YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM)Hero (2021)WEB-DL.720p.mp4

1.2 GB 720p video/mp4 3354 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spenser Confidential
6.5

Confidential(2020) အားလုံးစောင့်မျှော်ခဲ့ကြတဲ့ မင်းသား Mark Wahlberg ရဲ့ Spenser Confidential ရုပ်ရှင်ဖြစ်ပါတယ်။ အမေရိကန် comedy-thriller ရုပ်ရှင်အမျိုးအစားပါ။ ဒါရိုက်တာ Peter Berg ရိုက်ကူးထားပြီး Netflix Production က ထုတ်လုပ်ဖြန့်ချီထားပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် Mark Wahlberg ရဲ့ ပထမဦးဆုံး Netflixရုပ်ရှင်ကားပါ။ အမေရိကန်ရက်ပ်ပါ Post Malone တစ်ယောက် ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ဒီဇာတ်လမ်းမှာ ဘော်စတွန်မြို့ရဲ့ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ Spenser ဟာ အကျင့်ပျက်ခြစားနေတဲ့ သူ့အထက်အရာရှိကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ထောင်ထဲမှာ ငါးနှစ်နေခဲ့ရတယ်။ Spenser က ထောင်ကထွက်လာပြီးတဲ့အချိန်မှာ ဘော်စတွန်မြို့ကနေထွက်သွားပြီး ထရပ်ကားမောင်းသူအဖြစ် ဘဝအသစ်ပြန်စတော့မှာပါ။ ဒါပေမယ့် သူ ထောင်ကထွက်လာပြီးတဲ့ နောက်နေ့မှာ ရာဇဝတ်မှုတစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်။ အဲ့ဒီရာဇဝတ်မှုရဲ့ ရှုပ်ထွေးပွေလီမှုကို တွေ့ရှိလိုက်ရတဲ့ Spenser တစ်ယောက် အမှန်တရားကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ File Size : (1 GB , 335 MB ) Quality : WEB-DL 720p Running Time : 1 hr 51 min Format : Mp4 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Lucille Encoded by Moe Myint Lwin

Comedy • Drama
6.5 2020 110 mins
Spenser Confidential
My Boss’s Daughter
5

My boss’s daughter (2003) =================== မိုးအေးအေးနဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် Comedy, Romance ကားနဲ့ မိတ်ဆက်ပေးပါရစေ…… တွန်ဆိုတဲ့ ရိုးသားကြိုးစားတဲ့ ဖိုးသခွားတစ်ယောက်က အလုပ်မှာ သူ့ဆရာရဲ့သမီး လီဆာ ကို ကြိတ်ကြွေနေပါတယ်။ တစ်ရက်ကျတော့ လီဆာက သူငယ်ချင်းပါတီသွားချင်လို့ တွန်ကို သူ့အဖေ တေလာရဲ့ အိမ်ကို စောင့်ပေးဖို့ အကူအညီတောင်းပါတယ်။ တွန်ကလည်း လီဆာနဲ့ အနေနီးဖို့အတွက် အိမ်စောင့်ပေးဖို့ကို သဘောတူခဲ့ပါတယ်။ လီဆာ့အဖေ တေလာက အလုပ်မှာရော အိမ်မှာပါ စည်းစနစ်ကြီးတဲ့ သူတစ်ယောက်ပါ။ တွန်တစ်ယောက် အိမ်စောင့်နေတဲ့ညမှာပဲ ဗရုတ် သုတ်ခတွေဖြစ်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ပါ့မလား လီဆာနဲ့ရော အမြန်ဆုံး နီးစပ်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး…… Comedy, Romance ကားလေးဖြစ်ပြီး . အတော်လေးကြည့်ကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size……….(1.62 GB) / (750 MB) / (500 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 26mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Parris Encoder……….SWM

Drama
5 2003
My Boss’s Daughter
The Gift
7

The Gift (2015) ~ IMDb – 7/10, Rotten Tomatoes – 91% ~ ဇာတ်ကားနာမည်က “လက်ဆောင်” တဲ့။ ဘာလက်ဆောင်လဲဆိုတော့ ဇာတ်ဆောင် လင်မယားနှစ်ယောက် အိမ်အသစ်ကို ပြောင်းလာကြတယ်။ အဲဒီမှာ ယောက်ျားရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့တွေ့တယ်။ အဲဒီသူငယ်ချင်းက လက်ဆောင်တွေ ဇွတ်လာပေးနေတာပါပဲ။ အိမ်ကို လူမရှိတဲ့အချိန်ဝင်ပြီး လက်ဆောင်ပေးတတ်သေးတယ်။ တကယ်ကို ကြောင်တောင်တောင်ကောင်ပါပဲ။ မိန်းမဖြစ်သူကတော့ သဘောကောင်းတယ်ဆိုပြီး ခင်ပေမဲ့ ယောက်ျားဖြစ်သူကတော့ ခါးခါးသီးသီးဖြစ်နေပါတယ်။ သူတို့ငယ်သူငယ်ချင်းတွေ… ငယ်ငယ်က ဘယ်အကြောင်းတွေကြောင့် ဒီလိုတွေဖြစ်နေလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရမှာပါ။ ဒါပေမဲ့ ဇာတ်ကားနာမည်လက်ဆောင်ဆိုတာက အဲဒီလက်ဆောင်တွေထက် ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း စကားပြောနိုင်တဲ့ အစွမ်းကို ရည်ညွှန်းတယ်ထင်ပါတယ်။ အဲဒီလက်ဆောင်က သုံးတတ်ရင် ဆေးဖြစ်သလို မသုံးတတ်ရင် ဘေးဖြစ်တတ်တယ်ဆိုတာ ပြချင်တဲ့ စိတ်ဝင်စားစရာ Thriller, Mystery ဇာတ်ကားလေးတစ်ကားပေါ့။ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း နှယ်နှယ်ရရတွေမဟုတ်ပါဘူး။ Ozark နဲ့ ကျွန်တော်တို့သိကြမယ့် မင်းသားကြီး Jason Bateman တင်မကဘဲ The Great Gatsby က မင်းသားကြီး Joel Edgerton ကလည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ဒါရိုက်တာလုပ်ထားတာပါ။ ဂျွန်နီဒပ် ရဲ့ Transcendence မှာ ပါခဲ့တဲ့ အတော်လေးကို ကျက်သရေရှိရှိလှတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်ထားတဲ့ မမ Rebecca Hall လည်း ပါသေးရုံမက Rating တွေကလည်း မြင့်နေသေးတော့ တကယ့် ရှယ်ဇာတ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 875MB, 505MB Quality – 1080p, 720p, 480p IMDb Rating – 7/10 Format – mp4 Duration – 1H 48Min Genre – Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

7 2015 108 mins
The Gift
Helicopter Eela
6.7

Helicopter Eela(2018) အညွှန်း ************************* အီလာဆိုတဲ့အမျိုးသမီးဟာ အဆိုတော်မော်ဒယ်တစ်ယောက်.. သူ့ခေတ်တုန်းက အတော်လေးပေါက်ရောက်ခဲ့ပေမဲ့ ငယ်ငယ်နဲ့ အိမ်ထောင်ကျပြီးတဲ့အချိန်မှာတော့ သူ့ရဲ့ နာမည်ကြီးမှုဟာလည်း တစ်ဖြည်းဖြည်းမှိန်ဖျော့လာခဲ့တယ်.. သားလေးတစ်ယောက်မွေးဖွားခဲ့ပြီး နှစ်အနည်းငယ်ကြာမှာ ယောင်္ကျားဖြစ်သူဆုံးပါးသွားခဲ့တယ်.. ဒီလိုနဲ့ သူ့ဘဝဟာ အခက်အခဲတွေနဲ့ချည်းဆက်တိုက်ကြုံရသလိုဖြစ်လာတယ်.. အဲ့ဒီနောက် သားဘဝရှေ့ရေးနဲ့ သူ့အနာဂတ်တိုးတက်ကြီးပွားဖို့ ဘဝသစ်စမယ်ဆိုပြီး ကြိုးစားလာခဲ့တဲ့အချိန်မှာတော့… File Size : (2.1GB)(994MB) and (261MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:15:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Encoded by Phyo Pyae

Action • Adventure • Fantasy
6.7 2018 131 mins
Helicopter Eela
Angels Of Vengeance
5.9

CMပရိသတ်ကြီးကို မှုခင်းရဲမေ လျို့ဝှက်သည်းဖို ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။ အထူးရဲကွန်မန်ဒိုတပ်ဖွဲ့ဝင် နတ်မိမယ်လေး(၄)ယောက်ဟာ မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး မူးယစ်ရာဇာကိုအမြစ်ကနေလှန်ပစ်နိုင်ဖို့အတွက် သူလျှိုအဖြစ်နဲ့ မူးယစ်ဂိုဏ်းထဲကိုရောဝင်ပြီး အမှုကိုဖော်ထုတ်မယ့် မှုခင်းဇာတ်လမ်းပဲဖြစ်ပါတယ်။ နတ်မိမယ်(၄)ယောက်ကတစ်ယောက်ချင်းစီဘယ်လိုစွမ်းရည်တွေရှိကြလဲ…… မူးယစ်ဂိုဏ်းထဲမှာ လျို့ဝှက်သည်းဖိုဘယ်လိုဟန်ဆောင်ပြီ းသက်သေတွေရအောင်ယူကြလဲ…… မူးယစ်ဂိုဏ်းကြီးကိုဘယ်လိုနှိမ်နင်းပစ်လဲ……ဆိုတာ ကို ကြမ်းကြမ်းရမ်းရမ်းဖိုက်တင်ခန်းတွေနဲ့အတူ မမတွေကအလှမပျက်တင်ဆက်ပြသွားမှာဖြစ်ပါတယ်။

5.9 2023
Angels Of Vengeance
Pokolenie Ikea
6.7

Pokolenie Ikea(2023) ****************** ဦးဆုံးအနေနဲ့ ဇာတ်လမ်းတစ်လျှောက် sex sceneတချို့နဲ့ လိင်မှုအသုံးအနှုန်းတွေ ပေါပေါသီသီပါတာမို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။ ပိုလန်စာရေးဆရာ Piotr Cရဲ့ Pokolenie Ikeaဆိုတဲ့အရောင်းအရဆုံးစာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒီစာအုပ်ဟာ ပိုလန်အင်တာနက်အသုံးပြုသူတွေ ratingပေးတဲ့အဖတ်သင့်ဆုံးစာအုပ် 100ထဲမှာ နံပါတ်32အထိချိတ်ခဲ့ပါတယ်… ဇာတ်လမ်းနာမည်က englishလိုဆို IKEA Generationဖြစ်ပြီး Millennials နဲ့ Gen Zersတွေကိုဆိုလိုချင်တာပါ။ တစ်နည်းအားဖြင့် ဒီဇာတ်လမ်းဟာ အသက် ၄၀အောက်အရွယ် ၂၁ရာစု ခေတ်သစ်လူလတ်ပိုင်းဘဝအကြောင်းကို ရိုက်ပြထားတဲ့ Drama၊ Comedy၊ Romanceကားလေးပါ… Romanceကားဆိုပေမယ့် ideaဆန်းဆန်းလေးနဲ့မို့ sex conceptတစ်ခုကို ချပြနေတယ်လို့တောင် အထင်မှားစရာရှိပါတယ်။ ၂၁ရာစုရဲ့ လူလတ်ပိုင်းဘဝဟာဆိုရင် ယခင်ရှေးရိုးစွဲကာလတွေနဲ့ မတူတော့ဘဲ လိင်မှုကို ကျား၊မ မရွေးလွယ်လွယ်ကူကူရယူနိုင်တဲ့အမှုတစ်ခုလိုဖြစ်နေပါပြီ။ ဒီထဲမှာမှ ဘလက်ကီဟာ အသက်သုံးဆယ်ကျော် လူပျိုလူလွတ်ရှေ့နေတစ်ယောက်ပါ။ အိမ်ထောင်သားမွေးပြုချင်သူမဟုတ်သလို၊ အချစ်ကိုမရှိလည်းဖြစ်တယ်လို့တွေးပြီး ဘဝကို ပါတီတက်လိုက်၊ မိန်းမလိုက်စားလိုက်နဲ့ ပျော်ပျော်ပါးပါးကျော်ဖြတ်နေသူပါ။ သူဟာ လိင်ကိစ္စကိုလွတ်လပ်မှုတစ်ခုလို့ တွေးသူဖြစ်တဲ့အပြင် ထူးထူးဆန်းဆန်းအကြံဉာဏ်ရှိပါတယ်။ ဘယ်လိုလဲဆိုတော့ A to Zနာမည်အစနဲ့ မိန်းကလေးအကုန်လုံးနဲ့အိပ်ချင်တာပါ… သူ့အတွက်တော့ အက္ခရာအစဥ်လိုက်နဲ့ အရေအတွက်က အရေးမကြီးပါဘူး။ Alpahbetအားလုံးပြည့်အောင် နေဖူးချင်သူပါ…၊ ဒီလောက်ဆိုရင်ကို ဇာတ်လမ်းကတော်တော် စိတ်ဝင်စားဖို့ကောင်းနေပြီး ဇာတ်လမ်းတစ်လျှောက် သူ့ရဲ့ လိင်မှုအယူအဆတွေ၊ နေထိုင်ပုံတွေကို ကြည့်ရှုခံစားရမှာပါ။ ဒီလိုလိင်မှုလွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့ သူဆီမှာလည်း မတို့မထိဘဲထားတဲ့ အမျိုးသမီးတစ်ယောက်ရှိပါသေးတယ်။ သူ့ရဲ့အလုပ်က လုပ်ဖော်ကိုင်ဖက် အိုလ်ဂါဖြစ်ပါတယ်။ သူက ဒီအမျိုးသမီးကျမှ ဘာလို့ မတို့မထိဖြစ်နေရလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာကြည့်လိုက်ပါ… အခြားအချစ်ကားတွေနဲ့မတူတဲ့အချက်က ဒီဇာတ်လမ်းဟာ မင်းသားနဲ့ မင်းသမီး ချစ်ကြိုက်ကွဲညား၊ ကြည်နူးပြငိုယိုပြတာကို ရိုက်ပြထားတာမျိုးမဟုတ်ဘဲ လွတ်လပ်တဲ့လိင်မှု၊ နေထိုင်ပုံ၊အယူအဆကို ရိုက်ကူးပြသထားတဲ့အတွက် အချိန်ပေးပြီး ကြည့်ကိုကြည့်သင့်တဲ့ကားတစ်ကားပါပဲ။ File Size :(1.2GB)& (546MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:39:00 Genre : Drama , Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

Drama • Crime
6.7 2023
Pokolenie Ikea
Cream of the Crop
5.7

Cream of the Crop (2022) =================== IMDb Rating – 5.7/10 ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ “Cream of the Crop”ဆိုတဲ့ ရယ်လည်းရယ်ရ စိတ်လည်းပျော်ရတဲ့ Drama ကားလေးပဲဖြစ်ပါတယ်။ လူတွေဟာ ကိုယ်တကယ်ချစ်တဲ့သူအတွက်ဆိုရင် သူ့မိသားစုက ကိုယ့်ကို လက်ခံပေးလာအောင်၊အကောင်းမြင်ခံရအောင် ကြိုးစားလေ့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ဇာတ်လိုက် မိုက်ခ်ဂျဲရက်ဒ်ရဲ့ Crushလေးဂျိုဒီတို့မိသားစုဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လက်ဆင့်ကမ်းလာကြသူတွေပါ။ မိုက်ခ်က တော့ စိုက်ပျိုးမွေးမြူရေးအကြောင်း နကန်းတစ်လုံးမှမသိတဲ့ မြို့သားပေါ့။ မိုက်ခ်ဟာ ကောင်မလေးရဲ့မိသားစုတွေနဲ့ တွေ့ရတိုင်း ယောက္ခမလောင်းတွေနဲ့ ယောက်ဖလောင်း ရှေ့မှာ အလွဲတွေချည်းလုပ်မိသူလေးပါ။ ဒါပေမဲ့ သူ့ခမျာ အမြင်ကြည်ခံရအောင် စိုက်ပျိုးမွေးမြူရေးအလုပ်တွေကို အားတက်သရော ကူပေးရှာပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့‌အချစ်လမ်းခရီးဟာ တတိယလူပေါ်လာလိုက်၊ မိသားစုအနှောင့်အယှက်တွေပေါ်လာလိုက်နဲ့ အတော်လေးကိုးလို့ကန့်လန့် နိုင်ပါတယ်။ အဲတော့ မိုက်ခ်နဲ့ ဂျိုဒီတို့ အဲလိုအခြေအနေတွေကို ဘယ်လို ကျော်ဖြတ်မလဲ၊ ဘယ်လိုညှိယူကြမလဲ၊ မိသားစုအသိုင်းအဝိုင်းမတူတဲ့ သူတို့ရဲ့လမ်းခရီးအဆုံးသတ်ကရော ပျော်စရာဇာတ်သိမ်းဖြစ်ပါ့မလားဆို တာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (784 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

5.7 2022 116 mins
Cream of the Crop
Maboroshi
6.4

Maboroshi (2023) ~ IMDb – 6.4/10, RT – 62%, MyDramaList – 7.3/10 ~ အဲဒီမြို့ကလေးမှာ လူတွေဟာ ဘယ်တော့မှ ရုပ်ရော နာမ်ရောပြောင်းလဲမလာကြဘူး။ ဒီအဖြစ်တွေဟာ မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ဒီမြို့ကလေးရဲ့ အချက်အချာ စတီးစက်ရုံကြီးကို နတ်ဘုရားတွေ ဝင်စီးရာက စတယ်။ ဒီစတီးစက်ရုံကြီးက တစ်မြို့လုံးက လူတွေအားလုံးကို အလုပ်ပေးထားတဲ့နေရာတစ်ခု။ ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး တစ်ခုသောမနက်မှာ စတီးစက်ရုံကြီးဟာ ဘယ်သူမှ ဝင်လည်ပတ်ပေးစရာမလိုဘဲ သူ့ဘာသာ လည်ပတ်နေတော့တယ်။ စက်ရုံက အဓိကထုတ်ပေးတာက ဝံပုလွေလို သဏ္ဍာန်ရှိတဲ့ မီးခိုးတွေပေါ့။ အဲဒီမီးခိုးတွေက အလုပ်၂ခုလုပ်တယ်။ တစ်ခုက ကောင်းကင်က အက်ကွဲကြောင်းကိုဖာတာ၊ တစ်ခုက လူတွေကို ပျောက်ကွယ်အောင်လုပ်တာ။ ဘယ်လိုလူတွေကိုပျောက်ကွယ်အောင် လုပ်သလဲဆိုရင်တော့ ခံစားချက်ရှိတဲ့လူတွေကို…။ အဲဒီမြို့ကလေးက လူတွေဟာ ခံစားချက်ရှိနေလို့မရဘူး။ ခံစားချက်မရှိအောင်လည်းနေရတယ်။ ခံစားချက်တစ်ခုရှိလာပြီဆိုတာနဲ့ မီးခိုးဝံပုလွေတွေဟာ အဲဒီလူကို ဝါးမြိုသွားတတ်တယ်။ ခံစားချက်ရှိလာလေ လူတွေရဲ့ နှလုံးသားမှာ အက်ကွဲကြောင်းတွေပေါ်လာလေ မြို့ကလေးရဲ့ ကောင်းကင်က အက်ကွဲကြောင်းတွေကလည်း ပိုအက်ကွဲလာပြီး မြို့ဟာ ပိုပျက်လာတတ်တယ်။ မြို့က လူကြီးတွေက အဲဒီမြို့ကလေးကလူတွေကို အပြောင်းအလဲမရှိအောင်ရော ခံစားချက်မရှိအောင်ရော ထိန်းချုပ်ထားတယ်။ သူတို့ခံစားချက်တွေ မပြောင်းလဲကြသလိုပဲ အဖြစ်တွေ ရာသီတွေကလည်း မပြောင်းလဲဘူး။ အမြဲတမ်း ဆောင်းကျနေတဲ့ မြို့ကလေးမှာ သူတို့အသက်တွေကလည်း ကြီးမလာကြသလို မြို့ကလေးကလူတွေမှာ ဘယ်လိုဒဏ်ရာမျိုးပဲရရ နာကျင်မှုဆိုတာလည်း မရှိဘူး။ ရုပ်ရဲ့အထိအခိုက်နဲ့ နာကျင်မှုကို သူတို့တွေရှာကြည့်ကြပေမဲ့လည်း နာကျင်မှုက သူတို့ဆီ ရောက်မလာခဲ့ဘူး။ သူတို့ကိုနာကျင်စေနိုင်တဲ့ တစ်ခုတည်းသောအရာက ချစ်မိခြင်းပဲရှိခဲ့တယ်။ ချစ်မိသူတွေများလာရင်လည်း မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်း‌တွေ တိုးသည်ထက်တိုးလာရင်း မြို့ကလေးရဲ့ပျက်ကပ်ဟာ ဆိုက်ရောက်လာလိမ့်မယ်။ တချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ အမျက်တော်ရှခံနေရတာလို့ ဆိုကြတယ်။ တစ်ချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ ကရုဏာလို့ဆိုကြတယ်။ မြို့ကလေးကလူတွေကို ရှိခဲ့ဖူးတဲ့ အလှပဆုံးအချိန်တစ်ခုမှာ သိမ်းဆည်းထားပေးချင်တာလို့ ဆိုကြတယ်။ အလှပဆုံးအချိန်တွေမှာ ခံစားချက်မဲ့စွာရှင်သန်မလား… ခံစားချက်တစ်ခုရဲ့ အရွေ့မှာ မြို့ကလေးရဲ့ ကောင်းကင်အက်ကွဲကြောင်းတစ်ခုတိုးစေမလား… ကတော့ မြို့ကလေးက လူတွေရဲ့ ရွေးချယ်မှုပေါ့။ Maboroshi မှာ အဲဒီရွေးချယ်မှုတွေ ဘယ်လောက်ခက်ခဲပြီး အဲဒီရွေးချယ်မှုတွေ ဘယ်လောက်လှပလဲ မြင်ရလိမ့်မယ်။ အခုပြောနေတဲ့ဇာတ်ကြောင်းဟာ စတိသဘောပါပဲ။ Maboroshi ရဲ့ ဇာတ်ကြောင်းဟာ ဒီထက်အများကြီးပိုရှုပ်ထွေးတယ်။ Maboroshiဟာ ဘယ်လိုကားမျိုးလဲပြောရရင် ကျွန်တော့်အတွက်တော့ Fragmentation တစ်ကြောင်းကို ပြန်အမှတ်ရစေခဲ့တယ်။ “ပြောင်းလဲမရနိုင်တဲ့ရင်နာစရာတွေအတွက် ချစ်စရာ အနုပညာထွက်ပေါက်ဟာ အိမ်နီးချင်းတိုတိုရိုကလေးမှာ ရှိနေတယ်” ဆိုတဲ့ စာသားတစ်ကြောင်းပေါ့။ တိုတိုရိုနဲ့ မတူတာက ဒီရုပ်ရှင်ကတော့ အရှိတရားကို လက်ခံပြီး ဒီထွက်ပေါက်တွေကနေ ကျွန်တော်တို့ရွေ့ပြီး ပိုလှတဲ့နေ့တွေအတွက် ရှေ့ဆက်မလား။ ဒီထွက်ပေါက်ကလေးကိုပဲ မက်မောပြီးနေလိုက်မလားဆိုတာကို ပြသွားခဲ့တယ်။ Maboroshi ဟာ အန်နမဲကြည့်နေကျမဟုတ်တဲ့လူတွေအတွက်တော့ အဆင်ပြေဖို့မသေချာပေမဲ့ အန်နမဲဖန်တွေအတွက်တော့ ကားကောင်းတစ်ကားဖြစ်နေလိမ့်မယ်။ Perfect Blue, Paprika, The Prestige, Inception, Shutter Island နဲ့ Predestionation တို့လို ရုပ်ရှင်တွေကြိုက်တဲ့လူတွေလည်း ကြိုက်ကောင်းကြိုက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 720MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 51Min Genre – Animation, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.4 2023
Maboroshi
Galaksi
6.5

Galaksi (2023) ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့်ကားလေးကတော့ “ Galaksi “ လို့ခေါ်တဲ့လူငယ်ကြိုက်ကျောင်းသားလူမိုက်ကားလေးဖြစ်ပါတယ် ဂါလက်ဆီ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်က Ravispa ဆိုတဲ့ကျောင်းသားတွေချည်းပါဝင်ထားတဲ့လူမိုက်အဖွဲ့ရဲ့ခေါင်းဆောင်ပါ လူမိုက်တွေဆိုပေမယ့် သူတို့တွေဟာ Broken Family ကနေ လာကြတဲ့ စိတ်ဒဏ်ရာကိုယ်စီနဲ့ ကလေးတွေဆိုလည်းမမှားပါဘူး တစ်နေ့မှာတော့ အဖွဲ့ခေါင်းဆောင်ဂါလက်ဆီဟာ သူတို့ကျောင်းက စာကြိုးစားတဲ့ စံပြကျောင်းသူမလေးတစ်ယောက်ကိုစိတ်ဝင်စားမိသွားပါတော့တယ် အဲ့ဒီကျောင်းသူမလေးကတော့ဂါလက်ဆီကိုဆိုရင်လုံးဝကိုကြည့်မရပါဘူး ဒါပေမယ့်တဖြည်းဖြည်းဂါလက်ဆီနဲ့သိကျွမ်းလာပြီး နောက်မှာ သူ့ကိုမမုန်းတော့တဲ့အပြင် ဂါလက်ဆီရဲ့ဘဝလေးကိုပြုပြင်ပေးနိုင်ဖို့ကြိုးစားပါတော့တယ် ဆက်လက်ပြီးတော့ သူမဂါလက်ဆီရဲ့ဘဝကိုပြုပြင်ပြီးလမ်းပြပေး နိုင်ပါ့မလား သူတို့နှစ်ယောက်ရဲ့အချစ်ရေးကချောမွေ့ပါ့မလားဆိုတာကြည့်လိုက်ကြရအောင် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Romance Quality…. 1080p | 720p File size… 1.4GB | 792MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thae Thae Encoder ….. Aaron

6.5 2023
Galaksi
Drift

ဂျက်ကွီလင်းဆိုတဲ့ ကောင်မလေးဟာ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး လန်ဒန်မှာ သွားရောက်နေထိုင်နေသူပါ။တစ်ရက်မှာတော့ မိသားစုတွေနဲ့ တွေ့ဆုံဖို့ သူဟာ Liberia ကိုနှစ်ပတ်ကြာပြန်လာခဲ့ပါတယ်။ အဲ့ဒီအချိန်နိုင်ငံအတွင်းမှာ ပဋိပက္ခပေါင်းများစွာနဲ့ ပြည်တွင်းစစ်ပေါ်ပေါက်လာပြီး ဂျက်ကွီလင်းတို့ ဝန်ကြီးမိသားစုအိမ်ဟာလည်း ပုန်ကန်သူတွေလက်အောက်ကို ကျရောက်ကာ ကံကြမ္မာဆိုးဝင်ခဲ့ပါတော့တယ်။ နိုင်ငံဟာလည်း စစ်မီးကြောင့် ပျက်စီးနေတဲ့အချိန် ဂျက်ကွီလင်းဟာ နိုင်ငံ‌က ထွက်ပြေးပြီး ဂရိကျွန်းလေးတစ်ကျွန်းကို ရောက်ရှိသွားခဲ့ပါတယ်။ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး ဘဝမှာ အဆင်ပြေပြေနေခဲ့ရသူတစ်ယောက် နိုင်ငံပျက်စီးနေချိန် ဂရိကျွန်းမှာ နေ့စဉ်ဘဝကို ခက်ခဲစွာရှင်သန်နေထိုင်ရပုံကို ကြည့်ရှုခံစားရမယ့် Drama ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် File size…(2.1 GB)/(988 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2024
Drift
Godzilla Minus One
8.4

Godzilla Minus One (2023) ===================== IMDb Rating – 8.3/10 ဂျပန်နိုင်ငံရဲ့ ဂန္ဓဝင် ဂေါ်ဇီလာ ရှေးဟောင်းကားတွေကို အမှတ်တရဖြစ်စေမဲ့ စတိုင်နဲ့ ရိုက်ကူးထားတဲ့နောက်ဆုံးထွက် ဂေါ်ဇီလာကားပဲဖြစ်ပါတယ်။ ဂေါ် ဇီလာအမှတ်တံဆိပ်စတင်ခဲ့ပြီး နှစ် ၇၀ မြောက်အထိမ်းအမှတ်လည်းဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဟာ ဘက်ဂျက် ၁၅ သန်းထဲနဲ့ ရိုက်ကူးထားပြီး ဂျပန် နဲ့ အမေ ရိကန်မှာတင် ၇၅ သန်းကျော် ပြန်ဝင်နေပါပြီ။ CGI သုံးထားတာဖြစ်ပေမဲ့ ဂန္ဓဝင် အရုပ်စတိုင်အတိုင်း တူအောင် ပြန်ဖန်တီးထားတာလည်းတွေ့ရပါတယ်။ IMdb မှာလည်း 8.4 တောင်ရရှိထားပါတယ်။ Godzilla (2014) ရဲ့ ဒါရိုက်တာ Gareth Edwards ကတော့ ဂေါ်ဇီလာရုပ်ရှင်ဆိုတာ ဒီလိုဖြစ်ရမှာဆိုပြီး အားကျသံကြီးနဲ့ မှတ်ချက်ပေးသွားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း – ဂေါ်ဇီလာရဲ့ မူလဂျပန်နာမည်ကတော့ ဂေါ်ဂျီရာဖြစ်ပြီး ဂေါ်ရီလာ (ဂျပန်သံ ဂေါ် ရီရာ) နဲ့ ဝေလငါး ကူဂျီရာတို့ကို ပေါင်းခေါ်ထားတာပါ။ ဂေါ်ဇီလာဆိုတာ သမိုင်း မတင်ခင် လက်ကျန် တွားသွားသတ္တဝါမျိုးနွယ် အနေနဲ့ ပင်လယ်ကြမ်းပြင်အောက် မှာ ရှိနေခဲ့တဲ့ သတ္တဝါကြီးပါ။ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကြောင့် သူ့အသိုက်နဲ့ ဆွေ မျိုးတွေ ပျက်စီးသွားပြီးနောက် ဒေါသတကြီးနဲ့ ကုန်းမြေပေါ်ကို တက်လာတာလည်း ဖြစ်ပါတယ်။ သူ့လမ်းကြောင်းမှာရှိတဲ့အရာတိုင်းကို ဖျက်ဆီးပစ်ပြီး အဏုမြူဓာတ် ရောင်ခြည်တွေကိုလည်း စုပ်ယူနိုင် ပြန်သုံးနိုင်ပါတယ်။ ဂေါ်ဇီလာရဲ့ ဇစ်မြစ်ဟာ အဏု မြူဆန့်ကျင်ရေး သင်္ကေတအတွက် ရည်စူးပြီး စတင်ခဲ့တာပါပဲ။ ဟောလိဝုရုပ်ရှင်တွေမှာ ဂေါ်ဇီလာကို သတ္တဝါဆိုးကြီးအနေနဲ့ပဲ ပုံဖော်တာမျိုးပေမဲ့ ဂျပန်တွေမှာတော့ ဂေါ် ဇီလာဟာ သတ္တဝါကြီးတစ်ပိုင်း နတ်ဘုရားတစ်ပိုင်းအနေနဲ့ ပုံဖော်ခံရတာများပါတယ်။ နတ်ဘုရားဆိုပေမဲ့ ဒေါသကြီးပြီး ဖျက်ဆီးတတ်တဲ့ နတ်ဘုရားမျိုးကို ပုံဖော်ထားတာပါ။ 1954 ပထမဆုံးဂေါ်ဇီလာရုပ်ရှင်ကို ရုံတင်ချိန်မှာ လာကြည့်ကြတဲ့ ဂျပန်နိုင်ငံသားတွေ မျက်ရည်တွေနဲ့ ထွက်လာခဲ့ကြတယ်ဆိုရင် အခြားနိုင်ငံသားတွေနားလည်နိုင်မှာမဟုတ် ပါဘူး။ ဒုတိယကမ္ဘာစစ်အဆုံးမှာ အနုပညာရှင်တွေ နဲ့ နိုင်ငံရေးသမားတွေဟာ အဏုမြူ ဗုံးကိစ္စကို ပေါ်တင်ဆွေးနွေးခွင့် ရှုံ့ချခွင့်မရကြပါဘူး။ ဒါကြောင့်ပဲ ဟီရိုးရှီးမားနဲ့နာဂါဆာ ကီတို့ရဲ့ အဖြစ်ဆိုးကို ဂေါ်ဇီလာနဲ့ တင်စားပြခဲ့တာပါ။ ဂေါ်ဇီလာရဲ့ ကျောက ဆူးတောင် တွေဟာ အဏုမြူဗုံးဒဏ်ရာကြောင့် အမာရွတ်ကြီးတွေဖြစ်လာတာဖြစ်ပြီး ဂျပန်တွေရဲ့ ရင်ထဲက အမာရွတ်ကြီးကို ပုံဆိုးပန်းဆိုးတမင်လုပ်ပြီး ဖော်ပြထားတာပါ။ ဟောလိဝုရုပ် ရှင်အချို့ဟာ ဒီဆူးတောင်တွေကို လှအောင်တောင် ပြင်လိုက်ပါသေးတယ်။ ဒီဇာတ်လမ်းဟာလည်း ဒုတိယကမ္ဘာစစ်ပြီးကာစ လေကြောင်းတိုက်ပွဲတွေကြောင့် ပြန်နာ လံထူနေစ ဂျပန်နိုင်ငံ ဂေါ်ဇီလာတိုက်ခိုက်ခံရတာနဲ့ အစပြုခဲတာပါ။ စစ်အပြီးသုညအချိန်မှာ ဂေါ်ဇီလာတိုက်ခိုက်မှုဟာ သုညမှ အနုတ်သို့လို့ ဆိုလိုပြီး Minus One ဆိုတဲ့နာမည်ကို ပြန်သုံးခဲ့တာပါ။ ဒီရုပ်ရှင်ဟာ မူလဂေါ်ဇီလာ စတင်တိုက်ခိုက်တဲ့ အိုဒိုကျွန်းကနေပဲ စတင် ထားပြီး၊ စစ်အပြီးလက်နက်တွေဖြုတ်သိမ်းနေချိန် ပြန်အပ်နေချိန်မှာ ရှိမဲ့စုမဲ့ အင်အားလေးနဲ့ ဂေါ်ဇီလာကို ရန်ဆိုင်ကြပုံတွေကို ပြသထားတာဖြစ်ပါတယ်။ ဒါကြောင့် ခုနှစ်ပိုင်းမှာ လူတွေ ကြည့်ထားတဲ့ နောက်ဆုံးပေါ် Monsterverse က တိုက်ပွဲအကြမ်းတွေကို မြင်ရမှာမဟုတ် ပါဘူး။ လေယာဉ်နောက်မြီးတောင်ပံလေးထပ်တပ်နိုင်တာကိုတောင် တအံ့တဩဖြစ်ရတဲ့ လေယာဉ်စက်ပြင်ဆရာတွေ၊ ခုန်ထွက်ခလုတ်ဆိုတာဘာမှန်းမသိတဲ့ပိုင်းလော့တွေကိုပဲ မြင် ရမှာပါ။ ဒီတော့ ကိုယ်တွေရဲ့ ကလေးဘဝတွေကို အလွှမ်းမိုးဆုံးဇာတ်ကောင်တွေထဲက တစ်ခု ဖြစ်တဲ့ ဂေါ်ဇီလာရဲ့ အမှတ်တရရုပ်ရှင်အဖြစ် ခံစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(6.2 GB) / (2.02 GB) / (1.05 GB) Quality…………BLU-RAY 4K HEVC / 1080p / 720p Duration………2Hr 04Min Subtitle………..Myanmar Hardsub Format…………MKV / MP4 Genre…………..Action, Adventure, Drama Translator…….Mr.Anderson Encoder……….SWM

8.4 2023
Godzilla Minus One
Hellraiser: Hellworld

Hellraiser: Hellworld (2005) ဒီဇာတ်ကားမှာတော့ Hellraiser တွေ နာမည်ကြီးကုန်ကြပါပြီ။ ဆီနိုဘိုက်တွေအကြောင်း ကြားဖူးထားတဲ့ လူတစ်ယောက်က လက်ကမြင်းပြီး Hellworld ဆိုတဲ့ ဂိမ်းကိုထွင်လိုက်ပါတယ်။ သေတ္တာကိုဖွင့်တယ် ဆီနိုဘိုက်တွေ ရောက်လာတယ် အဲဒါတွေပါတဲ့ဂိမ်းပေါ့။ အဲဒီတော့ Hellworld ကို ကစားတဲ့ Hardcore Gamer တွေရှိလာရော။ အဲဒီထဲက အဒမ်ဆိုတဲ့တစ်ယောက်ကတော့ ဂိမ်းကို အရူးအမူးဖြစ်ပြီး ကိုယ့်ဘာသာသတ်သေတဲ့ထိဖြစ်လာပါတော့တယ်။ သူနဲ့အတူတွဲနေတဲ့ သူငယ်ချင်းအုပ်စုကလည်း Hellworld ကစားတာကြိုက်တဲ့သူတွေ၊ Hellworld Geek တွေပါ ပါပါတယ်။ သူသေသွားပြီး နောက်နှစ်နှစ်ကြာတော့ သူ့သူငယ်ချင်းအုပ်စုကို Hellworld ဂိမ်းကစားသူတွေ စုကြတဲ့ ပါတီကို ဖိတ်ခံရတယ်။ သူတို့အုပ်စု ပါတီကျင်းပတဲ့ လဗိုင်ယာသန်အိမ်တော်ကို ရောက်တဲ့အချိန်မှာ ဇာတ်လမ်းက စတော့တာပါပဲ။ မင်းသမီးကတော့ Vikings Series ထဲက မင်းသမီးချော Katheryn Winnick ဖြစ်ပြီးတော့ စူပါမန်းကြီး Henry Cavill လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 965MB Quality – 1080p, 720p Format – mp4 Duration – 1H 31Min Genre – Slasher Horror, Teen Horror, Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Comedy • Horror
0 2005
Hellraiser: Hellworld
Scent of a Woman
8

Scent of a Woman (1992) IMDb (8.0) / Rotten Tomatoes (88 %) Won 1 Oscar. Another 5 wins & 14 nominations ဒီတစ်ခါ Old But Goldတွေထဲကပဲ ကျွန်တော်တို့သရုပ်ဆောင်အကောင်းဆုံး မင်းသားလို့သိကြတဲ့ Godfatherကြီး Alpacinoရဲ့ Leding Roleကနေအော်စကာရခဲ့တဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားထဲက Alpacinoနဲ့ အတူသရုပ်ဆောင်ရမဲ့နေရာအတွက် Matt Damon, Braden Fraser, Ben Affleck တို့ Audience ဝင်ခဲ့ကြပေမဲ့ Chris O’Donnell က ရသွားခဲ့ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ နာမည်ကိုကအတော်လေး ဆွဲဆောင်မှု ရှိပါတယ်… “Scent Of A Woman မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့” ဇာတ်ကြောင်းအကျဉ်းကတော့အထက်တန်းကျောင်းမှာ ပညာသင်ဆုနဲ့ ကျောင်းတက်နေရတဲ့ ကောင်လေးတစ်ယောက်ဟာခရစ္စမတ်ပိတ်ရက်အိမ်ပြန်စရိတ်ရှာဖို့ ခရစ္စမတ်မတိုင်ခင် ကျေးဇူးတော်နေ့ပိတ်ရက်မှာ အချိန်ပိုအလုပ်တစ်ခု လက်ခံခဲ့ပါတယ်။ သူ လုပ်ရမဲ့အလုပ်ကတော့ မျက်စိကွယ်နေတဲ့အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦးကို စောင့်ရှောက်ရမှာပါ။ သူစောင့်ရှောက်ရမဲ့လူကလည်း တော်ပြီး အရည်အချင်းရှိသလောက် ဒေါသကြီးပြီး အရာရာကို စိတ်တိုင်းမကျဖြစ်နေတက်တဲ့ လူ့ဂွစာပါ။ ဒီ ဇာတ်ရုပ်ကိုလည်း ကျွန်တော်တို့်ရဲ့Godfaherကြီး Alpacinoက ခပ်ကြမ်းကြမ်းဟောက်ချက်တွေOver မဖြစ်တဲ့ တိုက်ခိုက်မှုတွေနဲ့ ဖော်ပြခဲ့သလို Oscar ဆုရခဲ့တဲ့အထိအပီပြင်ဆုံး သရုပ်ဆောင်ခဲ့ပါတယ်။ Godfather ထွက်ပြီး ၂နှစ်အကြာထွက်ခဲ့တဲ့ကားဆိုတော့ကာ သူတို့၂ယောက်စတွေ့တဲ့အခန်းမှာGodfatherဟန်မပျောက်သေးဘူး မှတ်ရလောက်အောင် ဂေါ်တဲ့စတိုင်ကို မြင်ရဦးမှာပါ။ လူ့ဂွစာတွေ စရိုက်အတိုင်း သူတို့၂ယောက်ဟာသဟဇာတမဖြစ်တာတွေကြုံရပေမဲ့ တစ်ယောက်သဘော တစ်ယောက်နားလည်လာတဲ့အခါ လူသားပီပီသသ တစ်ယောက်နဲ့တစ်ယောက်ဘယ်ရွေ့ ဘယ်မျှအထိ နှလုံးသားချင်း နီးစပ်သွားကြမလဲဆိုတာကို…ကျွန်တော်တို့ တငွေ့ငွေ့ ခံစားရမှာပါ။ ဒီဇာတ်လမ်းနဲ့”Scent Of A Woman မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့”ဆိုတဲ့ခေါင်းစဉ် ဘယ်လို ပက်သက်သွားလဲဆိုတဲ့ အမေးတော့ ရှိမှာပါ။ “ကိုယ်သင်းနံ့ဟာ ဆွဲဆောင်မှုဆိုတာရဲ့ အပြင်းဆုံး လက်နက်တစ်မျိုးပဲ ဒီလက်နက်ကို ကောင်းကောင်းအသုံးချတက်တဲ့မိန်းမတစ်ယောက်ဟာ တခြားသော လက်နက်တွေကို မလိုတော့ဘူး “ဆိုတဲ့စကားလေးနဲ့ ချိတ်သွားသလို ဒီကားရဲ့ အဓိကဇာတ်ဆောင်ဟာ မျက်မမြင် တစ်ယောက်ပါ။ မထိမကိုင်ရပဲမျက်မမြင်တစ်ယောက် ခံစားနိုင်မဲ့ အမြင့်ဆုံးလိင်အာရုံ အရသာက ကိုယ်သင်းရနံ့ပါပဲ.။ Oscar သုံးနေရာအတွက် ရာထားခံရပြီး Oscar တစ်ခုရခဲ့တဲ့ ဒီရုပ်ရှင်ဟာ နာမည်ပေးအရမ်းလှသလို ရသလည်းမနုံနဲ့ခဲ့ပါဘူး…ရုပ်ရှင်တစ်ကားကြည့်ပြီး တစ်စုံတစ်ရာသော ခံစားချက်ရယူချင်တယ်ဆိုပါစို့… ဒီကားဟာ ခင်ဗျား ခံစားကြည့်သင့်တဲ့ကားတစ်ကားပါပဲ။ (ရုပ်ရှင်အညွှန်းကို Wira Aung မှရေးသားပေးပြီး ဘာသာပြန်သူကတော့ ညီမငယ် Tinnilar Lwin ပဲဖြစ်ပါတယ်…)

8 1992 156 mins
Scent of a Woman
Lake George
6.2

ဒီကားလေးကတော့ Golden Globes ဆု နဲ့ Peabody Awards ဆုရ ဒါရိုက်တာကြီး Jeffrey Reiner ရဲ့ဇာတ်ကားလေးဖြစ်ပြီး Rotten Tomatoes မှာလည်း 95% certified ဖြစ်တဲ့ကားလေးဖြစ်လို Crime/Drama အမျိုးအစားတွေကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ် ပရိသတ်တို လက်လွှတ်မခံသင့်တဲ့ကားလေးပဲဖြစ်ပါတယ်… ထောင်ကထွက်လာခါစ အရာရာဆုံးရှုးပြီးသား Don တစ်ယောက် ဘဝသစ်ပြန်စဖို ထောင်မကျမီတင်ကျန်နေတဲ့ အကြွေးငွေ သွားတောင်းရာမှ လူသတ်မှုတစ်ခုကျူးလွန်ဖို အတင်းအကြပ် စေခိုင်းခံရတဲ့အပေါ်အခြေခံ ဇာတ်အိမ်ဖွဲထားတာဖြစ်ပြီး ခပ်ထုံထုံ ခပ်အေးအေးထောင်ထွက် တစ်ခုလပ် Don နဲ့ ကိုကင်းကုန်သည်ရဲ့ ချစ်သူ သွက်သွက်လက်လက်မိန်းမလည် Phyllis တို မမျှော်လင့် ထားတဲ့ပြစ်မှုတွေ ကျူးလွန်မိသွားပုံကို တင်ဆက်ပြသထားတာပဲ ဖြစ်ပါတယ် တစ်ဖက်မှာလည်း ပျော်ခဲ့ရတဲ့အတိတ်ကို ပြန်တမ်းတရင်း ပြိုကွဲသွားတဲ့ အိမ်ထောင်ရေးကို ပြန်တည်ဆောက်ဖိုကြိုးစားနေတဲ့ ဒွန်ရဲ့အခြေအနေကိုပါ ဂရုဏာသက်ဖွယ်တင်ဆက်ထားတာဖြစ်တဲ့ အတွက် Crime နဲ့ Drama ကို မျှတအောင်တင်ဆက်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ခံစားကြည့်ရှုနိုင်ဖို ညွှန်းဆို ပေးလိုက်ရပါတယ်… File size… (1.46GB) / (796MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 58m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Science Fiction • Adventure • Family • Fantasy
6.2 2024 118 mins
Lake George
28 Days
6.1

28 Days (2000) IMDb Rating (6.1) “28 Days” ဇာတ်ကားဟာ ၂၀၀၀ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒရာမာနဲ့ ဟာသရောစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ‌တော့ ဂွမ် ဟာ ပါတီပွဲတွေ၊ အရက်တွေနဲ့ ဘဝကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူမဟာ မတော်တဆမှုတစ်ခုကို ဖန်တီးမိပြီး နောက်ဆုံးမှာ ပြန်လည်ထူထောင်ရေးစင်တာကို ရောက်ရှိသွားပါတယ်။ ဒီနေရာမှာ ဂွမ် ဟာ သူမရဲ့ ဘဝကို ပြန်လည်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေရတဲ့ ခရီးကို စတင်ပါတယ်။ ဇာတ်ကားထဲမှာ ဂွမ် ရဲ့ ဇာတ်ရုပ်ဟာ ပြောင်းလဲမှုတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပြီး သူမရဲ့ အားနည်းချက်တွေကို လက်ခံပြီး ကျော်လွှားနိုင်တဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်လာပါတယ်။ သူမရဲ့ ခံစားချက်တွေ၊ ရုန်းကန်မှုတွေကို ဇာတ်ကားက ရိုးရိုးသားသား ဖော်ပြထားပါတယ်။ ဒီဇာတ်ကားဟာ ပြန်လည်ထူထောင်ရေးနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတဲ့ ဇာတ်လမ်းကို ရိုးရှင်းစွာနဲ့ စိတ်ဝင်စားဖွယ်ရာ ဖော်ပြထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Sandra Bullock ရဲ့ သရုပ်ဆောင်မှုက ဇာတ်ကားကို ပိုမိုအသက်ဝင်စေပြီး ဇာတ်ကားကြည့်ပြီးရင် ကိုယ့်ဘဝကို ပြန်လည်သုံးသပ်မိစေမယ့် အတွေးတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(2.2 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:44:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

TV Movie • Comedy • Romance
6.1 2000 103 mins
28 Days