YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

{CM}In.The.Dark.2019.S01E09.1080p.AMZN.WEB-DL.DDP5.1.H.264.mp4

444.33 MB N/A video/mp4 164 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
How to Please a Woman
6.6

IMDb Rating - 6.2/10 ဒီတစ်ခေါက်အတွက်တော့ တခြားဇာတ်လမ်းတွေနဲ့မတူဘဲ ကွဲထွက်နေတဲ့ ဟာသဆန်ဆန် comedy ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဆက်ဆံရေးတစ်ခုမှာ သာယာမှုကို အပြည့်အဝရပိုင်ခွင့် အမျိုးသမီးတွေမှာလည်း တောင်းဆိုခွင့်ရှိကြောင်းနဲ့၊ အမျိုးသမီးတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး အချိန်မရွေး ဘဝသစ်တစ်ခုကို ရွေးချယ်ပိုင်ခွင့်ရှိကြောင်းကို အဓိကအသားပေးဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းထဲမှာ အသက်ငယ်ရွယ်သူတွေအတွက် ကြည့်ရှူဖို့မသင့်တော်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ အသုံးအနှုန်းတွေပါဝင်တာကြောင့် အသက်ပြည့်ပြီးမှ ကြည့်ရှူကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲ့လိုရေးလို့ လူငယ်ကြိုက် 18+ ဇာတ်လမ်း မျိုးလိုတော့ မထင်ပါနဲ့။ ဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်ကတော့...ရှေ့နေဖြစ်သူယောက်ျားတစ်ယောက်နဲ့ အိမ်ထောင်ကျထားပြီး ဘဝကို ရုံးအလုပ်တွေ အိမ်သန့်ရှင်းရေး အလုပ်တွေနဲ့ပဲ ငြီးငွေ့စွာဖြတ်သန်းနေရတဲ့ ဂျီနာတစ်ယောက်၊ တစ်နေ့မှာတော့ သူငယ်ချင်းတွေက သူ့ရဲ့ အသက်၅၀ ပြည့်မွေးနေ့လက်ဆောင်အဖြစ် ကောင်လေးတစ်ယောက်ကို အိမ်ကိုပို့ပေးလိုက်ပါတယ်။ ဝန်ဆောင်မှုအဖြစ် နှစ်နာရီရတဲ့အချိန်အတွင်းမှာ ဂျီနာကတော့ ဘာမှမတောင်းဆိုဘဲနဲ့ သန့်ရှင်းရေးပဲလုပ်ခိုင်းလိုက်ပါတယ်။ အသက်၅၀ ရှိနေပြီဖြစ်တဲ့ ဂျီနာတစ်ယောက် ကောင်လေးရဲ့ သန့်ရှင်းရေးလုပ်တဲ့ ပုံစံကို ကြိုက်သွားပြီး အမျိုးသမီးတွေအတွက် ယောက်ျားလေးတွေက အိမ်သန့်ရှင်းရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကို တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့တော့ ဂျီနာတစ်ယောက် အသက်၅၀ပြည့်မှ ဘဝရဲ့လမ်းစအသစ်ကို ရှာတွေ့ သွားမလား...ဘယ်လိုအဖြစ်အပျက်တွေကို ကြုံတွေ့ရဦးမလဲ...ရှေ့နေဖြစ်သူ ယောက်ျားရဲ့လောင်းရိပ်အောက်ကိုပဲ ပြန်‌ရောက်သွားမလားဆိုတာကို ဟာသလေးတွေနဲ့ ရောနှောပြီး ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(1.5 GB) / (715 MB) / (425 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 47mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......June Encoder..........SWM

Drama • Family
6.6 2022 107 mins
How to Please a Woman
Nayola
7

Nayola (2022) ~ IMDb rating – 7/10 ~ ဒီရုပ်ရှင်မှာ အာဖရိက တောင်အလယ်ပိုင်းက အန်ဂိုလာလို့ခေါ်တဲ့ နိုင်ငံလေးက မျိုးဆက်သုံးဆက်သော အမျိုးသမီးတွေကို ဇာတ်ကောင်ပြုထားတယ်။ အန်ဂိုလာက ၁၆ရာစုကနေ ၁၉၇၅အထိ ပေါ်တူဂီကိုလိုနီ နိုင်ငံဖြစ်ခဲ့ဖူးသလို လွတ်လပ်ရေးရပြီး ၁၉၇၅ကနေ ၂၀၀၂အထိ ပြည်တွင်းစစ်ဖြစ်ခဲ့တယ်။ ပြည်တွင်းစစ်က ပြီးသွားပေမဲ့ အဲဒီ၂၀၀၂နောက်ပိုင်း ငြိမ်းသွားကြသလားဆိုတော့ မငြိမ်းဘူး။ သူ့ပြည်နယ်တစ်ခုဖြစ်တဲ့ ကဗင်ဒါမှာ ခွဲထွက်ရေးလုပ်ဖို့လုပ်နေတဲ့ တော်လှန်သူတွေရှိနေတုန်းပဲ။ ၂၀၀၆မှာတော့ ကဗင်ဒါပြည်လွတ်မြောက်ရေးတပ်ဦးနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ခဲ့တယ်။ ဒါပေမဲ့လည်း ကဗင်ဒါခွဲထွက်ရေးပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့က ဒီနေ့ထက်ထိ တော်လှန်နေဆဲပဲ။ ဆိုတော့ အစဉ်မငြိမ်းချမ်းခဲ့တဲ့ နိုင်ငံက မျိုးဆက်သုံးဆက်သောအမျိုးသမီးတွေကို ဇာတ်ကောင်ပြုထားတဲ့ ဒီရုပ်ရှင်မှာ ဒီစစ်အဆက်ဆက်ရဲ့ ဒဏ်ကို တိုင်းသူပြည်သားတွေကို ခံစားခဲ့ရပုံကို ပြထားတယ်။ ဒါပေမဲ့ အဓိကဇာတ်ကောင်တွေက အမျိုးသမီးတွေဆိုတော့ အမျိုးသမီးတွေဘက်ကို ပိုအလေးကဲတယ်။ လွတ်လပ်ရေးတိုက်ပွဲမှာ လင်သေသွားတဲ့ အဘွားကြီးရယ်… ပြည်တွင်းစစ်မှာ ယောက်ျားပျောက်သွားခဲ့တဲ့သူ့သမီးရယ်… အမေရောအဖေရောပျောက်သွားတဲ့ သူ့မြေးရယ်ရဲ့ ဇာတ်လမ်းတွေကို အပြိုင်တင်ပြထားတယ်။ ဒါပေမဲ့ အရမ်းရိုးရိုးရှင်းရှင်းကြီးတော့မဟုတ်ဘူး… ယောက်ျားပျောက်သွားလို့ လိုက်ရှာတဲ့သူ့သမီးက အခရာလို့ပြောလို့ရတယ်။ သူ့ဇာတ်မှာ နိမိတ်ပုံဆန်ဆန် ပုံဖော်မှုတွေတော်တော်များသလို သူဟာ အဲဒီတော်လှန်ရေးမသေသေးတဲ့ ပြယုဂ်တစ်ခုအဖြစ်လည်း ထင်ကျန်နေတယ်။ မြေးမလေးကတော့ Rap သီချင်းတွေနဲ့ တိုင်းပြည်ကို တော်လှန်နေတဲ့သူလို့ပြောရမယ်။ သူ့အဖေအမေနဲ့ တော်လှန်ပုံတော်လှန်နည်းတော့ မတူခဲ့ဘူးပေါ့။ ဒီဇာတ်လမ်းမှာ စစ်ကြီးပြီးတာကြာပြီလို့ ပြောကြတဲ့သူတွေလည်းရှိပေမဲ့ အိမ်ပြန်လာစေချင်ကြသူတွေလည်းရှိပေမဲ့ သမီးဇာတ်ကောင်ပြောသွားတဲ့ “စစ်ပွဲကနေ ဘယ်သူမှပြန်မလာနိုင်ကြဘူး အမေ” ဆိုတဲ့ စကားအတိုင်းပဲ မပြီးဆုံးသူတွေအတွက်တော့ မပြီးဆုံးခဲ့ဘူး။ လွယ်လွယ်လေးပြောရရင် ဒီဇာတ်လမ်းဟာ ပြီးဆုံးတယ်ဆိုတာ တကယ်တမ်း စကားလုံးပဲရှိတဲ့အရာ ဆိုတဲ့အကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 635MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 30Min Genre – Action, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

TV Movie • Mystery • Thriller • Drama
7 2022
Nayola
The Graduate
8

“မစ္စရော်ဘင်ဆင် ခင်ဗျားကျွန်တော့်ကိုဖြားယောင်းဖို့ကြိုးစားနေတာပဲ” အသက် ၂၀အရွယ် လူငယ်ကလေးတစ်ယောက်ရဲ့နှုတ်က ထွက်လာသောစကားသံများ။ လိုက်ဖက်ညီစွာ ကင်မရာAngleက ထိုအမျိုးသမီးကြီးရဲ့ပေါင်တံအောက်မှာ။ “ငါ့ယောကျ်ားပြန်လာဖို့က နာရီနဲ့ချီကြာဦးမှာ။ ပြန်မလာခင်ထိငါ့ကိုဝိုင်းစောင့်ပေးပါဦး ” “ကျွန်တော် ပိုက်ဆံအိတ်ကိုအဝနားမှာပဲချခဲ့မယ်နော်” “ဘန်ဂျမင် ကြောင်တောင်တောင်တွေလုပ်မနေတော့ဘဲ အခန်းထဲကိုလာပေးလိုက်တော့” “လာမပေးတာကောင်းလိမ့်မယ်ဗျာ” အီလိန်းအခန်းထဲတင်ပဲ လာခဲ့ ” ခြိမ်းခနဲ တံခါးပိတ်သံနဲ့အတူ မြင်ကွင်းရှေ့ပေါ်ထွက်လာတဲ့ အမျိုးသမီးရဲ့ မိမွေးတိုင်း ဖမွေးတိုင်း အဝတ်ဗလာကိုယ်ခန္ဓာ။ မနေ့တစ်နေ့မှကောလိပ်ကပြန်ရောက်လာတဲ့ ငတိတစ်ယောက် ထိုအမျိုးသမီးကြီးရဲ့ကျားကွက် စားကွက်အောက် အလွတ်မရုန်းနိုင်ခဲ့ပြန်။ ကာမတဏှာရဲ့နှိုးဆော်မှုနဲ့အတူ လူငယ်လေးကိုပါ မိုက်ပြစ်ကျူးလွန်စေမဲ့ အပြစ်သားအဖြစ်အတူဆွဲခေါ်ခဲ့တယ်။ သူမ ကဘယ်သူလဲ… သူ(မ) တိုက်ကြီး ကားကြီး ဇိမ်ခံအသုံးအဆောင်တွေနဲ့ လိုချင်တာရနိုင်တဲ့ ငွေကြေးပြည့်စုံတဲ့ ဘဝ။ သူ(မ)ဘယ်တော့မှ မတင်းတိမ်နိုင်ဘူး။ သူ(မ) ငတ်မွတ်နေတယ်။ ဆာလောင်နေတယ် ။ တကယ်တည်းက သူ(မ) အထီးကျန်နေတယ်။ မထင်မှတ်ဘဲ ရရှိခဲ့တဲ့ကိုယ်ဝန်ကြောင့် အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်ရေးက ပြဿနာလည်းမရှိ။ ဒုက္ခလည်းမရှိခဲ့။ တစ်ဖန်သုခလည်း မရှိပြန်။ သမီးကျောင်းတက် ယောကျ်ားအလုပ်သွား။ မစ္စရော်ဘင်ဆင် အိမ်မှာတစ်ယောက်ပဲကျန်ခဲ့တယ်။ ဒီလမ်းကိုရွေးဖို့မစတင်ခဲ့ပေမဲ့ မစ္စရော်ဘင်ဆင်ရဲ့ဇာတ်လမ်းက ဒီမှာစတင်ခဲ့တယ်။ Dee Dee Dee…Mrs.Robinson အပြစ်ကျူးလွန်နေတဲ့ မစ္စရော်ဘင်ဆင် ငရဲမှာမခံစားချင်ရင်တော့ ဘုရားမှာဆုတောင်းပါတော့။ ကိုယ့်ကိုကိုယ်ကူကယ်နိုင်မဲ့နိုင်ဖို့ ကူညီပေးချင်တယ်။ ဒီမှာထပ်မံထည့်သွင်းရေးသွားချင်တာက ရုပ်ရှင်တစ်လျှောက်ထည့်သွင်းထားတဲ့ Simon & Garfunkel ရဲ့သီချင်းများနဲ့ တေးဂီတgenre အမျိုးအစားရဲ့ အကြောင်းပါ။ အိမ်ကိုပြန်လာပေမဲ့ နွေးထွေးမှုမရှိဘူး။ အိမ်ဟုတ်မနေဘူး။ နွေးထွေးမှုရဖို့ သူ(မ) အခြားနည်းနဲ့ရှာတယ်။ ဒါပေမဲ့ တစ်ခါပြီးဆုံးသွားတိုင်း အဲ့အရာကိုလုံလောက်အောင်မခံစားရပြန်ဘူး။ ဒီလိုနဲ့ သူကြိမ်ဖန်များစွာ ဒီလမ်းမတွေထက်လျှောက်နေခဲ့တာ ကြောင်ခံတွင်းပျက်ကြီးတောင် ဖြစ်နေခဲ့ပြီ။ ဘေးလူတွေကတော့ ဝိုင်းသနားကြမှာပါတဲ့ မစ္စရော်ဘင်ဆင်။ ဒါပေမဲ့ ဒီအပြစ်တွေကျူးလွန်ထားတဲ့ လျှို့ဝှက်ချက်ကိုဘယ်လောက်ဖုံးဖုံး ကိုယ်တိုင်ကတော့ သိနေတာပါပဲ။ ဘုရားသခင်ကတော့နားလည်မှာပါ။ နောက်ငရဲမီးမှာမလောင်မြိုက်ချင်ရင် နွံတွင်းကထွက်ပြီး ဘုရားမှာဆုတောင်းရင် မီနိုင်ပါဦးမယ်။ ဒီမှာစဥ်းစားစရာက သူ(မ) ဒီလိုလုပ်ခဲ့တာပေါင်းမနည်းတော့ပေမဲ့ ဘာလို့မိတ်ဆွေသူငယ်ချင်းရဲ့ သားလေးကျမှ မလွှတ်နိုင်တခဲခဲဖြစ်ရတာလဲ။ လူငယ်တွေရဲ့အချစ်ဇာတ်လမ်းကိုဆေးမဲခြယ်ပြီး ကိုယ့်ဆန္ဒပြည့်ဝဖို့ကို သမီးရဲ့ချစ်သူနဲ့တောင် ကွဲအောင်လုပ်တဲ့ထိ မာနထားခဲ့ရတာလဲ။ ကိုယ့်သမီးကိုတောင် ကိုယ်မနာလိုဖြစ်မိခဲ့ရတာလဲ။ ဒီတစ်နေရာမှာ သမီးနဲ့ထိုယောကျ်ားမပေါင်းရဖို့အရေးဇောက သားအမိသံယောဇဥ်ကိုပါ ရန်မီးခြားစေတဲ့အထိဖြစ်သွားရတယ်။ ဒီပြဿနာမီးအားလုံးရှို့စေလောက်တဲ့ အထိ မစ္စရော်ဘင်ဆင်ဘာလို့အတ္တကြီးတဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့ရတာလဲ။ မစ္စရော်ဘင်ဆင်တစ်ယောက်မခံစားနိုင်တော့ဘူး။ မျက်မြင်ရှေ့မှာတင် ကိုယ်တပ်မက်ရတဲ့ယောကျ်ားတစ်ယောက်က ကိုယ့်ကိုကျော်ပြီး သမီးကိုစွဲလမ်းသွားတဲ့ အဖြစ်က မစ္စရော်ဘင်ဆင်ကို ခေါင်းကြီးစေခဲ့တယ်။ အတ္တကို အထွတ်အထိပ်ရောက်စေခဲ့တယ်။ အဘက်ဘက်မှာ ရှုံးနိမ့်နေတဲ့မစ္စရော်ဘင်ဆင်တစ်ယောက် မရရတဲ့နည်းနဲ့ အနိုင်ယူဖို့ကြိုးစားရင်းနဲ့ ဒဿဂီရိဖြစ်ခဲ့ပုံကို ဒါရိုက်တာကပီပြင်စွာ သရုပ်ဖော်သွားတယ်။ တစ်ဖက်ကကြည့်ရင်တော့ ယောကျ်ားကလည်းကိုယ့်ကိုမတပ်မက် အချစ်ရေးမှာလည်းအနိုင်မရ မေတ္တာငတ်မွတ်အထီးကျန်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ သနားစရာဇာတ်လမ်းလို့လည်း ပြောလိုက်လို့ရပါဦးမယ်။ သရုပ်ဆောင်တွေအဖြစ်နဲ့ Dustin Hoffman၊ Katharine Ross နဲ့ မစ္စရော်ဘင်ဆင်အဖြစ် Anne Bancroft တို့ကပါဝင်သရုပ်ဖော်ထားပါတယ်။ နောက်ခံသီချင်းတွေအနေနဲ့လည်း ဇာတ်လမ်းသရုပ်ဖော်သီချင်းဖြစ်တဲ့ Mrs.Robinson အပြင် Scarborough Fair ၊ April comes she will တို့လို Simon & Garfunkel ရဲ့လက်ရာမြောက်တေးသွားတွေ ထည့်သွင်းထားတာ အလွန်သဘောကျစရာကောင်းပါတယ်။ April, come she will When streams are ripe and swelled with rain May, she will stay Resting in my arms again June, she’ll change her tune In restless walks she’ll prowl the night July, she will fly And give no warning to her flight တစ်ချိန်က နာမည်ကြီးအောင်မြင်ခဲ့တဲ့ရုပ်ရှင်ကိုဂီတများအပါအဝင် ပရိသတ်များအပြည့်အဝခံစားနိုင်အောင် အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးထားပါတယ်။ (ဘာသာပြန်နှင့်အညွန်းရေးသားသူကတော့ Nwe Hnin Thazin ဖြစ်ပါတယ်) File size… 1.49 GB / 800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

8 1967 106 mins
The Graduate
The Innkeepers
5.5

ဒီဇာတ်လမ်းလေးရဲ့ အကျဥ်းချုပ်ကတော့ ပိတ်သိမ်းခါနီးဟိုတယ်တစ်ခုမှာ နောက်ဆုံးတစ်ပတ်တာဝန်ကျနေတဲ့ ဝန်ထမ်းနှစ်ယောက်ရဲ့အဖြစ်အပျက်လေးပေါ့။ ကလဲနဲ့ လုခ်ဆိုပြီးရှိတယ်။ နှစ်ယောက်စလုံးက ပရလောကနဲ့ပက်သက်ပြီးတော့ဝါသနာလည်းထုံတယ် websiteဖန်တီးပြီးတော့ ငွေရှာချင်တဲ့သဘောလည်းပါတာပေါ့ ဒီလိုနဲ့ မဆက်သွယ်သင့်တဲ့အရာတွေကိုဆက်သွယ်မိတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့…။ jump scareနည်းနည်းပါတယ် အရမ်းကြောက်စရာကောင်းတဲ့သရဲကားမျိုးတော့မဟုတ်ဘူး။ တစ်ကားလုံးမှာ လုခ်ရဲ့ attitudeက entertainingဖြစ်တယ် နောက်ပိုင်းမှာ သွေးထွက်သံယိုပုံတွေပါလို့ 1 hrကျော်ရင်အစားစားရင်းကြည့်ဖို့မသင့်တော်ပါဘူး ဇာတ်လမ်းကိုအပြည့်သိချင်ရင်တော့ ကြည့်ရတာအားရမှာမဟုတ်ဘူး ကိုယ်တိုင်ဇာတ်လမ်းကိုတွေးယူရတဲ့ cliffhanger typeရုပ်ရှင်ပါ File size…(1.3 GB)/(621 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

5.5 2011
The Innkeepers
The Wedding Veil Inspiration
7

ဝါကျွတ်ပြီဆိုတော့ မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အခု ရုပ်ရှင်က The Wedding Veil ၆ကားထဲက တစ်ကားပါ။ ဒါပေမယ့် ၆ကားလုံးကြည့်ဖူးစရာမလိုပါဘူး ဒီတစ်ခုနဲ့ပဲ ပထမဆုံး စကြည့်လို့ ရပါတယ်။ Castတွေအနေနဲ့လည်း Carlo Marks၊ Paolo Bernardini၊ Autumn Reeserနဲ့ Kacey Rohlတို့လို့ cast အကောင်းစားတွေနဲ့ ပွဲထွက်ထားတဲ့ ရုပ်ရှင်ကောင်း တစ်ခုဖြစ်ပါတယ်။ ရုပ်ရှင်အကြောင်း စလိုက်ရအောင်ဗျာ။ Wedding Veil ( မင်္ဂလာခြုံပုဝါ ) မှာ စွမ်းအား တစ်ခု ရှိတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဘယ်လိုစွမ်းအားလဲဆိုတော့ ခြုံပုဝါကို ပိုင်ဆိုင်ထားတဲ့ သူက အချစ်စစ်နဲ့ ရှာတွေ့မှာဖြစ်ပါတယ်။ အမ်မာက တက္ကသိုလ်မှာ အနုပညာသမိုင်းဘာသာရပ်ကို သင်ကြားပြသနေတဲ့ ပါမောက္ခ တစ်ယောက်ဖြစ်ပါတယ်။ အမ်မာ့မှာ လီလီလို့ ခေါ်တဲ့ သူငယ်ချင်း တစ်ယောက် ရှိပါတယ်။ အမ်မာက ဌာနမှူး ရာထူးကို လိုချင်နေပြီး သူ့ရဲ့ ရှေ့က ဌာနမှူး အနားယူမှာကို စောင့်ရင်း အလုပ်ကို ဇွဲမလျှော့ဘဲ အားတင်းရင်း ဆက်လက်လုပ်ကိုင်နေတာပါ။ အမ်မာရဲ့ ခင်ပွန်းကတော့ အီတလီက ဆွေကြီးမျိုးကြီးဖြစ်တဲ့ စတက်ဖန်နိုအိမ်တော်က အီတလီသားလေး ပါအိုလို ဖြစ်ပါတယ်။ ပါအိုလိုမှာ မာတေအိုလို့ ခေါ်တဲ့ ညီတစ်ယောက် ရှိပါတယ်။ အမ်မာနဲ့ ပါအိုလိုတို့ အီတလီမှာ ခြုံပုဝါကြောင့် ဖူးစာဆုံပြီး ချီကာဂိုမှာ စတက်ဖန်နိုအိမ်တော်ရဲ့စီးပွားရေး တိုးချဲ့ဖို့ ပါအိုလိုက မင်္ဂလာပွဲဝတ်စုံဆိုင်ဖွင့်ပါတော့တယ်။ ဖွင့်ပွဲညမှာ ခြုံပုဝါအကြောင်း အမ်မာပြောပြနေတဲ့ ဗီဒီယိုက ပေါက်သွားတဲ့အခါမှာတော့ ဆိုင်က ပိုပြီးတော့ လူဝင်လာပါတော့တယ်။ ဒါပေမယ့် အစစအရာရာ အဆင်ပြေနေတဲ့အချိန်မှာ ပါအိုလိုရဲ့အဖေဖြစ်သူက နာမကျန်းဖြစ်လို့ အီတလီကို ပြန်သွားရပါတော့တယ်။ ချီကာဂိုမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အမ်မာ တစ်ယောက် သူ့ရဲ့ career နဲ့ ခင်ပွန်းဖြစ်သူအလုပ်နဲ့ ဒုက္ခများပါတော့တယ်။ ပါအိုလိုက စီးပွားရေးကို ဦးစီးဖို့ အမ်မာ့ကို အီတလီကို လိုက်စေချင်တာပါ။ သူ(မ)အလုပ်ရဲ့ဖိအားနဲ့ ခင်ပွန်းဖြစ်သူရဲ့ လိုအင်ဆန္ဒနဲ့ သူဖြစ်ချင်တဲ့ ဆန္ဒနဲ့ ထပ်တူမကျနေတဲ့အခါမှာတော့ ပိုပြီးတော့ အဆင်မပြေဖြစ်လာပါတယ်။ အမ်မာ တစ်ယောက် ဒီလိုဖိအားတွေကို ဘယ်လိုကျော်သွားမလဲ၊ သူ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ယခု ရုပ်ရှင်က ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းရုံသာ မကပါဘူး၊ main charactersအပြင် side charactersတွေရဲ့ chemistry ကပါ တကယ်ကို ထိမိနေတာပါ။ Plot twist များများစားစားတော့ မပါပေမယ့် တကယ်ကိုကြည့်ပျော်တဲ့ ရုပ်ရှင်လေးပါ။ ရုပ်ရှင်ကိုကြည့်ပြီးသွားရင်တော့ ဘာသာပြန်သူလို မင်္ဂလာဆောင်ချင်စိတ်တွေပါ ပေါက်လာပါလိမ့်မယ်လို့ ပြောရင်း နိဂုံးချုပ်ပရစေ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.4 GB)/(780 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

Drama
7 2023 84 mins
The Wedding Veil Inspiration
Suzzanna: Kliwon Friday Night
5.8

Suzzanna Kilwon Friday Night 2023 CM ပရိသတ်ကြီးအတွက် ခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ငယ်ငယ်တုန်းက ကြည့်နေကျ မလေးရှားစုန်းဇာတ်ကားတွေလိုမျိုး အောက်လမ်းပညာတွေ စုန်းကဝေတွေအကြောင်း ပါဝင်တဲ့ အင်ဒိုသရဲကားလေးပဲ ဖြစ်ပါတယ် ဆူဇနာနဲ့ ဆူရာဟာအရမ်းချစ်မြတ်နိုးကြတဲ့ စုံတွဲလေးပါ မကြာခင်မှာလက်ထပ်ဖို့လည်း ရည်ရွယ်ထားပြီး စေ့စပ်ပြီးကြပါပြီ ဒါပေမဲ့ ဘဝဆိုတာ ကိုယ်စီမံသလိုဖြစ်မလာပဲ လောင်းကစားမက်တဲ့ ဆူဇနာရဲ့အဖေကြောင့် ဆူဇနာဟာ ရွာသူဌေး ရာဒန်ရဲ့အကြွေးနဲ့သိမ်း မယားငယ်လုပ်ခြင်းကို ခံလိုက်ရပါတော့တယ် ဒါကိုပဲ မယားကြီးဖြစ်သူက မကျေနပ်လို့ အောက်လမ်းနဲ့ပြုစားတဲ့ ဘာတွေဖြစ်လာမလဲ ဆူဇနာကိုဆုံးရှုံးလိုက်ရပေမယ့် အချစ်မပြယ်သေးတဲ့ ဆူရာကရော ဘာတွေဆက်လုပ်မလဲဆိုတာ ရင်နာနာနဲ့ မျက်ရည်လဲဝဲ ကြောက်လဲကြောက်ရင်း ကြည့်ရှုရမှာမို့ ဒီလိုမျိုး ဖျော်ဖြေမှုအသားပေး ငယ်ဘဝအမှတ်တရ စုန်းသရဲကားတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ် Genre….. Drama, Fantasy, Horror Quality…. 1080p | 720p File size… 1.6GB | 841MB Format… mp4 Duration…. 2h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

Drama • Thriller • Crime • Mystery
5.8 2023 132 mins
Suzzanna: Kliwon Friday Night
The Whistleblower
7.1

၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ကနေဒါမှတ်တမ်းရုပ်ရှင်ဒရမ်မာ အမျိုးအစားဖြစ်တဲ့ The Whistle Blower ကို ဒါရိုက်တာ Larysa Kondracki က ရိုက်ကူးပေးထားပြီး မင်းသမီး Rachel Weisz က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၉၉၉ ခုနှစ်က ဘော့စနီးယားမှာ စစ်ပွဲလွန်ကာလအတွင်း DynCrop International အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေး စောင့်ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲ အရာရှိအမျိုးသမီး Kathryn Bolkovac ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက် အဲဒီအချိန်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ဘန်ကီမွန်းက လူကုန်ကူးခြင်းနဲ့ပြည့်တန်ဆာ အဖြစ်အဓမ္မခိုင်းစေခြင်းတို့အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုတိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူခဲ့ ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာ ဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက် ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာ တာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှု အဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီး ဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကို အံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကို နှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်း ကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့ အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာ အခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီး မတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကို အမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ File size…1.56GB / 664MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre …..Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
7.1 2010 112 mins
The Whistleblower
Willow Creek

1999 နာမည်ကျော် The Blair Witch Project တို့လိုပုံစံ found footage horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာအခြေခံတာကတော့ တစ္ဆေသရဲတွေ စုန်းတွေမဟုတ်ပဲ နှင်းလူဖြစ်ပါတယ်။ နှင်းလူကိုမှ သူ့ကိုတွေ့ရများတယ်ဆိုတဲ့ဒေသတွေ၊ ဒေသခံတွေရဲ့အတွေ့အကြုံတွေ၊ နှင်းလူကျွမ်းကျင်သူတွေကိုပါ ထည့်သွင်းဖန်တီးထားတာဖြစ်ပါတယ်။Blair Witch Project လိုပဲလူနည်းနည်းစရိတ်ကျဉ်းကျဉ်းနဲ့ဖန်တီးထားတာဖြစ်ပေမယ့် ပရိသတ်တွေ ဝေဖန်ရေးဆရာတွေရဲ့အားပေးမှုတွေကြောင့်ပေါက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ နှင်းလူအကြောင်း မှတ်တမ်းတင်ရုပ်ရှင်ရိုက်ချင်တဲ့စုံတွဲတစ်တွဲ နှင်းလူရှိတယ်ဆိုတဲ့တောနက်ကြီးထဲကိုဝင်ရောက်ကြရာကနေ အန္တရာယ်နဲ့ရင်ဆိုင်ရပုံအကြောင်းဖြစ်ပါတယ်။ဒီလိုဇာတ်ကားတွေကြိုက်ရင်ကြည့်ထားသင့်တဲ့ကားပါပဲ။ File size…(1.1 GB) Quality….720p Format…mp4 Duration….01:49:00 Genre… Adventure, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 2013
Willow Creek
[18+] Maharot
5

တန်တန်ကအထက်တန်းကျောင်းတက်နေဆဲ နယ်မြို့သေးသေးလေးက လူငယ်လေးတစ်ယောက်ပါ။ တစ်နေ့တော့ သူတို့အိမ်ကိုဂျိုနီဆိုတဲ့မိန်းမငယ်တစ်ယောက်လာငှားနေပါတယ်။ စူးစူးရဲရဲလှသလို အိမ်ကိုလည်းယောက်ျားတွေတရစပ်ဝင်ထွက်နေတတ်တဲ့သူ့အနေအထိုင်ဟာ ပတ်ဝန်းကျင်ကလူတွေ စကားတင်းဆိုစရာဖြစ်သလို သူတို့သားတွေကိုလည်း ဒီမိန်းမနဲ့မရောနှောဖို့ဆုံးမကျရင်းက တန်တန်ကတော့ ဒီမမကိုမှ အစွဲကြီးစွဲလန်းမိပါတော့တယ်။ လူပျိုပေါက်ကလေးရဲ့စိတ်ကူးယဉ်အိမ်မက်တွေတကယ်ဖြစ်လာမလား၊ စိတ်ကူးယဉ်မှန်းဆရတဲ့ဘ၀ကလွတ်နိုင်မလားဆိုတာကို ဆက်ပြီးရှုစားကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(630MB)/( 300MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:47:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024 46 mins
[18+] Maharot
Kanakarajyam
7.5

Kanakarajyam (2024) “လောကဓံ” အသစ်ထွက်ရှိထားတဲ့ မလေယာလမ် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ရာမန်ဆိုတဲ့ အဘိုးကြီးဟာ ရွှေဆိုင်တစ်ဆိုင်မှာ လုံခြုံရေးလုပ်ပြီး အများချစ်ခင်တဲ့အပြင် အကောင်းဆုံးဝန်ထမ်းဆုကိုပါ ရထားတဲ့သူပါ ဗီနူးဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ကတော့ ယောက္ခမပိုက်ဆံလည်းအကြွေးတင်နေကာ တလောတုန်းက စီးပွားရေးလုပ်ငန်းတစ်ခုမှာ ရှုံးသွားလို့ အကျပ်ရိုက်နေတဲ့အပြင် ဇနီးသည်ကလည်း သူအမေက ပိုက်ဆံပြန်တောင်းနေတဲ့အကြောင်း မကြာခဏသတိပေးသလို အိမ်လခလည်း အကြွေးကျန်ပြီး ချေးငွေလည်းယူလို့မရ ဖြစ်နေပါတယ် ဒီလိုအကျပ်အတည်းတွေကနေ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဗီနူးက ဘယ်လိုရုန်းထွက်နိုင်ဖို့ ကြိုးစားသွားမှာလဲ ဆိုတာကို ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7.5 2024 124 mins
Kanakarajyam
Memoirs of a Geisha
7.4

၁၉၆၈နောက်ပိုင်း Bpအော်စကာရတဲ့ တစ်ကားတည်းသော မြူဇစ်ကယ်ကားဖြစ်ခဲ့တဲ့ Chicagoကို ရိုက်ခဲ့တဲ့ Rob Marshallက ချီကာဂိုအပြီးမှာ Arthur Goldenရေးတဲ့ Memoirs of a Geishaဝတ္တုကို ရိုက်ခဲ့တယ်။ ဂျပန်ဂေးရှားမယ်တွေအကြောင်းကို အမေရိကန်စာရေးဆရာက ရေးထားတာကို အမေရိကန်ဒါရိုက်တာက ရိုက်ထားတဲ့ ရုပ်ရှင်ပေါ့။ စားတာက ဒါတင်ပဲမဟုတ်ဘူး။ ဂေးရှားဇာတ်ဆိုတော့ မင်းသမီးက အဓိကဆိုတာ သိသာနေပြီ ဒါကို သုံးထားတဲ့ အဓိက မင်းသမီးသုံးယောက်စလုံးက တရုတ်မင်းသမီးတွေဖြစ်နေတယ်။ Steven Spielbergကတော့ ပရိုဂျူဆာလုပ်ထားပေးတယ်။ အော်စကာ ခြောက်ဆုဆန်ခါတင်ဝင်ခဲ့ပြီး Best Art Direction, Best Cinematography, Best Costume Design ၃ဆုကိုတော့ ရခဲ့တယ်။ ၁၉၂၉မှာ ချိရိုဆိုတဲ့ကောင်မလေး ဂေးရှားဂေဟာကို အရောင်းခံလိုက်ရတာကနေ စပြီး ဇာတ်အိမ်တည်ထားတယ်။ သူ့အစ်မရော သူရော နှစ်ယောက်စလုံးမတူတဲ့ဂေဟာတွေကို အရောင်းခံလိုက်ရတယ်။ ဂေးရှားအဖြစ် ပုံသွင်းခံခဲ့ရတယ်။ နည်းနည်းကြာတော့ သူ့အစ်မနဲ့သူပြန်တွေ့ပြီး ထွက်ပြေးဖို့လုပ်တယ်။ ထွက်ပြေးဖို့လုပ်ရာကနေ မိသွားပြီး သူ့အစ်မနဲ့ တစ်သက်လုံးကွဲသွားခဲ့တယ်။ ဂေဟာကလည်း သူ့ကို ဂေးရှားမယ်အဖြစ် လက်မခံတော့ဘဲ အိမ်စေအဖြစ်သာ အကြွေးမကျေမချင်းခိုင်းဖို့လုပ်ထားခဲ့တယ်။ တစ်နေ့မှာ သူ့ကံကြမ္မာအလှည့်အပြောင်းဖြစ်လာရာကနေ ကျွန်အဖြစ်ကနေ ဂေးရှားဖြစ်ဖို့လမ်းစပွင့်လာပြီး သူဖြတ်သန်းခဲ့ရတဲ့ ဂေးရှားဘဝ, သူဖြတ်သန်းခဲ့ရတဲ့ခေတ်နဲ့ သူမြိုသိပ်ခဲ့ရတဲ့အချစ်ကို ပြထားခဲ့တယ်။ ဒီရုပ်ရှင်မှာ နာမည်ကျော်ဂေးရှားသုံးယောက်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီးသုံးယောက်စလုံးက ဒိတ်ဒိတ်ကြဲတရုတ်မင်းသမီးတွေချည်းပဲ။ ကျန်းကျိရီ, ဂေါင်လီ နောက် မစ်ချဲလ်ယိုကလည်း ဟောင်ကောင်ကားတွေချည်း ရိုက်ခဲ့တာဆိုတော့ တရုတ်မင်းသမီးလို့ပဲပြောရမှာပဲ။ ဒိတ်ဒိတ်ကြဲဆိုတာထက် အဲဒီခေတ်ရဲ့ထိပ်ဆုံး၃ယောက်လို့တောင် ပြောလို့ရတယ်။ မင်းသားတွေကလည်း ဟောလိဝုဒ်မှာ တော်တော်ပေါက်ရောက်တဲ့ ဂျပန်မင်းသား Ken Watanabe နဲ့ စရိုက်ကတည်းက ကားအလန်းစားတွေချည်းပဲရိုက်ခဲ့သလို လက်ရှိမှာလည်း ဂျပန်ရဲ့အကောင်းဆုံးသရုပ်ဆောင်ဖြစ်နေသေးတဲ့ Kōji Yakushoတို့ကိုသုံးထားတယ်။ စတားပါဝါကတော့ အာရှတစ်ခွင် ရိုက်သတ်လို့ရပေမဲ့ တရုတ်မှာအပိတ်ခံခဲ့ရပြီး ဂျပန်မှာတော့ အဆဲခံခဲ့ရတယ်။ တရုတ်ကတော့ တရုတ်မင်းသမီးတွေက ဂျပန်ဂေးရှားအဖြစ်သွားသရုပ်ဆောင်လို့ရော လိင်မှုအသားပေးခန်းတွေကြောင့်ရောပိတ်ခဲ့တာပေမဲ့ ဂျပန်ကတော့ ဂေးရှားတွေကို သေချာနားမလည်ဘဲ ပုံဖော်ထားလို့ ဝေဖန်ခဲ့တယ်။ ပထမတစ်ချက်အနေနဲ့တော့ တရုတ်မင်းသမီးသုံးတာက အမှားလို့တော့ မမြင်ဘူး။ အင်္ဂလိပ်စာရေးဆရာကရေးထားတဲ့ ဒီဇာတ်ရဲ့ ဇာတ်ကြောင်းနဲ့ ဒီဇာတ်ကောင်ပုံစံတွေနဲ့ဆို ဂျပန်မင်းသမီးတွေနဲ့ အံကိုက်လှမယ်မဟုတ်ဘူး။ ကျန်တာတွေထက်တော့ ဂေါင်လီသရုပ်ဆောင်ခဲ့တဲ့ မနာလိုစိတ်များတဲ့ ဟာဆုမိုမိုဇာတ်ကောင်ကို ဂျပန်မင်းသမီးနဲ့ပုံဖော်ဖို့ တော်တော်ခက်မယ်။ ဂေါင်လီမလို့သာ ဒီလောက်အသက်ဝင်နေတာပါပဲ။ ကျန်းကျိရီနဲ့ မစ်ချဲလ်ယိုနေရာကတော့ ဂျပန်မင်းသမီး သုံးလို့ရကောင်းရနိုင်တယ်။ ဒါပေမဲ့ သူ့ဇာတ်ကောင်နဲ့တော့ အံဝင်ခွင်ကျဖြစ်နေတော့ ဒီအချက်ကတော့ မမှားဘူးလို့ပြောရမယ်။ ဂျပန်မှာအဆဲခံရတဲ့ ဂေးရှားတွေကို ပုံဖော်မှု မပြည့်စုံဘဲ အပျက်ဘက်ပိုဆောင်နေတဲ့အချက်ကတော့ မှန်တယ်ပြောရမှာပဲ။ Hirokazu Kore-edaကိုယ်တိုင်ရေးသားရိုက်ကူးခဲ့တဲ့ The Makanai: Cooking for the Maiko Houseဇာတ်လမ်းတွဲကို ကြည့်ရင် ဂေးရှားဆိုတာ ဘယ်လောက်အနုပညာမြောက်လဲ Kore-eda အသေးစိတ်ပုံဖော်ပြထားတာကို မြင်ရလိမ့်မယ်။ အဲဒီဇာတ်လမ်းတွဲနဲ့တွဲကြည့်ရင်တော့ အဆင်ပြေတယ်။ ဒီတိုင်းဆိုရင်တော့ ဂေးရှားဆိုတဲ့ဖြစ်တည်မှုကို အောက်ကိုဆွဲချလိုက်သလိုတော့ ဖြစ်သွားမယ်။ တမင်လည်း အောက်ကိုဆွဲချထားတာပါပဲ။ ဒီအချက်က ဂျပန်တွေအတွက်တော့ ဆဲချင်စရာကောင်းနေတာ မဆန်းဘူး။ ပြောရရင် ဒီရုပ်ရှင်က တော်တော်ကြည့်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ ဒါပေမဲ့ ဂျပန်ယဉ်ကျေးမှုထဲက ဂေးရှားယဉ်ကျေးမှုကို ဒီကားကြည့်ပြီးအကဲဖြတ်ဖို့ ဒီကားကြည့်ပြီး တီးမိခေါက်မိရှိဖို့တော့ မဖြစ်နိုင်ဘူး။ ဇာတ်ကိုပဲယူပြီး အထဲက အင်္ဂလိပ်အမြင်နဲ့ပုံဖော်ထားတဲ့ ဂေးရှားအပိုင်းကို မမှတ်ယူဘဲကြည့်ဖို့တော့လိုမယ်။ ဒါကလည်း သူတို့ အင်္ဂလိပ်အမြင်နဲ့မြင်တာက မှားတယ်မှန်တယ်ဆိုတာထက် ယဉ်ကျေးမှုတစ်ခုကို တီးမိခေါက်မိရှိဖို့က သူ့နိုင်ငံက သူ့ယဉ်ကျေးမှုကို သူပြောပြတာက ပိုဖြစ်သင့်လို့ပါပဲ။ အာရှအကြောင်းပုံဖော်ထားတဲ့ အမေရိကန်ရုပ်ရှင်တွေထဲက အကောင်းဆုံးတွေထဲတော့ပါပေမဲ့ ယဉ်ကျေးမှုတစ်ခုကို ကျောရိုးတည်ပြီး ရိုက်ပြတဲ့ ရုပ်ရှင်မှာ အဲဒီယဉ်ကျေးမှုက သူ့နိုင်ငံကလက်ခံထားသလိုမဖြစ်ဘဲ အနောက်တိုင်းအမြင်အရမ်းလွှမ်းသွားတာကတော့ အမေရိကန်စာရေးဆရာရေးပြီး အမေရိကန်ဒါရိုက်တာရိုက်တဲ့ သူ့အခြေအနေတွေအရတော့ အပြစ်ဆိုမရပေမဲ့ အဲဒီလိုမဟုတ်ခဲ့ရင်တော့ ခြောက်ပြစ်ကင်းသွားမယ့်ရုပ်ရှင်ပါပဲ။ ဘာပဲဖြစ်ဖြစ် BPအော်စကာရထားတဲ့ ဒါရိုက်တာရိုက်တဲ့ အော်စကာ၃ဆုရထားတဲ့ဒီရုပ်ရှင်ကို ပြည်မ ဟောင်ကောင်နဲ့ ဂျပန်က ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေနဲ့ ကြည့်ရမှာဆိုတော့ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ File Size : 2.2 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 2hr 25min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

7.4 2005
Memoirs of a Geisha
The Decoy Bride
6.1

The Decoy Bride (2011) ********************** IMDb….6.1 နာမည်ကျော်ရုပ်ရှင်မင်းသမီး လာရာတိုင်လာဟာ သူ့ဘဝကို လိုက်အနှောင့်အယှက်ပေးနေတဲ့ ပါပါရာဇီတွေကို မုန်းတီးလွန်းတာကြောင့် စာရေးဆရာချစ်သူ ဂျိမ်းစ်အာဘာနဲ့ မင်္ဂလာဆောင်ကို ပါပါရာဇီတွေတစ်ယောက်မှ မသိလိုက်ရအောင်လုပ်ပြမယ်လို့ ကြိမ်းဝါးထားခဲ့ပါတယ်။ လူဦးရေ ၇၅ ဦးသာရှိတဲ့ စကော့တလန်ကျွန်းငယ်လေးဟက်ဂ်မှာ ကေတီဟာ ရောဂါကြောင့်သေရတော့မယ့်မိခင်နဲ့အတူ ဟိုတယ်စားသောက်ဆိုင်လေးတစ်ခုဖွင့်ထားပြီး တစ်ရက်မှာတော့ လူသူအရောက်အပေါက်နည်းတဲ့ကျွန်းလေးကို လာရာနဲ့ ဂျိမ်းစ်တို့ မင်္ဂလာဆောင်ဖို့ရောက်ရှိလာရာကနေ ကေတီနဲ့ ဂျိမ်းစ်တို့တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ လာရာနောက်ကို အသည်းအမဲလိုက်နေတဲ့ ပါပါရာဇီ ဘယ်လာနီကြောင့် လာရာထွက်ပြေးသွားတဲ့အခါ ကေတီက သတို့သမီးအတုလုပ်ပေးဖို့ငှားရမ်းခံခဲ့ရပြီး ဂျိမ်းစ်နဲ့လည်း ပိုနီးစပ်လာခဲ့ပါတယ်။ ကေတီနဲ့ဂျိမ်းစ်ဟာ အချင်းချင်းချစ်မိခဲ့ကြပေမဲ့ ဂျိမ်းစ်ကတော့ လာရာနဲ့ကတိထားခဲ့တာကြောင့် လာရာ့ဆီပဲ ပြန်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဂျိမ်းစ်တစ်ယောက် တကယ်ပဲလာရာနဲ့လက်ထပ်သွားမှာလား။ တကယ်ချစ်ရတဲ့ ကေတီကို ရွေးချယ်သွားမှာလားဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ JULY ပဲ ဖြစ်ပါတယ်…) File Size : 1.19GB/ 590MB Quality : Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…01:29:00 Genre : Drama, Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by JULY Encoded by Tiff

Drama
6.1 2011 89 mins
The Decoy Bride
Tourist Family
8.5

Tourist Family (2025)”ခရီးသွား မိသားစု” ================================ ရီဗျူးကောင်းတွေရရှိထားပြီး ရုံတင်ရာမှာလည်း အတန်အသင့်အောင်မြင်ခဲ့တဲ့ တမီလ်စကားပြော မိသားစု ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်မှာဆိုရင် ကားတိုင်းကျော် ဟာသ သရုပ်ဆောင် ယိုဂီဘာဘူနဲ့ မင်းသားကြီး ဆာဆီကူးမားကလွဲရင် တခြား နာမည်ကြီးသရုပ်ဆောင်တွေ တကူးတကမပါသလို ဒါရိုက်တာကလည်း အခုမှ ပထမဆုံးရုပ်ရှင်ကား စရိုက်တဲ့ ဒါရိုက်တာသစ်ဖြစ်ပေမဲ့ ပထမဆုံးရုပ်ရှင်လို့ မထင်ရအောင် အောင်မြင်မှုတွေရရှိထားတာပါ။ ဇာတ်လမ်းကတော့.. ငွေကြေးဖောင်းပွမှုတွေ၊ ပြည်တွင်းစစ်တွေကြောင့် ရှင်သန်ရတာခက်ခဲလွန်းလို့ သီရိလင်္ကာနိုင်ငံကနေ အိန္ဒိယနိုင်ငံထဲကို ခိုးဝင်လာရတဲ့ သီရိလင်္ကာမိသားစုတစ်ခုကို ဇာတ်အိမ်တည်ထားတာပါ။ အိန္ဒိယနိုင်ငံထဲကို ရောက်နှင့်နေတဲ့ ယောက်ဖကို အားကိုးပြီး မိသားစုနဲ့အတူ သီရိလင်္ကာကနေ အရဲစွန့်ထွက်ပြေးလာတဲ့ ဒါ့စ်တစ်ယောက် အခက်အခဲအမျိုးမျိုးကြားကနေ အိန္ဒိယမှာ ရပ်တည်ဖို့ ကြိုးစားကြပုံကို ဒါရိုက်တာက ဟာသဆန်ဆန်ပုံဖော်ပြထားတာပါ။ ဟာသဒရာမာဖြစ်ပေမဲ့ ဇာတ်လမ်းက လေးနက်တဲ့အပြင် တောင်းဆိုထားသူတွေလည်း များတာမလို့ CM Bollywood Team ကနေ အကြည်ထွက်ထွက်ချင်း ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

8.5 2025 128 mins
Tourist Family
Keratyna
5.5

Keratyna (2024) ငယ်ငယ်ကတည်းက အတန်းထဲမှာ ကြွက်လို့အခေါ်ခံရတဲ့ ရာတာတစ်ယောက် အသက်သုံးဆယ်ကျော်တဲ့အထိ မိခင်နဲ့ပဲအတူနေထိုင်ရင်း အခန်းထဲကအခန်းအပြင်မထွက်တော့ဘဲ ကမ္ဘာဂြိုဟ်နဲ့လူသားတွေကို ဂြိုဟ်သားတွေချုပ်ကိုင်ဖို့ကြိုးစားနေတယ်ဆိုတဲ့ ဗီဒီယိုတွေနဲ့ချန်နယ်တစ်ခုထောင်ရင်း သူ့ကိုယ်သူ သတင်းထောက်လို့သတ်မှတ်ထားခဲ့ပါတယ်။ တစ်နေ့မှာတော့ အိမ်နားနီးချင်းအမျိုးသမီးတစ်ယောက် တိုက်ပေါ်ကပြုတ်ကျသေတဲ့ကိစ္စနဲ့ပတ်သက်ပြီးရဲတွေလာစစ်မေးတဲ့အချိန် သူမြင်လိုက်ရတာကို မပြောဘဲနေခဲ့ပါတယ်။ ဒါပေမဲ့လည်း အမျိုးသမီးမသေခင်အချိန် ပြတင်းပေါက်ကနေ သူမြင်လိုက်ရတဲ့လူက သူ့တိုက်ခန်းကိုချောင်းပေါက်မတတ် ဝင်ထွက်သွားလာနေတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size… (830 MB) / (450 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Fantasy, Sci-Fi Duration…. 01:41:58 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Pyae Phyo

Horror
5.5 2024 101 mins
Keratyna