2023 မှာ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ A Neighbor's Vendetta ကတော့ လူကြီးမိဘတွေဆုံးမကြတဲ့ အစားမတော် တစ်လုတ်ဆိုတဲ့အတိုင်း အစားမှားပြီး ဘဝပျက်သွားတဲ့ကောင်မလေးတစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။
ဂျေးနဲ့ ဆွန်ရာတို့အတွဲဟာ သာယာတဲ့မိသားစုလေးဖြတ်သန်းနေရင်း ကားမတော်တဆမှုကြောင့် သမီးဖြစ်သူ အိဗ်ကို ဆုံးရှုံးလိုက်ရတဲ့အခါ ဆွန်ရာက ဂျေးကို စိတ်ကွက်ပြီး မျက်နှာတောင်မကြည့်ချင်တော့လောက်အောင် ဖြစ်သွားခဲ့ပါတယ်။ သူတို့အတူနေရင်တောင် မတော်တဆမှုကိုပြန်မြင်ယောင်လို့ လိင်မှုကိစ္စလည်းမပြီးမြောက်ကြပါဘူး။ ဒါနဲ့ ဂျေးလည်း ဆွန်ရာ စိတ်ပြန်ကျန်းမာလာအောင် ခဏလောက်လမ်းခွဲလိုက်ပါတယ် အဲ့ဒီနောက် ဆွန်ရာကလည်း ဆရာဝန်ရဲ့အကူအညီနဲ့ စိတ်တွေပြန်ကျန်းမာလာပြီး ရော့ဘတ်ကို စားလိုက််မိပါတယ်။
တစ်ည ရော့ဘတ်နဲ့ဖုန်းထဲကနေ အီစီကလီတွေလုပ်နေတုန်း ရော့ဘတ်ဘက်က လက်လွန်ပြီး သေသွားခဲ့ပါတယ်။ ကံဆိုးချင်တော့ ရော့ဘတ်က အိမ်ထောင်နဲ့မှန်းဆွန်ရာက မသိခဲ့ပါဘူး။ ရော့ဘတ်ရဲ့မိန်းမ မီယာက ရှက်ရှက်နဲ့ ဒီကိစ္စကိုဖုံးထားပြီး ငါ့ယောကျာ်းကို စားတာ ဘယ်သူလဲ ဘယ်ကလဲ လိုက်ရှာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဂျေးနဲ့ ဆွန်ရာကလည်း အတူပြန်နေကြည့်ဖို့ကြိုးစားဖို့ မြို့ပြင်ပအိမ်လေးဆီကပြောင်းလာခဲ့ပါတယ်။ မီယာကလည်း ဆွန်ရာမှန်းသိသွားပြီး နင်ငါ့ယောကျာ်းကိုစားတယ်၊ ငါလည်းနင့်ယောကျာ်းကိုစားရမှဖြစ်မယ်ဆိုပြီး ကလဲ့စားတွေပြန်ချေပါတော့တယ်။ ကြားထဲက ဂျေးကတော့ ဘာမှမသိတဲ့ မြေစာပင်လေးပေါ့။ သူတို့နှစ်ယောက် ကလဲ့စားချေရင်း ဘာတွေဖြစ်ပျက်မယ်ဆိုတာကို သည်းထိတ်ရင်ဖို စောင့်ကြည့်ရမယ့်ကားလေးလည်းဖြစ်ပါတယ်။
အစပိုင်း ဖုန်းနဲ့ အီစီကလီလုပ်ရာမှာ ညစ်ညမ်းတဲ့စာတွေ အသံတွေပါတာကြောင့် ၁၈နှစ်ပြည့်မှကြည့်ဖို့တော့ တိုက််တွန်းပါရစေ...
(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)
Size - 1.5GB, 720MB
Quality - 1080p, 720p
IMDb Rating - 6.3/10
Format - mp4
Duration - 1H 29Min
Genre - Thriller
Subtitle - Myanmar Subtitle (Hardsub)
Translated by DB
Encoded by Y
Drama
6.4
2023