YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Locke And Key S1 Ep 6-10.zip

1.77 GB N/A application/zip 405 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wet Dreams
5.9

Sex is Zero လို ကျောင်းသားဟာသကားတွေကြိုက်တတ်ရင်တော့ Wet Dreams ဆိုတဲ့ ဒီကိုရီးယားကားမှာလဲ ခွီရဦးမှာပါ။ ဒေါင်ဟွန်း ဆန်းမင်း ယောင်ဂျေး ဆွတ်ဂူးတို့ဟာယောက်ျားလေးသီးသန့်ကျောင်းမှာတက်ရောက်နေတဲ့ လူပျိုဖော်ဝင်စ၊အပျံသင်စ လိင်မှုကိစ္စကိုထဲထဲဝင်ဝင်နှိုက်နှိုက်ချွတ်ချွတ်စိတ်ဝင်တစား စူးစမ်းချင်စပြုလာတဲ့ အထက်တန်းကျောင်းသားလေးတွေဖြစ်ပါတယ်။ အဲ့ဒီကျောင်းကိုမှ သူတို့နဲ့အသက်ချင်းသိပ်မကွာတဲ့ ငယ်ငယ်လှလှ ဆရာမလေးတစ်ယောက်က အလုပ်သင်အဖြစ်ဝင်လာတဲ့အချိန်မှာတော့ အဲ့ဒီဆရာမလေးနဲ့ နီးစပ်ခွင့်ရဖို့အရေး သူတို့တွေအလောင်းအစားနဲ့အကြံအဖန်လုပ်ကြတဲ့အထိဖြစ်လာပါတော့တယ်။ အဲ့ဒီဆရာမလေးကလဲ ကိုယ်ပိုင်ဇာတ်လမ်းရှိပါတယ်။ ဆရာမလေးရဲ့တစ်ဖက်သတ်အချစ်ဦး ဆယ်ကျော်သက်တုန်းက တဖက်သတ်ကြိတ်ကြွေခဲ့ရတဲ့ ဆရာအစ်ကိုကြီးဟာ အဲ့ဒီကျောင်းမှာကျောင်းဆရာအဖြစ်ရှိနေလို့ဒီကျောင်းကိုမရောက်ရောက်အောင် ဖန်တီးယူခဲ့တာဖြစ်နေလို့ပါပဲ။ဆရာမလေးကသူ့ဇာတ်လမ်းနဲ့သူ့ချစ်ရသူကိုနီးစပ်ခွင့်ရဖို့ကြိုးစားသလို ဒေါင်ဟွန်းတို့လေးယောက်ကလဲ ဆရာမလေးလက်ကိုကိုင်ဖို့၊ အောက်ခံဘောင်းဘီ ဘာရောင်လဲဆိုတာမြင်ရဖို့တို့ ညစ်တီးညစ်ပတ်အလောင်းအစားတွေနဲ့ကြိုးစားနေရင်းက ဒေါင်ဟွန်းဟာ ဆရာမလေးအပေါ် တစ်ပါးသူ စကားနဲ့ထိပါးလာရင်တောင်မခံချင်မခံမရပ်နိုင်ဖြစ်လာတဲ့အထိမေတ္တာရှိမြတ်နိုးသွားမိတဲ့အခါမှာတော့..။ စိတ်ကူးယဉ်တတ်စ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ အိမ်မက်ပင်လေးကိုပျိုးမိတော့တာပါပဲ၊ သူ့ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်မလဲ? ဆရာမလေးရဲ့ အထက်တန်းကျောင်းကတည်းကစခဲ့တဲ့ တစ်ဖက်သတ်ဇာတ်လမ်းလေးကရော? ဇာတ်သိမ်းကတစ်ခုပဲလှဖို့ရှိပါတယ်။ Wet Dream ဟာကျွန်တော်တို့ဆီမှာနာမည်ကျော်ဖြစ်တဲ့ Sex is Zero နဲ့ တစ်နှစ်ထဲထွက်ရှိခဲ့ပြီး အပြိုင်နာမည်ကြီးခဲ့တဲ့ဇာတ်ကားလဲဖြစ်ပါတယ်။ ကိုရီးယားလှိုင်းအစရုပ်ရှင်တွေထဲမှာတစ်ကားအပါအဝင်ဖြစ်ပြီးကြည့်ဖူးတဲ့သူတွေဆို တစ်ချို့ဇာတ်ကွက်တွေကိုမှတ်မိကြဦးမှာပါ။ သူတို့သူငယ်ချင်းလေးယောက်ရဲ့လိင်ကိစ္စ စပ်စုပုံ၊စူးစမ်းပုံတွေ၊ ဆရာမလေးအနားကပ်ခွင့်ရဖို့ကြိုးစားကြပုံတွေဟာ အသေခွီနေရပြီးကိုယ့်ငယ်ဘဝကိုယ်ပြန်အမှတ်ရစရာတိုက်ဆိုင်မှုလေးတွေကိုပါမြင်ရတွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းရဲ့အဆုံးမှာ Credit scene ဆန်ဆန်တစ်ခန်းပါဝင်ပြီး၊ အဲ့ဒီနေရာမှာ ဆရာကြီးတစ်ယောက် Cameo အဖြစ်စပရိုက်တိုက်ထားပါတယ်။ Wet Dreams 2 ဆက်ထွက်ခဲ့ပြီး Wet Dream နှစ်ကားစလုံးကို https://channelmyanmar.org/?s=wet+dreams  မှာကြည့်ပါ။ File size…(2 GB)/(800 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:38:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Comedy • Horror
5.9 2002 94 mins
Wet Dreams
Judy
6.7

တစ်ခေတ်တစ်ခါက အကြွေစောခဲ့တဲ့ Legendary Star တစ်ယောက်ဖြစ်တဲ့ Somewhere Over The Rainbow သီချင်းရဲ့ပိုင်ရှင်ဂျူဒီဂါလန်အကြောင်းကိုရိုက်ကူးထားတာပါ ဂရန်းရပ်ပစ်မင်နီဆိုတာက ဖရန်စစ်ဂမ်းစ်ကိုခေါ်တဲ့ကလေးမလေးတစ်ယောက်... အနုပညာပိုးပါလွန်းလို့ အသက် ၂နှစ်အရွယ်တည်းက စင်ပေါ်တက် သီချင်းဆိုခဲ့သူ... သူ့အနုပညာနာမည်ကို ဂျူဒီဂါလန်ရယ်လို့ သူကိုယ်တိုင်းရွေးချယ်ခဲ့သူ... သူ့အသက် ၁၃နှစ်အရွယ်ကိုရောက်ချိန်မှာတော့ Louis B. Mayor ကုမ္ပဏီကရိုက်ကူးတဲ့ Wizard of the Oz ဇာတ်လမ်းတွဲထဲမှာ အဓိကဇာတ်ကောင် ဒေါ်ရသီအဖြစ်ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တယ်... ရုပ်ရည်ချောမောလှပသလို အဆိုပါရမီပြည့်ဝတဲ့ သူမဘဝလေးဟာ ပန်းခင်းလမ်းပဲလို့ထင်မှတ်စရာရှိပေမယ့် တကယ်တမ်းအဲ့လိုမဟုတ်ခဲ့ရှာပါဘူး... တွန်းအားအရမ်းပေးလွန်းတဲ့ မိခင်ရယ် နေ့လည်စာစားချိန်တောင်မပေးပဲ အတင်းအဓမ္မအနိုင်ကျင့်ခိုင်းစေတဲ့ ကုမ္ပဏီကြောင့် ဂျူဒီဟာ ဘဝကိုပင်ပန်းခက်ခဲစွာ နေထိုင်နေရရှာရုံသာမက ဆေးစွဲတဲ့အဆင့်ထိရောက်သွားပါတော့တယ်... ဒီလိုသနားစရာဂျူဒီလေး အရွယ်ရောက်သွားတဲ့အခါ ကြုံတွေခဲ့ရတဲ့ ဘဝဇာတ်စုံကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်.... သက်လတ်ပိုင်းဂျူဒီဂါလန်အဖြစ် Rene Zellweger က ပါဝင်သရုပ်ဆောင်ထားပေးပါတယ် IMDB 7.2/10 ရရှိထားပြီး ကြည့်သင့်တဲ့ဇာတ်ကားကောင်းလို့ ညွှန်းပေးလိုက်ပါရစေ File Size : ( 911 MB , 308 MB ) Quality :  WEB-DL 720p Running Time : 1 hr 58 min Format : Mp4 Genre : Biography , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Moe Myint Lwin

Action & Adventure • Animation • Sci-Fi & Fantasy
6.7 2019 118 mins
Judy
Haan Maine Bhi Pyaar Kiya

အိန္ဒိယရဲ့ နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့ အာရှေးကူးမား ,အာဘီရှန်ဘချန်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Haan Maine Bhi Pyaar Kiya ဆိုတဲ့ အိန္ဒိယကားကောင်းလေးကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါပြီ။ ရှိဗ် နဲ့ ပူဂျာ တို့က မမျှော်လင့်ပဲနဲ့ဖူးစာဆုံခဲ့ကြပြီး လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ လက်ထပ်ပြီးတဲ့နောက်မှာ ရှိဗ်ဘက်က ပူဂျာခွင့်မလွှတ်နိုင်တဲ့ပြဿနာတွေကိုပဲ လုပ်ခဲ့မိတာကြောင့် လင်မယားကွာရှင်းခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ပူဂျာက ရက်ဂျ်ဆိုတဲ့နိုင်ငံကျော်မင်းသားဆီမှာ အလုပ်လုပ်ဖြစ်တဲ့အခါမှာ ရက်ဂျ်ဘက်ကနေစပြီးပူဂျာကိုသဘောကျလာတာကစလို့ နှစ်ဦးသဘောတူလက်ထပ်ဖို့ထိဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် ရှိဗ်ကပူဂျာ့ဘဝထဲပြန်လည်ဝင်ရောက်လာတဲ့အခါမှာ သူတို့၃ဦးရဲ့၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ အချစ်၊အလွမ်း၊ဟာသနှောထားပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။

Horror • Thriller
0 2002 174 mins
Haan Maine Bhi Pyaar Kiya
Identity Crisis

Grey Anatomy, History of the World, Light outနဲ့ The Fabulousတို့ထဲက သရုပ်ဆောင်ပိုင်နိုင်လှတဲ့ မင်းသမီး Scout Lepore ကနေ ဒီဇာတ်လမ်းထဲမှာ ၂ကိုယ်ခွဲပြီး လက်ဖျားခါလောက်အောင် သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Scout Lepore အပြင် Greenhouse Academy, 20th Century Womenနဲ့ Side Effects အစရှိတဲ့ seriesတွေထဲက Finn Robertsနဲ့အတူ ဂန္တဝင်ကြီး Maria Canals-Barrera၊ Eliza Shin၊ Alexandra Boylanနဲ့ Elester Lathamတို့က အတူတကွ ဇာတ်ကို အထွတ်ထိပ်ရောက်အောင် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဥ်းကို ပြောပြရရင် ဒီဇာတ်လမ်းကို “ကိုယ့်ကိုယ်ကိုရှာဖွေခြင်း”လို့ ဘာသာပြန်သူအနေနဲ့ သမုတ်ချင်ပါတယ်။ မက်ဒီစင် မွန်ဂိုးမယ်ရီ,ဆိုသူက မျိုးရိုးဗီဇကို လေ့လာသင်ယူနေနဲ့ ပထမနှစ် သိပ္ပံပညာရှင်လေးဖြစ်ပါတယ်။ သူက သိပ်တော်တဲ့ သိပ္ပံပညာရှင်ဖြစ်ကြောင်း သူတီထွင်ထားတဲ့ စကားပြောနိုင်တဲ့ မှန်ကို ရုပ်ရှင်အစောပိုင်းမှာတင် ကြည့်ရုံနဲ့ သိရှိနိုင်ပါတယ်။ ဒါပေမယ့် မက်ဒီစင်က သိပ်တော်လှပေမယ့် သူ့ကိုယ်သူ လူရာမဝင်သလို၊ သူ့ရဲ့အမေက သူ့ကို ဂုဏ်မယူသလို၊ အရာရာကို မလုပ်ရဲ မကိုင်ရဲ ဖြစ်နေပါတယ်။ အဲဒီလိုနဲ့ မက်ဒီစင်တစ်ယောက် ပြည့်စုံတဲ့ သူကို ဖန်တီးဖို့ Clone လို့ခေါ်တဲ့ ပုံတူပွားခြင်းနည်းပညာကို ရှာဖွေစမ်းသပ်ပါတော့တယ်။ စမ်းသပ်ရင်းကနေ နောက်ဆုံးတော့ သူ့ကိုယ်သူ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ သူမလုပ်ရဲမကိုင်ရဲဖြစ်နေတဲ့ အရာတွေကို သူ့ရဲ့ပုံပွား ကလုံးနဲ့ အစားထိုးလာပါတော့တယ်။ ကလုံးနဲ့ မက်ဒီစင် ထပ်တူညီဖြစ်အောင် Balancing လုပ်ရင်း မက်ဒီစင် တစ်ယောက် သူ့ကိုယ်သူ ရှာတွေ့သွားမလား ….. သူ ကလုံးလုပ်ခြင်းနည်းပညာကို ရှာဖွေတွေ့ရှိထားတာကို လူတွေ မသိအောင် ဘယ်လို ဖုံးဖိကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Family, Science Fiction, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by MIn Khant Kyi Win

0 2023
Identity Crisis
9th Company

IMDb 7.1, RT 69% SEAL Team, Jarhead, The Pacific, Jack Ryan, The Terminal List အစရှိတဲ့ စစ်ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် ၁၉၈၈ ဇန်နဝါရီ ၈ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ၊ ပက်တီးယားပြည်နယ် တောင်ကုန်း ၃၂၃၄မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် တိုက်ပွဲ တစ်ခုကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာကို တင်ဆက်ပေးချင်ပါတယ်။ ဆိုက်ဘေးရီးယားက လူငယ်တချို့ဟာ ရုရှားနိုင်ငံ တပ်မတော်မှာ စစ်မှုထမ်းဖို့ စာရင်းပေးသွင်းခဲ့ပါတယ်။ ဗိုရိုဗိယက်၊ ချူဂိုင်နဗ်၊ ရိုင်ယာဘိုကွန်၊ လူတာယက်ဗ်အိုလက်၊ ရုသ်စလန်၊ ဂျိုကန်ဒါ၊ စတက်၊ ပေါ့ကီ၊ ပီနိုရှေး၊ ဘက်ဘူလာတော့ဗ်တို့ကတော့ လူသစ်စုဆောင်းလေ့ကျင့်ရေးမှာ တပ်ရင်း အတူတူကျတဲ့ တပ်စုဖြစ်ပါတယ်။ သူတို့ သွားရောက် စစ်မှုသွားရောက်ထမ်းဆောင်ရမယ့် နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်မှုမထမ်းဆောင်ခင်မှာ စစ်ပြန်ကြီး ဒုဗိုလ် ဒိုင်းဂါလိုရဲ့လက်အောက်မှာ လေ့ကျင့်ရပါတယ်။ ထို့နောက် အာဖဂန်နစ္စတန်နိုင်ငံမှာ မစ်ရှင်တွေ ဆောင်ရွက်ဖို့ စစ်ကြောင်းထွက်ရပါတော့တယ်။ သူတို့ရဲ့ မစ်ရှင်က စစ်ယာဥ်ကြော ဖြတ်သန်းနိုင်ဖို့ အမြင့်တောင်ကုန်းတစ်ခုကို သိမ်းပိုက်ထားပြီး ရန်သူတွေကို ခံတိုက်ပေးဖို့ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်က Jarheadလို စစ်ရေးလေ့ကျင့်နေစဥ်မှာ ဗယုသုတ်ခ လုပ်တာတွေ၊ SEAL Teamလို မစ်ရှင်စစ်ကြောင်းထွက်တာမျိုးကို ရုပ်ရှင်တစ်ကားထဲမှာ ပြည့်ပြည့်စုံစုံကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒါပေမယ့် Jarheadလို စစ်မတိုက်လိုက်ရဘဲ ပြီးသွားမယ့် ရုပ်ရှင်မျိုး မဟုတ်တဲ့အပြင် SEAL Teamလို အမေရိကန်ဘက်ကနေ ရိုက်ထားတာမဟုတ်ဘဲ ရုရှားနိုင်ငံအမြင်ဘက်က ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် ဒီရုပ်ရှင်က သာမန်နဲ့တော့ ကွာနေမှာပါ။ ဒါ့အပြင် ၁၉၈၈ ဇန်နဝါရီ ၈ရက်နေ့၊ ပက်တီးယားပြည်နယ် တောင်ကုန်း ၃၂၃၄မှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြောင်းကို ကြည့်ရှု့ရတာဆိုတော့ သာမန်စစ်ကားတွေထက် ပိုပြီး တန်ဖိုးရှိတဲ့ ခံစားချက်တစ်ခုကို ရရှိမှာတော့ အမှန်ပါပဲ။ တပ်ရင်း ၉က သူတို့ရဲ့မစ်ရှင်ဖြစ်တဲ့ တောင်ကုန်းကို သိမ်းပိုက်ထားပြီး ရန်သူတွေကို ချေမှုန်းနိုင်ပါ့မလား၊ သူတို့ရဲ့ မစ်ရှင်ဟာ ကျရှုံးသွားမလားဆိုတာကို ဇာတိမာန်အပြည့်နဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(3.1 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:19:00 Genre…War, Action, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2005
9th Company
Walk The Line
6

CM ချစ်ပရိသတ်တို့အတွက် ရင်းနှီးသလိုဖြစ်ပြီး မျက်နှာစိမ်းနေတဲ့ သရုပ်ဆောင်တွေနဲ့ပြည့်နေတဲ့ ဟာသနှော အက်ရှင်ကားလေး Walk in Line ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… “မိုးနတ်မင်းကြီး ဘာလို့လူရိုးတွေပဲ အနိုင်ကျင့်ခံနေရတာလဲ” “ရိုးဖြောင့်တဲ့သူတွေအတွက် တရားမျှတမှု ဘယ်မှာလဲ” ဟုတ်ပါတယ်… ဒီဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်လမ်းကျောရိုးက အဲ့စကားလေး ၂ ခွန်းပါပဲ… အမေအိုကြီးကိုလုပ်ကျွေးနိုင်ဖို့ မိတဆိုး သမီးလေးကို အချစ်တွေနဲ့ ဖြည့်ဆည်းနိုင်ဖို့ သူများတွေမလုပ်ချင်တဲ့ အန္တရာယ်များတဲ့ မိုင်းတွင်းမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်ခဲ့တဲ့ ရှောင်မန်ဆိုတဲ့ လူရိုးကြီးဟာ… တစ်ရက်မှာတော့ ပေါက်ကွဲမှုဖြစ်လို့ဆိုပြီး ထောင်ဒဏ် ၁၀ နှစ်ကျော် ကျပြီး ထောင်ကျခဲ့တယ်… သူထောင်ကထွက်လာတော့ ခေါက်ဆွဲဆိုင်လေးဖွင့်ပြီး သားအပြန်ကို စောင့်နေတဲ့ အမယ်အိုရယ်… အကြောင်းမဲ့ဘဝထဲက ပျောက်သွားလို့ အဖေဟာသေသူလို့ သတ်မှတ်ပြီး ဆိုးချင်တိုင်း ဆိုးနေတဲ့ သမီးလေးရယ်ပဲ သူ့ဘဝထဲ ကျန်ခဲ့တော့တယ်… နောက်တော့လည်း ရုတ်တရက်ကြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်တဲ့… ဒါပေမယ့်ကွယ် ဒီပေါက်ကွဲမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြီးအကဲလည်း လူတွေလေးစားယုံကြည်ခံခဲ့ရပြန်တယ်… ဒေသခံစခန်းမှူးကလည်း ဂုဏ်ထူးဆောင်အနေနဲ့ ရာထူးတွေတိုးကုန်ပြန်တယ်… နောက်ပြီး ဒေဝါလီခံပြီး မွဲမယ်ထင်တဲ့ မိုင်းပိုင်ရှင်သူဌေးကလည်း တစ်မြို့လုံးမှာ မြေဧကအများဆုံးပိုင်တဲ့ မြေပိုင်ရှင်သူဌေးလေး ဖြစ်သွားခဲ့တယ်… ဒီအထိက ရိုးရှင်းတယ် ထင်နေသေးရင်တော့ မိတ်ဆွေ စုံထောက်ကားတွေ အကြည့်နည်းနေလို့ပဲ.. CM က စုံထောက်ကားတို့ အမှုလိုက်ကားတို့ များများကြည့်လိုက်ပါ… ဘယ်ရိုးရှင်းပါ့မလဲ… လူတချို့ကောင်းစားရေးအတွက် လူတချို့ လည်စင်းခံပေးလိုက်ရတာပေါ့… ဇာတ်လိုက်က တရားမဝင် ကျူးကျော်နေသူ ၂ ယောက်ကို နယ်စပ်မှာ ဖမ်းရင်း တိုက်တိုက်ဆိုင်ဆိုင် … အဲ့မြေပိုင်ရှင်သူဌေးလေးက ဒုစရိုက်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာတောင် ၃ နှစ်လောက် နိုင်ငံခြားအမြန် ထွက်ပြေး လွတ်မြောက်နေခဲ့တာကနေ အခု ဒီနယ်စပ်ဒေသမှာ တွေ့လိုက်ရလို့ ဖမ်းလိုက်နိုင်လို့ပေါ့… နောက်ပြီး အပေါ်က ပြောခဲ့တဲ့ ရှောင်မန်လူရိုကြီးရဲ့ ရုတ်တရက် သတ်သေမှုတွေက ဒီမတော်တဆပေါက်ကွဲမှုကို ပြန်လည်စုံစမ်းလိုစိတ် ဖြစ်လာစေတယ်… ဒီလိုနဲ့ တစ်စပြီး တစ်စ အမှုကွင်းဆက်ပေါ်လာရာကနေ နောက်ဆုံး မယုံကြည်နိုင်လောက်တဲ့ အလှည့်အပြောင်းလေးနဲ့ ဇာတ်သိမ်းသွားခဲ့တယ်… ဘယ်လို အလှည့်အပြောင်းလေးနဲ့ ဇာတ်လမ်းကို နိဂုံးချုပ်တယ်ဆိုတာ သိချင်ရင်တော့ ထုံးစံအတိုင်းပဲ ဇာတ်ကားလေးကို ဒေါင်းကြည့်လိုက်ကြပါတော့…

6 2024
Walk The Line
Bheema
6.7

Bheema 2024 ( ဘီးမာ ) ဒီတစ်ခါ CM Bollywood ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ IMDb 6.8/10 ရ Bheema ဆိုတဲ့ 2024 ထွက်ရုပ်ရှင်ပဲဖြစ်ပါတယ်.. ဘီးမာလို့အမည်ရတဲ့ မိဘမဲ့နဲ့ ဆေးခြောက်ရောင်းတဲ့ မန်ဂျူတို့ရဲ့ကြားက အငြိုးအတေးတွေအကြောင်းကို အကအလှတွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ Thriller/Action အမျိုးအစားပါ ဇာတ်လမ်းအကျဉ်းကတော့.. ကားအပိုပစ္စည်းတွေရောင်းတဲ့ဂျေစီလမ်းမှာ နာမည်ကြီးကားပြင်ဆရာ ရန်မနဆိုသူရှိပါတယ်။ သူတို့မှာ သားလေးတစ်ယောက်အပြင် မန်ဂျူဆိုတဲ့ အကူကောင်လေးတစ်ယောက်ကိုလည်း သားတစ်ယောက်လိုပြုစုပြီး ခေါ်ထားပါသေးတယ်။ ဒါပေမဲ့ ၀မ်းမနာသားလေးကတော့ လူမိုက်တွေနဲ့ပေါင်းပြီး ကားပြင်ရုံမှာ ဆေးခြောက်ခိုးရောင်းပြီး ကျွေးကျေးဇူးတွေကိုဆပ်နေရှာပါတယ်။ သားအရင်းကသိတော့ ဆေးခြောက်တောင်းသုံးရင်း အက်စီးဒန့်ဖြစ်ကာ မာလကဈာန်ကြွသွားပါတော့တယ်။ အဲဒီမှာပဲ မွေးစားသားကို နှင်ထုတ်လိုက်ကာ ရန်မနလည်း အရက်ဂျိုးကပ်ပြီး မူးရူးနေရင်း နေ့ရက်တွေကိုဖြတ်သန်းနေတော့ မကြည့်ရက်တဲ့မိတ်ဆွေက ဘီးမာနဲ့အလူလို့ခေါ်တဲ့ မိဘမဲ့ကောင်လေးနှစ်ယောက်ကို ခေါ်လာပြီး ပညာသင်ရင်းမွေးစားခိုင်းလိုက်ပါတယ်။ ဒီလိုနဲ့ သားလေးသေတဲ့ တစ်နှစ်ပြည့်မှာ လူမိုက်စစ်စစ်ကြီးဖြစ်နေပြီဖြစ်တဲ့ မန်ဂျူကို ငါ့သားသေတာမင်းကြောင့်ဘာညာ သွားဖြဲရာက ဟိုကထိုးကြိတ်လွှတ်လိုက်လို့ အိပ်ရာပေါ်လဲသွားပါတယ်။ အဲဒီနောက်တော့ နာလန်မထူဘဲ တအိအိနဲ့နေမကောင်းဖြစ်ပြီး ဆုံးပါးသွားတဲ့အတွက် မွေးစားသားအသစ်လေး ဘီးမာနဲ့ မွေးစားသားဟောင်း မန်ဂျူတို့ကြားမှာ ဖျောက်ဖျက်မရနိုင်တဲ့ အငြိုးတရားတွေ ကြီးထွားလာတယ်။ အဲဒီလိုနဲ့ ဘီးမာဆိုတဲ့ ခါချဉ်ကောင်လေးက မန်ဂျူဆိုတဲ့တောင်ကြီးကို ဘယ်လိုဖြိုမလဲ.. နိုင်ငံရေးလှည့်ကွက်တွေ ဘယ်နေရာမှာ ဘယ်လိုပါ၀င်နေမလဲ.. တကယ်ပဲ တရားမျှတမှုက ငွေကြေးနဲ့အာဏာကို အနိုင်ယူနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြရအောင်ဗျ ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှဖြစ်ပါတယ် )

Romance • Drama
6.7 2024
Bheema
Mulholland Drive
8

Mulholland Drive (2001) IMDB – 8/10 Metacritic – 81% Rotten Tomatoes – 82% Hollywood က ငွေရောင်ပိတ်ကားတွေထက်မှာ အထင်ပေါ်ဆုံးသူဖြစ်ဖို့၊ အကျော်ကြားဆုံးနဲ့ အရည်အချင်းအရှိဆုံး မင်းသမီးအဖြစ် လူတွေဝိုင်းရံနေတဲ့ ကော်ဇောနီတွေပေါ်မှာ လျှောက်လှမ်းနိုင်ဖို့။ ဒါတွေက အိမ်နဲ့ဝေးရာ California က ရုပ်ရှင်ကမ္ဘာကို အရောက်လာခဲ့တဲ့ Betty Elms ရဲ့ စိတ်ကူးအိပ်မက်တွေပဲ။ City of Angels လို့ သမုတ်ကြတဲ့ဒီမြို့တော်က သူ့အဒေါ်ရဲ့နေအိမ်ကို Betty ရောက်တဲ့အချိန်မှာ၊ သူမမျှော်လင့်ထားတဲ့ အံ့သြစရာတစ်ခုက အဆင်သင့်စောင့်ကြိုနေတယ်။ အဲဒါကတော့၊ အိမ်ထဲမှာ ကြိုရောက်နေတဲ့၊ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံရတာပဲ။ သူ့ရဲ့အဒေါ်နဲ့လဲ ဆက်စပ်မှုမရှိ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလဲ မေးမရပေမယ့်၊ ရှင်းပြလို့မရနိုင်တဲ့ ခံစားချက်တစ်ခုကြောင့်၊ Rita လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ ဒီကောင်မလေး ဘယ်သူဆိုတာကို သိရအောင်ကူညီပေးဖို့ Betty ဆုံးဖြတ်လိုက်တယ်။ သူစိတ်ဝင်စားနေတဲ့ ရုပ်ရှင်ဇာတ်ရုပ်တစ်ခုမှာ သရုပ်ဆောင်ရမယ့် အခွင့်အရေးကို၊ အဆက်အသွယ်ကောင်းတဲ့ တခြားမင်းသမီးလက်ထဲကို လွှဲပေးလိုက်ရတဲ့အချိန်၊ တစ်ဖက်မှာလည်း Rita ခုလို အတိတ်မေ့သွားတာ သွေးရိုးသားရိုးမဟုတ်တဲ့ မတော်တဆမှုတစ်ခုကြောင့် ဆိုတာကို သိလိုက်ရတယ်။ ဒီလိုနဲ့ တစ်စတစ်စ ပေါ်လာတဲံ Rita ရဲ့ နောက်ကြောင်းကို စုံစမ်းရင်း၊ Rita အတိတ်မမေ့ခင် နေခဲ့တယ်လို့ ယူဆရတဲ့အိမ်ကို သူတို့တွေရောက်သွားချိန်မှာ ကိစ္စအားလုံးကို ပိုပြီးရှုပ်ထွေးစေမယ့် အရာတစ်ခုကို တွေ့လိုက်ရတဲ့အခါမှာတော့ … … … ။ ~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~ Naomi Watts နဲ့ Laura Elena Harring တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒါရိုက်တာ David Lynch ရဲ့လက်ရာပါ။ ဒီမင်းသမီးတွေကို အနုပညာလမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ခဲ့သလို၊ Lynch ကိုလည်း အကယ်ဒမီဆုအတွက် nomination ရစေခဲ့တဲ့ Mulholland Drive ကို ဒီဒါရိုက်တာကြီးရဲ့ အပြောင်မြောက်ဆုံး ဇာတ်ကားတွေထဲ ထိပ်ဆုံးကလို့ ညွှန်းဆိုကြလေ့ရှိပါတယ်။ မူလက ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖန်တီးဖို့ရည်ရွယ်ချက်နဲ့ ဇာတ်သိမ်းမရေရာတဲ့ Pilot Episode အဖြစ် ရိုက်ကူးခဲ့ပေမယ့်၊ ပယ်ချခံခဲ့ရတဲ့နောက်မှာ၊ ရိုက်ထားပြီးသားဇာတ်လမ်းကို ဇာတ်သိမ်းခန်း ထပ်မံရိုက်ကူးဖြည့်စွက်ပြီး ရုပ်ရှင်ကားကြီးအဖြစ် အသွင်ပြောင်းခဲ့တာပါ။ ဒီအချက်ကြောင့်ရယ်၊ Lynch ရဲ့ ပင်ကိုယ်ရိုက်ကူးမှုပုံစံရယ်ကြောင့်၊ Mulholland Drive ရဲ့ ဇာတ်လမ်းဟာ တိတိကျကျရယ်လို့ မဟုတ်ပဲ ကြည့်ရှုသူရဲ့ အဓိပ္ပါယ်ကောက်မှုအပေါ် မူတည်ပြီး ကွာခြားသွားတတ်တဲ့ သဘာ၀ ရှိနေတာဖြစ်ပြီး၊ အဲဒါကပဲ သူ့ရဲ့အဓိကဆွဲဆောင်မှု ဖြစ်လာခဲ့ပါတယ်။ ရိုက်ကူးထားတဲ့ပုံစံကတော့ David Lynch ကားတွေရဲ့ထုံးစံအတိုင်းပဲ၊ တစ်သမတ်တည်းဖြစ်တဲ့ ဇာတ်လမ်းသွားမဟုတ်သလို၊ တစ်ကားလုံးမှာ ကင်မရာအသုံးပြုနည်းမျိုးစုံကို သုံးထားတာကြောင့် ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ အတွင်းစိတ်နဲ့ အခြေအနေတစ်ခုအပေါ် ဘာကြောင့်ဒီလိုတုံ့ပြန်လဲ ဆိုတဲ့အကြောင်းရင်းကို ကြည့်နေတဲ့သူကို အတွင်းကျကျခံစားမိစေပါတယ်။ ဒါ့အပြင်၊ ဇာတ်ဝင်ခန်းတိုင်းမှာ အသုံးပြုထားတဲ့ နောက်ခံအသံကလဲ ဒီဇာတ်ဝင်ခန်းကပေးချင်တဲ့ စိုးရိမ်စိတ်၊ ကြောက်စိတ် အစရှိတဲ့ ခံစားချက်တွေကို ပရိသတ်ခံစားမိအောင် တွန်းပို့ပေးခဲ့ပါတယ်။ 2001 ခုနှစ်၊ Cannes ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပြီး၊ ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေရဲ့ အထူးချီးကျူးမှုကိုရရှိခဲ့တဲ့ Mulholland Drive ဟာ ဒေါ်လာ ၁၅ သန်း အကုန်အကျခံ ရိုက်ကူးခဲ့တာဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်း စုစုပေါင်းဝင်ငွေ သန်း ၂၀ ကျော် ပြန်ရခဲ့ပါတယ်။ ဒါတွေကတော့ Mulholland Drive ရဲ့ Wikipedia article က fact တွေ သက်သက်ရယ်ပါ။ ပြောချင်တာကတော့၊ Mulholland Drive ကို ပထမဆုံး ကြည့်မိတဲ့အချိန်မှာ ကင်မရာရိုက်ချက်တွေနဲ့ ပတ်သတ်တဲ့အရာတွေ၊ နောက်ခံအသံတွေ၊ အဲဒီလိုအရာတွေကို ဂရုမစိုက်အားခဲ့ဘူး ဆိုတာပါပဲ။ ဒါ့ကြောင့် အခုပြောပြမယ့် ကျွန်တော့်အမြင် ဆိုတာကလဲ၊ review ဆိုတာထက်၊ ပရိသတ်တစ်ယောက်အနေနဲ့ကြည့်ပြီး ခံစားရတဲ့ ကိုယ်ပိုင်ခံစားချက်သက်သက်ပါ။ ဒါရိုက်တာကြီး David Lynch ရဲ့လက်ရာတွေထဲ ပထမဆုံးကြည့်မိတဲ့ ဒီကားထဲ မျောနေရင်း ပထမဆုံး ရလိုက်တာက အိပ်မက်မက်နေရတဲ့ ဖီလ်လင်ပါပဲ။ ဇာတ်လမ်းဟာ ကစဉ့်ကလျားနဲ့ အစီအစဉ်မကျဘူး။ ဒါပေမယ့်၊ အဲဒီအပိုင်းအစလေးတွေကပဲ အာရုံကို တခြားမလွှဲနိုင်အောင် ဆွဲဆောင်ထားတယ်။ အဆက်အစပ်မရှိတဲ့ ဇာတ်ဝင်ခန်းတွေ တစ်ခုပေါ်တစ်ခု ထပ်လာတဲ့အချိန်မှာ၊ စိတ်ရှုပ်ထွေးသွားရမယ့်အစား၊ ဘာတွေထပ်မြင်ရမလဲဆိုတဲ့ စူးစမ်းစိတ်ကသာ ပိုလာတယ်။ အဓိပ္ပါယ် ရေရေရာရာ မထင်ရှားတဲ့ ကမ္ဘာတစ်ခုထဲကို ရောက်နေပေမယ့်၊ ကသိကအောက်ဖြစ်မနေပဲ အချိန်တန်ရင် အားလုံးဆက်စပ်မိမှာပါဆိုတဲ့ အာမခံချက်လေးက စိတ်ထဲမှာ အလိုလိုရောက်နှင့်နေတယ်။ တကယ်လည်း ဇာတ်လမ်းဆုံးတဲ့အခါမှာ၊ ဇာတ်လမ်းရှေ့ပိုင်း တစ်ဝက်ကျော်ကျော်လောက် ကြည့်ခဲ့ရတဲ့ ဟိုရောက်ဒီရောက်ဖြစ်နေတဲ့ ဇာတ်အိမ်ငယ်တွေက အစပ်အဟပ်တည့်သွားတယ်။ ဒါပေမယ့်၊ ထူးခြားချက်က အဲဒီဇာတ်လမ်းအပိုင်းအစလေးတွေရဲ့ အဓိပ္ပါယ်ဟာ ဇာတ်သိမ်းတဲ့အထိ သတ်သတ်မှတ်မှတ်မရှိပဲ၊ ကိုယ်အဓိပါ္ပယ်ဖွင့်ချင်သလို ဖွင့်လိုရနေတာပဲ။ အဲဒါကြောင့်ပဲ၊ ဒီဒါရိုက်တာကြီးက သူ့ဇာတ်ကားရဲ့ အဓိကလိုရင်းက ဘာဆိုတာကို ရှင်းရှင်းလင်းလင်းထုတ်ပြောဖို့ ငြင်းခဲ့တယ်ဆိုတာ နားလည်သွားရတယ်။ ဒါ့အပြင်၊ Betty Elms နဲ့ Diane Selwyn, Rita နဲ့ Camilla Rhodes တို့တွေ ဘယ်လိုဆက်စပ်မှူရှိနေလဲ၊ ဇာတ်လမ်းအစမှာ ကြားခဲ့ရတဲ့ Betty ရဲ့ စကားလေးတစ်ခွန်းဟာ နောက်ပိုင်း Diane ရဲ့ အမူအကျင့်ကို ဘယ်လိုသက်ရောက်နေလဲ။ ဇာတ်သိမ်းမှာ တွေ့ရတဲ့ Camilla ရဲ့ စရိုက်က Rita နဲ့ Betty တို့ရဲ့ ကနဦးဆက်ဆံရေးကို ဘယ်လိုပုံဖော်ခဲ့သလဲ။ ဒီလိုမေးခွန်းတွေအများကြီး ကိုယ့်ကိုယ်ကို ပြန်မေးနေရင်း၊ ရလာတဲ့အဖြေက တစ်ခုတည်းမဟုတ်သလို၊ ဒီအဖြေတစ်ခုချင်းကလဲ အဓိပ္ပါယ်ရှိနေတာတွေက Mulholland Drive ကို ကြည့်ပြီး ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဒီကားနဲ့ပတ်သတ်တဲ့ ကိုယ့်အမြင်ကို ထုတ်ပြောမှဖြစ်မယ်ဆိုတဲ့ ပရိသတ်တွေ ချင်ခြင်းတက်မှုရဲ့ အဓိကအကြောင်းရင်းပါပဲ။ အခုဒီလိုတွေ ပြောနေပေမယ့်၊ ဒီကားရဲ့အရသာကို တကယ်နားလည်ဖို့က ကိုယ်တိုင်ကြည့်လိုက်မှ ဖြစ်မှာပါ။ Psychological Thriller တွေကို အရသာတွေ့တဲ့သူတွေ၊ တွေးစရာပေးတဲ့ ဇာတ်ကားမျိုးကို သဘောကျပါတယ်ဆိုတဲ့သူတွေ သာမက၊ ရုပ်ရှင်ကို ဝါသနာပါသူမှန်ရင် လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါပဲ။ တကယ်ကြည့်ဖြစ်မယ့်သူတွေ အရသာမပျက်အောင် ဒီပို့စ်မှာ spoiler မထည့်ထားပေမယ့်၊ တကယ်လို့ တခြား review တွေဖတ်ပြီးသား၊ ဇာတ်လမ်းသွားသိပြီးသားမို့၊ မကြည့်တော့ဘူးဆိုရင်တော့ နစ်နာမယ်လို့ပဲ ပြောပါရစေ။ #MMDB_Previews#MulhollandDrive#DavidLynch#ASW (ရုပ်ရှင်အညွှန်းကို M-MDB Page မှကူးယူဖော်ပြပါသည်။)

Romance • Comedy • Drama
8 2001
Mulholland Drive
White Snake: Afloat
6.8

CM ပရိသတ်တွေ မေးမေးနေတဲ့ မြွေဖြူမလေး အတွဲ ၃ ရောက်လာပါပြီ… ပထမတွဲမှာ ဆုံတွေ့ခဲ့တဲ့ ယုံကျိုးက မြွေဖမ်းသမားလေး အားရွှမ်းကတော့ ရှောင်ပိုင်အတွက် အသက်စတေးခဲ့တယ်… ဒုတိယတွဲမှာ သူ့မမ မြွေဖြူမလေးကို ရှာပုံတော်ထွက်တဲ့ ရှောင်ချင်းနဲ့ ရှောင်ပိုင် ပြန်ဆုံစည်းခဲ့တယ်… ဒီတတိယတွဲမှာ မဆုံးသေးတဲ့ အားရွှမ်းရှာပုံတော်ကို မြွေဖြူမလေးက ဆက်ဖွင့်ခဲ့ပါတယ်… ကျောက်စိမ်းဆံထိုးလေးရဲ့ လမ်းပြမှုကြောင့် စေတနာသမားတော်လေး ရွှီရှန်းနဲ့ ဆုံတွေ့ခဲ့ပြီး… မြင်လျှင်မြင်ချင်း လွန်ခဲ့တဲ့ နှစ် ၅၀၀ က အားရွှမ်းဆိုတာကို သိခဲ့တယ်… ဖူးစာလူးလာ ဒူးကာမရဆိုသလို မြင်မြင်ချင်းပဲ ချစ်မိတယ် ဖြစ်သွားတဲ့ ရွှီရှန်းဟာဆိုရင် သူ့ပိုင်မိန်းကလေးကို ဇနီးမယားဖြစ်လက်ထပ်ယူဖို့ ခဲအိုနဲ့ မိတ်ဆက်ပေးပြီး အကြင်လင်မယားဖြစ်သွားခဲ့တယ်… နောက်တော့ အားလုံးသိတဲ့အတိုင်း ရွာထဲ ပလိပ်ရောဂါတွေ စဖြစ်လာပြီး ရွှီသမားတော်က ဆေးဖော် ဆေးရှာ ဆေးကုနဲ့ အလုပ်များသလို ပါရမီဖြည့်ဖက် မြွေဖြူမလေးလည်း တတ်စွမ်းတဲ့ဖက်က ကူခဲ့ပါတယ်… နောက်တော့ … ဖာဟိုင်နဲ့ တွေ့ရမှာပေါ့… ဘယ်လိုတွေ့မလဲ… ရွှီရှန်းကရော မူရင်းဝတ္ထုထဲကလိုမျိုး မြွေဖြူမလေးကို ရိုက်သတ်မှာလား… ဇာတ်လမ်းတွေထဲကလိုမျိုး ကာကွယ်မှာလား… ဖာဟိုင်ကရော ရှောင်ချင်းနဲ့ မေတ္တာမျှမှာလား… ဒါမှမဟုတ် ထန်စန်းကိုယ်တော်လိုမျိုး မေတ္တာရှေ့ထား မိစ္ဆာတိုင်းကိုသနားပြီး လွှတ်ပေးတတ်တဲ့ မေတ္တာရှင်ဖြစ်မှာလား… အတူတူကြည့်ပြီး မျှဝေကြတာပေါ့

Horror • Thriller
6.8 2024
White Snake: Afloat
Traffic
7.6

Traffic (2000) IMDb Rating (7.6) / Rotten Tomatoes (93%) ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အော်စကာဆု ၄ခုရရှိထားတဲ့ Traffic ဆိုတဲ့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ မူးယစ်ဆေးဝါးကို မှောင်ခိုရောင်းဝယ်နေကြတဲ့ ကုန်အဖွဲ့ကြီးတွေ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူတွေနဲ့ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုကို တိုက်ဖျက်ဖို့ကြိုးစားနေသူတွေကြားက မူးယစ်ဆေးဝါးတိုက်ပွဲကို စိတ်ဝင်စားဖွယ်တွေ့မြင်ရမှာပါ။ ဒီဇာတ်ကားလေးထဲမှာတော့ မူးယစ်ဆေးဝါးဂိုဏ်းတွေကို ဖမ်းဆီးဖို့ကြိုးစားရင်း အထက်လူကြီးတစ်ဦးရဲ့ တားဆီးမှုကိုခံရပြီးနောက် နောက်ကွယ်ကဖြစ်ရပ်တွေကိုသိ ရှိသွားတဲ့ မက်ဆီကိုနိုင်ငံမှ ရဲအရာရှိ Javier အမျိုးသားမူးယစ်ဆေးထိန်းချုပ်ရေးအဖွဲ့မှာ ခန့်ထားခံရပြီး မူးယစ်ဆေးဝါးကုန်သွယ်နေတဲ့ ဂိုဏ်းကြီးတွေကို နှိမ်နင်းဖို့ ကြိုးစားနေတဲ့ တရားသူကြီး Robert Wakefield ကျောင်းမှာ စာသာမက ဘက်စုံတော်တဲ့ ကျောင်းသူတစ်ဦးဖြစ်ပေမယ့် မူးယစ်သားကောင်ဖြစ်နေတဲ့ Caroline မူးယစ် ဆေးဝါးဖြန့်ဖြူးသူအဖြစ် တရားစွဲခံထားရသူ ခင်ပွန်းသည်ကို အမှုမှလွတ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတဲ့ Helena မူးယစ်ဂိုဏ်းကိုတရားဥပဒေအရ အပြစ်ပေးခံရဖို့ ကြိုးစားနေရင်း မိတ်ဆွေရဲဘော်ကိုဆုံးရှုံးလိုက်ရတဲ့ အမေရိကန်ရဲအရာရှိ Moty စတဲ့ဇာတ်ကောင်တွေရဲ့ မတူညီတဲ့ရုန်းကန်မှုတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ မူးယစ်ကုန်သည်ဂိုဏ်းကြီးတွေနဲ့ မူးယစ်ဆေးဝါးကိုတိုက်ထုတ်ဖို့ကြိုးစားနေတဲ့ သူတို့အကြား အစိုးရဘက်ကပဲ မူးယစ်ဂိုဏ်းတွေကိုအနိုင်ရသွားမလား မူးယစ်ဆေးဝါး ကုန်သည်တွေကို တရားဥပဒေအတိုင်းအပြစ်ပေးသွားနိုင်မလား တိုင်းပြည်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ကျအောင် တိုက်ပွဲဝင်နေတဲ့ Wakefield တစ်ယောက် သမီးဖြစ်သူရဲ့ဘဝကိုရော ကယ်တင်ပေးနိုင်ပါ့မလား ဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမယ့် ဇာတ်ကားလေးမို့ ကြည့်ရှုကြဖို့ ညွှန်းဆိုလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin Lwin Aung ဖြစ်ပါတယ်။) File size…(6.1GB) / (3 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Crime,Drama,Thriller Duration….02:28:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Lwin Lwin Aung

7.6 2000 147 mins
Traffic
Hashima Project
5.1

Hashima Project (2013) ********************** အော့ဖ်၊ ဒေါ့၊ နစ်၊ နမ်နဲ့ မေတို့ဟာ ရုပ်ရှင်မေဂျာနဲ့ ကျောင်းပြီးထားပေမဲ့ အလုပ်မရသေးဘဲ အလုပ်ရဖို့ ကြိုးစားနေကြတဲ့ သူငယ်ချင်းအုပ်စုဖြစ်ပါတယ်…သူတို့ဟာ သရဲခြောက်တယ်ဆိုတဲ့ နေရာတွေကို သွား ရိုက်ကူးရေးတွေလုပ်ပြီး ထုတ်လုပ်သူတွေကို ပြခဲ့ပေမဲ့ “နောက်မှပြန်ဆက်သွယ်လိုက်ပါမယ်” ဆိုတဲ့စကားကလွဲပြီး မကြားရတဲ့အခါမှာတော့ ယူကျုပေါ်မှာပဲ သူတို့ရိုက်ထားတဲ့ ဇာတ်လမ်းတွေကို တင်ဖို့အတွက် အကြံရလာပါတယ်…ဒီလိုနဲ့ တင်လိုက်တဲ့အခါမှာတော့ သူတို့ဇာတ်လမ်းဟာ အရမ်းကို ပေါက်သွားခဲ့ပြီး သန်းချီတဲ့ ကြည်ရှုသူတွေနဲ့အတူ နာမည်ကြီးလာခဲ့ပါတယ်… သူတို့ဇာတ်လမ်းပေါက်သွားတဲ့နောက်မှာတော့ သရဲရှိုးလုပ်တဲ့ Ghostland ဆိုတဲ့ ပရိုဂရမ်ကြီးကနေ သူတို့ဆီကို ကမ်းလှမ်းချက်တစ်ခုရောက်လာပါတော့တယ်…ရှားရှားပါးပါးအခွင့်အရေးဖြစ်တာကြောင့် သူငယ်ချင်းအုပ်စုဟာ အစီအစဉ်ဘက်ကလူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ရင်း Ghostland ဘက်ကပေးလာတဲ့ ပရောဂျက်အသစ်အဖြစ် ဂျပန်က သရဲခြောက်တဲ့ကျွန်းကြီးလို့ နာမည်ကြီးတဲ့ ဟာဂျီမာကျွန်းကိုသွားရောက်ပြီး ရိုက်ကူးရေးလုပ်ဖို့ လက်ခံခဲ့ပါတယ်… ဟာဂျီမာကျွန်းဟာ အဲဒီကျွန်းကို သွားရောက်ခဲ့တဲ့သူတိုင်း ကံဆိုးမိုးမှောင်ကျတတ်ပြီး အသက်ပါ သေဆုံးတတ်တယ်ဆိုတဲ့အချက်နဲ့တင် အတော်ကို နာမည်ကြီးနေတာခဲ့တာပါ…ဒီလိုကျွန်းကြီးကိုသွားရောက်ပြီး ရိုက်ကူးရေးလုပ်ရမဲ့ သူငယ်ချင်းအုပ်စု ဘာတွေ ဘယ်လိုတွေ့ကြုံရမလဲ ဆိုတာကို ခြောက်ခြားဖွယ်ရာ ကြည့်ရှုရမဲ့ Horror, Suspense ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ CharOu ဖြစ်ပါတယ်… File Size : 1.4GB / 608MB Quality : WEB-DL 1080p / 720p Duration : 01:58:00 Genres : Horror, Suspense Subtitle : Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by Heather Oo

5.1 2013
Hashima Project
Bad Boyz

Bad Boyz (2024) “ဇိုးကြီးများ” မဆလာပရိသတ်တို့အတွက် မလေယာလမ် အက်ရှင်ဟာသ ဇာတ်လမ်းတစ်ပုဒ် တင်ဆက်လိုက်ပါတယ် အန်ဒါပါတို့ သူငယ်ချင်းလေးယောက်က ကျောင်းတွင်း ‘Bad Boys’ ကလပ်မှ ဖြစ်ပြီး အန်ဒါပါကတော့ မေရီဆိုတဲ့ မိန်းကလေးကို ကြိတ်သဘောကျနေတာပါ အန်ဒါပါ စာမေးပွဲကျလို့ မေရီက အဖတ်မလုပ်တော့ပေမဲ့ မေရီ့ကို ဆွဲလားရမ်းလားလုပ်တဲ့ ကောင်တွေကို အုပ်စုလိုက် ဖိုက်ပြလိုက်ရင်း အန်ဒါပါဟာ မေရီ့အချစ်ကို ရခဲ့တဲ့အပြင် ဇိုးဘွဲ့ပါ ရသွားပါတော့တယ် နောက်ပိုင်း သူတို့တတွေ တကယ့်မူးယစ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ ဘယ်လိုရယ်ရမလဲ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

0 2024 148 mins
Bad Boyz