YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM)Lingshan.E33.mp4

314.13 MB N/A video/mp4 118 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rock Sugar

Rock Sugar (or) Bullied (2021) ====================== ကျောင်းသားကားတွေကြည့်ဖူးနေရင် ကျောင်းတွင်းအနိုင် ကျင့်ခံရတဲ့ အဖြစ်တွေကိုလည်း မစိမ်းလောက်ဘူးထင်ပါ တယ်။ ကလေးတစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံနေရ တာကိုရိပ်မိပြီး ကာကွယ်ပေးဖို့က မိဘတွေအတွက် အဓိက တာ၀န်တစ်ခုလို့ဆိုရမှာပါ။ အဲဒါကြောင့် ဒီဇာတ်လမ်းဟာ မိဘ‌တွေသတိမူမိစေမယ့် ဇာတ်လမ်းမျိုးဆိုလည်း မမှားပါဘူး။ ဒီဇာတ်လမ်းမှာတော့- ရှားလာ့ထ်‌ဆိုတဲ့ ၁၂ နှစ်အရွယ် ကလေးမလေးဟာ ကျောင်းမှာ အမြဲအနိုင်ကျင့်ခံနေရသူပေါ့။ သူ့ကိုအမြဲအနိုင်ကျင့်တဲ့ ကောင် မလေးကလည်း အားကစားထူးချွန်သူ၊ ဆရာတွေရဲ့အချစ်တော်ပါ။ တကယ်တမ်းပြဿနာဖြစ်လာတိုင်း ဆရာတွေက သူ့ဘက်မပါပါ ဘူး။ မိဘတွေကပါ သူ့ကိုဆိုးတယ်လို့မြင်ကြပါတယ်။ ဒီလိုနဲ့ အမျိုး မျိုးခြိမ်းခြောက် အနိုင်ကျင့်ခံနေရပေမဲ့ သူဆိုးတယ်ပဲ အမြင်ခံရတဲ့ ၁၂ နှစ်အရွယ် ကလေးမရဲ့စိတ်ဟာ အတော်ဖိစီးလာတဲ့အခါ... ဇာတ်လမ်းကြည့်စမှာ ကျောင်းတွင်းအနိုင်ကျင့်ခံရတဲ့ plot မျိုးပါ၊ ကြည့်ရင်းနဲ့ ဇာတ်အလှည့်အ‌ပြောင်းတွေက လျှို့ဝှက်သည်းဖိုလား လူသတ်ကားလားလို့တောင် ထင်မိလာစေပါတယ်။ ရှားလာ့ထ်တစ် ယောက် သူအနိုင်ကျင့်ခံရတာကို ဘယ်လိုရင်ဆိုင်မလဲ၊ သူတို့မိသား စုကြားမှာ ဘာပြဿနာဘယ်လိုဝင်လာမလဲဆိုတာကိုတော့ အဆုံးထိ ဆက်ကြည့်လိုက်ရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.1 GB) / (545 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 10Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......C'mon Encoder..........SWM

Drama • Romance • Science Fiction
0 2021 81 mins
Rock Sugar
Ditto
7.2

" ကမ္ဘာ တစ်ဖက်မှာ နင်နေထိုင်တယ် ကမ္ဘာ တစ်ဖက်မှာ ငါနေထိုင်တယ် " ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် သီချင်းလိုပါပဲ ဒီဇတ်လမ်းကို ကြည့်မိတဲ့ အချိန်က နှလုံးသားထဲမှာ ဆွေးဆွေးမြေ့မြေ့ ကို ဖြစ်လာတာပဲ ဒီဇတ်လမ်းက ဆိုအွန်း ဆိုတဲ့ ကောင်မလေး နဲ့ ဂျီအင်း ဆိုတဲ့ ကောင်မလေး တို့ နဲ့ ဇတ်လမ်းစတာပဲ ဆိုအွန်းမှာ မီးသတ်တပ်ဖွဲ့တွေ သုံးတဲ့ ရေဒီယို တစ်လုံး ရှိနေတယ် တစ်ရက်သော နေ့မှာတော့ အဲ့ဒီရေဒီယိုကနေ အသံတစ်ခုကြားရတယ် တစ်ဖက်က ဆက်သွယ်လာတဲ့ အသံတစ်ခုပေါ့ အသံပိုင်ရှင်က ဂျီအင်း လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက် ပုံမှန်ပဲ မိတ်ဆက်ကြတာပေါ့ ဂျီအင်း နဲ့ ဆိုအွန်း တို့ တစ်ယောက်နဲ့ တစ်ယောက် ကျောင်းမှာ ချိန်းကြတယ် အဲ့ဒီ နေ့က စိတ်တွေ လှုပ်ရှားနေကြတယ်... ဆိုအွန်း ကျောင်းရဲ့ နာရီစင်ရှေ့မှာ စောင့်နေတယ် ဂျီအင်းက ပေါ်မလာခဲ့ဘူး.... ဂျီအင်း ကိုယ်တိုင်ကလဲ ဆိုအွန်းကို မိုးရေတွေထဲ ကျောင်းရှေ့ စောင့်နေခဲ့တာပါပဲ သူတို့ ၂ ယောက် စိတ်ပျက်လက်ပျက် နဲ့ အိမ်ပြန်လာခဲ့ကြတယ်... သူတို့ စကားမပြောဖြစ်ကြတော့ဘူး တစ်ခုခု လွဲနေပေမဲ့ ဘာက သူတို့ ကြား လွဲနေတာလဲ သတိမထားမိခဲ့ကြဘူး တကယ်တမ်း လွဲနေတာကတော့ ဆိုအွန်းက ၁၉၇၉ ခုနှစ်မှာ နေထိုင်တာ ဖြစ်ပြီးတော့ ဂျီအင်းက ၂၀၀၀ ခုနှစ်မှာ ရောက်နေခဲ့တာပါ... ကဲ ဒီလောက်ဆို ဒီဇတ်လမ်းကို ဆက်ကြည့်ဖို့ လုံလောက်ပါပြီ အချိန်ကွဲပြားမှုကို စပွိုင်လာလုပ်တယ် ထင်ရင် မှားပါလိမ့်မယ် ဒီဇတ်လမ်းထဲ ကျနော် မပြောပြထားတဲ့ အကြောင်းအရာ တစ်ခုက ရှိနေတုန်းပါပဲ သင်က စိတ်ဓါတ်မာသူ တစ်ယောက်ဆို ဒီဇတ်လမ်းကို ကြည့်ဖို့ အသင့်တော်ဆုံးပါပဲ မဟုတ်ရင်တော့ တစ်ရှုးလေး ဆောင်ထားပေါ့ ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားတာကတော့ "နွေးထွေးအောင်" ဖြစ်ပြီး Thit San Khant မှ အညွှန်း ရေးပေးပေးထားပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 3.2GB | 1.2GB | 526MB Format… mp4 Duration….1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nway Htwe Aung Encoder ..... August

Comedy • Drama
7.2 2000 112 mins
Ditto
Bad Guy
6.6

တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ပခြုပ်သည်မတွေဘဝကိုပြတယ်။ နောက်အကန့်အသတ်နည်းနည်းလွန်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပြတယ်။ အိပ်ခန်းတွေ မနည်းမနောနဲ့ သွေးထွက်သံယိုအခန်းတွေကို မနည်းမနောပြသွားပေမဲ့ အချစ်လို့တောင် ပြောရခက်မယ့် အချစ်တစ်ခုကိုလည်း ခပ်ပါးပါးပြသွားတယ်။ ကြည့်ဖူးသလောက် ကင်ကီဒွပ်ကားတွေလိုပဲ မပြောင်းလဲတဲ့အချက်ကတော့က ကင် သီကျူးတဲ့အချစ်ဟာ ထုံးစံအတိုင်း သန့်စင်တဲ့အချစ်ဟုတ်မနေခဲ့ဘူး၊ လိင်စိတ်ကနေ ကူးလာတဲ့ အချစ်ကိုပဲ သီကျူးသွားတယ်။ ကင်ဟာ အနုပညာနောက်ခံလုံးဝမရှိတဲ့သူ။ ကျောင်းတစ်ပိုင်းတစ်စနဲ့ထွက် စက်ရုံတွေမှာအလုပ်လုပ်၊ စစ်ထဲဝင်၊ ဒီလိုဘဝနဲ့နေလာခဲ့တဲ့သူ။ ကင်ဟာ အရိုင်းဆန်သလိုပဲ သူ့ရုပ်ရှင်တွေကလည်း ဘာအကန့်အသတ်မှ မရှိဘဲ အရိုင်းဆန်တယ်။ ဒီရုပ်ရှင်မှာလည်း သူ့ရှေ့ရှေ့က Art House ဒါရိုက်တာတွေလိုပဲ တစ်ခုခုကိုပြချင်တဲ့စိတ်နဲ့ ရိုက်တာမဟုတ်ဘဲ တစ်စုံတရာကိုမေးခွန်းထုတ်ချင်တဲ့ စိတ်နဲ့ ရိုက်တာလို့ ဖြေခဲ့ပါတယ်။ သူပြောတာတော့ လူတွေဟာ မွေးတုန်းက အခွင့်အရေးဘာညာ တန်းတူညီမျှနဲ့ မွေးလာခဲ့ပေမဲ့ ကြီးလာတဲ့နောက် ရုပ်ရည် ငွေစတာတွေနဲ့ ပိုင်းခြားခံကြရတယ်။ ဒီငွေတို့ ရုပ်တို့က အရေးကြီးလို့လား။ ဒီကမ္ဘာနှစ်ခုကို ပေါင်းစည်းပြီး မတူညီတဲ့ အဆင့်အတန်းလို့ ဆိုကြတဲ့အရာနှစ်ခု အဆင်ပြေပြေ အမြင်ကြည်ကြည်ဖြစ်နိုင်ဖို့က မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို မေးချင်ခဲ့တာလို့ဆိုပါတယ်။ ကင်ရဲ့ တခြားသော ရုပ်ရှင်များလိုပဲ ဒီရုပ်ရှင်မှာလည်း အဓိကဇာတ်ကောင်က ဘာစကားမှမပြောလှတဲ့ ဇာတ်ကောင်ပါပဲ။ ဒီအတွက် ကင်က ဒီလိုဖြေပေးခဲ့ပါတယ်... "ကျုပ်ရုပ်ရှင်ထဲက လူတစ်ချို့ တိတ်ဆိတ်နေရတဲ့အကြောင်းရင်းက‌တော့ သူတို့ရင်ထဲ ဒဏ်ရာအကြီးကြီးရှိနေခဲ့လို့ဆိုရမယ်။ လူတွေအပေါ် သူတို့ရဲ့ ယုံကြည်မှု ပျက်ယွင်းသွားခဲ့လို့ပေါ့" တဲ့။ ဒီရုပ်ရှင်ကို ကင်က Semi-abstract လို့ Genre သတ်မှတ်ထားခဲ့ပါတယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကင်က... "ကျုပ်အတွက်တော့ Semi-abstract ဆိုတာ အရှိတရားကိုတင်ပြတာထက်ပိုတဲ့ တင်ပြပုံမျိုးကို ဆိုလိုတာပေါ့။ အရှိတရားကိုမှ ကိုယ်ပိုင်အမြင်တွေ ခံစားချက်တွေ ပေါင်းထည့်ထားတာမျိုးပေါ့" လို့ ဆိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 930MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Music
6.6 2001 100 mins
Bad Guy
Butta Bomma
6.8

Butta Bomma 2023 Drama/ Romance IMDb 7.8/10 အာရ်ပူက ရွာလေးတစ်ရွာမှာ ဆသ်ရာခေါ်တဲ့မိန်းမလှလေးတစ်ယောက်ဟာ အိမ်အလုပ်တွေကူပေးရင်း ငြိမ်းချမ်းစွာနေထိုင်နေပါတယ်။ ၂၁ရာစုရောက်နေပြီး စမတ်ဖုန်းတွေနဲ့ တိုးတက်နေတဲ့ခေတ်မှာတောင် အားလုံးနဲ့အဆက်အသွယ်လုပ်ဖို့ ဆသ်ရာမှာ ကီးပတ်ဖုန်းလေးတစ်လုံးသာရှိပါတယ်။ တစ်ဖက်မှာလည်း မူရ်လီဆိုတဲ့ကောင်လေးဟာ သုံးဘီးမောင်းရင်း ဘဝကိုရိုးသားစွာနဲ့ ကြိုးစားရုန်းကန်နေပါတယ်။ တစ်ရက်မှာ ဆသ်ရာတစ်ယောက် ဖုန်းနံပါတ်မှားခေါ်မိရာကနေ မူရ်လီဆီကို ရောက်သွားပါတော့တယ်။ အသံချိုချိုသာသာလေးတွေကို သဘောကျတဲ့မူရ်လီဟာလည်း လူချင်းမမြင်ရပဲ ဖုန်းထဲကနေတစ်ဆင့် ဆသ်ရာကို ကြွေမိသွားပါတော့တယ်။ ဒီလိုနဲ့ ဖုန်းထဲကနေပဲ အချစ်ဇာတ်လမ်းလေးစတင်ခဲ့ပြီး အပြင်မှာတွေ့ကြဖို့ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း ချင်နီဆိုတဲ့သူဌေးသားတစ်ယောက်က ဆသ်ရာကိုကြိုက်နေကာ လိုက်ပိုးပန်းပေမယ့် သူ့အမေသူဌေးမကြီးကတော့ မောက်မာပြီး ဆသ်ရာတို့မိသားစုကို အထင်သေးစွာဆက်ဆံပါတယ်။ မူရ်လီနဲ့ဆသ်ရာ တွေ့ဆုံကြတော့မယ့်အချိန်မှာ အာကေဆိုတဲ့သူတစ်ယောက်ရုတ်တရတ်ပေါ်လာပါတော့တယ်။ ဒီလိုဆို ဆသ်ရာ မူရ်လီ အာကေ နဲ့ ချင်နီတို့ရဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ ဘယ်သူကအနိုင်ရသွားမလဲ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အာကေကရောဘာကြောင့်ပေါ်လာရတာလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုကြရမှာဖြစ်ပါတယ်။

6.8 2023
Butta Bomma
Three Kings
7.1

Three Kings (1999) ~ IMDb – 7.1/10, Rotten Tomatoes – 94% ~ ဒီကားကတော့ Cast နဲ့တင် ဖြုံလောက်စရာပါ။ George Clooney, Mark Wahlberg, Ice Cube နဲ့ Spike Jonze တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကလည်း ၂၁ ရာစုအမေရိကန် Cinema တစ်ခေတ်ကို အရွေ့‌ဖြစ်စေခဲ့တဲ့ ပြတ်ရွေ့ကြောတွေထဲ တစ်ထောင့်တစ်နေရာက ပါခဲ့တဲ့ David O. Russell ဆိုတော့ Dark Humor ကောင်းကောင်း၊ ဒိုင်ယာလော့ခ် မိုက်မိုက်၊ ရိုက်ကွက်လှလှ နဲ့ ကြည့်ရတာ အတော်ကိုမြိန်စေတဲ့ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်လမ်းကတော့… Gulf war လို့ခေါ်တဲ့ ကူဝိတ်ကို အီရတ်က ကျူးကျော်မှုမှာ အမေရိကန်ရဲ့ ဝင်စွက်ဖက်မှုအပြီးကို ဇာတ်လမ်းအချိန်အရ အခြေခံထားပါတယ်။ George Clooney က အနားယူမယ့်ဗိုလ်မှူး၊ Mark Wahlberg က အိမ်မှာမွေးစကလေးရှိလို့ စီးပွားရေးအရ ခိုင်ချင်တဲ့ဆာဂျင်၊ Ice Cube က ရဲဘော်တွေကို စိတ်မချလို့လိုက်မယ့်လူ၊ Spike Jonze ကတော့ Mark Wahlberg လိုဖြစ်ချင်တဲ့ အူကြောင်ကြောင်ဘဲလေး။ ဒါရိုက်တာ David O. Russell လက်ရာဆိုတဲ့အတိုင်း ဇာတ်ကောင်တွေကို ပြီးပြည့်စုံနေအောင်မလုပ်ထားဘူး။ စစ်ကားဆိုပေမဲ့ အထက်အမိန့်ပဲနာခံပြီး အမြဲ ကိုယ်ကျိုးစွန့်တဲ့သူရဲကောင်းတွေအဖြစ် ဇာတ်ကောင်တွေကိုပုံမဖော်ထားဘူး။ လိုချင်တောင့်တမှုကိုယ်စီနဲ့ “ငါသာဆိုလည်း ဒီလိုနေမှာ” လို့ ထင်ဟပ်‌မိစေမယ့် ဆက်စပ်နိုင်မှုမျိုးကိုပါ ခံစားရစေပါတယ်။ ဒီလိုနဲ့ စစ်ပြီး‌တော့ သူတို့တွေ အီရတ်သုံ့ပန်းတွေကိုခေါ်နေတုန်း သုံ့ပန်းတစ်ယောက်ရဲ့ အမေပေးတဲ့ပေါင်မုန့်တစ်စုံ ကြားမှာ ညှပ်ထားတဲ့ မြေပုံတစ်ခုတွေ့တယ်။ အဲဒီအချိန် ဗိုလ်မှူး George Clooney ကလည်း ကတုတ်ကျင်းတစ်ခုမှာ ဆက်ဒန်ခိုးထားတဲ့ ‌ကူဝိတ်ရွှေတွေ မြုပ်ထားတယ်ဆိုတဲ့သတင်းတစ်ခုရထားတယ်ပေါ့။ အဲဒါနဲ့ သူတို့လေးယောက် လက်ဝါးချင်းရိုက်ပြီး မြေပုံကိစ္စကို အထက်လူကြီးဆီအသိ‌မပေးဘဲ ‌သွားရှာမယ်။ ရှာလို့တွေ့ရင် ခွဲယူပြီး ထိုင်စားမယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒါပေမဲ့လည်း အခြေအနေတွေက သူတို့ထင်သလို ပန်းခင်းသောလမ်းတော့ ဟုတ်မနေခဲ့ပါဘူး။ ကူဝိတ်ကိစ္စကို ဖြေရှင်းပြီးပေမဲ့ အီရတ်နိုင်ငံထဲမှာ ဆက်ဒန်ကို ဖြုတ်ချမယ့် သူပုန်တပ်တွေရှိနေပါတယ်။ ဆက်ဒန်တပ်တွေရဲ့ ပြည်သူတွေအပေါ်ဆက်ဆံပုံကိုမြင်တဲ့အချိန်မှာ သူတို့ ၄ ယောက်သား အကြပ်ရိုက်ပါပြီ။ အထက်ကပြောသလို မသိချင်ယောင်ဆောင်မလား။ ဝင်ကူညီမလားပေါ့။ လူသားချင်းစာနာမှုနဲ့ ကိုယ့်ရည်ရွယ်ချက်အကြား ပွတ်တိုက်မှုတွေဖြစ်လာတဲ့အခါ သူတို့ဘာကိုရွေးချယ်ကြမလဲဆိုတာကို ကြည့်ရှူရမှာဖြစ်ပါတယ်။ ကိုယ်တိုင်သတိထားမိတဲ့ ထူးခြားချက်တစ်ခုက ဒိုင်ယာလော့ခ်တွေကို ရှေ့လူစကားပြန်ထပ်ပြောတာပါပဲ။ ဥပမာ – မင်းဒါကိုစားမလို့လားဆိုရင် အေး ငါဒါကိုစားမလို့ ဆိုပြီး ပြန်ကောက်ပြောတာမျိုး။ ဘာကြောင့်လဲတော့မသိပေမဲ့ အဲဒီဟာကပါ ဟာသတစ်ခုလိုဖြစ်သွားတယ်။ ဘယ်လိုမှန်းမသိတဲ့ ရသလေးတစ်ခုပေါ့။ ဆုတွေကလည်း အတော်ကိုရထားတဲ့အပြင် ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေနဲ့ ဒိတ်ဒိတ်ကြဲ ဒါရိုက်တာကြီးတို့ရိုက်ထားတဲ့ ဟောင်းပေမဲ့ကောင်း ရုပ်ရှင်လေးဖြစ်တာကြောင့် မထိုင်စတမ်းကြည့်ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 54Min Genre – Action, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.1 1999
Three Kings
Corona Dhavan
7

Corona Dhavan (2023) ယမကာလုလင်လေးများ IMDb rating 7.4/10 ရရှိထားပြီး ၂၀၁၉ခုနှစ်ရဲ့ COVID-19 Lockdown ကာလအတွင်းက အရက်ဂျိုးတို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာ‌အခက်အခဲတွေကို ပုံဖော်ရိုက်ကူးထားတဲ့ သူတို့ရဲ့ဘဝတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အစ်နေ့ ကောက်ရိတ်သိမ်းပွဲနေ့ ခရစ်စမတ်နေ့ကအစ ဘာပွဲမှ အလွတ်မခံဘဲ အရက်ကို ချစ်လို့ မြတ်နိုးလို့ သောက်ကြတဲ့ ကယ်ရာလာ နယ်သားတစ်စု။ မင်္ဂလာပွဲတွေမှာတောင် အရက်နဲ့ ဧည့်ခံတဲ့နယ်။ ဒီလိုနယ်လေးကို စည်းကမ်းတင်းကြပ်တဲ့ ရဲအရာရှိ စပ်သရာရောက်ရှိလာတဲ့အခါ … “အရက်ချက်တာ သောက်တာကို မလုပ်ရုံမကဘဲ အရက်နံ့ကိုတောင်မရှူရဘူး” ဆိုတဲ့ခံယူချက်နဲ့ ရဲအရာရှိစပ်သရာတစ်ယောက် သူနဲ့ သဘောထားမတိုက်ဆိုင်တဲ့ နယ်မှာ တာဝန်ကျတဲ့အခါမှာတော့ ဒါဗန်အရက်ကို စွဲလမ်းနေသူ နယ်သားတွေနဲ့ ဘယ်လိုမျိုး ရင်ဆိုင်သွားမလဲဆိုတာကိုတော့….. ဆက်လက်ကြည့်ရှုပေးကြပါဦး… အညွှန်းနဲ့ ဘာသာပြန်ဆိုမှုကိုတော့ CM Bollywood Team မှ ညွှန်းဆိုဘာသာပြန်ထားပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here!)

7 2023 130 mins
Corona Dhavan
Iron Mask
8

Iron Mask (2023) ဝူယောင်းဝူတို့ ဇာတ်ကားထဲက ရှေ့နေဂွမ်မင်ဝူးကို ကာရိုက်တာအသစ်တစ်မျိုးနဲ့ကြည့်ရှုရမယ့် Iron Mask (2023) ထွက်ရှိလာပါပြီ။ Kendo အားကစားလောကကို အခြေတည်ပြီး အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုအတွက် လက်စားချေမယ့် ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နိုင်ငံ့လက်ရွေးစင် Kendo ကစားသမားဖြစ်လာဖို့ ယှဉ်ပြိုင်ခွင့်ရမယ့် Survival ပွဲစဉ်တစ်ခုကို ဂင်ဂျယ်ဝူ ရောက်ရှိလာခဲ့တာဟာ သဘောရိုးနဲ့မဟုတ်ဘဲ အစ်ကိုဖြစ်သူရဲ့သေဆုံးမှုအတွက် ဟွမ်ထယ်ဆူဆိုတဲ့ ကစားသမားကို လက်စားချေဖို့ပါ။ ဒါပေမဲ့ သူ့ရဲ့စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ တဖြည်းဖြည်း သူ့ရဲ့အရည်အချင်းတွေပါ ကျဆင်းလာခဲ့တဲ့အခါမှာတော့ ဂျယ်ဝူတစ်ယောက် အဲဒီအခြေအနေကို ကျော်ဖြတ်ပြီး လက်စားချေသွားနိုင်ပါ့မလား ဒါမှမဟုတ် သူ့ဘဝကြီးကပဲ ရေစုန်မြောသွားမလား ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်းကိုတော့ Hmwe က ရေးးသားထားပြီးးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Fantasy Quality…. 1080p | 720p File size… 890MB | 348MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe and Joyz Encoder ….. Aaron

8 2023 100 mins
Iron Mask
Little Manhattan

အချစ်ဦး မြေးဦးရတဲ့ထိ မမေ့ဘူးဆိုတဲ့ စကားလေး ဘရားသားတို့ ကြားဖူးမှာပါ။ အများစုကတော့ ကြားဖူးရုံတင်မကဘူး၊ ကြည်နူးမှုတွေ နာကျင်မှုတွေ ရောပြွန်းပြီးတော့ ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ သိခဲ့ကြမှာပါ။ အခုချိန်ထိလည်း နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်ထောင့်တစ်နေရာမှာ လွမ်းဆွတ်တသနေမယ့် အချစ်မျိုးပေါ့။ ကဲ စကားမရှည်တော့ဘူး။ ဇာတ်လမ်းအကျဉ်း ဆယ်နှစ်သားလေး ဂေ့ဘ်ဟာ မိဘတွေ ကွာရှင်းတော့မယ့်အခြေအနေကြောင့် စိတ်ညစ်ရတာကလွဲလို့ ပုံမှန် ဆယ်ကျော်သက်ဘဝကို ပျော်ပျော်ပါးပါး အပူအပင်ကင်းကင်း ဖြတ်သန်းနေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာ ဂေ့ဘ်ဟာ မိဘတွေကို ကရာတေးအတန်းကို ပူဆာတဲ့အချိန်မှာ သူ့မိဘတွေက ဂေ့ဘ်စိတ်ချမ်းသာဖို့ အတန်းအပ်ပေးလိုက်ရာကနေ ကရာတေးအတန်းကို သွားတက်တဲ့အခါမှာ သူလေးငါးနှစ်သားအရွယ် ကလေးဘဝက ကစားဖော် ကစားဖက် ကောင်မလေးဖြစ်တဲ့ ရိုစ့်မယ်ရီနဲ့ ပြန်ဆုံတွေ့ရပါတော့တယ်။ အစကတော့ သူ့ထက် တစ်နှစ်ကြီးတဲ့ ရိုစ့်မယ်ရီအပေါ်ထားရှိတဲ့ ခံစားချက်က ပုံမှန်အတိုင်းဆိုပေမယ့် သူတို့နှစ်ယောက် ကရာတေးလေ့ကျင့်ဖော် လေ့ကျင့်ဖက်ဖြစ်လာပြီး ခဏခဏ တွေ့ဖြစ်တဲ့အခါမှာ သူတို့နှစ်ယောက်ရဲ့ ခံစားချက်တွေက စတင်ပေါက်ဖွား အမြစ်တွယ်လာပါတော့တယ်။ ဒါပေမဲ့ ရိုစ့်မယ်ရီရဲ့ မိဘတွေက ရိုစ့်မယ်ရီရဲ့ ဘဝအတွက် အစစအရာရာ လမ်းကြောင်းချမှတ်ထားပြီးဖြစ်ပြီး နွေရာသီစခန်းသွားရမယ် ပြီးရင် ဘော်ဒါနေရတော့မယ်ဆိုတဲ့အချိန်မှာ သူတို့နှစ်ယောက်ကြားမှာ ဖြစ်တည်လာတဲ့ ခံစားချက်ကို အချင်းချင်းသိအောင် ဖွင့်ပြောနိုင်ပါ့မလား၊ သူတို့ နီးစပ်သွားကြမှာလား ဝေးကွားသွားကြမှာလားဆိုပြီး မသေချာ မရေရာ ငယ်ရွယ်လှတဲ့ ဆယ်ကျော်သက်အချစ်လေးကို ပြန်လည်ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(918 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Act Molemy

0 2005
Little Manhattan
Handling the Undead

နော်ဝေအမျိုးသမီးလူငယ်ဒါရိုက်တာ Thea Hvistendahlရဲ့ လက်ရာကောင်းအဖြစ် သတ်မှတ်ခံရတဲ့ နော်ဝေဟော်ရာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အော့စလိုမြို့ထဲမှာ ဘာအကြောင်းအရင်းမှ ရေရေရာရာမှမရှိဘဲ လျှပ်စစ်မီးတွေ မှိတ်တုတ် မှိတ်တုတ်ဖြစ်ပြီး ငှက်တွေအုပ်လိုက်ကြီး ဆူညံစွာနဲ့ ဦးတည်ရာမဲ့ ပျံသန်းနေကြတယ်။ နောက်ရက်မှာပဲ မိသားစုသုံးခုစီက သေဆုံးသွားပြီးသား ချစ်ခင်ရသူတွေတစ်ယောက်စီ ထူးဆန်းစွာနဲ့ ပြန်လည်နိုးထလာခဲ့ကြတယ်။ ဘာကြောင့် သူတို့တွေ ပြန်နိုးထလာခဲ့ကြတာလဲ။ ပုံမှန်လူသားအတိုင်း သူတို့ရှင်သန်မှာလားဆိုတာ ကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2024
Handling the Undead
Pushing Hands
7.2

Pushing Hands ( 1991 ) ====================== Pushing Handsဟာ အန်းလီရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်သလို “Father Knows Best” trilogyထဲက ပထမဆုံးကားလည်းဟုတ်တယ်။ ဒီtrilogyက ရိုးရာမပျက်သေးတဲ့ မျိုးဆက်က အဖေတွေရယ် ပြောင်းလဲတဲ့ကမ္ဘာကြီးက ကလေးတွေရယ်ကြားက ပဋိပက္ခတွေကို ပြထားတဲ့ရုပ်ရှင်တွေပေါ့။ ဒီtrilogyမှာ ဒီကားအပြင် The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994)လည်း ပါတယ်။ ဒီသုံးကားလုံးဟာ မတူတဲ့ဇာတ်တွေပေမဲ့ သူတို့အဖေနေရာက သရုပ်ဆောင်တဲ့ သူကတော့ ထိုင်ဝမ်မင်းသားကြီး Sihung Lungတစ်ယောက်တည်းပဲ။ အန်းလီဟာ ဒုတိယ ထိုင်ဝမ်နယူးဝေ့ရဲ့ ထင်ရှားတဲ့ ဒါရိုက်တာတွေထဲ ပါနေတာလည်း ဒီသုံးကားကြောင့်ပဲလို့ ပြောရမယ်။ ဒီသုံးကားနောက်ပိုင်းမှာ အန်းလီဟာ ဟောလိဝုဒ်မှာပဲ ရုပ်ရှင်အရိုက်များခဲ့တယ်။ ပြောရရင် နောက်ပိုင်း Crouching Tiger, Hidden Dragonတို့ Lust, Cautionတို့လို ကားမျိုးတွေကို သူပြန်ရိုက်ခဲ့သေးပေမဲ့ ဒီ Trilogyလို ထိုင်ဝမ်အရသာစစ်စစ် ပေးနိုင်တဲ့ ရုပ်ရှင်တွေတော့ သူအခုထိ လုံးဝထပ်မရိုက်ခဲ့ဘူး။ ဒါပေမဲ့လည်း ဒီသုံးကားဟာာ ထိုင်ဝမ်စီနီမာက အန်းလီရဲ့ နေရာတစ်နေရာကို အခုထိ မှတ်ကျောက်တင်ပေးနိုင်တုန်းပါပဲ။ တရုတ်ယဉ်ကျေးမှုကိုလည်းပြသလို အနောက်ပိုင်းယဉ်ကျေးမှုကိုလက်ခံလာပုံကိုလည်း ပြထားတဲ့ “Father Knows Best” trilogy သုံးကားဟာ သူ့နာမည်အတိုင်း ဖခင်တွေရဲ့ ဇာတ်ကြောင်းတွေဆိုလည်းဟုတ်တယ်။ အသက်၂၅နှစ်မှာ ထိုင်ဝမ်ကနေ အမေရိကန်ကိုသွားခဲ့တဲ့ အန်းလီရဲ့ အတွေ့အကြုံတွေ အမြင်တွေအပေါ် အခြေခံထားတယ်ဆိုလည်းဟုတ်တယ်။ သူ့လိုလူတွေအကြောင်းဆိုလည်း ဟုတ်တယ်။ ဇာတ်ကတော့ အမေရိကမှာ အလုပ်လုပ်ရင်း အမေရိကန်သူနဲ့ အိမ်ထောင်ကျနေတဲ့ သားဖြစ်သူဆီ သွားနေတဲ့ ထိုက်ကျိသိုင်းဆရာတရုတ်အဘိုးကြီးတစ်ယောက်နဲ့ မိန်းမနဲ့အဖေရဲ့ ပဋိပက္ခတွေကြား ဗျာများရတဲ့ သားတစ်ယောက်အကြောင်းပဲ။ အဘိုးကြီးက အမေရိကကို လာနေတာ တစ်လပဲရှိသေးပေမဲ့ ဘာသာစကားလည်းမတူတော့ စကားလည်းပြောမရသလို ယဉ်ကျေးမှုမတူတော့ တစ်ယောက်လုပ်ရပ်တွေဟာ တစ်ယောက်အမြင်မှာ ထောင့်မကျိုးဖြစ်နေတော့ သူ့ချွေးမနဲ့ သူက မတည့်အတူနေဆိုသလိုဖြစ်နေတယ်။ အိမ်ကလည်း ကျဉ်းတော့ သူ့ချွေးမရဲ့အလုပ်ခန်းထဲ သူဝင်နေရတော့ အခြေအနေက ပိုဆိုးသွားတယ်။ သူ့မြေးကို သူချစ်သလို သူ့အမေကလည်း သူ့သားကိုချစ်တော့ နှစ်ယောက်ရဲ့ မတူညီတဲ့ပျိုးထောင်ချင်ပုံတွေကလည်း ပြဿနာဖြစ်လာတယ်။ ဒီလိုနဲ့ ပြဿနာက တစ်စတစ်စကြီးလာတဲ့အခါ သားဖြစ်သူက ဘယ်ဘက်ကိုရွေးပြီး ဘာတွေဆက်လုပ်မလဲ။ အဖိုးကြီးကပဲ အလျှော့ပေးမလား ချွေးမကပဲ အလျှော့ပေးမလား ကြည့်ရမယ့်ဇာတ်ပါပဲ။ ဇာတ်ကတော့ ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကြုံနေမြင်နေရတာတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတဲ့ဇာတ်ဆိုတော့ ကြည့်ရတာအရသာရှိသလို အဖိုးကြီးရဲ့ ထိုက်ကျိသိုင်းတစ်ဖက်ကမ်းခတ်ကျွမ်းခြင်းကလည်း ဒီဇာတ်လမ်းရဲ့ အဆင်တန်ဆာတစ်ခုအဖြစ် ပိုကြည့်လှစေခဲ့တယ်။ Pushing Hands ( 1991 )ဟာ နေ့သစ်တွေမှာ နေ့ဟောင်းတွေကို မမေ့ဖို့ အကြောင်းလို့ ပြောလည်းရမယ် ထင်တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(1.1GB) Quality_Blu-Ray 720p Format_mp4 Duration_0::00 Genre_Comedy, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

7.2 1991
Pushing Hands
Our School’s E.T.
6.1

Our School’s E.T. (2008) ************************ ပရိတ်သတ်ကြီးတို့ကို အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ Drama ဟာသနဲ့ အားကစားအကြောင်းလေးတွေရောပြီး ပါဝင်တဲ့ Our School’s E.T. ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် .. အဓိကသရုပ်ဆောင်အနေနဲ့ charisma ပြည့်ဝတဲ့ မင်းသားကြီး Kim Soo Ro နဲ့အတူ ပရိသတ်တို့အသည်းစွဲ မင်းသမီးလေး ဘုံဘုံ (Park Bo Young), နှုတ်ခမ်းနီမလေးတွေအကြိုက် မင်းသား Lee Min Ho, မင်းသား Baek Sung Hyun, မင်းသမီး Moon Chae Won နဲ့ မင်းသား Kim Gi Bang တို့လို့ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအကျဉ်းကတော့ ******************** ချွန်းဆောင်းဂွန်း (Kim Soo Ro) ဟာ ဂန်းနမ်မှာရှိတဲ့ အထက်တန်းကျောင်းတစ်ကျောင်းရဲ့ အားကစားဆရာတစ်ယောက်ပဲဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေအပေါ် ချစ်ခင်တဲ့အပြင် မဟုတ်တာတွေလုပ်ရင်လည်း ဆုံးမလေ့ရှိသူပါ။ တစ်ရက်မှာတော့ ချွန်းဆောင်းဂွန်း အလုပ်လုပ်နေတဲ့ကျောင်းဟာ အကြောင်းကိစ္စအမျိုးမျိုးကြောင့် အားကစားဆရာအရေအတွက်ကို လျှော့ချပြီး အင်္ဂလိပ်စာဆရာအရေအတွက်ကို တိုးမြှင့်လာတဲ့အခါမှာတော့ ချွန်းဆောင်းဂွန်းတစ်ယောက် အလုပ်ထွက်ရဖို့ဖြစ်လာပါတော့တယ်။ သို့သော်လည်း ဒီကျောင်းကထွက် ဒီကျောင်းကို ချစ်မြတ်နိုးတဲ့ ချွန်းဆောင်းဂွန်းတစ်ယောက်ဟာ အလုပ် မထွက်ရဖို့အရေး .. သူ မကျွမ်းကျင်တဲ့ အင်္ဂလိပ်စာဘာသာရပ် သင်ကြားရေးဆရာဖြစ်အောင် ဘယ်လိုကြိုးစားသွားမလဲ….. သူ့တပည့်တွေကို လမ်းမှားမရောက်အောင် ဘယ်လို ထိန်းကျောင်းပေးသွားမလဲ….. ဆရာနဲ့ တပည့်တွေကြားက သံယောဇဉ်ကြီးမားပုံကို ရသစုံလင်စွာ ထည့်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်တာမို့လို့ ကြည့်ရှုခံစားကြည့်ပါဦးနော် .. အညွှန်းကို Theint မှ ရေးသားပေးထားပါတယ်။ File size…2.28GB / 931MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Comedy, Drama, Sports Subtitle….Myanmar Subtitle (Hard Sub) Translated by Theint Encoded by AHtet

6.1 2008
Our School’s E.T.
Perfume
3.6

ဒီဇာတ်လမ်းက နယူးယောက်မြို့က မဂ္ဂဇင်းတိုက်တွေ၊ ဖက်ရှင် မော်ဒယ်တွေ၊ ဒီဇိုင်နာတွေ၊ အဝတ်အစားကုမ္ပဏီကြီးတွေအကြား ဖြစ်တတ်တဲ့ အတွင်းကျကျ ပြဿနာတွေ၊ အဆင်မပြေမှုတွေနဲ့ ပဋိပက္ခ‌တွေကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားမျိုးပါ။ ဇာတ်လမ်း ရည်ရွယ်ချက်က ကောင်းပေမဲ့ ဇာတ်လမ်းတင်ပြပုံမကောင်းလို့ Ratingတွေကတော့ အတော်လေးနည်းပါတယ်။ ဒါပေမဲ့ နယူးယောက်ရဲ့ Lifestyleတွေ၊ လူသိပ်မသိတဲ့ ဖက်ရှင်နယ်ပယ်နောက်ကွယ်က တချို့ ပြဿနာတွေ၊ ဇာတ်ရှုပ်တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကားက မြည်းစမ်းကြည့်သင့်တယ်လို့ပဲ ပြောရမှာပါ။ ဇာတ်လမ်းပိုင်းတွေ၊ သရုပ်ဆောင်ပိုင်းတွေ ကောင်းမှ ကြိုက်တတ်တဲ့သူဆိုရင်တော့ ဒီကားက သင့်ကို အားရစေမှာ မဟုတ်ပါဘူး။ File Size : 2.9 GB / 930 MB Quality : WEB-DL 1080p / 720p Running Time : 1hr 46min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Comedy • Action
3.6 2001 106 mins
Perfume
Scooby-Doo! WrestleMania Mystery
6.2

ဒီတစ်ခါမှာတော့ စမတ်ဒေါင်းကို နှစ်ခြိုက်ခဲ့ကြတဲ့ သူတွေအတွက် WWE ပါဝင်တဲ့ ပဟေဠိကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့ WWE ရဲ့ သမိုင်းဝင် လူ နဲ့ ဝက်ဝံ သတ်ပုတ်ခဲ့တဲ့ နပမ်းပွဲကနေ စပြီးမှီတည်လာတဲ့ ပဟေဠိကို တွေ့ရှိရမှာ ဖြစ်ပါတယ် ထို သမိုင်းဝင် နပမ်းပွဲအပြီး နှစ်တွေအကြာကြီး ကြာတဲ့အခါမှာတော့ WWE မြို့တော်အနီးမှာ ဝက်ဝံမိစ္ဆာအကြောင်း ကောလဟာလတွေ ထွက်လာပါတော့တယ် ဇာတ်လမ်းအစမှာ စကူးဘီ နဲ့ ရှက်ဂီဟာ စမတ်ဒေါင်းဂိမ်းကို အရူးအမူးဆော့ကြရင်း ဂိမ်းရဲ့ နောက်ဆုံး အဆင့်ထိနိုင်သွားပြီးတော့ WWE မြို့တော်ကို သွားရောက်လေ့လာဖို့ ဖိတ်ကြားခံလိုက်ရပါတော့တယ် WWE ကို အရူးအမူးဖြစ်နေကြတဲ့ စကူးဘီတို့ဟာ ကျန်တဲ့ အဖွဲ့သားတွေကို နပမ်းမြို့တော်ကို သွားနိုင်ဖို့ ပူဆာကြပါတော့တယ် ဇာတ်လမ်းထဲမှာ WWE ရဲ့ နာမည်ကျော် ဂျွန်စီးနား ကိန်းတို့ အပါအဝင် တခြားနာမည်ကြီး အများအပြားလဲ ပါဝင်တာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် ဒီလိုနဲ့ စကူးဘီတို့အဖွဲ့ နပမ်းမြို့တော် ရောက်တဲ့အခါမှာတော့ ဘယ်လို ပဟေဠိတွေ ပြသနာတွေကို ဖြေရှင်းကြဦးမလဲဆိုတာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် File Size : 1.5 GB, 883 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 24min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Nwe Hnin Thazin Encode by : Thit San Khant

6.2 2014 84 mins
Scooby-Doo! WrestleMania Mystery
New World
7.5

New World (2013) ******************* IMDb….7.5 ပိတ်ရက်မှာ ကြည့်ဖို့အတွက် Lee Jung-Jae ,Choi Min-Sik ,Hwang Jung-Min, Park Sung-Woong , Song Ji-Hyo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းရုပ်ရှင်ဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – အမျိုးသားရဲတပ်ဖွဲ့မှ ဌာနမှူးဖြစ်သူ ဂန်ဟျောင်းချော (Choi Min-Sik) က အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Goldmoon ကို လျှို့ဝှက်စုံစမ်းဖို့အတွက် ရဲဝန်ထမ်းသစ်လေးဖြစ်တဲ့ အီဂျာဆောင်း (Lee Jung-Jae) ကို Goldmoon လုပ်ငန်းစုထဲ သူလျှိုအဖြစ် သွင်းခဲ့ပါတယ်။ Goldmoon ဥက္ကဌကိုသာ ဖမ်းထည့်နိုင်ခဲ့မယ်ဆိုရင် ဂျာ‌ဆောင်းကို ပြည်ပမှာ တာဝန်သွားရောက်‌ ထမ်းဆောင်ဖို့ စေလွှတ်ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပေါ့။ ၈ နှစ်အကြာမှာတော့ ဂျာဆောင်းက Goldmoon လုပ်ငန်းစုရဲ့ နံပါတ် ၂ အာဏာရှိသူ ဂျောင်ချောင်း (Hwang Jung-Min) ရဲ့ ညာလက်ရုံးဖြစ်လို့နေခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ Goldmoon ရဲ့ အကြီးဆုံးအာဏာရှိသူ ဥက္ကဌ ဆော့ချူဒုံကလည်း ရုတ်တရက် ကားတိုက်မှုနဲ့ ဆုံးပါးသွားတာဖြစ်လို့ Goldmoon လုပ်ငန်းစုတွင်းက ဂျောင်ချောင်းနဲ့ သူ့ရဲ့ပြိုင်ဘက် အီဂျွန်ဂူ (Park Sung-Woong) တို့ကြားဆက်ခံသူနေရာအတွက် အပြိုင်အဆိုင်ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း အီဂျာဆောင်းက Goldmoon ဥက္ကဌ ဆုံးပါးသွားပြီဖြစ်လို့ သူလျှိုအဖြစ်ကနေ ရပ်လိုက်ဖို့ ဆန္ဒရှိလာပါတယ်။ ဒါပေမဲ့ ဌာနမှူးဂန်က Goldmoon ဥက္ကဌ‌နေရာ ဆက်ခံသူကို ရွေးချယ်မှုမှာ ဝင်ရောက်စွက်ဖက်မဲ့ “ကမ္ဘာသစ်” စစ်ဆင်ရေးအတွက် ဂျာဆောင်းကို လိုအပ်သေးတာဖြစ်လို့ လက်မခံခဲ့ပါဘူး။ ဂျာဆောင်းတစ်ယောက် စစ်ဆင်ရေးအောင်မြင်ဖို့ တစ်ခုပဲ ခေါင်းထဲရှိတဲ့ ဌာနမှူးဂန်နဲ့ အစ်ကိုရင်းတစ်ယောက်နဲ့ မခြားတဲ့ ဂျောင်ချောင်းတို့ကြား ဘက်ရွေးချယ်ရခက်လာတဲ့အခါမှာတော့… ဂျာဆောင်းက သူလျှိုဆိုတဲ့ သရုပ်မှန်ကို အဆုံးအထိ ပိပိရိရိ ဖုံးကွယ်ထားနိုင်ပြီး စစ်ဆင်ရေး အောင်မြင်သွားမလား။ Goldmoon လုပ်ငန်းစု ဥက္ကဌနေရာကိုရော ဘယ်သူရသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက် စောင့်ကြည့်ပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Wai Oo ပဲဖြစ်ပါတယ်…) File Size : 1.79GB/ 890MB Quality : Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff

Thriller • Drama • Crime
7.5 2013 134 mins
New World