YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) How to Build a Sex Room.S01E05.1080p.mp4

832.61 MB N/A video/mp4 82 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
In the Name of Love
7.5

In the name of love (2011) ၂၀၁၁ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင် အချစ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အကသမား အမ်မန်ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့သားလေးပညာရေး အတွက် နိုင်ငံခြားမှာပိုက်ဆံရှာရင်းနဲ့ စီးဒီးစ် ဆိုတဲ့ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ သူတို့ရဲ့အချစ်ခရီးလမ်းဟာ အိပ်မက်တွေနဲ့ အပြည့်ပေါ့။ ပြန်ရောက်ရင် လက်ထပ်ကြမယ် သူ့ရဲ့သားလေးကိုလဲ ကျောင်းကောင်းကောင်းမှာ ထားမယ်ဆိုပြီးပေါ့။ ဒီလိုနဲ့ ပျော်ရွှင်နေခဲ့ရတာကနေ လေဆိပ်မှာ အဖမ်းခံလိုက်ရတာကနေ သူ့ရဲ့ဘဝကြီး ပျက်စီးသွားခဲ့ရတယ်။ သူ့ရဲ့စွန့်ပစ်သွားတဲ့ ကောင်မလေးကို စိတ်နာရင်းနဲ့ပဲ ဖိလစ်ပိုင်ကို ပြန်ရောက်လာတဲ့အခါ ဇိမ်ခံကားကြီးပေါ်မှာ သူ့ကောင်မလေးကို ပြန်တွေ့လိုက်ရတော့ .... ။ မင်းသမီးလေးကြည့်ရင်ကို ဇာတ်လမ်းက တန်နေပြီ လို့ ပြောလို့ရတယ်။ ဒီထက်ပိုကာကတော့ ဇာတ်လမ်းကလည်းကောင်း ဆိုတော့ ပိုအဆင်ပြေတာပေါ့။ ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဖိလစ်ပိုင် ကားဆိုပေမဲ့ အနုပညာကတော့ အရှေ့တောင်အာရှမှာ မခေဘူးဆိုတဲ့အထဲကပါ။ "အချစ်ဟူသော အမည်နာမအားဖြင့်" ဇာတ်ကာလေးကို ကြည့်ရှု အားပေးလိုက်ကြပါဦး .... အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 2.5Gb | 1.1GB | 512MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Crime • Drama
7.5 2011 115 mins
In the Name of Love
27 Days Underground
4

မိသားစုအခက်ခဲတွေကိုယ်စီနဲ့ စားဝတ်နေရေးကာမိအောင် မိုင်းတွင်းမှာအလုပ်လုပ်နေကြတဲ့ သူတို့... တစ်နေ့မှာ မတော်တဆ မိုင်းတွင်းမှာမြေပြိုမှုဖြစ်ပြီး မီတာ၄၀၀နီးပါးရှိတဲ့ မိုင်းတွင်းအောက်ခြေတစ်နေရာမှာ သူတို့ညီနောင်ငါးယောက်လုံး ပိတ်မိနေပါတော့တယ်၊ ကယ်ဆယ်ရေးသမားတွေ စဉ်ဆက်မပြတ် ကယ်တင်ဖို့ ကြိုးစားပေမဲ့လည်း သူတို့ပိတ်မိနေတဲ့နေရာက သာမာန်လှိုဏ်ဂူလေးတောင် မဟုတ်ဘဲ တည်နေရာကိုတောင် ခန့်မှန်းမရတဲ့ မှောင်မိုက်၊လေထုချို့တဲ့ပြီး သီးခြားကမ္ဘာကြီးတစ်ခုလိုဖြစ်နေတဲ့ မြေအောက်ကဥမင်တွင်းတစ်ခု ဖြစ်လို့နေပါတယ် -"ထမင်းအသက်၇ရက် ရေ့အသက်တစ်မနက်"ဆိုတဲ့ဆိုရိုးစကားတွင်ခဲ့သလို သူတို့ရော အရာအားလုံး ပြတ်လတ်နေတဲ့တွင်းနက်ကြီးထဲမှာ ရှင်သန်နိုင်ပါ့မလား -ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ခက်ခဲလှတဲ့နေ့ရက်တွေကို ကုန်ဆုံးရင်း ဘဝကိုရေစုန်မျှောလိုက်လေမလား~မျှော်လင့်ချက်နဲ့ပဲ ဆက်လက်ရုန်းကန်သွားမလား -ဘယ်အရာတွေကရော သူတို့ငါးယောက်အတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်စေခဲ့တာလဲ _မိသားစုလား၊သံယောဇဉ်လား၊ကိုယ်ချစ်တဲ့လူတွေအတွက်ပဲလား... "မိုင်းတွင်းထဲက ငိုရှိုက်သံ"ဆိုတဲ့ရုပ်ရှင်မှာ လူ့ဘဝရဲ့လောကဓံတွေ၊အခက်ခဲတွေအပြင် စည်းလုံးညီညွှတ်မှုနဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လက္ခဏာရပ်တွေ ၊ အလုပ်သမားတွေရဲ့ဘဝကိုပါ ရှုထောင့်တစ်ခုကနေ သဘာဝဆန်ဆန် ရိုက်ကူးပေးထားတာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့အတွက် CMကနေ တင်ဆက်ပေးလိုက်ရပါတယ်ရှင့်။ [ Reviewed By Clytie ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
4 2023 75 mins
27 Days Underground
The Baytown Outlaws
6

IMDb rating -6.3/10 ဒီဇာတ်လမ်းကတော့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်လမ်းဇာတ်ကွက်မိမိရိုက်ကူးထားတင်ဆက်ထားပြီး Action Comedy ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Action အခန်းတွေကို ထိထိမိမိရိုက်ကူးထားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကြောင့် Comedy scene တွေမှာဆိုရင် ဗိုက်နာအောင်ရယ်ရမယ့် ဇာတ်လမ်းဇာတ်ကွက်တွေပါကြည့်ရှူခံစားရမှာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ဒီရုပ်ရှင်ကိုတော့ Oodie boys သုံးယောက်ကိုအဓိကထားပြီးရိုက်ကူးထားပါတယ် အကြီးဆုံးက Brick အလတ်က Lincoln နဲ့ နောက်တစ်ယောက်ကတော့ McQueenပါ သူတို့ ၃ ယောက်က ဒေသခံရဲအရာရှိ ရှယ်ရစ်ဖ်ကနေ မြို့ထဲကတခြားရာဇဝတ်ကောင်တွေကို သတ်ဖို့ငှားထားတဲ့ အမည်မသိကြေးစားလူသတ်သမားတွေပေါ့ သူတို့ကြောင့်ပဲ Alabama မြိုလေးကပြစ်မှုအနည်းဆုံးမြို့တစ်ခုဖြစ်နေတော့ ရှယ်ရစ်ဖ်တစ်ယောက် သူတို့လုပ်သမျှကိုမျက်ကွယ်ပြုပေးနေခဲ့ပါတော့တယ် တစ်နေ့မှာတော့ Celeste ဆိုတဲ့အမျိုးသမီးတစ်ယောက်က အကြမ်းဖက်တတ်တဲ့ မွေးစားအဖေလက်ထဲကနေ သူ့မွေးစားသားလေးကိုကယ်တင်ပေးဖို့ ငွေအများကြီးကမ်းလှမ်းပြီးတောင်းဆိုလာခဲ့ပါတယ်။ ငွေရဲ့ဆွဲဆောင်မှုမှာမြောသွားတဲ့ သူတို့ညီအစ်ကို ၃ ယောက် ကလေးကိုပြန်ပေးဆွဲခဲ့တဲ့အခါမှာတော့.. ဘယ်လိုအရာတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားရမှာပါ။

Drama • Romance
6 2012 98 mins
The Baytown Outlaws
The Free World
6.1

The Free World (2016) ================= IMDb Rating – 6.1/10 ၁၅ နှစ်သားကတည်းက ထောင်ထဲကို ဝင်သွားရတဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ ဟင့်အင်း၊ သူဘာမှမလုပ်ခဲ့ဘူး။ သူအမြဲပြောတတ်တဲ့စကားတစ်ခွန်းရှိတယ်။ ကျွန်တော် လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူးတဲ့။ ဒါပေမဲ့ဗျာ၊ လူ့ယဉ်ကျေးတို့ အသိုင်းအဝိုင်းက တရား ဥပဒေ ဘက်တော်သားပါဆိုတဲ့ အဖွဲ့လိုက်ကြီးက သူ့ကို သံတိုင်တွေနောက်ပို့ခဲ့တယ်။ ဒီကောင်လေးက တီဗီမင်းသားပေါ့လေ။ မသိတဲ့သူမရှိ။ ရဲတပ်ဖွဲ့ဝင်ဆိုတဲ့အကောင်တွေတိုင်း သူ့ကိုမြင်ရင် သင်္ကာမကင်းဖြစ်၊ အနိုင်သွားကျင့်ချင်တဲ့ ‌ခွေးစိတ်တွေပေါက်လာကြရော။ သူ့ကိုစွပ်စွဲခဲ့တဲ့အမှုက ကြီးကျယ်လွန်းတော့ မှုခင်းတီ‌ဗီမှာ မသိသူမရှိတဲ့ကောင်လေး။ ဒီတော့ ကြက်သီးထလောက်စရာ ပြစ်မှုကြီးရဲ့တရားခံက တရားဥပဒေဘက်တော်သားပါဆိုတဲ့ကောင် တွေအပေါ် ငါးသလောက်ပြုံး ပြုံးနေတဲ့အချိန် ဒီလူငယ်လေးက လေးဘက်လေးတန် သံတိုင် တွေကြားမှာ။ ထောင်ထဲမှာ အနိုင်ကျင့်ရမ်းကားမှုတွေကြား ဒီလူငယ်လေး ကြမ်းတမ်းလာတယ်။ လူဆိုးရင့်မာ ကြီးတွေကိုယ်တိုင် လက်ရှောင်ရတဲ့ ဖိုက်တာအကြမ်းစားကြီး။ အခန်းဖော်ကို ပြဿနာရှာလို့ မျက်လုံးတစ်ဖက် ဖောက်ထုတ်ပစ်လိုက်တာ သူ့ကို ဒဏ္ဍာရီမှာ မျက်လုံးတစ်လုံးပဲရှိတဲ့သတ္တဝါ ရဲ့ အမည်ဝိုင်းပေးလိုက်ကြတယ်။ ဆိုက်ကလော့ပ်ကြီးတဲ့။ တစ်ခါကလည်း သူ့အတွက် ထောင်ထမင်းကို တမင်ညစ်ပြီး မကျွေးတဲ့ထောင်စောင့်တစ်ယောက်ကို ခေါင်းရိုက်ခွဲလိုက်တာ နှစ်လလောက် ကိုးမားဝင်သွားသတဲ့။ သေရာပါ ဦးနှောက်ဒဏ်ရာပေါ့။ ဒီလို လူကြမ်းလေး။ ဒီလိုလူဆိုးလေး။ သူ့ကို ထောင်တွင်းက အစ္စလမ်အုပ်စုက ဖျောင်းဖျတရားပြပြီး ယဉ် ကျေးစေခဲ့တယ်။ အလ္လာအရှင်ထံမှောက် မာန်ချအရှုံးပေးတတ်အောင် သင်ပြခဲ့တယ်။ သူ ခရစ်ယာန်ဘာသာကို မရွေးချယ်ခဲ့တဲ့အကြောင်း သူရှင်းပြသေးသဗျ။ ခရစ်ယာန်တွေက သူ့ကို အပြစ် ဝန်ခံခိုင်းသတဲ့။ သူက အပြစ်မရှိတဲ့သူဆိုတော့ ဝန်ခံစရာမရှိလို့ သူ့ကိုမေးခွန်းတွေမမေးတဲ့ အစ္စလမ်တွေ ဘက်ကို သူရောက်သွားတယ်ပေါ့လေ။ ထားပါ။ (ဇာတ်ကားထဲကအတိုင်းထည့်ရေးထားတာပါ) ဒီကောင်လေးကို အပြစ်မရှိပါဘူးလို့ နှစ်ပေါင်းများစွာကြာပြီးမှ ထောင်ကလွှတ်လိုက်တယ်။ သူ့ကိုကြင်နာတဲ့ ခွေးဂေဟာက ပိုင်ရှင်ရဲ့ အလုပ်ပေးမှုနဲ့ ထမင်းနပ်မှန်နေခဲ့တယ်။ ဒီလိုအေးချမ်းနေတဲ့ သူ့ဘဝထဲကို အမျိုး သမီးတစ်ယောက် ကဗျာမဆန် ဆိုင်းမဆင့်ဗုံမဆင့် ဝင်ရောက်လာချိန်မှာတော့။ ဆိုက်ကလော့ပ်ကြီးရဲ့ နှလုံး သားတောင့်တစ်နေရာက ထွက်လာတဲ့ အချစ်မေတ္တာတွေကို ဖော်ကျူးထားတဲ့ ဒရမ်မာဇာတ်လမ်းတစ်ပုဒ်ပါ။ ကြည့်ရှုခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(1.5 GB) / (608 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator……Arr Khun Winchester Encoder……….SWM

6.1 2016
The Free World
Knuckle Girl
5.2

Knuckle Girl (2023) Alice in Borderland မှာ Ann အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ayaka Miyoshi ရဲ့ကားအသစ်ပါ။ ကိုရီးယားဒါရိုက်တာ ကိုရီးယားဇာတ်ညွှန်းရေးဆရာတွေက ရိုက်ကူးရေးသားထားပြီး ဂျပန်သရုပ်ဆောင်တွေ သုံးထားပါတယ်။ Korea Webtoon ကနေ ကိုရီးယားဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းပြန်ရေးထားတာမို့ ကိုရီးယားအငွေ့အသက်တော့ ရနေဦးမှာပါပဲ။ ဒီကားရဲ့ ဇာတ်ညွှန်းရေးဆရာကတော့ The Villainess တို့ Carter (2022) တို့လို ကိုရီးယားကားကိုမှ Non-stop Action ဆန်ဆန်ကားတွေကို ဇာတ်ညွှန်းရေးခဲ့တဲ့သူဆိုတော့ ဒီကားမှာလည်း မင်းသမီး ဘယ်လောက်တောင် မနားတမ်းကြုံးရမလဲ မေးနေစရာတောင်မလိုလှဘူး။ ဇာတ်လမ်းကတော့ ဒီလို။ အဖေရော အမေရောမရှိတော့ဘဲ အစ်မနဲ့ညီမပဲ အတူတူရုန်းကန်နေတဲ့ မိသားစုတစ်ခုရှိတယ်။ အမက ဒုစရိုက်နဲ့မကင်းတာတွေလုပ်ပြီး အန္တရာယ်ကြုံနေရတဲ့အချိန် ညီမက သူ့အစ်မကို ဒါတွေမလုပ်ဘဲ ဘောက်ဆင်သမားဖြစ်လာစေချင်ခဲ့တယ်။ သူ့ညီမ ဆန္ဒအတိုင်း သူ့အစ်မက သူ့ညီမကို ဦးလေးနဲ့အဒေါ်အိမ်ထားခဲ့ပြီး ဘောက်ဆင်လောကထဲ ခြေစုံပစ်ဝင်သွားတယ်။ အဲဒီနောက် သူ့ညီမ ကားထဲ မီးလောင်ပြီးသေသွားတဲ့ သတင်းကြားတော့ သူ့ညီမအလောင်းကိုလာကြည့်တယ်။ ရဲတွေက သူ့ညီမပါလို့ အခိုင်အမာပြောနေပေမဲ့ သူကတော့ သူ့ညီမ မဟုတ်တာ သေချာနေခဲ့တယ်။ဒီလိုနဲ့ သူ့ညီမ ဘယ်ရောက်သွားလဲရှာရင်း အကြမ်းစားလူဆိုးဂိုဏ်းတွေနဲ့ ရင်ဆိုင်ရဖို့အကြောင်းဖန်လာတယ်။ ဇာတ်ကလည်း မဆိုးသလို အက်ရှင်ခန်းတွေလည်းများတာမို့ အက်ရှင်ပရိသတ်တွေ ကြိုက်ကြမှာပါ။ ဒီစာရေးဆရာရဲ့ကားတွေနဲ့ပဲ ပြန်ယှဉ်ရရင်‌တော့ Carter ထက်တော့ကောင်းပါတယ်။ The Villainess ရဲ့အရသာကိုတော့ မမီပါဘူး။ ဘာလို့ဆို မသကာ The Villainess ရဲ့ဇာတ်က Carter ထက် စုတ်ခဲ့တယ်ဆိုရင်တောင် Kim Ok-bin နဲ့ Shin Ha-kyun တို့က ကောင်းကောင်းကြီး ကယ်နိုင်မှာမို့ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 910MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 47Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.2 2023
Knuckle Girl
Drug Stamp 5
5.9

မူးယစ်ရာဇာတွေကြားထဲကတိုက်ပွဲတစ်ခုအကြောင်းရိုက်ထားတဲ့ အက်ရှင်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ပထမဆုံးမူးယစ်ဆေးဘုရင်က ဘိန်းဖြူဆိုတာအားလုံးသိကြမှာပါ။ ခေတ်ပြောင်းလဲလာတာနဲ့အမျှ ဘိန်းဖြူနောက်မှာ ဒုတိယမျိုးဆက် သစ်မူးယစ်ဆေးဖြစ်တဲ့ မက်သမ်ဖီတာမင်း စိတ်ကြွဆေးက ကြီးစိုးခဲ့ပြန်တယ်။ အဲဒီအချိန်မှာ တတိယမျိုးဆက်မူးယစ်ဆေးသစ်ကိုဖော်စပ်ဖို့ ကြိုးစားလာတယ်။ အဲဒါတတိယမျိုးဆက်မူးယစ်ဆေးက ပိုပြီးအာနိသင်ပြင်းပြီး ဖုံးကွယ်ထားဖို့လဲပိုလွယ်တယ်။ အဲဒါကိုမရှုစိမ့်နိုင်တဲ့ စိတ်ကြွဆေးရာဇာက တတိယမျိုးဆက်ကိုပြန်ဖိနှပ်ဖို့ကြံစည်ပြီး သူလျှိုလွှတ်ခဲ့တယ်။ မူးယစ်ရာဇာနှစ်ယောက် အားပြိုင်နေတုန်း သူတို့နောက်မှာ ရဲတွေကတိတ်တဆိတ်လိုက်နေတယ်ဆိုတာကို မရိပ်မိပါဘူး။ ဓာတုဗေဒပါရမီရှင်ဖြစ်ပေမယ့် မတရားတဲ့နည်းလမ်းမှာအသုံးချတော့ မသမာသူတွေရဲ့အဆုံးသတ်ကဘယ်လိုဖြစ်မလဲ။

5.9 2024
Drug Stamp 5
Brokeback Mountain
7.7

BrokeBack Mountain (2005) ===================== IMDb Rating – 7.7/10 Crouching Tiger, Hidden Dragon (2000)လို အနောက်နိုင်ငံတွေမှာ ရှေးဦးအကြီးအကျယ်အောင်မြင်ခဲ့တဲ့ တရုတ်သိုင်းရုပ်ရှင်ရဲ့ ဒါရိုက်တာ…. Director … Ang Leeက ရိုက်ကူးပြီး သရုပ်ဆောင်အနုပညာမှာ မှော်ဝင် စားလွန်းတဲ့ လူလွန်မသားသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Hearth Ledger နဲ့ Jake Gyllanhaal တို့က Mian Castအဖြစ် သရုပ်ဆောင်ထားပါတယ်။ Nominee 8ခုဝင်ထားပြီး အော်စကာသုံးခုရထားတဲ့ Ang Leeကို အော်စကာ ရစေခဲ့တဲ့ကားလည်း ဟုတ်ပါတယ်။ Homophobia တွေမနှစ်မြို့လောက်မယ့် LGBTကားဆိုတာ ကိုတော့ သတိချပ်စေချင်ပါတယ်။ ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ Hearth Ledgerနဲ့ Jake တို့ဟာ Homo တွေမဟုတ်ပေမယ့် Homoတွေရဲ့ခံစားချက်တို့ကို ကောင်းကောင်းကြီး ပြ သွားနိုင်ခဲ့သလို Real World က သူတို့ကြားက ရင်းနှီးမှုကြောင့်လည်း ဒီကား ဟာ ပိုအသက်ဝင်တယ် ဆိုကြပါတယ်။ ချစ်သူနဲ့လက်ထပ်ဖို့ စရိတ်စကရအောင် Brokebackတောင်ပေါ်မှာ အလုပ် လုပ်မယ့် Ennis Del Marနဲ့ အဖေနဲ့အတူလုပ်ရတာ အဆဲပဲခံနေရလို့ လာ လုပ်တဲ့ Jack Twistတို့ဟာ BrokeBack တောင်ကြီးပေါ်မှာ သိုးတွေကို စောင့်ရှောက်ဖို့ အတူတူအလုပ်လုပ်ဖြစ်ကြပါတယ်။ စကားနည်းလွန်းတဲ့ Ennisနဲ့ Jackတို့ဟာ အစမှာ ခပ်စိမ်းစိမ်းဖြစ်နေပေမဲ့လည်း သူ့ဘဝကိုယ့် ဘဝ အကြောင်းတွေပြောရင်း ရင်းနှီးလာကြတာပါပဲ။ BrokeBackတောင် ကြီးပေါ်မှာ လေတွေနှင်းတွေ ဝေတဲ့ ညတစ်ခုမှာတော့ ကမ္ဘာကြီးရဲ့ သဘာဝ ထဲက သမားရိုးကျမဟုတ်တဲ့ လိင်ဆက်ဆံမှုတစ်ခုကို ပြုမိမှားခဲ့ကြပါတယ်။ ထိုခေတ်ထိုကာလအရ လိင်တူချစ်သူတွေကို နှိပ်စက်သတ်တဲ့အထိပါလုပ် တတ်တာတွေကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးကြုံဖူးတာကြောင့် မိုက်ရူးရဲဆန် ဆန်ရှေ့ဆက်ဖို့ မဝံ့တဲ့ Ennisဟာ ဒီအမှားကို ခဏအမှားလို့ပဲ ဆုံးဖြတ်ခဲ့ပါသတဲ့။ လိင်တူတူ လိင်ကွဲကွဲ ခံစားချက်ရှိကြတဲ့ လူသားတွေပါပဲ ခံစားချက်တို့ ဘာသာ သဘာဝအတိုင်းပါပဲ.. တားမြစ်ထားရင် ပိုရုန်းတတ်ပါတယ်။ အချစ်နဲ့ ပက်သက် ကြလို့ဖြင့် မှန်ရာမြင်နိုင်ပါတဲ့ လူတွေကို ကျွန်တော် သိပ်မတွေ့ခဲ့ဖူးပါဘူး။ မိန်းမတွေ ကလေးတွေရပြီးပေမဲ့ ခံစားချက်တွေ အာသာတွေကို မလွန်ဆန်နိုင် တဲ့အခါ သူတို့ ဒီ Brokeback တောင်ကြီးဆီ ထပ်ထွက်ခဲ့ကြတာပါပဲ။ နှစ်တိုင်း လိုဆုံကြတွေ့ကြရင်း ကာလအတော်ကြာ ဖြတ်သန်းခဲ့ကြပေမယ့် စိတ်ရှိတိုင်း ရွေးချယ်ခွင့် မရတဲ့ဘဝထဲမှာ ကစဉ့်ကလျားတွေဖြစ်လာတဲ့အခါ….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(2.4 GB) / (900 MB) Quality…………WEB-DL 1080p / 720p Duration………2Hr 14Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….WiRa Aung Encoder……….SWM

7.7 2005 134 mins
Brokeback Mountain
Chillerama
5.6

(ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းနဲ့ ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ကြိုတင်အသိပေးပါရစေ) Chillerama ကတော့ ရုပ်ရှင်ဝါသနာတူပြီး ဟော်ရာရုပ်ရှင်အမျိုးအစားအပေါ်မှာ အကြိုက်တူတဲ့ ဒါရိုက်တာ ၄ ယောက်တွေ့ဆုံရာကနေ မွေးဖွားလာခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ Adam Rifkin နဲ့ Tim Sullivan တို့ စတင်ခဲ့တဲ့စိတ်ကူးတစ်ခုကို ခေတ်နဲ့အံမဝင်ခဲ့တာကြောင့် ပုံမဖော်ခဲ့ပေမယ့် Adam Green နဲ့ Joe Lynch တို့နဲ့ပါ တွေ့ဆုံပြီးချိန်မှာတော့ ၄ ယောက်ပေါင်း လောင်းကျော်ဖို့ ဖြစ်လာပါတော့တယ်။ ရလဒ်အနေနဲ့ Wadzilla, Teenage Werebear, Diary of Anne Frankenstine နဲ့ Zom-B-movie ဆိုတဲ့ Short Movies ၄ ကား ရလာခဲ့ပါတယ်။ ထိုဇာတ်ကားများကို စုပေါင်းပြီး Anthology Film တစ်ခုအဖြစ် Chillerama ကို ဖန်တီးခဲ့ကြပါတယ်။ ဇာတ်ကားတစ်ကားချင်းစီကလည်း ခေတ်တစ်ခေတ်ရဲ့ Horror Genre တစ်ခုချင်းစီကို လှောင်ပြောင်ထားတဲ့ ဇာတ်ကားတွေဖြစ်လို့ ပရိသတ်နဲ့ အမြင်မစိမ်းတဲ့ ဇာတ်ကားတွေထဲက ဇာတ်ကွက်များကို ဟာသအမြင်နဲ့ ပြန်လည်တင်ဆက်မှုတွေကို ပြုံးထေ့ထေ့နဲ့ ကြည့်ရမယ့်ကားမျိုးလည်း ဖြစ်ပါတယ်။ အရာရာကို ဟာသဖောက်ပြောဆိုတတ်တဲ့ လူတွေကို အပြင်လောကမှာ မြင်တွေ့နိုင်သလို ထိုအတွေးအမြင်မျိုးနဲ့ ဒါရိုက်တာတွေ စိတ်ကူးဆန်းဆန်းနဲ့ တင်ဆက်ထားတဲ့ Horror Comedy ဇာတ်ကားတစ်ကားကိုလည်း CM ပရိသတ်ရှေ့မှောက် တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.6 GB / 754 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2hrs Genre ….. Action/Comedy/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Sai Sumali

Thriller • Crime • Romance
5.6 2011 120 mins
Chillerama
Kidnapping Granny K
6

Kidnapping Granny K (2007) ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ၂၀၀၇ တုန်းကထွက်ရှိထားတဲ့ Kidnapping Granny Kဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ် ဘဝကို ခက်ခဲစွာရုန်းကန်ဖြတ်သန်းနေရတဲ့ သူငယ်ချင်း ၃ ယောက်ဟာ ကံအကြောင်းမလှစွာနဲ့ ကြီးမားတဲ့ငွေကြေးပြဿနာနဲ့ရင်ဆိုင်နေကြရပါတယ် ဒါကြောင့် သူတို့ရဲ့ပြဿနာကို ဖြေရှင်းဖို့ သိပ်နာမည်ကြီးတဲ့ ထမင်းစွပ်ပြုတ်ဆိုင်က အဘွားကို ပြန်ပေးဆွဲဖို့လုပ်ကြပါတော့တယ် ပြန်ပေးဆွဲလာတဲ့သူတို့ကို အဘွားက နွေးထွေးကြင်နာပေးသလို သားသမီးတွေကို ခက်ခက်ခဲခဲပျိုးထောင်လာခဲ့တဲ့ အဘွားဟာလည်း သူ ပြန်ပေးဆွဲခံရတဲ့အချိန်မှာ သားသမီးတွေကို ဆက်သွယ်ပေမယ့် တစ်ဦးမှ သူ့အနားကိုရောက်မလာကြတဲ့အတွက် ပြန်ပေးဆွဲသူ သူငယ်ချင်းတစ်သိုက်ပါ လက်မှိုင်ချရတဲ့အထိ ဖြစ်လာပါတော့တယ် နုံအအ သူငယ်ချင်း ၃ ဦးမှာ ငွေလို၍သာ လုပ်ခဲ့ရသော်လည်း လူမိုက်များမဟုတ်သလို ကြင်နာတတ်သည့် ဓာတ်ခံရှိကြသည့်အခါ ပြန်ပေးဆွဲသမား ၃ ယောက် နဲ့ အဘွားတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာက ဆက်လက်စောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော် ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့တကယ်ကောင်းတဲ့ကားမို့ ကြည့်လို့ နောင်တရရမှာမဟုတ်ပါဘူး အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin Shin, CharOu, Su Myat တို့ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin Shin, CharOu, Su Myat Encoder ….. Aaron

6 2007
Kidnapping Granny K
Widow Clicquot
6.3

? မုဆိုးမကလီကိုး(1777-1805)ဟာ နပိုလီယံ​​ခေတ် ဝိုင်လောကရှန်ပိန်သမိုင်းမှာ ရှန်ပိန်ဖော်စပ်တဲ့နေရာမှာထင်ရှားလွန်းလို့ ”ရှန်ပိန်လောကရဲ့ဖွားအေကြီး”လို့တောင်တင်စားခေါ်ဝေါ်ရတဲ့အထိ တကယ့်ဆရာတစ်ဆူအဖြစ်သမိုင်းဝင်ခဲ့တဲ့ ဂန္ဓဝင်အမျိုးသမီးကြီးတစ်ဦးပါ ? ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ခဲ့ရပြီး ၁၉ရာစုအစောပိုင်းလူမှုရေးစံနှုန်းတွေအတိုင်း ယောကျ်ားတွေပဲအရာရာကိုလွှမ်းမိုးနေတဲ့​ခေတ် ဝိုင်ဖောက်တဲ့နေရာမှာ မိန်းမတစ်ယောက်ဥိီးစီးလို့မရတဲ့ခေတ်မှာ သွားလေသူ သူ့ယောကျ်ားရဲ့ စွဲလမ်းရူးသွပ်ခဲ့ရာစပျစ်ခင်းနဲ့စပျစ်ဝိုင်ထုတ်လုပ်ရေးကို အတိုက်အခိုက်တွေကြားထဲကဆက်ပြီးဥိီးဆောင်ရုန်းကန်ခဲ့တဲ့ ပြင်သစ်သူအာဂမိန်းမ ဘာ့ဘ်နီကိုးကလီကိုးရဲ့အထ္တုပတ္တိကို ဇာတ်လမ်းပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ? ကွယ်လွန်သူယောကျ်ားချခဲ့တဲ့အုတ်မြစ်ကို လက်မလျှော့ဘဲ ​အခက်အခဲမျိိုးစုံလူမျိုးစုံကိုရင်ဆိုင် ”လောကဓံဆိုတာဘာလဲ မမှုဘူး ယုံကြည်ရာနောက်ကို ရေဆုံးမြေဆုံးလိုက်မယ်”ဆိုတဲ့ခံယူချက်နဲ့ ခုခေတ်မှာထိပ်တန်းနာမည်ကြီးဝိုင်တွေဖြစ်လာမဲ့ မုဆိုးမဝိုင်လို့လူသိများတဲ့ 1. *Veuve Clicquot Yellow Label Brut* 2. *Veuve Clicquot Rosé* 3. **Veuve Clicquot La Grande Dame**တွေကိုတီထွင်ဖော်စပ်ခဲ့တဲ့တကယ့်Legendအမျိုးသမီးကြီးရဲ့အကြောင်းကို ရုပ်ရှင်အနေနဲ့ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ် ? ကလီကိုးစုံတွဲရဲ့နက်နဲတဲ့ရိုမန့်တစ်အချစ် ဝိုင်ဖောက်လုပ်ငန်းအပေါ်မှာထားတဲ့စိတ်ခံစားချက်အတိမ်အနက် ဒူပေနာပေခံမှုတွေ တီထွင်ဆန်းသစ်မှုတွေကို ဒိုင်ယာလော့ခ်ကောင်းကောင်းတွေနဲ့ ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ကြည့်ရှူခံစားလိုက်ကြပါအုံးး…. File size…(1.2 GB)/(525 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shwe Eain Si

6.3 2023 91 mins
Widow Clicquot
Kaale Angrej
5.5

Kaale Angrej (2024) “မသမာမှုများ” ပန်ဂျာဘီစကားပြော ပညာပေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဂျေရက်ရှ်ဆိုတာ ဘွဲ့ရပြီးခါစမိန်းကလေးဖြစ်ပြီး အိန္ဒိယနိုင်ငံက အကျင့်ပျက်ခြစားမှုနဲ့ ထိုင်ခုံနေရာအတွက် အရည်အချင်းထက်စာရင် ပိုက်ဆံနဲ့ပေးဝယ်ရတဲ့ ယိုယွင်းနေတဲ့စနစ်ကို အလိုမကျသူ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကလည်း ဆင်းရဲမွဲတေမှုကို အခွင့်ကောင်းယူကာ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် ဒါ့အပြင် အဖက်ဖက်က သမာမှုတွေအကြောင်းနဲ့ ခေါင်းဆောင်လုပ်သူတွေရဲ့ ဖိနှိပ်မှု၊ အသုံးချမှုတွေကို ဂျေရက်ရှ်ဆိုတဲ့ ကောင်မလေးက ဘယ်လိုတိုက်ခိုက်သွားနိုင်မှာလဲဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

5.5 2024 131 mins
Kaale Angrej
[18+] Antares
6.1

ဒီကားလေးကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Austrian ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားထဲမှာ sex scene တွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာတွေပါတာကိုတော့ သတိချပ်ပေးပါ။ ဇာတ်လမ်းကတော့ အမျိုးသမီးသုံးယောက်ရဲ့ အချစ်ရေး ကို ရိုက်ပြထားတာပါ။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုက ဒီအမျိုးသမီး သုံးယောက်ရဲ့ ဇာတ်လမ်းကို တစ်ခုနဲ့ တစ်ခု လှမ်းပြီးချိတ်ဆက်ထားတာလေးပါ။ တစ်ယောက်ရဲ့ ဇာတ်လမ်းကနေ နောက်တစ်ယောက်အကူးမှာ ပြန်ချိတ်ထားတဲ့ပုံလေးကလည်း သဘောကျချင်စရာပါပဲ။ ဒီ ဖြစ်ရပ်တွေကို ဘယ်လိုရိုက်ပြထားလဲ ဘယ်လိုပြန်လည် ချိတ်ဆက်ပေးထားလဲဆိုတာတော့ ကြည့်ရှုပေးကြပါဦး။ File size…(1.2 GB) Quality….Webrip 720p Format… mp4 Duration…. 01:45:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

6.1 2004 105 mins
[18+] Antares
All We Imagine as Light
7.4

All We Imagine as Light (2024)”တံလျှပ်” ================================ မွမ်ဘိုင်းဆိုတာ အိပ်မက်တွေရဲ့မြို့။ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်လို့ရတဲ့နေရာတဲ့။ အဲဒီလို ယုံကြည်ပြီး အိန္ဒိယနိုင်ငံရဲ့ လူကြီးလူငယ်ပေါင်းမြောက်များစွာက မွမ်ဘိုင်းမြို့ကြီးမှာ အလုပ်လာလုပ်ကြတယ်။ ရုန်းကန်ကြတယ်။ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားကြတယ်။ ဒါပေမဲ့ မွမ်ဘိုင်းမြို့ကြီးမှာ အသားကျဖို့ကြိုးစားကြရင်း တစ်ရက်စာတစ်ရက် ရှင်သန်ဖို့က အရေးကြီးလာပြီး မျှော်လင့်ချက်တွေက မှေးမိန်လာကြတယ်။ အဲဒီလိုပဲ မျှော်လင့်ချက်တွေနဲ့ မွမ်ဘိုင်းကိုတက်လာတဲ့ ပရာဘာနဲ့ အာနူဆိုတဲ့ စီနီယာ ဂျူနီယာသူနာပြုနှစ်ယောက် တိုက်ခန်းတစ်ခုကို စကပ်တူငှားပြီးတူနေထိုင်ကြတယ်။ အဲဒီလို နေလာရင်း ဘယ်ကမှန်းမသိတဲ့ ပါဆယ်ပုံးတစ်ခုသူတို့ဆီကို ရောက်လာချိန်ကစပြီး သူတို့ဘဝအတွက် အလှည့်အပြောင်းဖြစ်စရာ ကိစ္စတွေကြုံရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် မာလျာလမ်စကားပြော အင်ဒီးရုပ်ရှင်တစ်ခုဖြစ်ပြီး မွမ်ဘိုင်းမြို့ကြီးမှာ ရုန်းကန်လှုပ်ရှားနေကြရတဲ့ဘဝတွေကို narrative ကောင်းကောင်းနဲ့ပုံဖော်ပြထားတဲ့အပြင် Indie ရုပ်ရှင်ဆုတွေလည်း အများကြီးရထားတဲ့အတွက် အချိန်ပေးရတန်စေမယ့် ရုပ်ရှင်ကောင်းလေးဖြစ်လို့ ချန်နယ်မြန်မာပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

TV Movie • Comedy • Drama • Romance
7.4 2024 118 mins
All We Imagine as Light
Mystery Train
7.5

Jim Jarmusch ရိုက်ကူးထားတဲ့ ၁၉၈၉ ခုနှစ်ထုတ် “Mystery Train” ရုပ်ရှင်ဟာ မန်ဖစ်မြို့ (Memphis) မှာ တစ်ညတာအတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးခြားဆန်းကြယ်တဲ့ ဇာတ်လမ်းသုံးပုဒ်ကို ဆက်စပ်တင်ဆက်ထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ IMDb အဆင့်သတ်မှတ်ချက်ကတော့ ၆.၇/၁၀ ဖြစ်ပြီး ဒီရုပ်ရှင်မှာ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ထူးခြားတဲ့ မျက်နှာသစ်တွေ ပေါင်းစပ်ပါဝင်ထားပါတယ်။ အထင်ကရ သရုပ်ဆောင်အချို့ကတော့- Masatoshi Nagase (ဂျပန်အမျိုးသား Jun အဖြစ်)၊ Yûki Kudô (ဂျပန်အမျိုးသမီး Mitsuko အဖြစ်) ၊Screamin’ Jay Hawkins (ဟိုတယ်ညစောင့်အဖြစ်) – သူဟာ ထူးခြားတဲ့ ဘလူးစ်ဂီတပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ Nicoletta Braschi (အီတလီအမျိုးသမီး Luisa အဖြစ်)၊ Joe Strummer (Johnny အဖြစ်) – နာမည်ကျော် The Clash တီးဝိုင်းရဲ့ အဆိုတော်ဖြစ်ပါတယ်။ Steve Buscemi (Charlie အဖြစ်) – အင်ဒီရုပ်ရှင်များစွာမှာ ပါဝင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ Tom Waits (ရေဒီယို DJ အသံအဖြစ်) – သူလည်း နာမည်ကျော် ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဇာတ်ကားတစ်လျှောက်လုံးမှာ Elvis Presley ရဲ့ အရိပ်အယောင် နဲ့ သူ့ရဲ့ ဂီတတွေက လွှမ်းမိုးနေပြီး မမ်ဖစ်မြို့ရဲ့ Rock & Roll သမိုင်းကို မီးမောင်းထိုးပြထားသည့်အတွက် Rock & Roll ဂီတ၊ ဘလူးစ်ဂီတနဲ့ Elvis Presley ကို ချစ်မြတ်နိုးသူတွေအတွက် အကြိုက်ဖြစ်စေမှာပါ။ ဇာတ်လမ်းအကျဉ်း ဂျပန်စုံတွဲလေး Jun နဲ့ Mitsuko ဟာ သူတို့ရဲ့ Idol ဖြစ်တဲ့ Elvis Presley နေတဲ့ မမ်ဖစ်မြို့ကို ရောက်လာခဲ့ကြတယ်။ ဟိုတယ်ဟောင်းလေးတစ်ခုမှာ အခန်းယူပြီး အိပ်စက်ဖို့ ပြင်ဆင်နေတုန်း သေနတ်သံတစ်ခုကို သူတို့ကြားလိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ အီတလီကနေ ရောက်လာတဲ့ မုဆိုးမ Luisa ဟာ ခင်ပွန်းသည်ရဲ့ ရုပ်အလောင်းကို ပြန်သယ်ဖို့ စောင့်ဆိုင်းရင်း အဲဒီဟိုတယ်မှာပဲ တည်းခိုခဲ့ရတယ်။ ထိုစဉ်မှာပဲ Johnny ဆိုတဲ့ ဗြိတိသျှလူမျိုးတစ်ဦးဟာ သူ့ချစ်သူနဲ့ ပြတ်စဲပြီး အလုပ်ပါပြုတ်သွားလို့ အရက်သောက်ရင်း မူးယစ်နေတယ်။ သူ့ကို ဆံပင်ညှပ်သမား Charlie နဲ့ သူငယ်ချင်း Will တို့က ကူညီဖို့ ကြိုးစားနေပြီး သူတို့သုံးယောက်လည်း အဲဒီညမှာပဲ မမျှော်လင့်ဘဲ ပြဿနာတစ်ခုတက်ကာ ထိုဟိုတယ်မှာပဲ ခိုလှုံဖို့ ဖြစ်လာခဲ့ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် Johnny ရဲ့ချစ်သူဟာလည်း Luisa နဲ့ဟိုတယ်တစ်ခန်းထဲမှာ အကြောင်းကြောင်းကြောင့် အတူနေနေခဲ့ရပါတယ်။ မန်ဖစ်မြို့ရဲ့ ညဟာ တိတ်ဆိတ်ပေမယ့် ဒီလူစိမ်းသုံးဖွဲ့ရဲ့ ဘဝတွေကတော့ ဟိုတယ်ရဲ့ နံရံတွေကြားမှာ မသိမသာ ဆက်စပ်နေခဲ့ကြတယ်။ သူတို့အားလုံးဟာ မတူညီတဲ့ ဘဝ၊ မတူညီတဲ့ မျှော်လင့်ချက်တွေနဲ့ ဒီမြို့ကို ရောက်လာခဲ့ကြတာပါ။ ဒါပေမယ့် မန်ဖစ်ရဲ့ ညဟာ သူတို့အတွက် ဘယ်လို အမှတ်တရတွေ ပေးစွမ်းမလဲဆိုတာကို ဇာတ်ကားလေးကြည့်ရင်း လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်သွားကြရအောင်။ File size… 3.31 GB / 875 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 50m Genre ….. Comedy/Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by WiRa Aung

Comedy • Horror • Fantasy
7.5 1989 106 mins
Mystery Train