YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

[CM]Hwarang.2016.E03.1080p.WEB-DL.mp4

1.36 GB 1080p video/mp4 336 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mohabbatein
7

အမီတာဘချမ်း ၊ ရှရွတ်ခန်း ၊ Aishwarya Rai တို့နဲ့ ဒီဇာတ်ကားက Musical,Romanace,Drama အမျိုးအစား နာမည်ကြီး ဘောလိဝုဒ် ဇာတ်ကားဖြစ်ပါတယ်။ ဟင်ဒီလို Mohabbatein ဆိုတဲ့ဇာတ်ကားနာမည်က မြန်မာလိုဆို " အချစ်ပုံပြင် " လို့ဆိုရမှာပေါ့... ဇာတ်လမ်းကတော့... ကျောင်းမှာ ကျောင်းသူကျောင်းသားအချင်းချင်း မချစ်ရမကြိုက်ရ ရိုမန့်တစ်ဆန်ခြင်းတွေကို မလုပ်ရဆိုပြီး တားမြစ်ထားတဲ့အရမ်းကိုစည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီး... သူ့ရဲ့သမီးဖြစ်သူနဲ့ ကောင်လေးတစ်ယောက်ချစ်ကြိုက်နေကြတာကိုသိသွားတဲ့အခါမှာတော့... ချစ်သူနှစ်ဦးကို မကွဲကွဲအောင်ခွဲကြတဲ့ အတ္တမာန်မာနတွေကြား အချစ်ပုံပြင်တစ်ပုဒ်ဟာ ဝမ်းနည်းဖွယ်ရာဖြစ်သွားပါတော့တယ်။ ဒါပေမယ့် နှစ်အနည်းငယ်ကြာပြီးနောက် ကောင်လေးက ကျောင်းအုပ်ကြီးကို လက်စားချေဖို့ ဂီတဆရာအဖြစ်နဲ့ ကျောင်းကိုပြန်လည်ရောက်ရှိလာတဲ့အခါမှာ.... စည်းကမ်းအရမ်းကြီးပြီး အချစ်ကိုအယုံအကြည်မရှိတဲ့ ကျောင်းအုပ်ကြီးနဲ့ အချစ်ကိုအပြည့်အဝယုံကြည်ပြီး ချစ်တတ်တဲ့လူငယ်တစ်ယောက်ရဲ့ အားပြိုင်မှုတွေကို ခံစားမှုရသပေါင်းစုံနဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဘာသာပြန်သူနဲ့ အညွှန်းရေးထားသူကတော့ Iker Zaw ဖြစ်ပါတယ်။) File size…(4.6 GB) and (2.2 GB) Quality….BluRay 1080p HEVC and 720p Format…mkv/mp4 Duration….03:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Iker Zaw

Comedy
7 2000 216 mins
Mohabbatein
The Running Man
6.5

ဒီဇာတ်ကားက ၁၉၈၇ မှာထွက်ခဲ့တယ်။ ဇာတ်လမ်းက အဲဒီအချိန် ၁၉၈၇ ကနေ အနာဂတ်နှစ်ပေါင်းသုံးဆယ်ကို ကြိုမှန်းပြီး ၂၀၁၇ မှာ ဇာတ်အိမ်တည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကာလံဒေသံနဲ့တော့ အင်မတန်ကိုက်ညီတဲ့ ဇာတ်ကားပါပဲ။ ၂၀၁၇ မှာ တကမ္ဘာလုံးစီးပွားပျက်ကပ်ကြီးဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေလျော့ကျ၊ သံယံဇာတတွေ ရေနံ သဘာဝဓာတ်ငွေ့တွေလည်း နည်းပါးပြတ်လပ်လာခဲ့တာ တကမ္ဘာလုံးမှာပါပဲ တဲ့။ အဲလိုအချိန်မှာ အမေရိကန်နိုင်ငံမှာ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေပါသတဲ့။ စာရေးဆရာနှယ် စိတ်ကူးမှယဉ်တတ်‌သေးတယ်ဗျာတယ်။ (တကယ်တော့ အဲဒီဇာတ်လမ်းဟာ စာရေးဆရာ Stephen Kingက ကလောင်ခွဲတစ်ခုနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထု The Running Manကိုပဲ အခြေတည်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။) တနိုင်ငံလုံးကို စစ်နယ်မြေဇုန်တွေခွဲပြီး သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပါသတဲ့။ စာပေ ဂီတအပါအဝင် အနုပညာအားလုံးကို ဆင်ဆာပိတ်ထားတယ်။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလို့ မရှိစေရ။ တစ်နေရာနဲ့တစ်နေရာ စာရေး၊ဖုန်းဆက်ခွင့် မပြု။ ခရီးသွားချင်ရင် အစိုးရထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ရှိမှ သွားခွင့်ရှိတယ်။ အိမ်ပြင်ထွက်ရင်တောင်မှ သွားလာခွင့်လက်မှတ်ဆိုတာကို အမြဲဆောင်ထားရမတဲ့။ ညမထွက်ရအချိန်ကျော်မှထွက်လို့မိရင် ထောင်ဒဏ်တသက်တကျွန်းဆိုပဲ။ ရုပ်မြင်သံကြားကို အစိုးရက လုံးဝထိန်းချုပ်ထားတယ်။ ရုပ်မြင်သံကြားနဲ့ပဲ နာရီမလပ် ဝါဒဖြန့်တယ်။ လူတွေဆန္ဒပြဆူပူဖို့ အာရုံမရောက်အောင် ရုပ်မြင်သံကြားကနေ The Running Man ဆိုတဲ့ ဂိမ်းရှိုးတစ်ခု အမြဲပြပေးတယ်။ အဲဒီရှိုးကလည်း အလွန်လူကြိုက်များတဲ့အစီအစဉ်ဖြစ်လာခဲ့ပါတယ်။ ထောင်ကျနေတဲ့ရာဇဝတ်သားတွေကို ငလျင်ကြောင့်ပျက်စီးနေတဲ့နယ်မြေတစ်ခုထဲကို သွင်းပြီး သူ့နောက်ကနေ ကြေးစားလူသတ်သမားတွေက လိုက်သတ်တယ်။ သုံးနာရီပြည့်လို့မှ အသတ်မခံရသေးရင် သူနိုင်တယ်ပေါ့လေ။ နိုင်ရင် လွတ်ငြိမ်းချမ်းသာခွင့်ရပြီပေါ့။ အဲဒီအစိုးရတီဗီက အမြဲပြောလေ့ရှိတာကတော့ ကိုယ်တိုင်မျက်မြင်ဖြစ်မှယုံကြပါ တဲ့။ ဟုတ်ကဲ့ သူတို့တီဗီမှာပြနေတဲ့ဟာတွေအားလုံးကတော့ အမှန်တရားကို ပုံဖျက်ပြီး editing လုပ်ထားတဲ့ဟာတွေချည်းပါပဲ။ လူတွေကလည်း ကာလကြာလာတော့ ယုံလာကြတာပါပဲ။ ကလေးတွေအတွက် ကျောင်းဆိုတာ မရှိတော့ပါဘူး။ ကလေးတွေကို စစ်သင်တန်းပဲတက်ခိုင်းပြီး ဦးနှောက်ဆေးတယ်။ မိဘ၊မိသားစုဝင်တွေထဲက တော်လှန်ရေးသမားတွေရှိရင်၊အစိုးရမကောင်းကြောင်းပြောတဲ့သူတွေရှိရင် သတင်း‌ပို့ရမယ်လို့ သင်ပေးတယ်။ အဲလိုသတင်းပေးရင် မုန့်ဖိုးနှစ်ဆပေးသတဲ့။ Gorge Orwell ရဲ့ 1984 ထဲက အငွေ့အသက်တွေကိုပါ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့လည်း ဖိလွန်းရင်ကြွ ထိလွန်းရင်ချ ဆိုသလိုပဲ အဲဒီအာဏာရှင်အစိုးရကို တော်လှန်နေသူတွေလည်း ရှိပါသေးတယ်။ လူအရေအတွက်အနည်းငယ်သာရှိတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့လေးတစ်ခုပေါ့။ အဲလိုကာလမှာ ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဘန် ရစ်ချတ် (Arnold Schwarzenegger) ဟာ သူတကယ်မကျူးလွန်ဘဲ အကွက်ဆင်ခံလိုက်ရတဲ့ အမှုကြီးတစ်ခုအတွက် ထောင်ကျခံနေရာကနေ သူငယ်ချင်းတစ်စုနဲ့အတူ ထောင်ဖောက်ပြေးပြီး လွတ်မြောက်လာခဲ့ပါတယ်။ လွတ်မြောက်လို့ရက်သိပ်မကြာသေးခင်မှာပဲ ကံမကောင်းအကြောင်းမလှစွာနဲ့ ပြန်အဖမ်းခံရပြီး the Running Man အစီအစဉ်ထုတ်လုပ်သူ ၊ နာမည်ကျော်အစီအစဉ်တင်ဆက်သူကြီး ဒေမွန် ကီလီယံ ရဲ့လက်ထဲကို ရောက်သွားပါတော့တယ်။ မင်းသားကြီး အာနိုး ရဲ့ နုစဉ်အခါက သရုပ်ဆောင်ပုံဘယ်လိုရှိခဲ့တယ်ဆိုတာ အကဲဖြတ်ခံစားရင်း၊ ဒီဇာတ်ကားထဲက လူတွေရဲ့ အခြေအနေတွေကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ရှုရင်း နဲ့ စိတ်ကူးယဉ်မဆန်တဲ့ စိတ်ကူးယဉ်ဇာတ်ကားလေးကို အားပေးကြည့်ရှုကြပါဦး လို့ တိုက်တွန်းလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားတာပါ။) File size…(10 GB)/(2.6 GB)/(999 MB) Quality….BluRay 4K HEVC/1080p HEVC / 720p Format…mkv/mp4 Duration….01:40:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Science Fiction • Thriller
6.5 1987 101 mins
The Running Man
Oh My Ghost
6

Oh My Ghost (2022) IMDb 6.1 အခုတင်ဆက်ပေးမှာကတော့ ပုရိသတို့အသည်းစွဲ မင်းသမီးSunny Leone ရဲ့ အမိုက်စားသရုပ်ဆောင်မှုတွေပါဝင်တဲ့ သရဲကားပဲဖြစ်ပါတယ် ဂျန်ဂျမား vibe လိုမျိုးပြန်ရမဲ့ဒီကားက ဇောက်ထိုးခြောက်မဲ့အခန်းတွေရောအတည့်ခန်းတွေပါပါမှာမို့ Horror စစ်စစ်မှကြိုက်ပါတယ်ဆိုသူများအတွက် ရှယ်ဖြစ်နေမှာပါ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက… ရက်စက်ကြမ်းကြုတ်တဲ့အရှင်မတစ်ပါးရှိတယ် သူမခံတပ်မြို့ဆီဘယ်ယောကျာ်းသားမှမကပ်ရဲလောက်အောင်ကြမ်းတဲ့သူပေါ့ ဒါပေမဲ့အဲဒီခေတ်မှာ သူမကအရှင်လတ်လတ်မြေမြှုပ်ခံခဲ့ရပြီး သူမရဲ့ကျိန်စာနဲ့အတူ ဝိဉာဉ်ကလည်းမကျွတ်လွတ်ဘဲ သွေးကြွေးဆပ်ဖို့ ယနေ့ခေတ်ထိတိုင်အောင်ရှိနေလေတယ် မျက်မှောက်ခေတ်မှာတော့…ဘုရင်မသွေးကြွေးဆပ်ရမဲ့လူကလူပြန်ဝင်စားလာခဲ့ပါတယ် သူကတော့ ဇာတ်လမ်းတွေရေးပြီး ပရိုဂျူဆာလိုက်ရှာနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်နေတာပါ ဒီလိုနဲ့ နှစ်ပေါင်းထောင်ချီကရန်ငြှိုးတွေ အကြေဆပ်ရမဲ့အချိန်ရောက်လာပြီး ဘုရင်မဝိဉာဉ်နိုးထလာခဲ့ချိန်မှာတော့….ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ အခုပဲအပြေးဒေါင်းကြည့်လိုက်ပါရှင် File size…2.35GB / 1.04GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl~Yunni~Khin Khin

6 2022 125 mins
Oh My Ghost
Fool’s Paradise
6

Fool’s Paradise(2023) ********************* ဒီဇာတ်လမ်းလေးကတော့ ရုပ်ရှင်လောကအကြောင်း‌ သရော်ထားတဲ့ Comedyကားလေးပါ။ အနုပညာလောကရဲ့ ကျော်ကြားမှုတွေ၊ ဂုဏ်‌တွေ၊ ငွေတွေနောက်လိုက်ကြတဲ့သူတွေရဲ့ ဇာတ်ကြောင်းဘဝတွေပါ။ အနုပညာရှင်တွေဆိုတာ နေ့ချင်းညချင်းနာမည်ထကြီး၊ နေ့ချင်းညကြီးပဲ ခွက်ပျောက်ဖြစ်သွားတဲ့သဘောရှိပါတယ်။ ဒီလောကထဲမှာပဲ နာမည်ကြီးစဥ်က ကပ်ဖားယပ်ဖားလုပ်ပြီး အရှိန်အဝါမှေးမှိန်သွားမှ ပစ်ချတတ်တဲ့ အေဂျင်စီတွေရဲ့ သဘောကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဇာတ်လမ်းကြောင်းအနေနဲ့ စကားလည်းမပြောတတ်၊ ဉာဏ်ရည်ကလည်း ငါးနှစ်ကလေးသာသာ ကျပ်မပြည့်တဲ့သူတစ်ယောက် အနုပညာလောကကြီးမှာနာမည်ကြီးဖြစ်လာပုံကိုရိုက်ကူးပြထားတာပါ။ တစ်ကားလုံးမှာမှ စကားက လေးလုံးပဲပြောသွားပါတယ်။ သူ့ကို အမှီပြုပြီး ဖြတ်ခုတ်တွေ၊ ကပ်ဖားတွေ၊ အချောင်စားချင်တဲ့သူတွေအကြောင်းမြင်တွေ့ရမှာပါ။ Mr. Beanလို စကားမပြောဘဲ ဝါးလုံးကွဲရယ်ရအောင်လုပ်ပြတဲ့ကားမျိုးတော့မဟုတ်ပါဘူး။ သရော်ကားဖြစ်တာနဲ့အညီ လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ တစ်ပတ်ရိုက်အကွက်တွေ မြင်တွေ့ရမယ့်ကားမျိုးပါ။ File Size : (2.2GB)and (703MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:38:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

6 2023 99 mins
Fool’s Paradise
Bank of Seoul

Bank of Seoul (2019) တစ်နေ့ တစ်နေ့ အလုပ်ပဲလုပ်နေရင်းကနေ စိတ်ဖိစီးမှုတွေရပြီး မိသားစုအတွက် အလုပ်လုပ်နေတာပေမဲ့ မိသားစုကိုတောင် အချိန်မပေးနိုင်၊ ကောင်းကောင်းတောင် မအိပ်နိုင်ဖြစ်ရတဲ့ အလုပ်သမားတွေရဲ့ ဘဝကို ထင်ဟပ်စေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းတိုလေးမှာတော့ အလုပ်တွေဖိလုပ်ရင်း အိပ်ချိန်မရှိတဲ့အခါ အိပ်ချိန်ချေးပေးတဲ့ဘဏ်ကို ရောက်ရောက်သွားပြီး နောက်ဆုံး အိပ်ချိန်အကြွေးကို ပြန်မဆပ်နိုင်တဲ့အခါ သေဆုံးသွားမဲ့ အလုပ်သမားတွေအကြောင်းကို ရိုက်ကူထားပါတယ်။ အလုပ်ဘယ်လောက်များများ အိပ်ချိန်ကိုတော့ ကောင်းကောင်းအိပ်ပေးဖို့ အသိဝင်စေတဲ့ ပညာပေးဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အလုပ်ရှိလို့မဟုတ်ဘဲ ညလုံးပေါက် လိုင်းသုံးနေရင်းနဲ့လည်း အိပ်ချိန်ချေးပေးတဲ့ဘဏ်ကို ရောက်သွားပြီး အိပ်ချိန်အကြွေး ပြန်မဆပ်နိုင်ဘဲ ဂိန်သွားနိုင်ကြောင်းလည်း အသိတရားရကြပါစေ။ Genre….. Drama, Thriller Quality…. 1080p | 720p File size…346MB | 112MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kppks Encoder ….. Aaron

0 2019
Bank of Seoul
The Search for Secret Santa
5.7

“လျှို့ဝှက်ဆန်တာရှာပုံတော်” ခရစ်စမတ်အားလပ်ရက်မှာ အလွတ်တန်းသတင်းထောက်မလေးဆိုဖီယာက တိုက်ခန်းတစ်ခန်းမှာငှါးနေဖြစ်ခဲ့ပါတယ်၊တနေ့ဆိုဖီယာဟာ ပစ္စည်းတွေကို စတိုခန်းထဲသွားထားရင်း အဲ့မှာ မဖောက်ရသေးတဲ့ခရစ်စမတ်လက်ဆောင်လေးကိုတွေ့လိုက်ရပါတယ်။ အက်ဘီဂေးလ်အတွက်လျှို့ဝှက်ဆန်တာကပေးထားတာလေးပါ။ ဒါပေမဲ့လက်ဆောင်ကနှစ်ပေါင်းအတော်ကြာထိပိုင်ရှင်ဆီလည်းမရောက်သေးတော့သတင်းထောက်ပြီပြီစူးစမ်းရင်းဆောင်းပါးလေးပါရေးဖြစ်ပါတော့တယ်၊လက်ဆောင်ထဲမှာဘာတွေပါလဲ၊ လျို့ဝှက်ဆန်တာကဘယ်သူလဲ၊အက်ဘီဂေးလ်ဆိုတာဘယ်သူလဲ၊ ဘာလို့လက်ဆောင်ကဒီအတိုင်းရှိနေရသေးတာလဲစသဖြင့်မေးခွန်းတွေကိုအဖြေရှာသွားမှာဖြစ်ပါတယ်။ ရှာပုံတော်ခရီးစဉ်ကိုပါဝင်အားဖြည့်ပေးတာတော့ရှေးဟောင်းပစ္စည်းတွေကိုစိတ်ဝင်စားတဲ့ဂျက်ဆင်ဖြစ်ပြီး နှစ်ဦးသားအဖြေရှာရင်းနှလုံးသားရေးရာအဆင့်တွေဘယ်လိုတက်သွားမလဲဆိုတာ ခရစ်စမတ်အငွေ့အသက်နဲ့ ရိုမန့်စ်ဆန်ဆန်ကြည့်ရမှာပါ။ File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

5.7 2022
The Search for Secret Santa
Old School
7

ဒီဇာတ်ကားလေးကိုကြည့်ရင်း ကျွန်တော်သတိရမိတာက Superbad တို့ American Pie တို့လို ကျောင်းသား comedy ကားတွေကိုပါပဲ။ တစ်ခုရှိတာက အဓိကဇာတ်ဆောင်တွေက ကျောင်းသားတွေ မဟုတ်ကြဘူး၊ ဒါပေမယ့် ကျောင်းသားဟာသကားပါပဲ။ ဇာတ်လမ်းက မစ်ချ်မာတင်လို့ခေါ်တဲ့ သတ်လတ်ပိုင်း လူတစ်ယောက် အိမ်ကိုစောစောစီးစီးပြန်လာတဲ့အခါ ‌ အရိုးရဲ့ ‌‌‌အော်ပရာသီချင်းကိုလက်တွေဘဝမှာ ကြုံလိုက်ရပါတော့တယ်၊ ပိုတောင်ဆိုးသေးတယ်ဗျ သူ့မိန်းကလိင်စိတ်တော်တော်ပြင်းပြတော့ ယောကျ်ားခရီးသွားတိုင်း အဖွဲ့လိုက်ကြီးလုပ်နေကျ။ အဲဒီလိုနဲ့ စိတ်ဒဏ်ရာရသွားတဲ့ မစ်ချ်ကို သူ့သူငယ်ချင်းတွေကအရာအားလုံးကို ‌မေ့နိုင်အောင်ကူညီဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လိုတွေကူညီကြမှာလဲဆိုတာကို အလွဲအချော်လေးတွေနဲ့ တင်ဆက်ထားလို့ အတော်ကိုရယ်ရပါတယ်ခင်ဗျာ။ ‌ ဇာတ်ဆောင်တွေအနေနဲ့ကလဲ comedyချစ်သူပုရိတ်သတ်နဲ့မစိမ်းတဲ့ Charlie’s Angel, Death at a funeral, Idiocracy တို့မှမင်းသား Luke Wilson ပါမက Step Brothers, Anchor Man, Zoo Lander တို့မှမင်းသား Will Ferrell အပြင်ကို Wedding Crushers, The Watch, Zoo Lander တို့မှ Vince Vaughn တို့လို ဟာသကျော်ကြီးတွေ သုံးယောက်ပေါင်းဘယ်လိုလောင်းကျော်ထားမလဲဆိုတာကို ကြည့်ရမှာဖြစ်တဲ့အပြင် IMDB 7.0 တောင်ရထားတာဆိုတော့ မြည်းစမ်းကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ File size… 3 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28 Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac

7 2003 92 mins
Old School
Humanist Vampire Seeking Consenting Suicidal Person
7.2

Humanist Vampire Seeking Consenting Suicidal Person (2023) ~ IMDb – 7.2/10, Rotten Tomatoes – 82% ~ “ရိုးရှင်းခြင်း၌ အလှတရားရှိ၏” တဲ့။ အိုင်ဒီယာလည်းမဆန်းဘူး။ တင်ပြပုံလည်းမဆန်းဘူး။ ဆန်းတာက ဒီလိုတင်ပြသွားလို့ လှသွားတဲ့အချက်ပဲ။ တခြားကားတွေမှာဆိုရင်တော့ ဒါက သိပ်မဆန်းဘူး။ ဒီမှာဆန်းတာက ဇာတ်က အိုင်ဒီယာမဆန်းပေမဲ့ ဆန်းဆန်းပဲတင်ပြကြတတ်ကြတဲ့ဇာတ်မျိုး။ ဒါကို ရိုးရိုးလေးပြသွားတော့ ဆန်းသွားတယ်။ ဇာတ်က Vampire ဇာတ်။ ဒါမဲ့ Vampire ဇာတ်လို့ မထင်ရအောင် ရိုးရှင်းတယ်။ ဗင်ပိုင်းယားမလေးရဲ့မွေးနေ့မှာ သူ့မိသားစုဝင်တွေက သူ့ကို သွေးသောက်စရာလူတစ်ယောက်ရှာလာပေးတယ်။ ပထမဆုံးသွေးသောက်ဖို့ပေါ့။ ဒါပေမဲ့ ကောင်မလေးက သနားတတ်လွန်းတော့ မသောက်ရက်သလို သူ့အစွယ်ကလည်း ထွက်မလာဘူး။ ဒီတော့ ဗင်ပိုင်းယားဆရာဝန်တွေဆီ သွားပြတယ်။ စိတ်ရောဂါဖြစ်မယ်လို့ ထင်ကြေးပေးလိုက်ကြတယ်။ ဒီနောက် သူ့ကို‌ လူ့သွေးသောက်တတ်အောင် သင်ပေးဖို့ သူ့အစ်မဝမ်းကွဲဆီ ပို့ထားလိုက်ကြတယ်။ ဒီကားရဲ့ နာမည်ကို ကားနဲ့ဆီလျော်ပြီး နားလည်လွယ်အောင်‌ ပြောရရင် “သတ်သေချင်သူများအား မေတ္တာဖြင့် သတ်ဖြတ်ပေးမည့် လူသားဆန်သူ ဗင်ပိုင်းယားမလေး”တဲ့။ ဆိုတော့ ဘာတွေဆက်ဖြစ်မလဲ ရိပ်ဖမ်းသံဖမ်းတော့ သိလောက်ရောပေါ့။ Humanist Vampire Seeking Consenting Suicidal Person ဟာ ရိုးရိုးလေးနဲ့ ဇာတ်ဝင်ခန်းတွေက ကြည့်လို့ကောင်းနေတဲ့ ရုပ်ရှင်မျိုးပေါ့။ အားလုံးနဲ့ အံကိုက်ဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 855MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 30Min Genre – Comedy, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2023 91 mins
Humanist Vampire Seeking Consenting Suicidal Person
April Story
7.1

April Story (1998) ~ IMDb – 7.1/10, Rotten Tomatoes – 81% ~ Directed by “Shunji Iwai” ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ တရုတ်ကားကို ကြည့်ရင်ကို ဒါက မြင်သာတယ်။ ကျွန်တော်တို့ရဖူးတဲ့ သူတို့အရသာတွေ အပြည့်အဝမရတော့ဘူး။ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားကားဆို ဂျပန်ကားလို့ပြောရမှာလည်း အဆင်မပြေသလို ကိုရီးယားလို့တပ်ဖို့လည်း မဖြစ်နိုင်ဘူး။ Wim Wenders ကတော့ ဂျပန်ကားကို အောင်မြင်အောင်ရိုက်နိုင်ခဲ့တယ်။ အိုဇုနဲ့ ဂျပန်စီနီမာကို ချစ်တာကြောင့် ဒီစီနီမာနဲ့သိပ်ရင်းနှီးနေတာကြောင့်လားတော့ မသိနိုင်ဘူး။ ဆိုလိုရင်းကတော့ ဂျပန်ရုပ်ရှင်တွေရဲ့ အငွေ့အသက်က သီးခြားရပ်တည်နေတယ်။ တခြားနိုင်ငံက သရုပ်ဆောင်တွေသုံးပြီး ဂျပန်ရဲ့ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေရိုက်တောင် ဂျပန်ရုပ်ရှင်အငွေ့အသက် အပြည့်ရမှာမဟုတ်ဘူး။ Shunji Iwai ကတော့ အဲဒီဂျပန်ရုပ်ရှင်ရဲ့ အငွေ့အသက်ကို အပေးနိုင်ဆုံး ဒါရိုက်တာလို့ ကျွန်တော်တော့ ပုဂ္ဂလိက အမြင်အရ မြင်တာပဲ။ အီဝေရဲ့ ရုပ်ရှင်အားလုံးနီးပါးဟာ ရိုးရှင်းတယ်။ လှပတယ်။ ဒါပေမဲ့ ထိခတ်တယ်ဆိုတဲ့ အမျိုးအစားတွေပဲ။ ဧပရယ်စတိုရီမှာဆိုလည်း ဇာတ်လမ်းကြာချိန်က ၆၇မိနစ်။ အကြောင်းအရာက ကောင်မလေးတစ်ယောက် အေးချမ်းအေးစိမ့်တဲ့ ဟော့ခိုင်ဒိုကနေ နွေးထွေးစည်ကားတဲ့ တိုကျိုကို တက္ကသိုလ်သွားတက်တဲ့ ကနဦးအချိန်ကို ရိုက်ပြထားတာ။ တိုကျိုရောက်တယ်။ နေရာချတယ်။ ကျောင်းတက်တယ်။ သူငယ်ချင်းတွေတွေ့တယ်။ ကျောင်းမှာနည်းနည်းဖြတ်သန်းပြတယ်။ တိုကျိုမှာ တစ်ကိုယ်ရေနေနေတဲ့ သူ့ဘဝကိုပြတယ်။ ဒါပဲ။ ဘာမှမပိုဘူး။ အဲဒီကောင်မလေးနေရာက Takako Matsu က သရုပ်ဆောင်ထားတယ်။ သူ့ရဲ့ဓာတ်ရယ် အီဝေရဲ့ဓာတ်ရယ် ပေါင်းလိုက်တဲ့အခါ ဒီရိုးရှင်းတဲ့ဇာတ်လမ်းက ဘာမှပြစရာမရှိတော့တာတောင် တိုလွန်းတယ် ခံစားရတဲ့အထိ အရသာပေါ်လာတယ်။ တစ်ခန်းမှာ ကျွန်တော်ပြေးမြင်တာက ကိုရီးယားရိုမန့်တွေထဲ ကျွန်တော်အကြိုက်ဆုံးဖြစ်ဖူးတဲ့ဖြစ်နေဆဲဖြစ်တဲ့ The Classic က အလှဆုံးအခန်းကိုပဲ။ အဲဒီအခန်းဟာ The Classic ကို အလှပဆုံးဖြစ်စေခဲ့သလိုပဲ ဧပရယ်စတိုရီမှာလည်း အလားတူအခန်းက ဒီဇာတ်လမ်းကို ကြည့်လို့မဝနိုင်ဖြစ်သွားစေတယ်။ ၂ကားလုံးကြည့်ဖူးရင်တော့ သတိထားမိကြမှာပါပဲ။ သေချာတာတော့ April Story (1998) ဟာ အီဝေရဲ့အပြတွေကို လူ့ပြည်မှာ နိဗ္ဗာန်တည်ထားသလိုလို့ ပြောကြတာမလွန်ကြောင်း သက်သေတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 650MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 7Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Drama
7.1 1998 67 mins
April Story
Criminal Activities
5.8

Old But Gold ကားလေးတွေပြန်ကြည့်ချင်သူတွေအတွက် ခေတ်ဟောင်းအက်ရှင်မင်းသားကြီးဂျွန်ထရာဗိုတာပါဝင် သရုပ်ဆောင်ထားတဲ့ Criminal Activities ဆိုတဲ့ ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ဇာတ်ကားလေးကိုပြန်လည်တင်ဆက်ပေးလိုက် ပါတယ်။IMDb Rating 5.8 ရရှိထားပြီး ဇာတ်လမ်းအမျိုးအစား ကတော့သည်းထိပ်ရင်ဖိုဒရာမာအမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းကို ဈာပနတစ်ခုမှာစတင်ထားတာကိုတွေ့ရမှာဖြစ်ပြီး အချိန်မတန်သေးပဲ ကွယ်လွန်သွားခဲ့တဲ့သူငယ်ချင်းဖြစ်သူအတွက် သူ့ရဲ့ သူငယ်ချင်းလေးယောက်က ဈာပနပွဲကိုလာတက်ခဲ့ကြပါတယ်။ နောက်တော့ သူငယ်ချင်းတွေစကားလက်ဆုံပြောကြရင်းနဲ့ အောင်မြင်မှာ သေချာတဲ့စတော့ရှယ်ယာကို ရောင်းဖို့ရှိတယ်ဆိုတဲ့ အကြောင်း သူငယ်ချင်းတစ်ယောက်က စကားစလိုက်တဲ့အခါမှာ ယောက်ျားလေးတွေ ထုံးစံအတိုင်း ရရာနေရာကပိုက်ဆံယူပြီး အကုန်ပုံအောထည့်ဝယ်လိုက်ပါတော့တယ်။ကံကြမ္မာဆိုတာကလည်း ထင်သလောက် သဘောမကောင်းတဲ့အခါမှာတော့ စတော့တွေ အကုန်လုံး သုံးစားမရဖြစ်ကုန်ပြီး လူဆိုးဂိုဏ်းဆီက ပိုက်ဆံချေးလာပေးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမှုနဲ့လေးယောက်သား တိုင်ပတ်ကုန်ကြပါတော့တယ်။ဒါပေမယ့် လူဆိုးဂိုဏ်းခေါင်းဆောင်က သဘောကောင်းပြီး သူတို့ကိုရွေးချယ်စရာတစ်ခုပေးခဲ့ပါတယ်။ အဲ့ဒီ ရွေးချယ်စရာကတော့ အဲ့ဒီခေါင်းဆောင်ရဲ့ ရန်သူဖြစ်သူရဲ့ညီကို ပြန်ပေးဆွဲပေးရမှာ ဖြစ်ပြီးအဲ့လိုလုပ်ပေးရင်အကြွေးတွေ အကုန် ချေပေးမယ်လို့ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။ဒီတော့ ဘာမှရွေးချယ် စရာရှိမနေတဲ့ သူငယ်ချင်းလေးယောက်လည်းမရဲတရဲနဲ့ ပြန်ပေးဆွဲဖို့ ကြိုးစားပြီးနောက်မှာတော့ ဘာတွေဆက်ကြုံတွေ့ရမယ်ဆိုတာကို ကြည့်ရှုရမဲ့ Plot Twist ပေါင်းများစွာနဲ့စိတ်ဝင်စားစရာဇာတ်ကား ဟောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…965MB / 440MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre …..Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2015 94 mins
Criminal Activities
The Wedding March
6.3

The Wedding March (2016) IMDb – 6.3/10 ခြောက်ကားမြောက်ထိထွက်ရှိခဲ့တဲ့ အမေရိကန်-ကနေဒီယန် rom-comရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက ပထမဆုံးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကျော် Before trilogyလို ရသမျိုးကို သူ့နည်းသူ့ဟန်နဲ့ ခံစားရစေမယ်လို့ ထင်ပါတယ်။ ရည်းစားဦးကို မြေးဦးရတဲ့ထိတောင် မေ့မရပါဘူးတဲ့။ မစ်ခ်နဲ့ အိုလီဗီယာဆိုတဲ့ စုံတွဲလေးကလည်း ငါ့ကို အသဲခွဲသွားတာဆိုတဲ့ တစ်ဖက်သက်ခံစားချက်ကိုယ်စီနဲ့ ဝေးကွာခဲ့ကြတဲ့ရည်းစားဦးတွေ။ မစ်ခ်ကတော့ သမီးတစ်ယောက်အဖေ မုဆိုးဖိုအဖြစ်နဲ့ သာယာလှပတဲ့ရေကန်အနီးက ဟိုတယ်အသေးစားလေးကို ဦးစီးလုပ်ကိုင်နေသူတစ်ယောက်။ ငယ်ရွယ်စဉ်က အောင်မြင်တဲ့အဆိုတော်ဖြစ်ခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ပရိသတ်တွေနဲ့ဝေးကွာသွားခဲ့သူ။ တစ်နေ့ သူ့ဟိုတယ်လေးမှာ မင်္ဂလာဆောင်မဲ့ အောင်မြင်နေတဲ့အိမ်ခြံမြေပွဲစားတွေအတွက် မဖြစ်မနေ ဧည့်ခံသီချင်းဆိုပေးဖို့ ကြုံလာပါတော့တယ်။ ဖြစ်ချင်တော့ သတို့သမီးက သူ့ငယ်ချစ်ဦး အိုလီဗီယာဖြစ်နေပါရော။ အိုလီဗီယာမှာလည်း ပထမအိမ်ထောင်နဲ့ရတဲ့ မစ်ခ်ရဲ့သမီးနဲ့ရွယ်တူ သမီးတစ်ယောက်ရှိနေပါတယ်။ ငါ့အသဲကိုခွဲသွားတာဆိုတဲ့ ခံယူချက်ကိုယ်စီနဲ့ မျက်နှာချင်းဆိုင်မရဖြစ်နေရာကနေ အကြောင်းအရင်းမှန်ကို သိလိုက်ရတဲ့နောက်မှာ။ မစ်ခ်နဲ့ အိုလီဗီယာတို့ရဲ့ ဇာတ်လမ်းလေးကို တစ်ကားချင်းစီမှာ ရသအမျိုးမျိုးခံစားရစေမှာမို့ အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Comedy, Drama, Family Quality…. 1080p | 720p File size… 1.3GB, 678MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.3 2016
The Wedding March
Gabriel’s Rapture: Part II
5.8

Gabriel’s Rapture: Part II (2022) ********************************* နာမည်ကျော်စာရေးဆရာ Sylvain Reynard ရဲ့ Best Selling Novels Series တွေကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး Gabriel’s Infernoဆိုပြီး (၃)ကားရှေ့မှာ ထွက်ရှိပြီးဖြစ်ပါတယ်…. Gabriel’s Rapture ဆိုပြီးနောက်ထပ် ၃ကားထွက်လာပြီး အခုက ကတော့ Part 2 ဖြစ်ပါတယ်.. ရှေ့ (၄)ကားလည်းတင်ထားပြီးသားဖြစ်ပါတယ်… ဇာတ်ကောင်တွေဖြစ်တဲ့ ဂေဘရီရယ်နဲ့ ဂျူလီယာကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ ဒီအပိုင်းမှာတော့ ဂျူလီယာတစ်ယောက် ဟားဗတ်ကို ဝင်ခွင့်ရသွားပေမဲ့ မမျှော်လင့်ထားတဲ့ တိုင်စာတစ်ခုကြောင့် အကုန်ပျက်စီးမလိုဖြစ်နေတာကို သူတို့အတူ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ထုံးစံအတိုင်း စောင်ကိုက်ပြီး ကြည့်ရှူခံစားကြရမှာပါ။ မင်းသားနဲ့ မင်းသမီးရဲ့ chemistry မိချက်ကတော့ အင်မတန်အားရစရာပါပဲ… File Size : 1.82GB/ 600MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:43:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Tiff

5.8 2022 102 mins
Gabriel’s Rapture: Part II
A European Christmas
5

A European Christmas (2024) ဒီတစ်ခါမှာလည်း မိသားစုနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ၂၀၂၄ ခုနှစ်ထွက် A European Christmas ဆိုတဲ့ ခရစ်စမတ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ တစ်ချိန်တစ်ခါက ခရစ်စမတ်ပေါက်ကားတစ်ကားနဲ့နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာအိုင်ဗီဟာ လက်ရှိမှာတော့ ထုတ်လုပ်သူအကြိုက် လူကြည့်များအောင် ရုပ်ရှင်ရိုက်နေရပါတယ်။ သူဆက်ရိုက်တဲ့ကားတိုင်းဝေဖန်ခံရပြီး တဖြည်းဖြည်းနာမည်ကျလာတဲ့ အိုင်ဗီဟာ ထုတ်လုပ်သူအကြိုက်ရုပ်ရှင်ထပ်မရိုက်ပေးနိုင်ရင် သူ့အိပ်မက်ဖြစ်တဲ့ ဒါရိုက်တာအလုပ်ကို စွန့်လွှတ်ရဖို့ဖြစ်လာပါတယ်။ လူကြည့်များမယ့်ဇာတ်လမ်းအိုင်ဒီယာကိုစဥ်းစားနေတုန်း သူအောင်မြင်ခဲ့တဲ့ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ ခေါင်းဆောင်မင်းသားဟန်တာကို ပြန်ခေါ်ရိုက်နိုင်ရင် လူကြိုက်များမှာပဲလို့ စိတ်ကူးမိသွားပါတယ်။ ဒီလိုနဲ့ မင်းသားဟောင်းဟန်တာရှိတဲ့ ဆားဘီးယားကိုလိုက်သွားရင်း ဆားဘီးယန်းအခြေပြုခရစ်စမတ်ရုပ်ရှင်ရိုက်ကူးဖို့ အိုင်ဒီယာရသွားခဲ့တယ်။ အိုင်ဗီနဲ့ဟန်တာတို့နှစ်ယောက် ဆားဘီးယန်းယဥ်ကျေးမှုထုံးတမ်းတွေ အတူလေ့လာရင်း သံယောဇဥ်တွေနက်ရှိုင်းလာခဲ့ပါတယ်။ အိုင်ဗီတစ်ယောက် ထုတ်လုပ်သူတွေရဲ့ဖိအားအောက်မှာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖန်တီးနိုင်ပါ့မလား ။ ဟန်တာကိုလည်း သူ့ရုပ်ရှင်မှာပါအောင် နားချနိုင်မှာလား။ အလွဲတွေကြားမှာ နှစ်ယောက်သားခံစားချက်တွေကို ဝန်ခံသွားကြပါ့မလားဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆားဘီးယားရဲ့ ယဥ်ကျေးမှုရာဇဝင်နဲ့ ရင်သပ်ရှုမောဖွယ်ရှုခင်းအလှတွေကို မျက်စိပသာဒဖြစ်ဖွယ် ကြည့်ရှုခံစားရမှာပါ။ ရုပ်ရှင်ဒါရိုက်တာအိုင်ဗီအဖြစ် ကက်ပရစ်ဘောရက်နဲ့ မင်းသားနေရာမှာဖစ်လစ်ဘွိုက်တို့က အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Action • Crime • Thriller
5 2024 90 mins
A European Christmas
Jora Kaiya Thattunga
7.7

Jora Kaiya Thattunga 2025 မင်းသား Yogi Babu ပါတဲ့ မျက်လှည့်ဆရာကား အသစ်တစ်ကား ၂၀၂၅ မှာ ထွက်ရှိလာပါပြီ။ တမီးလ်စကားပြော ရုပ်ရှင်ကားလေးဖြစ်ပြီး ဇာတ်လမ်းအကျဉ်းလေးက – မျက်လှည့်ဆရာအဖြစ် အဖေ ငယ်ငယ်က သင်ပေးထားတဲ့ ပညာကို အသုံးချနေတဲ့အချိန် ပတ်ဝန်းကျင် ဝေဖန်တာ ခံရ၊ အဆင်မပြေတာတွေ များခဲ့ရပါတယ်။ ဖခင် နောက်ဆုံးဆန္ဒဖြည့်ဆည်းပေးဖို့ မျက်လှည့်ဆရာလုပ်နေရပေမယ့် နောက်ဆုံး လူ့အသိုင်းအဝိုင်းက ပုတ်ခတ်တာမတောင့်ခံနိုင်တော့ဘဲ ပုံစံတစ်မျိုး ပြောင်းပြီး လက်စားလိုက်ချေတဲ့ Thriller ဇာတ်ကားဆိုလည်း မမှားပါဘူး။ အေးဆေး မျက်လှည့်ပြချင်တဲ့လူက ဝေဖန်သံတွေကြောင့် ဘယ်လိုမျိုး ပြောင်းလဲလာမလဲဆိုတာ ဇာတ်ရှိန်ကောင်းအောင် ရေးသားထားတဲ့ ကားဖြစ်ပါတယ်။ ဒါကြောင့် စီအမ်မဆလာအဖွဲ့က ဘာသာပြန်တင်ဆက်လိုက်ပါတယ်။

7.7 2025
Jora Kaiya Thattunga
Maldoror
6.7

Maldoror (2025) ၁၉၉၅ နဲ့ ၁၉၉၆ခုနှစ်တို့များအကြား ဘယ်လ်ဂျီယံနိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ကွင်းဆက်မုဒိမ်းကောင်/ကွင်းဆက်လူသတ်သမား/ အထူးသဖြင့် ကလေးသူငယ်များကိုပစ်မှတ်ထား ဗလက္ကာရလုပ်သူ ဒုစရိုက်သမား “ Marc Paul Alain Dutroux “ ရဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ “ Marcel Dedieu “ ( အမည်ပြောင်း ) ကိုသုံးကာ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အမှန်တရားကိုချစ်မြတ်နိုးသူ ရဲဌာနက “ Paul Chartier “ ဖြစ်သူနဲ့အပြိုင် ဖြစ်ရပ်မှန်ကိုအနည်းငယ်ကွန့်ပြီးဖော်ပြရိုက်ကူးထားပါတယ်။ ဘယ်လ်ဂျီယမ်နိုင်ငံ “ Charleroi “မြို့လေးမှာ မိန်းကလေးငယ်လေးတွေ ထူးဆန်းစွာပျောက်ဆုံးနေခဲ့ပါတယ်။ မိဘတွေကလည်း ရဲတွေကိုပျောက်ဆုံးကြောင်းတိုင်ကြားသော်လည်း ဒီအတိုင်းအိမ်ကနေထွက်ပြေးတာနေမှာဆိုပြီး ရဲများကလည်း ပေါ့တန်စွာကောက်ချက်ချထားကြပါတယ်။ ထိုခေတ်က ရဲဌာနအချင်းချင်းလည်း အပြိုင်အဆိုင်တွေနဲ့မတည့်ကြတော့ “ Paul Chartier “ ရဲ့အရည်အချင်းကိုသိထားသူ အရာရှိကြီး “ Hinkel “ ကပျောက်ဆုံးသွားတဲ့ကလေးတွေကိုရှာဖွေနိုင်ဖို့အတွက် “ Maldoror “ ဆိုတဲ့ လျှို့ဝှက်စစ်ဆင်ရေးကို စတင်ပါတော့တယ်။ ရဲဌာနတစ်ခုနဲ့တစ်ခုအပြိုင်အဆိုင်တွေနဲ့မတည့်ကြတော့ ဒီစစ်ဆင်ရေးကြီးအောင်မြင်သွားရင် “ Hinkel “ တို့ရဲ့ရဲဌာနကြီးမျက်နှာပွင့်လန်းနိုင်ပြီး ဂုဏ်ဆာနိုင်အောင်လို့ဆိုပြီး စတင်ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ ရိုးရိုးသာမန်အမှုလို့ထင်ရနိုင်ပေမယ့်လည်း အနယ်နယ်အရပ်ရပ်က အကောင်ကြီးတွေပါ ပါဝင်ပတ်သက်နေသလို ဒုစရိုက်သမား “ Marcel Dedieu “ ဟာ သူ့ကို ကာကွယ်ပေးတဲ့အကောင်ကြီးတွေရှိနေတဲ့အတွက်ကြောင့် ပြောင်ပြောင်တင်းတင်းကျူးလွန်လာနိုင်ပြီး အမှုကိုလိုက်ဖို့ရာခက်ခဲနေခဲ့သလို မသေသင့်တဲ့အသက်ပေါင်းများစွာလည်းကြွေလွင့်ခဲ့ရပါတယ်။ ဉပဒေရဲ့ဘောင်အတွင်းကနေ ဒုစရိုက်သမားကိုအပြစ်ပေးလို့မရနိုင်တာကို သိလာခဲ့တဲ့ “ Chartier “ဟာ ဘောင်ကိုကျော်လွန်၍ ဘယ်လိုလက်စသတ်ပေးမလဲဆိုတာကို crime thrillerငတ်နေသူများအဖို့ ကြေကွဲဖွယ်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (3.7 GB) / (2.1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Drama, Thriller Duration…. 02:34:13 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Myat Noe Yamone

Thriller
6.7 2025 155 mins
Maldoror