YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

[CM]Hospital.Playlist.S01E1-6.zip

3.7 GB N/A application/x-zip-compressed 2776 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Starred Up
7.1

ဒီကားလေးကတော့ british director David Mackenzie ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ လူကြီးထောင်ကို ပြောင်းလာတဲ့ Eric Love လို့ခေါ်တဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ အကြောင်းပါ။ ဖြစ်ချင်တော့ အဲ့ဒီထောင်မှာပဲ သူ့အဖေဖြစ်သူ Neville ဟာလည်း အကျဉ်းသားအဖြစ် ရှိနှင့်နေပြီးသား ဖြစ်နေပါတယ်။ ဒေါသကြီးပြီး စိတ်ဆတ်တတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ ယောကျ်ားတွေကြားမှာ ရှင်သန်ဖို့ ဘယ်လို ရုန်းကန်ရမယ်၊ အဖေဖြစ်သူမှာလည်း သူ့သားဒီထောင်ထဲမှာ အခြေကျနိုင်ဖို့အတွက် ဘယ်လိုကြိုးစားပြီး ကူညီပေးမယ် ဆိုတာတွေကို အမုန်းတရားတွေ၊ ဒေါသတွေကြားက သားအဖနှစ်ယောက်ရဲ့ မေတ္တာတရားကိုပါ မြင်တွေ့ရမှာပါ။ Eric Love အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဖြစ်သူ Jack O’Connell ရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေ၊ ခပ်ကြမ်းကြမ်း action တွေနဲ့ စကားအသုံးအနှုန်းတွေအပြင် အုတ်နံရံ၊ သံတိုင်တွေကြားက ကြမ်းတမ်းတဲ့ ဘ၀တွေကို စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတာဖြစ်ပါတယ်။ File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by KMH

Action • Adventure • Drama • Thriller
7.1 2014 106 mins
Starred Up
The Lake
5.7

ထိုင်းမှာ August လ ၁၈ရက်နေ့က စရုံတင်ခဲ့ပြီး ကြည့်ရှု့သူများခဲ့တဲ့ The Lake ဆိုတဲ့ ဇာတ်ကားလေး အကြည်ထွက်လာလို့ ရရချင်းပဲ တင်ဆက်ပေးလိုက်ပါတယ် တစ်နေ့ခြားတစ်နေ့တိုးတက်လာတာတွေထဲမှာ ထိုင်းက CGI တွေလည်း ပါပါတယ်...သုံးထားတဲ့ effect တွေ အလင်းအမှောင် ယူပုံတွေက အတော်တိုးတက်လာတာတော့ ငြင်းစရာကိုမရှိပါဘူး ဒါ့အပြင် ထိုင်းစီးရီးကောင်းတော်တော်များများအပြင် လက်ရှိပြသနေဆဲဖြစ်တဲ့ "သက်တန့်လေးရှိရာ၀ယ်(Finding The Rainbow)" ဇာတ်ကားမှာပါတဲ့ မင်းသမီးချော Aom Sushar Manaying က Main Character အဖြစ် ပါ၀င်ထားပါတယ် ။ ဇာတ်လမ်းအကျဥ်း တစ်နေ့ ပင်ကန်မြို့နယ်က ကောင်မလေးတစ်ယောက် ထူးဆန်းတဲ့ဥတစ်လုံးကို တွေ့ခဲ့ပါတယ် ဥက သာမန်ဥတစ်လုံးလိုမဟုတ်ဘဲ တော်တော် ကြီးမားတဲ့ဥပါ...ကလေးမလေးလည်း ကလေးတို့ရဲ့ထုံးစံအတိုင်း ဥကို အိမ်ယူလာတာပေါ့ ဒါပေမယ့် သူယူလာတဲ့ ဥက ထူးဆန်းတဲ့သတ္တဝါကြီးရဲ့ဥဖြစ်နေတဲ့အခါ.... သတ္တဝါကြီးလည်း သူ့ဥပျောက်သွားလို့ လိုက်လံရှာဖွေပြီး မြို့တွေထဲထိ၀င်လာကာာ လူတွေကို လိုက်လံ သတ်ဖြတ်တဲ့နောက် ဒီသတ္တဝါကြီးရဲ့အန္တရာယ်ကို သူတို့ ဘယ်လို ဖြေရှင်းသွားကြမလဲ သတ္တဝါကြီးကရော သူ့ဥကို ပြန်ရသွားမလားဆိုတာကိုတော့ ဒီဇာတ်ကားမှာ အတူတူ ဆက်လက်ကြည့်ရှု့လိုက်ကြရအောင်ဗျာ ။ ( အညွှန်းရေးသားထားသူကတော့ Fake Love ပါ ) File Size__(900MB) Quality__720p IMDb Rating__5.5/10 Format__mp4 Duration__01:45:00 Type__Horror, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham , Fake Love Encoded by Naing Aung Latt

Crime • Drama • Romance
5.7 2022 105 mins
The Lake
Falling Down
7.4

နာမည်ကျော်မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ်ရဲ့ Gold but Old Crime/ Action ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီးကိုယ်တိုင်က သူသရုပ်ဆောင်ခဲ့သမျှထဲမှာ အကြိုက်ဆုံးလို့ ဆိုထားပါတယ်။ ဝီလီယံဖော်စတာဟာ လောလောလတ်လတ်အလုပ်ထုတ်ခံလိုက်ရတဲ့ ဒုံးကျည်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ၊ ညစ်ပတ်နေတဲ့လမ်းတွေ၊ ရိုင်းစိုင်းတဲ့လူတွေ၊ ကွဲအက်နေတဲ့ ပလက်ဖောင်းတွေက သူ့ရဲ့ မျှခြေမညီတဲ့ အတွေးအခေါ်တွေ၊ခံပြင်းဒေါသတွေနဲ့ ခါးသီးမှုတွေကို ပေါက်ကွဲစေတဲ့ တွန်းအားတွေဖြစ်လာတဲ့အခါ ဝီလီယံတစ်ယောက် ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိပုံနဲ့ ထိုခေတ်ထိုအခါက ခေတ်စနစ်ကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ File Size :(2.1GB)(711MB) and (217MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:53:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Action • Comedy • Fantasy
7.4 1993 113 mins
Falling Down
The Dead Don't Die
5.4

သေခြင်းတရားဟာ မသေဆုံးပါဘူး။ အဆို‌တော်တစ်ယောက်ရဲ့နာမည်ကြီးဇာတ်ဝင်သီချင်းတစ်ပုဒ်။ လူ‌တွေဟာ Polar Fracking ကနေ စွမ်းအင်ထုတ်ယူ သုံးစွဲခဲ့ကြတယ်။ အလွန်အကျွံ သုံးစွဲမှုတွေရဲ့နောက်ဆက်တွဲ အနေနဲ့ ကမ္ဘာ‌‌မြေကြီးဟာ Polar Fracking ကြောင့် သူ့ဝင်ရိုးပေါ်ကနေ တိမ်းစောင်းခဲ့ပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ..... နေ့အလင်းရောင်ဟာ တော်တော်နဲ့မကုန်တော့ပါဘူး။ နေ့တာရှည်လာပါတယ်။ ရေဒီယိုတွေ လိုင်းမကောင်းချင်တော့ပါဘူး။ ဖုန်းလိုင်းတွေ ပြတ်တောက်ကုန်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေ ပျောက်တဲ့ကောင်ပျောက်ကုန်ပါတယ်။ အမူအကျင့်တွေ ‌ပြောင်းလဲကုန်ပါတယ်။ အဲဒီထက် ဆိုးတာကတော့ ဒီဇာတ်လမ်းရဲ့ ခေါင်းစဉ်အတိုင်းပါပဲ။ သေဆုံးခြင်းက မသေဆုံးတော့တဲ့အခါ ..... တစ်နည်းအားဖြင့် သေပြီးသားလူတွေ အသက်ပြန်ရှင်လာကြတဲ့အခါ ..... ခင်ဗျားတို့ရော တွေးကြည့်ဖူးလား????? Zombie ကားကို အတွေးအခေါ်တစ်မျိုးနဲ့ ထပ်ကြည့်ကြည့်ပါ။ Horror ကား ကောင်းကောင်း ကြိုက်တတ်သူများ လက်မလွှတ်စေချင်ပါဘူး။ အဲ ..... တစ်ခု လက်တို့စရာ ကျန်သွားလို့ Selena Gomez လေးလည်း ပါတယ်ဗျ။ ? ? ?? ? ဘာသာပြန် နဲ့ Review ကတော့ August ပါ။

Drama
5.4 2019 104 mins
The Dead Don't Die
Oh! Boarding House
6.3

ကိုယ့်အိမ်ပိုင်ရှင်လေး Oh My Broading House IMDb Rating 6.3 ချစ်ရင်ဖွ င့်ပြောပါ မဖုံးကွယ်ထားပါနဲ့ လက်နှေးရင် ခွက်ဆေးရမယ်ဆိုတဲ့စကားကြားဖူးကြမယ်ထင်ပါတယ် ဒီBLကားလေးကလည်းဒီလိုပါပဲ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ ဆယ်ဝန်းဆိုတဲ့ ခပ်အူတူတူကောင်လေးဟာ အာမခံကြေးတွေအကုန်အလိမ်ခံလိုက်ရပါတယ် ကံဆိုးမသွားရာမိုးလိုက်လိုရွာသလို အဲ့အချိန်မှာပဲ အလုပ်ပါအထုတ်ခံခဲ့ရပါတယ် အိမ်ပြန်လာတော့လည်း သူ့အမေကဒီအတိုင်းမထားဘဲ အငှားအိမ်ကိုဦးစီးခိုင်းလိုက်ပြန်ပါရော အငှားအိမ်မှာကြိတ်မှိတ်နေတုန်း ချွဲစုဆိုတဲ့ PEဆရာလေးပြောင်းလာပါတော့တယ် အသက်ကယ်တင်ပေးခဲ့သလိုဖြစ်သွားတော့ ပြန်ပေးဆပ်ဖိုလိုက်လုပ်ပေးရင် ဘာတွေဆက်ဖြစ်မလဲ ဆယ်ဝန်းမှာ သူ့ကိုတဖက်သတ်ကြိုက်နေတဲ့ ဂျူနီယာကောင်လေးလည်းရှိပါတယ် သူကဘွန်းဒေါ့ပါ ဖွင့်မပြောရဲဘဲ ဘေးကနေတိတ်တိတ်လေးပဲ ကာကွယ်ကူညီပေးနေခဲ့ပါတယ် သူကလည်းအငှားအိမ်ကိုပြောင်းလာသောအခါ ဘာတွေဆက်ဖြစ်မလဲ သုံးပွင့်ဆိုင်လေးမှာ ဘယ်တစ်ပွင့်က ကြွေလွင့်ရမလဲ စောင့်ကြည့်ပေးပါနော် မင်းသားလေးတွေလည်းအရမ်းချောပါတယ်နော် မိုက်မှမိုက်ပါ? ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ ) File Size__(1.7GB) / (900MB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:45:00 Type__BL, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt

Comedy • Drama • Romance
6.3 2022
Oh! Boarding House
Tokyo!
7

Tokyo! ( 2008 ) တိုကျိုလို့ နာမည်ပေးထားပြီး တိုကျိုမှာပဲ ဇာတ်အိမ်တည် ဂျပန်သရုပ်ဆောင်တွေချည်းသုံးထားတဲ့ ဒီရုပ်ရှင်ကို ဂျပန်မဟုတ်တဲ့ ဒါရိုက်တာသုံးယောက်က ရိုက်ကူးထားတယ်။ ပထမဇာတ်လမ်းတို “Interior Design”ကို ရိုက်တဲ့သူက ပြင်သစ်ဒါရိုက်တာ Michel Gondry, သူ့ကိုနာမည်နဲ့ရုပ်ရှင် တွဲသိချင်သိမှာပေမဲ့ သူက Eternal Sunshine of the Spotless Mind လို မာစတာပိစ်ရုပ်ရှင်ကားရဲ့ ဒါရိုက်တာ။ ဒုတိယဇာတ်လမ်း ” Merde”ကို ရိုက်တာက Leos Carax, သူလည်းပြင်သစ်ပဲ။ ကိန်းကနေ best directorဆုရဖူးတဲ့သူဆိုတော့ မခေတာသိသာပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ အောက်စကာမှာ သမိုင်းတွင်အောင်လုပ်ခဲ့သလို ကိန်းမှာလည်း အမြင့်ဆုံးဆုရခဲ့တဲ့ တောင်ကိုရီးယား ဒါရိုက်တာ ဘွန်းဂျွန်းဟို။ ဒိတ်ဒိတ်ကြဲ၃ယောက် စုထားတယ်ပေါ့။ သူတို့ဟန်တွေက မရိုးရှင်းသလို ဒီထဲက ဇာတ်လမ်းတို၃ပုဒ်ကလည်း တော်တော်ဆန်းတယ်။ ဇာတ်လမ်းအရဆိုရင်တော့ “Interior Design”ဟာ တော်တော်လေးလှတယ်။ ဒါရိုက်တာဖြစ်ဖို့ကြိုးစားနေတဲ့ ယောက်ျားတစ်ယောက်နဲ့ သူ့အတွက် အရာရာစွန့်ထားတဲ့ မိန်းမတစ်ယောက်အကြောင်းပေါ့။ သူ့ကိုယ်သူတစ်ခါမှ အသုံးဝင်တယ်လို့ မခံစားရဖူးတဲ့ မိန်းမတစ်ယောက်ရဲ့အဖြစ်ပေါ့။ လူကနေ ခုံကြီးပြောင်းသွားတာလို အဆန်းကြီးတွေပြပေမဲ့ သူပြချင်တဲ့ အချက်ကို နိမိတ်ပုံနဲ့ပြတယ်လို့ ယူဆလို့ရပါတယ်။ အင်းနားလော့ဂျစ်မပျက်ဘူးပြောရမှာပဲ။ တခြားတစ်နည်းပြောရရင် ငါဘာအတွက်ဖြစ်တည်နေလဲ ရှာဖွေတဲ့ကားပေါ့။ နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါသလို Shunji Iwaiလည်း ဝင်သရုပ်ဆောင်ထားတယ်။ Shunji Iwaiက သူ့ရုပ်ရှင်တွေဟာ လူ့ပြည်က နိဗ္ဗာန်တွေလို့ တင်စားရတဲ့အထိ လှပနေတတ်တဲ့ ဂျပန်ရဲ့အတော်ဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်။ သူ့ရဲ့ All About Lily Chou-Chouကို မသိတဲ့ အာရှဖန် ရှားတယ်။ ဒုတိယဇာတ်လမ်းက Merde , တိုကျိုရဲ့ရေဆိုးမြောင်းတွေကြားနေတဲ့ လူပေမဲ့ လူမပီတော့တဲ့ သတ္တဝါတစ်ကောင်အကြောင်း။ ဒီဇာတ်လမ်းကတော့ တစ်ခုခုကို မေးခွန်းထုတ်ထားတဲ့ မေးခွန်းလို့ ပြောလို့ရတယ်။ ခြွင်းချက်က ဒီဇာတ်လမ်းထဲက အဓိကဇာတ်ကောင်၂ကောင်က ဂျပန်တွေဟုတ်မနေဘူး။ တတိယဇာတ်လမ်းက ဘွန်းဂျွန်းဟိုရဲ့ “Shaking Tokyo”။ ဘွန်းဂျွန်းဟိုကားလို့ ပြောဖို့ သူက နည်းနည်းနူးညံ့လွန်းနေတယ်။ အချစ်ကားလို့ သွားပြောရင်တောင် ရတယ်။ ဇာတ်လမ်းက ၁၁နှစ်လုံး အိမ်ပြင်မထွက်တဲ့ အိမ်တွင်းပုန်းလူတစ်ယောက်ရဲ့ အိမ်ပြင်ထွက်ဖြစ်သွားတဲ့ ဇာတ်လမ်း။ ဘွန်းဂျွန်းဟိုပီသစွာပဲ ဇာတ်က ခပ်ဆန်းဆန်းလေးဖြစ်နေတယ်။ ဒီဇာတ်လမ်းရဲ့အလှကို အားဖြည့်ပေးထားတာက Yū Aoi။ ချစ်စရာမျက်နှာလေးနဲ့ ဂျပန်အကယ်ဒမီ ဆုအပါအဝင် ဆုပေါင်းများစွာရထားတဲ့ မင်းသမီး။ Art Filmတွေ မနည်းမှာ ပါဝင်သရုပ်ဆောင်ဖူးသလို လက်ရှိထိပ်တန်းမင်းသမီးတွေထဲ အပါအဝင်လည်းဟုတ်တယ်။ ကျွန်တော်တော့ ဂျပန်မင်းသမီးတွေထဲ သူ့သဘောအကျဆုံးပဲ။ ဒီထဲလည်း သူ့ကြောင့် ဘွန်းဂျွန်းဟိုရဲ့ ဇာတ်လမ်းကို သဘောအကျဆုံးဖြစ်သွားတယ်။ Tokyoဟာ အချိန်တိုလေးအတွင်းမှာ ဒါရိုက်တာဆရာကြီး၃ယောက်ရဲ့ တော်တော်လေးဆန်းတဲ့ဇာတ်လမ်းတွေကို မြည်းစမ်းရမယ့် ရှားရှားပါးပါး ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Fantasy Quality…. 1080p | 720p | 480p File size… 2.92GB | 1.08GB | 518MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Fantasy • Horror • Thriller
7 2008 112 mins
Tokyo!
Lost and Found
7.2

Lost and Found (1996) ~ IMDb – 7.2/10, Rotten Tomatoes – 76% ~ နေလာရင်းဘဝမှာ မကြာမကြာဆိုသလို တစ်စုံတရာတော့ ပျောက်ရှနေကျပါပဲ။ ခဏခဏသေးသေးမွှားမွှားလေးတွေကနေ ရံဖန်ရံခါ ကြီးကြီးမားမားတွေ အထိ ပျောက်ရှနေတတ်တယ်။ တစ်ရံတစ်ခါမှာတော့ အကြီးဆုံးဆိုတဲ့အရာတွေအထိပေါ့။ ဆိုးဆိုးရွားရွားဆို လက်ထဲကိုင်ထားတဲ့ အင်္ကျီကို ဘယ်နားကျလို့ ကျခဲ့မှန်းမသိတဲ့ အဖြစ်မျိုးအထိ မကြာမကြာရှိခဲ့ဖူးတယ်။ သတိလက်လွတ်ဖြစ်စေ အထားအသိုမှားသည်ဖြစ်စေ အရေးအကြီးဆုံးဆိုတဲ့ အရာတွေကို ကျွန်တော်တို့ ပျောက်ရှဖူးခဲ့မှာပဲ။ မက်စက်တွယ်တာတဲ့ တစ်စုံတရာကို ပျောက်ရှဆုံးရှုံးတယ်ဆိုတာ ဘာနဲ့မှမတူတဲ့ ဝေဒနာပေါ့။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။ ပိုက်ဆံအိတ် အခိုးခံရတယ် ဆိုပါစို့။ အချင်းတစ်ကီလိုမီတာဝန်းကျင်က အမှိုက်ပုံးတစ်ပုံးပုံးထဲ အဲဒီပိုက်ဆံအိတ်ကို ပြန်တွေ့မှာပဲတဲ့။ ဒီစကားမှန်ရဲ့လားတော့ ကျွန်တော်မသိဘူးပေါ့။ ရုပ်ရှင်ထဲက Takeshi ကတော့ ပျောက်ဆုံးပစ္စည်းရှာဖွေရေးလုပ်ငန်း ထောင်ထားတယ်။ သတိလက်လွတ်နဲ့ ခါးပိုက်နှိုက်ခံရသည်ဖြစ်စေ၊ ကိုယ်တိုင်က အထားအသိုမှားသည်ဖြစ်စေ၊ ဘာမဆိုကို ပြန်ရှာပေးတဲ့ အလုပ်ပေါ့။ ပိုက်ဆံအိတ်၊ ဖုန်း၊ ဈေးသည်ရဲ့အလေး၊ အိမ်မွေးတိရိစ္ဆာန်ကနေ သရဲအထိ သူတို့မရှာပေးတာ ဘာဆိုဘာမှမရှိဘူး။ တစ်ခါတလေကျ လူတစ်ယောက်ပေါ့။ ကံဆိုးရင်တော့ တောဘဲရိုင်းတွေကနေ သေပြီးသားလူအထိ ရှာပေးရတတ်တယ်။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာမရှိဘူးဆိုတဲ့ ဆောင်ပုဒ်နဲ့ ပျောက်တာမှန်ရင် ရှာပေးတဲ့ သူတို့ဟာ သွေးကင်ဆာဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပျောက်နေတဲ့ မျှော်လင့်ချက်ကို ရှာပေးဖို့ အကြောင်းဖန်လာခဲ့တယ်။ အဝေးဆီက ဥဩဆွဲသွားတဲ့ ရထားသံနောက်မှာ တွဲလျောင်းပါသွားတဲ့ မျှော်လင့်ချက်တွေ၊ မှောင်ရီလု သိဟ်ရာသီညနေခင်းရဲ့ မြေသင်းနံ့တွေ၊ အင်္ဂတေတွေ ကွာကျနေတဲ့ လမ်းဘေးအုတ်ခုံကလေးပေါ်က နေ့တွေ၊ ကမ္ဘာအစွန်းတစ်ဖက်ဆီ မျှော်ရီရင်း တငွေ့ငွေ့ကုန်လွန်ခဲ့ဖူးတဲ့ အနီးအနားမေတ္တာတွေ၊ မှောင်ချိန်မတိုင်ခင် လင်းတဲ့နေ့တွေ…၊ ဘယ်တစ်ခုက ပိုပြန်ရှာတွေ့ဖို့ခက်လဲ။ အစကတည်းမပိုင်ခဲ့တဲ့အရာလား အထားအသိုမှားခဲ့တဲ့အရာလား။ သူ့အချစ်ဟာ အစကတည်းက ကျွန်တော်မပိုင်ခဲ့တဲ့ အရာလား၊ သတိလက်လွတ်ဖြစ်ခဲ့ခြင်းလား။ ပြန်ရှာလို့မတွေ့နိုင်တဲ့ တစ်စုံတရာတွေ ပျောက်ဆုံးသွားတဲ့အခါ ဘယ်လိုအလင်းနဲ့ ဖာထေးမလဲ။ မှော်ပညာဆိုတာကို ယုံလား။ ဒီကမ္ဘာကြီးရဲ့ ဟိုးဖက်အလွန်မှာ ဘာမဆိုဖြစ်နိုင်တဲ့တစ်နေရာ ရှိချင်ရှိမပေါ့။ နားထင်မှာ သေနတ်တေ့လျက်သားသူအတွက် ဖားမိုးတွေရွာကျလာသလိုမျိုး “Desus Ex Machina”, မျှော်လင့်ချက်ကျန်ဖို့သက်သက် ရိုးရိုးလေး ယုံကြည်ထားတဲ့ “Desus Ex Machina”, မှော်ဆန်တဲ့ ဖြစ်ရပ်တွေ ဒီကမ္ဘာမှာ မရှိပါဘူးလို့ ဘယ်သူတွေပြောလဲ။ တကယ်တမ်း ချစ်တတ်ခဲ့ရင် အခိုက်အတန့်တိုင်း မှော်ဆန်ခဲ့မှာပဲ။ မပိုင်မဆိုင်ရတော့ရင်တောင် ပြန်ယူဆောင်မသွားနိုင်တော့တဲ့ ဟိုးတုန်းက ညနေခင်းတွေဟာ ဒီဘဝအတွက် ရတုအဆက်ဆက် မှော်ဆန်နေလိမ့်ဦးမယ်။ ကြားဖူးတယ်… ဘယ်သူမဆို တစ်ဦးတစ်ယောက်ရဲ့ ဒဏ်ရာတွေ ကုစားပေးနိုင်တဲ့ မှော်ဆရာတွေ ဖြစ်နိုင်သလို ဘဝရဲ့အခိုက်အတန့်တိုင်း ဘဝရဲ့အပိုင်းအစတိုင်းက မှော်ဆန်နိုင်သတဲ့။ “ဟေး ဂျွန် အချစ်ကိုမနိုင်မချင်း သယ်ဆောင်လာတဲ့ တမျှော်တခေါ်အနမ်းရဲ့ ဟိုးအတွင်းဘက်မှာ အိမ်ဆီပြန်ခေါ်မယ့်လမ်း ပါသကွဲ့။ အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့…” – မောင်သိန်းဇော် — — — — — — (Lost and Found ဟာ ဒီဘက်က ဟောင်ကောင်ပရိသတ်တွေ ပြောတာသိပ်မတွေ့ရပေမဲ့ အာရှရုပ်ရှင်ပရိသတ်တွေကြားတော့ တော်တော်လေး ဘောင်ဝင်တဲ့ ဟောင်ကောင်ကားပါ။ ကျွန်တော်တို့လို နှောင်းပိုင်းလူတွေ ဒီကားကို ကြည့်ဖြစ်ကြရင် ဝေါင်ကာဝေးကားတွေနဲ့ ကျွန်တော်တို့ကိုဖမ်းစားခဲ့ပြီး ဟောင်ကောင်ကားကောင်း မနည်းရိုက်ခဲ့တဲ့ Takeshi Kaneshiro ကြောင့်လို့ပြောရင် မမှားပါဘူး။ Takeshi Kaneshiro ကြောင့် ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်ဆိုပေမဲ့ Lost and Found ဟာ Takeshi Kaneshiro ရဲ့ Solo ကားတွေထဲ အကောင်းဆုံးကားလို့ပြောလို့ရတဲ့အထိ လှတဲ့ ရုပ်ရှင်ပါပဲ။ ဟောင်ကောင်ဂိတစ်ချို့ရဲ့ အကြိုက်ဆုံး ဟောင်ကောင်ရုပ်ရှင်ငါးဆယ်ထဲ ထက်ဝက်လောက်မှာ နေရာယူနေတတ်ပြီး ရိုမန့်ဒရာမာကြိုက်တဲ့လူတွေဆို တစ်ခါကြည့်ပြီးတာနဲ့ နောက်တစ်ခါပြန်ကြည့်ချင်စိတ်ပေါ်စေမယ့်အထိ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း Faye Wong နဲ့ တော်တော်လေးဆင်သလို သူ့အလှကလည်း ဒီကားကို ပိုတောက်ပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ သီချင်းတွေကလည်း ကားနဲ့အတော်လေးပနံသင့်တဲ့ ရိုမန့်ကားတွေမှာ ပါသင့်ပါထိုက်တဲ့ အချက်တွေ အကုန်ပါနေတဲ့ တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါ) [ဝတ္တုတွေထဲမှာ ဇာတ်လိုက်မင်းသား သို့ မင်းသမီး ကြုံနေရတဲ့ အခက်အခဲပြဿနာတစ်ခုကို အလွယ်တကူ ဖြေရှင်းတဲ့နည်းရှိပါတယ်။ ဝေဖန်ရေးဝေါဟာရအနေနဲ့ Deus Ex Machina လို့ ခေါ်တယ်။ နတ် သို့မဟုတ် နတ်ဘုရားတစ်ပါးပါးက ဝင်ကယ်လိုက်တာမျိုးပါပဲ။ ဂရိရှေးဟောင်းပြဇာတ်တွေက အစပြုတယ်။ သဘောက ဒီလို။ မင်းသား သို့ မင်းသမီးဟာ အခက်အခဲ ဒုက္ခနဲ့ရင်ဆိုင်နေရတယ်။ အဲ့ဒါကို သဘာဝကျကျ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့မကြိုးစားဘဲ နတ်လိုလို သိကြားလိုလို တန်ခိုးရှင်တွေက ဝင်ဖြေရှင်းလိုက်လို့ ပြေလည်ပြီး ဇာတ်သိမ်းသွားတယ်။ အဲ့ဒီလို ဝင်ဖြေရှင်းပေးလိုက်တာကို ဘာမှသွားပြောလို့မရဘူး။ သဘာဝမကျဘူးလို့ ပြောလို့မရဘူး။ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး။ – ဇော်ဇော်အောင်၏ ဝေဝေရီရီမှ ] (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.02GB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Thriller
7.2 1996
Lost and Found
Squeaky Clean Mysteries: Hazardous Duty
6.4

အမတ်လောင်းရဲ့ မိန်းမကို ဘယ်သူသတ်သွားတာလဲ ညတစ်ည…သေနတ်သံတစ်ချက်နဲ့အတူ အလားအလာအရှိဆုံး ဥပဒေပြုလွှတ်တော် အမတ်လောင်း မိုက်ကယ်ကာနင်ဟန်ရဲ့ ဇနီးဖြစ်သူဟာ သေဆုံးသွားခဲ့တယ်။ လူသတ်သမားပါဆိုပြီး စွဲချက်တင် ဖမ်းဆီးထားခဲ့တာက ဂေးလ်နယူးစွန်း အမည်ရှိ အာမခံနဲ့ လွတ်လာတဲ့သူ။ အဓိကမဇာတ်‌ဆောင် ဂယ်ဘီ စိန့် ကလဲယာက မှုခင်းနေရာသန့်ရှင်းရေးဆားဗစ်က ဝန်ထမ်းတစ်ယောက်ဖြစ်တယ်။ အမတ်လောင်းရဲ့ အမှုအခင်းဖြစ်ပွားရာ နေအိမ်ကို ပါတနာဖြစ်သူ ဟာရိုမာတင်နဲ့ သန့်ရှင်းရေးလုပ်ဖို့ ရောက်လာကြရင်း စာအုပ်စင်နောက်က လျှို့ဝှက်အခန်းငယ်ထဲက သေနတ်တစ်လက်ကို တွေ့ခဲ့ရတယ်။ သူ သေနတ်ကို တွေ့တဲ့အချိန်မှာပဲ အိမ်က မီးလောင်သွာတာဟာ ဘယ်သူရှို့တာ ဖြစ်မလဲ ရှို့မီးအတွက် တရားခံအဖြစ် စွဲချက်တင် ဖမ်းဆီးခံလိုက်ရသူကတော့ အမှိုက်ပစ်ဖို့ ထွက်သွားခဲ့တဲ့ ဟာရိုပါပဲ။ ဂယ်ဘီက သူ့ပါတနာဖြစ်သူကို အပြစ်ကင်းစင်ကြောင်းပြဖို့အတွက် သူကိုယ်တိုင်ပဲ လိုက်လံစုံစမ်းခဲ့တဲ့အခါ သူရှာတွေ့သမျှအထောက်အထားတွေက တရားခံဟာ အမတ်လောင်းမိုက်ကယ်ကာနင်ဟန်လို့ ညွှန်ပြနေကြတယ်။ ဆိုတော့ တကယ်ပဲ အမတ်လောင်း မိုက်ကယ် ကာနင်ဟန်က သူ့မိန်းမကို သတ်လိုက်တာလား အားလုံးပဲ အတူတူ တရားခံကိုဖော်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(1.5 GB)/(792 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Tv Movie, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshi Moshi

6.4 2022
Squeaky Clean Mysteries: Hazardous Duty
Hellaro
8.6

Hellaro (2019)”အဖိနှိပ်ခံဘဝမှသည်” ============================ IMDb 8.6/10 Rotten tomatoes 100% စီအမ်ရဲ့ ပရိသတ်တွေအတွက် ၂၀၁၉ တုန်းက ထွက်ရှိခဲ့တဲ့ ဂူဂျာရတ်စကားပြော ရုံတင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် rating တွေ ရှယ်ကောင်းတဲ့အပြင် box office မှာလည်း ဘက်ဂျက်ထက် ၇ ဆကျော် ပြန်ရခဲ့ပြီး ဆုတွေလည်း အများကြီးဝင်ခဲ့တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဂူဂျာရတ်ပြည်နယ်ရဲ့ ကန္တာရ လွင်တီးခေါင်ပြင်ထဲက ရှေးရိုးစွဲရွာတစ်ရွာမှာ မိုးခေါင်တာ ၃ နှစ်ရှိသွားပြီပဲဖြစ်ပါတယ်။ အဲဒီရွာထဲက ယောက်ျားတွေဟာဆိုရင် ရွာထဲက မုဆိုးမကနေ နိုင်ငံတော် ဝန်ကြီးချုပ်အထိ မိန်းမတိုင်းဟာ ယောက်ျားတွေထက် နိမ့်ကျသူတွေ၊ မိန်းမဖြစ်နေရင် စာဖတ်တတ်ဖို့တောင်မလို.. မီးဖိုထဲမှာပဲ နေသင့်တဲ့သူတွေလို့ယုံကြည်ကြတဲ့ ဖိုဝါဒီသမားတွေပါ။ တစ်နေ့တော့ သူတို့ရွာထဲက ရွာသားတစ်ယောက်က ၇ တန်းထိ ကျောင်းနေဖူးတဲ့ မြို့ပေါ်က မိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားရာကနေ ရွာထဲက ဖိနှိပ်ခံ အမျိုးသမီးတွေအတွက် အလှည့်အပြောင်းတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်အိမ်ခိုင်မာတဲ့အပြင် Cinematography လှလှတွေနဲ့ ကျေးလက်ဒေသတွေက အမျိုးသမီးတွေဖိနှိပ်ခံရမှုကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်လို့ ပရိသတ်တွေအတွက် ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။ ( ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူတွေကတော့ Alex, ToMo, BpL နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။ ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.6 2019
Hellaro
Dagr

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် သည်းထိတ်ရင်ဖို့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ လူဝီနဲ့သီရာလို့ခေါ်တဲ့ကောင်မလေးနှစ်ယောက်က လူအများကိုနှောင့်ယှက်တဲ့ဗီဒီယိုတွေရိုက်ပြီး အင်တာနက်မှာပြန်တင်တဲ့သူတွေဖြစ်ပါတယ်….ယခုအခါမှာတော့ သူတို့က သူတို့လပ်ခဲ့သမျှထဲအကြီးဆုံး ခိုးယူမှုကိုလုပ်ဖို့ဖြစ်လာပါတယ်…အဲ့ဒါကတော့ ကြော်ငြာ်ရိုက်ကူးရေးတစ်ခုမှာ အစားအသောက်လာပို့တဲ့သူတွေအနေနဲ့ဟန်ဆောင်ပြီး အဝတ်အစားအသုံးဆောင်တွေ၊ရိုက်ကူးရေးပစ္စည်းတွေကို ခိုးယူဖို့ပဲဖြစ်ပါတယ်… ခိုးယူပြီးတော့ရလာတဲ့ပိုက်ဆံတွေကို ပရဟိတအဖွဲ့တွေကိုပြန်လှူဖို့ပါ…ဒါပေမဲ့ သူတို့ရိုက်ကွင်းကိုရောက်သွားတဲ့အခါမှာတော့ ဘယ်သူ့ကိုမှမတွေ့ရပဲ iPad တစ်လုံးတွေ့လို့‌ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ရိုက်ကူးရေးလုပ်ရင်းနဲ့မမျှော်လင့်ထားတာတွေဖြစ်ခဲ့တာကို သွားတွေ့ရပါတယ်…ထိုအခါ လူဝီနဲ့သီရာတို့ ဘာတွေဆက်ကြုံတွေ့ရမလဲ…ရိုက်ကူးရေးသမားတွေ‌ကရော ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာကို ကြည့်ရှူခံစားကြပါခင်ဗျာ…. File size…(1.7 GB)/(936 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre… Horror, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2024
Dagr
The Architecture of Love
6.9

ဒီတစ်ခါမှာတော့ IMDb မှာ Rating ကောင်းကောင်းရရှိထားတဲ့ Indonesian Romance Drama ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Ika Natassa ရဲ့ ဝတ္ထုစာအုပ်ကို ရုပ်ရှင်အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်။ အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ နာကျင်စရာအဖြစ်အပျက်တွေကြောင့် Trauma တွေရှိနေကြတဲ့လူနှစ်ယောက် အဲဒီဒဏ်ရာတွေကို ကုစားဖို့အတွက် အဝေးတစ်နေရာကို ထွက်ပြေးလာကြရင်း တစ်ယောက်ကိုတစ်ယောက် ရှာတွေ့သွားပြီးတော့ ချစ်မိသွားကြတဲ့အကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဝတ္ထုစာအုပ်ကို အခြေခံထားတာနဲ့အညီ ဇာတ်လမ်းကတော့ အပြစ်ပြောစရာ မရှိလောက်အောင် ကောင်းမွန်ပါတယ်။ Main character နှစ်ယောက်ကြားက chemistry ကလည်း အရမ်း လိုက်ဖက်ပြီးတော့ ဇာတ်လမ်းကို အဆုံးအထိရောက်အောင် ဆွဲခေါ် ပေးသွားပါတယ်။ Drama Genre ဖြစ်တာနဲ့အညီ အချစ်၊အမုန်း ရသမျိုးစုံကို ခံစားရမှာဖြစ်ပြီးတော့ Rating တွေကလည်း အရမ်းကောင်းတာကြောင့် ကြည့်ကြည့်ဖို့ကို recommend ပေးပါတယ်။ File size…1.24GB / 725MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Drama
6.9 2024 110 mins
The Architecture of Love
Serpent’s Path
7

Serpent’s Path (1998) IMDb Rating (7.0) / Rotten Tomatoes (81%) Japanese horrorတွေဟာ ဟော်ရာလောကကို လွှမ်းမိုးမှုကြီးခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ ငြင်းမရဘူး။ ဂျပန်ဟော်ရာတွေက ဆိုက်ကိုလိုဂျစ်ကယ်ဟော်ရာဘက်ကို အလေးပေးပြီး ဇာတ်ကောင်တွေရဲ့ စိတ်အားပြိုင်မှုကို အခြေတည်တည်ဆောက်တတ်တာများတယ်။ ၁၉၅၀ဝန်းကျင် ဂျပန်ရုပ်ရှင်လောကရဲ့ ဟော်ရာတွေမှာတော့ တစ္ဆေဇာတ်လမ်းတွေ , သဘာဝလွန်တွေ , ဂေါ်ဇီလာတို့လို ခိုင်ဂျူတွေ များခဲ့တယ်။ လက်ရှိခေတ်ရဲ့ Master of Horrorလို့ သတ်မှတ်ကြတဲ့ psychological horrorတွေချည်းရိုက်တဲ့ ခိရိုရှိကူရိုဆာဝါကတော့ သူ့ဟော်ရာတွေကို မတည်ငြိမ်တဲ့ နောက်ခံအခြေအနေတွေ အဖြေမပေးသွားတဲ့ အမေးတွေ , ဒီအခြေအနေဆီ တွန်းပို့လိုက်တဲ့ ဇာတ်ကောင်တွေရဲ့ စိတ်အနေတွေနဲ့ တည်ဆောက်တတ်တယ်။ တစ်ချို့ကတော့ ခိရိုရှိကူရိုဆာဝါဟာ ဟော်ရာကားရိုက်ဖို့ သူ့ပရိသတ်ကို ခြောက်ပြစရာမလိုတော့တဲ့ အနေကို ရောက်နေပြီလို့ ပြောကြတယ်။ ကျွန်တော်လည်း အဲဒီလိုပဲမြင်ပါတယ်။ Seperent’s Path (1998)နဲ့ Eyes of the Spider (1998)ကို ခိရိုရှိက သူ့ရဲ့နာမည်ကျော် Cureကို ရိုက်ပြီး နောက်နှစ်မှာ ရိုက်ခဲ့တယ်။ ထူးတာက ဒီ၂ကားမှာ အဓိကဇာတ်ကောင်က အတူတူပဲ။ ဇာတ်နောက်ခံအကြောင်းအရာလည်း အတူတူပဲ။ ဒါပေမဲ့ ဇာတ်လမ်းကတော့ လုံးဝကွဲပြားခဲ့တယ်။ ဒီလိုမျိုး အခြေခံတူတဲ့၂ကားကို တစ်နှစ်တည်း ထုတ်လိုက်တာက တော်တော်ထူးခြားသလို သတ္တိလည်းမသေးဘူးလို့ ပြောရမှာပဲ။ အဲဒီထက်ပိုသတ္တိကောင်းတာက ဒီနှစ်မှာ Seperent’s Pathကို ပြင်သစ်သရုပ်ဆောင်တွေပါ ထည့်သုံးပြီး ပြင်သစ်စကားပြောနဲ့ သူ့ကားကို သူ့ဘာသာသူပြန်ရိုက်ခဲ့တာပါပဲ။ မကြည့်ခင်ကတော့ သူ့မှာပြင်စရာတစ်ခုခုရှိလို့လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း ဒီဇာတ်၂ခုမှာ အသစ်မှာ ပိုရှင်းလင်းသွားတာကလွဲလို့ ဘာမှမပြောင်းလဲသွားဘူး။ ဒီပိုရှင်းလင်းသွားတဲ့အချက်ကိုလည်း ကျွန်တော်တော့ သိပ်သဘောကျလှတယ်မဟုတ်ဘူး။ သူ့ဟန်ပျက်ပါတယ်။ ဒါပေမဲ့ ခိရိုရှိအနေနဲ့ မရိုက်ဘဲပျောက်နေတဲ့နှစ်တွေရှိခဲ့သလို ဒီနှစ်မှာတော့ တစ်နှစ်တည်း သုံးကားတောင်ထွက်ဖို့ရှိတော့ ( Chimeနဲ့ အခုကားကတော့ ထွက်ပြီးပြီ) အပြစ်ပြောရလည်း ခက်ပါတယ်။ ဘာလို့ဆို ထွက်ပြီးတဲ့ ဒီကားနဲ့ Chimeကတော့ သာမန်လူတစ်ယောက်ကနေ မူမမှန်တဲ့အခြေအနေတစ်ခုကို ဘယ်လိုရွေ့သွားနိုင်လဲပြထားတဲ့ ကားတွေဖြစ်နေတော့ ဒီလိုပုံစံမျိုးကိုသူပြန်ရိုက်ကြည့်ချင်ခဲ့လို့လည်း ဖြစ်နိုင်တယ်။ 98ကားရဲ့ ကွဲပြားတဲ့ အသိရခက်ခြင်းအရသာကို ပေးစွမ်းနိုင်တဲ့ အဓိကအချက်တွေထဲ Sho Aikawaရဲ့ နိဂျိမဇာတ်ကောင်က တော်တော်လေး အေးစက်ပြီး အသိရခက်နေတာကြောင့်လည်း ပါလိမ့်မယ်။ ၂၀၂၄ကားမှာတော့ ဇာတ်ကောင်က ဒီလိုဇာတ်ကောင်အဖြစ်ကနေ ပိုပြီး သာမန်ဆန်တဲ့လူတစ်ယောက်အဖြစ်ကို လျောဆင်းသွားတယ်။ သူ့နောက်ပိုင်းကားတွေအရတော့ ခိရိုရှိကတော့ ဒါကိုလိုချင်တာဖြစ်နိုင်ပေမဲ့ ပရိသတ်အနေနဲ့ ကျွန်တော်တော့ မလိုချင်လှဘူး။ ပြောရရင် ၉၈ကားမှာတော့ ခိရိုရှိဟာ ဇာတ်ကောင်ရဲ့အသိရခက်မှုနဲ့ အေးစက်မှုကို အသုံးချသွားပေမဲ့ ၂၀၂၄ကားမှာတော့ ခိရိုရှိဟာ ဒီနှစ်တွေထဲ သူရိုက်ခဲ့တဲ့ပုံစံတွေအတိုင်း ဘာမှမထူးခြားတော့တဲ့ သာမန်လူတစ်ယောက်ကနေ ရွေ့သွားတဲ့ အရွေ့ကိုပဲ တင်ပြသွားတယ်။ ဆိုတော့ သူ့ဟော်ရာတွေဟာ ဟော်ရာအဖြစ်ရိုက်ပြထားတာမဟုတ်တဲ့ လောကကြီးက ဟော်ရာတွေကိုပဲ တင်ပြတဲ့ အဆင့်ကိုရောက်သွားတယ်လို့ မြင်တာပါပဲ။ နောက်ထွက်မယ့် Cloud (2024 )လည်း ဒီလိုပဲလာဦးမယ် ထင်ပါတယ်။ ဇာတ်အိမ်ကတော့ တော်တော်လေးကျဉ်းသလို အဖြစ်အပျက် ငါးခုထက်မပိုတာမို့ ကားအရသာမပျက်စေဘဲ ဇာတ်အိမ်ကို ပြောပြဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ပြောနိုင်တာက psychological horror ဖန်ဆိုရင်တော့ ၉၈ကားကိုကြည့်သင့်ပြီး ခိရိုရှိကူရိုဆာဝါ ဖန်ဆိုရင်တော့ ၉၈ကားကြည့်ပြီးလည်း ၂၄ကားကို ဆက်ကြည့်သင့်ပါတယ်။ သူ့အရွေ့ကို ကျွန်တော်တို့ မြင်ရမှာပါပဲ။ တစ်ချက်ရှိတာက ၂၄ကားမှာ ဇာတ်ကောင်သာ ပိုသာမန်ဆန်သွားတာမဟုတ်ဘဲ Serpent’s Path ဆိုတဲ့ အဓိပ္ပာယ်ကိုပါ သူ့ဘာသာ အဓိပ္ပာယ်ပြန်ဖွင့်ပေးသွားခဲ့တယ်။ ၉၈ကားမှာတော့ မဖြေထားတဲ့အမေးတွေက များပေမဲ့ ခေါင်းစားနေစရာတော့ မလိုပါဘူး။ အနုပညာဖန်တီးမှုတွေတိုင်းက ဖန်တီးသူတည်ဆောက်ထားတဲ့ အပေါ်ယံမျက်နှာပြင်ကြောတွေပါပဲ။ သူ့အနက်ကို ခံစားသူက ကိုယ်ပိုင်နည်းလမ်းနဲ့ ကိုယ်သွားချင်သလို သွားခွင့်ရှိတဲ့ အရာတွေပါပဲ။ အငြင်းပွားစရာတော့ မရှိဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(2.5 GB) / (760 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Thriller Duration….01:25:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wira Aung

Comedy • Crime
7 1998
Serpent’s Path
Deadline
6.5

Deadline (2024) ****************** Disaster ဇာတ်လမ်း အမျိုးအစားတွေကို ကြိုက်နှစ်သက်ပြီး ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ ဇာတ်ကားကောင်း တစ်ကားကိုလည်း ရှာနေတယ်ဆိုရင်တော့ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးက ပရိသတ်ကြီးအတွက်ပါပဲ။ အားအပြင်းဆုံး မုန်တိုင်းအဖြစ်နဲ့ ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက်လာခဲ့ပြီး ဖိုဟန်မြို့ကို လွင်တီးခေါင်ဖြစ်အောင် မွှေနှောက်ခဲ့တဲ့ “ဟင်နမ်နို”တိုင်ဖွန်းကြောင့် ဖိုဟန်မြို့ရဲ့ သံမဏိ စက်ရုံ စက်ယန္တရား လည်ပတ်မှုဟာ ရပ်တန့်ဖို့ ဖြစ်လာခဲ့ပါတယ်။ စက်လည်ပတ်မှုကို အချိန်ကာလ တစ်ခုအထိ ရပ်တန့်ထားလိုက်မယ်ဆိုရင် နောက်ဆက်တွဲ အနေနဲ့ ဘီလီယံ ချီတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ အကယ်၍ မရပ်တန့်ဘူး ဆိုရင်လည်း ပွက်ပွက်ဆူနေတဲ့ သံရည်ပူတွေနဲ့ အက်စစ်မိုး‌ရေ ပေါင်းစပ်မိတဲ့အခါ မတွေးဝံ့စရာ ဘေးဒုက္ခကို ရင်ဆိုင်ရမှာပါ။ အားကောင်းလာတဲ့ မုန်တိုင်းကြားမှာ သံမဏိ စက်ရုံက စက်ယန္တရားတွေ အချိန်မီ ပြန်လည်ပတ်နိုင်မလားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်လို့ တင်ဆက်ပေးလိုက်ပါရစေ။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ Handsome Guys၊ The First Responders အစရှိတဲ့ ဇာတ်လမ်းတွေထဲက မင်းသမီး Gong Seung Yeonနဲ့ အတူ တခြား ဝါရင့် သရုပ်ဆောင်‌ အများအပြား ပါဝင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.54GB/ 630MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:24:00 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Treasure Htet, Hnin Wai Oo & Stary Encoded by Tiff

6.5 2024 85 mins
Deadline
Final Twist Giro final
4.6

Final Twist (2025) IMDb Rating (4.6) မိုနီကာက အသံလွှင့်ဇာတ်လမ်းပြောသူတစ်ဦးဖြစ်ပါတယ်။ တစ်ခါမှာတော့ သူမရဲ့ အမာခံပရိတ်သတ်တစ်ခုဖြစ်သူ အဲလက်စ်နှင့် တွေ့ဆုံရဖို့ ဖြစ်လာခဲ့ပါတယ်။ သို့ပေမယ့် အွန်လိုင်းပေါ်က မိတ်ဆွေကို အပြင်လက်တွေ့မှာ တွေ့ရတာဟာ ထင်ထားသလိုဖြစ်လာမှာတော့ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ အပယ်ခံတစ်ဦးဖြစ်သူ အတိတ်မှာ အမဲစက်ရှိသူဖြစ်တဲ့ အဲလက်စ်ဟာ ဘာတွေများ လျှို့ဝှက်ဖုံးကွယ်ထားတာတွေရှိနေမလဲ……။ Thriller ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူတွေအတွက်တော့ အခုနှစ် 2025 မှ အသစ်ထွက်ရှိထားတဲ့ စပိန်စကားပြော ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ လှည့်ကွက်တွေအများကြီးနဲ့မို့ ကြည့်ကောင်းမယ့်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ZMT ဖြစ်ပါတယ်။) File size…(1.6 GB) / (720 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:36:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by ZMT

Drama • Music
4.6 2025 95 mins
Final Twist Giro final
Screw Mickiewicz 2 Pieprzyc Mickiewicza 2
5.9

Pieprzyc Mickiewicza 2 (2025) ဒါကတော့ အချစ်ဟာသဘက်သွားတဲ့ ပုံမှန်ကျောင်းသားကားလေးတစ်ကားပါပဲ။ အညွှန်းမှာ ကိုရက်ခ်ဆိုတဲ့ကောင်လေးက တစ်ကိုယ်တည်းသမားမိခင်ဖြစ်သူက ပျိုးထောင်ခံခဲ့ရတဲ့ လူပျိုပေါက်အရွယ်ကောင်လေးတစ်ယောက်ပေါ့ ။ ဉာဏ်ကြီးရှင်အများစုက သူများနဲ့မတူပဲ ကွဲထွက်နေတတ်တာက ဓမ္မတာဖြစ်သလို ကိုရက်ခ်ကလဲ အဲ့လိုမျိုးပဲ သင်္ချာပညာရှင်ဉာဏ်ကြီးရှင်လေးပေမဲ့ သူ့မှာ အများနဲ့မတူတဲ့အပြုအမူအပြောအဆိုတွေရှိ‌နေတယ်။ အဲ့တော့ သူ့လိုကလေးမျိုးကို အသစ်ပြောင်းလာတဲ့ပတ်၀န်းကျင် ကျောင်းကလူတွေက နွေးထွေးပေးနိုင်ပါ့မလား။ ပြီးတော့ အဲ့ကျောင်းမှာရှိတဲ့ ငမွှေထိုးသူငယ်ချင်းအုပ်စုတစ်သိုက်နဲ့ပေါင်းမိသွားတဲ့အခါမှာရော ဘာတွေဆက်ဖြစ်မလဲ ဒါတွေကိုကြည့်ရှု့ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။) File size… (2.7 GB) / (1.3 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:36:45 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Serenity

Drama
5.9 2025 97 mins
Screw Mickiewicz 2 Pieprzyc Mickiewicza 2