YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM-HDR) Transformers.Revenge.of.the.Fallen.2009.4K.2160p.UHD.BluRay.HEVC.10bit.HDR.AC3.5.1-Nyein.mkv

7.38 GB N/A video/x-matroska 2028 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rushmore
7.4

Rushmore (1998) ~ IMDb - 7.6/10, Rotten Tomatoes - 90% ~ ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ ဒီဇာတ်ကားရဲ့​ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity တွေမှာသာအားစိုက်ပြီး စာမှာညံ့ဖျင်းတဲ့ကျောင်းသားမျိုးဖြစ်နေပါတယ်။ အသင်းအဖွဲ့ပေါင်းများစွာဝင်ထားပြီး ပြဇာတ်ရေးတာကိုအားသန်သူပါ။ မက်စ်ဟာ ကျောင်းရဲ့ပင်တိုင်အလှူရှင် ဟာမန်ဘလူးမ်ကိုလေးစားအားကျနေသူဖြစ်ပြီး သွားစကားပြောရင်းကနေ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြပါတယ်။ မစ္စတာဘလူးမ်ဟာ အသက် ၅၀ အရွယ် ချမ်းသာတဲ့ ကိုယ်ထူကိုယ်ထ ပိုက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ဇနီးမယားနဲ့အတူ အမြွှာသားနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ရက်ရှ်မိုးကျောင်းကို ရို့မေရီခရော့စ်လို့ခေါ်တဲ့ ငယ်ငယ်ခပ်ချောချောဆရာမလေးရောက်လာပါတယ်။ မက်စ်ဟာ စာကြည့်တိုက်ကနေစာအုပ် ငှားဖတ်ရင်း မစ္စခရော့စ်ငှားဖက်ထားတဲ့ စာအုပ်ကိုဖတ်မိပြီး ဆရာမလေးကိုစိတ်ဝင်စားသွားပါတော့တယ်။ ဆရာမလေးနဲ့ ရည်းစားဖြစ်နိုင်ဖို့အတွက် မစ္စတာဘလူးမ်ဆီအကြံဉာဏ်တောင်းခံရင်း မစ္စတာဘလူးမ်ပါ ဆရာမလေးကိုကြိုက်သွားပါတယ်။ မက်စ်တစ်ယောက် သူရယ် မစ္စတာဘလူးမ်ရယ် မစ္စခရော့စ်ဆိုတဲ့ဆရာမလေးတို့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ... ကျောင်းမှာအမှတ်တွေမကောင်းလို့ ကျောင်းထုတ်ခံရနီးပါးဖြစ်နေတာကကောဘယ်လိုဖြစ်သွားမလဲ... ပြင်ပ Activity တွေလုပ်တာနဲ့ ပြဇာတ်ရေးတာတွေကကောရပ်သွားမှာလား... စတာတွေကို Background Music ကောင်းကောင်းရယ် သူမတူတဲ့ရိုက်ချက်​တွေနဲ့ ရှုမြင်ခံစားရမှာပါ။ ဇာတ်ညွှန်းကို Wes Andersonနဲ့ Owen Wilson တို့ပေါင်းရေးထားတာဖြစ်လို့ သာမန်ဟာသကားတစ်ကားလိုမရိုးရှင်းဘဲ ရယ်ရမောရရင်း အနှစ်သာရတစ်ခုကိုသေချာပေါက်ရရှိခံစားရမှာလို့ပြောရင်း Rushmore ကိုကြည့်ဖြစ်အောင်ကြည့်​ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Dinesh မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Dinesh Encoded by Y

Crime • Drama • Mystery
7.4 1998 93 mins
Rushmore
The Warrant: Breaker's Law
4

MDB 5.5/10 April 18ရက်နေ့ကမှ စတင်ထွက်ရှိလာခဲ့တဲ့ ဒီကားဟာဆိုရင်ဖြင့် အက်ရှင် costume drama အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေကတော့ Dermot Mulroney, Neal McDonough, Bruce Boxleitner, Amy Hargreavesတို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဓိက ဇာတ်ဆောင်ဖြစ်သူ ဂျွန်ဘရိတ်ကာက သူ့ဖမ်းမိထားတဲ့ ဒက်ဒ်အိုင်းဆိုတဲ့ လူကို နိုင်ငံကိုဖြတ်ပြီး ပို့ပေးရမှာဖြစ်တယ်။ ဒါပေမယ့်အဲ့မြို့ကလေးကိုရောက်သွားတဲ့အခါမှာ အဲ့မြို့မှာ သောင်းကျန်း ဆူပူပြီး မြို့ထဲက ရှိသမျှ လူတိုင်းကို သတ်ဖြတ်ရမ်းကားနေတဲ့ ဂိုဏ်းတစ်ခိုင်းကို သူတို့ကနေပြီးတော့ ဘယ်လိုတွေရင်ဆိုင်ပြီး‌တော့ကာကွယ်သွားမလဲဆိုတာကိုရိုက်ပြသွားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန် ကောင်းဘွိုင်းခေတ်မှာ ဇာတ်အိမ်တည်ထားတာမို့ အဲ့ခေတ်ကဇာတ်လမ်းကို ကြည့်ရတာကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့‌ဆို အရမ်းကိုနှစ်သက်မှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(930 MB)/(470 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Thriller, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill

Action & Adventure • Drama • Sci-Fi & Fantasy
4 2023 90 mins
The Warrant: Breaker's Law
The Tutor
6.2

ဒီဇာတ်လမ်းထဲက ကျူတာကတော့အီသန်ပါ။ အီသန်က လူချမ်းသာတွေရဲ့ကလေးတွေကို ကျူတာအဓိကလုပ်ပေးတယ်။ ဘောစိကလေးတွေဆိုတော့ ငဆိုးလေးတွေများပေမယ့် အီသန်ကတော့ ဒီကလေးတွေကို ပညာရေးမှာစိတ်ဝင်စားလာအောင် တိုးတက်လာအောင်ဆွဲခေါ်ပေးနိုင်လို့နာမည်ရတယ်။ တစ်နေ့မှာ ကလေးတစ်ယောက်ကိုစာသင်ပေးဖို့ အီသန့်ကိုဌားတယ်။ ပေးတဲ့လစာကလဲ မယုံနိုင်လောက်အောင်များတယ်။ အီသန်ကလဲပိုက်ဆံလိုတယ်တော့မဟုတ်ပေမယ့် သူ့ချစ်သူကကလေးမွေးတော့မှာဆိုတော့ ပိုက်ဆံများများရတော့လဲကောင်းတယ်ပေါ့။ သူ့ကိုအဲ့လောက်ထိပေးတယ်ဆိုတော့ ဒီကလေးက အားစိုက်သင်ရမယ့်ကလေး စာညံ့တဲ့ကလေးလို့အီသန်ကတွက်ထားတာပေါ့။ ကလေးအဖေဘက်က အီသန့်ကိုသူတို့အိမ်မှာလာနေပြီး အရင်ဆုံးတစ်ပတ်အစမ်းသင်ကြည့်ဖို့ခေါ်တယ်။ တကယ်တမ်းစာသင်ကြည့်တော့ ကလေးကလဲတော်လိုက်တာမှ ဘာမှကိုသင်စရာမလိုလောက်အောင်ပဲ။ အဲ့တော့အီသန့်ကို လစာအများကြီးပေးပြီးခေါ်တာဘာအတွက်လဲ။ ဂျက်ဆန်ဆိုတဲ့ကလေးရဲ့မိသားစုက ပိုက်ဆံတွေများသိပ်ပေါနေလား။ စာသွားသင်တဲ့တစ်ပတ်အတွင်းမှာပဲ ဂျက်ဆန့်ဆီမှာရော အီသန့်ဆီမှာပါ မူမမှန်တာလေးတွေပေါ်ပေါ်လာတော့ ဘယ်သူကဘာတွေကြံစည်နေကြလဲ။ ဘယ်လိုရည်ရွယ်ချက်တွေရှိလဲဆိုတာ Plot Twist ကောင်းကောင်းနဲ့တင်ဆက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.GB | 521MB | 248MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Comedy • Crime
6.2 2023 92 mins
The Tutor
Adaptation.
7.4

ဒီဇာတ်ကားလေးမှာတော့ မင်းသားကြီး Nicholas Cageနဲ့ မင်းသမီးကြီး Meryl Streepတို့ရဲ ကြက်သီးထချင်စရာကောင်း လှတဲ့ သရုပ်ဆောင်ချက်တွေကို မြင်ရမှာပါ။ အဲ့လိုပဲ John Larocheနေရာမှာ သရုပ်ဆောင်သွားတဲ့ မင်းသားကြီး Chris Cooperရဲ့ သရုပ်ဆောင်ချက်တွေကလဲ သဘာဝကျချက်က တော့ သူနဲ့ဇာတ်ကောင်နဲ့ကို ခွဲမရတော့အောင်ကို ဖြစ်ရပါတယ်။ ဒီဇာတ်ကားမှာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အတွေး အမြင်တွေသာ မက ခံယူချက်တွေရဲ့ သက်ရောက်မှုအားပြင်းပုံ တွေကိုပါ တစ်ပါတည်းမြင်နေရမှာဖြစ်ပါတယ်။ ဇာတ်လမ်း အသွားအေးသလိုနဲ့ ပူလောင်စေရတဲ့ ခံစားချက်မျိုး၊ အားမလို အားမရဖြစ်စေမှုတွေ၊ လူတစ်ယောက်က တခြားတစ်ယောက်ကို ချစ်မိသွားဖို့ ဖြစ်စေတဲ့အရာတွေကို တသီတတန်းကြီးတွေ့ရပါ တယ်။ ဇာတ်ကားနာမည် Adaptation ဆိုတာနဲ့ လိုက်ဖက်လွန်း လှတဲ့ လိုက်လျောညီထွေစွာ တဖြည်းဖြည်းချင်း မသိမသာနဲ့ ပြောင်းလဲသွားတဲ့ ဇာတ်ကောင်တွေရဲ့ ခံစားမှုတွေ အတွေးတွေ အယူအဆတွေ ထင်မြင်ချက်တွေနဲ့လုံးဝကို ပြီးပြည့်စုံတဲ့ ကား ကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်) File Size..........(2.38 GB) / (900 MB) / (500 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 55Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Paul Encoder..........Zin Phyo Aung

Action • Comedy • Crime • Thriller
7.4 2002 115 mins
Adaptation.
Bring Him Back Dead
4.3

Bring Him Back Dead (2022) ====================== အက်ရှင်မင်းသားကြီး Gary Danielsပါဝင် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ အက်ရှင်ပရိသက်တွေ အကြိုက်တွေ့မယ့် ကားလေးပဲဖြစ်ပါတယ်။ ထရန့်ဆိုတဲ့လူက ဘဏ်တစ်ခုကနေ စိန် တွေခိုးဖို့အတွက် ဂိုဏ်းအဖွဲ့တစ်ခုကိုခိုင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အဲလက်စ်က အဖွဲ့ကို သစ္စာဖောက်ပြီး စိန်တွေကိုယူသွားခဲ့ပါတယ်။ အဲ့တော့ထုံးစံအတိုင်း ဂိုဏ်းကနေ သူတို့စိန်တွေကိုပြန်ယူနိုင်မလား၊ အဲလက်စ်ကရော ဘာလို့သစ္စာဖောက်ရတာလဲ၊ ဇာတ်လမ်းဇာတ်အိမ်ရိုးရိုးရှင်းရှင်းလေးကို အက်ရှင်ကောင်းကောင်းနဲ့မြင်ရမဲ့ “Bring him back dead”ပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Moe Phway Cherry ဖြစ်ပါတယ်)

Crime • Drama
4.3 2022 85 mins
Bring Him Back Dead
The Family

ဘာသာရေးနဲ့ ပတ်သက်လာရင် ကျနော်တို့တတွေဟာ ငယ်ငယ်ကတည်းက အယူအစွဲကြီးခဲ့ကြမှာပါ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတာကလည်း ဘုရားကျောင်းကန်ကို မပြတ်သွားလေ့ရှိကြတဲ့အမျိုးမဟုတ်လား။ ဒါပေမဲ့ တစ်ခုရှိတာက ငယ်စဉ်ကတည်းက ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဖြန့်လေ့ရှိကြတဲ့ ဘာသာရေးမှိုင်းတွေ၊ လူကြီးသူမတွေရဲ့ ခြောက်လှန့်ပြောဆိုမှုတွေကြားမှာ အသားကျကြီးပြင်းလာခဲ့မယ်ဆိုရင်တောင်မှ အသက်တစ်ခု ရလာလို့ လောကကြီးနဲ့ အထိအတွေ့လေး ရှိလာရင် တချို့ကိစ္စတွေကို အမှားအမှန် ခွဲခြားတတ်လာတာမျိုးလေးတွေလည်း ရှိလာကြစတမ်းပါပဲ။ ဒါပေမဲ့ ငယ်စဉ်ကတည်းက အပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်ပြီး အုပ်ထိန်းသူတွေရဲ့ ဘာသာရေးအဆုံးအမတွေကြားမှာပဲ ရှင်သန်ကြီးပြင်းလာခဲ့ရမယ်ဆိုရင်တော့..။ ဆယ့်ကိုးရာစုပတ်လည်မှာပေါ့။ တောအုပ်တွေဝိုင်းထားတဲ့ လယ်ယာမြေလေးတစ်‌ကွက်မှာ မိသားစုတစ်စု ရှိတယ်။ အဖေဖြစ်သူက ဘာသာရေးစွဲကြီးတဲ့အပြင် အရာရာမှာ နိုင်လိုမင်းထက် ပြုချင်တဲ့ ဗီဇကလည်း ရှိပါ‌သေးတယ်။ ဒီလိုပြောလို့ အမေဖြစ်သူကတော့ ကောင်းလိမ့်မယ် မထင်လိုက်ပါနဲ့ သူလည်း ထူးမခြားနားပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ ညီအငယ်ဆုံးလေးဖြစ်သူ Elijah အလုပ်လုပ်ရင်း ပင်ပန်းမှုဒဏ်တွေကြောင့် လဲကျသွားတဲ့အခါမှာတော့ အဖေလုပ်သူဟာ ယမ်းမီးပုံကျ ဒေါသအိုးကွဲပြီး ညီထွေးကို အပြစ်ပေးတဲ့အနေနဲ့ တောအုပ်ထဲကို ခေါ်သွားကာ ချန်ရစ်ခဲ့ပါတော့တယ်။ နောက်တော့ အိမ်ထောင်ဦးစီးဖြစ်သူ အဖေကြီးက အဖဘုရားသခင်အလိုတော်အရဆိုပြီး မိသားစုထဲ ချွေးမလေးတစ်ယောက်ကို ခေါ်လာခဲ့ပြန်ပါတယ်။ တောကြီးမျက်မည်းထဲ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာတဲ့ အဆိုပါသတို့သမီးလောင်းနဲ့ အကြီးဆုံးသား Calebတို့ကြားက ဆက်ဆံရေးဟာ ဘယ်လိုဘယ်ပုံ ခရီးသွားကြမလဲ။ တစ်စထက်တစ်စ သိနားလည်တဲ့ အရွယ်ကို ရောက်လာတော့ အဖေဖြစ်သူရဲ့ အဆုံးအမတွေ ရှေ့နောက်မညီမှန်းကို သတိထားမိစပြုလာတဲ့ Calebကရော ပုံစံခွက်ထဲကနေ ဖောက်ထွက်ရဲမှာလား။ အပြင်လောကကြီးက အဖေဖြစ်သူပြောသလိုမျိုး ပျက်စီးယိုယွင်းနေပြီး နတ်မိစ္ဆာတွေ အပြည့်နဲ့ ဖြစ်နေမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့် ရှုစားလိုက်ကြပါခင်ဗျား။ Castတွေအနေနဲ့ကတော့ ဝါ့ရင့်သရုပ်ဆောင် မင်းသားကြီး Nigel Benette, The L.A complexထဲက မင်းသား Benjamin Charles Watson, Hannibal, Mafia Incတို့အပါအဝင် ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီးEllandအစရှိသဖြင့် ပါဝင်ကြပြီး ရုပ်ရှင်ဆုနှစ်ဆုကိုလည်း ဆွတ်ခူးရရှိထားပါတယ်။ File size…(1.08GB) / (630MB) / (282MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:44:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO

Action • Drama • History • War
0 2022 105 mins
The Family
Ice Rain
5.5

Ice Rain (2004) ဒီဇာတ်လမ်းလေးကတော့ ၂၀၀၄ ခုနှစ်မှာ ဇာတ်အိမ်တည်ခဲ့တဲ့ ဆွတ်ပျံ့ဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ တောင်တက်သမားနှစ်ယောက်ဟာ အာလန်စခါမှာ ရှိတဲ့ အာရှခုလို့အမည်ရတဲ့ ရေခဲတောင်ပေါ်မှာ သောင်တင်နေရင်းနဲ့ သူတို့ဘဝကို ပြောင်းလဲစေခဲ့တဲ့ မိန်းကလေးအကြောင်းကို တစ်ယောက်နဲ့တစ်ယောက် ပြောပြကြပါတယ် သူတို့မသိခဲ့တာကတော့ တကယ်တမ်း သူတို့နှစ်ယောက်ဟာ ဘယ်လိုမျိုးဆက်နွယ်မှုရှိနေတာလဲဆိုတာပါပဲ အဲဒါကတော့ ဇာတ်လမ်းရဲ့အဓိကအချက်ဖြစ်တဲ့အတွက် ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ အားလုံးရဲ့အချစ်တော် “ဆောင်းဦးရွက်ကြွေချစ်သက်သေ” ထဲက မင်းသားဂျွန်စောလို့ အသိများကြတဲ့ (Song Seung Heon) နဲ့ မြန်မာနိုင်ငံမှာ ကျီးကျင့် လို့ နာမည်ရခဲ့တဲ့ မင်းသမီးကြီး Kim Ha Neul လည်း ပါဝင်သရုပ်ဆောင်ထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုအားပေးပါဦးနော် ဇာတ်ကားကောင်းလေးကို တင်ပေးချင်တာမို့ လတ်တလော ရတဲ့ ကွာလတီနဲ့ပဲ တင်ပေးထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hsu ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Drama, Romance Quality…. 480p File size… 423MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hsu Encoder ….. Aaron

Comedy • Drama • Thriller
5.5 2004
Ice Rain
Blue Beetle
6.7

Blue Beetle(2023) **************** DCEU ရဲ့ နောက်ထပ် စူပါဟီးရိုးရုပ်ရှင်အသစ် လာပါပြီ။ ဒီဇာတ်ကောင်ဟာ စူပါမန်း ဘတ်မန်းတို့ရှိတဲ့ စကြဝဠာမှာပဲ ရှိနေပေမဲ့ ဒီထဲမှာတော့ အခြားစူပါဟီးရိုးတွေကို နာမည်ပဲ ထည့်ပြောသွားပါတယ်။ ဘရုစ်ဝိန်းက တွစ်တာကို ဝယ်လိုက်တဲ့အကြောင်းတောင် စပိန်လို တီဗီမှာ ပြပြီး ဟာသလုပ်သွားပါသေးတယ်။ ဒီစူပါဟီးရိုး ဇာတ်ကောင်က မာဗယ်ရဲ့ Venom နဲ့ ဆင်တူပါတယ်။ ဂြိုလ်သား ပိုးကောင်တစ်ကောင်ဟာ လူသားလက်ခံကောင်တစ်ယောက်ကိုရွေ့းပြီးရင် ဆဲလ်တွေ ဦးနှောက်တွေကအစ ပေါင်းစည်းပြီး နှစ်စိတ်တစ်ကိုယ်အနေနဲ့ လုပ်ပါတယ်။ ကျည်မတိုးတာတွေ၊ ဒဏ်ရာပြန်ကောင်းနိုင်စွမ်းတွေ၊ ပျံနိုင်စွမ်းတွေအပြင် စိတ်ကူးထဲက ရှိတဲ့ လက်နက်ပုံစံမှန်သမျှကို ချက်ချင်း ဖန်တီးပေးနိုင်စွမ်းပါရှိပါတယ်။ ဒီအထဲမှာဆို မင်းသား စိတ်ကူးယဉ်လိုက်တဲ့ ဖိုင်နယ်ဖန်တက်စီဂိမ်းထဲက ဓားကြီးပါ ပါလာတာတွေ့ပါလိမ့်မယ်။ ထိပ်တန်းအဆင့် စူပါဟီးရိုးကားတွေလို့ ပြောရမဲ့ Man of Steel, Iron Man တို့လို origin movie မဟုတ်ပေမဲ့ Antman, Shazam တို့လို ကြည့်ပျော်တဲ့ မိသားစုကားမျိုးလေးပါပဲ။ ဇာတ်လမ်းအကျဉ်း မက္ကဆီကိုသား ဟိုင်မီ ရေးယက်စ်ဟာ ဘွဲ့ရလာပြီးတော့ မိသားစုစီပြန်လာပါတယ်။ မိသားစုက အဲဒီအချိန်မှာ စီးပွားရေးအဆင်မပြေဘဲ အိမ်ပါ ဆုံးတော့မလိုဖြစ်နေလို့ ရရာအလုပ်ရှာပါတော့တယ်။ အဲဒီမှာပဲ ကမ္ဘာ့ထိပ်တန်း လက်နက်ကုမ္ပဏီဖြစ်တဲ့ ကော့ကုမ္ပဏီမှ ာ အလုပ်ဝင်မိရကနေ ဆက်စပ်ပြီး သူတို့ကုမ္ပဏီရဲ့ ထိပ်တန်းလျို့ဝှက်ချက် ချေးပိုးထိုးအပြာကောင်ဂြိုလ်သားနဲ့ထိတွေ့မိပါတော့တယ်။ အဲဒီကနေ စူပါပါဝါတွေရလာပေမဲ့ ကုမ္ပဏီပိုင်ရှင် ဗစ်တိုးရီးယားက အသေရရ အရှင်ရရလိုက်ဖမ်းပြီး မိသားစုကိုပါ ရန်ပြုလာတာကို ရင်ဆိုင်ရတဲ့အခါ…. File Size : (6GB)( 2.47 GB ) ( 1.1 GB ) Quality : WEB-DL4K, 1080P 5.1 CH &720p Format…mp4 Duration…02:07:00 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by ‌ Mr.Anderson Encoded by Phyo Pyae , Min Wai

Drama
6.7 2023
Blue Beetle
Sewu Dino / A Thousand Days
6.6

Sewu Dino (2023) IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ Sri က ဆင်းရဲတဲ့ မိသားစုက ကောင်မလေးဖြစ်ပြီးတော့ အဖေဆေးကုဖို့အတွက် ပိုက်ဆံလိုနေလို့ Atmojo မိသားစုက လစာအများကြီးပေးပြီး အမျိုးသမီးအိမ်အကူတွေ ခေါ်တဲ့အလုပ်ကို လျှောက်လိုက်မိပါတယ်။ ကံကောင်းချင်တော့ အလုပ်ရသွားပေမယ့် သူအလုပ်လုပ်ရမယ့်နေရာကို ခေါ်သွားတော့မှ လူသေကို ရေချိုးပေးရတဲ့ အလုပ်ဖြစ်နေမှန်း သိလိုက်ရတယ်။ အဲဒီရိုးရာကို ညနေ နေဝင်ရီတရောအချိန်မှာ ညွှန်ကြားထားတဲ့အတိုင်း လုပ်ပေးရမှာဖြစ်ပြီးတော့ ရက် ၁၀၀၀ ပြည့်တဲ့အထိ လုပ်ပေးရမှာပါ။ သူတို့ရေချိုးပေးရမယ့်သူကတော့ Atmojo မိသားစုရဲ့ မြေးဖြစ်တဲ့ Della ကိုပါ။ Della ရဲ့ကိုယ်ထဲမှာ မကောင်းဆိုးဝါး ဝင်ပူးနေပြီးတော့ အဲဒီမကောင်းဆိုးဝါးက ရက် ၁၀၀၀ အတွင်း အပြင်ထွက်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားတဲ့အခါမှာ Sri တို့တွေ ရက် ၁၀၀၀ ပြည့်တဲ့အထိ နေနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.2GB | 537MB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

Drama
6.6 2023
Sewu Dino / A Thousand Days
Good Grief
6.4

Good Grief (2023) ~ IMDb – 6.4/10, RT – 78%, Meta – 60% ~ Schitt’s Creek Sitcom နဲ့ နာမည်စရလာခဲ့သလို Schitt’s Creek ရဲ့နောက်ဆုံးစီဆန်ကိုလည်း ကိုယ်တိုင်ရေးသား ရိုက်ကူး သရုပ်ဆောင်ခဲ့တဲ့ Emmy လေးဆုပိုင်ရှင် Dan Levy ကိုယ်တိုင် ရေးသား ရိုက်ကူး သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ပါ။ Dan Levy ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်း ဟုတ်တယ်။ Rotten Tomatoes – 78% ရထားတော့ ပွဲဦးထွက်အနေနဲ့ဆို အရည်အချင်းရှိတယ်ပြောရမှာပါပဲ။ နက်ဖလစ်ကနေ ဖြန့်ပေးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ဇာတ်ကတော့ လိင်တူအချစ်ကို Focus ထားပြသလိုပြနေရင်းက သူငယ်ချင်းတစ်အုပ်ကြားကအချစ်ကို Focus ထားပြထားတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။ မက်ဆိုတဲ့ ဂေးတစ်ယောက်ရှိတယ်။ သူက ပန်းချီဆွဲတဲ့အလုပ်လုပ်တယ်။ ပြောရရင်သရုပ်ဖော်ပုံဆွဲတာပေါ့။ စာအုပ်အဖုံးတို့ ပုံပြင်တို့ကိုဆွဲတာများတယ်။ သူ့ယောက်ျားကတော့ နာမည်ကျော် စာရေးဆရာ။ သူ့ယောက်ျားစာအုပ်တွေကိုလည်း သူပဲ သရုပ်ဖော်ပုံဆွဲတာ။ သူတို့လင်ယောက်ျားနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေလာခဲ့တာကြာပြီ။ သူတို့အိမ်လေးကလည်း ပါတီတွေ သူငယ်ချင်းတွေနဲ့သာယာနေခဲ့တယ်။ ဒီလိုနဲ့ အပျော်တွေမကုန်ခင် တစ်နေ့မှာ သူ့ယောက်ျားဆုံးသွားတယ်။ ဘဝမှာ သူ့ယောက်ျားကိုပဲကြည့်ရင်း နေလာခဲ့တဲ့လူတစ်ယောက်ဟာ သူ့ယောက်ျားမရှိတော့တဲ့နောက် သူ့ယောက်ျားနဲ့အတူနေခဲ့တဲ့ အိမ်ကြီးထဲ တစ်ကိုယ်တည်း ရှင်သန်ရဖို့ဖြစ်လာတယ်။ သူ့သူငယ်ချင်းတွေက သူတို့ဘဝရဲ့ တစ်နှစ်တာအချိန်ကို အကုန်ခံပြီး သူ့ကိုအားပေးဖို့ သူနဲ့အတူလာနေပေးကြတယ်။ တစ်နှစ်ပြည့်ပြီးတဲ့နောက် သူ့ယောက်ျားချန်ထားခဲ့တဲ့စာကို ဖောက်ဖတ်ဖို့ သတ္တိရှိလာတဲ့အချိန် ဒီစာဟာ သူ့ဘဝကို ဘယ်လိုရိုက်ခတ်သွားခဲ့သလဲ… သူ့သူငယ်ချင်းတွေနဲ့သူ့ဆက်ဆံရေးက ဘာဖြစ်သွားမလဲ… ကျွန်တော်တို့မြင်ရလိမ့်မယ်။ ဆိုခဲ့သလို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းကနေ သူငယ်ချင်းတွေအကြောင်းဖြစ်သွားတဲ့ရုပ်ရှင်ပါပဲ။ ခင်မင်မှုရဲ့ ခွင့်လွှတ်ခြင်း လှပခြင်းတွေကို တစိမ့်စိမ့်ကြည့်ရလိမ့်မယ်။ ဒီလိုကားမျိုးတွေက သရုပ်ဆောင်ကောင်းရင်ကောင်းသလောက် ပိုတာသွားတတ်သလို Dan Levy, Luke Evans, Emma Corrin, Passing (2021) ထဲက အဓိကဇာတ်ကောင်ဖြစ်ခဲ့တဲ့ မင်းသမီးဇာတ်ဆောင်အော်စကာဆု ဆန်ခါတင်ဖူးခဲ့တဲ့ Ruth Negga, Yesterday (2019)ထဲက မင်းသား Himesh Patel တို့လို သရုပ်ဆောင်ကောင်းတဲ့ ဆရာကြီးတွေချည်း သရုပ်ဆောင်ထားတာမို့ ကြည့်ရတာတော့ ရှယ်တန်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 665MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.4 2023 101 mins
Good Grief
Murmur of Memories
5.7

Slow romance နဲ့ လျို့ဝှက်ချက်တသီကြီးကိုဘာများဖြစ်နေမလဲဆိုပြီး စိတ်ဝင်တစားကြည့်တတ်တဲ့ပရိသတ်ကြီးအတွက် murmur of memories က ဇာတ်ကားကောင်းလေးဖြစ်မှာပါ ။ ဇာတ်လမ်းအညွှန်းလေးကတော့ နက္ခတ္တဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာယဲ့က သူ့ဘဝတလျှောက်လုံး စူပါနိုဗာကြယ်အကြောင်း သုတေသနလုပ်ရာမှာမြှုပ်နှံထားခဲ့ပါတယ် ။ သုတေသနလုပ်ဖို့ရန်ပုံငွေရလိုရငြား အဖွဲ့အစည်းတွေဆီ တောက်လျှောက် လျှောင်လွှာတင်ခဲ့ပေမဲ့လည်း ပယ်ချခံခဲ့ရပါတယ် ။ သူကဒီလောက်ကြိုးစားပြီးမအောင်မြင်ခဲ့ပေမဲ့ ဂျူနီယာဖြစ်သူ ချိုးရှန်းယွိက ခဏချင်းမှာပဲ ဆုတွေရတဲ့အထိအောင်မြင်ခဲ့ပြီး သူတစ်ဘဝလုံးတောင်တခဲ့ရတဲ့ဘဝကိုရရှိသွားပါတယ် ။ ဒီလို‌နဲ့တစ်နေ့မှာ ချိုးရှန်းယွိက သူ့ကိုစိတ်ပြေလက်ပျောက်ဆိုပြီး ဘားကိုခေါ်သွားခဲ့ပြီး သူ့မိန်းမနဲ့ပေးအိပ်ရင် ရန်ပုံငွေရစေရမယ်လို့အာမခံလာချိန်မှာတော့… ပရော်ဖက်ဆာယဲ့တစ်ယောက် ဘယ်လိုဆုံးဖြတ်ချက်တွေချသွားမလဲဆိုတာရယ် ဇာတ်လမ်းကကြည့်နေရင်း ကိုယ်ထင်ထားသလိုမဟုတ်တာတွေ အများကြီးမြင်လာရတာရယ်ကြောင့် စိတ်ဝင်စားစွာနဲ့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှူ့ပေးကြပါအုံးနော် ။

5.7 2023
Murmur of Memories
Black Knight

Martin Lawrence က ဒီဇာတ်ကားမှာ ကစားကွင်းပန်းခြံတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျမဲလ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ဒုံရင်းဘဝကို ငြီးငွေ့နေပြီးတော့ သူတို့ ကစားကွင်းနဲ့ အနီးအနားမှာ အသစ်လာဖွင့်မယ့် Castle World မှာ လျှောက်ထားဖို့ စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ရဲတိုက်ပုံစံတူရှေ့က ကျုံးမြောင်းကို ရှင်းလင်းနေရင်းနဲ့ အရောင်လက်နေတဲ့ ဒင်္ဂါးပြားကိုရေအောက်မှာ တွေ့ရှိခဲ့ပါတယ်။ လောဘဇောနဲ့ အဆိုပါဒင်္ဂါးကို လှမ်းကောက်လိုက်စဉ်မှာပဲ ရေထဲကို ပြုတ်ကျသွားပြီးတော့ ပြန်တက်လာတဲ့အချိန်မှာ အလယ်ပိုင်းခေတ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ ရေကန်ဘေးနားမှာ နေထိုင်နေတဲ့ ရှေးခေတ်အဝတ်အစားပုံစံနဲ့ အရက်သမားကြီးကို တွေ့ရှိပြီးတဲ့နောက်မှာ အသက်ရှုရပ်သွားတဲ့ အဆိုပါ နော်တီ ဆိုတဲ့ အရက်မူးသမားကို ကူညီပေးနိုင်ခဲ့ပါတယ်။ အဝေးပြေးလမ်းကို ရှာမယ်လို့စိတ်ကူးနဲ့ ထွက်လာခဲ့တဲ့အချိန်မှာ ရဲတိုက်တစ်ခုကို တွေ့ပြီး သူတို့ပန်းခြံနားမှာ လာဖွင့်မယ့် Castle World အမှတ်နဲ့ ဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ အစောင့်တွေက သူ့ကို တားတဲ့အချိန်မှာ နော်မန်ဒီဆိုတဲ့စကားကို ပြောခဲ့တာကြောင့်. သူတို့မျှော်လင့်စောင့်ဆိုင်းနေတဲ့သံတမန်လို့ထင်မှတ်ပြီးတော့ ဂျမဲလ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်.။ ဂျမဲလ်ကတော့ ဒီကိစ္စတစ်ခုလုံးကို သရုပ်ဆောင်လေ့ကျင့်နေတယ်လို့ ထင်မှတ်ပြီးတော့ အလိုက်သင့်ပြောဆိုနေရင်းနဲ့ပဲ. အလယ်ပိုင်းခေတ်ရဲ့ နန်းလုပွဲနဲ့ တော်လှန်ရေးအရေးတော်ပုံကြားထဲကို ဘူမသိကိုးမဘိဘဲ ပဲလှော်ကြားဆားညှပ်ပါသွားပါတော့တယ်။ အလယ်ပိုင်းခေတ်ကို မတော်တဆရောက်သွားခဲ့ရတဲ့. ဗန်းစကားတွေ ကရားရေလွှတ်ပြောနေတတ်တဲ့ ဟောင်ဖွာဖွာလူမည်းတစ်ယောက် ပြဿနာတွေကို သူ့ရဲ့လက်တစ်လုံးခြားဉာဏ်၊ ဝေ့လည်ကြောင်ပတ်စကားတွေနဲ့ ဖြေရှင်းနေရပုံတွေဟာ Martin Lawrence ရဲ့ Acting နဲ့ အလိုက်ဖက်ဆုံးလို့ဆိုရပါလိမ့်မယ်။ အလယ်ပိုင်းခေတ်နဲ့ ၂၁ ရာစုရောစပ်ထားတဲ့ ဟာသဇာတ်လမ်းလေးကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File size… 1.5 GB, 883 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Adventure, Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Science Fiction • Action • Horror
0 2001 95 mins
Black Knight
Counterattack (Aka) Counterstrike (Aka) Contraataque
6

Counterstrike (2025) IMDb Rating (6.0) မက္ကဆီကန်အထူးတပ်ဖွဲနဲ့ မူးယစ်ရာဇာဂိုဏ်းတို အပြိုင်ချကြတဲ့ အရမ်းမိုက်တဲ့စပိန်အက်ရှင်ကား။ ဒေသခံအာဏာပိုင်တွေ‌ကတောင် ကြောက်နေရတဲ့ လူဆိုးဂိုဏ်းကြီးတစ်ဂိုဏ်းက စစ်သား ၁၀ ယောက်ကိုသတ်ပြီး အစုလိုက်အပြုံလိုက် လမ်းဘေးမှာ မြှုပ်ထားခဲ့တာကို ဆိုင်ကယ်စီးလာတဲ့ မိန်းကလေး ၂ ယောက်က တွေ့သွားပြီး သက်ဆိုင်ရာကို အကြောင်းကြားဖိုလုပ်ခဲ့ပေမဲ့ လူဆိုးဂိုဏ်းရဲ့ ပြန်ပေးဆွဲတာကို ခံရဖို ဖြစ်သွားခဲ့တယ်။ အသစ်ရောက်လာတဲ့ ကပ္ပတိန်ကြီးဂူရေရိုဟာ ထိုမိန်းကလေး ၂ ယောက်ကို ကယ်ပေးရာကနေ ဂိုဏ်းအကြောင်းကိုသိသွားခဲ့ပြီး ဂိုဏ်းကို သူရဲ့အဖွဲနဲ့ အပြတ်ရှင်းဖို ကြိုးစားတဲ့အခါ…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su ဖြစ်ပါတယ်။) File size… (1.6 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller Duration….01:26:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su

Romance • Fantasy • Drama
6 2025 85 mins
Counterattack (Aka) Counterstrike (Aka) Contraataque