဲ သမိုင်းစတင်ရေးထိုးကတည်းက ဖြစ်တည်လာတဲ့ သမိုင်း အမဲစက်က ကြောက်မခမ်းလိလိပါပဲ။ ယခုရုပ်ရှင်ကတော့ ၁၈၈၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး အမေရိကန်နိုင်ငံရဲ့သမိုင်းအမဲစက်တွေထဲက တစ်ခုဖြစ်တဲ့ ပြောင်းရွှေ့နေထိုင်သူတွေအပေါ်ကို ဖိနှိပ်ချုပ်ချယ်တဲ့အကြောင်းကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးဖော်ပြထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်က အကောင်းတကာ့အကောင်းဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ မျှော်လင့်ချက်အသစ်တွေနဲ့ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ခွင့်ရဖို့ အီတလီလူမျိုးတွေက အမေရိကကို လာရောက်အခြေချနေထိုင်ပါတော့တယ်။ သို့သော် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ မျက်နှာဖြူအမေရိကန်တွေရဲ့ဖိနှိပ်ချုပ်ချယ်တာတွေ လျစ်လျူရှု့ခံရတာတွေနဲ့ ကြုံတွေနေရပါတယ်။ ကာဘရီနီဆိုတဲ့ သီလရှင်ဖြစ်သူ မာသာဟာ လုံဘာဒီမှာ မိဘမဲ့ဂေဟာဖွင့်ထားရင်း ကလေးတွေကို စောင့်ရှောက်ရင်းကနေ နယူးယောခ့်မြို့ကို ပုပ်ရဟန်းမင်းကြီးရဲ့ သာသနာပြုမစ်ရှင်အတွက် မိဘမဲ့ဂေဟာထောင်ရင်း မျှော်လင့်ချက်အင်ပါယာကို တည်ထောင်ဖို့ စေလွှတ်ခြင်းခံရပါတယ်။ အမေရိကန်ရောက်သွားတဲ့အခါမှာ အီတလီလူမျိုးတွေ ကြုံတွေ့နေရတဲ့ အခက်ခဲတွေ၊ ဆင်းရဲနွမ်းပါးနေတာတွေ၊ ဖိနှိပ်ခံနေရတာတွေကို မြင်လိုက်ရတဲ့အခါမှာတော့ … ယောကျ်ားတွေတောင် ကျရှုံးနေခဲ့တဲ့ မစ်ရှင်ကို မိန်းမသားဖြစ်သူ ကာဘရီနီက ထမ်းဆောင်နိုင်ပါ့မလား။ သူ့ပေါ်ဝင်နေကြတဲ့ သံသယတွေကို မှားကြောင်း သူသက်သေပြနိုင်ပါ့မလား၊ ကြွက်တွေလောက်တောင် ကောင်းကောင်မွန်မွန် သားသားနာနား မနေရတဲ့ ကလေးတွေရဲ့ဘဝကို သူကယ်တင်နိုင်ပါ့မလား၊ အမေရိကန်ကနေ စတင်ပြီး သူ့ရဲ့မျှော်လင့်ချက်အင်ပါယာကြီးကို တကမ္ဘာလုံးထိ တည်ထောင်နိုင်ပါ့မလားဆိုတာကို သူကြုံတွေနေရတဲ့ အခက်ခဲတွေ၊ ကြုံတွေ့လာရမယ့် အခက်ခဲတွေကို ကာဘရီနီက စွမ်းသမျှအားကုန်သုံးပြီး ကြိုးစားပေးပုံတွေကို ဒရမ်မာဆန်ဆန်ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(3.1 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:22:00 Genre… Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

7.5 2024 142 mins
Cabrini
Queen of the Damned

Vampire ကြိုက်သူတွေအတွက်British Vampire ဇာတ်ကားလေးပါ တစ်ချိန်ကအင်အားကြီးခဲ့တဲ့ Vampire လက်စတတ်ဟာ နှစ်ပေါင်းများစွာအိပ်ပျော်နေရာကနေ ဂီတသံတွေကြောင့်နိုးထလာခဲ့တယ် သူဟာ သွေးစုပ်ဖုတ်ကောင်တို့သဘာဝ အမှောင်ရိပ်ထဲမှာပဲမရှင်သန်ချင်သူ လူတွေနဲ့ယှဥ်တွဲပြီး ဝါသနာကြီးခဲ့တဲ့ဂီတကို ထုတ်ဖော်ပြချင်သူ မျိုးနွယ်စုရဲ့စည်းမျဥ်းတွေကိုချိုးဖောက်ပြီး လူရှေ့ရုပ်လုံးထွက်ပြ သူ့ဝေဒနာတွေကို ဂီတနဲ့ဖောက်ခွဲပစ်တဲ့အခါ….. တစ်ချိန်ကကမ္ဘာမှာအင်အားအကြီးဆုံးအရက်စက်ဆုံး Vampireတွေရဲ့ထိပ်ခေါင်ဘုရင်မကြီး အကာရှာရုပ်ထုကိုအသက်ဝင်လာအောင် သူ့ဂီတက နှိုးလိုက်တဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ကြပါနော်….. File size…(1.3 GB)/(705 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre…Fantasy, Horror, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shwe Eain Si

0 2002
Queen of the Damned
Sorgavaasal
7

Sorgavaasal (2024) “ကောင်းကင်တံခါးဝ” IMDb 6.9 အသစ်ထွက်ရှိထားတဲ့ တမီးလ် အကျဉ်းထောင် ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် အိန္ဒိယနိုင်ငံက နာမည်ကျော် ရေဒီယိုတင်ဆက်သူနဲ့ သရုပ်ဆောင် RJ Balaji နဲ့ မင်းသမီး Saniya Iyappan တို့ပါဝင်တာဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ လူ ၄၅ ယောက်သေဆုံး၊ အကျဉ်းသား ၆ ယောက် လွတ်မြောက်သွားတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် အရာရှိတစ်ယောက်ရောက်လာပါတယ် အဖြစ်အပျက်အားလုံးနောက်ကွယ်မှာ လူသတ်မှုနဲ့ ထောင်ကျခဲ့တဲ့ ပါသီဘန်ဆိုတဲ့ ကောင်လေးရှိတယ်လို့ ပြောဆိုကြပြီး ဆစ်ဂါဆိုတဲ့ ထောင်တွင်းလူမိုက်တစ်ယောက်နဲ့ ပါသီတို့ပတ်သက်နေတယ်လို့လည်း ဆိုပါတယ် ပုံပန်းအသွင်အပြင်အရ လူသတ်သမားလို့ ထင်စရာမရှိဘဲ ပါသီဘန်ကတကယ်ပဲ ပြစ်မှုကျူးလွန်ခဲ့တာလား အပြစ်မရှိဘူးလား အကျဉ်းထောင်တွင်းက ဘဝအချိုးအကွေ့တွေကို ပရိသတ်ကြီးဆက်လက်ကြည့်ရှုကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7 2024 135 mins
Sorgavaasal
American Pie Presents: The Book of Love
4.7

American Pie Presents ဇာတ်ကားတွေကတော့ နာမည်ကျော် American Pie မူလဇာတ်လမ်းရဲ့ Spin-off ဇာတ်ကားတွေဖြစ်ပါတယ်။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ မူလဇာတ်ကြောင်းနဲ့ဆက်စပ်မှုနည်းပါးသွားပြီး မူလဇာတ်လမ်းထဲက Jim ရဲ့ အဖေဖြစ်သူ လက်ဗင်စတိန်းနဲ့ Stifler ရဲ့ အမျိုးတွေလောက်သာ ပါလာပြီး တစ်ကားကို ဇာတ်လမ်းတစ်ခုစီဖြစ်ပါတယ်။ +++++++++++++++ American Pie Presents: The Book of Love (2009) ရော့ဘ်၊ လု့ဘ်၊ နဲ့ နေသန် တို့ ၃ ယောက်ဟာ လူပျိုရည်မပျက်သေးတဲ့ အထက်တန်းကျောင်းသားလေးတွေဖြစ်ပါတယ်…. အဲဒီတော့ထုံးစံအတိုင်းပဲ လူပျိုရည်ပျက်ရေး၊ ဒို့အရေးနဲ့ တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ခဲ့သော်ငြားလည်းပဲ မဖြစ်မြောက်လာဘဲ မှိုတက်တော့မယ့် ညီလေးကို ပေါ်လစ်တင်ရင်းသာ အချိန်တွေကုန်လာခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ကျောင်းစာကြည့်တိုက်ကြီး မီးလောင်သွားပြီး American Pie ပထမဆုံးဇာတ်ကားကတည်းက ကျောင်းမှာလျှို့ဝှက်တည်ရှိနေတဲ့ ရှေးနောင်တော်ကြီးများရေးခဲ့တဲ့ လိင်မှုလက်တွေ့လက်စွဲစာအုပ်ကြီးက သူတို့လက်ထဲကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။ ဒီလိုနဲ့ သုံးယောက်ပေါင်း အလောင်းလည်းမကျော်နိုင်သလို ဘာမှလည်းဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့ သူငယ်ချင်းသုံးယောက် ခရမ်းသီးနှပ်ဖို့လိုက်ရှာရင်း ဘယ်လိုအလွဲတွေနဲ့ ခွီနေရမလဲဆိုတာ……။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

4.7 2009 93 mins
American Pie Presents: The Book of Love
Pune Highway
5.4

Pune Highway 2025- အမှန်တရား၏အရိပ် Imdb -6.6 အောင်မြင်မှုတစ်ခုခုကိုကြွားချင်ရင် ငယ်ငယ်တုန်းက လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းတွေရှေ့ မကြွားပါနဲ့တဲ့ သူတို့က အောင်မြင်မှုကို မမြင်ဘဲ အင်္ကျီနဲ့ နှပ်ချေးကပ်သုတ်ခဲ့တဲ့ ကလေးအဖြစ်နဲ့ပဲ မင်းကိုမြင်နေကြမှာပါတဲ့လေ ဂေဟာတစ်ခုမှ အတူကြီးပြင်းလာကြပြီး ရပ်ကွက်ထဲ မသိသူမရှိ ပေါက်ဖော်တို့အဖွဲ့ကတော့ ကြားဝင်လို့မရအောင် ခိုင်မာတဲ့ သံယောဇဉ်တွေနဲ့ ဖွဲ့စည်းထားကြတာပေါ့ ကြီးလာတဲ့အခါ သူတို့တွေ့ကြုံရမဲ့ စိန်ခေါ်မှုကတော့ အေးချမ်းတဲ့ ဘဝတွေကို ပိုင်ဆိုင်ထားတဲ့ ဒီသူငယ်ချင်းတွေရဲ့ ကမ္ဘာထဲကို လူသတ်မှုတစ်ခုက ရုတ်တရက် ဝင်ရောက်လာရာကနေ စတင်ပါတယ် လူသေအလောင်းတစ်လောင်း တွေ့ရှိပြီးနောက်မှာတော့ သူတို့ရဲ့ ပုံမှန်ဘဝတွေဟာ လုံးဝပြောင်းလဲသွားပါတော့တယ် ဒီအမှုက သူတို့ရဲ့ ခင်မင်မှုကို ဘယ်လိုစမ်းသပ်လာမလဲ ဘယ်လိုလျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာမလဲဆိုတာကတော့ ဇာတ်လမ်းရဲ့ အဓိကကျတဲ့ ဆွဲဆောင်မှုပါပဲ ဇာတ်ကွက်တစ်ခုပြီးတစ်ခု ပြောင်းလဲသွားတာနဲ့အမျှ သူငယ်ချင်းတွေကြားက နက်နဲတဲ့ ဆက်ဆံရေးတွေ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေက ကြည့်ရှုသူတွေကို ဇာတ်ကားအဆုံးထိ စိတ်ဝင်တစား ဆွဲဆောင်ထားနိုင်မှာပါ လူသတ်မှုရဲ့ နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်ရင်းနဲ့ သူတို့ရဲ့ ခင်မင်မှုက ဘယ်လိုပုံစံမျိုးနဲ့ အဆုံးသတ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပါသည်းထိတ်ရင်ဖို ဒရာမာနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို နှစ်သက်သူတွေအတွက်တော့ ဒီကားက မိတ်ဆွေများကြားက နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြသထားတဲ့ စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ကား ဖြစ်ပါလိမ့်မယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Drama
5.4 2025 121 mins
Pune Highway