YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Hwarang.2016.E05.720p.WEB-DL.mp4

499.59 MB 720p video/mp4 780 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Beverly Hills Chihuahua
5.3

ဒီတစ်ခါမှာတော့ CM ကပရိသတ်ကြီးတို့ရဲ့ Childhood memory လေးတွေကိုတူးဆွပေးမယ့် ဇာတ်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။ ခလိုဝီဆိုတာကတော့ LA Beverly Hills သူဌေးရပ်ကွက်မှာ Gucci တွေ Louis တွေအပြည့်နဲ့ ပိုးမွေးသလိုမွေးခံထားရတဲ့ Rk Chihuahuaမလေးဖြစ်ပြီး အတော်လေးလည်းကြီးကြီးကျယ်ကျယ်နိုင်ပါတယ်။ တစ်နေ့မှာတော့ ခလိုဝီ့သခင်က အလုပ်ခရီးသွားရမှာမို့လို့ ခလိုဝီ့ကို စပ်စလူးစိန်တူမဖြစ်သူနဲ့အပ်ခဲ့မိရာမှာ... ကလပ်တက်ပြီး ဘဲပဲငမ်းနေတဲ့ မမချောကြောင့် ခလိုဝီဟာ မက္ကဆီကိုလိုနိုင်ငံအလန်းစားလေးမှာလမ်းပျောက်ပြီး rk ခွေးဘဝကနေ လမ်းဘေးခွေးလုံးလုံးကိုရောက်သွားရပြီး ကုဋေရှစ်ဆယ်သူဌေးသမီးအကွက်နဲ့ ဗီဇာမပါ လေယာဥ်မစီးဘဲ US ကိုပြန်ရဖို့ အမျိုးစုံကြိုးခုန်ရပါတော့တယ်.....။ 2k born တို့ငယ်ငယ် တစ်ရာဖိုးသုံးခွေခေတ်တည်းက Eng Sub တစ်ဝက်တစ်ပျက်ကိုမှ ဘုမသိဘမသိနဲ့တောင် ကြိုက်လွန်းလို့ ကြည့်ခဲ့ရတဲ့ကားကောင်းလေးမို့လို့ ကြည့်ပြီးရင် နောင်တမရမှာအာမခံပါတယ်နော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Wut Yi ပါ ) File Size__(1.6GB) / (900MB) Quality__BluRay_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:31:00 Type__Adventure, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Wut Yi Encoded by Naing Aung Latt

Action • Crime • Drama • Thriller
5.3 2008 91 mins
Beverly Hills Chihuahua
The Mermaid

ဒီတစ်ခါမှာCMပရိသတ်ကြီးကိုရေသူမကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒီရေသူမကားကတော့ ခါတိုင်းမြင်တွေ့နေကျရေသူမတွေလို ချောမောလှပတဲ့ရေသူမလှလှလေးတွေမဟုတ်ပဲ ရက်စက်တဲ့ထူးဆန်းသတ္တဝါတွေအဖြစ်ရိုက်ထားတာဖြစ်တဲ့အတွက် မွန်းစတားကားတွေကြိုက်တဲ့သူတွေအတွက်ကွက်တိပဲဖြစ်မှာပါ။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့ ငါးဖမ်းလှေတစ်စီးဟာ ပင်လယ်မှာငါးဖမ်းထွက်ရင် ပိုက်ကွန်မှာငါးအကြီးကြီးတစ်ကောင်မိသွားပါတယ်။ မိထားတဲ့ငါးကြီးဟာ ငါးမဟုတ်ပဲ ရေသူမတစ်ကောင်ဖြစ်နေတာကြောင့် တစ်လှေလုံးတစ်ယောက်မကျန်ဒုက္ခရောက်သွားခဲ့ပါတယ်။ အဲဒီနောက်တော့ရေသူမကိုတင်လာတဲ့ကုန်ကားကိုမောင်းမိတဲ့ Hang Chi ဟာ သုတေသနခန်းထဲမှာပိတ်မိနေတဲ့ သားကိုကယ်ဖို့အတွက် ထူးဆန်းသတ္တဝါ ရေသူမနဲ့ရင်ဆိုင်ရပါတော့တယ်။ အသက်အန္တရာယ်ကြားအခက်အခဲတွေကို ဘယ်လိုသက်စွန့်စံဖျားကျော်ဖြတ်မလဲဆိုတာကို ရင်တမမနဲ့ကြည့်လိုက်ကြပါဦးနော်။ Quality : WEB-DL 1080 , 480p Format : mp4 Genres : Adventure , Fantasy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror
null 2022 93 mins
The Mermaid
For Jojo
3.9

2022 မှာ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ ဂျာမန်ဒရာမာ လူငယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ယိုယို နဲ့ ပေါလ်လာ တို့က ငယ်ငယ်တည်းက ဘယ်သူမှခွဲမရအောင်ကို အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ အရွယ်ရောက်လာတဲ့ အခါ မှာလည်း တစ်အိမ်တည်းနေတဲ့ ဆိုးတူကောင်းဖက်တွေ ဖြစ်လာပါတယ်။ တစ်နေ့မှာတော့ ယိုယိုတစ်ယောက် ဒန်နီရယ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို တကယ်ကြီးချစ်မိသွားပြီး လက်ထပ်ဖို့ထိ စီစဉ်လာပါတော့တယ်။ အဲဒီအချိန်မှာ ယိုယို့ကို ဆုံးရှုံးမခံနိုင်တဲ့ ပေါလ်လာက သူတို့ မင်္ဂလာပွဲ မပျက်ပျက်အောင် ဖျက်ဆီးဖို့လိုက်လံကြံစည်တာပေါ့။ ပေါလ်လာက ဒန်နီရယ့်ရဲ့ နောက်ကြောင်းတွေ လိုက်စုံစမ်းပြီး ယိုယို့အတွက်မသင့်တော်ကြောင်း သိလာရတဲ့အခါမှာ ယိုယို့ကို ဒီအကြောင်းတွေ သိလာအောင် ပြောပြဖို့ ကြိုးစားပါတော့တယ်။ အချစ်ရဆုံးသူငယ်ချင်းဖြစ်သူ ပေါလ်လာနဲ့ ကိုယ်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော ယောက်ျားလေးဖြစ်တဲ့ ဒန်နီရယ် နဲ့ကြား ယိုယို့ရဲ့ ဗျာများရပုံတွေအပြင် အဆုံးသတ်မှာ ယိုယို ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှု့ရမယ့် ဇာတ်လမ်း ကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ‌ယိုယို အဖြစ် Nina Gummich၊ ပေါလ်လာ အဖြစ် Caro Cult နဲ့ ဒန်နီရယ် အဖြစ် Steven Sowah တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(2.83 GB) / (919 MB) / (544 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......May Thet Khine Soe Encoder..........SWM

Drama
3.9 2022 97 mins
For Jojo
Eiffel
6.3

ပြင်သစ်သမိုင်းဖြစ်ရပ်မှန် ဒရာမ အသစ်လေး ကြည့်လိုက်ရအောင်။ ဇာတ်ကားနာမည်ကိုတွေ့တာနဲ့ သိသာနေပါပြီ။ အိုက်ဖယ်မျှော်စင် (အီဖယ်မျှော်စင်)ကို တည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာ ဂုစတက် အိုက်ဖယ်ရဲ့ အကြောင်းပါပဲ။ အိုက်ဖယ်မျှော်စင်ကို ၁၈၈၇ ခုနှစ် ဇန်နဝါရီလမှာ စတင်တည်ဆောက်ခဲ့ပြီး ၂ နှစ် ၂ လ နဲ့ ၅ ရက်အကြာ ၁၈၈၉ မတ်လမှာ ပြီးစီးခဲ့ပါတယ်။ မီတာ ၃၀၀ အထိ မြင့်ပြီးတော့ သံတွေနဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလောက်ကမ္ဘာကျော် ဧရာမအဆောက်အဦအမြင့်ကြီးကို ဆောက်တဲ့နေရာမှာ ထူးခြားစွာပဲ သေဆုံးခဲ့သူ ကြီးကြီးမားမားထိခိုက်ခဲ့သူမရှိခဲ့ပါဘူး။ ဒါဟာလည်း အလုပ်သမားတွေနဲ့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းတစ်ရပ်ပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ မျှော်စင်ကြီးစတည်ဆောက်ဖို့အကြောင်းဖန်လာပုံတွေ၊ ကြိုးစားခဲ့တာတွေ အခက်အခဲတွေကို ရိုးမန့်စ်ဒရာမာလေးတွေနဲ့ရောပြီး ပြသထားပါတယ်။  ရုပ်ရှင်ကောင်းတစ်ခုပဲမို့ တင်ပေးလိုက်ပါတယ်။ File size…(1.49GB)/(662MB)/(425.5 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Comedy • Family • Science Fiction
6.3 2021 108 mins
Eiffel
Epic Tails
6.4

Epic Tails (2022) Yolcos ဆိုတာ ရှေးခေတ်ဂရိနိုင်ငံမှာ သာယာဝပြောတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့လေးမှာ သူရဲကောင်း Jason ရယ် သူ့ရဲ့နောက်လိုက်အဖွဲ့ Argonauts ရယ်က စွန့်စားခန်းတွေ များစွာထွက်ပြီး နောက်ဆုံးမှာ မြို့ကို သာယာဝပြောအောင်လုပ်ပေးနိုင်တဲ့ Zeus နတ်ဘုရားရဲ့ အစွမ်းရှိတဲ့ ရွှေရောင်သိုးမွှေးတောင်လေးကို ယူလာပေးနိုင်ခဲ့ပါတယ်။ အဲဒီသိုးမွှေးတောင်အစွမ်းကြောင့် လူတွေတင်မကဘူး တိရစ္ဆာန်တွေပါ အချင်းချင်းအဆင်ပြေသင့်မြတ်နေကြတဲ့မြို့လေးပါ။ ကြွက်ကလေး ပက်တီကတော့ သူ့ကိုမွေးစားထားတဲ့ ကြောင်ကြီး ဆမ်နဲ့အတူတူနေနေပေမယ့် သူရဲကောင်း Jason ကို အရမ်းအားကျပြီး စွန့်စားခန်းတွေ ထွက်ချင်နေတဲ့သူပေါ့။ တစ်နေ့မှာတော့ သူတို့မြို့လေးကို Poseidon နတ်ဘုရားက အမျက်ဒေါသထွက်ပြီး တောင်းဆိုချက်တစ်ခုကို တစ်ပတ်အတွင်းအပြီးလုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ရွှေရောင်သိုးမွှေးတောင်ကို သိမ်းသွားတဲ့အပြင် တစ်ပတ်အတွင်း တောင်းဆိုချက်ကို လုပ်မပေးနိုင်ရင် မြို့ကို ဖျက်ဆီးပစ်တော့မှာမို့ မြို့သူမြို့သားတွေသာမက တိရစ္ဆာန်လေးတွေပါ ထိတ်လန့်ကုန်ကြပါတယ်။ သူရဲကောင်း Jason ကလည်း အဖိုးကြီးဖြစ်နေပြီးတော့ Argonauts အဖွဲ့သားတွေကလည်း သေဆုံးကုန်ပါပြီ။ အဲဒီအခြေအနေမှာ ပက်တီနဲ့ တိရစ္ဆာန်လေးတွေက ဘယ်လိုဝင်ကူညီပြီး မြို့ကိုကယ်တင်ပေးမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။ IMDb 5.9 ရရှိထားပြီးတော့ Animation ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့်ကားလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။

Drama • Mystery
6.4 2023 95 mins
Epic Tails
Apostle
6.1

horror fantasy mystery ကား IMDB rating 6.6 ရထားတဲ့ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဉ်းကတော့ ကျွန်းတစ်ကျွန်းပေါ်ကိုပြန်ပေးဆွဲခံရတဲ့ညီမတစ်ယောက်ကိုပြန်လိုက်ခေါ်တာ အဲ့ကျွန်းကိုဘုရင်ကိုသစ္စာဖောက်လို့ထွက်ပြေးတဲ့ မယ်ကွန် ဖရန့်ခ် ကွင်ရယ် ကသူတို့နေထိုင်တဲ့လိုရတဲ့ရွာအဖြစ်တည်ဆောက်ထားပြီးလူတွေကိုလက်ခံတယ် ကျွန်းကစိုက်ပျိုးရေးလုပ်ငန်းကိုထိန်းချုပ်ထားတဲ့ ကျွန်ရဲ့အရှင်သခင်မကြီးရှိတယ် မှော်လိုလိုဘာလိုလိုနဲ့ သူ့လိုအပ်တဲ့သွေးတွေမရရင်သီးနှံတွေကိမြေသြဇာကတစ်ဆင့်အဆိပ်ခပ်တယ် အစားအသောက်တွေလိုသလောက်မရတဲ့အချိန်မှာ သူဌေးသမီးတစ်ယောက်ကိုပြန်ပေးဆွဲ့လိုက်တယ် အဲ့အချိနိမှာသူ့အစ်ကိုသောမတ်စ်ကသူ့ညီမကိုလိုက်ရှာတဲ့စွန့့်စားခန်းအကြောင်းကိုရိုက်ပြထားတာပါ သောမတ်စ်တစ်ယောက်သူ့ညီမကိုကယ်နိုင်မလား သူရောအသက်ရှင်လျက်လွတ်မလားဆိုတာတော့ ဆက်ကြည့်ပေးကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုတင်မျိုးလွင် ပါ) File Size : (950 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 2h 10min Format : Mp4 Genre : Fantasy , Horror , Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.NF.WEBRip.DD5.1.x264-CM Translated by Tin Myo Lwin Encoded by Thanhtike Zaw

Action & Adventure • Animation • Sci-Fi & Fantasy
6.1 2018 130 mins
Apostle
The Karate Kid Part III
5.3

ဒီကားလေးကတော့ Karate Kid Trilogy ရဲ့ နောက်ဆုံးကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီကားမှာထူးခြားတာက တချို့ကားတွေလို မင်းသားက သိုင်းကောင်းကောင်း မတတ်ပေမဲ့ စိတ်ဓာတ်ခိုင်မာတဲ့ပုံစံမျိုးမဟုတ်ပါဘူး အပြင်မှာဖြစ်နိုင်တာတွေနဲ့ အတတ်နိုင်ဆုံး ကိုက်ညီအောင်ရိုက်ပြထားတဲ့ကားလေးပါပဲ တချို့ သိုင်းကားတွေလို ဂျွမ်းထိုးမှောက်ခုံပျံတက်ပတ်ချ မပါပေမဲ့ ရပ်ကွက်တွေတို့ လမ်းတွေတို့မှာ ဖြစ်ရင်ချမဲ့အကွက်တွေကို ပီပြင်အောင်ရိုက်ပြသွားတာပါ ကရာတေးကို တီးမိခေါက်မိရှိတဲ့သူတွေအတွက်ကတော့ တကယ့်ကိုရွှေပါပဲဗျာ အဲဒါအပြင် လူတစ်ယောက်ရဲ့ အမှန်တကယ်စွမ်းအားက အဲဒီလူတစ်ယောက်ရဲ့ကိုယ်တွင်းမှာပဲဖြစ်တာကို သေချာလေးထုတ်ဖော်ပြသသွားတာပါ တကယ်ဖြစ်ချင်တဲ့စိတ်ရှိရင် လူစွမ်းနိုင်တဲ့ဘယ်အလုပ်မဆို လုပ်နိုင်တယ်ဆိုတာလေးပါပြသခဲ့တာပါ ကျွန်တော်တို့သာ ရချင်တဲ့စိတ် တကယ်ပြင်းပြရင် ကျွန်တော်တို့လိုချင်နေတဲ့အရာကြီးဟာ တစ်နေ့မှာတော့ မလွဲဧကန်ရနိုင်မှာပါခင်ဗျာ ဇာတ်လမ်းအကျဉ်း ပထမဆုံးကားမှာ ဂျွန်ခရိစ်ရဲ့ ကော်ဘရာကိုင်က ဗိုလ်လုပွဲမှာရှုံးနိမ့်သွားပြီး ဂျွန်ခရိစ်ကလည်း သူ့သင်တန်းသား ဂျွန်နီလောရန့်ကို အကြမ်းဖက်လိုက်တဲ့အတွက် သူ့သင်တန်းမှာ ၉လလုံးလုံး သင်တန်းသားတစ်ယောက်မှလာမတက်တာနဲ့ သူလည်း စီးပွားပျက်ပြီး‌တော့ စစ်ပွဲတုန်းက သူအသက်ကယ်ပေးလိုက်လို့ သူ့ကို စပွန်ဆာပေးထားတဲ့ ဆေးဗားဆီကိုရောက်သွားပါတော့တယ် ဆေးဗားကလည်း သူ့သူငယ်ချင်းကိုထိတော့ လက်စားချေချင်တဲ့စိတ်တွေတဖွားဖွားပေါ်လာတာနဲ့ပဲ သေချာအစီစဉ်ချပြီးတော့ ဒန်နီရယ်လော်ရုဆိုနဲ့ မစ္စတာ မီရာဂီကို လက်စားချေဖို့ ကြိုးစားပါတော့တယ် ဒန်နီရယ်တို့ကလည်း ဂျပန်ကပြန်ရောက်လာပြီး ဘွန်ဆိုင်းဆိုင်လေး ဖွင့်ဖို့ကြိုးစားကြတာပေါ့ အဲဒီဆိုင်ရဲ့လမ်းမျက်နှာချင်းဆိုင်မှာကလည်း အိုးရောင်းတဲ့ဆိုင်လေးတစ်ဆိုင်ရှိနေတာပါ အဲဒီဆိုင်မှာတော့ ဒန်နီရယ်ရဲ့အနာဂတ် ဇနီးလေးရဲ့ ညီမကရှိနေတာပါ သူတို့ချင်းသူငယ်ချင်းအရင်ဖြစ်ခဲ့ကြတာပေါ့ အဲဒီလိုနဲ့ ဗယ်လီပြိုင်ပွဲကြီးကနေ ပြိုင်ပွဲလျှောက်လွှာရောက်လာချိန်မှာတော့ မစ္စတာမီရာဂီက ဝင်ပြိုင်ဖို့ လက်မခံခဲ့ပါဘူး ဆေးဗားကလည်း လက်စားချေချင်တော့ ဒန်နီရယ်ကို မပြိုင် ပြိုင်အောင်ကို လိုက်ပြီးတော့ ဖိအားပေးတာပေါ့ အဲဒီလိုနဲ့ ဆေးဗားကဘယ်လောက်ထိ ဒန်နီရယ်ကို ဖိအားပေးမလဲ သူ့ဆီကနေရောဝင်ပြိုင်ပေးမဲ့သူကဘယ်လိုလူမျိုးလဲ မစ္စတာမီရာဂီကရော ဘယ်လိုတွေလေ့ကျင့်ပေးမှာလဲ ဒန်နီရယ်ကရောဘယ်လောက်ထိခံနိုင်ရည်ရှိမှာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမှာပါ မှတ်ချက်—-ဒီကား ၃ကားကို ကြည့်လိုက်ရင်တော့ တင်ထားတဲ့ Cobra Kai တွေနဲ့ဆက်စပ်မိသွားမှာပါပြီးတော့ ကြည့်ရတာလည်း ပိုပြီးတော့ ကောင်းသွားမှာပါ အဲဒီတော့ မကြည့်ရသေးတဲ့သူတွေအနေနဲ့ ဒီကား ၃ကားကို အရင်ကြည့်ပြီးမှပဲ Cobra Kai ကိုဆက်ကြည့်ကြပါလို့…….. File size…(2.69GB/(1.64MB)/(767MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre…Action / Drama / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Action • Horror • Thriller
5.3 1989 112 mins
The Karate Kid Part III
Fatal Fandom
5.5

Fatal Fandom (2022) ================ ဧဒင်ချေ့စ်ဟာ နာမည်ကြီး ပေါ့ပ်အဆိုတော် တစ်ယောက် ဖြစ်ပါတယ်။ သူဟာ လူချစ်လူခင်ပေါများသလို သီချင်းဆို လည်း ကောင်းတာမို့ ပရိသတ်တွေကတော့ အရူးအမူးပါပဲ။ ဒီလိုနဲ့ စတူဒီယိုတစ်ခုမှာ သီချင်းဗွီဒီယိုအသစ်အတွက် အသံ သွင်းပြီးအပြန် ကားပါကင်မှာ လူတစ်ယောက်က သေနတ်နဲ့ ချိန်ပြီး သူ့ကို ပြန်ပေးဆွဲဖို့ လုပ်တာနဲ့ ကြုံလိုက်ရပါတယ်။ အဲအချိန်မှာပဲ ဂျက်ဆန်ဆိုတဲ့ လုံခြုံရေးတစ်ယောက်က ဧဒင့် တို့ကို ဝင်ရောက်ပြီး ကူညီကယ်ဆယ်ပေးခဲ့ပါတယ်။ ရဲတွေလည်း အဆိုပါလူကို လိုက်ဖမ်းဖို့ ကြိုးစားပေမယ့် မမိ ခဲ့ပါဘူး။ ဧဒင်ရဲ့ သူငယ်ချင်းတွေလည်း ဧဒင့်အတွက် စိုးရိမ်ပြီး ဧဒင့်ကို အချိန်ပြည့်စောင့်ရှောက်ပေးနိုင်မယ့် လုံခြုံရေးတစ် ယောက်လိုတဲ့အတွက် ဂျက်ဆန့်ကို ငှားလိုက်ပါတယ်။ ဂျက်ဆန် ဟာ ဧဒင့်ရဲ့ ပရိသတ်ဖြစ်တဲ့အတွက် အလုပ်ကိုလက်ခံလိုက်ပါ တယ်။ ဂျက်ဆန်လည်း ဧဒင်နဲ့အတူ အိမ်ကြီးမှာ နှစ်ယောက်တည်း အတူနေရင်း အနီးကပ် လုံခြုံရေးပေးခဲ့ပါတယ်။ အဲနောက်ပြီး တစ်ယောက်နဲ့ တစ်ယောက်လည်းရင်းနှီးလာခဲ့ပါတယ်။ ဒီလိုနဲ့ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညှိဆိုသလို ဂျက်ဆန်တစ်ယောက် ဧဒင့်အပေါ် စိတ်ခံစားချက်တွေ ဝင်လာခဲ့ပါ တယ်။ ဧဒင့်ကို ပြန်ပေးဆွဲဖို့ လုပ်ခဲ့တဲ့ သူကရော ဘယ်သူလဲ၊ ဧဒင်နဲ့ ဂျက်ဆန်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲ၊ ဧဒင်တစ်ယောက် ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး ဖြစ်မလားဆို တာကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှု့ခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.75 GB) / (600 MB) / (380 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 25Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Leonard Lin Encoder……….SWM

Action • Thriller
5.5 2022
Fatal Fandom
Talk to Me
7.4

Talk to Me (2022) ~ IMDb – 7.4/10, Rotten Tomatoes – 95% ~ ဇာတ်လမ်းက အရမ်းကြောက်ဖို့ကောင်းပေမဲ့ အထဲက ဇာတ်ကောင်တွေကတော့ အတော်ကိုတုံးတယ်ပြောရမှာပါပဲ။ ဝိညာဉ်ခေါ်လို့ရတယ်လို့ နာမည်ကြီးတဲ့ လက်ပြတ်အရုပ်တစ်ခုကို ရလာတယ်။ မူလ လက်ပြတ်ပိုင်ရှင်က စိတ်ဖောက်ပြီး သူ့ကိုယ်သူ သတ်သေသွားပြီ။ အဲဒီလက်ပြတ်ကို ကိုင်ပြီး ငါ့ကို စကားပြောပါဆိုရင် ဝိညာဉ်ကိုမြင်ရတယ်။ ငါမင်းကိုဝင်ခွင့်ပေးတယ်ဆိုရင် ကိုယ်ထဲကိုဝင်ပူးခံရတယ်။ အဲဒါကို လူငယ်တသိုက်က အလှည့်ကျ ပူးတိုင်းကစားကြပါတယ်။ စည်းကမ်းကတော့ စက္ကန့် ၉၀ မကျော်ရင် ဘာမှမဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ ထုံးစံအတိုင်း ကောင်လေးတစ်ယောက်အလှည့်မှာတော့ စက္ကန့် ၉၀ ကျော်ပြီး ဝိညာဉ်တွေ သောင်းကျန်းကုန်ပါတယ်။ အဲဒီကလေးကို သေအောင်လုပ်ပြီး အပိုင်သိမ်းဖို့ ကြိုးစားတဲ့ ဝိညာဉ်ဆိုးတွေရောက်လာတယ်။ အဲဒီကလေးလွတ်အောင် မင်းသမီးက ဘယ်လိုတွေ လိုက်ကယ်ရမလဲဆိုတာ ကြည့်ရမှာပါ။ ဒီ ရုပ်ရှင်ဟာ Danny and Michael Philippou ညီအစ်ကိုနှစ်ယောက်ရဲ့ ပထမဆုံး ရုံတင်ရုပ်ရှင်ကြီးပါ။ ပွဲဦးထွက်မှာတင် ဝက်ဝက်ကွဲ အောင်မြင်သွားပါပြီ။ ဟော်ရာရုပ်ရှင်ကို Rating 7.4/10 အထိ IMDb မှာရောက်တာ ရှားပါတယ်။ တော်ရုံ ဟော်ရာ ရုံကြီးကားတွေတောင် မရောက်ပါဘူး။ အဲဒါကြောင့်မို့လို့ပဲ နာမည်ကျော် Horror ကားတွေထုတ်နေကျ A24 က ဒီရုပ်ရှင်ရဲ့ မူပိုင်ခွင့်ကို ဝယ်ပြီး သူတို့ရုပ်ရှင်အနေနဲ့ သိမ်းပိုက်လိုက်တယ်။ နောက်ပြီး ရုံတင်တာမှာ အတော်လေးကို ပေါက်သွားပြီး A24 ရဲ့ အရင် အောင်မြင်ခဲ့တဲ့ သရဲကား Hereditary ရဲ့ ဝင်ငွေထက်တောင် ကျော်သွားခဲ့ပါတယ်။ ဒေါ်လာ ၄ သန်းခွဲ ဘက်ဂျက်နဲ့ ရိုက်ကူးပြီး ခုဆို ၆၇ သန်း ရုံဝင်ငွေ ရရှိနေပါပြီ။ ဒါရိုက်တာညီအစ်ကိုက ဒီကားရိုက်ဖို့နဲ့ DCEU က ကမ်းလှမ်းတဲ့ စူပါဟီးရိုးရုပ်ရှင်တစ်ကားရိုက်ဖို့ တိုက်နေတာတောင် DCEU ရုပ်ရှင်ကို ငြင်းပြီး သူတို့ကိုယ်တိုင်ဇာတ်ညွှန်းရေးထားတဲ့ ဒီကားကို ယုံယုံကြည်ကြည်ရိုက်ခဲ့တာပါ။ မင်းသားမင်းသမီးတွေကလည်း A list မဟုတ်ဘဲ တက်သစ်စတွေပါပဲ။ တစ်ယောက်တည်း မီးပိတ် အမှောင်ထဲ ကြည့်လို့တော့ မလွယ်မဲ့ကားမျိုးပေါ့။ ဘာသာပြန်ရင်းတောင် ကျောချမ်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 1.85GB, 491MB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 35Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y, TSK

7.4 2022 95 mins
Talk to Me
Rucker the Trucker
4

Rucker the Trucker (2022) =================== ဒီတစ်ခါ ထရပ်ကားလေးနဲ့ပုံဆွဲရအောင်… ဘာပုံလဲဆိုတော့… လူပုံပါ ဘယ်သူ့ပုံလဲဆိုတော့… ချစ်လှစွာသောဇနီးပုံလေးပေါ့ ထရပ်ကားမောင်းရတာကို အရမ်းသဘောကျလွန်းလို့ လမ်းမပေါ်မှာပဲ နေ့ရက်တွေကုန်ဆုံးခဲ့တဲ့ ရပ်ကာ ကတော့ သူ့မိန်းမကိုအရမ်းချစ်ပါသ တဲ့။ ချစ်လွန်းလို့ မိန်းမရဲ့ရုပ်ပုံလွှာကို မြေပုံပေါ်မှာအစက်လေးတွေချပြီး ရုပ်ပုံပေါ်အောင်လုပ်ကာ သူ့အချစ်ကိုသက်သေပြချင်နေပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူ့ကိုစွန့်ခွာခဲ့တဲ့ ဇနီးဟောင်းဒါလိန်းကို သူ့ဆီပြန် လာစေချင်တာပါ။ သူ့ရဲ့မဟာဖန်တီးမှုကို မှတ်တမ်းရုပ်ရှင်အဖြစ်ရိုက်ကူးပြီး လိုက်ကူညီပေး နေတာ မက်ဂီလို့ခေါ်တဲ့အပျော်တမ်းဓါတ်ပုံဆရာတစ်ယောက်။ ပြီးတော့ ထရပ်ကားမောင်းဆရာတွေရဲ့ဘဝကိုလည်း စိတ်ဝင်စားတာကြောင့် အင် တာဗျူးတွေလုပ်ပြီး ရပ်ကာနဲ့အတူ မြေပုံပေါ်မှာပုံရိပ်ထင်အောင် ကြိုးစား ပေးနေတဲ့သူပေါ့။ ဒါပေမဲ့ ရပ်ကာက မြေပုံပေါ်က အစက်လေးတွေနေရာ ကို ဘယ်လိုရွေးချယ်ခဲရ့လဲ၊ မက်ဂီကရော သူစိမ်းတစ်ယောက်ရဲ့ဖန်တီးမှုမှာ ဘာလို့ကူညီပေးခဲ့တာလဲ၊ ရပ်ကာရဲ့ဇနီးဟောင်း ဒါလိန်းကရော ဘယ်လောက် ထိ အရေးပါလဲဆိုတဲ့မေးခွန်းတွေအတွက်တော့… ကြာပါတယ်ဗျာ…. ရုပ် ရှင်ကိုဆက်ကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(1.66 GB) / (712 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Thriller Translator……Jo Jo Va Encoder……….SWM

4 2022
Rucker the Trucker
Perdida
6.1

Perdida (2023) ============ IMDb Rating – 6.1/10 မတူညီတဲ့ ခေတ်နှစ်ခေတ်ကို အခြေခံထားတဲ့ ပေါ်တူဂီစကားပြော ဘရာဇီး အချစ်ကားလေး ဖြစ်ပါတယ်။ ဆိုဖီယာဆိုတာက လက်ရှိအချိန်ကာလမှာ စာအုပ်ထုတ်ဝေရေးတိုက်က ရှေးဂန္ဒဝင်စာအုပ်တွေကို ချစ်မြတ်နိုးတဲ့ ကောင် မလေးတစ်ယောက်၊ အချစ်ဆိုတာကို နာကျင်မှုတွေနဲ့သာ အဆုံးသတ်လေ့ရှိပြီး စာအုပ်တွေထဲမှာသာ ပျော်စရာဇာတ်သိမ်း ရှိနေတယ်လို့ အချစ်ကို အယုံအ ကြည်မရှိ အစွန်းရောက်နေသူလေးပေါ့။ ငယ်စဉ်ကတည်းက တစ်ဦးတည်းရှိတဲ့ သူငယ်ချင်းမလေး နီနာက အချစ်စစ်နဲ့တွေ့ပြီး အိမ်ထောင်ပြုမယ် ယောင်နောက် ဆံထုံးပါတော့မယ်ဆိုတော့ လက်ထပ်တာကို မယုံကြည်သူ ဆိုဖီယာနဲ့ နီနာတို့ စကားများကြပြီး တစ်ယောက်တည်း အိမ်ပြန်လာချိန် ထူးဆန်းတဲ့ အမျိုးသမီး တစ်ယောက်နဲ့ ဆုံစည်းခဲ့ပါတယ်။ ထို အမျိုးသမီးဖြစ်သူက ဆိုဖီယာကို သူ သိပ်နှစ်သက်တဲ့ ရှေးဂန္ဒဝင်စာအုပ်တွေ ထဲကအတိုင်း ၁၈၀၀ ကျော်ကာလဆီကို ပို့ပေးလိုက်ပါတော့တယ်။ အဲဒီမှာ ဆိုဖီ ယာတစ်ယောက် အမျိုးသမီးတွေဆို အပိုးကျိုးကျိုးနေရတဲ့ ရှေးခေတ်ကို ရောက် သွားပြီး လူကုံထံအသိုင်းအဝိုင်းက ရုပ်ချော ဥစ္စာပေါ သူဌေးလေး အီယန်နဲ့ တွေ့ ဆုံလိုက်ရတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဟာသလေးနှောပြီး အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။ အမျိုးသမီးတွေရဲ့ လွတ်လပ်မှုတွေကို ပိတ်ပင်ချုပ်နှောင်ထားတာတွေ အရင်ခေတ် ရဲ့ မတူညီတဲ့ စံနှုန်း ယဉ်ကျေးမှု ဓလေ့စရိုက် ကွာခြားမှုကို ပညာပါးပါး ပုတ်ပြထား ပါသေးတယ်။ ပါဝင်ထားတဲ့ မင်းသား မင်းသမီးလည်း ချောမောပြီး ကျွန်တော်က တော့ အရံလေးတွေကိုတောင် အဓိကမင်းသမီးထက် ပိုသဘောကျမိပါသေးတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.8 GB) / (747 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 55Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Thura Aung Encoder……….SWM

Drama
6.1 2023
Perdida
Saramsha
7

Saramsha 2024 (စာရေးဆရာနဲ့ ဇာတ်ကောင်ကြားက ဇာတ်လမ်းလေးတစ်ပုဒ်) မွေးစားမိဘတွေနဲ့အတူတူနေတဲ့ တေဂျက်စ်ဝီဆိုတဲ့ကောင်လေး၊ သူဟာ စာဖတ်ရတာကို ဝါသနာပါပြီးတော့ စာရေးဆရာဖြစ်ချင်နေခဲ့တဲ့သူတစ်ယောက်ပေါ့။ ငယ်ငယ်လေးကတည်းက ကဗျာတွေလည်းရေးရင်း စာလည်းကြိုးစားလို့ ကျောင်းမှာ ဆရာမတွေရဲ့အချစ်တော်လေး ဖြစ်ခဲ့သူတစ်ယောက်ပေါ့။ သူဟာ မိဘတွေအတွက် အရှင်ကပေးတဲ့လက်ဆောင်လို့ မှတ်ယူရင်း မိဘတွေစိတ်ချမ်းသာအောင်ပဲ အမြဲထားချင်တဲ့ ကလေးလေးတစ်ယောက်ပေါ့။ ဒီမှာ ထူးဆန်းတာက တေဂျက်စ်ဝီရဲ့ စာရေးခုံမှာရှိနေတဲ့ အရုပ်လေးနှစ်ရုပ်က သူနဲ့အတူတူ စကားပြောပေးတာပါပဲ။ ဒီလိုနဲ့ အသက်တွေကြီးလာတော့လည်း စာရေးဆရာဖြစ်ချင်တဲ့ ဝါသနာအရ စာတွေရေးရင်းနဲ့ သူ့ရဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ အာဘေးနဲ့ အပြင်မှာ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့ ……. စာရေးဆရာနဲ့ ဇာတ်ကောင်ကြား ဘာတွေဖြစ်လာမလဲ …… ဒီလို စိတ်ကူးရင်ဆန်တဲ့ ဖြစ်ရပ်တွေကြားမှာ ဘယ်လို စိတ်ခံစားချက်တွေနဲ့ ဘယ်လို ဒရာမာဇာတ်လမ်းတွေ ထွက်ပေါ်လာမလဲ …. တေဂျက်စ်ဝီကရော နောက်ဆုံးမှာ သူဖြစ်ချင်ခဲ့တဲ့ စာရေးဆရာ ဖြစ်လာမလား ….. ဆိုတာတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)

TV Movie • Comedy • Romance
7 2024 132 mins
Saramsha
The Accidental Detective 2: In Action
6.5

The Accidental Detective 2: In Action (2018) IMDb Rating (6.5) ကိုရီးယားမင်းသား Kwon Sang-woo နဲ့ Sung Dong-il တို့ရဲ့ အတည်ပေါက်နဲ့ရယ်နေရမယ့် အက်ရှင်ဟာသစုံထောက်ဇာတ်ကား The Accidental Detective(2015) ရဲ့အဆက် နံပါတ် ၂ ကား လာပါပြီ။ Sherlock Holmes ကိုအားကျပြီး စုံထောက်ဖြစ်ချင်နေတဲ့ ဂန်ဒေးမန်ဆိုတဲ့Comicbook အရောင်းဆိုင်ရှင်ဟာ ဆိုင်ကို ရောင်းပြီး ရဲအုပ်ဟောင်း နိုတေးဆူနဲ့ အတူစုံထောက်အေဂျင်စီတစ်ခု ဖွင့်ခဲ့ပါတယ်။ စိတ်ကူးနဲ့လက်တွေ့က ကွာခြားလွန်းလေတော့အမှုအပ်မဲ့လူမရှိပဲ အိမ်က မိန်းမတွေရဲ့ အငြိုအငြင်ခံနေရတဲ့ သူရဲကောင်းကြီးတွေပေါ့။ ရထားတိုက်သေပြီး ရဲတွေက မတော်တဆမှုလို့အမှုပိတ်လိုက်တဲ့ အမှုကို ပြန်လိုက်စေချင်သူကျန်ရစ်သူ အမျိုးသမီးတစ်ယောက်ရဲ့ အမှုကိုလက်ခံလိုက်မိရာက.. အမှုကြီးတစ်ခုနဲ့ ပက်သက်မိပါတော့တယ်။ Running Man ထဲက သစ်ကုလားအုတ် လီဂွမ်ဆူရဲ့ မျက်ခွက်ပြောင် ပုံစံတွေလည်းမြင်ရဦးမှာပါ။ တနေ့တာအမောတွေကို စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးဟာသဆန်ဆန်ကားလေး ကြည့်ချင်ရင် ကြည့်ကိုကြည့်သင့်တဲ့ကားလို့ Recommend ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ ရှေ့ကဇာတ်ကားကိုတော့ ဒီမှာ https://www.channelmyanmar.to/?s=accidental+detective ကြည့်ပါ။

Family • Comedy • Adventure • Romance
6.5 2018 116 mins
The Accidental Detective 2: In Action
We Were Soldiers
7.2

We Were Soldiers (2002) IMDb Rating (7.2)/ Ritten Tomatoes (63%) အကောင်းဆုံး စစ်ပွဲ‌နောက်ခံ ဇာတ်ကားတွေအကြောင်း ပြောကြတဲ့အခါ မင်းသားကြီး Mel Gibsonရဲ့ We were Soldiers ကလည်း မပါမဖြစ်တဲ့ ဇာတ်ကားတစ်ခုပါပဲ။ ဗီယက်နမ်နဲ့ အမေရိကန်တို့ စစ်မက်ဖြစ်ပွားခဲ့တဲ့ ၁၉၆၅ ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို ပြောရရင် စစ်ဗျူဟာတွေ၊ အနိဋ္ဌာရုံတွေဦးစားပေးထားတာမျိုး မဟုတ်ဘဲ အမေရိကန်စစ်သားတွေရဲ့ ဘဝနဲ့ခံစားချက်၊ ခေါင်းဆောင်တစ်ဦးရဲ့တာဝန်နဲ့ ဝတ္တရား‌တွေ၊ အမိမြေမှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ပူဆွေးသောကနဲ့ဂုဏ်ယူစိတ်တွေစတဲ့ စိတ်ခံစားချက်တွေကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးစစ်ကားတွေဆိုတာ စစ်ပွဲအကြောင်းထက် စစ်ဆိုတာကို ကြောက်တတ်လာအောင် ဖန်တီးပေးစမြဲဆိုတဲ့ စကားအတိုင်းပဲ ဒီရုပ်ရှင်ကလည်း စစ်ရဲ့ဆိုးရွားပုံတွေကို ထင်ထင်ရှားရှား ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း အမှတ်၇ လေသူရဲတပ်ကို ဦးဆောင်ရတဲ့ ဗိုလ်မှူးဟယ်မိုးနဲ့တပ်ဖွဲ့ဟာ မထင်မှတ်ထားဘဲ ဗီယက်နမ်နိုင်ငံရဲ့စစ်တပ်ကြီးတစ်ခုလုံး အခြေစိုက်ထားတဲ့ နယ်မြေထဲကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါတယ်။ အဲဒီနေရာကတော့ လွန်ခဲ့တဲ့၁၁နှစ်က ပြင်သစ်စစ်သားတွေ အစုပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ လာဒရောင်ဒေသ ဖြစ်နေတာပါ.. အင်အားချင်းမမျှသလို အဘက်ဘက်က ပိတ်ဆို့ခံရပြီး ညှပ်တိုက်ခံနေရတဲ့ ဗိုလ်မှူးကြီးဟယ်မိုးနဲ့ တပ်ဖွဲ့အနေနဲ့ ဒီလိုအကျပ်အတည်းကနေ ဘယ်လိုလွတ်မြောက်အောင်ရုန်းကန်ကြိုးစားသွားမလဲ၊ အဲဒီတိုက်ပွဲက ဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို JimX မှ တင်ဆက်ထားပါတယ်။)

Action • Adventure • Thriller
7.2 2002 138 mins
We Were Soldiers