YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Hit.The.First.Case.2020.WebRip.5.1CH.1080P.mp4

1.8 GB N/A video/mp4 344 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cold War
7.5

Cold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အ‌ရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စား‌တွေရဲ့ ဂီတ။ ကျွန‌်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတ‌တွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင‌်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။ Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံး‌ရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်ဝင်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ကျွန်တော်တို့ကိုပြန်ပေးတယ်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality –  1080p, 720p BluRay 5.1CH Duration - 1hr 30min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, History, Music Source : 1080p.BluRay Translator – WiRa Aung Encoder – SWM

Drama • Sci-Fi & Fantasy
7.5 2018 88 mins
Cold War
Two Tickets to Paradise
6.8

Two Tickets to Paradise (2022) ~ IMDb rating – 6.8/10 ~ မြင်မြင်ချင်းအချစ်ဆိုတာကို ယုံကြလားမသိဘူး။ ကျွန်တော်ကတော့ ယုံတဲ့ထဲမှာပါတယ်လို့ ပြောလို့ရပါတယ်။ လူတစ်ယောက်ကိုချစ်မိဖို့၊ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ပြောင်းပစ်ဖို့၊ ဉာဏ်အလင်းပွင့်ဖို့က အချိန် တစ်စက္ကန့်ပဲလိုတယ်လို့ ကျွန်တော်ကတော့ဖြင့် ယုံကြည်ပါတယ်။ အချစ်ဆိုတာ ပွင့်အာလာအောင် နည်းမျိုးစုံနဲ့ ဘယ်လောက်ပဲ ကြိုးစားပါစေ မပွင့်တတ်ဘဲ အခြေအနေမှန် အချိန်မှန်မှာဆိုရင် အလိုလို ပွင့်အာလာတဲ့ ကြာပန်းတစ်ပွင့်လို့ဆိုချင်ပါတယ်။ လုပ်ယူဖန်တီးယူလို့မရတဲ့ အချစ်ဟာ ဖြစ်တည်လာတဲ့အချိန်မှာ အံ့အားသင့်စရာကောင်းပြီး ခမ်းနား ချိုမြနေမယ်ဆိုတာ လက်တွေ့ကြုံဖူးသူတွေပဲ သိနိုင်ကြမှာပါ။ မကြုံဖူးသေးတဲ့သူတွေအတွက်ကတော့ သုခဘုံကိုသွားမယ့် ခင်ဗျားရဲ့ဘေးခုံက လက်မှတ်ပိုင်ရှင်က တစ်နေရာရာမှာ စောင့်နေမယ်ဆိုတာ သေချာပါတယ်လို့ ပြောချင်ပါတယ်။ သုခဘုံဆိုတာ နေရာမဟုတ်ပါဘူး သုခဘုံသွားမယ့်လက်မှတ်နှစ်‌စောင်ရဲ့ ပိုင်ရှင်တွေ မျှဝေကြတဲ့ ခံစားချက်တစ်ခုပါပဲ။ ခု Two Ticket to Paradise ကားလေးကတော့ အချစ်ကို ကြိုတင်စီစဉ်ထားသလိုဖြစ်လာဖို့ကြိုးစားထားတဲ့သူနဲ့ မြင်မြင်ရာကို အချစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့သူ နှစ်ယောက်တို့ အချစ်ဆိုတာကို အဖြေရှာတွေ့သွားကြတဲ့ ကြည်နူးစရာ Romance, Comedy, Drama ဇာတ်ကားလေးပါပဲ။ မင်္ဂလာဆောင်နေ့မှာ သတို့သားက ပစ်ထားခံခဲ့ရတဲ့ သတို့သမီးနဲ့ လက်ထပ်ဖို့လုပ်ထားတဲ့နေ့မှာပဲ စေ့စပ်ထားတဲ့သူက ပစ်သွားတဲ့ ကောင်လေးတစ်ယောက် ပန်းခြံမှာ တိုက်တိုက်ဆိုင်ဆိုင်တွေ့မိကြတယ်။ အဲဒီမှာ တစ်ယောက်ကိုတစ်ယောက် အားပေးရင်း တစ်ကိုယ်တော် ဟန်းနီးမွန်းကိုယ်စီ ထွက်ကြဖို့ သဘောတူလိုက်ကြတယ်။ ထူးထူးဆန်းဆန်းပဲ သူတို့သွားမယ့် ဟန်းနီးမွန်း ခရီးစဉ်က တူနေကြတယ်။ စိတ်နေစိတ်ထားချင်း ကွဲပြားသလောက် အဖြစ်အပျက်ချင်း တိုက်ဆိုင်လွန်းတဲ့သူတို့ ဟာဝါအီလို အချစ်တွေနဲ့ ပြည့်နေတဲ့ သုခဘုံမှာ ဘယ်လိုတွေ ဘာတွေကြုံရမလဲဆိုတာတော့ ကြုံတဲ့လက်မှတ်ဆွဲပြီး လိုက်ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 24Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Comedy • Fantasy • Music • Romance
6.8 2022 84 mins
Two Tickets to Paradise
The Big Year
6.2

ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။း ဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။ လူသုံးဦးက​တော့ တနှစ်တာ အကောင်းဆုံးငှက်ကြည့်သမားဆုကို ရည်ရွယ်နေကြပါတယ်။ အရင်နှစ် Big Year မှာ မျိုးစိတ် 732 ခု မှတ်တမ်းတင်ထားတဲ့ ကန်နီ ဘော့စတစ် ၊လတ်တလောကမှ ပင်စင်ယူထားတဲ့ စတူ ပရိုက်စလာ ပြီးတော့ ပရိုဂရမ်မာ ဘရက်ဒ် ဟဲရစ်တို့ပါ။ သူတို့ဟာဘဝမှာ အခက်ကြုံလာကြပါပြီ ဘော့စတစ်ရဲ့ ဇနီးက ကလေးလိုချင်နေတယ်။ စတူရဲ့ ကုမ္ပဏီက ညှိနှိုင်းရေးတွေမှာ သူ့ကို လိုအပ်နေတယ် ပြီးတော့ 36 နှစ်အရွယ် အိမ်ထောင်ကွဲ ဘရက်ဒ် ကတော့ အမေက အားပေးပေမဲ့ သူ့အဖေကမကြိုက်ပါဘူး သူတို့က မြောက်အမေရိကတိုက် တလျှောက် သွားလိုက်ပြန်လိုက် လုပ်ကြရပါတယ်( အလာစကာရဲ့ အနောက်ဖက်စွန်းဆုံး ကျွန်း အပါအဝင်ပေါ့) ငှက်တွေရဲ့ဆောင်းခို လမ်းကြောင်းတွေ၊ငှက်တွေကို မြေပေါ်နားစေမယ့် မုန်တိုင်းတွေကို လိုက်ကြရပါတယ်။အဆုံးသတ်မှာတော့ ဘယ်သူက အနိုင်ရမလဲ။ ဘာတွေပေးဆပ်ရမလဲ။ ဘာဆုလာဘ်တွေ ရကြမလဲ။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Enigma

6.2 2011
The Big Year
Marmaduke

Marmaduke (2010) ================== ဒီခေတ်မှာ ခွေးမချစ်တဲ့သူဆိုတာရှားပါတယ်။ ပေါက်စနကောင်လေးတွေကအစ အယ်စတုံကောင်ကြီးတွေအထိ အမျိုးစုံ ဆိုဒ်စုံတွေကို ‌တယုတယမွေးပြီး သားသမီးအရင်းလို ချစ်ပေးကြတာပဲမလား။ တခါတလေကျ သူတို့စိတ်ထဲ ငါတို့ကိုဘယ်လိုတွေးနေမလဲ၊ ဘယ်လိုမြင်လဲဆိုတာ သိချင်စိတ်လေးဖြစ်မိကြမှာပါ။ ဒီဇာတ်ကားမှာတော့ Great Dane မျိုးနွယ် မာမဒုခ်ဆိုတဲ့ခွေးလေးက အဓိကဇာတ်ဆောင်အနေနဲ့ပါ၀င်ထားပြီး Computer Animation နဲ့ သူတို့အတွေးတွေ စကားပြောတာတွေကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ကျောင်းအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊ နေရာအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊ အလုပ်အသစ်ရတာဖြစ်ဖြစ်၊ အစမှာ ကြောင်တောင်တောင်နဲ့ ၀င်ဆံ့ဖို့ မနည်းကြိုးစားရတဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးပဲ ခွေးလေးတွေဟာလည်း ပတ်၀န်းကျင်အသစ်ကိုရောက်တဲ့အခါ အနီးနားက ရှိနှင့်ပြီးသားခွေးတွေထဲ၀င်ဆံ့ဖို့ ကြိုးစားရပါတယ်။ ဖေးလ် နဲ့ ဒက်ဘီဆိုတဲ့လင်မယားမှာ ဘာဘရာနဲ့ ဘရိုင်ယန်ဆိုတဲ့ သားသမီးနှစ်ယောက်နဲ့ မာမဒုခ်ဆိုတဲ့ ခွေးတစ်ကောင်ရှိပါတယ်။ သူတို့ဟာ ကန်းဆက်မှာနေထိုင်ကြပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုဖြစ်ပါတယ်။ မာမဒုခ်ဟာ Great Dane မျိုးနွယ်ဖြစ်တာကြောင့် သူ့ရဲ့အရွယ်အစားဟာ သာမာန်ခွေးတွေထက် ပိုပြီးကြီးပါတယ်။ တစ်ရက်မှာတော့ ဖေးလ်ဟာ အလုပ်ကိစ္စနဲ့ ကယ်လီဖိုးနီးယားကိုပြောင်းရမယ့်အခြေအနေဖြစ်လာတော့ မိသားစုကပါ လိုက်ပြောင်းရတော့မှာပါ။ ကယ်လီဖိုးနီးယားရောက်တော့ သူတို့တွေအပြင် မာမဒုခ်ကပါ ၀င်ဆံ့ဖို့ ရုန်းကန်ရပါတော့တယ်။ ဒီလိုရုန်းကန်နေရင်းမှ ပန်းခြံမှာဗိုလ်ကျ‌နေတဲ့ ဘော့စ်ကိုဆိုတဲ့ခွေးခေါင်းဆောင်ရဲ့ ရည်းစားဖြစ်တဲ့ ဂျက်စဘဲလ်ဆိုတဲ့ ခွေးမလေးကိုမှ သဘောကျမိသွားတဲ့အခါမှာ မာမဒုခ်နဲ့‌ဘော့စ်ကိုတို့ရဲ့အားပြိုင်မှုတွေ၊ နေရာသစ်မှာ အဆင်ပြေဖို့ကြိုးစားရပုံတွေ၊ မိသားစုအတွင်းရေးပြဿနာတွေကို ဟာသလေးပါနှောပြီး ကြည့်ရမှာဖြစ်တဲ့အတွက် ခွေးချစ်သူတွေသာမက မိသားစုနဲ့ ‌အေးဆေးအနားယူချင်သူတွေ Drama ကြိုက်သူတွေပါ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားဖြစ်မှာ သေချာပါတယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Family, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

0 2010
Marmaduke
Johan Falk: Lockdown
7.2

ဆွီဒင် အက်​ရှင်​စုံထောက်ဇာတ်ကားတွေဖြစ်တဲ့ Johan Falk ရုပ်​ရှင်​တွေရဲ့ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားက Imdb rating မှာ ၇.၂ ထားပြီး​ ဆွီဒင်စကားပြောရုပ်ရှင်ဖြစ်ပါတယ်။ အဓိက​ဇာတ်လိုက်​ဖြစ်တဲ့ Johan Falk​ နဲ့ GSI အဖွဲ့​ကိုပဲ အခြေ​တည်​ထားတာ​ဖြစ်ပြီး​ တစ်နှစ်​ထဲထွက်ရှိခဲ့တဲ့ Johan Falk​ : Blood Diamonds နဲ့ အဓိက​ဆက်စပ်နေပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့​ ဂိုသင်ဘတ်မြို့က ရဲစခန်း​တစ်​ခုမှာ လူသတ်​မှုဖြစ်သွားပြီး ရဲစခန်း​တစ်ခုလုံး​ကို လော့​ဒေါင်း​ချ​ပြီး တရားခံကိုပိတ်ဆို့ဖမ်းဆီးရပါတယ်။ သေဆုံး​သူက GSI ရဲ့ အဖွဲ့​အကြီးအကဲ​ဟောင်းဖြစ်သူ Patrik ဖြစ်ပြီး Johan Falk​ ရဲ့ မိတ်ဆွေ​လည်း​ဖြစ်ပါတယ်။ သတ်​သူကလည်း ရဲအရာရှိတစ်ဦးဖြစ်နေပြီး သူ့ကို​စေခိုင်း​သူ ဘယ်သူလဲဆိုတာနဲ့ နောက်​ကွယ်က ကြိုး​ကိုင်​သူကို Johan နဲ့ GSI အဖွဲ့​သားတို့ရှာဖွေဖော်ထုတ်ရပုံကို တင်​ဆက်​ထားပါတယ်။ များ​ပြားလှတဲ့ Johan Falk​ ဇာတ်ကား​တွေထဲက တစ်ခုဖြစ်ပြီး Action ဖက်ထက် စုံထောက် Mystery ဖက်ကို ကိုအသားပေးထားပါတယ်။ ကြည့်နေကျ အမေရိကန်​စုံထောက်​ဇာတ်လမ်း​တွေနဲ့မတူတဲ့ ဥရောပ​ဇာတ်​ကားလေးဖြစ်ပါတယ်။ ဇာတ်​အိမ်​က ရှုပ်​ထွေး​နေတာ​မျိုး​မရှိပေမဲ့ အရင် Johan Falk ဇာတ်ကား​တွေ​ကြည့်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။ File size…(881 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:39:00 Genre…Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.2 2015
Johan Falk: Lockdown
Star Wars: Episode IX – The Rise of Skywalker
6.8

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode IX – The Rise of Skywalker (2019) စတားဝါးဇာတ်လမ်းတွဲကြီးရဲ့ ၁၁ ကားမြောက် ရုပ်ရှင်ဖြစ်တဲ့ the rise of Skywalker လာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ကြယ်စင်စုကြီးတွေဆီမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ အင်ပါယာ ပါပတင်းရဲ့ အသံကို ပြန်ကြားလာရပါတယ်။ ကြယ်စင်စုတွေအားလုံးကို သိမ်းပိုက်ပြီး လက်စားချေမယ်လို့ ကြေညာလိုက်သံကြီးပါပဲ။ (မကြေညာဘဲ အလစ်ဝင်တိုက်ရင် သေချာပေါက်နိုင်မှာပေမယ့် ဘာလို့ ကြေညာလဲတော့ မသိပါဘူး) ဒါကြောင့် ဗိုလ်ချုပ်လေယာဟာ ဒီကိစ္စကို လိုက်စုံစမ်းဖို့ အထူးတပ်သားတွေကို စေလွှတ်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ရေး ကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်နေဆဲပါပဲ။ ဖက်စ်အော်ဒါရဲ့ ခေါင်းဆောင်ကြီးဖြစ်လာတဲ့ ကိုင်လိုရမ်ကတော့ အင်ပါယာ ပါပတင်းကိုသတ်ပြီး အာဏာကို အခိုင်အမာ ရယူဖို့ လိုက်ရှာပါတော့တယ်။

Drama • Comedy
6.8 2019
Star Wars: Episode IX – The Rise of Skywalker
Murdercise

ဇာတ်ကားရဲ့‌စပိုင်းမှာတော့ The Skid Row Strangler ဆိုတဲ့လူသတ်သမား၂ယောက်ကမိန်းကလေးတွေကိုလိုက်သတ်တဲ့ပုံစံမျိုးနဲ့စထားပါတယ်၊အဲဒီနောက်မှာတော့နောက်ထပ်လူသတ်မားတယောက်ပေါ်လာစေမယ့် Gino ပိုင်ဆိုင်တဲ့စတူဒီယိုကဇာတ်ဝင်ခန်းတွေကိုကြည့်ရှုရမှာပါ၊ Phoebe ဆိုတဲ့ကောင်မလေးအပါဝင်တခြားကောင်မလေးတွေက ကျန်းမာရေးအသိပေးဗီဒီယိုလေးရိုက်နေကြတာပါ၊Phoebe ဟာအားလုံးဆီမှာအနှိမ်ခံရသူဖြစ်ပြီး သူဖြစ်ချင်တာနဲ့ဖြစ်နေတာတွေမတူလို့စိတ်ညစ်နေရပါတယ်၊အဲဒီနောက်မှာ Video ထုတ်လုပ်သူရဲ့သမီးဖြစ်သူ Isabella ရောက်လာပြီး Phoebe နဲ့စကားပြောဖြစ်ကြရာကနေ Isabella ပေးတဲ့အကြံတွေကို Phoebe တယောက် တလွဲတွေအဓိပ္ပာယ်ကောက်ရာကနေမှ Phoebe တယောက်လူတွေသတ်ပါတော့တယ်၊ ဇာတ်လမ်းအစက လူသတ်သမား၂ယောက်ကကော ဒီကိစ္စနဲ့ဘာတွေဆက်စပ်မှုရှိနေတာလဲ Phoebe တယောက်ကကောလူတွေသတ်ရင်းနဲ့ဘာဆက်ဖြစ်သွားလဲဆိုတာတွေကို သည်းထိပ်ရင်ဖိုကြည့်ရမယ့်ဇာတ်ကားလေးပါ။ File size…(1.5 GB)/(779 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw

0 2023
Murdercise
Boomer Uncle

Boomer Uncle (2024) “ပဟေဠိစံအိမ်” ပရိသတ်ကြီး အမောပြေစေမယ့် တမီးလ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဟာသ သရုပ်ဆောင် ယိုဂီဘာဘူက ဇာတ်လိုက်အဖြစ် ပါဝင်ထားတဲ့ စူပါဟီးရိုးကားလေးပါ ဇာတ်လမ်းအကျဥ်းကတော့ …. နေဆမ်က သူ့ဇနီးချော လန်ဒန်က အဖြူမလေး အေမီနဲ့ မပျော်ပိုက်လို့ ကွာရှင်းခွင့်တောင်းတော့ ကောင်မလေးက ရွာကသူပိုင်တဲ့ စံအိမ်ကြီးကို ခေါ်လာပေးမှ ကွာရှင်းပေးမယ် ပြောလာတော့ သူ ဆယ်နှစ်ကြာ စွန့်ပစ်ထားတဲ့ ဇာတိရွာက စံအိမ်တော်ကြီးကို သူ့တို့လင်မယားရယ် သူငယ်ချင်းတွေရယ် ရောက်လာတယ်… နေဆမ်က ဘာကြောင့်ရယ်မှန်းမသိ အပေါ်ထပ်ကို ဘယ်သူမှ မသွားကြဖို့ စည်းကမ်းထုတ်ထားလေရဲ့ ဒါကို စပ်စုတတ်တဲ့ အေမီက ရအောင်တက်သွားပြီး နေဆမ့်ကို မကျေနပ်တဲ့ ရွာက သုံးယောက်ကပါ အိမ်ထဲကို ခိုးဝင်လာတဲ့အချိန်မှာတော့ …. ဘယ်လိုအလွဲတွေ ဖြစ်ကြမှာလဲ… ပေါ့ပေါ့ပါးပါး စူပါဟီးရိုး parody ဆန်ဆန် ဒီဇာတ်လမ်းလေးမှာ ပရိသတ်ကြီး ရှုစားပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

0 2024
Boomer Uncle
Dark Forest
5.7

ဒီတစ်ခါမှာတော့ မူးယစ်နှိမ်နင်းရေး ဇာတ်ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရရင် ထုံးစံအတိုင်းပဲပေါ့နော်… မူးယစ်ဆေးဝါးကို ရောင်းဝယ်ဖို့အတွက် နယ်စပ်ဒေသလမ်းကြောင်းကို ဒုစရိုက်သမားတွေက အသုံးပြုတော့ နယ်စပ်ဒေသမှာ ဖြစ်တဲ့ ဇာတ်လမ်းလေးပေါ့… သူတို့သယ်သွားမယ့်ဒေသကိုတော့ မပြောထားပေမယ့်… တရုတ်နယ်စပ်ဒေသဖြစ်ပြီး တောပျော်တွေ အမဲလိုက်ကျက်စားရာ နေရာလေးမှာပေါ့… အဓိကကတော့ ပိုပြင်းပြီး ပိုအရသာကောင်းတဲ့ မူးယစ်ဆေး အမျိုးအစားသစ်ကို ဖော်စပ်ဖို့အတွက် လျို့ဝှက်နည်းကို ရှာဖွေတာမို့ တောပျော်အမဲလိုက်အဖွဲ့ရဲ့ လမ်းပြမှုကို လိုအပ်နေတာကြောင့်ပါ… တိုက်တိုက်ဆိုင်ဆိုင် မူးယစ်ဆေးဒုစရိုက်အဖွဲ့မှာလည်း အဖေနဲ့ မွေးစားသား နှစ်ဦးရဲ့ တင်းမာမှုကြောင့် ကြေးစားလူသတ်သမားအဖွဲ့ပါ ပါဝင်လာခဲ့တာပေါ့… အသေးစိတ်တော့ spoil ရာမရောက်အောင် မပြောတော့ပါဘူး ဇာတ်ကားလေးကိုသာ ဇိမ်ခံကြည့်လိုက်ပါတော့…

5.7 2024
Dark Forest
Gerald’s Game
6.6

Gerald’s Game (2017) IMDb Rating (6.5) / Rotten Tomatoes (91%) အတူနေဖို့ ကုတင်မှာ လက်ထိပ်တွေဘာတွေခတ်ပြီးကာမှ ယောက်ျားဖြစ်သူနှလုံးရပ်သွားလို့ ခေါ်မကြားအော်မကြားအိမ်ကြီးထဲမှာ တစ်ယောက်ထဲ လက်ထိပ်ကြီးနဲ့ကူကယ်ရာမဲ့ဖြစ်သွားတဲ့ ဇနီးသည်နှင့် ထူးဆန်းသော Horror ဇာတ်လမ်းဆိုပြီး ခေါင်းစဉ်တပ်ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်လမ်းလေး အကြောင်း မပြောခင် ဝတ္တုကိုရေးတဲ့ စာရေးဆရာက Stephen King ဖြစ်တယ်ဆိုတာ ကြိုပြောပါရစေ ဇာတ်လမ်းက ရိုးရှင်းသလား ဆိုတော့ ရိုးရှင်းတယ် ရှုပ်ထွေးသလားဆိုတော့လဲ ရှုပ်ထွေးတယ် ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူမဆို ကြည့်လို့ နားလည်တဲ့ ရုပ်ရှင်ကား မှန်တယ် ဒါပေမယ့် သေသေချာချာ နက်နက်နဲနဲ တွေးမယ်ဆိုရင် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေရယ် တစ်ခြား လူမှုရေး ပြသနာတွေ ရဲ့ အဖြေကို ဒီထဲမှာ ရှာတွေ့မယ်လို့ ညွှန်းဆိုပါရစေ… ဇာတ်လမ်း အစမှာတော့ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ ဇနီးမှောင်နံ နှစ်ယောက်ဖြစ်တဲ့ Gerald နဲ့ Jessie တို့ကို စတွေ့ရမှာဖြစ်ပါတယ် သိပ်မကြာခင်မှာပဲ Gerald နဲ့ Jessie တို့ဟာ ကားလေးနဲ့ လူတွေ နဲ့ ဝေးတဲ့ အိမ်လေး တစ်အိမ်ကို ရောက်သွားခဲ့ပါတယ် မိုင်အတော်ဝေးဝေးက မြစ်ကမ်းဘေးက အိမ်လှလှလေးပေါ့ အဲ့ဒီအိမ်ထဲမှာ Gerald နဲ့ Jessie တို့ အပြင် ဘယ်သူမှ မရှိပါဘူး Gerald ဟာ Jessie ထက် အသက်ကြီးပြီး သူတို့ အိမ်ထောင်ရေးဟာ အိပ်ရာပေါ်မှာ အဆင်မပြေဖြစ်နေတာ လပေါင်းအတော်လေး ကြာပြီး ဖြစ်တဲ့အတွက် ဒီလို အေးချမ်းတဲ့နေရာမှာ အနားယူကာ ထိုကိစ္စကို ဖြေရှင်းဖို့ အပေးအယူ လုပ်ထားကြပါတယ် Gerald ဟာ လိင်မှုဆက်ဆံရေးမှာ စိတ်မဝင်စားတဲ့ အတွက် ထူးထူးဆန်းဆန်း လိင်ဆက်ဆံမှုမျိုး ပြုလုပ်ချင်ကြောင်း Jessie ကို ဖွင့်ပြောပြီး သဘောတူညီမှု ရယူထားခဲ့ပါတယ်… ဒီလိုနဲ့ သူတို့ နှစ်ဦး သဘောတူထားတဲ့ ကိစ္စကို အကောင်အထည်ဖော်ဖို့ စခဲ့ပါတော့တယ် Gerald ဟာ Jessie ကို (နှိပ်စက်နည်းဖြင့် လိင်ဆက်ဆံမှု) ပြုလုပ်ဖို့ ကုတင်မှာ လက်ထိပ်တွေ စခတ်လိုက်ပြီး ချစ်ရည်လူးကြဖို့ နှစ်ဦးသား စတင်တဲ့ အချိန်မှာပဲ Gerald ရဲ့ အလွန်ကြမ်းတမ်းတဲ့ အပြုအမှုတွေကြောင့် Jessie က ငိုပြီး မလုပ်ဖို့ တားမြစ်ပါတယ် ဒါပေမယ့် မွှန်နေတဲ့ Gerald ကတော့ ဆက်လုပ်ဖို့ တာဆူနေပြီး ဆက်လက်အကောင်အထည်ဖော်နေပါတယ် Jessie အသဲအသန် တားတာကြောင့် Gerald ရပ်လိုက်ပြီး စတင်စကားများကာ Jessie က လက်ထိပ်တွေ ဖြုတ်ပေးဖို့ အသနားခံခဲ့ပေမယ့် Gerald က မဖြုတ်ပေးပဲ သူလိုချင်တာပေးဖို့ တောင်းဆိုနေရင်း ရုတ်တရက် နှလုံးသွေးရပ်ကာ လဲကျသွားပါတယ်… Jessie ကတော့ Gerald နောက်နေတယ်ထင်ပြီး မနောက်ဖို့ ပြန်ထလာဖို့ ပြောပါတယ် ဒါပေမယ့် ရုတ်တရက် နှလုံးရပ်သွားတဲ့ Gerald ကတော့ ပြန်မထလာတော့ပါဘူး… ကုတင်တိုင်တွေမှာ လက်ထိပ်ခတ်ခံထားရပြီး လူသူကင်းဝေး တဲ့ နေရာမှာ ဘယ်သူမှ လာမကယ်နိုင်မယ့် အဖြစ်ကို ရိပ်စားမိတဲ့ Jessie တစ်ယောက် စတင် ထိတ်လန့်လာပါတော့တယ်… သူမ ဘယ်လိုလွတ်အောင် ကြံစည်နိုင်မလဲ လူသူမတွေ့နိုင်တဲ့နေရာ သက်ရှိကင်းမဲ့တဲ့နေရာမှာ သူမအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေ ရောက်ရှိလာတော့မယ်ဆိုတာ………။

Drama
6.6 2017 104 mins
Gerald’s Game
The Mouse Trap
5.5

အဲလက် က Funheaven လို့ခေါ်တဲ့ ကလေးကစားကွင်း တစ်ခုက ဝန်ထမ်းပါ။ တစ်ရက်မှာတော့ သူ့သူငယ်ချင်း ၈ ယောက်က အဲလက်အတွက် Surprise မွေးနေ့ လုပ်ပေးဖို့ ကစားကွင်းတစ်ခုလုံးကို တစ်ညနေစာ ငှားလိုက်တယ်။ သူတို့မသိခဲ့ကြတာက အဲဒီအချိန်မှာပဲ မစ်ကီမောက် ဝတ်စုံ စိတ္တဇ လူသတ်သမားတစ်ယောက်က သူတို့နဲ့အတူတူရှိနေခဲ့တယ်။ ဒီဇာတ်ကားမှာတော့ ကစားကွင်းထဲက စိတ္တဇ လူသတ်သမား လက်ကနေ အဲလက်တို့ သူငယ်ချင်းတစ်သိုက် ဘယ်လို လွတ်လမ်းရှာနိုင်မလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းကိုတော့ သူငယ်ချင်းအုပ်စုထဲက အသက်ရှင်ကျန်ခဲ့တဲ့ သူတစ်ယောက်ဖြစ်တဲ့ ရီဘက်ကာ က ဇာတ်ကြောင်းပြန်ပြော ထားတဲ့ ပုံစံမျိုး ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဆိုတော့ အတူတူခံစားလိုက်ကြရအောင်လားခင်ဗျာ။ File size…1.22GB / 682MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. Comedy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.5 2024 80 mins
The Mouse Trap
Backspot

အောင်မြင်မှုနဲ့ ပြီးပြည့်စုံမှုကို ဆာလောင်နေတဲ့ ဆယ်ကျော်သက် ပန်းပွားအကအဖွဲ့ဝင် ရိုင်လီနဲ့ သူ့ရဲ့ချစ်သူဖြစ်တဲ့ အမန်ဒါ ထိပ်တန်းပန်းပွားအကအဖွဲ့ Thunderhawksမှာပါရဖို့အတွက် သူတို့ရဲ့ကြိုးစားမှုနဲ့ ရုန်းကန်မှုတွေ ဒါပေမဲ့ ပြိုင်ပွဲဆိုတာက အနိုင်နဲ့အရှုံး နှစ်ခုတည်းပဲရှိတာမလို့ ပြိုင်ဆိုင်မှုတွေနောက်ကနေပါလာတဲ့ ကျရှုံးမှု သဘောထားကွဲလွဲမှုတွေကို သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ။ Thunderhawksကိုရောက်သွားချိန်မှာရော တောင်းဆိုချက်တွေမြင့်မားလွန်းတဲ့ အကသမားတွေကို ဖိအားပေးလွန်းတဲ့နည်းပြရဲ့ demandတွေကိုရော သူတို့ဘယ်လိုလိုက်မီအောင်ကြိုးစားရမလဲ။ ဆယ်ကျော်သက်နဲ့မမျှတဲ့ ဖိအားတွေကြုံလာချိန်မှာ ဖြစ်တတ်တဲ့ သဘာဝတွေ အပြုအမူတွေနဲ့ ဒါတွေကို ရိုင်လီတစ်ယောက် ဘယ်လိုဖြတ်ကျော်မလဲ။ လူစာရင်းထဲက ဖယ်ထုတ်မခံရဖို့ ချန်ပီယံပြိုင်ပွဲမှာပါဝင်ခွင့် သူဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားကြပါဦး။ File size…(1.7 GB)/(971 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

0 2024
Backspot
Boat People
7.6

၁၉၇၅မှာ ဗီယက်နမ်ပြည်တွင်းအခြေအနေတွေကြောင့် ဗီယက်နမ်ဒုက္ခသည်တွေ ဟောင်ကောင်ကို လှေတွေနဲ့ ထွက်ပြေးလာခဲ့ကြတယ်။ အဲဒီဗီယက်နမ်ဒုက္ခသည်တွေကို Boat People လို့ခေါ်ကြတယ်။ ဒါကို ၁၉၇၉မှာ Hong Kong New Waveရဲ့ အခရာတွေထဲကတစ်ယောက်ဖြစ်တဲ့ အမျိုးသမီးဒါရိုက်တာ Ann Huiက The Boy From Vietnamဆိုတဲ့ ဒိုကူမန်ထရီတစ်ကားရိုက်ခဲ့တယ်။ ၁၉၈၁မှာ ချောင်ယွန်ဖတ်နဲ့ The Story of Woo Viet ဆိုတဲ့တစ်ကားကို ဆက်ရိုက်ခဲ့တယ်။ ဒီကားမှာ ချောင်ယွန်ဖတ်က ဗီယက်နမ်ဖွား တရုတ်အနေနဲ့ သရုပ်ဆောင်ထားတယ်။ နောက်ဆုံးနဲ့ အကျော်ကြားဆုံးရုပ်ရှင်ဖြစ်တဲ့ Boat Peopleမှာတော့ ဆိုင်ဂုံကျပြီး ဗီယက်နမ်စစ်ပွဲအပြီး ဗီယက်နမ်ရဲ့ ပြန်လည်ထူထောင်ရေးကာလ ဗီယက်နမ်ရဲ့ ပြည်တွင်းရေးအခြေအနေကို ပြထားတယ်။ အင်္ဂလိပ်နာမည်က နည်းနည်းတော့ အကောက်လွဲနေတယ်လို့ ပြောကြတယ်။ ဒီကားမှာ Boat Peopleတွေပါပေမဲ့ Boat People တွေအကြောင်းထက် ကွန်မြူနစ်လက်အောက်က ဗီယက်နမ်တွေရဲ့ဒုက္ခကို အဓိကပြထားတယ်လို့ဆိုတယ်။ တရုတ်နာမည်ကတော့ ‌ “Run Towards the Angry Sea”ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဒါတော့ ဇာတ်ကားနဲ့ကွက်တိပဲလို့ ဆိုကြတယ်။ တရုတ်အကယ်ဒမီပေးပွဲမှာ Best Picture, Best Director, Best New Performer, Best Screenplay, and Best Art Direction စတဲ့ ဆုတွေရခဲ့သလို 1983 Cannes Film Festivalမှာလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း အကောင်းဆုံးတရုတ်စကားပြောရုပ်ရှင်တစ်ရာစာရင်းမှာ နံပါတ်၈ချိတ်ခဲ့တယ်။ အန်ဒီလောင်ကလည်း ဒီကားမှာ တက်သစ်စအနေနဲ့ပါဝင်ခဲ့ပြီး ဇာတ်ပို့ဆုရခဲ့ဖူးတယ်။ တရုတ်ကားဆိုပေမဲ့ အန်းဟွေက ဗီယက်နမ်မှာ ဇာတ်အိမ်တည်ပြီး ဗီယက်နမ်ရေးရာတွေကိုပဲ ပြထားတော့ တရုတ်ကားဆိုတဲ့ ဖီလင်တောင် သိပ်တော့မရနေပါဘူး။ ဗီယက်နမ်ကို သတင်းလာယူတဲ့ ဂျပန် ဓာတ်ပုံသတင်းထောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားထားတယ်။ သူကတော့ စစ်ပွဲမနိုင်ခင်ကလည်း ဗီယက်နမ်ကို ရောက်ခဲ့ပြီး သူ့ကြောင့် သူတို့အခြေအနေကို နိုင်ငံတကာက သတိထားမိသွားတာဆိုတော့ သူ့ကို အရာရှိတွေကိုယ်တိုင် ပြန်လည်ထူထောင်ရေးနေရာတွေကို သေချာလိုက်ပို့ပေးကြတယ်။ ဒါပေမဲ့ ဓာတ်ပုံသတင်းထောက်ဟာ သူ့ဘာသာ ဓာတ်ပုံတွေလိုက်ရိုက်ရင်း သူ့ကိုပြထားတာက ဗီယက်နမ်ရဲ့ တကယ့်ပြန်လည်ထူထောင်ရေး အခြေအနေမှန်မဟုတ်ဘဲ သူတို့ပြချင်တဲ့ကောင်းတဲ့နားတွေကိုပဲ ပြထားတယ်ဆိုတာကိုသိလာရတဲ့ အကြောင်းကို အဓိကထားပြထားတယ်။ ဒါတွေကို အဓိကထားပြပေမဲ့လည်း သတင်းထောက် သံယောဇဉ်တွယ်မိတဲ့ ဗီယက်နမ်မိသားစုနဲ့ သူ့အခြေအနေကို အဆုံးထိ ဇာတ်ရှိန်အပြည့်နဲ့ ပုံဖော်သွားတာလည်း ဆက်တိုက် အရှိန်ကျဘဲ စိတ်ဝင်စားစရာကောင်းတယ်။ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။

7.6 1982
Boat People
Black Eagle

1988 ရဲ့ အက်ရှင်ကားတစ်ကားဖြစ်တဲ့ Black Eagle ဇာတ်ကားမှာတော့ မင်းသားကြီး Sho Kosugi နဲ့ Jean-Claude Van Damme တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဗန်ဒိန်းလို့ ပရိသတ်ကြားမှာ လူကြိုက်များရေပန်းစားခဲ့တဲ့ မင်းသားကြီးကို ထူးထူးဆန်းဆန်း ဗီလိန်ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားတာ တွေ့ရပြီး Kane Kosugi လည်း ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားတာကို တွေ့ရပါတယ်။ Kane Kosugi ကလည်း အဖေ့ခြေရာနင်းပြီး နောက်ပိုင်းမှာ ကိုယ်ခံပညာအသားပေး ဇာတ်လမ်းတွေနဲ့ အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ မော်တာ ဆိုတဲ့ကျွန်းနိုင်ငံလေးအနီးမှာ ပျက်ကျသွားခဲ့တဲ့ F1-11 လေယာဉ်ပေါ်က ဒုံးကျည်လေဆာပဲ့ထိန်းစနစ်နည်းပညာကို ရုရှားတို့လက်ထဲကို မရောက်စေဖို့ အမေရိကန်အစိုးရအနေနဲ့ လင်းယုန်နက်လို့ အမည်ဝှက်ပေးထားတဲ့ (ကန်တာနီ)ကို ဆယ်ယူဖို့ စေခိုင်းခဲ့ပါတယ်.။ သူ့ရဲ့ကလေးတွေကို တစ်နှစ်မှာ ၂ ပတ်ပဲ အချိန်ပေးနိုင်တဲ့ ကန်တာနီကို ချုပ်ကိုင်နိုင်ဖို့ ဒင်းရစ်ကတ်အနေနဲ့ ဒန်နီနဲ့ ဘရိုင်ယန်တို့ကို ကြိုတင်ပြီး မော်တာကို ခေါ်ထားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကေဂျီဘီအေးဂျင့်တွေဖြစ်တဲ့ ကာနယ်ကလီမန်ကို နဲ့ ညာလက်ရုံး (အန်ဒရေး) တို့ကလည်း သူတို့ရဲ့အကျိုးအတွက် အသုံးချနိုင်ဖို့ မော်တာနိုင်ငံအနားမှာ ပျက်ကျသွားတဲ့ လေယာဉ်ဆီက လေဆာပဲ့ထိန်းစနစ်နည်းပညာကို အမေရိကန်တွေထက် လက်ဦးမှုရယူဖို့ ကြိုးစားလာခဲ့ပါတယ်။ ကန်တာနီဟာ သူတို့မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ လင်းယုန်နက်ရဲ့အမွေကို ဆက်ခံမယ့် သား (၂) ယောက်ကို စစ်ဆင်ရေးကြားထဲကနေ ကာကွယ်ပေးဖို့ ကြိုးစားလာခဲ့ရပါတယ်။ သူ့ကို လက်စဖျောက်ဖို့ ကြိုးစားလာတဲ့ ကလီမန်ကိုတို့ ရန်ကနေ သား (၂) ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီးတဲ့အချိန်မှာတော့ သူ့ရဲ့ လင်းယုန်နက်ဝိညာဉ်ကို နိုးထဖို့ အချိန်တန်လာခဲ့ပါတယ်။ Jean-Claude Van Damme နဲ့ Sho Kosugi တို့ရဲ့ ကိုယ်ခံပညာအားပြိုင်မှု ဇာတ်ကွက်တွေကို တစ်ဝကြီးကြည့်ရှုနိုင်ဖို့ CM ကနေပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File Size : 2 GB, 1.2 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

Drama
0 1988 93 mins
Black Eagle