YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM)Limitless.2011.UNRATED.1080p.BluRay.5.1CH.mp4

2 GB N/A video/mp4 8853 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ

Proof of Payment (2023) ********************** လီဖာဟာ ငယ်ငယ်လေးကတည်းက သူငယ်ချင်းဖြစ်သူ "နံနက်စာ"နဲ့ အတူ လိမ်စားရိုက်စားလုပ်ရင်း ငွေရှာခဲ့သူပါ။ သူတို့က မခိုးဘူး မလုဘူး၊ လိမ်စားတာကိုပဲဆရာကျကျလုပ်တယ်၊ အကြံအစည်မှာဆို လီဖာ၊ သရုပ်ဆောင်မှာဆို "နံနက်စာ"ပေါ့ဗျာ။ လူလိမ်ဆိုပေမယ့် အပြစ်မဲ့တဲ့သူတွေကို ရိုက်စားမလုပ်ဘူး၊ လောဘအတောမသတ််နိုင်တဲ့သူတွေကိုသာ လိမ်စားတဲ့ လူကောင်းသူကောင်းသူခိုးဂျပိုးလေးပေါ့။ ရတဲ့ငွေနဲ့လည်း အဘွားဖြစ်သူကိုထောက်ပံ့၊ အိမ်နီးချင်းတွေကို ထောက်ပံ့ စိတ်ထားကောင်းလေးထားသူတွေပေါ့။ ဒါပေမဲ့ ဒုစရိုက်မှုဆိုတာ အမြဲတမ်းအဆင်ပြေတယ် ဘယ်ရှိမလဲ။ ကိုယ်လုပ်လိုက်လို့ နစ်နာသွားသူတွေ၊ ကိုယ့်ကိုပြန်လက်စားချေဖို့ချောင်းနေသူတွေရှိမှာပဲ။ တစ်နေ့မှာ လိမ်စားလုပ်ရင်း အဆင်မပြေလို့ ပါတီတစ်ခုကိုသွားရင်းက လီဖာတစ်ယောက် ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားလေရော။ တကယ်အချစ်စစ်နဲ့ချစ်မိသွားတဲ့ လီဖာဟာ ဒီကောင်မလေးအတွက်နဲ့ လိမ်စားဘဝ၊ ဒုစရိုက်ဘဝက ရုန်းထွက်ဖို့ကြံပါတော့တယ်။ လီဖာတစ်ယောက် လိမ်စားဘဝက လွတ်မြောက်နိုင်မလား ဘယ်လိုလှည့်ကွက်တွေလာဦးမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလို့ရပါပြီဗျ။ File Size :(1.6GB)& (756MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:32:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Comedy
0 2023
Proof of Payment
A Merry Christmas Wish
6.8

IMDb Rating -  6.2/10 ၁၂လပိုင်း Christmasကာလလေးမှာ Christmasကားတွေပဲ အများဆုံးသရုပ်ဆောင်လေ့ရှိတဲ့ Jill Wagnerရဲ့ ရုပ်ရှင်ကားသစ်လေး လာပါပြီ။ နယူးယောခ့်မြို့ Brand​တွေကို ကြောငြာပေးရတဲ့ ဂျင်းနီဆိုတဲ့ ကောင်မလေးကChristmasကာလမှာ သူ့ဦးလေး ရန်ဒန်ဆုံး သွားလို့နယ်ဘက်ကို ခေတ္တသွားဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ရက်အနည်းငယ်ပဲသွားဖို့စီစဥ်ထားတဲ့ခရီးက ဒီထက်ပိုပြီးကြာ သွားဖို့ ဖြစ်ခဲ့ပါတယ်။ သူကြာသွားရတဲ့အကြောင်းရင်းက ဘာ ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာမြင်တွေ့ရမှာဖြစ်ပြီး၊ ပေါ့ပေါ့ ပါးပါးလေးကြည့်ရှု့ရမှာဖြစ်ပါတယ်။ နွေးနွေးထွေးထွေးကြင်ကြင်နာနာရုပ်ရှင်လေးမို့လို့ ရည်းစားလေး နဲ့ဖြစ်ဖြစ်၊ မိသားစုလေးနဲ့ဖြစ်ဖြစ် အတူတူကြည့်ဖို့တိုက်တွန်းလိုက် ပါတယ်။ Marry Christmas and Happy New Yearပါ။ God Bless you all. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Minn Khant Kyi Win ဖြစ်ပါတယ်) File Size..........(1.57 GB) / (639 MB) / (378 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Romance Translator.......Minn Khant Kyi Win Encoder...........SWM

Drama • Romance
6.8 2022 85 mins
A Merry Christmas Wish
My Father's Dragon
7.4

IMDb Rating - 7.0/10 Netflix က အသစ်ဆက်ဆက်ထွက်ရှိထားတဲ့ အန်နီမေးရှင်းဇာတ်ကား ကောင်းလေးကို တင်‌ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီကားက ၁၉၄၈ တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ကို ပြန်လည်အသက်သွင်းပြီး ပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အပြင် အသံသရုပ်ဆောင်တွေအနေနဲ့ Luca(2021) ထဲက လူကာ(Jacob Tremblay) နဲ့ Stranger Things ထဲက နာမည်ကျော် ဇာတ်လိုက် ဒက်စ်တင်(Gatan Matarazzo) တို့ကလည်း အသံသရုပ်ဆောင် အနေနဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း အယ်လ်မာ ဆိုတဲ့ ဖတဆိုး သားလေးနဲ့ အမေဖြစ်သူ ဒဲလာ တို့နှစ်ယောက်က နယ်မြို့လေးတစ်မြို့မှာ စတိုးဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက် နေကြတာပေါ့။ ဒါပေမဲ့ နောက်တော့စီးပွားရေးတွေကျပြီး သားအမိနှစ်ယောက် မြို့ပေါ်ပြောင်းလာလိုက်ရတယ်။ အယ်လ်မာ မှာလည်း မြို့ပေါ်မှာ အရင်တုန်းကလို စတိုင်းဆိုင်လေးထပ်ဖွင့်ပြီး မိခင်ဖြစ်သူကို မပူမပင်မကြောင့်မကြဘဲနေစေချင်တဲ့ ရည်မှန်းချက်လေးရှိတယ်။ အဲဒါနဲ့တစ်နေ့ အမျိုးမျိုးသောအခက်အခဲတွေကြောင့် အဲလ်မာက မိခင်နဲ့စကားများပြီးအိမ်ပေါ်ကနေဆင်းသွားတယ်။ အဲမှာ စကားပြော တတ်တဲ့ကြောင်လေးတစ်ကောင်က သူ့အနားရောက်လာပြီး ကူညီပေးမယ်ပြောပြီး ကျွန်းတစ်ကျွန်းပေါ်က နဂါးတစ်ကောင်ကို သွားကယ်ခိုင်းတယ်။ အယ်လ်မာ တစ် ယောက် ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲ သူ့အိပ်မက်လေးကိုရော တကယ်ဖြစ်‌ လာအောင်လုပ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှူရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Teamမှ ဖြစ်ပါတယ်။) File Size..........(1.1 GB) / (515 MB) / (300 MB) Quality............Webrip  1080p / 720p / 480p Duration.........1Hr 39mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......CM Team Encoder..........Zin Phyo Aung

7.4 2022 104 mins
My Father's Dragon
Losing Addison
8

ဇာတ်လမ်းကို Les ကတရားခွင်မှာလူသတ်မှုနဲ့စစ်မေးခံနေရတာနဲ့အစပျိုးထားတယ်။ သူ့ရဲ့ခေါင်းကိုထိခိုက်ထားပြီး မှတ်ဉာဏ်တွေကပျောက်ဆုံးနေတယ်။ ဒါပေမဲ့ သူ့ရဲ့အမွှာညီ Addison ကပျောက်နေခဲ့ပြီး သူဘယ်လိုမှစဥ်းစားလို့မရရာကနေ တစ်စတစ်စနဲ့ မှတ်ဉာဏ်တွေ၊ သူနဲ့ သူ့အမွှာညီလေးနဲ့ကြားထဲက ချည်နှောင်ထားတဲ့ကြိုးတစ်ခုကို ဒီဇာတ်လမ်းမှာ ကောင်းကောင်းပျိုးသွားပြီး ကြည့်ရတဲ့လူကို အဆုံးမှာဘာဖြစ်မလဲ၊ အဖြေကဘာလဲသိချင်အောင် ဆွဲခေါ်သွားပါလိမ့်မယ်။ Mystery, Thriller ဆိုတဲ့ Genreကို သဘောကျသူတွေအဖို့ ဒီကားကအချိန်ပေးရကျိုးနပ်မယ့် ဇာတ်လမ်းတစ်ခုလို့ပြောနိုင်တဲ့အတွက် ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။ ထပ်ဆောင်းအနေနဲ့ ဒီဇာတ်လမ်းက 2011 မှာထုတ်ဝေထားတဲ့ နာမည်ကြီးစာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ Losing Addison ကို Adaption လုပ်ထားတဲ့ဇာတ်ကားပါ။ ထူးခြားတာက အမွှာဆိုသော်ငြားလည်း အသွင်ပြင်နဲ့အမူအကျင့်ဗီဇတွေပါကွဲပြားနေတဲ့ အက်ဒီဆန်နဲ့ လက်စ်နှစ်ယောက်က မွေးကတည်းက တူတူစားတူတူသွားနေခဲ့တဲ့အတွက် နှစ်ယောက်ကြားထဲက ထူးခြားတဲ့ Bond လေးတစ်ခုကို ဒီဇာတ်လမ်းမှာ သေချာပေါက်မြင်ကြရမယ်။ သူတို့အဖေနဲ့အမေက ခွဲခြားဆက်ဆံခဲ့ပေမဲ့ လောင်းရိပ်လွတ်သွားချိန်မှာလည်း အမုန်းမပွား ဆက်ချစ်နေကြတဲ့ ညီအကိုနှစ်ယောက်သံယောဇဥ်ဟာ ခွဲမရအောင်ခိုင်မြဲနေကြောင်း သိသိသာသာတွေ့ကြရမယ်ပေါ့။ အဲဒီကနေ ဘယ်လိုဖြစ်ပြီးဒီလိုဖြစ်သွားလဲ၊ အက်ဒီဆန်ကကော ဘယ်ပျောက်သွားလဲ၊ မှတ်ဉာဏ်တွေအကုန်ပေါ်လာပြီး အဖြစ်မှန်ကိုသိသွားမလား ဆိုတာတွေကို စူးစမ်းချင်စိတ်ဖြစ်လာအောင်လုပ်ပြီး ထိုင်ရာကမထချင်အောင် ခေါ်သွားနိုင်မယ့်ဇာတ်ကားကောင်းတစ်ကားမို့ အချိန်မဆွဲပဲကြည့်ကြဖို့ ထပ်မံတိုက်တွန်းပါရစေခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Tissue မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 705MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Tissue Encoded by Y

Action • Science Fiction
8 2022 90 mins
Losing Addison
Mortal Engines
6.2

Mortal engines ဗြိတိသျှစာရေးဆရာ ဖီးလစ်ရိဖ့်ရဲ့ "Mortal engines"ကမ္ဘာသစ်ကနေ ကြိုဆိုပါတယ် "Mortal engines"ဆိုတဲ့ စာအုပ်ဟာ ၂၀၀၁ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး အောင်မြင်ခဲ့တဲ့အတွက် ၄အုပ်တိတိ ထွက်ရှိခဲ့ပါတယ် ပထမဆုံးအနေနဲ့ ၂၀၁၈ခုနှစ်မှာ စာအုပ်ကို အခြေခံပြီး ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့တာပါ ဒီဇာတ်လမ်းကို ဆန်းသစ်တဲ့အတွေးအခေါ် အိုင်ဒီယာတွေနဲ့ ဇာတ်အိမ်ဖွဲ့စည်းတည်ဆောက်ထားပြီး ကမ္ဘာပျက်သွားပြီးတဲ့နောက် လူတွေရဲ့ နေထိုင်ရှင်သန်မှုတွေကို အတွေးစိတ်ကူးကောင်းကောင်းနဲ့ ပရိသတ်ကို တင်ပြထားပါတယ် ၂၁ရာစုကို သိပ္ပံပညာရပ်အထွန်းကားဆုံး ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး အချိန်ကာလအဖြစ် ညွှန်းဆိုထားခဲ့ပြီး အဆုံးစွန်ထိစွမ်းအားကြီးတဲ့ အဖျက်လက်နက်များကို တီထွင်နိုင်ခဲ့ပြီးတဲ့အခါမှာတော့ မိနစ်၆၀ အတွင်းမှာတင် ကမ္ဘာကြီးဟာ အစိတ်အမွှာမွှာဖြစ်သွားခဲ့ရပါတယ် ဇာတ်ကားထဲက အချိန်ကာလမှာတော့ ၂၁ရာစုကလူတွေကို ရှေးဟောင်းလူသားတွေလို့ ပြောဆိုသုံးနှုန်းကြပြီး ပေါင်မုန့်မီးကင်စက်လေးတစ်လုံးဟာ ပြတိုက်ထဲမှာ အမြတ်တနိုး ထားရမယ့် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်လို့နေပါတယ် မိနစ် ၆၀စစ်ပွဲကြောင့်သာ ကမ္ဘာကြီးဒီလိုဖြစ်ပျက်နေတယ်လို့ နားလည်ကြပြီး ၂၁ရာစု(ရှေးခေတ်)နည်းပညာတွေကို အာသာငမ်းငမ်းပြန်လည်လိုချင်နေကြတဲ့ လူသားတွေအဖြစ် သရုပ်ဖော်ထားပါတယ် ပရိသတ်အခိုင်အမာရရှိထားတဲ့ ရုံတင်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဒီကားကို အထူးညွှန်းဆိုစရာမလိုအပ်ဘူးလို့ ထင်ပါတယ်... File Size : (2 GB) , ( 1 GB), ( 444 MB) Quality : BluRay 1080p 5.1 CH , BluRay 720p , BluRay 480p Running Time :2hr 08 min Format : Mp4 Genre : Action , Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Mg King & Aye Mon Kyaw Encoded by Moe Myint Lwin

Comedy
6.2 2018 129 mins
Mortal Engines
Chang Can Dunk
6.4

Chang Can Dunk (2023) ~ IMDb – 6.4/10, Rotten Tomatoes – 95% ~ 2023 ဒီလထဲမှာမှ လတ်လတ်ဆတ်ဆတ် Disney+ က​နေထွက်ထားတဲ့ အားကစား လူငယ်ဒရာမာကား​လေးနဲ့မိတ်ဆက်​​ပေးလိုက်ပါတယ်။ ၁၆ နှစ်အရွယ် အရပ် ၅​ပေ ၈လက်မ အာရှလူမျိုး ချန်း။ အာရှမိသားစုက ဆင်းသက်လာသူပီပီ အိမ်ကအ​မေက စာကိုပဲတစ်စိုက်မတ်မတ်လုပ် ပညာ​ရေးဘက်ကို အားသန်​နေ​သော်လည်း မိမိကိုယ်တိုင်က ဘက်စကက်​ဘောအားကစားကိုရူးသွပ်​နေတဲ့ ချန်းတစ်​ယောက်… အရပ် ၅​ပေ ၈လက်မဆိုတာ ဘက်စကက်​​ဘောအားကစားအတွက် ​သိပ်​ဘောင်မဝင်တာ​ကြောင့် မတ်ရဲ့ အနိုင်ကျင့်မှု​တွေ နှိမ်တာ​တွေကို ခံ​​နေရတဲ့ချန်း… တစ်​နေ့ ​ကျောင်းသူအသစ် ခရစ်စတီ ​ကျောင်းကို​ရောက်လာ​တော့ ချန်းနဲ့ မတ် အပြန်အလှန် ပိုးပန်းရင်း မခံချင်စိတ်နဲ့ ဘက်စကက်​ဘောအားကစားနည်းမှာ အခက်ခဲဆုံးနည်းတစ်ခုဖြစ်တဲ့ ခုန်သွင်းနည်း(Dunk) ကို လုပ်နိုင်မလုပ်နိုင် မတ်နဲ့​လောင်းလိုက်မိတဲ့အခါ… မတ်နဲ့ စိန်​ခေါ်ထားတာကို လုပ်နိုင်ဖို့ နည်းပြရှာရင်း ယူကျူ့​​ပေါ်က ဒီရွန်းဒ​ရေးနဲ့​တွေ့တဲ့အခါ ဘယ်လို သ​ဘောတူညီမှု​တွေလုပ်လဲ… ဘယ်လိုကြိုးစားခဲ့ရလဲ… ​နောက်ဆုံး တကယ် လုပ်နိုင်သွားလား ဘာ​တွေဆက်ဖြစ်မလဲဆိုတာကို လူငယ်ဆန်ဆန် ​ပေါ့​ပေါ့ပါးပါး​လေးကြည့်ရမယ့်ကား​လေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 950MB Quality – 1080p, 720p IMDb Rating – 6.410 Format – mp4 Duration – 1H 49Min Genre – Drama, Family, Sport Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama
6.4 2023
Chang Can Dunk
Making It Up [Maquillame Otra Vez]
4.7

Making It Up [Maquillame Otra Vez] (2023) ============================== အန်နာဆိုတဲ့ မိတ်ကပ်ပညာရှင်မလေးက အဲလက်စ်လို့ခေါ်တဲ့ သူငယ်ချင်းဖြစ်သူနဲ့ လုပ်ငန်း အတူတူအောင်မြင်ရာကနေ အဲလက်စ်ရဲ့ တလွဲလုပ်မှုတွေကြောင့် ဘဝပျက်ခဲ့ရပါတယ်။ အဲဒီမှာပဲ တခြားသူငယ်ချင်းဖြစ်တဲ့ ရီတာ့ဆီ သွားနေပြီး နောက် ထပ် ဆိုနီယာဆိုတဲ့တစ်ယောက်နဲ့ မိတ်ကပ်ပညာရှင် ၃ ယောက် သား မွဲတေပြီး ဘဝကို ကြိုးစားဖြတ်သန်းနေခဲ့ရပါတယ်။ ဒီမှာတင် အရင်တုန်းက အန်နာ့ကို ဒုက္ခပေးတဲ့ အဲလက်စ်က မင်္ဂလာ ဆောင်ပွဲတစ်ခုကို မိတ်ကပ်လိမ်းပေးဖို့ ပြန်လည် ဆက်သွယ်ခဲ့ ရာမှာ အန်နာက သူ့ဆီ ပြန်မသွားချင်ပေမဲ့ ရီတာတို့က ဘိုင်ပြတ် နေကြတာကြောင့် လိမ်းဖို့ လက်ခံလိုက်ပြီး အဲလက်စ်ရဲ့ အမွှေအ နှောက်တွေအောက် ဘယ်လို ပြဿနာတက်ကြရမလဲ ကြည့်ရမှာ ဖြစ်ပါတယ်။ စပိန်စကားပြော မက်ဆီကို ရုပ်ရှင် ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.39 GB) / (568 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 21Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Thura Aung Encoder……….SWM

Horror • Action • Thriller
4.7 2023 81 mins
Making It Up [Maquillame Otra Vez]
Ronnie O’Sullivan: The Edge of Everything
7.8

Ronnie O’Sullivan: The Edge of Everything (2023) ~ IMDb rating – 7.8/10 ~ ရွန်နီ အို ဆာလီဗန် သို့မဟုတ် စနူကာတျာချင်းတို့ရဲ့ ပဉ္စလက်ရှင် သက္ကလတ်ခင်း စစ်မြေပြင်မှာ ကျူတံဝင့်ပြီး တိုက်ပွဲဝင်ခဲ့သူတွေထဲ “ရွန်နီ အို ဆာလီဗန်“ ဆိုတဲ့ နာမည်တစ်လုံးက အတောက်ပဆုံးဖြစ်တယ်။ ရွန်နီဟာ စနူကာရဲ့ နပိုလီယံ၊ စနူကာရဲ့ ဘီသိုဗင်၊ စနူကာရဲ့ ဒါဗင်ချီ၊ စနူကာရဲ့ စနူကာပဲ။ ကျူတံနဲ့ မှော်ဝင်သံစဉ်တွေဖန်ဆင်းကြတဲ့အခါမှာ ရွန်နီရဲ့တေးသွားတွေက သိပ်ကိုအရသာရှိလွန်းတယ်။ ထိုးချက်တိုင်းမှာ ဘုရားသခင်တန်ခိုးတော်နဲ့ လမ်းကြောင်းပေးတယ်လို့ထင်ရလောက်အောင် သိမ်မွေ့တိကျလွန်းတယ်။ သူကိုယ်တိုင်တော့ အကြီးကျယ်ဆုံးအဖြစ် မခံယူထားပေမဲ့ စနူကာတလောကလုံးက ရွန်နီကို သမိုင်းတလျှောက် အကြီးကျယ်ဆုံး ကစားသမားအဖြစ် လက်ခံထားကြပါတယ်။ ဒါကတော့ ဒီလိုဆာလီဗန်ရဲ့ ဘဝကို ခြေရာကောက်ထားတဲ့ ဒိုကူမန်ထရီတစ်ခုပါ။ နောက်ဆုံးမှာသူပြောသလိုပေါ့။ သူ့ရဲ့ ဖြတ်သန်းမှုတွေကို ဗီဒီယိုမှတ်တမ်းစစ်စစ်နဲ့ ကြည့်ခွင့်ရတာ ကျွန်တော်တို့ သိပ်ကံကောင်းပါတယ်။ ကမ္ဘာ့ချန်ပီယံရှစ်မှာ အသက်အငယ်ဆုံးဆုရှင်အဖြစ် အသက် ၁၇ နှစ်အရွယ်ကစပြီးပြေးလိုက်တဲ့ ဒီပြိုင်မြင်းဟာ ကမ္ဘာ့ချန်ပီယံဆု ၇ ကြိမ်၊ အင်္ဂလန်ချန်ပီယံဆု ၈ ကြိမ်၊ မာစတာဆု ၇ ကြိမ် နဲ့ အဆင့်မြင့်ဆုဖလားပေါင်း ၄၀ လုံးရရှိထားတယ်။ ကမ္ဘာ့နံပါတ်တစ် ကစားသမားအဖြစ် ရပ်တည်နေခဲ့တာလည်း ၃၆၆ ပတ်ရှိပါပြီ။ အင်တာနက်မှာ စနူကာလို့ ရှာလိုက်တာနဲ့ စနူကာနဲ့အတူ ရွန်နီရဲ့နာမည်ကို ဖော်ပြပါလိမ့်မယ်။ သူ့ကစားသမားဘဝသက်တမ်း အနှစ် ၃၀ မှာ ချိုးခဲ့ဖူးတဲ့စံချိန်တွေလည်း မနည်းမနောပါပဲ။ သူ့ရဲ့နာမည်ပြောင် ဒုံးပျံကြီး ဆိုတဲ့အတိုင်း အမြန်နှုန်းနဲ့ပတ်သက်ရင် သူတင်ထားတဲ့စံချိန်တွေမှ မနည်းမနောပဲ။ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝ ပထဆုံးရာသီမှာတင် ၉ကျော့ပွဲကို ၄၃ မိနစ်နဲ့ အနိုင်ထိုးပြီး ဒုံးပျံဆိုတဲ့နာမည်ပြောင်ကိုရခဲ့တယ်။ ဒါက ဘာလို့အထင်ကြီးစရာကောင်းသလဲဆိုရင် ပျှမ်းမျှအားဖြင့် ၉ကျော့ပွဲတွေက ၂ နာရီ ကနေ ၃ နာရီအထိ ကြာတတ်လို့ပါပဲ။ အဲဒါတင်မကသေးပါဘူး။ ရွန်နီက Maximum Break တွေကို သိပ်ကြိုက်တဲ့သူပါ။ အနီ ၁၅ လုံး အမည်း ၁၅ လုံး နဲ့ တခြားအရောင် ၆ မျိုးစလုံး အပြည့်ထိုးမှရတဲ့ ၁၄၇ မှတ်စာ Maximum Break ကို ၁၅ ကြိမ် နဲ့ အများဆုံး စံချိန်တင်ထားပြီး Maximum Break အတွက် အမြန်ဆုံးစံချိန်ကိုလည်း ၅မိနစ် ၈ စက္ကန့်နဲ့ တင်ထားပါသေးတယ်။ ဆာလီဗန်ရဲ့ ကစားပုံတွေကိုကြည့်ရင် ပန်းချီဆရာတယောက် လက်စွမ်းပြနေရတာကို ဘေးကထိုင်ကြည့်နေသလိုပဲခံစားရလိမ့်တယ်။ ပန်းချီဆရာက သူ့ရဲ့အတွေးတွေကို စိတ်တိုင်းချဖြန့်ကျက်ခွင့်ပေးပြီး စိတ်လိုလက်ရ ဆေးခြယ်နေသလို ဆာလီဗန်ရဲ့ ကျူတံကိုင်ရင်း တစ်လုံးပြီးတစ်လုံး အတိမ်းအစောင်းမရှိ တည်ထိုးနေတာတွေကိုမြင်ရတာက ကြည့်ကောင်းသလောက် မယုံနိုင်စရာလည်းကောင်းလွန်းတယ်။ စနူကာဆိုတာ ပန်းချီမဟုတ်ဘူး။ စိတ်တိုင်းကျ စိတ်ကိုလွတ်လပ်ခွင့်ပေးပြီး ကြုံသလိုထိုးရတာမျိုးမဟုတ်ဘူး။ ၁ မီလီမီတာ လောက်အတိမ်းအစောင်းက ဖလားကိုပါ ရင်းလိုက်ရနိုင်တဲ့အထိ ဖိအားများတယ်။ ဒီလိုနယ်ပယ်မှာ ဝုန်းဒိုင်းနဲ့ စဉ်းစားချိန်မယူသလောက်တွေးပြီးထိုးနေတဲ့ ဆာလီဗန်ရဲ့ခေါင်းထဲ ဘာတွေရှိနေမလဲ ရိုးရိုးလေးသိချင်မိမှာပါ။ သူကတော့ သူ့ကိုယ်သူ အတိမ်းအစောင်းမခံနိုင်တဲ့လူ Perfectionist လို့ပြောတယ်။ အဲဒီစိတ်ကြောင့်လည်း သူထမ်းပိုးခဲ့ရတဲ့ ဝန်ထုပ်တွေ သိပ်များလွန်းခဲ့တယ်။ မိသားစုအရေးမှာလည်း သူအချစ်ရဆုံး အနီးကပ်ဆုံးဖြစ်ခဲ့တဲ့ သူ့အဖေက သူ့အသက် ၁၆ နှစ်မှာပဲ ထောင်ကျသွားခဲ့တယ်။ သူ စနူကာထပ်မထိုးတော့ဘူးလို့ သူ့အဖေကတောင် ထင်ခဲ့တာပေါ့။ ဒါပေမဲ့ ရွန်နီက သူလုပ်စရာရှိတာကိုဆက်လုပ်တယ်။ သူ့ရဲ့အောင်ပွဲတွေကို သူ့အဖေနာမည်နဲ့ရည်စူးတယ်။ “အဖေ ကျွန်တော်လုပ်နိုင်ခဲ့ပြီ…” ပြဿနာပေါင်းသောင်းခြောက်ထောင်ရင်ဆိုင်လာတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် မူးယစ်ဆေးနဲ့ အရက် ကို လွန်လွန်ကျွံကျွံ စားသုံးခဲ့တယ်။ အဲဒါကြောင့် ပြိုင်ပွဲက ရပ်နားခံရပြီး ဆုဖလားတစ်ခုလည်းသိမ်းယူခံခဲ့ရတယ်။ ဒါပေမဲ့ ဘုရင်ဖြစ်ဖို့ ဇာတာပါတဲ့လူအတွက် ပြန်လာနိုင်စွမ်းဆိုတာအမြဲရှိတဲ့အတိုင်း သူပြန်လာခဲ့တယ်။ အခမ်းနားဆုံးဆိုတဲ့ ဘွဲ့ကိုယူဖို့ သူပြန်လာခဲ့တယ်။ သူ့အတွက် သမိုင်းဝင် သတ္တမအကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ်ကို ၂၀၂၂ မှာ ပူပူနွေးနွေးပဲရယူခဲ့တယ်။ ဒါလည်း စံချိန်က ပြေးမလွတ်ပါဘူး။ အသက် ၄၆ နှစ်နဲ့ အသက်အကြီးဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်သွားတယ်။ တခြားအားကစားနယ်ပယ်တွေမှာ လူလွန်မသားလို့ခေါ်ရလောက်အောင်ကောင်းရင် စက်ရုပ်တို့ ဂြိုဟ်သား တို့ဆိုတဲ့နာမည်မျိုးပေးလေ့ရှိတယ်။ ရွန်နီရဲ့ လက်စွမ်းဟာ စကြဝဠာ လွန်ပါတယ်။ ဒါပေမဲ့ သူ့ကို စနူကာစက်ရုပ်ကြီးလို့ ဘယ်သူမှ နာမည်မတပ်ကြဘူး။ အကြောင်းအရင်းက သူ့ရဲ့ လူသားဆန်မှုကြောင့်ပဲဖြစ်လိမ့်မယ်။ ရွန်နီက သူ့ရဲ့ခံစားချက်တွေအပေါ် သိပ်ရိုးသားတဲ့လူပဲ။ သူ့စိတ်ထဲဘာတွေခံစားနေရလဲ၊ ဘာတွေတွေးနေလဲ အမြဲထုတ်ပြောတယ်။ မြိုသိပ်ထားလေ့မရှိဘူး။ သူ့ရဲ့ တမူထူးခြားတဲ့စရိုက်က တခြား စက်ရုပ်စနူကာသမားတွေထက်သာပြီး ရွန်နီအိုဆာလီဗန် ဆိုတဲ့ နာမည်တလုံး ‌ဖြစ်လာစေခဲ့တယ်။ ကမ္ဘာကျော်တွေရဲ့ ဒိုကူမန်ထရီတွေဟာ ကိုယ့်ကိုအမြင်ပွင့်စေပါတယ်။ အောင်မြင်ကျော်ကြားလွန်းတဲ့ သူတို့ရဲ့ ဘဝနေထိုင်ပုံက မျက်မြင်အရဆိုရင် ပြီးပြည့်စုံတယ်လို့ ထင်ရနိုင်ပေမဲ့ သူတို့ကိုယ်တိုင်ထုတ်ပြောလာမှ သူတို့ထမ်းပိုးထားရတဲ့ အစိုင်အခဲတွေကို မြင်ရတယ်။ ဒါကတော့ ‌ဒုံးပျံကြီး ရွန်နီအိုဆာလီဗန်ရဲ့ လျှော့ချနေဆဲ အစိုင်အခဲတွေအကြောင်းပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 915MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 53Min Genre – Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.8 2023 113 mins
Ronnie O’Sullivan: The Edge of Everything
The Prequel of Gold Convoyers 10 : A Decisive in Tianya Village
5.7

ဒါကတော့ The Prequel of Gold Convoyers ရဲ့(9)ကားမြောက်ကားပဲဖြစ်ပါတယ်။ စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဒီအပိုင်းမှာတော့ ဝမ်ကျောက်ရှင်းနဲ့ ဂူဖျင်အန်းတို့ လက်ထပ်ပြီးနောက် အေးချမ်းသာယာတဲ့ ဘဝမှာ ဝမ်ကျန့်ဝေးဆိုတဲ့ သားလေးတစ်ယောက်မွေးခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်ကျောက်ရှင်းဟာ ရုတ်တရက် နဂါးတပ်ရဲ့ အမိန့်ကိုလက်ခံရရှိခဲ့ပါတယ်။ ဖျင်အန်းရဲ့ ထောက်ခံအားပေးမှုကြောင့် ဝမ်ကျောက်ရှင်းတစ်ယောက် ယိုးလန်ဆိုတဲ့ နာမည်ပြောင်းနဲ့ နဂါးတပ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ တာဝန်ထမ်းဆောင်နေစဉ်မှာ နဂါးတပ်တစ်ခုလုံး ကျရှုံးသွားခဲ့ပြီး ဝမ်ကျောက်ရှင်းလည်း အဖမ်းခံခဲ့ရပါတယ်။ နဂါးတပ်ထဲမှာ သူလျှိုရှိနေတဲ့အတွက် နဂါးတပ်တစ်ခုလုံး ကျရှုံးခဲ့တာဖြစ်ပြီး အဲ့သူလျှိုကို ကလဲ့စားချေဖို့ ဝမ်ကျောက်ရှင်းတစ်ယောက် ကျိန်ဆိုခဲ့ပါတယ်။ ရန်သူလက်ထဲမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် အိမ်ပြန်ရောက်လာတဲ့ ဝမ်ကျောက်ရှင်းဟာ မိသားစုဝင်တွေအကုန် အသတ်ခံလိုက်ရပြီး ဖျင်အန်းကို ကိုယ်ရံတော်တပ်က ဖမ်းသွားခဲ့တာကို သိလိုက်ရပါတယ်။ တိုင်းပြည်အနှံ့ ဖမ်းမိန့်ထုတ်ခံထားရတဲ့ ဝမ်ကျောက်ရှင်းတစ်ယောက် အကူအညီရှာဖို့အတွက် ထျန်းယာရွာကို ရောက်လာခဲ့ပါတယ်။ လူအများအပြားကို လိုက်လံသတ်ဖြတ်နေတဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူ ဖြစ်မလဲ…… သူတို့လို ဖမ်းမိန့်ထုတ်ခံထားရတဲ့လူတွေကိုလက်ခံပေးထားတဲ့ ထျန်းယာရွာက ရွာသားတွေကရော ဘယ်သူတွေဖြစ်မလဲ…… အမြစ်ပြတ်ရှင်းလင်းနိုင်ပါ့မလား.ဆိုတာကို ရုပ်ရှင်ထဲမှာ အဖြေရှာလိုက်ရအောင်နော်။

Drama • Music
5.7 2010
The Prequel of Gold Convoyers 10 : A Decisive in Tianya Village
A Difficult Year
6.2

အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ အဲလ်ဘတ်နဲ့ဘရူနိုဆိုတဲ့ ကလိမ်ကျတတ်တဲ့လူလိမ်နှစ်ယောက်ဟာ အမှတ်မထင်တွေ့ဆုံမိရာကနေခင်မင်သွားခဲ့ပါတယ် သူတို့နှစ်ယောက်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ဖို့လှုံ့ဆော်တဲ့တက်ကြွလှုပ်သူများအဖွဲ့ရဲ့ ဟောပြောဆွေးနွေးပွဲမှာ မုန့်နဲ့ဘီယာတွေအခမဲ့တိုက်ကျွေးတယ်ဆိုလို့ တက်ရောက်ရာကနေ ထိုအဖွဲ့ထဲသို့ ဘုမသိဘမသိနဲ့အဖွဲ့ဝင်ဖြစ်လာပါတယ် အဲ့အဖွဲ့မှာတက်ကြွလှုပ်ရှားမှုတွေလုပ်ရင်းနဲ့ သူတို့အတွက် ကိုယ်ကျိုးစီးပွားအမြတ်ထွက်အောင်ခိုးပြီးလုပ်လေ့ရှိပါတယ် ဒါပေမဲ့ အဲလ်ဘတ်တစ်ယောက် အဲ့အဖွဲ့ရဲ့ဦးဆောင်သူ”ဗယ်လန်တိုင်း”ဆိုတဲ့ကောင်မလေးကိုချစ်မိသွားတဲ့အခါမှာ……….. ဗယ်လန်တိုင်းကရော အဲလ်ဘတ်က တက်ကြွလှုပ်ရှားမှုတွေမှာ တကယ်စိတ်ပါလို့မဟုတ်ဘဲ အကျိုးစီးပွားအတွက် ပါဝင်ခဲ့တာဆိုတာကိုသိသွားမလား…….. File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

6.2 2023
A Difficult Year
Zodiac
7.7

Zodiac (2007) IMDb Rating (7.7) / Rotten tomatoes (90%) Robert Downey Jr. ,Jake Gyllenhaal , Mark Ruffalo တို့လို တကယ့်ထိပ်တန်းမင်းသားတွေနဲ့ ဒါရိုက်တာကြီး David Fincher ရဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါပဲ။ ၁၉၆၈ လောက်မှာ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ Zodiac Sign နာမည်ခံ လူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။ ထူးခြားတာက ဒီလူသတ်သမားကို ခုချိန်ထိ ဖမ်းမမိသေးဘဲ သူဘယ်သူလဲဆိုတာကို ဒါရိုက်တာ David Fincher တို့အဖွဲ့ဟာ အချိန်ကြာမြင့်စွာသုတေသနပြုလုပ်ပြီး ဒီရုပ်ရှင်ကားကိုရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းသွားကတော့ ..အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်.. ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်… သူ့သတင်းတွေကို သတင်းစာခေါင်းကြီးပိုင်းတွေထည့်ပေးဖို့နဲ့ မထည့်ပေးရင် ထပ်ပြီးလူသတ်မှုတွေကျူးလွန်နေမယ်ဆိုတဲ့ခြိမ်းခြောက်ထားတယ်.. ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ တရားခံမပေါ်သေးတဲ့ လူသတ်မှုတွေဖြစ်နေတယ်… အဲ့ဒီအချိန်ကစပြီး ရဲတွေလည်းခြေရာခံရင်း သတင်းထောက်တွေကလည်းခြေရာခံရင်း လူသတ်သမားကလည်းလူတွေသတ်ရင်း တရားခံကို လက်ပူးလက်ကြပ်မဖမ်းနိုင်လောက်အောင် သက်သေတွေ သဲလွန်စတွေ အမှုကွင်းဆက်တွေ ပျောက်သွားရင်းနဲ့ နှစ်ပေါင်း ၃ဝကျော်ကြာတဲ့အထိ အမှုဟာ သို့လော သို့လောနဲ့ဖြစ်နေခဲ့ပါတယ်.. တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာမလို့ ပိုလို့ကြောက်စရာကောင်းပြီး ပါဝင်တဲ့မင်းသားတွေ နာမည်ကြီးသလောက် ဇာတ်လမ်းဟာလည်း အစကနေအဆုံးတိုင်အောင် ကောင်းမွန် ရှည်လျားလှပါတယ်… ၁၉၇၀ ခုနှစ်ဝန်းကျင် နည်းပညာတွေ သိပ်မဖွံ့ဖြိုးသေးခင် အမေရိက ဆန်ဖရန်စစ္စကိုမှာ ရဲတပ်ဖွဲ့ဘယ်လိုအမှုလိုက်တယ်ဆိုတာကို ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ရမှာပါ… Director’s Cut Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင်ဗားရှင်းထက် ပိုမိုရှည်လျားပြီး ၃ နာရီနီးပါး အမှုလိုက်ကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကို Zuel Khant Thwin မှတင်ဆက်ထားပါတယ်။)

7.7 2007 157 mins
Zodiac
Uncanny
6.2

Uncanny (2015) ******************* အခုခေတ်မှာ AI နည်းပညာတွေက အရမ်းအောင်မြင်နေပေမဲ့ ဒီလိုအောင်မြင်လာဖို့အတွက် ဟိုးအရင်ကတည်းကစတင်ကြိုးစားခဲ့ကြရတာပါ။ အဲ့ဒါရဲ့ရလာဒ်အနေနဲ့ဟိုးအရင်ကတည်းက AI နဲ့ပတ်သတ်တဲ့ ရုပ်ရှင်တွေလည်းအများကြီးထွက်ရှိခဲ့ပါတယ်။ AI ဆိုတာ လူလုပ်အသိဉာဏ်တုဖြစ်ပြီး အဲ့ဒီအသိဉာဏ်တုကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပြည့်စုံအောင် ပုံဖော်ဖန်တီးရတာဖြစ်တဲ့အတွက် လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ အခုတင်ဆက်ပေးမဲ့ 2015 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Uncanny ဆိုတဲ့ IMDb 6.2 ရရှိထားတဲ့ဇာတ်ကားမှာလည်း ပြည့်စုံတဲ့ AI တစ်ခုကိုဖန်တီးရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာအပြင် ဖြစ်လာနိုင်မဲ့ဘေးထွက်ဆိုးကျိုးတွေကိုပါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒေးဗစ်ခရန်ဆန်ဆိုတဲ့လူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကျောင်းတွေအများကြီးပြီး အဆင့်မြင့်ဘွဲ့တွေအများကြီးရရှိထားပြီး စက်ရုပ်နည်းပညာကို အရမ်းစိတ်ဝင်စားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလည်းကက်စတယ်လို့ခေါ်တဲ့ အလုပ်ရှင်ကြီးတစ်ယောက်က သူ့ကိုလုပ်ခိုင်းထားတဲ့လူသားနဲ့ လုံး၀ချွတ်စွတ်တူပြီးပြည့်စုံတဲ့ AI စက်ရုပ်တစ်ခုကို အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ကြိုးစားတီထွင်နေပါတော့တယ်။ သူ့လက်ရာတွေက အရမ်းပြောင်မြောက်ပြီး နာမည်ကြီးတဲ့အတွက် သတင်းထောက်တစ်ယောက်က သူ့အကြောင်းဆောင်းပါးရေးဖို့ တစ်ပတ်တာလာလေ့လာခဲ့ပါတယ်။ သူလက်ရှိတီထွင်ထားတဲ့စက်ရုပ်က ဘယ်လောက်တောင်ပြောင်မြောက်လဲဆိုရင် စစချင်းတုန်းကသတင်းထောက်ဟာ သူ့လက်ထောက်အက်ဒမ်လို့ထင်တဲ့လူကို ထွင်ထားတဲ့စက်ရုပ်ဖြစ်နေမှန်းတောင် လုံး၀မသိခဲ့ပါဘူး။ ဒီလိုနဲ့သတင်းထောက်မလေးက သူတို့အလုပ်တွေကို တစ်ပတ်တာလေ့လာရင်းနဲ့ AI စက်ရုပ်အက်ဒမ်က သတင်းထောက်မလေးအပေါ်မှာ ခံစားချက်တွေရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…1.23GB / 629MB Quality… Blu Ray 1080p/ 720p Format…mp4 Duration….1h 27m Genre ….. Sci-Fi, Horror, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by AHtet

6.2 2015 91 mins
Uncanny
Gentleman’s Agreement
7.2

Gentleman’s Agreement (1947) Rating – 7.2/10 Genre – Drama – Romance Directed by Elia Kazan Rotten Tomatoes- 82% ၁၉၅၄ခုနှစ်မှာ မြန်မာမင်းသမီးကြီး (ဒေါ်) ၀င်းမင်းသန်းပါနဲ့ တွဲသရုပ်ဆောင်ခဲ့တဲ့နာမည်ကြီးမင်းသား Gregory Peck ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ် အခု review ပေးမယ့်ကားကတော့ Gregory Peckရဲ့ Classic movie တွေထဲကတစ်ကားဖြစ်တဲ့ Gentlemans Agreement (1947 ) ကားလေးဖြစ်ပါတယ်။ ဒီ movie က Oscar Winner အဖြစ် Best Picture , Best Director , Best Actress in Supporting Role ဆိုတဲ့ ဆုသုံးဆုဆွတ်ခူးထားတဲ့ Movie လည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်း ဇာတ်လမ်းရဲ့ အဓိက Storyline ကတော့ Anti – Semitism လို့ခေါ်တဲ့ အမေရိကားက လူမျိုးခွဲခြားရေး ဂျူးမုန်းတီးရေးကို ရည်ညွှန်းပြီးရိုက်ထားတာပါ Gregory Peck က ဒီထဲမှာ ဂျာနယ်လစ် စကူလာဂရင်းအဖြစ်သရုပ်ဆောင်ထားပါတယ် ၊ သူရဲ့ မိန်းမသေပြီးကတည်းက သားလေးတစ်ယောက်နဲ့ သူ့အမေနဲ့ အတူနေတယ် ၊ တစ်နေ့မှာတော့ သူတို့နေနေတဲ့ ကယ်လီဖိုးနီးယားပြည်ကနေ နယူးယောက်ကို အသိ သတင်းစာဌာနမှာ အလုပ်ရလို့ပြောင်းလာခဲ့တယ် ။ သူ့မိတ်ဆွေ ဂျွန် မီနီဖီးက သူ့ရဲ့ စာအရေးအသားတွေကိုကြိုက်တော့ သူ့ကို အရေးကြီးတဲ့အလုပ်တာဝန်ပေးခဲ့တယ် ။ ဂျူးလူမျိုးမုန်းတီးရေး ခေါ် လူမျိုးခွဲခြားမှုအကြောင်းရေးဖို့တာဝန်ပေးလိုက်တယ် ဂျွန်က သူရဲ့ တူမလေး ကတ်သီ နဲ့လည်း စကူလာဂရင်းကိုမိတ်ဆက်ပေးခဲ့တယ်။ ကတ်သီကလည်း ကွာရှင်းထားသူတစ်ယောက်ဖြစ်ပြီး စကူလာရေးတဲ့ ဂျာနယ်တွေတော်တော်များများဖတ်ရတာကြိုက်တဲ့သူ ။ ကတ်သီက သူ့ဦးလေးကို ဂျူးတွေအကြောင်းရေးဖို့ အကြံဉာဏ်ပေးခဲ့သူဆိုလည်းဟုတ်တယ် ။ အစပိုင်းမှာတော့ စကူလာ ဂရင်းက သူဒီ ဂျူးလူမျိုးတွေအကြောင်းရေးဖို့လက်မခံချင်ခဲ့ဘူး ၊ သူက အမေရိကန် ခရစ်စယာန် တစ်ယောက်ဖြစ်တဲ့ ဂျူး‌လူမျိုးတွေနေရာကနေ ရေးဖို့ အကြံမထုတ်နိုင်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ သူက သူ့အမေနဲ့အဲ‌အကြောင်းတိုင်ပင်ရင်း အကြံတစ်ခုထွက်ခဲ့တယ် ” ကျွန်တော်ဂျူးတွေခံစားချက်သိချင်ရင် ကျွန်တော်သူတို့နေရာမှာရှိနေမှ တကယ်ဘယ်လိုခံစားချက်တွေရှိမလဲဆိုတာသိမှာ‌ ” ဆိုပြီး သူခြောက်လလောက်အထိ ဂျူးအဖြစ်နေဖို့ဆုံးဖြတ်ခဲ့ပြီး ဂျူးမုန်း‌တီးရေးတွေအကြောင်း လူမျိုးခွဲခြား‌ရေးအကြောင်းရေးဖို့လက်ခံခဲ့တယ်။ သူတို့ မိသားစုက နယူးယောက်မှာရောက်တာလည်း မကြာသေးတော့ သူတို့က ဂျူးမိသားစုလို့ပဲ လူတိုင်းကိုသိစေခဲ့ပြီး ဂျူးအဖြစ် နေခဲ့တယ် နောက်ပိုင်းမှာတော့ သူ့သူငယ်ချင်း ဂျူးတစ်ယောက်ဖြစ်တဲ့ ဒေ့ဗ်လည်း နယူးယောက်ကို ‌ရောက်လာခဲ့တယ် သူဂျူးအဖြစ်နေနေစဉ်အတွင်းမှာ သူတကယ်ခံစားလာရတဲ့ လူမျိုးရေးခွဲခြားမှုတွေ ၊ သူ့သားလေးအပေါ်ကျရောက်လာတဲ့ လူမျိုးရေး ခွဲခြားခံရမှုတွေ ၊ ဂျူးအစစ်ဖြစ်တဲ့ ‌ဒေ့ဗ် တွေ့ကြုံခံစားရ‌တဲ့ ခွဲခြားခံရမှုတွေ အများကြီးတွေ့ကြုံခဲ့ရတယ် ။ ဒါ့အပြင် ဂျူးလူမျိုးအဖြစ် နေလိုက်ခြင်းက သူနဲ့ကတ်သီရဲ့ သမီးရည်းစားဆက်ဆံရေးမှာ ဘယ်လိုထိခိုက်နစ်နာမှုတွေရှိလာမလဲ၊ ဘယ်လိုဖိအားတွေခံစားရမလဲ‌ဆိုတာကလည်း စိတ်ဝင်တစားကြည့်လို့ကောင်းတဲ့အကြောင်းအရာတွေပါပဲ။ နောက်ပိုင်းမှာ စကူလာအနေနဲ့ လူတွေလူမျိုးရေးခွဲခြားမှုမလုပ်အောင် ဘယ်လိုကြိုးစားလဲ‌ဆိုတာတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး သူနဲ့ ကတ်သီရဲ့ အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းကောင်းပါ့မလား‌ဆိုတာ မျက်‌‌တောင်မခတ်တမ်း စိတ်ဝင်တစားကြည့်ရှုနေရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ် တခြားလူမျိုးရေး ဘာသာရေးတွေအကြောင်းလည်းဗဟုသုတရရှိစေနိုင်မယ့် Movie လေးလည်းဖြစ်ပါတယ် စကူလာဂရင်းအဖြစ် Gregory Peck ကတ်သီ အဖြစ် Dorothy McGuire စကူလာ သူငယ်ချင်း ဒေ့ဗ် ဂိုမန်အဖြစ် John Garfield ရုံးက သူငယ်ချင်းဖြစ်တဲ့ အန်နီ အဖြစ် Celeste Holm တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် File size… 4.6 GB / 1.7 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Romance/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nway Nway Aung

7.2 1947 118 mins
Gentleman’s Agreement