YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

[CM]Insider.2022.S01E08.720p.WEB-DL.mp4

387.73 MB N/A video/mp4 3372 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Warhorse One
7.3

အာဖဂန်နစ္စတန်စစ်ပွဲကိုဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ war & action movie အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအစမှာတော့ စစ်ဖြစ်နေတဲ့အချိန် နိုင်ငံတွင်းမှာပိတ်မိနေတဲ့အမေရိကန်နိုင်ငံသားတွေကို ကယ်တင်ဖို့စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ် အဲဒီထဲမှာ Warhorse တပ်ဖွဲ့ကရဟတ်ယာဉ်ပျက်ကျရာကနေတပ်ဖွဲ့မှူးတစ်ယောက်ပဲအသက်ရှင်ကျန်တော့တဲ့အခြေအနေကိုရောက်သွားခဲ့ပြီး သူ့တစ်ယောက်ထဲရန်သူ့နယ်မြေမှာသွားလာရင်း တာဝန်ပေးထားတဲ့အမေရိကန်နိုင်ငံသားတွေကို‌ကယ်ထုတ်လာနိုင်ပါ့မလား၊ ရန်သူပတ်လည်ဝိုင်းနေတဲ့နေရာကနေသူတို့ဘယ်လိုလွတ်မြောက်အောင်တိုက်ထွက်ကြမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ အာဖဂန်နစ္စတန်အကြောင်းရိုက်ထားတဲ့စစ်ကားတွေထဲမှာ ဒီနှစ်မှထွက်ထားတဲ့နောက်ဆုံးပေါ်ဇာတ်ကားတစ်ကားဖြစ်လို့မလွတ်တမ်း‌ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။

Thriller
7.3 2023 120 mins
Warhorse One
The Courier
7

စစ်အေးတိုက်ပွဲကာလ စပိုင်ဖြစ်ရပ်မှန် ရုပ်ရှင်ကို ဘာသာပြန်ပေးထားပါတယ်။ မင်းသားကတော့ ကျွန်တော်တို့ အချစ်တော် ဘီတာဒင်း ကူကမ်းဘားပါ။ သူလျိုသမိုင်းတလျှောက် တန်ဖိုးအကြီးဆုံး သူလျိုနဲ့ သူ့ရဲ့ သတင်းသယ်ပို့သမားတစ်ယောက်အကြောင်းကို ပြထားတာပါပဲ။ စစ်အေးတိုက်ပွဲအတွင်းက စပိုင်ဇာတ်လမ်းတွေဟာ ရသမျိုးစုံပြီး ရိုက်လို့မကုန် ကြည့်လို့မကုန် ဖြစ်တာမို့ ဒီရုပ်ရှင်ကိုလည်း ပရိသတ်တွေ သဘောကျကြဦးမှာပါ ရုပ်ရှင်ကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ CM Admin Little Neo ဖြစ်ပါတယ် File Size : (2 GB) and (1.2 GB) Quality : 1080P, 720p Format…mp4 Duration… 1h 52min Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Thit San Khant

Crime • Sci-Fi & Fantasy
7 2020 112 mins
The Courier
Batman v Superman: Dawn of Justice
5.9

ကျွန်တော်တို့အားလုံး စောင့်စားနေတဲ့ BvS Ultimate Cutအကြည်ထွက်လာခဲ့ပါပြီ။ ဒီအကြည်မှာ မိနစ် ၃၀ စာခန့် အခန်းတွေ ပြန်ပါလာပြီ။ ဒီဇာတ်ကားကို ရုံတင်တုန်းက ကျေနပ်မှုမရခဲ့တဲ့ ပရိသတ်တွေ ရှိခဲ့သလို လူမှုကွန်ယက်တွေမှာ ဒါရိုက်တာ Zack Snyder ကို အပြစ်တင်တဲ့ စာတွေ အများအပြားထွက်လာခဲ့ဖူးပါတယ်။ ဒါပေမယ့် ခု ထွက်လာတာကို ကြည့်ပြီးနောက်မှာ အင်တာနာစာမျက်နှာ မှာ ဒါရိုက်တာကြီးကို ပြန်လည်တောင်းပန်မှုတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ ကျွန်တော်အမြင်မှာလဲ တကယ်ကို အဲဒါ မှန်ကန်တယ်ထင်တာပါပဲ။ ဇာတ်လမ်းဟာ အများကြီးပိုချိတ်ဆက်မိပြီး လေးနက်သွားပါပြီ။ ကြည့်ပြီးသားဖြစ်စေ မကြည့်ဘဲစောင့်နေသည် ဖြစ်စေ ကြည့်ဖို့ သိပ်တန်တဲ့ ကားတစ်ကား ဖြစ်လာတာပါပဲ။ ဇာတ်လမ်းအကျဉ်းမှာတော့ သူသာ စိတ်ထဲမှာ လုပ်ချင်ရင် ကမ္ဘာဂြိုလ်တစ်ခုလုံးကို ရှင်းပစ်နိုင်တဲ့ ဂြိုလ်သားကို အန္တရာယ်ကောင်လို့ မြင်နေတဲ့ လင်းနို့လူသား.... ဥပဒေရဲ့အထက်မှာ တရားစီးရင်နေတဲ့လင်းနိ့ ကို မရှိသင့်ဘူးထင်တဲ့ သံမဏိလူသားတို့ ရဲ့ ရပ်တည်ချက်ထိပ်တိုက် တင်းမာနေချိန်မှာ.... စူပါမန်းသွားလေရာမှာ သံသယဖြစ်စရာ လူသေမှုတွေ ဆက်တိုက်ပေါ်နေလို့ သဲလွန်စလိုက်ရှာနေတဲ့ သတင်းထောက်မလေး လူးဝစ်လိန်း။ စွမ်းအားအကြီးဆုံးလူမှန်ရင် လူကောင်းမဖြစ်နိုင်ဘူး -လူကောင်းစစ်စစ်ဆိုရင်စွမ်းအားမပြည့်စုံတော့ဘူး ဆိုတော့ အတွေးနဲ့ ငယ်စဉ်ကတည်းက ဖန်ဆင်းရှင်အပေါ် နာကျည်းတဲ့ စိတ်ဒဏ်ရာကို God နဲ့ ဆင်တူလာတဲ့ စူပါမန်း အပေါ်မှာ ပုံချ လိုက်တဲ့ လက်စ် လူသာတို့ရဲ့ စိတ်ဝင်စားစရာဇာတ်လမ်းနဲ့..... နောက်နှစ်မှာ လာမယ့် Justice League ရဲ့ ကြိုတင် set up လှလှလေးကို ခံစားရမှာပါ။ (ဘာသာပြန်သူကတော့ ကောင်းမြတ်သူ ဖြစ်ပါတယ်) File Size : (2.84 GB) & (1.30 GB)  Quality : EXTENDED Blu-Ray (1080p 5.1 & 720p) Running Time : 3hr 02min Format : Mkv and Mp4 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : .EXTENDED.1080p.BluRay.x264-SPARKS Translated by Kaung Myat Thu Encode by Thanhtike Zaw

Comedy • Crime • Mystery
5.9 2016 152 mins
Batman v Superman: Dawn of Justice
What to Do With the Dead Kaiju?
5

What to Do with Dead Kaiju IMDB 4.4 ၂၀၂၂ကမှ ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ နာမည်အတိုင်း ကိုင်ဂျူအသေကောင်နဲ့ တိုင်ပတ်ရတဲ့ ဂျပန်ပြည်ကြီးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကိုင်ဂျူဟာ လူက သတ်လို့ သေတာမဟုတ်ဘဲ ကောင်းကင်ပေါ်ကကျလာတဲ့ ထူးဆန်းတဲ့အလင်းတန်းကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်တိုင်းလိုလိုမှာ သေကြေပျက်စီးခြင်းကို သယ်ဆောင်လာသူအဖြစ် ပုံဖော်ခံရတဲ့ ကိုင်ဂျူတစ်ကောင် ဒီနည်းနဲ့ပဲ ဇီဝိန်ချုပ်သွားတဲ့အခါ …. ကိုင်ဂျူအလောင်းကောင်ကြီးကို ရှင်းလင်းဖို့ တာဝန်ဝတ္တရားဟာ ဂျပန်အစိုးရပေါ်ကို ကျရောက်လာပါတော့တယ်။ ဒီလိုနဲ့ ကိုင်ဂျူကို တိုက်ဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့သည်လည်း ကိုင်ဂျူမရှိတော့တဲ့နောက် ဘယ်လိုဆက်ဖြစ်သလဲ။ ထုံးစံအတိုင်း နိုင်ငံရေးသမားတွေသည်လည်း နိုင်ငံရေးသမားပီပီ ကိုင်ဂျူကို နင်းပြီး နာမည်ရရေး ဘယ်လိုယဉ်ပြိုင်လုပ်ဆောင်ကြသလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။ File Size__(2.7GB) / (1.2B) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Comedy, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5 2022
What to Do With the Dead Kaiju?
A Thousand Lines

လူတိုင်းချစ်ခင်လေးစားအားကျရတဲ့ သတင်းထောက်တစ်ဦးဖြစ်သူ Lars Bogenius က ဘာရေးရင် စာဖတ်သူတွေကို စိတ်လှုပ်ရှားစေမလဲ သေချာနားလည်ထားသူတစ်ဦးပါ သူအထက်လူကြီးတွေကလည်း အင်တာနက်ခေတ်ကြီးမှာ ပုံနိုပ်ထုတ်ဝေတဲ့သတင်းတွေ လူဖတ်များအောင် လုပ်နိုင်တဲ့ ဒီလိုအရည်အချင်းရှိသတင်းထောက်ကို သိပ်သဘောကျကြတာပေါ့ ဒီလိုအဘက်ဘက်မှာ ပြီးပြည့်စုံနေတဲ့ Lars ဟာ တစ်နေ့မှာ ဆောင်းပါးတစ်ပုဒ်ကို Juan Romero ဆိုသူ အလွတ်တန်းသတင်းထောက်တစ်ယောက်နဲ့အတူ ပူးတွဲတာဝန်ယူရေးသားရပါတယ် အဲအခါမှာတော့ မယုံနိုင်စရာကောင်းလောက်အောင် စိတ်လှုပ်ရှားစရာကောင်းတဲ့ဆောင်းပါးကို တွဲဖက်ဖြစ်သူ Juan တစ်ယောက် တကယ်ပဲ မယုံနိုင်တော့တဲ့အခါမှာတော့… ဒီဇာတ်ကားကတော့ ဂျာမနီနိုင်ငံမှာဖြစ်ခဲ့တဲ့ အကြီးမားဆုံး သတင်းတုထုတ်ဝေမှုအကြောင်း မှီငြမ်းရိုက်ကူးထားတာပဲဖြစ်ပါတယ် File size…(1.6 GB)/(900 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

0 2022
A Thousand Lines
Hosa Dinachari
8.5

Hosa Dinachari (2022) IMDb-8.5/10 မိသားစုနဲ့အတူကြည့်ရင် မိသားစုကြားမှာ နားလည်မှုတွေ ပိုမိုပေါက်ဖွား‌လာစေမယ့်ဇာတ်လမ်းလေး “Hosa Dinachari” ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အချစ်တွေ ဂရုစိုက်မှုတွေကြားကမှ ကိုယ်နားမလည်နိုင်တဲ့အခြေအနေမျိုးနဲ့ ကြုံရတဲ့အခါမျိုးမှာ အချစ်ကို လက်လွှတ်မိသွားတတ်သလိုမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နားလည်မှုတွေနဲ့ ရှေ့ဆက်သွားမယ်ဆိုရင်တော့ ချစ်သူတွေကြား အိမ်ထောင်ရှင်တွေကြား မိသားစုတွေကြားမှာ အားဆေးလေးဖြစ်စေပြီး ခံစားချက်တွေကို ခိုင်မာစေမှာပါ။ ဒီလိုဆက်ဆံရေးမျိုးလေးဖြစ်လာအောင် Hosa Dinachari က မိသားစုသုံးစုရဲ့ အတွေ့အကြုံလေးတွေကို ကြည့်ရှုခံစားလိုက်ရအောင်ပါ…. (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ Dee ~ V ~ BpL ~ Zwe ~ Cherry တို့ပဲဖြစ်ပါတယ်)

8.5 2022 114 mins
Hosa Dinachari
Captive

“Night of the living dead” ဆိုတဲ့ဇာတ်ကားကို မှီငြမ်းရိုက်ကူးထားပြီး horror ဆိုပေမဲ့ horror အရမ်းမဆန်တဲ့ပေါ့ပေါ့ပါးပါး ဗန်ပိုင်းယားဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း….. Horror ကားတွေထုံးစံအတိုင်း လူငယ်တစ်စုဟာ ပိုင်ရှင်မရှိတဲ့အိမ်ထဲခိုးဝင်ကြရာကနေ ဇာတ်လမ်းစပါတော့တယ် ပိတ်ရက်မှာ အိမ်ပိုင်ရှင်တွေခရီးသွားနေတုန်း အိမ်ထဲခိုးဝင်ပြီး‌အေးအေးဆေးဆေး ဇိမ်ခံကြမယ်လို့တွေးထားပေမဲ့ မမျှော်လင့်ပဲ မြေအောက်ခန်းထဲမှာအချုပ်ခံထားရတဲ့လူတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ် သူ့ရဲ့သရုပ်မှန်နဲ့ သူဘာလို့ဒီအိမ်မှာအချုပ်ခံထားရတာလဲဆိုတာကိုမသိ‌ပေမဲ့ သူငယ်ချင်းအုပ်စုကသူ့ကိုလွှတ်ပေးလိုက်ကြပြီး ပုံမှန်အတိုင်းပဲ သတိလက်လွှတ်ထားလိုက်ပါတော့တယ် တကယ်တမ်းအဲဒီလူက သွေးစုတ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီး သူတို့သူငယ်ချင်းတွေကို စားဖို့ချောင်းနေတာပါ ကံမကောင်းတဲ့လူငယ်လေးတွေ သွေးစုတ်ဖုတ်ကောင်စာမိသွားမလား သူတို့ဘယ်လိုထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Adventure • Drama • Documentary
0 2023
Captive
Bolt
6.8

Walt Disney Animation Studio ရဲ့ ၂၀၀၈ ခုနှစ်ထွက် Animation ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင် ပါတယ် ဘို့တ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတို့ဟာ ထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကို တစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက် ဘို့တ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကို ကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလို မဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိုးတစ်ခုထဲမှာ အချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်း အတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။ သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့ ဘို့တ်ဟာ ရိုက်ကွင်းကနေ ထွက်ပြေးပြီး သခင်ဖြစ်သူကို ကယ်တင်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။ ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘို့တ်ဟာ သူ့စူပါပါဝါတွေဟာ အစစ်အမှန်တွေလို့ ယုံကြည်နေပြီး အပြင်လောကကြီးထဲမှာ လိုက်လျောညီထွေနေနိုင်ဖို့ ခက်ခဲလာပါပြီ။ နောက်ဆုံးမှာတော့ လမ်းကြားက ကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူ ကြွက်ကလေး ရိုင်နို တို့နဲ့အတူ ပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ခွေးအစစ်ပီပီသသ မဖြစ်ဖူးသူ ခွေးလေးဘို့တ်ဟာ သူသိထားတဲ့ကမ္ဘာကြီး ပြိုလဲသွားချိန်မှာတော့ အပြင်လောကရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပုံ နဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု နဲ့ ရဲစွမ်းသတ္တိတို့ရဲ့ စွမ်းအားအစစ်တွေကို ထင်ဟပ်ပြသနိုင်တဲ့ Animation ဇာတ်ကားကောင်းလေးကို CM က ပရိသတ်များ ကြည့်ရှုနိုင်ဖို တင်ဆက်ပေးလိုက်ရပါတယ် File size… 1.74 GB / 784 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Adventure, Comedy , Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6.8 2008
Bolt
Toby
8

Toby (2023) “တုနှိုင်းမဲ့မေတ္တာ” IMDb – 8.1/10 ဟာသကားတွေမှာမြင်ရလေ့ရှိတဲ့ ရာ့ဂျ်ဘီရှက်တီကို လူမိုက်ကြီးတစ်ယောက်အနေနဲ့ တွေ့မြင်ရမဲ့ ကန်နေဒါရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရာ့ဂျ်ဘီရှက်တီဆိုတာ ခွေးလေးတစ်ကောင်အနေနဲ့ အကယ်ဒမီရသွားတဲ့ရုပ်ရှင်ထဲမှာ ဒေါက်တာနေရာက သရုပ်ဆောင်ခဲ့တဲ့သူ။ အခုဒီရုပ်ရှင်က ရုံတင်ပြသပြီးတဲ့နောက်မှာပဲ ဝေဖန်ရေးသမားတွေရဲ့ အကြိုက်တွေ့ခဲ့သလို ပရိသတ်တွေကြားမှာလည်း အတော်လေးပြောစမှတ်တွင်သွားခဲ့ပါတယ်။ တိုဘီဆိုတာ အနေအေးတဲ့လူကြီးဖြစ်နေပေမဲ့ ကျေးရွာဥက္ကဌက သူ့ရဲ့မှောင်ခိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လူသတ်စရာရှိလာရင် ရံဖန်ရံခါ ငှားရမ်းသတ်ဖြတ်ခိုင်းလေ့ရှိတဲ့ ကြေးစားလူသတ်သမားကြီးလည်း ဖြစ်နေပြန်ရော။ သမီးလေးတစ်ယောက်ရှိပြီး ပတ်ဝန်းကျင်ကြမ်းတော့ စရိုက်ခပ်ကြမ်းကြမ်းနဲ့ ကမ်းခြေမှာအသားငါးလုပ်ငန်းလုပ်ရပါတယ်။ အဖေဖြစ်သူကို ထောင်ကနေသွားသွားခေါ်နေရတော့ စိတ်အချဉ်ပေါက်ပြီး ဖခင်တိုဘီကို လူသတ်မှုကျူးလွန်စေသူ ရွာသူကြီးဆီသွားပြီး ပွဲကြမ်းပါတော့တယ်။ အဲဒီကနေစလို့ ပြဿနာတွေကမပြီးဘဲ ဂျန်နီရဲ့ခင်ပွန်းဖြစ်သူက ရွာလူကြီးရဲ့မှောင်ခိုလုပ်ငန်းတွေမှာ အနှောင့်အယှက်အဖြစ်နဲ့ ရွာလူကြီးက မြင်လာတဲ့အခါမှာတော့။ ရွာလူကြီးခိုင်းတာလုပ်ပြီး ခပ်အေးအေးနေတဲ့အရက်သမားကြီး တိုဘီတစ်ယောက် သမီးဖြစ်သူရဲ့အသက်အန္တရာယ်ထိပါ ထိပါးလာချိန်မှာတော့ ရွာလူကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ ဖခင်တစ်ယောက်ရဲ့မေတ္တာဖွဲ့လား…လူမိုက်တယောက်ရဲ့သွားရာလမ်းလား…ဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8 2023
Toby
Leap Year
6.4

သာမန်ချိန်မှာဆိုရင် ယောင်္ကျားလေးကပဲ ချစ်သူရည်းစားမိန်းကလေးကို လက်ထပ်ခွင့်တောင်းကြပေမယ့် Leap Year ရက်ထပ်နှစ်ရဲ့ Feb 29 ရက်နေ့မှာဆိုရင်တော့ မိန်းကလေးတွေက ကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့်တောင်းလို့ရတဲ့အစဉ်အလာရှိပါတယ်။ ဒီအကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ မင်းသမီး Amy Adams နဲ့ မင်းသား Matthew Goode တို့ရဲ့ Romance Comedy ရုပ်ရှင်လေး Leap Year (2010) ကိုခံစားကြည့်ရှုကြပါဦး။ IMDb (6.4/10) ထိ ရရှိထားပြီး ဒီနေ့လို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ သေချာပေါက်ကြည့်သင့်ပါတယ်။ အောက်မှာတော့ Ye Hut Khoung WordPress ကကူးယူလာတဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါလေး ရှိပြီးတော့ စပွိုင်လာတချို့ပါနိုင်ပါတယ်။ +++++++++++++++++++++++ LEAP YEAR (2010) ◾ ဘော့စတွန် မြို့ကကောင်မလေးတစ်ယောက်။အိမ်ခြံမြေ အလုပ်မှာ အတော်လေး နေရာရပီး ဝင်ငွေ ကောင်းပြီး အလုပ်အကိုင် လည်း အရမ်းအဆင်ပြေနေတဲ့ မိန်းကလေး။ သူက ဖော်ရွေပြီး ချစ်စရာကောင်းတယ်။ သတ္တိလည်းရှိသလို တဇွတ်ထိုးလည်း လုပ်တတ်တယ်။ ဒါပေမယ့် စိတ်ကောင်းရှိတယ်။ ◾ အိုင်ယာလန်ကို လေယဉ်နဲ့ ခရီးထွက်လာတယ်။ ခရီးဆောင်အိတ်‌ တွေနဲ့ပေါ့။ အိုင်ယာလန်မှာလည်း သူ့သူငယ်ချင်းမင်္ဂလာဆောင် ရှိတယ်။ ဖိတ်လည်းထားတယ်။ ပြီးတော့ သူ့ချစ်သူကလည်း နှလုံးအထူးကု ဆရာဝန်။ အိုင်ယာလန်က ဒပ်ဗလင်မြို့မှာ ဆေးပညာ ညီလာခံ တစ်ခုတက်ဖို့ရှိနေတယ်။သူ့ချစ်သူနဲ့လည်း တွေ့ဖို့ ရှိတယ်။ အခုလာတာလည်း သူ့အတွက်ပဲ ။ချစ်ကြိုက်ကြတာ လေးနှစ်ရှိနေပြီလေ။ အခုအချိန်ထိ Proposal မလုပ်သေးဘူး။ လက်ထပ်ခွင့်မတောင်းသေးဘူး။အဲဒီတော့ စိတ်တိုချင်စရာကြီးပေါ့။ အလုပ်ကို ပဲ တစ်ချိန်လုံးအာရုံစိုက်နေသူကြီးကို သူကပဲ စပြီး လက်ထပ်ဖို့ ကမ်းလှမ်းလိုက်တော့မယ်။ဒါပေမယ့် ဒီနိုင်ငံရဲ့ ထူးခြားပြီး မိန်းကလေးတွေ ရဲ့ အခွင့်အရေးဖြစ်ပြီး ငြင်းပယ်ရခက်၊ရိုမက်တစ်လည်းဆန်အောင် ရက်ထပ်ရက် ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၉မှာ ဆောင်ရွက်ဖို့ ‌လျှို့ဝှက် အစီအစဉ်ရေးဆွဲထားပါတယ်။ ◾ လေမုန်တိုင်းကြောင့် လေယာဉ် အရေးပေါ် ပြောင်းလည်း ဆင်းသက်ရပီး ဝေလ(Wales) ပြည်ကို ရောက်သွားရပါတယ်။ အဲဒီကနေ ဘုတ်ငှားပြီး ဒန်ဂယ်လို့ခေါ်တဲ့ တံငါရွာ တစ်ရွာကို ရောက်သွားပါတော့တယ်။အခက်အခဲတွေ ကြုံရတယ်။ ခရီးသွားလုပ်ငန်းတစ်ခုက ကားနဲ့ ဒပ်ဗလင်ကို မောင်းပို့ပေးဖို့ စတာလင်ပေါင် ၅၀၀ နဲ့ သဘောတူခဲ့တယ်။ သူက ပို့ချင်တာမဟုတ်ဘဲ ကောင်မလေးက အတင်းအကြပ် သဘော တောင်းဆိုခဲ့တာဖြစ်ပါတယ်။ကောင်မလေး ဒပ်ဗလင်ထိရောက်ဖို့ ကောင်လေးမှာတာဝန်ရှိသွားပြီ။ ◾ လမ်းမှာ နွားအုပ်ကြီးနဲ့တွေ့တယ်။ကားက သွားမရတော့ဘူး။ နွားတွေက ပိတ်ဆို့နေတယ်။ ကောင်မလေးက ဆင်းမောင်းတယ်။ အကောင်းစားဖိနပ်မှာ နွားချေးတွေပေတယ်။ ကားပျက်တော့ တွန်းရင်း ကောင်လေးမောင်းလာတဲ့ကားလည်း ‌စမ်းချောင်းရေထဲထိုးကျသွားတယ်။ကောင်လေးစိတ်ညစ်သွားတယ်။ ခရီးဆောင်အိတ်တွေ ဆွဲပြီး လမ်း‌ေလျာက်ထွက်လာတယ်။မြို့ကြီးသူ၊ ကိန်းခန်းကြီးပြီး စမတ်ကျကျနဲ့ လှချင်နေတဲ့ ‌မိန်းကလေးနဲ့ ရိုးရိုးရှင်းရှင်း ကျေးလက်က လူငယ်တစ်ယောက်တို့ရဲ့ ခရီးလမ်း အဆင်မပြေမှုတွေကိုလည်း ရယ်စရာလေးတွေ အဖြစ် မြင်တွေ့ရပါတယ်။‌ ကောင်မလေးက ဇီဇာကြောင်သလောက်၊စိတ်မြန်သလောက် ကောင်လေးက အေးအေးဆေးဆေး၊မ ထုံ တက်တေး။လမ်းမှာ လမ်းကြုံအဖြစ် ဗင်ကားတစ်စီး ကို တားပြီး အကူအညီတောင်းတယ်။ကောင်လေးက အဲလူတွေ မယုံရဘူးလို့ ကျိတ်ပြောပြီး တားဆီးသေးတယ်။ မရဘူး။အိတ်တွေ တင်အပြီး လူတွေ မတက်ရသေးခင်မှာ ကားက ထွက်ပြေးမောင်းသွားတယ်။ အိတ်တွေ အလုခံလိုက်ရ‌ေတာ့ ကောင်မလေး အတော်စိတ်ညစ်သွားတယ်။ဒါပေမယ့် လမ်း ဘေးအရက်ဆိုင် တစ်ဆိုင်မှာ လူဆိုးတွေဆီကနေ ရအောင် ရဲရဲဝံ့ဝံ့တိုက်ခိုက်ပြီး ပြန်လုပ်ပေးရှာပါတယ်။ ◾ သူတို့ရထားနဲ့ ဆက်သွားဖို့ ရထားအလာကိုစောင့်ကြပါတယ်။ အချိန်က လိုသေးတာကြောင့် အနီးအနားတောင်ကုန်းပေါ်က ရှေးဟောင်းဘုရားကျောင်း ကိုတက်ကြည့်ကြပါတယ်။ အဲဒီမှာ ဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ပုဒ်၊ဒဿနတစ်ပုဒ်ကို ကောင်လေးကပြောပြပါတယ်။ အသက်ကြီးတဲ့ ယောက်ကျားတစ်ယောက်ကိုလက်ထပ်ထားတဲ့ မချစ်မနှစ်သက်ပဲနေရတဲ့ ရှေးခေတ်ကကောင်မလေး အကြောင်းပါ။ မီးလောင်တဲ့ အချိန်မှာ စက္ကန့်၆၀လောက် ရတဲ့ အချိန်အတွင်းမှာ လူတွေ ဘာလုပ်ကြသလဲဆိုတဲ့ ဒဿန လည်း ပြောပြဖြစ်ပါတယ် ။‌ ကုန်းမြင့်ပေါ်ကရှေးဘုရားကျောင်း ရဲ့ ဇာတ်ဝင်ရှုခင်းတွေက အတော်ကြည့်ကောင်းပါတယ်။ ရုတ်တရက် မိုးတွေ ရွာချပြီး တောင်ကုန်းက ပြေးအဆင်းမှာ ဒလိမ့်ခေါက်ကွေး ကျပြီး ရွှံ့တွေ ဗွက်တွေ အလူးလူးနဲ့ ဖြစ်ရပါတယ်။ရထားနဲ့လည်း လွဲသွားခဲ့ရပြန်တယ်။ ◾ တည်းခိုခန်းကလည်း အခက်အခဲ ရှိ၊ရှေးရိုးစွဲ ကွန်ဆာဗေးတစ် လူတွေလည်း အများစု နေထိုင်ကြတဲ့ ဒေသမို့ တည်းရေးခိုရေး အတွက် အဆင်မပြေလှဘူး။ သူတို့ဟာ လင်မယား ယောင်ဟန်ဆောင်ပြိး တည်းခိုခဲ့ကြရပါသေးတယ်။ကောင်မလေး ကြောင့် ရှောခ် ဖြစ်မီးပျက်သွားတော့ ကောင်လေး ချက်တာ ပြုတ်တာတွေကို စားလိုက်ရတယ်။ ကောင်လေးက စာဖိုမှုး တစ်ယောက်လည်းဖြစ်တယ် လေ။ အဲဒီညက ဒေသခံ မိသားစုရဲ့ မိတ် ဆုံစားပွဲလေး တက်ဖြစ်ကြတယ်။ အယအစာ မစားခင် လင်မယားချင်း စုံတွဲ လိုက် အကြင်နာ ပေးတော့ သုတို့လည်း အတော် အကြပ်တွေ့ပြီး လိုက်လုပ်လိုက်ရပါတယ်။အဲဒီညက သူတို့ဟာ ကုတင်တစ်လုံးထဲပေါ်မှာ ကန့်ပြီးအိပ်ခဲ့ကြရတယ်။ သူတို့ဟာ တစ်ခုခုကို ခံစားခဲ့ကြရတာ ကိုယ်စီ သိပေမယ့် ဘယ်သူကမှ ဝန်မခံခဲ့ကြပါဘူး။ သန့်သန့်ရှင်းရှင်းပဲ ဆက်ဆံကြတယ်ဆိုပါတော့။ ◾ သူ့သူငယ်ချင်းမင်္ဂလာဆောင်ပွဲ ကိုတက်ဖြစ်တယ်။ ဝိုင်တွေ သောက်လိုက်တာ များသွားတယ်။ အဲဒီည က လူတွေ ကကြ ခုန်ကြ၊သောက်ကြစားကြ ပေါ့။ ကောင်မလေး အန်တယ် ။အမူးလွန်တယ်။မူးမူးနဲ့ ကောင်လေးကို ရစ်တယ်။ ကောင်လေးက အပြစ်မပြောဘူး။သည်းခံရှာတယ်။ အမှားမလုပ်မိအောင်ကူညီ ထိန်းပေးတယ် ။ ◾အဲဒီည က ပွဲ ပြီးတော့ သူ့ရည်းစားဆီ သွားမယ့် ကားစောင့်ရင်းအပြင်ဘက်ခုံတန်းလျားမှာ နှစ်ယောက်ထိုင်စောင့်ရင်း အိပ်ပျော်သွားတယ်။ ကောင်လေးရဲ့ ပေါင်ပေါ်မှာ အိပ်ပျော်သွားတယ်။ ကောင်လေးက ဘာအခွင့်အရေးမှ မယူဘူး။ မိုးလင်းသွားတယ်။ နိုးတော့ ကောင်လေးမရှိတော့ဘူး။ သူတစ်ယောက်ပဲ ကျန်တော့တယ်။ ရင်ထဲ ဟာတာတာ လိုဖြစ်သွားတယ်။ သူသိပ်ဆိုးသွားမိတာလား။ သူ့ကို စိတ်ပျက်သွားတာလား။ အခုတော့ ကားမှတ်တိုင်မှာ တစ်ယောက်တည်း။ သူမရှိမှ လွမ်းသလိုလိုခံစားရတယ်။ သူ့ကို ဖြူစင်စွာ စောင့်ရှောက်ပေးခဲ့တဲ့ လူငယ်ကို သတိယနေမိတယ်။ နောက်ကနေ လှမ်းနုတ်ဆက်တယ်။ ကောင်လေးပြန်လာပြီ။ လက်ထဲမှာ ပူပူနွေးနွေး ချောကလက် ကော်ဖီ နှစ်ခွက်ကိုင်ထားတယ်။ မင်း ဆာ‌ နေမှာစိုးလို့ သွားဝယ်တာ လို့ပြောတယ်။ ကောင်မလေး ပျော်သွားတယ်။ သူ့အထင်နဲ့သူ အတွေးချော်နေမိတာကိုလည်း ရှက်မိတယ်။ ◾ အတိုချုပ်လိုက်ရအောင်။ ကောင်မလေး ရည်းစား ရှိတဲ့ ဟိုတယ်ကို ရောက်သွားကြပြီ။သုံးပွင့်ဆိုင် တွေ့ကြတယ်။ ကောင်မလေးက သူ့ရည်းစားကိုမိတ်ဆက်ပေးတယ်။ ဒါ ဒီမြို့က သူ့ကို ကူညီ ခဲ့တဲ့ သူပါပေါ့။ သူ့ရည်းစားက အလုပ်အကိုင်ကောင်းတယ်။ ခန့်တယ်။ အလုပ်ကို အလေးနက်ထားတယ်။ ငွေရေးကြေးရေး အဆင်ပြေတယ်။ ဘာမဆို တိတိကျကျ လုပ်တယ်။ ထက်မြက်တယ်။ နေတာထိုင်တာ သပ်ရပ်တယ်။ အခု သူ့ရည်းစားက ကောင်လေးကို အလုပ်ဘာလုပ်လဲလို့ဆိုပြီး မေးတယ်။ ကောင်မလေးက မမေးဖို့ နဲ့ မကြိုက်ကြောင်းအမူအယာပြတယ်။ သိမ်ငယ်သွားမှာစိုးတဲ့ သဘောပါ။ ကောင်လေးက ပြန်ဖြေတယ်။ သူက အကြော်ဆရာပါ။စားဖိုမှုးပါပေါ့။ နုတ်ဆက်နေကြရင်းနဲ့ ပြောပြောဆိုဆို စပရိုက် လုပ်လိုက်တယ်။ ‌သူ့ရည်းစားက ရုတ်တရက် ထိုင်ချလိုက်ပြီး Will you marry me လို့ ပြောလိုက်တယ်။ဟော်တယ်ရဲ့ လော်ဘီ အခန်းမှာကိုပဲ စပရိုက် လုပ်ချလိုက်တယ်။ ကောင်မလေး အရမ်း အံ့အားသင့်သွားတယ်။ ဝမ်းလည်းသာ သွားတယ်။ ဖြတ်ကနဲ သတိယလို့ ကောင်လေးကို ကြည့်တော့ မရှိတော့ဘူး။ အခန်းအပြင်ဘက် မှာ တံခါးကို ကျောခိုင်းပြီး ရှောင်ပေးတာ တွေ့လိုက်ရတယ်။ ကောင်မလေး လက်ခံလိုက်တယ်။ ◾ ဒါပေမယ့် နောက်ရက်မှာ ကောင်မလေး ဝေဒနာ စပြီ။ ဘော်စတွန်ကို ပြန်လာခဲ့ရပေမယ့် စိတ်က မတင်မကျဖြစ်နေတယ်။ သုကောင် လေးကို အခုထိ ဘာလို့ သတိယနေသေးတာလဲပေါ့။ ခရီးသွားဟန်လွဲ တွေ့ခဲ့ကြတာပဲလေ။ စသဖြင့် စိတ်တင်းထားပေမယ့်မရဘူး။ စေ့စပ်မယ့်နေရောက်ပီ။ ကောင်မလေး စက္ကန့် ခြောက်ဆယ် သဘောတရားကို စမ်းသပ်လိုက်တယ်။ မီးလောင်တဲ့ အချက် ပေးခေါင်းလောင်းကို နိုပ်လိုက်ပြီး သူ့ရည်းစားဘာလုပ်မလဲစောင့်ကြည့်တယ်။ သူ့ရည်းစားက သူမြတ်နိုးတဲ့ နာရီ၊ဖုန်း၊တက်ပလက်၊လက်ပ်တော့ကွန်ပျူတာ တွေကိုပဲ သိမ်းနေတာ မြင်လိုက်ရတယ်။ သူ့ကို သတိမရဘူး။ ကောင်မလေးဆုံးဖြတ်လိုက်တယ်။ ငွေတွေ ရှိပေမယ့်၊တိုက်တာတွေနဲ့ နေနေရပေမယ့် ငါ့ဘဝက ဘာမှ မထူးဘူး။ သူလိုချင်တဲ့ အရာတွေ သူ့ဆီမှာ မရှိဘူးဆိုတာ သိလိုက်ရတယ်။ ဟုတ်ပြီ ဒါဆိုရင် ဘယ်သူ့ဆီမှာရှိလဲ ။ ◾ ကောင်မလေး ဘော်စတွန်ကနေ ကောင်လေးရှိရာ ဒန်ဂယ်ကို ထွက်လာခဲ့ပါတယ်။ ကောင်လေးက အကြော်ဆရာ လုပ်နေတယ်။ ကောင်လေး ရဲ့ ဆိုင်ကို လာပြီး ဟင်းလျာတစ်ပွဲမှာစားလိုက်တယ်။ ပြီးတော့ မကောင်းဘူး ပြင်ပေးပါဆိုပြီး ဝိတ်တာက တစ်ဆင့် အကြော်ဆရာကို သတင်းပါးခိုင်းတယ်။ အကြော်ဆရာ ထွက်လာတယ်။ ဟင်းပွဲကို ကိုင်ပြီး ဘယ်သူပြင်ခိုင်းတာပါလဲ လို့ စားသောက်သူတွေ ကြားထဲ ကို ဟိုဟိုဒီဒီ ရှာဖွေရင်း မေးလိုက်တယ်။ “Me” ကျွန်မပါပဲ လို့ ဆိုပြီး ကောင်မလေး ထလာတယ်။ သူ့ဆီတစ်လှမ်းချင်းလျောက်လာတယ်။ ကောင်လေးက တစ်ခွန်း ရေရွတ်တယ်။” What the hell are you doing here ” မင်းဒီကို ဘာလာလုပ်တာလဲ တဲ့။ ခပ်မာမာ လေသံမျိုးဖြစ်နေတယ်။ လူတွေ ဟာ တစ်ခါတစ်လေမှာ သူမြတ်နိုးတာ တစ်ခုခု ကို ဆုံးရှုံးခံခဲ့ရဖူးတဲ့ အခါ၊လက်လွတ်လိုက်ရတဲ့ အခါ နှလုံးသားတွေ မက လေသံတွေပါ မာကြောသွားတတ်ကြတာမျိုးလည်းရှိတယ်လေ။ ◾ ကောင်မလေးက သူပြန်လာတာဖြစ်ကြောင်း၊ စက္ကန့်ခြောက်ဆယ် စမ်းသပ်မှုမှာ သူအဖြေကိုသိသွားပြီဖြစ်ကြောင်း၊ သူ့ရည်းစားကို အဆက်ဖြတ်ခဲ့ပြီး သူနဲ့ လက်တွဲဖို့အကြောင်း ၊ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ထိမ်းသိမ်းရေး သူလည်းပါဝင်လုပ်ဆောင်ကူညီလိုတဲ့အကြောင်း ၊သူနဲ့ လက်တွဲ လိုတဲ့အကြောင်းတွေ ပြောပြလိုက်တယ်။ ကောင်မလေးမျက် လုံးတွေက အရောင်တလက်လက်တောက်နေတာတွေ့ရတယ်။ဇာတ်ကားတစ်ခုလုံးမှာ အဲဒီ အခန်းမှာ မျက်ဝန်းက အရည်အလဲ့ဆုံးပါပဲ။ဒါ‌ ပေမယ့်ကောင်လေး လက်မခံခဲ့ဘူး။ မယုံကြည်တဲ့ပုံစံ ပြုံးပြီး နဲ့ လှည့်ထွက်သွားတယ်။ ကောင်မလေး ဂွမ်းပြီပေါ့။ စားသောက်ဆိုင်ထဲက ပြေးထွက်တယ်။ ပင်လယ်ကမ်းစပ်က ချောက်ကမ်းပါးစွန်းကို တစ်ယောက်တည်းထွက်ပြေးလာခဲ့ပြီး ချောက် ထိပ်မှာ ရပ်ပြီး ပင်လယ်ကြီးကို ကြည့်နေတယ်။ မျက်ရည်တွေက စီးကျလျက်ပေါ့။ သူ့ဘဝဟာ အဓိပ္ပါယ်မရှိတော့သလို ခံစားလိုက်ကတယ်။ ◾ သိပ်မကြာခင်မှာပဲ လူ‌တစ်ယောက် က သူ့ကို နောက်ကနေ လှမ်းခေါ်နုတ်ဆက် တယ်။ လှည့်ကြည့်တော့ ကောင်လေးဖြစ်နေတယ်။ ကျွန်မကို ဘာလို့ငြင်းပယ်လိုက်တာလဲ လို့ မေးတော့ ဘယ်မှာငြင်းလို့လဲတဲ့။ရှင်ထွက်သွားတယ်လေဆိုတော့ သူ့မှာ အစီအစဉ်ရှိလို့ပါ၊လက်စွပ်သွားယူတာပါ ဆိုပြီး ကောင်လေးက ဒူးထောက်ထိုင်ချလိုက်တယ်။Will you marry me ?လို့ ပရိုပိုဆယ် လုပ်တယ်။ လက်ထပ်ခွင့်တောင်းတယ်။ ကောင်မလေး ပျော်ရပြီလေ။ သူအလွန်ချစ်တဲ့၊သူ့ကိုပဲ သတိယနေမိတဲ့၊သူလိုချင်တဲ့ အရာတွေ အကုန်ရှိနေတဲ့ ကောင်လေး သူ့ကို ပစ်မထားပဲ လက်ထပ်ခွင့်လာတောင်းနေပြီလေ။ ◾ ဇာတ်သိမ်းက ပျော်စရာ ကြီးပေါ့။ ရိုက်ချက်လေးတွေ လည်း အတော်လှပါတယ်။ လူငယ်ဆန်ဆန် သရုပ်ဆောင်ချက်လေးတွေ က သဘာဝ ကျပြီးပီပြင်ပါတယ်။ ကောင်လေးကလည်း ပုသိုင်းမွေးနဲ့ ဆိုပေမယ့် အရပ်ရှည်ပြီး ကြင်နာတတ်တဲ့ မျက်လုံးရှိတယ်။ ကောင်မလေးနေရာက သရုပ်ဆောင်တဲ့ Amy Adams မျက်လုံး ကတော့ ပြောစရာတောင်မလိုတော့ဘူးထင်ပါတယ်။ ◾ ကျွန်တော် ထည့်မရေးမိတဲ့အထဲမှာ ကောင်လေးက စေ့စပ်ထားဖူးတယ်။သူ့ရည်းစားက နောက်ယောက်ကျားယူသွားပြီး လက်ထပ်မယ့်အစီအစဉ် ပျက်သွားလို့ သူ့လက်ထပ်လက်စွပ်ကို ပြန်တောင်းတယ်။ သူ့အမေ ရဲ့ အမွေ လေ။ ဒီလက်စွပ် ရ ရင် ရောင်းပြီး ဒန်ဂယ်မြို့ရဲ့ လိုအပ်နေတဲ့ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းရေးတွေမှာ လှူဒါန်းမယ်လို့ပြောတာတွေ ပါတယ်။ ကျွန်တော် အင်္ဂလိပ်စာ အားနည်းလို့ ဘာသာပြန်တဲ့အခါ အမှားအယွင်းလေးတွေ ရှိခဲ့ရင်လည်း နားလည်ပေးစေချင်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးကို တစ်ခါတည်းကြည့်ပီး မှမိသလောက်ပြန်ရေးရတဲ့အတွက် လွဲ နေတာ တွေ့ရင်လည်း ထောက်ပြပေးပါ။ ◾ဒီဇတ်ကားနဲ့ ပါတ်သက်လို့ ရုံတင်တဲ့ အခါ ဒေသခံတွေ ထဲက မလိုလားသူတွေက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသေးကြောင်းသိရပါတယ်။ ဒါပေမယ့်လည်း အကောင်းမြင်စိတ်နဲ့ နားလည်ပေးတဲ့သူက ပိုများတယ်၊ပိုအားပေးကြတယ်လို့သိရပါတယ်။ အနောက်နိုင်ငံတွေကတော့ သိပ်ပြသနာမရှိလှပေမယ့် အာရှ နိုင်ငံတွေ အတွက်တော့ ပြောစရာ တွေ၊အမြင်မတူတာတွေတော့ ရှိလာမယ်ထင်ပါတယ်။ ◾ မိတ်ဆွေရော? အငြင်းပွားစရာ ဒီလိုယဉ်ကျေးမှုတွေနဲ့ ချစ်စရာ လူငယ်သဘာဝတွေကြား ဘယ်လို မြင်မိပါသလဲ။ဒီဇာတ်ကားလေး အပေါ်မှာ ပြောစရာ တစ်ခုခု ရှိခဲ့ရင် အောက်မှာ ရေးပေးခဲ့စေချင်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Ye Hut Khoung WordPress မှ ကူးယူဖော်ပြပါသည်။)

Action • Adventure • Science Fiction
6.4 2010
Leap Year
Dragon Stone Password
5.7

ဒီဇာတ်ကားလေးကတော့ ဖုန်းရွှေသဘာဝတွေကြိုက်တဲ့ ပရိသတ်ကြီးအကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ : ချန်ယုံလို့ခေါ်တဲ့လူငယ်လေးက မျိုးရိုးစဉ်ဆက် ဖုန်းရွှေပညာနဲ့ ရှေးဟောင်းယဉ်ကျေးမှုပညာတွေကို အမွေဆက်ခံလာခဲ့တဲ့သူပါ ။ သူငယ်စဉ်ကလည်း မိခင်နာမကျန်းဖြစ်နေတုန်း အဖေဖြစ်သူက ဝေ့ဖုန်းနဂါးကျောက်တုံးသွားရှာရင်း ပျောက်ဆုံးသွားခဲ့ပါတယ် ။ ဒီလိုနဲ့ တစ်နေ့မှာ သူချစ်ရတဲ့သူငယ်ချင်းကောင်မလေးက ပျောက်သွားတဲ့သတင်းကြားရပြီး ကောင်မလေးအိမ်ကနေ လာပြောတဲ့အခါ ချန်ယုံတစ်ယောက် မနေနိုင်ဘဲ လိုက်ရှာရင်း ဆန်းကြယ်မှုတွေနဲ့ ရှောင်ဖုန်းရွာကိုရောက်လာခဲ့ပါတော့တယ်။ ရှောင်ဖုန်းရွာကလည်း ဝေ့ဖုန်းတိုင်ပြည်ဟောင်းတည်ရှိတဲ့နေရာဖြစ်နေတော့ နဂါးကျောက်တုံးရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတွေအရ ပျောက်သွားတဲ့ သူငယ်ချင်းကိုရှာရင်း မထင်မှတ်ထားဘဲ သင်္ချိုင်းဟောင်းကြီးကိုတွေ့သွားပြီး နဂါးကျောက်တုံးရှာ‌ပုံတော်ကြီး စတင်ခဲ့ပါတော့တယ် ။

Drama
5.7 2024
Dragon Stone Password
Bhaiyya Ji
6.6

Bhaiyya Ji (2024)”အစ်ကိုကြီး အဖအရာ” ================================ The Family Man ထဲက သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ IMDb 6.6/10 ရ ကလဲ့စား အက်ရှင်သည်းထိတ်ရင်ဖိုရုပ်ရှင်အသစ် ott ထွက်ရှိလို့လာပြီ။ ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ထဲက ဖြစ်ရပ်မှန်တွေပေါ်မှာ အခြေခံထားတယ်လို့လည်း ဒါရိုက်တာဖြစ်သူက ပြောပြထားပါတယ်။ ဇာတ်လမ်းကတော့ မာနို့ဂျ်သရုပ်ဆောင်ထားတဲ့ ဇာတ်လိုက်ဖြစ်သူ ရမ်ချာရန်ရဲ့ မင်္ဂလာပွဲအတွက် သူ့ရဲ့ညီဖြစ်သူဟာ သူတို့ရဲ့ မွေးရပ်မြို့ဆီကို ပြန်လာနေတုန်းမှာ အကြောင်းပြချက်မရှိ ပျောက်ဆုံးသွားတဲ့အတွက် ရမ်ချာရန်တစ်ယောက် လိုက်ရှာဖို့ကြိုးစားရင်း တစ်နွယ်ငင်တစင်ပါဆိုသလို အမှိုက်ကစ ပြဿာဒ်မီးလောင်ကာ နိုင်ငံရေးသမား အကောင်ကြီးကြီးတွေနဲ့ငြိပြီး မီးခိုးကြွက်လျှောက်ဖြစ်ပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ အက်ရှင်အကြမ်းပတမ်းတွေကို မြင်တွေ့ရမှာဖြစ်လို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Romance • Comedy • Crime
6.6 2024
Bhaiyya Ji
Gladiator
8.5

၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Gladiator … ရဲစွမ်းသတ္တိအပြည့်နဲ့ စစ်သူကြီး မက်စီမက်ဟာ အင်ပါယာပြည့်ရှင် အားကိုး ချစ်မြတ်နိုးရတဲ့ လက်ရုံးတစ်ဦးပါ။ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့လို့ လက်အောက်ငယ်သား အားလုံးကပါ လေးစားရတဲ့သူပေါ့။ ပြည့်ရှင်မင်း ဆီဇာက အင်ပါယာကြီးကို ထူထောင်ခဲ့ပေမဲ့ ရောမကို အာဏာရှင်စနစ်နဲ့ မအုပ်ချုပ်ချင်ပါဘူး။ သမ္မတနိုင်‌ငံတော်ဆိုတဲ့ စနစ်ကို ပြန်ပြောင်းချင်တဲ့သူ။ သူ့သားတော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ သိထားရတဲ့အတွက် မက်စီမက်ကိုပဲ နန်းမွေလွှဲခဲ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့…. ဒီဇာတ်ကားက သွေးသံရဲရဲ ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ ရောမရဲ့ မပါမဖြစ်တဲ့ အရီနာသတ်ကွင်းတွေထက်က သတ်ပုတ်ကြတဲ့ ပွဲတွေဆိုတာ ဘယ်လိုဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။ IMDb 8.5 ရထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File Size : (7.5 Gb) (3.3GB) and ( 1.6GB) Quality : Bluray 2160p, 1080p, 720p Running Time : 2hr 32min Format : Mp4 Genre : Drama, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by El’ Moh Encoded by Ka Naung

8.5 2000 155 mins
Gladiator
Yuddhakaanda Chapter 2
7.2

Yuddhakaanda Chapter 2 (2025)”ပါလတိုက်ပွဲ” ===================================== ရှေ့နေကားတွေ ထွက်လေ့မရှိတဲ့ ကန်နာဒါရုပ်ရှင်လောက၊ ဆန်ဒယ်ဝုဒ်ကနေ အသစ်ထွက်လာတဲ့ ပထမဆုံးလို့ပြောလို့ရမယ့် တရားရေးဒရာမာရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်နာမည်မှာ Chapter 2 လို့ပါပေမဲ့ ဒီရုပ်ရှင်ဟာ နောက်ဆက်တွဲဇာတ်လမ်းတစ်ခုမဟုတ်ဘဲ အော်ရီဂျင်နယ်ရုပ်ရှင်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အိန္ဒိယ ရှေ့နေကားတွေဟာ သမ္ဘာရင့်နေတဲ့ ဇာတ်လိုက်ရှေ့နေကြီးတွေ တရားရုံးမှာ ဆရာကျကျ အမှုဆိုင်တာတွေကို ပြတတ်ကြပေမဲ့ ဒီရုပ်ရှင်ကတော့ ဘွဲ့ရခါစရှေ့နေပေါက်စတစ်ယောက်ကို အဓိကဇာတ်ကောင်နေရာထား ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ငယ်ငယ်ကတည်းက မိဘမဲ့ဘဝနဲ့ စားသောက်ဆိုင်မှာအလုပ်လုပ်ခဲ့ရပြီး ခက်ခက်ခဲရှေ့နေဖြစ်လာခဲ့တဲ့ ဘာရတ်။ အရည်အချင်းရှိပေမဲ့ အတွေ့အကြုံမရှိလို့ ဘယ်ရှေ့နေအဖွဲ့ကမှ လက်မခံတဲ့အတွက် ဘာရတ်တစ်ယောက် ရှေ့နေတွေကို ခေါင်းပုံဖြတ်တတ်တဲ့ အသေးစားဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ပြီး နေရာရဖို့ကြိုးစားရင်း သူ လေးစားအားကျရတဲ့ ဂန္ထဝင်ရှေ့နေကြီးတစ်ယောက်နဲ့ မထင်မှတ်ဘဲ ထိပ်တိုက်အမှုဆိုင်ရပုံကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးပုံဖော်ထားတာပါ။ ရှေ့နေကားဆိုပေမဲ့ မြင်ရခဲတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီး ဆက်တိုက်ကြည့်မိအောင်ဆွဲခေါ်သွားမယ့် ရုပ်ရှင်ကောင်းတစ်ခုဖြစ်လို့ ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်…။

7.2 2025 146 mins
Yuddhakaanda Chapter 2